Sunday, June 10, 2012

ရခိုင်ပြည်နယ် မောင်တောမြို့တွင် တည်ငြိမ်အေးချမ်းရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာကြီးကြပ်ရေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပြီ

Inbox
x

Thantsin Phyoe



ရခိုင်ပြည်နယ် မောင်တောမြို့တွင် တည်ငြိမ်အေးချမ်းရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာကြီးကြပ်ရေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်းနိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်လိုက်သည်။
ပိုမိုကောင်းမွန်သော တည်ငြိမ်အေးချမ်းမှုရရှိရန်နှင့် အသက်အိုးအိမ်ပျက်စီးဆုံးရှုံးကာ ဆင်းရဲဒုက္ခရောက်လျှက်ရှိသည့် တိုင်းရင်းသားများအား အနီးကပ်ကူညီစောင့်ရှောက်နိုင်ရန် အတွက် ရည်ရွယ်၍ ဖွဲ့စည်းလိုက်သော အဆိုပါအဖွဲ့တွင် ဥက္ကဌအဖြစ် နယ်စပ်ဒေသလူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုဌာနချုပ်မှ ဦးအောင်ကြီးက တာဝန်ယူပြီး အဖွဲ့ဝင်များအဖြစ် မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲ မှူးကြီးမျိုးဝင်း၊ ခရိုင်ဥပဒေအရာရှိ ဦးမြင့်သန်း၊ ခရိုင်လူဝင်မှုကြီးကြပ်ရေး ဦးစီးမှူး ဦးဝင်းစိန်၊ ခရိုင်ဆရာ ၀န်ကြီး ဒေါက်တာကျော်မောင်မောင်သိန်း၊ မောင်တောမြို့နယ်စည်ပင်သာယာရေးအုပ်ချုပ်ရေး မှူး ဦးအောင် သက်ရှည်တို့ပါဝင်ပြီး အတွင်းရေးမှူးအဖြစ် မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးက တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကြီးကြပ်ရေးအဖွဲ့၏ တာဝန်များမှာ အေးချမ်းမှုကို ပိုမိုတိုး တက်အောင် ဆောင်ရွက်ရန်၊ အခင်းပွားမှုကြောင့် ဆင်းရဲဒုက္ခရောက်နေ သည့် တိုင်းရင်းသားများအား ယာယီနေရာချထား ပေးရန်၊ လုံခြုံရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးနှင့် ရေရှည်ကာလ တွင် ဘေးကင်း လုံခြုံရာ၌ နေရာချထားပေးနိုင် မည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား စနစ်တကျကူညီစောင့်ရှောက်ရန်ဖြစ်ကြောင်း သမ္မတရုံး၏ အင်တာနက် ၀က်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြထားသည်။
အဆိုပါအဖွဲ့ကို နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်အရ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက အကြောင်းကြားဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

0 ကွန်မန့်ရေးရန်:

Post a Comment