Sunday, June 10, 2012

ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချခြင်း

ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချခြင်း

ယနေ့၈-၆-၁၂ရက် သောကြာနေ့ နေ့လည်ပိုင်းတွင် ဘင်္ဂါလီလူမျိုးများမှ မောင်းတောမြို့ပေါ်ရှိ ဗုဒ္ဓဘာသာဝင်များဧ။် အိမ်များ၊ဈေးဆိုင်ခန်းများ၊ဘုန်းတော်ကြီးကျောင်းများ ရုံး အဆောက်အဦး အချို. နှင့် မောင်းတော မြို.နယ်အတွင်းရှိ ကျေးရွာ များ ကို ဖျက်ဆီး မီးရှို့နေသည့်သတင်းများကို ကြားသိရသဖြင့် များစွာ ၀မ်းနည်းစိတ်ထိခိုက် ဖြစ်ရပြီး တုန်လှုပ်ခြောက်ခြားမိပါသည်။

အဆိုပါဖြစ်စဉ်တွင်ပါဝင်နေသူများကိုလည်းကောင်း အဆိုပါဖြစ်စဉ်ကိုလည်းကောင်း ကျွန်ုပ်တို့ ရန်ကုန်မြို.မှ မြန်မာ မွတ်စလင်မ် လူငယ် များ မှ ပြင်းထန်စွာ ကန်.ကွက် ရှုံ့ချ လိုက်ပါသည်။

အစ္စလာမ့် တရားတော်အရ လုံးဝ ခွင့်မပြုသည့်အတွက် အစ္စလာမ်ကို ကိုယ်စားပြုခြင်း မရှိသည့် အဆိုပါ လုပ်ရပ်များ အား ရပ်တန့်ပေးကြပါရန် အားလုံးကိုယ်စား မေတ္တာရပ်ခံပါသည်။

တာဝန်ရှိသူများမှ အခြေအနေ အရပ်ရပ် ကို အမြန်ဆုံး ထိန်းသိမ်းပေးကြပါရန် နှင့် ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ် များကို ကာကွယ်ပေးကြပါရန် တောင်းဆိုပါသည်။

ရန်ကုန်မြို.ရှိ မြန်မာ မွတ်စလင် လူငယ်များ

0 ကွန်မန့်ရေးရန်:

Post a Comment