Sunday, June 10, 2012

နောက်ဆုံးရ စစ်တွေ သတင်းများ

Inbox
x

aatolay kkogyister@gmail.com



စစ်တွေ သတင်း >>>

စစ်တွေမြို့ မင်းဂံ တွင် စိုးရိမ်ဖွယ် ရှိသည် ။ ဆက်လက်စုံစမ်းနေပြီ ။ မီးရှို့သွားသည် သတင်းတော့ရပြီ။ရဲမှ ဖြစ်ပွါးရာနေရာလို့ လိုက်လံရှင်းလင်းနေပြီ။ လူ သေဆုံးဟု သတင်းတော့ထွက်လာပြီ (အတိအကျအရေအတွက်မသိရသေး)မင်းဂံ ပတ်ဝန်းကျင်တွင် ဘင်္ဂါလီ အမြောက်အများရှိသည်ဟုပြောသည် < မြို့ခံ တဦးမှ ဖုန်းဆက်သတင်းပေး >

မသီတာထွေးအား မုဒိမ်းကျင့်သတ်ဖြတ်သူတရားခံ ၁ ဦး
ထောင်တွင်း အဆုံးစီရင်သွားကြောင်းသတင်းများထွက်ပေါ်

ရန်ကုန်၊ ဇွန်-၉

ရမ်းဗြဲမြို့နယ်ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာနေ မသီတာထွေးအား မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူသုံးဦးအနက်မှ ၁ဦးဖြစ်သောထက်ထက်(ခ)ရော်ရှီးသည်ကျောက်ဖြူအကျဉ်းထောင်အတွင်းတွင် မိမိကိုယ်ကိုယ် ဆွဲကြိုးချအဆုံးစီရင်သွားကြောင်း သတင်းများထွက် ပေါ်လာသည်။
ထိုသတင်းနှင့်ပတ်သက်၍ ကျောက်ဖြူအကျဉ်းထောင်တာဝန်ရှိသူထံ 7 Day News က နာရီပိုင်းအတွင်း ဆက်သွယ်မေးမြန်းရာ "အခုမပြောချင်ဘူး။ နက်ဖြန်အစိုးရကထုတ်ပြန်ပါလိမ့်မယ်" ဟု သာပြန်လည်ဖြေကြားခဲ့သည်။

စစ်တွေ သတင်း >>>

စစ်တွေ ရခိုင်များမှ ဘင်္ဂါလီများမှ ရန်ပြုလာလျင် ပြန်လည်ခုခံနိုင်ရန် အိမ်တိုင်းတွင် အဆင်သင့်ပြင်ဆင်ထားကြပြီ ။ လုံခြုံရေး မှ မီးစက်ဝင်းကို အတိုက်အခိုက်မခံရအောင် ကာကွယ်ထားသည် ။ လုံခြုံရေးမှ အခြေအနေကိုကြည့်၍ မိုးပေါ်သို့ ပစ်ခတ်ခြောက်လှန့်တာတော့ ရှိသည် ။ မြို့နေလူထုမှ စိတ်ပူသည်မှာ မီးကွင်းပစ်မှာ စိုးရိမ်နေသည်။ ကံကောင်းစွာဖြင့် မိုးရွာနေသည်။ အခြေအနေကိုတော့ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်နေကြသည်။ ဘင်္ဂါလီများဘက် ဒီထက် ပိုဆိုးဝါးလာလျင် ပစ်ခက်ဖို့ အထိဖြစ်လာနိုင်သည်ဟု မြို့ခံတဦးမှ ဖုန်းနှင့်ပြောသွားသည် ။
စစ်တွေတွင် ဆူပူ အကြမ်းဖက်မှုများ စတင်ဖြစ်ပွား၊ လုံခြုံရေး အခြေအနေ စိုးရိမ် ရေမှတ် ရောက်ရှိ [Edited]

ရန်ကုန်၊ ဇွန် ၉


ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဆူပူ အကြမ်းဖက်မှုများမှာ စစ်တွေမြို့သို ကူးစက်လာခဲ့ပြီး ဘုမေ ကျေးရွာမှ ဘင်္ဂါလီလူမျိုးများက ယနေ့ညနေပိုင်းတွင် ရခိုင် တိုင်းရင်းသား အများစု နေထိုင်ရာ ဓညဝတီ
ရပ်ကွက်သို့ ဝင်ရောက် အကြမ်းဖက် ဖျက်ဆီးရန် ကြိုးစားခဲ့ရာမှ လုံခြုံရေး အခြေအနေ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိခဲ့ကြောင်း မြို့ခံများထံမှ သိရှိရသည်။

စစ်တွေမြို့ အခြေစိုက် တပ်မတော်သား ခြောက်ရာခန့်ကို ယမန်နေ့က ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားသော မောင်တော မြို့နယ်သို့ စေလွှတ်ထားသဖြင့် မြို့ပေါ်၌ လုံခြုံရေး အခြေအနေ အားနည်းမှုကို အခွင့်ကောင်း ယူကာ ယင်းကဲ့သို့ အကြမ်းဖက်မှုများ စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

