Tuesday, July 24, 2012

iPhone Official Unlocking with Carriers



Unlock အတွက် သတင်းကောင်းတစ်ခု အနေနဲ့  U.S.A ရှိ ဖုန်းလိုင်းတစ်ခု ဖြစ်တဲ့ AT&T ကုမ္ပဏီက သူနှင့် စာချုပ်ပြည့်သွားသော customer များရဲ့  iPhone ကို Official Unlock ကို ယခုနှစ် ဧပြီ လဆန်းလောက်ထဲက အခမဲ့ ပြုလုပ်ပေးလျှက်ရှိနေပါတယ်။
ယခုလို Official Unlock ပြုလုပ်နိုင်ဖို့  အတွက် လုပ်ဆောင်ရမှာက...

AT&T ကုမ္ပဏီကို ဖုန်းနှင့်ဖြစ်စေ Online မှ ဖြစ်စေ ဆက်သွယ် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကုမ္ပဏီမှ လိုအပ်သော အချက်အလက်များကို သင့်ထံမှ တောင်းခံပြီးနောက် iPhone ကို Unlock အတွက် အတည်ပြု စစ်ဆေးချိန် (၇၂ နာရီမှ ၂ ပတ်ထိ) အချိန်ယူမှာ ဖြစ်ပါတယ်။

Unlock အတွက် ခွင့်ပြုချက် ရရှိလာပါက လုပ်ဆောင်ပုံ အဆင့် ညွှန်ကြားချက်နှင့် တစ်ကွ သင်ထံသို့  အောက်ပါပုံ အတိုင်း မေးလ်ဖြင့် ပေးပို့ ဆက်သွယ်ပါလိမ့်မည်။


Official Unlock ပြုလုပ်ရန် iPhone ကို Restore ပြန်လုပ်ရမည် ဖြစ်၍ အရင်ဦးဆုံး Backup လုပ်ထားဖို့  လိုပါလိမ့်မည်။
ဤနေရာတွင် Jailbreak လုပ်ထားပြီးသူ အနေနှင့် အစ အဆုံး ပြန်လည် Restore လုပ်ရန် မလိုပဲ သွင်းယူထားသော Apps, tweaks, contacts စသည်တို့ ကိုပါ မပျောက်ပျက်လိုပါက အောက်ပါအတိုင်း လုပ်ဆောင်ပြီးမှ iTunes နှင့် ချိပ်ဆက် Unlock လုပ်နိုင်ပါသည်။

အဆင့် ၁) Redsn0w Latest version ကို ဤနေရာတွင် Download ဦးစွာရယူပါ။ ထိုနောက် redsn0w ကို Run ပါ။

အဆင့် ၂) iPhone ကို ချိပ်ဆက်ပြီး "Jailbreak" option ကို နှိပ်ပါ။ (iTunes တက်လာပါက ပိတ်ပစ်ပါ)

အဆင့် ၃) "Next" နှိပ်ပြီး iPhone ကို DFU mode ဝင်ရန် လုပ်ဆောင်ပါ။

အဆင့် ၄) "Install Cydia" ကို အမှန်ခြစ် ဖြုတ်ပြီး၊ "Deactivate" ကို အမှန်ခြစ် ရွေးပေးလိုက်ပါ (ပုံပါအတိုင်း)။ "Next" နှိပ်ပါ။


အဆင့် ၅) Redsn0w က အလိုလျှောက် လုပ်ဆောင်သွားပါလိမ့်မည်။

အဆင့် ၆) ဖုန်း Reboot ပြန်တက်လာပါက iTunes ကို ဖွင့်ပါ၊ ထိုအခါ iTunes မှ သင့် iPhone Unlock ဖြစ်သွားကြောင်း
အာက်ပါအတိုင်း တွေ့ ရပါလိမ့်မည်။


မှတ်ချက်။ ။ AT&T မဟုတ်သော အခြားနိုင်ငံ အခြား Carrier များ အနေနှင့်လည်း မိမိ iPhone ၏ Carrier ကို Official Unlock service ပေး/မပေးကို ဤနေရာတွင် ဝင်ရောက် စုံစမ်းနိုင်ပါသည်။


အထက်ပါ ပုံတွင် Australia နှင့် China နှစ်နိုင်ငံလုံးသည် Locked Carrier အနေနှင့် ရှိနေသော်လည်း Australia နိုင်ငံက Official Unlocking အတွက် Service offer ပေးထားသည်ကို တွေ့ မြင်ရပေမည်၊ ဤနည်းနှင့် မိမိတို့ သက်ဆိုင်ရာ အခြေနေများကို စစ်ဆေးပြီး Carrier နှင့် ဆက်သွယ် ဆောင်ရွက်ပါ။


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

မိုးသိကြား

0 ကွန်မန့်ရေးရန်:

Post a Comment