Tuesday, July 24, 2012

လူကြားထဲမယ်ယုံကြည်မှုရှိစွာဖြင့် စကားပြောနိုင်ရန်

လူအများစုဟာ လူရှေ့ထွက်ပြီး စကားပြောရမှာကို စိတ်လှုပ်ရှားတုန်လှုပ်တတ်ကြပါတယ်။ သင်ဟော ပြောတင်ပြတာ အဆင်ပြေအောင် ကြိုပြီး ပြင်ဆင်နိုင်သမျှ ပြင်ဆင်ထားပြီး
စိတ်ငြိမ်ငြိမ်ထားပါ။ နားထောင်တဲ့ ပရိတ်သတ်က သင်ထင်ထားတာထက်ပိုပြီး
နားလည်ပေးတတ်ကြပါတယ်။ ဒါကြောင့် နားထောင်နေတဲ့ ပရိသတ် ငြိုငြင်မှာ
တွေးပူမနေဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ယုံကြည်မှုရှိတဲ့ပုံပေါက်အောင်
ကြိုးစားနေထိုင်ကြည့်ပါ။ အော်ပါနည်းလမ်းများက သင့်ကို ကူညီနိုင်ပါလိမ့်မယ်။
- သန့်ရှင်းသပ်ရပ်စွာ ၀တ်ဆင်ထားပါ။ ပွဲနဲ့ဆီလျော်တဲ့အ၀တ်အစားကို သားနားစွာ ၀တ်ဆင်ထားခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေပါတယ်။
- ကိုယ်ပြောရမယ့်အခန်းနဲ့ အခန်းတွင်းပစ္စည်း
(ဥပမာ-စင်မြင့်၊ မီးအလင်းရောင်၊ အသံစနစ်) တွေနဲ့ ရင်းနှီးကျွမ်းဝင်အောင် လေ့လာထားပါ။
- ပြောရမယ့်အချိန်ထက် ခပ်စောစောရောက်အောင်သွားပါ။ ဒါမှ စိတ်လောစရာမလိုဘဲ စိတ် တည်ငြိမ်အေးချမ်းနေမှာပါ။
- မပြောခင် တစ်ရက်အလုမှာကတည်းက အိမ်မှာ အစအဆုံး တစ်ခေါက် လေ့ကျင့်ကာ ပြောကြည့်ပါ။ လေ့ကျင့်ထားခြင်းဖြင့် အမှားအယွင်းမရှိနိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မြင့်မားလာမှာပါ။
- လူရှေ့ထွက်မပြောခင်မှာ အသက်ပြင်းပြင်းရူလိုက်ခြင်းဖြင့် စိတ်တည်ငြိမ်သွားပြီး အသံမတုန် တော့မှာပါ။
- စိတ်လျှော့ထားကာ ကိုယ်နေတတ်သလိုသာ ပုံမှန်အတိုင်းပြုမှုပြောဆိုပါ။
- သေချာလေ့ကျင့်ထားတဲ့ နိဒါန်းနဲ့စတင်လိုက်ပြီး အစီအစဉ်တကျ ဆက်ပြောပါ။ သဘာဝကျအောင် ပြောပါ။
- သင်ပြောတဲ့အကြောင်းအရာကို စိတ်ပါဝင်စားစွာ ပြောပါ။ ဒီပွဲမှာ စိတ်နှစ်ထားပါ။
- နားထောင်တဲ့ပရိတ်သတ်ကို ခင်မင်ရင်းနှီးစွာ ပြောဆိုပါ။ စာတွေကို တတွတ်တွတ်ရွတ်နေသလိုမျိုး မပြောပါနဲ့။
- စကားပြောတဲ့အခါ ပရိသတ်ကိုကြည့်ပေးပါ။ ခေါင်းကြီးငုံ့ပြီး စာကုန်းဖတ်နေတာမျိုးနဲ့ မပြောပါနဲ့။
- ဝေဖန်အကြံပြုတာမျိုးကို ဖိတ်ခေါ်ကာ အမေးအဖြေကဏ္ဍကိုပါ ထည့်ပေးသင့်ပါတယ်။ သင်ခန်း စာပို့ချသလိုမျိုး ချည်းပဲ မပြောပါနဲ့။ ဒါမှတစ်ယောက်ဆီမှ တစ်ယောက် အပြန်အလှန်သင်ယူနိုင် မှာဖြစ်ပါတယ်။
သုတစွယ်စုံမဂ္ဂဇင်း

0 ကွန်မန့်ရေးရန်:

Post a Comment