“မြို့ထဲမှာ လုံခြုံရေး လုံးဝ မရှိဘူး။ လူတွေက အိမ်ပြင် မထွက်ရဲတော့ဘူး” စစ်တွေမြို့ မြို့မ ဈေးကြီးတွင် ကုန်စုံဆိုင် ဖွင့်လှစ်ရောင်းချသူ ဒေသခံ အမျိုးသား တစ်ဦး လက်ရှိအခြေအနေကို သုံးသပ်ပြောဆိုသည်။

ဘင်္ဂါလီ လူမျိုးများ အများစုနေထိုင်ရာ ဘုမေကျေးရွာမှ အင်အား ၃၀၀ ခန့်က ရခိုင် တိုင်းရင်းသား အများစု နေထိုင်ရာ ဓညဝတီ ရပ်ကွက်သို့ ဝင်ရောက် ဖျက်ဆီးရန် ကြိုးစားရာမှ ပဋိပက္ခများ စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့က ဝင်ရောက် ထိန်းသိမ်းမှုကြောင့် ဆူပူ အကြမ်းဖက်သူများ နောက်ဆုတ် သွားခဲ့သော်လည်း လေယာဉ်ကွင်း အနီးရှိ ဝန်ထမ်းလိုင်းခန်း တစ်ခုကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ပါတီဝင် တစ်ဦးက ပြောဆိုသည်။

ယနေ့ည ၈ နာရီ မိနစ် ၃၀ ခန့်ကလည်း စစ်တွေမြို့ရှိ အဓိက လျှပ်စစ်ဓာတ်အား ဖြန့်ဝေနေသော မီးစက်ကြီးကို ဖျက်ဆီးရန် ဘင်္ဂါလီ လူမျိုး အင်အား ၃၀၀ကျော် ရောက်ရှိလာရာ လုံခြုံရေး တပ်ဖွဲ့ဝင် အင်အား ၃၀ ဦးခန့်က တာဝန်ယူ ထိန်းသိမ်းခဲ့ရကြောင်း စစ်တွေမြို့ခံများက ပြောကြားသည်။

“မီးပျက်သွားရင် ပိုဆိုးတော့မယ်။ ခုလည်း တစ်ညလုံး အိပ်လို့ ရတော့မှာ မဟုတ်ဘူး” ဟု စစ်တွေ ဒေသခံ တစ်ဦးက ပြောဆိုသည်။

အလားတူ ယနေ့ည ရှစ်နာရီခန့်က မင်းကံရပ်ကွက်ရှိ နေအိမ် သုံးလုံးကို ဘင်္ဂါလီ လူမျိုးများ မီးရှို့ဖျက်ဆီးခဲ့ရာ အမျိုးသမီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။

ထို့အပြင် ဘင်္ဂါလီလူမျိုးများ၏ အကြမ်းဖက်မှုများကြောင့် စိတ်မထိန်းနိုင်သော ရခိုင် တိုင်ရင်းသား အချို့က လေယာဉ်ကွင်း အနီးရှိ ဗလီတစ်လုံးကို မီးရှို့လိုက်ကြောင်း သိရှိရသည်။

စစ်တွေမြို့၏ လုံခြုံရေး အခြေအနေ စီမံ ဆောင်ရွက်ထားမှုနှင့် ပတ်သက်၍ The Voice Weekly က ယနေ့ည ၉ နာရီခန့်တွင် စစ်တွေရဲစခန်းမှ အကြီးတန်း အရာရှိ တစ်ဦးကို ဆက်သွယ် မေးမြန်းခဲ့ရာ ဆူပူမှုများ ဖြစ်ပွားနေသည်မှာ မှန်ကန်ကြောင်းနှင့် ရဲတပ်ဖွဲ့ အင်အား တစ်ထောင်ကျော်က လုံခြုံရေး တာဝန်ယူ ဆောင်ရွက်လျှက် ရှိကြောင်း အတည်ပြု ပြောကြားသည်။
Update 9:00 :
ယခု ည ကိုးနာရီတိတိတွင် စစ်တွေမြို့၌ သံချောင်းခေါက်သံများဆူညံနေပြီး
မီးသတ်ကားများမှာ အစ္စလမ်ဘာသာဝင် ဘင်္ဂါလီလူမျိုးများနေထိုင်ရာကျေးရွာနှင့် ရခိုင်လူမျိုးများနေထိုင်ရာ ကျေးရွာအစပ်ဖက်သို့
ထွက်ခွာသွားသည်ကို တွေ့ရကြောင်း စစ်တွေမြို့ရှိ 7Day News သတင်းထောက်က ပေးပို့သည်။ စစ်တွေမြို.ပေါ်ရှိ လောကနန္ဒာစေတီအနီးတွင် ရခိုင်တိုင်းရင်းသားများက သံချောင်းများခေါက်ကာ စုစည်းနေကြရန်သတိပေးနေခြင်းဖြစ်
သည်။
ဘုမေရွာ အနီးတွင် မီးစက် လမ်းဆုံတွင် ဘင်္ဂါလီ တို့ ကတဖက်ခြမ်း ရခိုင်တိုင်းရင်းသားတို့ တဖက် ကြားတွင်လုံခြုံရေး ရဲများက တားစီးထားရာ အခြေအနေ တင်းမာနေကြသည် ။

