Saturday, August 11, 2012

ကျောက်မီးသွေး လောင်စာ စက်ရုံကြောင့် ဒေသခံများ ဆိုးကျိုးခံစားရ


ကောင်းဝါ

တနင်္သာရီတိုင်း ကော့သောင်းမြို့ပေါ်တွင် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံ စမ်းသပ် လည်ပတ်ခြင်းကြောင့် ဆိုး ကျိုးများနှင့် ရင်ဆိုင်နေကြရကြောင်း စက်ရုံအနီး နေထိုင်သူများက ပြောသည်။

ဦးကျော်လွင် ပိုင်ဆိုင်သည့် သန်းဖြိုးသူ ကုမ္ပဏီ လိမိတက်၏ ၈ မဂ္ဂါဝပ်ထုတ် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက် ရုံ သည် သြဂုတ်လ ၆ ရက်နေ့နှင့် ၇ ရက်နေ့တွင် စတင် စမ်းသပ်လည်ပတ်ခဲ့ပြီး စက်ရုံမှ ကျယ်လောင်သည့် အသံကြောင့် သက်ကြီးရွယ် အို များနှင့် ကလေးငယ်များ လန့်ဖြန့်ခြင်း၊ အနံ့အသက်ဆိုးများ ရှုရှိုက်ရခြင်းများ ခံစားရကြောင်း စက်ရုံပတ်ဝန်းကျင်တွင် နေထိုင် သူများ က ပြောသည်။

“စာသင်ရင်း ဒီစက်သံ ကြားလို့ ကလေးတွေလည်း ဟိုပြေး ဒီပြေးနဲ့ ဆရာ ဆရာမတွေကလည်း မ ထိန်းနိုင်ဘူး” ဟု ရွှေပြည်သာရပ်ကွက်မှ ကျောင်းဆရာတဦးက ပြောသည်။

စက်ရုံအနီး နေထိုင်သူ အမျိုးသမီးတဦးကလည်း “သူတို့ မီးစက် တအားနှိုးလိုက်တဲ့အခါတော့လေ တခါတည်း လေယာဉ် ၅ စီးလို၊ လေယာဉ် တွေ ပျက်ကျလာသလိုလို ကြားတော့ လူတွေ ထွက်ပြေးကြတယ် တခါတည်း မပြောနဲ့တော့။ အဖွားကြီးတွေလည်း နှလုံးရောဂါထ၊ ကလေး တွေလည်း ဒီလိုပဲ” ဟု ပြောသည်။

စက်ရုံအနီး ဈေးရောင်းသည့် ဈေးသည် တဦးကလည်း “စက်ရုံက မီးခိုးပြာမှုန်တွေက မိုးသေးသေး လေး ကျလာသလိုပဲ။ မျက်စိထဲ ဝင်တယ်။ ညှော်တဲ့ အနံက ပိုဆိုးတယ်။ ကျမတို့က တော်တော်လေး စိတ်အနှောက်အယှက် ဖြစ်တယ် ရှင့်” ဟု ပြောသည်။

ထိုစက်ရုံသည် လူနေအိမ်နှင့် ပေအနည်းငယ်သာ ကွာဝေးပြီး မီးခိုးခေါင်းတိုင်မှာလည်း ပေ ၄၀ ခန့်သာ မြင့်ကာ ကော့သောင်းမြို့နေ ပြည် သူ များ သောက်သုံးရေအဖြစ် အားထားနေရသည့် ယင်းဝါ ရေလှောင်တမံနှင့် မိုင်ဝက်ခန့်သာ ကွာဝေးသည့်အတွက် ၎င်းတို့အတွက် အန္တရာယ် ရှိနိုင်ကြောင်း ပြောသည်။

စက်ရုံ လည်ပတ်ခြင်းကြောင့် ရွှေပြည်သာနှင့် အေးရိပ်ငြိမ်ရပ်ကွက်တွင် နေထိုင်သူများက အဆိုးဆုံး ခံစားရမည် ဖြစ်ပြီး၊ စက်ရုံကို ရွှေ ပြောင်း ပေးရန်အတွက် စုပေါင်းလက်မှတ်ရေးထိုးက သမတထံ ထပ်မံတင်ပြသွားမည်ဟု ပြောသည်။

