Tuesday, July 24, 2012

Windows Server 2012 စာမေးပွဲများ ဖြေဆိုနိုင်ပြီ




Microsoft နည်းပညာစာမေးပွဲ ဖြေဆိုရန်ပြင်ဆင်နေကြသူများ စိတ်အ၀င်စားဆုံးဖြစ်သည့် နောက်ဆုံးပေါ် Windows Server 2012 စာမေးပွဲများကို Myanmar Knowledge တွင် စတင်ဖြေဆိုနိုင်ပြီဖြစ် ကြောင်း သိရသည်။

MCSA လက်မှတ်ရရှိရန် ဖြေဆိုရမည့် Windows Server 2012 စာမေးပွဲ (၃) ဘာသာဖြစ်သော 410:
Installing and Configuring Server 2012, 411: Administering Server 2012, 412: Configuring Advanced Server 2012 တို့ကို ဇူလိုင်လ (၁၇) ရက်နေ့မှစ၍ မိမိနှစ်သက်ရာ အချိန်နှင့်ရက်ကိုရွေးချယ်ပြီး
ဈေးနှုန်းချိုသာစွာဖြင့် အခက်အခဲမရှိ မည်သူမဆို လွတ်လပ်စွာ ဖြေဆိုနိုင်ကြောင်း သိရသည်။

MCSA Server 2012 မှ MCSE Expert အဆင့်သို့သွားရောက်နိုင်ရန် နောက်ထပ်နှစ်ဘာသာ ထပ်မံဖြေဆိုရမည်ဖြစ်ပြီး Server Infrastructure လမ်းကြောင်းနှင့် Desktop Infrastructure လမ်းကြောင်းတစ်မျိုးမျိုးကို ရွေးချယ်ဖြေဆိုရမည်ဖြစ်ကြောင်း Myanmar Knowledge မှတာဝန်ရှိသူတစ်ဦးကပြောသည်။

MCSE စာမေးပွဲ (Server နှင့် Desktop) လေးဘာသာနှင့် အမျိုးမျိုးသော Network နှင့်System ပိုင်းဆိုင်ရာ Upgrade စာမေးပွဲများကို သြဂုတ်လဆန်းပိုင်းမှ ဖြေဆိုခွင့်ရရှိနိုင်မည်ဟု သိရသည်။

သင်တန်းကျောင်းများမှ ကျောင်းသားများအတွက် အဖွဲ့လိုက် တစ်ရက်တည်းဖြင့် နေ့ချင်းပြီးဖြေဆိုနိုင်ရန်
လည်း စီစဉ်ပေးလျက်ရှိကြောင်း သိရသည်။

အသေးစိတ်အချက်အလက်များကို ဖုန်း-၀၉-၇၃ ၀၁၉၈၆၅၊ ၀၁ ၁၂၉ ၂၇၀၁သို့ ဆက်သွယ်စုံစမ်း
မေးမြန်းနိုင်မည်ဖြစ်သည်။

from IJ - Internet Journal by (Administrator)

0 ကွန်မန့်ရေးရန်:

Post a Comment