Saturday, April 28, 2012

သွန်းနေစိုး(ခ) ဒိဗ္ဗကျော်စွာ(ခ) ဒဿကျော်စွာ

Inbox
x

လင်းဇော်ထက်
4:59 PM (4 hours ago)

to mrsorcerer
မနေ.ကညက စာရေးဆရာတယောက် အဖမ်းခံရတဲ့ သတင်းနဲ့ပတ်သက်ပြီး 7days သတင်းထောက် ဥက္ကာကိုကိုဖေ့ဘုတ်စာမျက်နှာမှ ရေးသားချက်ပါ

စာရေးဆရာ သွန်းနေစိုး အွန်လိုင်းတက်ပြီး သူ့ဝေါပေါ်မှာ ငြင်းချက်ထုတ်နေတဲ့အချိန်၊ ကျနော်တို့ သတင်းထောက်တွေဟာ မင်္ဂလာတောင်ညွှန့်ရဲစခန်းထဲမှာ ထိုင်နေတဲ့ အရှင်လတ်လတ် သွန်းနေစိုးကို အပြင်ကကြည့်နေကြပါတယ်။ အပြင်မှာ ကျနော်တို့နဲ့အတူ သူ့ငယ်ချင်း၊ သူ့တပည့်တွေလည်းရှိနေပါတယ်။ သွန်းနေစိုးဟာ ဗေဒါရောင်အကျီ င်္ကိုဝတ်ဆင်ထားပြီး သူနဲ့ မလှမ်းမကမ်းမှာ ကာယကံရှင်ကောင်မလေးလည်း စခန်းမှူးထံ စစ်ချက်ခံနေပါတယ်။

ခဏနေတော့ အပြင်က ကြည့်နေတဲ့သူတွေကို သွန်းနေစိုးကလှမ်းမြင်ပြီး ကွန်ပလိန်းတက်ပါ တယ်။ အဲဒါနဲ့ ကျနော်တို့လည်း အမှုကို မနှောင့်နှေးစေလိုတာကြောင့် စခန်းအပြင်ဖက် ထွက်ခဲ့ကြတယ်။ ကောင်မလေးကို ဗျူးပြီးတော့ အားလုံး နှုတ်ဆက်ပြီး အိမ်ပြန်မယ်လုပ်နေကြ တုန်းမှာပဲ သွန်းနေစိုးဟာ တောင်ညွန့် ရဲစခန်း အချုပ်ထဲဝင်သွား တာကို တွေ့ရပါတယ် ။ အချိန်ကတော့ ဧပြီလ ၂၈ ရက်နေ့ နံနက် ၂ နာရီ မိနစ် ၂၀ ခန့်မှာပါ။

စစ်ချက်တွေပြီးသွားတဲ့အချိန်မှာ ကာယကံရှင်ကောင်မလေးနဲ့မိသားစု ထွက်လာပါတယ်။ ကျနော်တို့လည်း ရသလောက်လေး အင်တာဗျူးခဲ့ပါ တယ်။ ကောင် မလေးပြောစကားအရ အကျဉ်းချုပ်ကို ကျနော်တင်ပြပါမယ်။ ဘယ်သူမှားတယ် ဘယ်သူမှန် တယ်ဆိုတာ ကျနော်မပြောပါဘူး။ ဖြစ်စဉ်ထဲက ကြားသိရချက်တစ်ခုအတိုင်းကိုပဲ တင်ပြပေးပါမယ်။