ဧပြီလ ၂၃ ရက်နေ့က ဒေသခံ ၆၀ ကျော်နှင့် ဇွန်လ ၅ ရက်နေ့တွင် ဒေသခံ ၁၂၀ ခန့်တို့က အသီးသီး လက်မှတ် ရေးထိုးကာ စက်ရုံကို လူနေ အိမ်နှင့် ၁ဝ မိုင်အကွာသို့ ပြောင်းရွှေ့ပေးရန် နိုင်ငံတော် သမ္မတထံသို့ အသနားခံစာ ပေးပို့ခဲ့ပြီး စက်ရုံကို လုံးဝ ရပ်တန့်ပေးရန်အ တွက် မေလ ၃ ရက်နေ့ကလည်း ဒေသခံ ၆၃ ဦးက လက်မှတ်ထိုးကာ သမ္မတထံ လက်မှတ် ရေးထိုးပေးပို့ခဲ့သည်။ သို့သော်လည်း တစုံ တရာ ထူးခြားမှု မ ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

စက်ရုံ လည်ပတ်ခြင်းကို ကန့်ကွက်သည့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ရရှိရန်အတွက် သြဂုတ်လ ၆ ရက်နေ့တွင် သက်ဆိုင်ရာသို့ တင်ပြခဲ့သော်လည်း ပယ်ချခဲ့ရကြောင်း ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်သူ ကိုသန်းထွန်း က ပြောသည်။

ပယ်ချခံရသည့်အကြောင်းမှာ ဆန္ဒပြရာတွင် ပါဝင်မည့် လူဦးရေ များလွန်းသည့်အတွက် လုံခြုံရေး မပေးနိုင်ခြင်း၊ စီတန်းလှည့်လည်သည့် နေ ရာများသည် အများပြည်သူ သွားလာသည့် လမ်းပေါ်တွင် ဖြစ်၍ အနှောက်အယှက် အဟန့်အတား ဖြစ်စေခြင်း၊ ထိခိုက်နစ်နာစေခြင်းများဖြစ် ပေါ်နိုင်ခြင်း၊ စီတန်းလှည့်လည်ချိန် ကြာမြင့်ခြင်းကြောင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်နိုင်ခြင်းတို့ကြောင့် ဖြစ်သည်ဟု သြဂုတ်လ ၈ ရက် နေ့စွဲဖြင့် ဒေသအာဏာပိုင်တို့က အကြောင်းပြန်ခဲ့သည်။

ဒေသအာဏာပိုင်ထံသို့ တင်ပြရာတွင် ခန့်မှန်း လူဦးရေ ၅၀,၀၀၀ က မြို့ပေါ် ၁၀ ရပ်ကွက်သို့ ၁၁ နာရီကြာ စီတန်းလှည့်လည်မည်ဟု တင် ပြ ထားကြောင်း ဦးသန်းထွန်း က ပြောသည်။

ဆန္ဒပြရန် ခွင့်ပြုမိန့် ထုတ်ပေးရန် ငြင်းပယ်ခံရခြင်းနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင် ဆိုင်ရာ ဥပဒေ ပုဒ်မ ၉ အရ တိုင်းအဆင့်သို့ ထပ်မံင် အယူခံဝင် တင်ပြတောင်းဆိုသွားမည်ဟုလည်း ဦးသန်းထွန်း က ပြောသည်။

စက်ရုံမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများနှင့် မီးခိုးငွေ့များ၊ ပြာမှုန့်များသည် လူသားနှင့် သဘာဝတောတောင်များ၊တိရစ္ဆာန်များ၊ပင် လယ်ပြင် နှင့် ကမ္ဘာမြေထုတို့ကို ထိခိုက်နစ်နာမှု ဖြစ်ပေါ်မည် ဖြစ်သောကြောင့် ထိုစက်ရုံအား ကန့်ကွက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

0 ကွန်မန့်ရေးရန်:

Post a Comment