Thursday, August 16, 2012

ဒေါ်အောင်ဆန်းစုကြည်၏ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ တရားစီရင်ရေးဆိုင်ရာ တိုင်စာများ၊ လယ်ယာမြေ သိမ်းဆည်းခံရမှုတိုင်စာများ စတင်ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရ




ဒေါ်အောင်ဆန်းစုကြည်၏ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသို့
တရားစီရင်ရေးဆိုင်ရာ တိုင်စာများ၊ လယ်ယာမြေ သိမ်းဆည်းခံရမှု တိုင်စာများ စတင်ရောက်ရှိလာပြီ ဖြစ်ကြောင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က သြဂုတ်လ ၁၃ ရက်နေ့က ပြောကြားခဲ့သည်။

ဦးဝင်းမြင့်က “ဥက္ကဋ္ဌရဲ့ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို တိုင်ကြားစာတွေ စတင်ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ကော်မတီ စဖွဲ့ပြီးတဲ့ သြဂုတ် လ ၇ ရက်နေ့ ကစပြီး ၁၀ ရက်နေ့ အထိ သုံးရက်အတွင်း တိုင်ကြားစာ ငါးခုလောက် ရောက်လာပါတယ်။ အများစုက တရားစီရင်ရေးစနစ် ဆိုင်ရာတိုင်စာတွေနဲ့ လယ်ယာမြေ သိမ်းဆည်းခံရမှုဆိုင်ရာ တိုင်စာတွေ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သ
ည်။

ကော်မတီသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့အစိုးရ၊ တရားရေးအဖွဲ့အစည်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ သတင်းမီဒီယာများနှင့် သက်ဆိုင်သူအားလုံးတို့သည် တရားဥပဒေနှင့်အညီ နေထိုင်ပြုမူ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် နှိုးဆော်ခြင်း၊ တိုက်တွန်းခြင်း၊ ထိန်းညှိ ကူညီခြင်း ပြုရမည်။

အရေးယူ ဆောင်ရွက်ရန်ရှိပါက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့် လွှတ်တော်သို့ တင်ပြရမည်။ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေသော အကြောင်းကိစ္စများ ဖြစ်ပေါ်ရန်အကြောင်း ပေါ်ပေါက်လာပါက၊ ပေါ်ပေါက် သည်ဟု ယူဆပါက သက်ဆိုင်ဆက်စပ်သည့် အဖွဲ့ အစည်းများကို ကူညီစောင့်ကြည့် ထိန်းညှိပေးရမည်။ တရားဥပဒေ စိုးမိုးမှုနှင့် တည်ငြိမ်အေးချမ်းမှုမှ တစ်ဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အောင်မြင် လာရေးအတွက် လေ့လာသုံးသပ် ရမည်။ အလားတူ သူရဦးအောင်ကို၏ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၌လည်း တိုင်ကြားစာ ၁၆၀၀ ခန့် ရောက်ရှိနေသည်။

0 ကွန်မန့်ရေးရန်:

Post a Comment