Saturday, August 11, 2012

မြန်မာနိုင်ငံရှိ ပျက်စီးနေသော လမ်းများ ပြုပြင်ရန် ဂျပန်ကားကုမ္ပဏီ ကူညီလို


မြန်မာနိုင်ငံတွင်း သယ်ယူပို့ ဆောင်ရေးကဏ္ဍ တိုးမြှင့်ရန်မှာ ကမ္ဘာ့အဆင့်မီ ပို့ဆောင်ရေးဥပဒေရှိရန် လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံတွင်းလမ်းများ ဆိုးရွားစွာ ပျက်စီးနေမှုအား ဂျပန်ကားကုမ္ပဏီမှ ကူညီ ထောက်ပံ့ပေးချင်သော ဆန္ဒရှိကြောင်း ဂျပန်ကားကုမ္ပဏီ ဥက္ကဋ္ဌ မစ္စတာ ကာမူဟိစာအီဝါမိုတို က သြဂုတ် ၆ ရက် Chatrium Hotel တွင်ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
မစ္စတာ အီဝါမိုတိုက ““သယ်ယူပို့ဆောင်ရေး ကဏ္ဍ မြှင့်တင်နိုင်ရန် သေချာသတ်မှတ်ထားသော သယ်ယူပို့ဆောင်ရေး ဥပဒေရှိရန် လိုအပ်ပါတယ်။ ပို့ဆောင်ရေး ကဏ္ဍမှာ ကမ္ဘာ့အဆင့်မီပို့ဆောင် ရေးဥပဒေ ရှိရန် လိုအပ်ပါတယ်။ မြန်မာပြည်သူပြည်သားတွေအနေ ဖြင့် မြန်မာပြည်နှင့် ကိုက်ညီသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ သတ်မှတ်သောအခါ မြန်မာပြည်သူ၊ ပြည်သားများ အသုံးချ လွယ်ကူစေရန် ဖြစ်နိုင်ဖို့အတွက် လိုအပ်သော အကူ အညီပဲ ပေးသွားမှာပါ။ နိုင်ငံခြား ဥပဒေကို ယူဆောင်လာ၍ လုပ်မည် မဟုတ်ကြောင်း၊ အဆိုပါ ဥပဒေ များကို အစိုးရနှင့် ပြည်သူများက ကိုယ်တိုင် လုပ်ဆောင် သွားရမှာ ဖြစ်ပါတယ်””ဟု ပြောသည်။
ထို့ပြင် ၎င်းက ““မြန်မာနိုင်ငံ၏ ဆိုးဝါးသော လမ်းများ၏ အခြေအနေကို ပြုပြင်ရန်အတွက် ““လမ်း တွေဆိုးဝါးနေတာကို ပြင်ရမှာပါပဲ။ သက်ဆိုင်ရာ သက်ဆိုင်ရာ အပိုင်းမှာလည်း လုပ်ဆောင် သွားမှာဖြစ်ပါတယ်။ လမ်းတွေပြုပြင်တဲ့ အခါမှာ ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြစ်ပါတယ်။ လမ်းပြင်တဲ့ နေရာမှာ အင်မတန်များပြားတဲ့ ငွေကြေး လိုပါတယ်။ အဲဒီအတွက် လိုအပ်ရင် ကူညီ ထောက်ပံ့ပေးချင်တဲ့ ဆန္ဒရှိပါ တယ်””ဟုပြောသည်။
ဂျပန်ကားကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် မော်တော်ယာဉ်မောင်း သင်တန်းကျောင်း မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းရေး သင်တန်းကျောင်းများကို တက္ကသိုလ် အဆင့်အထိ တိုးမြှင့်ရန်အတွက် တက္ကသိုလ်နှင့်ပူးပေါင်းပြီး စီမံခန့်ခွဲမှု နည်းပညာများကိုသင် ကြားပေးရန် အစီအစဉ်ရှိကြောင်း၊ အဆိုပါသင်တန်းများမှ တဆင့် စီမံအုပ်ချုပ်နိုင်မယ့် အရာရှိများပြားလာစေရန် ရည်ရွယ်ကြောင်းပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ကုန်းလမ်းပို့ဆောင်ရေးဋ္ဌာနမှတာ ၀န်ရှိသူတစ်ဦးက University (တက္ကသိုလ်) နှင့်ပတ်သက်ပြီး ဂျပန်ကားကုမ္ပဏီနှင့် ကုန်းလမ်း သယ်ယူပို့ဆောင်ရေး အကျိုးတူ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ ပါကြောင်း၊ အဆိုပါကိစ္စမှာ နောက်လုပ်မယ့် အစီအစဉ် တစ်ခုသာ ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ၀န်ကြီး၊ အစိုးရလက်အောက်မှာရှိတဲ့ ပို့ဆောင်ရေးဝန်ကြီးလက်အောက်မှာရှိတဲ့ တက္ကသိုလ်ပဲဖြစ် ဖြစ်၊ ပုဂ္ဂလိက ကျောင်းပဲဖြစ်ဖြစ် တင်ပြပြီးတော့မှ သူတို့ရဲ့ခွင့်ပြု ချက်ရမှသာ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြော သည်။
ထို့ပြင် သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် သက်ဆိုင်ရာ အစိုးရ အဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း အဆင့် မြင့်သော ငွေကြေးအရင်းအနှီးတွေ၊ စီမံခန့်ခွဲမှုနှင့် လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးရန်အတွက် ကုန်းလမ်း ပို့ဆောင်ရေးအနေဖြင့် ဂျပန် ကုမ္ပဏီနှင့် ပူးပေါင်း၍လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်း အသေးစိတ်ကို ဂျပန်ကားကုမ္ပဏီ နှင့် ပြန်လည်ညှိနှိုင်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ ဂျပန်ကားကုမ္ပဏီ သည် ICE Group ၏ လက်အောက် တွင်ရှိပြီး ICE Group အနေဖြင့် မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ် ပေါင်း ၂၀ ကပင် စီးပွားရေးလုပ် ငန်းများ လုပ်ဆောင်ခဲ့သည့်ကုမ္ပဏီ တစ်ခုဖြစ်သည်။ ယခုကဲ့သို့ မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဍများကို ပြုပြင်ပြောင်းလဲ၍ ပိုမိုကောင်းမွန် သောစနစ်ဖြစ်စေရန် ပူးပေါင်းလုပ် ဆောင်ရာတွင် အဆိုပါကုမ္ပဏီမှ အကြီးအကဲများအနေဖြင့်လည်း လစာမယူဘဲ ကူညီလုပ်ဆောင် သွားမည်ဖြစ်ကြောင်းကိုလည်း မစ္စတာ ဘီဝါမိုတိုက ပြောကြား ခဲ့သည်။
Copy from - Myanmartandawsint Newspaper

0 ကွန်မန့်ရေးရန်:

Post a Comment