ဘင်္ဂါလီ တို့ လုံခြုံရေးအားနည်းနေသည့် နေရာများကို အဓီကပစ်မှတ်ထား တိုက်ခိုက်တတ်သည် ။
ပြန်လည်ခုခံလျင် ဆုတ်ခွါသွားပြီ အသာစီးရလျင် ပြန်တိုက်ခိုက်သည် ..။မြို့ခံ ပြည်သူများ သတိဖြင့် မျက်စိရှင်ရှင်ထားနေရသည် ။

စစ်တွေမြို့၊ ရှိ လေယာဉ်ကွင်းလမ်းအ၀င်ဝတွင် တည်ရှိသော အုန်းခြံတွင်းရှိ အိမ်တစ်ဆောက်မှာ မီးလောင်မှုဖြစ်ပွားနေ၊ မီးသတ်ကားတစ်စီးမှာ ၀င်ရောက်ငြိမ်းသတ်ရန်ကြိုးစားနေ၊ ၄င်းနေရာတွင် ရဲများလုံခြုံရေးများ အင်အား ၂၀ ကျော်ချထားပြီးဖြစ်သည်။ ဆက်လက်၍ မီးစက်လမ်းဆုံတွင်လည်း လုံခြုံရေးကားကြီးသုံးစီးချထားပြီး အင်အားများဖြည့်တင်းပေးလျှက်ရှိသည်။ ပြည်သူများက ညဥ့်အချိန်အား အလွန်ပင်စိုးရိမ်ကြောင့်ကြမှုရှိနေကြောင်းသိရသည်

ညနေ ၄နာရီ ၁၅ ၀န်းကျင်တွင် စစ်တွေလေယာဉ်ကွင်း အနီးရှိ တပိုင်၊ ဘုမယ်နှင့် သဲချောင်းကျေးရွာများမှ ဘင်္ဂါလီလူမျိုး အယောက် ၁၀၀၀ ခန့်က တုတ်၊ ဓါးများကိုင်ဆောင်၍ စစ်တွေမြို့ဘက်သို့ ဦးတည်လာရာ လုံထိန်းရဲများက သေနတ်ထောင်ဖေါက်ကာ နောက်ဆုတ်စေခဲ့သည်။

ယခုလောလောဆယ် အနေအထားတွင် ရထားလမ်း တဖက်မှ ယင်းလူအုပ်က လမ်းတဘက်တွင်ရှိသည့် လုံထိန်းရဲမျ
ားအား ခဲများဖြင့် ပစ်ပေါက်လျှက်ရှိသည်ဟု စစ်တွေမြို့ ရခိုင်အမျိုးသား စောင့်ကြည့်ရေးအဖွဲ့က ပြောသည်။

စစ်တွေမြို့ခံများအနေဖြင့် ယခုအနေအထားတွင် လုံထိန်းများက တားဆီးလိုက်နိုင်သော်လည်း ညဘက်တွင် ယင်းတုတ် ဓါးကိုင်စွဲသူ လူစုလူဝေးက စစ်တွေမြို့ရပ်ကွက်များကို အန္တရာယ်ပြုလာမည့် အရေးစိုးရိမ်လျှက်ရှိသည်ဟု ဆိုသည်။

Aung Mra Kyaw
သပြေကုန်းကျေးရွာမှ ဓါးခုတ်ခံရသော ကျောင်းဆရာမလေး စစ်တွေစစ်ဆေးရုံသို့ရောက်ရှိပြီ
း ပြောပြချက်အရ သူ့ယောက်ကျား ကျောင်းအုပ်ဆရာကြီး ယင်းကျောင်းရှေ့တွင် ဓါးထိုး၊ဓါးခုတ်ခံရပြီး သေဆုံးကျန်ခဲ့ပါသည်။ နောက်ရွာသားတစ်ယောက်ကို လည်လှီးသတ်နေသည်ကိုအဝေးမှ လှမ်းမြင်ခဲ့ရပါသည်။ နောက်တစ်ယောက်ကို ဓါတ်ဆီသွန်ပြီး မီးရှို့နေသည်ကို အဝေးတောင်ကုန်းမှ လှမ်းမြင်ကြရပါသည်။ သူမနှင့် အဖေါ်ကျောင်းဆရာမ နှစ်ဦး ထွက်ပြေးသဖြင့် လွတ်မြောက်လာကြပါသည်။ သူတို့ အိမ်ကို မီးမရှို့မှီ အိမ်အပေါ်သို့တက်ကြပြီး အိမ်ပေါ်မှ အဖိုးတန်ပစည်း များအားလုံးကို စိတ်ကြိုက်ယူပြီးမှ မီးရှီု့သည်ကို တောင်ကုန်းပေါ်မှ လှမ်းတွေ့ရပါသည်။ ဟု မျက်ရည်စက်လက်နှင့်ပြောပြသည်ကို ကြားရသူများ မျက်ရည်ကျကြရပါသည်။


0 ကွန်မန့်ရေးရန်:

Post a Comment