တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကလိန်းအောင်မြို့နယ်ရှိ မွန်ကျေးရွာများတွင် ကရင်အမျိုးသား အစည်းအရုံး(KNU)တပ်မဟာ(၄)က ဥ ယျာဉ် ခြံမြေအကောက်အခွန်များ ကောက်ခံနေသည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇွန်လမှစ၍ မြေတဧကကို မြန်မာကျပ်ငွေ တသောင်း (၁၀,ဝ၀ဝ)နှုန်းဖြင့် ကေအန်ယူ တပ်မဟာ(၄) အကောက်အခွန် ဦးစီးမှူး က ဒေသခံ ခြံရှင်များထံမှ လိုက်လံကောက်ခံနေသည်ဟု ရေဖြူမြို့နယ် ကလိန်းအောင်မြို့နယ် သာယာမွန်ရွာ မှ ဒေသခံတဦးက ပြော သည်။
၎င်းက “ဒီခြံမြေနေရာတွေကို သူတို့ပိုင်တဲ့နယ်မြေဆိုပြီးတော့ အကောက်အခွန်တွေကောက်တယ်၊ ခြံပိုင်ရှင်တွေက ငွေမပေးလဲ ခြံကိုမ ထွက်ရဲကြဘူး။ ပိုက်ဆံရှိတဲ့ ခြံရှင်တွေက သွားပေး နေကြ ကုန်ပြီး မပေးသေးတဲ့လူ တွေလည်း ရှိနေ သေးတယ်” ဟု ပြောသည်။
ရေဖြူမြို့နယ် ကလိန်းအောင်မြို့နယ်ရှိ သာယာမွန်ကျေးရွာကို ပြီးခဲ့သည့်၂၀ဝ၃ ခုနှစ်တွင် မွန်ပြည်သစ်ပါတီက စတင်တည်ခဲ့ကာ မွန်နှင့် ထား ဝယ်လူမျိုးများနေထိုင်ပြီး အိမ်ခြေ ၁၀ဝ ကျော် ရှိသည်။
ယင်းကျေးရွာတွင် ခြံမြေဧကပေါင်း သုံးထောင်ကျော်ရှိပြီး ရာဘာနှင့် ကွမ်းသီးကို အဓိက စိုက်ပျိုးကြသည်။
ကေအန်ယူ တပ်မဟာ (၄)မှ အာဏာပိုင်များက တရွာလုံးရှိ ဥယျာဉ်ခြံမြေပိုင်သည့် ဒေသခံများ၏ လယ်မြေဧက စာရင်းကို ကောက်ခံ ထား သည်။ ထို့နောက် အရပ်ဝတ်ဖြင့် မော်တော်ဆိုင်ကယ်ဖြင့် လာရောက်ပြီး ငွေကောက်ခံကြောင်း ဒေသခံများကပြောသည်။
ယင်းငွေများကို ကေအန်ယူ ဗဟိုဌာနချုပ် ရန်ပုံငွေအတွက် တောင်းခံရခြင်းဖြစ် သည်ဟု ကေအန်ယူ အကောက်အခွန် ဦးစီးမှူးက ပြော ကြောင်း ဒေသခံများကပြောသည်။
မြေခွန်ကြေးမပေးဆောင်ပါက မည်သို့ အရေးယူခံရမည်ကို မသိသော်လည်း ဒေသခံများကမူ ကြောက်ရွံ့ပြီး KNU တပ်မဟာ(၄)က တောင်း သည့် မြေခွန်ကို ပေးဆောင်နေကြသည်ဟု ၎င်းတို့ကပြောသည်။
ကေအန်ယူ တပ်မဟာ(၄) တပ်ခွဲ(၃) စစ်ကြောင်းသည် ရေဖြူမြို့နယ် ကလိန်းအောင်မြို့နယ် သာယာမွန် ကျေးရွာနှင့် တစ်မိုင်ခွဲခန့်အ ကွာ တွင် အခြေချထားသည်။
ယင်း မြေခွန်ကောက်ခံမှုကို မကျေနပ်သည့် ဒေသခံကျေးရွာသားများက သာယာမွန်ကျေးရွာ အနီးရှိ မရမ်းကျေးရွာတွင် အခြေချထား သော မြန်မာစစ်တပ် ခမရ (၂၇၃) တပ်ရင်းမှူးထံ တိုင်ကြားခဲ့သည်။
အဆိုပါ မြန်မာစစ်တပ် တပ်ရင်းမှူးက ၎င်းမြေခွန်ကို မကောက်ခံရန် လာရောက်ညှိနှိုင်းထားပြီး ဖြစ်သော်လည်း ကေအန်ယူ တပ်မဟာ (၄)က ငွေဆက်လက်ကောက်ခံ နေဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။










0 ကွန်မန့်ရေးရန်:
Post a Comment