Saturday, April 28, 2012

ယနေ့ မလေးရှားဆန္ဒပြပွဲ BERSIH 3.0 Rally မြင်ကွင်းဓာတ်ပုံများ

မင်္ဂလာပါ
ယနေ့ မလေးရှား ကွာလာလမ်ပူမြို့မှာ သိန်းနဲ့ချီတဲ့ လူထုများက BERSIH 3.0 လို့အမည်ရတဲ့ လွတ်လပ်သော မလေးရှား အဖြစ် အတိုက်ခံဆန္ဒပြသွားခဲ့ပါတယ် ။ လက်ရှိ အစိုးရဖြစ်သော Najib နဲ့ ပါတီဝင်များရဲ့ အဂတိ လိုက် ချစားမှု့များ ကို ကန့်ကွက်ခြင်း ၊ မလေးရှားနိုင်ငံသားများရဲ့ ကျဆင်လာတဲ့ စီးပွားရေး ပြဿနာများကို ဖြေရှင်းပေးရန် ၊ နိုင်ငံသားများ လွတ်လပ်သော မလေးရှား နိုင်ငံကို လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ရန် စတဲ့ ရည်မှန်းချက် High Light ၈ ချက်နဲ့ တောင်းဆိုဆန္ဒပြသွားပါတယ် ။
မနေ့က ကျွန်တော် တို့ တင်ပြခဲ့တဲ့ စုရပ် ၆ ရပ်ကနေ Dataran Merdeka (လွတ်လပ်ရေးကွင်းပြင်) သို့ လမ်းမကြီး ၆ ခုမှ ဆန္ဒပြသူ သိန်ကျော် ဟာ နေ့လည် ၁၂ နာရီ ကစပြီး ချီတက်ဆန္ဒပြသွားခဲ့ပါတယ် ။ ထိုဆန္ဒပြပွဲကြောင့် လက်ရှိ အုပ်ချုပ်နေတဲ့ နာဂျစ် အစိုးရ အတွက် နိုင်ငံတကာက ဖိအားပေး စောင့်ကြည့်ခံရလို့ သူတို့ရည်ရွယ်ချက်ဆောင်မြင်တယ်လို့ ဆန္ဒပြသူများက ဆိုပါတယ် ။
ထူးခြားမှု့တစ်ခုကတော့ ယခု ဆန္ဒပြတဲ့ ပွဲမှာ အစိုးရဲ့ ထိန်းချုပ်မှု့ ခခဲ့ရတဲ့ ခေါင်းဆောင်ဟောင်း အန္ဒဝါကိုယ်တိုင် အမျိုးသား ဘလီရှေ့မှာ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ နှင့် ပြည်သူများရဲ့ လိုလားချက်များ ၊ မလေးရှားရဲ့ ကျဆင်းနေတဲ့ စီးပွားရေး အတွက် အစိုရ တာဝန်ယူရမည့် အကြောင်းများ ကို ဟောပြောသွားတာ မြင်ရမည်ဖြစ်ပါတယ် ။
ယခု ဘလော့တင်သော အချိန်အထိ ဆန္ဒပြနေသော လူစု နှင့် လူစုကို ဖြိုခွင်းနေသော ရဲများ ကွာလာလမ်ပူမြို့ လယ်ဖြစ်သော Jalan Pudu ,  Jalan Tun H.S Lee , Jalan Raja Chulai , စတဲ့ မြန်မာ ဆိုင်များ တစ်ဝိုက် များစွာ ရှုပ်ထွေးလျှက် ရှိနေဆဲ့ဖြစ်ပါတယ် ။
ကွာလာလမ်ပူသို့ သွားရောက် ၍ မရသော မြန်မာနိုင်ငံသားများ နှင့် အဖွဲ့ဝင်အားလုံး သိရှိစေရန် ကျွန်တော်တို့ သတင်း ဓာတ်ပုံများကို ပူးတွဲတင်ဆက်ပေးရပါတယ်ခင်ဗျာ ။.....
ကိုယ်တိုင်ပါဝင်ဆန္ဒပြ ဟောပြောနေသော ခေါင်းဆောင်ဟောင်း အန္ဒဝါ 
မြန်မာဆိုင်များ၏ အရှေ့တည့်တည့် ကိုတာရာယာရှေ့မြင်ကွင်း
Central Market ရှေ့
Mesjid Jamek ဘူတာ အောက်မြင်ကွင်း
May Bank ရှေ့မြင်ကွင်း
 Dataran Merdeka လုံခြုံရေး ချထားသောမြင်ကွင်း
Paza Sini ဘူတာတစ်ဝိုက်မြင်ကွင်း
Brike Field မြင်ကွင်း
ဆန္ဒပြ ချီတက်သွားကြသော မလေးရှားမြို့လယ် စုရပ် ၆ ခု
အထက်ပါပုံများကတော့ ယနေ့ ကွာလာလမ်ပူမြို့လယ် မှာ ဖြစ်ပေါ်နေတဲ့ 
BERSIH လို့အမည်ရတဲ့ မလေးရှားနိုင်ငံလုံးကျွတ်ဆန္ဒပြပွဲ မြင်ကွင်းများဖြစ်ပါတယ် ။
တိုးတက်တဲ့တိုင်းပြည်တစ်ပြည်လို့ အသိမှတ်ပြုခံရပေမယ့် အစိုးရရဲ့ လျှော့ရဲ့ ညံ့ဖြင်းသော ဆုံးဖြတ်ချက်များကို
ပြင်းထန်စွာကန့်ကွက်ခြင်းဖြစ်ပြီး အဓိက ရည်ရွယ်ချက်ကတော့ တရားမျှတသော မလေးရှား လို့ကြွေးကြော်နေတာဖြစ်ပါတယ်။
မလေးရှားနိုင်ငံ မှာ ကျွန်တော်ကြုံတွေ့ခဲ့တဲ့  ဆန္ဒပြပွဲ ၃ ကြိမ်လုံးမှာ လက်နှက် ၊ ဒုတ် ၊ ဒိုင်းကာ စသော ပြည်သူများ
နာကျင်စေမည့် ပစ္စည်းတစ်ခုတောင် ရဲများ ကိုင်ဆောင်ထားခြင်းမရှိတာကို တွေ့ရပြီး အစိုးရအနေဖြင့် မီးသတ်ကားများ ၊
ရေပိုက်များ ၊ မျက်ရည်ယိုပုံးများကို သာ အသုံးပြုတာတွေ့ခဲ့ရပါတယ် ။
ပြည်သူများအနေဖြင့်လည်း အန္တရယ်ဖြစ်စေနိုင်သော လက်နှက်တစ်ခုမှကိုင်ဆောင်ခြင်းမရှိတာကိုတွေ့ရမည်ဖြစ်ပါတယ်။
မိမိတို့ အိမ်နီးချင်းနိုင်ငံများရဲ့ နိုင်ငံရေး ပြဿနာနဲ့မြင်ကွင်းများကို ဧဒင်အဖွဲ့ဝင်များသိရှိအောင် ဘာသာပြန် တင်ဆက်လိုက်ရပါတယ်ခင်ဗျာ ။
KOMYO
ဥယျာဉ်မှူး
REF :
မည်သူမဆို ဧဒင်ဥယျာဉ်ဟု မှတ်ချက်ပေး၍ ကူးယူဖော်ပြနိုင်သည်။

0 ကွန်မန့်ရေးရန်:

Post a Comment