Saturday, April 28, 2012

♦♦♦တည်းခိုခန်း♦♦♦

,ဂျပန် ဘုန်းတော်ကြီးတစ်ပါးဟာ နန်းတော်ထဲ ကိုဝင် လာတယ်...
အမှတ်တမဲ့ ဆိုတော့ အစောင့်တွေ ကသတိမထားမိလိုက်ဘူး..
အဲ့ တာနဲ့ နန်းတော်ထဲရောက်ပြီး ရှင် ဘုရင် နဲံတွေ့ တယ်..
ရှင် ဘုရင် က ဘုန်းတော်ကြီးကိုတွေ့ တော့ မေးတယ်.
``အရှင်ဘုရား..ဘာအလိုရှိပါသလဲ ဘုရား .``
``ငါ့ ကို အခန်းကောင်းကောင်းလေးတစ်ခန်းပေးပါ..``
``အရှင် ဘုရား နေရာမှားလာပြီ ဘုရား...ဒါ ကတည်းခိုခန်း မဟုတ်ဘူးဘုရား..``
``ဟေ..ဟုတ်လား..မင်း က ဒီမှာနေတာ...မင်းအရင် ဘယ်သူနေသွားသေးလဲ``
``တပည့်တော် ရဲ့ အဖေ နေသွားပါတယ် ဘုရား..``
``မင်းအဖေ မတိုင်ခင် ကကော..ဘယ်သူနေသွားသေးလဲ``
``တပည့် တော် ရဲ့ အဖိုး နေသွားပါတယ် ဘုရား``
``မင်းအဖိုး မတိုင်ခင်တုံး က ဘယ်သူနေသွားသေးလဲ``
``တပည့်တော် ရဲ့  အဘေး နေသွားပါတယ် ဘုရား``
``ဒါ ဆို မင်း အဘေး လဲ ဒီမှာနေပြီး ထွက်သွားပြီ...မင်း အဖိုးလဲ
ဒီမှာနေပြီး ထွက်သွားပြီ..မင်းအဖေ လဲ ဒီမှာနေပြီး ထွက်သွားပြီ..
မင်း လဲ ထွက်သွားရအုံးမှာပဲ မလား..``
``ဟုတ်ပါတယ် ဘုရား``
``ဒါ ဆို ဒါ က တည်းခိုးခန်း မဟုတ်ရင် ဘာလဲ..``
ဒါလေးက အားလုံးဟာ ဧည့် သည်တွေ ပဲဆိုတာ ကို
ပြဆိုထားတာလေးပါ..
ဘယ်သူမှ ဒီနေရာမှာ အမြဲ မနေဘူးဆိုတာ..သိအောင်လို့ 
ဘုန်းကြီး က ရှင်ဘုရင် ကို သတိလာပေးတာပေါ့..
အသိလေးသတိလေးနဲ့ ..နေကြဖို့  မှာကြားခြင်းပါပဲ..
သမီးတော် တို့ ရဲ့  မြတ်စွာဘုရားက နောက်ဆုံးအနေ နဲ့ 
မမေ့မလျော့သောသတိနဲ့နေကြဖို့ မှာကြားခဲတာ.
.လေ့လာဖူးသူတိုင်းသိပါတယ်...
အားလုံးပဲသတိ။ဝီရိယနဲ့ ပညာညာဏ် ရှေ့ ရှူ လို့ 
အရိယာမဂ်ကိုရနိုင်ကြပါစေ နော်....

။ ။ကျမ်းကို.။ရဝေနွယ်(အင်းမ )၏ လက်ကမ်းစာအုပ်ငယ်မှ ထုတ်နုတ်ဖေါ်ပြပါသည်။ ။

****************တတိယမြောက်သမီးတော်*************
Views: 22
အမျိုးအစား/ကဏ္ဍ: ဗဟုသုတ, ဘာသာရေးဆိုင်ရာ

0 ကွန်မန့်ရေးရန်:

Post a Comment