Saturday, April 28, 2012

အင်တာနက်(သို.)ချက်တင်-Chatting အကိုက်ခံနေကြသူများ

ရုံးတစ်ရုံးမှာ စာရင်းကိုင်ချုပ်အမကြီးတစ်ယောက် ချက်တင်အကိုက်ခံနေရတယ်လို. အိမ်အတူတူ စုပြီးငှားနေသော သူငယ်ချင်းတစ်ယောက်ကပြောချိန်တုံးက သတင်းစကားတစ်ခုဟာ အတင်းသဘောမျိုးဖြစ်ခဲ့ဖူးတယ်။


သူမ တာဝန်ယူလုပ်ဆောင်နေသော အလုပ်တာဝန်ဟာ စာရင်းကိုင်ချုပ် ဖြစ်တဲ့အတွက်ကြောင့် လုပ်ငန်းခွင်အတွင်းမှာ ဗျာများနေလို.မရဘူး၊ စိတ်ရှုပ်နေလို. မရဘူး၊ စာရင်းဆိုတာ တစ်ရက်အလုပ်ကို နောက်တစ်ရက်မှာ ဆွဲလုပ်သွားရင်တောင် အဆင်မပြေဖြစ်တတ်တဲ့အတွက် ရက်ပေါင်းများစွာ အလုပ်ခွင်အတွင်းမှာ ချက်တင်လုပ်နေဖို.အတွက် အချိန်ပေးလိုက်ရတဲ့အခါ အချိန်တွေ အလျှင်မမှီဖြစ်သွားခဲ့တယ်။ ကာလတစ်ခုအတွင်းမှာ အပ်ရမဲ့ သူမစာရင်းတွေ မပြီးမြောက်တော့ဘူး။ သူမရဲ. လက်အောက်ငယ်သား စာရင်းကိုင်လေးများရဲ. ကဲ့ရဲ.ဝေဖန်ခြင်း တွေကို မကြားတကြား သူမခံနေရတယ်။ အဲ့ဒါတွေ အကုန်လုံးကို သူမကဂရုမစိုက်ပဲ ဆက်ပြီးချက်တင်ကိုက်ဆဲ ကိုက်မြဲ ဖြစ်နေတယ်။


တစ်နေ.မှာ သူမ အလုပ်ရှင်က
လချုပ်စာရင်းတွေ/နှစ်ချုပ်စာရင်းတွေကို အချိန်မှီမအပ်နိုင်ရခြင်းအပေါ် ဘယ်လို အခက်ခဲရှိနေလဲ၊
လုပ်ငန်းတွင်းခန်.အပ်ထားသော စာရင်းကိုင်ငှာနအတွက် ၀န်ထမ်း မလုံလောက်လို.လား၊
မေးမြန်းလာတဲ့အခါမှာ သူမမှာ ခိုင်လုံသော အကြောင်းပြချက်မရှိခဲ့ဘူး။


လက်ရှိလုပ်ငန်းအတွက် ၀န်ထမ်းဟာလည်း အလုံအလောက်ရှိနေပြီး အဲ့ဒီဝန်ထမ်းတွေဟာလည်း သူတို.တာဝန်သူတို.အသီးသီး ကျေပြွန်နေကြတယ်။


သူမဟာ အလုပ်ထဲမှာ ခိုးကြောင်ခိုးဝှက်နဲ. ချက်တင်ဝင်တဲ့အလုပ်ကို တစ်နေ.ကို ၄ နာရီလောက်တော့ ပေးနေတယ်။ အလုပ်ချိန် ရှစ်နာရီမှာ လေးနာရီလောက်က ချက်တင်ဝင်တော့ ကျန်လေးနာရီမှာ အလုပ်မပြီးမြောက်တော့ဘူး။ စာရင်းကိုင်သူများဟာ လိုအပ်ရင်လိုအပ်သလို အလုပ်အတွက် အပိုချိန်တွေပါ ဆင်းပေးရတဲ့သူမျိုးဖြစ်တဲ့အတွက် အဲ့ဒီအချိန်လေးနာရီဆိုတာ သူမအတွက် အတော်ကိုနည်းလွန်းပါတယ်။


