Thursday, August 16, 2012

ခံတွင်းနံ့က အရမ်းဆိုးတယ်




အစ်ကို သက်တန့်ချိုကို အကူအညီ တစ်ခုလောက် တောင်းချင်ပါတယ် ။
ကျွန်မ အခု စင်ကာပူမှာ အလုပ်လုပ်နေပါတယ် ။
ကျွန်မရဲ့ ခံတွင်းနံ့က အရမ်းဆိုးတယ်လို့ အလုပ်အတူးလုပ်တဲ့ ဖိလစ်ပီးနိုးက မကြာခဏပဲ ပြောပါတယ် ။ကျန်သူတွေကလဲ မပြောပေမဲ့ သူတို့လဲ ကျွန်မစကားပြောရင် အမူအရာ တမျိုးဖြစ်နေကြပါတယ် ။ အရင်တုန်းက အဲဒီလို မဟုတ်ဘဲ အခု ဘာကြောင့် အနံ့ဆိုးသွားရတာလဲ ဆိုတာကို စဉ်းစားမရဖြစ်နေရပါတ
ယ် ။ တခါတရံမှာ အိပ်ချိန်မမှန်ပဲ ည ၁၁ နာရီလောက်မှ စားဖြစ်ပြီး အစာမကျေဘဲ အိပ်ပျော်သွားတာလဲ ရှိခဲ့ပါတယ်။
ကျွန်မ သိချင်တာက ဘယ်လို treatment လုပ်ရင် အနံ့ပျောက်မလဲ ဆိုတာပ်ပဲ။ကျေးဇုးပြုပြီး အကြောင်းပြန်ပေးစေချင်ပါတယ်ရှင်
့။

------------------------------
------------------

၁ ။ ၀မ်းထဲမှာ အပူအပုပ်တွေများရင် ၀မ်းချုပ်ရင်လည်းဖြစ်တတ်သလို တခါတလေ အဆီကျဆေးတွေ ဟော်မုန်းဆေးတွေကြောင့်လည်းဖြစ်
တတ်တယ် ။

၂ ။ ဒါကြောင့် တစ်နေ့ကို သွား ၂ ကြိမ်အနည်းဆုံးတိုက်ပါ မနက် ၁ ည ၁ ပါ

၃။ ပြီးရင် Listerine လိုမျိုး ခံတွင်းသန့်ဆေးရည်ကို တစ်နေ့ ၃ ကြိမ်ငုံပြီး ပလုတ်ကျင်းပေးပါ အဆင်ပြေသွားပါလိမ့်မယ်

၎ ။ အစာစားပြီးတိုင်း ပလုတ်ကျင်းပါ ဖြစ်နိုင်ရင်သွားတိုက်ပါ ပီကေ၀ါးပေးပါ

၅ ။ ကော်ဖီသောက်ခြင်းကလည်းခံတွင်းနံ
့ ကို မွှေးစေတဲ့အပြင် တခြားသကြာလုံးတို့လို ငုံထားခြင်းဖြင့်လည်းကာကွယ်နိုင်ပါတယ် ။

၆ ။ အဓိကကတော့ ၀မ်းမချုပ်အောင်ကြိုးစားပါ ညဖက်အစာစားပြီးတိုင်း သွားတိုက်ပြီး ခံတွင်းသန့်ဆေးရည်ငုံပေးဖို့မမေ
့ပါနဲ့ ။ ဘာကြောင့်လည်းဆိုတော့ ညဖက်မှာ သွားမတိုက်ရင်ခံတွင်းထဲမှာ တံတွေးနဲ့ အစာဟောင်းတွေပေါင်းပြီး ဘတ်တီးရီးယားတွေ ပေါက်ဖွားစေတဲ့အတွက် မနက်ဆို အနံ့ဆိုးထွက်လာရခြင်းဖြစ်ပါတယ် ။

သက်တန့်ချို
လိုရင်းတိုရှင်း ဖြေပေးထားတာပါ အချိန်ရရင်တော့ ပို့စ်တစ်ခုသက်သက်ရေးပြီးတင်ပေး
ပါ့မယ် ။

0 ကွန်မန့်ရေးရန်:

Post a Comment