Sunday, June 10, 2012

အနောက်အရပ်မှ ညီနောင်များအတွက်......



`` ကိုယ့်အမျိုးကို ချစ်ရုံနဲ့ ဒီ့ပြင် အမျိုးကိုကိုလည်း မုန်းဖို့မလိုဘူး။ သို့သော်လည်း အမျိုးအကျိုးကို လာထိတဲ့သူတွေကိုတော့ အတွင်းက
လူဖြစ်ဖြစ် အပြင်ကလူဖြစ်ဖြစ် တိုက်ခိုက်နှိမ်နှင်းရမှာပေါ့ ။ ဒါက ငါတို့ အမျိုးရဲ့ ရန်သူအဖြစ်ဖြင့်သာ နှိမ်နှင်းခြင်းဖြစ်တယ် ။ ဘယ်လူမျိုး
ဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နှင်းတာမဟုတ်ဘူး´´

ဗိုလ်ချုပ်အောင်ဆန်း
၁၉၄၄ ခုနှစ် မတ်လ ၁၁ ရက်နေ့ မင်္ဂလာဒုံ ဗိုလ်သင်တန်း ကျောင်းဆင်းပွဲ မိန့်ခွန်းမှ...

                         ညီနောင်များခင်ဗျား...........
                         ဖြစ်ပျက်နေတဲ့ အဖြစ်ဆိုးများကြောင့်... ညီနောင်တို့ရဲ့ အသက်၊ အိုး၊ အိမ်၊ စည်းစိမ် ဥစ္စာများ.. ပျက်စီးဆုံးရှုံးခဲ့ရပြီ ဖြစ်
သည်ကို ကျွန်တော်တို့ ကြား သိနေရပါသည်.........။
                         အထူးပင် စိတ်မကောင်း ဖြစ်မိကြောင်းနှင့် မခံမရပ်နိုင်ဖြစ်ကြောင်း ဦးစွာပြောလိုပါသည် ။ သို့သော် ချက်ချင်းအနေဖြင့်
မည်သည့် အကူအညီမျှ မပေးနိုင်သဖြင့် ၀မ်းနည်း မိပါသည်။   အနည်းဆုံး... အားပေးခြင်းနှင့်  ကိုယ်တိုင်ပါဝင် ကူညီဆောင်ရွက်ခြင်းဆန္ဒ
အဝေးရောက်နေသော ကျွန်တော်နှင့် ညီနောင်များတွင် အမှန်တကယ် တည်ရှိနေပါသည်။
                          ကျွန်တော်တို့ မကူညီနိုင်သေးသဖြင့်လည်း မည်သို့မျှ အားငယ်ရန် မလိုပါ၊ မကြာမီ လိုအပ်သည်များကို ကျွန်တော်တို့
ဝိုင်းဝန်း ဆောင်ရွက်ကြပါမည်... အခုလောလော ဆယ်တွင် တပ်မတော်..... ရဲတပ်ဖွဲ့ စသည့် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တာဝန်ရှိ
သော အစိုးရ အဖွဲ့များမှ လာရောက်ကူညီကြပါမည်.......။
                           ညီနောင်တို့သည်အမိမြေကို အသက်နှင့်ခန္ဓာကိုယ်ရင်း၍လည်းကောင်း၊ရင်သွေးနှင့်မိဘများ၊ညီအစ်ကို မောင်နှမများ
စေတီပုထိုးများ၊ ဘာသာရေး အဆောက်အဦများ၊ စည်းစိမ်ဥစ္စာနှင့်အသက်မွေးဝမ်းကြောင်းမှုလုပ်ငန်းများကိုရင်း၍ကာကွယ်နေကြောင်း..
ကျွန်တော်အပါအ၀င် ညီနောင်များ အားလုံးအသိဖြစ်ပါသည်။ဤသို့သောတန်ဘိုးမြင့်သည့် ဆောင်ရွက်ချက်များအတွက်လည်းကောင်း....၊
