Saturday, August 11, 2012

တစ်ပါတ်အတွင်း မြန်မာအစိုးရ စစ်တပ် စစ်ရေးလှုပ်ရှားမှု သတင်းတို



August 10, 2012

(၁) ခမရ(၃၈၇) (၄၃၈) တပ်ဖွဲ့ဝင် အင်အား (၂၀၀)ခန့်သည် ဒေါ့ဖုန်းယန်မြို့နယ် ဘွမ်ဆောမ်ဘွမ် တ၀ိုက်တွင် အခြေပြု လှုပ်ရှားလျက် ရှိသည်။
(၂) သြဂုတ်လ (၆)ရက်နေ့တွင် ဗန်းမော်ဆိပ်ကမ်းသို့ သင်္ဘောဖြင့် တပ်ဖွဲ့ဝင် အင်အား(၂၀၀)ကျော်  ရောက်ရှိလာသည်။ (တပ်ရင်းအမည် စုံစမ်းဆဲ)
(၃) သြဂုတ်လ (၇)ရက်နေ့တွင် ဗန်းမော်မြို့မှ ရှပ်ပြေး အမြန်ယာဉ်(၄)စီးဖြင့် တပ်ဖွဲ့ဝင် (၁၀၀)ကျော်သည် ဧရာဝတီ မြစ်ကြောင်းအတိုင်း အထက်သို့ ဆန်တက်သွားသည်။
(၄) သြဂုတ်လ (၇)ရက်နေ့တွင် ၀ိုင်းမော်မြို့နယ်၊ မလန်းယန်(ဂျာပူ) ကျေးရွာတွင် ခလရ(၂၃၈) ခမရ(၃၈၉) တပ်ဖွဲ့ဝင် (၂၀၀)ခန့် ရောက်ရှိနေသည်။
(၅) သြဂုတ်လ(၈)ရက်နေ့တွင် ခမရ(၅၆)တပ်ရင်း ဟု ယူဆရသော တပ်ဖွဲ့ဝင်(၁၈၀)ခန့်သည် ဗန်းမော်ဆိပ်ကမ်းသို့ သင်္ဘောဖြင့် ရောက်ရှိလာသည်။
(၆) သြဂုတ်လ (၇)ရက်နေ့တွင် ခမရ(၁၈၄)တပ်ဖွဲ့သည် စစ်ယာဉ်(၆)စီး အပြည့် နှင့် လား တင်ထားသော စစ်ယာဥ်(၆)စီးဖြင့် ၀ိုင်းမော်မြို့နယ် ရွှေညောင်ပင် တပ်စခန်းသို့ ရောက် ရှိလာသည်။
(၇) သြဂုတ်လ (၈)ရက်နေ့တွင် ဗန်းမော်မြို့မှ တပ်အင်အား(၂၀၀)ခန့် (တပ်ရင်း အမည်စုံစမ်းဆဲ)သည် စစ်ယာဉ် (၁၇)စီးဖြင့် မြို့သစ်တပ် စခန်းသို့ ရောက်ရှိလာကာ၊ သြဂုတ်လ (၉)ရက်နေ့တွင် မြို့သစ်ကျေးရွာမှ ခြေလျင်ဖြင့် ဆက်လက် ချီတက်ကာ ဒေါ့ဖုန်းယန် တပ်စခန်းသို့ ရောက်ရှိခဲ့သည်။
(၈) သြဂုတ်လ(၉)ရက်နေ့တွင် ခလရ(၁၀) (၅၈) တပ်ဖွဲ့ဝင်ပေါင်း (၁၅၀)ခန့်သည် လား တင်ယာဉ် (၆)စီး အပါ စစ်ယာဉ် (၁၂)စီးဖြင့် KIA တပ်ရင်း (၃)ဒေသသို့ ချီတက် ၀င်ရောက်လာခဲ့သည်။
Copy from - myitkyina

0 ကွန်မန့်ရေးရန်:

Post a Comment