Sunday, June 10, 2012

စိတ်ညစ်တတ်သူတွေ မဖတ်ကြပါနဲ့။







by Than Saw

စဉ်းစားလေး ရင်လေးစရာပါဘဲ။ ဘယ်လိုမျှ ဖြေရှင်းလို့ မရတဲ့ ကိစ္စလို့ဘဲ မြင်မိတယ်။
ရခိုင်သူ ရခိုင်သား ကလေးလူကြီး ဘုန်းကြီးတွေ မျက်နှာဘဲ မြင်ယောင်မိတယ်။ ၉၅% ရှိအောင် လူဦးရေး တိုးပွားလိုက်ခြင်းဟာ အနုမြူဗုံးထက်တောင် စွမ်းတဲ့ လက်နက်ဘဲ။ ၉၅% တွေက လူတွေဖြစ်လို့ လူတွေလို သဘောထားရမယ်။ ဒီမိုကရေစီ စံနစ် အောက်မှာ ဒီလူတွေကို လူတွေ ဖြစ်နေလို့ လူ့အခွင့်အရေး အပြည့်အဝ ပေးရမယ်။ ကန်ထုတ်လို့လည်း မဖြစ်။
တချို့လူတွေ ပြောနေကြသလို စစ်တပ်က  ချေမှုံးဟေ့လို့ ပြောတာက၊  စစ်သားတွေကို စစ်ရာဇဝတ်ကောင်ဖြစ်အောင် တိုက်တွန်းနေ သလိုဖြစ်နေတယ်။  မင်းတို့ လူမျိုးတုန်းအောင် သတ်ကြ။ ပြီး မင်းတို့ ဘာသာ နိုင်ငံတကာ စစ်ခုံရုံးတက်ကြ ဆိုတာမျိုးပါဘဲ။
ဒီမိုကရေစီစံနစ်အောက်မှာ စစ်တပ်က ဘယ်ဒေသဘဲဖြစ်ဖြစ် စစ်နယ်မြေလိုလည်း ရေရှည် အုပ်ချုပ်ခွင့်လည်း မရှိပါ။ စစ်အုပ်ချုပ်မှု သက်တန်း ကာလရှည်လာရင်လည်း စစ်တပ်က မတရားအုပ်ချုပ်တယ် ဆိုအုန်းမယ်။
ပြီး ၉၅% လူဦးရေ ရှိလာပြီ ဆိုတော့ ဒီမိုကရေစီ စံနစ်အောက်မှာ ရွေးကောက်ခြင်းခံထားရတဲ့ ဘယ်အစိုးရဘဲဖြစ်ဖြစ် ဒီလူအများစုကို လူမှုရေး အခွင့်အရေးတွေ၊ နိုင်ငံရေး အာဏာတွေကို အပြည့်အဝ ပေးရတော့မယ်။ 
တနိုင်ငံလုံးမှာ လွတ်လပ်စွာ သွားလာခွင့်၊ နေထိုင်ခွင့်၊ ပညာသင်ခွင့်၊ အကန့်အသတ်မရှိ မျိုးပွားနိုင်ခွင့်၊ နိုင်ငံရေး လူမှုရေး စီးပွားရေး လွတ်လပ်စွာ လုပ်ပိုင်ခွင့် တွေကို ဒီမိုကရေစီစံနစ်အောက်မှာ အပြည့်အဝ ပေးကို ပေးရမယ်။
ခိုးဝင်လာတဲ့ နိုင်ငံခြားသားတွေလို့လည်း ပြောလို့မရဘူးလေ။ ဗြိတိန်မှာဆို အရင်က နိုင်ငံခြားသားတွေ ၅ နှစ်လောက်နေပြီးရင်  ဗြိတိလျှ နိုင်ငံသားအဖြစ် အရင်က လျှောက်လို့ရခဲ့တယ်။ အခုတော့ ၁၀နှစ်လောက် စောင့်ရမယ်။ ဒီတော့ နှစ်ပေါင်းများစွာ နေလာတဲ့သူတွေ ဆိုတော့ ဒီမိုကရေစီစံနစ်အောက်မှာရှိတဲ့ လူဝင်မှုဥပဒေမျိုးရှိလာရင် နိုင်ငံသား အပြည့်အဝဖြစ်သင့်နေပြီ လို့ဆိုရမယ်။ 
တနိုင်ငံလုံးမှာ ဒီလူမျိုးတွေကို ဒီမိုကရေစီအောက်က လုပ်ပိုင်ခွင့် အခွင့်အရေးတွေ လုံးဝခံစားခွင့် မပေးခြင်ရင်တော့ Kosovo ကော့ဆိုဗီုလို နိင်ငံကို ဖဲ့ခွဲ ပေးလိုက်ရမယ်။ ပင်လယ်ပြင် ငါးဖမ်းကွက်တွေ၊ သဘာဝ ဓါတ်ငွေ့တွင်း လုပ်ကွက်တွေ လည်း ပေးလိုက်ရမယ်။ ရခိုင်တွေအတွက် အင်မတန် ရင်နာစရာဘဲ။ အခုလည်း သူတို့ မြေတွေ အားလုံးဟာ ၉၅ %လက်ထဲ ရောက်နေပါပြီ။ 