သူမရဲ.အခက်အခဲဟာ အချိန်မရခြင်းဖြစ်တယ်။


ဒီလိုနဲ. သူမဟာ အလုပ်ထဲမှာ မပျော်တော့ဘူး။ အလုပ်ထွက်ချင်လာတယ်။ လတ်တလော သူမမှာ နောင်ရေးအတွက်ဆိုပြီး စုထားတဲ့ ငွေကြေးလည်းနည်းနည်းပါးပါးရှိတယ်။ တစ်လလောက်အလုပ်မလုပ်သေးရင် ဘာမှ ပွန်းပဲ့စရာ အကြောင်းကမရှိပြန်ဘူး။ လတ်တလောက သူမ ချက်တင်မှာအချိန်ရဖို.ရှိသေးတယ်။ ဒါကြောင့် သူမ အလုပ်ကထွက်စာတင်လိုက်တယ်။ အလုပ်ရှင်က သူမဟာ သူ.လုပ်ငန်းတစ်ခုလုံးရဲ. အရေးပါအရာရောက်သူတစ်ဦးဖြစ်နေတော့ လွယ်လွယ်နဲ.ထွက်ခွင့် မပြုဘူး။ ဒါနဲ. တစ်လလောက်ကို လစာဖြင့် ပေးနားလိုက်တယ်။


အဲ့ဒီတော့ ပြဿနာက စတက်တာပဲ။  နေ.စဉ်နဲ.အမျှ သူမဟာ ချက်တင်ကို မလပ်တမ်းတက်နိုင်အောင်ကြိုးစားတယ်။ အင်တာနက်ဆိုင်သွားရင် ရေဘူး၊မုန်. အစုံအလင်နဲ.သွားတယ်။ အကြားမလပ် ပြောချင်တဲ့စကားတွေကို သူမလက်ကလေးတွေ မြန်မြန်ဆန်ဆန် ရိုက်နေနိုင်သလောက် စာတွေရိုက်တယ်။ ဒီလိုကြောင့် သူမ ချက်တင်အဖော် ကောင်လေးက သူမကို အလုပ်ထဲကနေ ချက်တင်ဝင်နေတာ မဟုတ်ကြောင်းကို သိသွားတယ်။ သူမကို အလုပ်ကထွက်လိုက်ရခြင်းအကြောင်းကို မေးတယ်။ သူမက အလုပ်ရှင်ဟာ သူမကို  လစာဖြင့် ခွင့်တစ်လ ပေးလိုက်ခြင်းကို ချန်လှပ်လို. သူမအလုပ်ကထွက်လိုက်ပြီဆိုတဲ့ အကြောင်းကို သူမရဲ. ချက်တင်အဖော်ကောင်လေးကို ဖွင့်ပြောပြတယ်။ သူမ ကောင်လေးကို ဘယ်လောက်ချစ်ကြောင်း ကောင်လေးကအွန်လိုင်းပေါ်မှာတွေ.တိုင်း သူမနဲ. အနှောက်အယှက်ကင်းကင်း စကားပြောချင်တယ် ဆိုတဲ့အတွက်ကြောင့် သူမကောင်လေး သဘောတော် အလိုကျဖြစ်အောင် အလုပ်ကထွက်လိုက်ကြောင်းတွေကို အစချီပြီးပြောပါလေတော့တယ်။


