Thursday, August 16, 2012

လန်ဒန်မြို့က နာမည်ကျော် အထူးကုဆရာဝန်ကြီး


လန်ဒန်မြို့က နာမည်ကျော် အထူးကုဆရာဝန်ကြီး တယောက်ဟာ အလုပ်တွေပင်ပန်းလို့ဆေးရုံကခွင်
့ ယူတယ်။ အပန်းဖြေ ခရီး ထွက်ဖို့ စီစဉ် တော့ သားကောင်တွေ သိပ်ပေါတဲ့ အာဖရိကတိုက်က ဆာဖာရီ မှာတောပစ်ရင်း အနားယူဖို့ သွားလိုက်ပါတယ်။

ပြန်ရောက်လာတော့ ဟိသရိုးလေဆိပ်မှာ သတင်းထောက်တွေက ၀ိုင်းပြီး အင်တာဗျုး ကြသတဲ့ ။

သတင်းထောက် ။ ။ ဆရာဝန်ကြီးခင်ဗျား အပန်းဖြေခရီးမှာ အဆင်ချောရဲ့လား ။

ဆရာဝန်ကြီး ။ ။ လမ်းခရီး အားလုံးအဆင်ပြေပါတယ် ။

သတင်းထောက် ။ ။ ဆာဖာရီမှာရော သားကောင်တွေတော်တော် ပစ်သတ်နိုင်ခဲ့ ရဲ့လား ။

ခဏ စဉ်းစားပြီးမှဆရာဝန်ကြီးက ပြန်ဖြေပါတယ်။

ဆရာဝန်ကြီး ။ ။ ဆေးရုံပေါ်မှာ လောက်တော့ မလုပ်နိုင်ခဲ့ဘူး.......တဲ့။
မေးမိတာ ဆရာ့ အမှားပါ....
By May Thawe
 

0 ကွန်မန့်ရေးရန်:

Post a Comment