Thursday, August 16, 2012

“နိုင်ငံတကာတွင်ကြုံတွေ့ နေရသော လေယာဉ်မှူးလိုအပ်ချက်ဖြည့်ဆည်းရန် နယူးဇီလန်နိုင်ငံ GOLDEN NINGS FLIGHT TRAINING မှ မြန်မာကျောင်းသား လေယာဉ်မှူးများ ခေါ်ယူခြင်း”




p


နိုင်ငံတကာရှိ လေကြောင်းလိုင်းကြီးများမှအစ လိုင်းငယ်များ၊ ပုဂ္ဂလိက ဂျက်လိုင်းများအဆုံး၊ လေယာဉ်မှူးများ လိုအပ်ချက်မှာ အလွန်ပင်ကြီးမားနေပါသည်။ ထို့ကြောင့် နယူးဇီလန်နိုင်ငံ Golden Wings Flight Training သည် မြန်မာနိုင်ငံရှိ JENKO GROUP OF EDUCATE SERVICES နှင့် ပူးပေါင်းကာ GOLDEN WINGS @ JENKO FLIGHT TRAINING ကို ဖွင့်လှစ်ခဲ့ရကြောင်း သိရသည်။

အဆိုပါကျောင်းတွင် FLIG HT TRAINING ကျောင်းအုပ် ကြီး CAPT PETER OBERSC HNEIDER၊CAPT EREZ GOLDBERG နှင့် CAPT MELISSA POPPELWELL တို့ သင်ကြားမည်ဖြစ်သည်။

လေယာဉ်မှူးသင်တန်းတွင် သီအိုရီပိုင်းဆိုင်ရာ မြေပြင် သင်တန်းနှင့် လေယာဉ်ပျံသန်းခြင်းဟူ၍ နှစ်မျိုးရှိကြောင်း သိရသည်။

“လေကြောင်းလိုင်းတွေက ပိုင်းလော့တွေလိုနေတာကိုသိတယ်။ ဘယ်လို ရှာရမလဲလို့ပဲမေးနေကြတယ်။ စိုးရိမ်နေကြတယ်၊ သူတို့ မသိတာက ဘယ်သူတွေက ဒီကျောင်းသားတွေကို ပိုင်းလော့ဖြစ်အောင်သင်ပေးမလဲ၊ နည်းပြတွေက အရေးကြီးဆုံးဘဲဆိုတာကို သတိမပြုမိကြဘူး၊ အခုချိန်မှာ သင်တန်းကျောင်းတိုင်နည်းပြတွေ အများကြီး လိုနေပါတယ်။ နည်းပြတွေလို လစာကောင်းကောင်းပေးပြီး အပူတပြင်း ရှာဖွေနေကြတယ်။ ကျွန်တော်တို့ရဲ့ သင်တန်းတောင် မစရသေးဘူး။ ကျွန်တော့်ဆီကိုလာပြီး နည်းပြ (၂၅) ယောက် လာတောင်းတယ်။ ဒါကြောင့် ကျွန်တော် တို့ရဲ့သင်တန်းမှာ IN STRICT TOR RATING နည်းပြသင်တန်းကိုပါ ပူးတွဲသင်ပါမယ်။

ဒီနည်းအား ဖြင့် GOLDEN WINGS ကျောင်းထွက် များဟာ လေယာဉ်မှူး နည်းပြများအဖြစ် ပထမဆုံးလုပ်ငန်းခွင်ကို ၀င်ရောက်နိုင်ပါတယ်” ဟု CAPT PETER OBERSCHN EIDER က လေယာဉ်မှူးလိုအပ်ချက်နှင့် ပတ်သက်၍ အသိပေး ပြောကြားခဲ့သည်။

သီအိုရီပိုင်းဆိုင်ရာ မြေပြင်သင်တန်း (၁၄) ပတ်ကို မြန်မာနိုင်ငံရှိ GOLDEN WINGS @ JENKO FLIGHT TRAINING တွင် သင်ကြားရမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းနည်းပြများမှာ CAPT PETER OBERSCH NEIDER နှင့် CAPT MELL ISSA POP PELWEU တို့အပြင် မြန်မာနိုင်ငံမှ ၀ါရင့်နည်းပြဆရာ ကြီးများလည်း ပါဝင်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

မြေပြင်သင်တန်းအမှတ်စဉ် (၁) ကို (၂၀၁၂) မေလ (၂၁) ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး လေယာဉ်နည်းပြFLIGHT INSTRUCTOR ဖွင့်လှစ်မည်ဖြစ်ပြီး လေယာဉ်နည်းပြFLIGHT INSTRUCTOR (၅) ဦးကို ဆန်တာတင်ရွေးချယ်မည်ဖြစ်သည်။

CPL လေယာဉ် မှူး သင်တန်းအတွက်လည်းခေါ်ယူမည်ဖြစ်သည်။ သင်တန်းအပတ်စဉ်တစ်ခုအတွက် သင်တန်းသား (၁၀) ဦးသာ လက်ခံမည်ဟုသိရသည်။

အသေးစိတ်ဆွေးနွေးလိုပါ က GOLDEN NING @ JENKO FLIGHT TRAINING အမှတ် (၄၅၉) ဘီ၊ အခန်း (၃)၊ ဒီ၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း ၀၉ ၅၀၆၂၈၉၁၊ ၀၉- ၄၃၀၂၈၇၆၀ သို့ မေးမြန်းနိုင်ကြောင်း သိရသည်။

0 ကွန်မန့်ရေးရန်:

Post a Comment