ကောင်မလေးပြောပြချက်အရ-

စာရေးဆရာသွန်းနေစိုးနဲ့ ကာယကံရှင်ကောင်မလေး(၂၁နှစ်)ဟာ ဖေ့စ်ဘွတ်မှာ စသိကြတာပါ။ သွန်းနေစိုးရဲ့ ဖူးစာရှင်ရွေးချယ်ပွဲဆိုတဲ့ပွဲကို တက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ သူတို့တွေ ကြိုက်သွားကြပါတယ်။ မိဘတွေမသိအောင် လက်ထပ်စာချုပ်တစ်ခု လုပ်ခဲ့ပါတယ်။ အဲဒါဟာ နောက်ပိုင်းမှာပျက်သွားခဲ့ပါတယ်။ ပြီးတော့ ကောင်မလေးမှာ ကိုယ်ဝန်ရှိတယ်လို့ သံသယရှိတယ်ဆိုပြီး ဖျက်ချပစ်ဖို့အတွက် သွန်းနေစိုးဟာ ကောင်မလေးကို ဒလဖက်ကမ်း ကိုခေါ်ဆောင်သွားပါတယ်။ ဟိုရောက်တော့ ကားနဲ့တင်ခေါ်သွားပါတယ်။ ကောင်မလေးက ကားပြန်လှည့်ဖို့တောင်းဆိုခဲ့ပေမယ့် မရခဲ့ပါဘူး။ ပုသိမ်ကိုပို့ပေးဖို့ ကောင်မလေးက တောင်းဆို ပါသေးတယ်။ ဒါပေမယ် ကားဟာ ဘိုကလေးကိုရောက်သွားခဲ့ပါတယ်။ ဘိုကလေး မှာ ကောင်မလေးက ပြန်ပို့ဖို့ တောင်းဆိုတိုင်း၊ အိမ်ကိုဖုန်းခိုးဆက်မယ်ကြံတိုင်း သွန်းနေစိုးက အကျပ်ကိုင်ခဲ့တာတွေရှိတယ်လို့ ပြောပါတယ်။ ““ဗြူးဗြူးဗြဲဗြဲလုပ်တာတွေကို ကြောက်တယ်။ ဖက်ကိုက်တာကို ကြောက်တယ်””လို့ ကောင်မလေးက ပြောပါတယ်။ အဲဒါနဲ့ ဒုတိယအကြိမ် လက်ထပ်စာချုပ်ကို ဘိုကလေးတရားရုံးမှာချုပ်ဆိုဖို့ ကောင်မလေးကိုခေါ်သွားပါတယ်။ တရားသူကြီးရှေ့မှာလုံးဝမဟုတ်ဘဲ အခန်းတစ်ခုမှာ အတင်းလက်မှတ်ထိုးခိုင်းပါတယ် လို့ ကောင်မလေးကဆိုပါတယ်။ သင်္ကြန်တတွင်းလုံး ကောင်မလေးဟာ သွန်းနေစိုးနဲ့ အတူရှိနေ ခဲ့ပြီး ပြေးမရခဲ့ဘူးလို့ သိရပါတယ်။ ပြီးတော့ သူနဲ့ဖြစ်ပြီးတဲ့အချိန်ထိ သွန်းနေစိုးမှာ ဇနီးမယားနဲ့ သားသမီးရှိကြောင်းကို လုံးဝမသိခဲ့ပါဘူးတဲ့။ ““ဗြူးဗြူးဗြဲဗြဲလုပ်တာတွေကို ကြောက်တယ်။ ဖက်ကိုက်တာကို ကြောက်တယ်””လို့ပဲကောင်မလေးက တုန်လှုပ်ဆဲအသံနဲ့ ပြောရှာပါတယ်။
သူ့တပည့်တွေရှိတယ်။ တစ်ယောက်ကအမြဲမူးနေတာ။ သတ်ပစ်ဖို့ဝန်မလေးဘူး... စသဖြင့် သူမကို ပြောထားခဲ့တာကိုလည်း ကြောက်နေတုန်းပါတဲ့။ ပြီးတော့ ကောင်မလေးရဲ့ အောက်က ညီမလေးကိုလည်း သူ့လိုဖြစ်အောင်လုပ်ပစ်မယ်လို့ ပြောထားတာကို သူမက ပိုကြောက်နေခဲ့တဲ့ပုံ ပါပဲ။ သွန်းနေစိုးနဲ့ ကောင်မလေးကို ရန်ကုန်မှာပဲပြန်တွေ့ပြီးဖမ်းဆီးခဲ့တာ ပါ။ ကောင်မလေး ဟာ ဆေးတက္ကသိုလ်မှာ နောက်ဆုံးနှစ်တက်ရောက်နေပါတယ်။ သူမရဲ့ဖခင်ဟာ လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်ပါတယ်။

နောက်ဆက်တွဲကြားသိရတာကတော့ သွန်းနေစိုး(ခ) ဒိဗ္ဗကျော်စွာ(ခ) ဒဿကျော်စွာဟာ ၉ တန်းနှစ်ကတည်းက အိမ်ထောင်ကျပြီး သားတစ်ဦး (ယခု ၂၀ နှစ်ခန့်) ရှိခဲ့ပါတယ်။ လက်ရှိ ဇနီးတစ်ဦးရှိပြီး သမီးတစ်ဦးလည်း ရှိပါတယ်။
Inline image 1
သွန်းနေစိုးနှင့် လက်ရှိဇနီး+သမီး   သတင်းဓါတ်ပုံ     အဘ ဥက္ကာကိုကို  facebook မှ
--

0 ကွန်မန့်ရေးရန်:

Post a Comment