အဲ့ဒီတော့ ချက်တင်အဖော်ကောင်လေးက မေးပြန်တယ်
“ အလုပ်မရှိပဲ ဘာနဲ. သုံးသလဲ ” တဲ့
သူမ က မဆိုင်းမတွပဲ ဖြေပါတယ်။
လတ်တလော သုံးဖို.စွဲဖို. သူမတွင်ရှိကြောင်း နဲ. ချက်တင်အဖော်ကောင်လေးက ပြန်လာရင် လက်ထပ်မှာမို. သူမ က အလုပ်မလုပ်တော့ဖို.ကို သူမကပြောလိုက်တယ်။
အဲ့ဒီစကားပြောပြီး နောက်တစ်ခေါက်အွန်လိုင်းပေါ်တက်ချိန်က စလို. ကောင်လေးကို သူမ မတွေ.တော့ဘူး။
တစ်ရက်.. နှစ်ရက်.. သုံး.. လေး.. ရက် နဲ. တစ်လပြည့်ပြီ ခွင့်လည်း စေ့ပြီ။
သူမ အလုပ်ပြန်ဝင်ခဲ့ပြီ။ အင်တာနက်(အထူးသဖြင့်-ဂျီတော့ပ်) ကို ရုံးကိစ္စမှလွှဲလို. သူမ လုံးဝ မသုံးတော့။


                                    ***************************************************

ကျွန်မချစ်သူက တောင်အမေရိကား-ပီရူးမြို.မှာ ကားဝပ်ရှော့အလုပ် လုပ်ပါတယ်။
ကျွန်မက မြန်မာပြည်က ရုံးတစ်ရုံးမှာ စာရင်းကိုင် လုပ်ပါတယ်။
သူ.ဆီမှာ နေ.ဆို ကျွန်မဆီမှာ ည / ကျွန်မဆီမှာ နေ.ဆို သူ.ဆီမှာ ညဖြစ်နေတော့ အင်တာနက်သုံးပြီး တွေ.ဆုံရတာ အတော့်ကို ကသိကအောက်ဖြစ်ရတယ်။


ချစ်လိုက်ကြတာလဲ တုန် တုန် တုန် ထဲ ကပါပဲ။


သူက ဗီဇာ အိုဗာစတေး ဖြစ်နေတော့ အချိန်ပြည့် အားလပ်နေသူ၊ အပြင်မထွက်၊ ဟိုတယ်ထဲမှာပဲ တနေကုန်အင်တာနက်သုံးပြီး ( သူ.ရဲ တနေကုန်ဆိုတာ ကျွန်မတို.ဆီမှာ တစ်ညလုံး) ကျွန်မနဲ. စကားပြောချင်သူ။ ကျွန်မကလည်း အလုပ်ထဲမှာ မို. မအားနဲ. ကသိကအောက်ဆိုတာ အဲ့ဒါကို ပြောတာ။


ဒီလိုနဲ. ကျွန်မရဲ. ရုံးချိန်မှာ ဗွီဇက်အိုကို လိုင်းအွန်ထားပေးရတယ်။ သူက ကျွန်မလှုပ်ရှားသွားလာနေတာကို တနေကုန်ထိုင်ကြည့်။ စကားတော့ ပြောခွင့်မရဘူး။ တစ်ခါတစ်လေ သူဘက်က ညပိုင်းဆိုတော့ သူက အိပ်ပျော်ချင်ပျော်သွားတယ်။ အိပ်ပျော်သွားလို. အွန်လိုင်းက ထွက်လိုက်ရမယ် မထင်နဲ.။ သူတစ်ရေးနိုးလို. ကျွန်မ လိုင်းအောက်နေရင် ပြဿနာကရှာချင်သေးတာ။


ညနေ-၆ နာရီဆို ကျွန်မရုံးဆင်းချိန်မှာ သူဆီမှာ မနက် ၆-နာရီလောက်ဖြစ်ပြီ။ ကျွန်မ အိမ်ပြန်ရောက်ရင် သူက ရေချိုးထမင်းစားပြီး ကျွန်မနဲ. ချက်တင်ပြောဖို. ကွန်ပျူတာရှေ.မှာ အဆင်သင့်ရှိပြီ။ ကျွန်မကသာ ကတိုက်ကရိုက်နဲ. ဗွီဇက်အိုကို အဆင်သင့်ဖွင့်ပေးထားရတယ်။ သူက အိမ်မှာလည်း ကျွန်မ ဘာလုပ်နေတယ်ဆိုတာကို အတိအကျ သိချင်သူ။ မြင်နေရမှ ကျေနပ်သူ။ ကျွန်မလှုပ်ရှားသွားလာနေတာတွေ ကို သူက စောင့်ကြည့်ရင်း မြန်မာစံတော်ချိန်ည ရှစ်နာရီခွဲလောက်မှ ပါးစပ်ချင်းစကားပြောခွင့်ရှိတယ်။ သူ.အကြောင်း ကိုယ့်အကြောင်းတွေ ပြောရင်းနဲ. နေ.စဉ် ည နှစ်နာရီလောက်မှ အိပ်ခွင့်ရတယ်။ အွန်လိုင်းကိုတော့ ကျွန်မကဖွင့်ပေးထားရတယ်။ ဒီတစ်ခါ ကျွန်မအိပ်တာကို သူကစောင့်ကြည့်နေရတဲ့ အလှည့်ပေါ့။