ဂုဏ်ယူဘွယ်ရာ စိတ်ဓါတ်မြင့်မားမှုအတွက် လည်းကောင်း အမြဲပင် ဂုဏ်ယူနေပါကြောင်း ပြောကြားလိုပါသည်။
                           ညီနောင်တို့သည် `` ၀ံသာနုရက္ခိတ´´ ဟုခေါ်သော အမျိုးစောင့်တရားမှ ဆင်းသက်လာသူများဖြစ်ပါသည်။ မြန်မာနိုင်
ငံတော်၏ အနောက်ဘက် ခြံစည်းရိုးများလည်း ဖြစ်ကြပါသည်....။  နှစ်ပေါင်းရာထောင်ချီ၍ အမိနိုင်ငံတော်ကို ကာကွယ်ခဲ့ကြသူများလည်း
ဖြစ်ပါသည်။  အမည်နှင့် ဂုဏ်သတင်း၊  လုပ်ဆောင်ချက်နှင့် စိတ်ဓါတ်ကိုက်ညီ သူများလည်း ဖြစ်သဖြင့် လေးစားကြောင်းကိုလဲ ပြောကြား
လိုပါသည်။
                            မြတ်ဗုဒ္ဓ၏ အဆုံးအမဖြင့် အေးချမ်းစွာ နေထိုင်လိုသော ညီနောင်တို့အား နတ်ကောင်း၊ နတ်မြတ်များ စောင့်ရှောက်
ပါစေ....... မင်းကောင်း၊ မင်းမြတ်များ စောင့်ရှောက်ပါစေ....... ပြည်သူများ ချစ်ခင်ပါစေကြောင်းနှင့် အမျိုးဘာသာ ၊ သာသနာတော်အား
အသက်ပေး၍ ဆက်လက်ကာကွယ်စောင့်ရှောက်နိုင်မည်သာ ဖြစ်သည်ဟု...... ယုံကြည်ပါကြောင်း..... ခင်ဗျား......။
                            ညီနောင်တို့အတွက်....... `` မြန်မာ့စိတ်ထား´´ ကဗျာလေးဖြင့် ဂုဏ်ပြုဖော်ပြအပ်ပါသည်......။
  • အသားဖြူ၍ ဖြူသည်ဟုလည်း ရန်မမူပါ
  • အသားညို၍ ညိုသည်ဟုလည်း ရန်မပိုပါ
  • အသားမဲ၍ မဲသည်ဟုလည်း မခွဲခြားပါ
  • ဘာသာအယူသွင်မတူလည်း၊ မတူသည်ဟု ရန်မပြုပါ။
  • ရိုးသားစိတ်ထားမြန်မာများသည် အားလုံးကိုပင်ညီနောင်သွင်ဖြင့်
  • ခင်မင်ဆပွား မေတ္တာထား၍ လေးစားချစ်ကြည်တတ်ပါသည်။
  • သို့ပါသော်လည်း
  • ကိုယ့်ပြည်ကိုယ့်တိုင်း ကိုယ့်သမိုင်းနဲ့
  • ကိုယ့်ရေ ကိုယ့်မြေ ကိုယ့်အခြေအနေနဲ့
  • ကိုယ်အမျိုးဘာသာ၊ ကိုယ်သာသနာနဲ့
  • ညှိကာရှေ့ရှု ညှိကာပြုသည့် တိုင်းပြုပြည်ရေး
  • နိုင်ငံ့ရေးတွင်
  • ကြီးသောငယ်သော၊ မဲသော ဖြူသော၊
  • ဘာသော ညာသော အပိုမပြောဘူး
  • တစ်ဦးတည်းကျန် တစ်ယောက်တည်းရှိ
  • ဒဏ်ရာပြည့်လည်း ရှိသည့်အားနဲ့ ပြန်ချမည် . . .

                             အနောက်အရပ်မှ ညီနောင်များအနေဖြင့် ဤစာလေးဖတ်၍ မြူတစ်မှုန်မျှ အားတက်ကြလျှင်ပင်..... ကျွန်တော်တို့
အဝေးရောက်ညီနောင်များ ကျေနပ်နေမည်ဖြစ်ပါကြောင်းခင်ဗျာ......
``အနောက်အရပ်မှ ညီနောင်များ အန္တရာယ်ကင်းကြပါစေ´´

0 ကွန်မန့်ရေးရန်:

Post a Comment