ဒါကြောင့်လည်း မရိုးသားတဲ့ နိုင်ငံရေးသမားတွေ ပါးစပ်တွေ သိမ်မဟ ကြတာဘဲ။ ပြည်သူတွေကို ဒီအချက်တွေ ပြောပြရှင်းပြနေရင် တနိုင်ငံလုံးက အရမ်းမုန်းသွားမယ်။ ဒီတော့ စစ်တပ်က ဝင်ရှင်းနေတာကို တိတ်တိတ်လေး သဘောကျနေမှာဘဲ။ စိတ်ထဲကနေ စစ်ခွေးတွေ လုပ်ဟ လုပ်ဟ သတ်ဟ သတ်ဟ။ ပြီးရင် နင်တို့ကို နိုင်ငံတကာ စစ်ခုံရုံးတင်မယ် များ တွေးတောနေသလား မသိ။ ဘယ်လို ရလဒ်တွေရရ ဒီလို အခွင့်အရေးသမားတွေအတွက်ကတော့ အမြတ်ပါဘဲ။ အခုလို စစ်တပ်ဝင်ပြိး ရခိုင်သူ ရခိုင်သားတွေဘက်က အသက်ပေး ကာကွယ်နေတာ အခုအချိန်အထိ လူမြင်ကွင်းမှာ ထွက်ပြီး ထောက်ခံတာ မတွေ့ရဘူး။ မတော်တဆ အသေအပျောက်များရင်တော့ စစ်တပ်အပြစ်ဆို ကြယ်လောင်စွာ ထအော် အမှတ်ယူတော့မယ်လေ။
မတော်တဆ စစ်တပ်အပြစ်ဖြစ်လာတဲ့အခါ မြန်မာနိုင်ငံအပြစ်ဖြစ်သွားပြီး ရခိုင်ပြည်မြောက်ပိုင်းကတော့ ၉၅%တွေအခွက် ပေးလိုက်ရတော့မှာဘဲ။ ဒီမိုကရေစီစံနစ်အောက်က နိုင်ငံရေးအရ rule of law အရလည်း ရခိုင်မြောက်ပိုင်းကို  ၉၅% တွေကို ပေးလိုက်ရမယ်။ ဘယ်သူ့အပြစ်လို့ ပြောတဲ့သူဟာ အင်မတန် မရိုးသားသူ အမြတ်ထုတ်လိုသူဘဲ။အခုလည်း ဒီလူဦးရေ ၉၅ % ဖြစ်လာတာကို လူဝင်မှုဌာန အပြစ်၊ အစိုးရအပြစ်၊ တရားဥပဒေစိုးမိုးမှု မရှိတဲ့ အဖြစ်ကို အတွင်တွင် အမြုပ်ထွက်အောင် ပြောခဲ့ကြတယ်။ လပ်စားမှုတွေ ရှိပါတယ်။ မရှိဘူးလို့ မပြောပါဘူး။ ကိုယ်တိုင် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးအလုပ်လုပ်ကြည့်ပါ။ ဘာလုပ်မလည်း။ ဘယ်လိုဥပဒေတွေ ပြဌာန်းမလည်း။ ဒီ ၉၅% ကို နိုင်ငံသားပြုမလား။ ဆက်လက်ပြီး တရားမဝင် နေထိုင်သူ နိုင်ငံခြားသားအဖြစ် ဆက်လက်ထားမလား စည်းစားကြည့်ပါ။ ကိုယ်ကလုပ်မဲ့ ရေတိုရေရှည် စီမံကိန်းတွေ ထုတ်ပြန်ပါတော့။ တခါလာလည်း rule of law တခါလာလည်း rule of law ဆိုတဲ့ စကားလုံးဘဲ သုံးပြီးပြောမနေပါနဲ့။  ဒီစကားကို နှုတ်ဖြားမှာ သုံးရတာလွယ်ပါတယ်။ ဒီအခြေအနေကို ကိုယ်တိုင် ဝင်ရှင်းဖို့အတွက်ကတော့ မလွယ်ပါ။ လွယ်တယ်ထင်ရင် ဒီ rule of law ကို ဒီ ရခိုင်မြောက်ပိုင်းမှာ ဘယ်လိုရှိအောင် လုပ်မလည်း ဆိုတာ သတ္တိရှိရင်တော့ ရေတို ရေရှည် စီမံကိန်းတွေချပြိး ရခိုင်တွေရော တနိုင်ငံလုံးအရှေ့မှာ သတ္တိရှိရှိထွက်ပြောပါ။
အခု လယ်သမား ဆင်းရဲသားတွေရဲ့ သားသမီး ခင်ပွန်း ဖခင် တွေဖြစ်တဲ့ စစ်သားတွေ အသက်ပေးလုပ်နေတာကို လူမြင်သူမြင်မှာ တခြားနိုင်ငံက အတိုက်အခံ နိုင်ငံရေးသမားတွေလို နဲနဲတော့ အားပေးပါအုန်း။ ရခိုင်တွေ အရှေ့မှာလည်း နဲနဲတော့ လူကိုယ်တိုင် ထွက်ပြီး အားပေးပါအုန်း။ ၉၅% ကိစ္စကို ကိုယ်က နိုင်ငံခေါင်းဆောင်ဖြစ်လာတဲ့အခါ ဘာလုပ်မယ်ဆိုတာ အခုထဲက နိုင်ငံကို ရှင်းပြပါတော့။ ခေါင်းရှောင် မနေသင့်တော့ဘူး။ 
အော် ရခိုင်တွေအတွက်ကတော့ အင်မတန် ဝမ်းနဲမိပါတယ်။ ဒီမိုကရေစီစံနစ်ထွန်းကားမှု အောက်မှာ rule of law အောက်မှာ လူနည်းစုဖြစ်နေလို့ အများကြီး ဆုံးရှုံးစရာတွေပါလား။ စစ်အုပ်ချုပ်ရေးနဲ့ ရေရှည် အုပ်ချုပ်ပြီး ကာကွယ်ပေးဖို့ကလည်း ........ 

0 ကွန်မန့်ရေးရန်:

Post a Comment