Sunday, June 10, 2012

မီးတောင် “ ရှယ် ” ပွင့်သွားမယ်...



မြန်မာဆိုတာ ဘာလဲ...သိချင်လား ?

အရေးကြီးတော့ သွေးစည်းတယ်ဆိုတာ အခုယုံပြီလား
အပိုမပြောပါဘူး..“မြန်မာ”ဆိုတာ ဘာလဲ သိချင်ရင် ထိကြည့်
ရိုးရိုး မဟုတ်ဘူး...မီးတောင် “ ရှယ် ” ပွင့်သွားမယ်....။
မျိုးချစ်စိတ်ဆိုတာ ဘာလက်နက် လာလာမကြောက်ဘူး
မျိုးချစ်စိတ်ဆိုတာ ဘယ်သူဖျက်ဖျက် မပျက်ဘူး
မျိုးချစ်စိတ်ဆိုတာ ဘယ်သူ့မှ မမှုဘူး......
တိုင်းရင်းသားတွေ စုပေါင်းထားတဲ့ ငါတို့နိုင်ငံ
တစ်လက်မတောင် အကျူးကျော်.....မခံ
အထင်မသေးနဲ့ အမြင်မအေးဘဲ...ရင်လေးသွားမယ်  မယုံရင် ထိကြည့်
ရိုးရိုး မဟုတ်ဘူး...မီးတောင် “ ရှယ် ” ပွင့်သွားမယ်....။
တုံးတိုက်တိုက်ကျားကိုက်ကိုက်...လှေခွက်ချည်းကျန် အလံမလဲ အဲဒီ့လိုစိတ်
ကမ္ဘာကတောင် ကျိတ်လေးစား
သမိုင်း မဟောင်းတဲ့ မြန်မာ သိချင်ရင် ထိကြည့်
ရိုးရိုး မဟုတ်ဘူး...မီးတောင် “ ရှယ် ” ပွင့်သွားမယ်....။

ဒီနိုင်ငံက တိုင်းရင်းသား ငါ့သွေးသား
ဒီနိုင်ငံမှာ မွေးဖွား ငါအလေးထား
အမျိုးဘာသာ...သာသနာ အချုပ်အချာ အာဏာ ထိရဲရင် ထိကြည့်
ရိုးရိုး မဟုတ်ဘူး...မီးတောင် “ ရှယ် ” ပွင့်သွားမယ်....။

ဒူးတွေ့ရင် ဒူးနဲ့တိုက်....လက်တွေ့ရင်လက်နဲ့ရိုက်
ချွေးတွေကျ...သွေးမြေခလည်း မလျော့သောဇွဲနဲ့
အမျိုးကို ချစ်....တိုင်းပြည်ကို ချစ် ဒီနိုင်ငံရဲ့ အမွေအနှစ်ကို ထိန်းသိမ်း
ဘယ်...သူစိမ်းမဆို ထိရဲရင် ထိကြည့်....
မယုံဘူးဆိုစမ်းကြည့်......
ရိုးရိုး မဟုတ်ဘူး...မီးတောင် “ ရှယ် ” ပွင့်သွားမယ်....။

0 ကွန်မန့်ရေးရန်:

Post a Comment