Saturday, April 28, 2012

ဆန္ဒပြမည့် မလေးနိုင်ငံသားများနှင့် ကွာလာလမ်ပူမြို့ ယနေ့ည မြင်ကွင်း

မင်္ဂလာပါ
ယနေ့ည ရရှိတဲ့ ဓာတ်ပုံသတင်းများအနေဖြင့် ကေအယ် မြို့လယ် မြန်မာစတိုးဆိုင် စားသောက်ဆိုင်များ တစ်ဝိုက် စုစည်းနေသော ဆန္ဒပြမည့် လူစုလူဝေများ ပုံကို အချိန်မှီတင်ဆက်ပေးလိုက်ပါသည် ။
မနက်ဖြန် အတွက် အထူးဇုန်များအဖြင့် သတ်မှတ်ချီတက်မည့် လမ်းကြောင်းများ ၊
မြန်မာများအထူးသတိထားရမည့် နေရာများ ၊
အဖမ်းအဆီး များနှင့် တားမြစ်ပိတ်ဆို့မှု့များ ရှိမည့်နေရာများကိုလည်း ဖော်ပြထားပေးပါသည် ။
ယခင် ၈.၇.၂၀၁၁ တုန်းက ဒုက္ခရောက် ကသီလင်တဖြစ်ရတဲ့ မြန်မာနိုင်ငံသားများအားလုံး အောက်ဖော်ပြပါ မှားယွင်းမသွားရောက်မိစေရန် နှင့် ကေအယ်လ်မြို့လယ်ရှိ မြန်မာဆိုင်တော်တော်များများ ပိတ်မည်ဖြစ်တာကြောင့် လမ်းမှား မျက်စိလယ်မှာလည်း သတိထားရန်လိုအပ်ပါတယ် ။
အောက်ပါပုံများကတော့ ယခု ည ကေအယ် မြို့လယ် မြန်မာစတိုးဆိုင်များ တစ်ဝိုက် ဖြစ်သော မာဒေးကားကွင်း ပတ်ပတ်လည်လမ်းများ တစ်လျှောက် တွေ့ရသော လူစုများဖြစ်ပါသည် ။










အထက်ပါပုံများမှာ Jalan Pudu , Station Mesjid Jamek , City Hall , Dataran Merdaka နေရာများတဝိုက် ယခု လက်ရှိပုံများဖြစ်ပါသည် ။
အောက်ပါ ပုံကတော့ မနက်ဖြန် ဆန္ဒပြ ချီတက်မည့် လူစုနေရာများဖြစ်ပြီး အထူးရှောင်ကျဉ်ရမည့် နေရာများဖြစ်ပါသည် ။
သတ်မှတ် အချိန် - နေ့လည် ၂ နာရီ 
အထူးသတိထားရမည့်နေရာ - Dataran Merdakar ( မာဒေကားကွင်း )
ရှောင်ကျဉ်ရမည့် အကျီအရောင် - အဝါရောင်ပြောင် 
အထူးသတိပြုရန် - အဝါရောင်ဝတ်ဆင်ပါက မလေးရှား ID မပြနိုင်လျှင် ဖြေရှင်းချက်မရှိ ဖမ်းဆီးခံရနိုင်သည်။
ထပ်မံပြီး မနက်ဖြန်နံနက်မှစတင်၍ ရရှိသော သတင်းများ ပုံများ ဗွီဒီယိုများကို မလေးရှားရောက်မြန်မာများသိရှိရန် အချိန်နှင့်အညီတင်ဆက်ပေးပါမည် ။
KOMYO
ဥယျာဉ်မှူး

0 ကွန်မန့်ရေးရန်:

Post a Comment