ဒီလိုနဲ. သူမြန်မာပြည်ပြန်မလာမချင်း ရုံးပိတ်ရက်တနင်္ဂနွေရက်တွေပါမကျန် အင်တာနက်အကိုက်ခံရင်းနဲ. သူလည်း မြန်မာပြည်ပြန်ရောက်ရော ကျွန်မမှာ
မျက်တွင်းတွေကဟောက်ပက်၊
နှစ်ယောက်စလုံး အိပ်ရေးတွေပျက်တော့ ၀က်ခြံတွေကထွက်၊
အဆိုးဆုံးက ဖုန်းနက်လေးသုံးပြီး ပြောရတဲ့ အင်တာနက်ကြောင့် ကဒ်ဖိုးက တစ်လကို တစ်သိန်းခွဲကျော် ကုန်လေသတည်း။
ခုတော့လည်း အကြင်လင်မယားတွေဖြစ်လို. အဲ့ဒီအကြောင်းတွေကို အရည်မရ အဖတ်မရလို. မျက်နှာချင်းဆိုင် ပြောကြရင်း ရီလိုက်ကြ၊ အင်တာနက်ဖိုးတွေ အလျော်တောင်းလိုက်ကြ၊ နှမျောလိုက်ကြနဲ.ပေါ့။


                               *****************************************************


ကျွန်မညီမလေးလိုချစ်ခင်သူ ကောင်မလေးတစ်ယောက် ချစ်သူကို သူကိုယ်တိုင်စိတ်လိုလက်ရ ဖြတ်ချလိုက်ပြီး စိတ်တွေလေပါတယ်။ စိတ်လေတော့ အင်တာနက်ကို တွင်တွင်ကျယ်ကျယ်သုံးပါတယ်။ အင်တာနက်မှာ သူငယ်ချင်းတွေရတယ်ပေါ့။ ကောင်လေးတွေကလည်း ညီမလေးကို ချစ်လိုက်ကြတာတုန် တုန် တုန်။ ညီမလေးကတော့ သွေးရိုးသားရိုး။ ဒါပေမဲ့ တီးတိုးတီးတိုး သဖန်းပိုး လုပ်ပါများတော့ ကောင်လေးတွေက ကြွေ ကြွေလု လို.ပေါ့။ ကောင်လေးတွေကို တော့ ကျွန်မက ပြောချင်သား။ နင်တို.တွေ ဆက်မတိုးနဲ.လို.ပေါ့။ ဆက်တိုးရင် အဖြစ်ဆိုးမယ်။ ညီမလေးကတော့ ချစ်လာမှာ မဟုတ်ဘူး။ ဖြစ်နိုင်ရင်တော့ အချိန်ကုန်လူပင်ပန်းပြီး ချက်တင်အကိုက်မခံစေချင်ပါဘူး။ အချိန်ကုန်လူပင်ပန်းလို. ကျွန်မပြောတဲ့အထဲမှာ သေချာနေတာတွေကို  မဆိုလိုပါဘူး။


                                       ***************************************************


 ဒီဆိုဒ်ထဲက ဒီပို.စ်နဲ. သက်ဆိုင်သူတစ်ယောက်အတွက်
လမင်းငယ်ငယ်

1 ကွန်မန့်ရေးရန်:

ဖတ်လို့တော့ကောင်းတယ်

Post a Comment