Wednesday, April 25, 2012

ပဲပြုတ်ကို ဆီရွှဲရွှဲစားရမှာ ငါ့ကိုယ်ငါ လိပ်ပြာမလုံဘူး.

..

ကြည် ပဲပြုတ် နဲ့ နံပြားရရင် စားချင်တယ်...
ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဒီစာကို အားလုံးလိုလို ကြားဖူးကြမှာပါ ..
အဲဒီစာကို ကြည့်ခြင်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းဟာ ပဲပြုတ်နဲ့ နံပြားကို ကြိုက်တဲ့သူဆိုတာ သိရှိခဲ့ရတယ်...
ဗိုလ်ချုပ်အောင်ဆန်း မကျဆုံးမှီ တစ်လ နှစ်လအလိုဖြစ်ပါတယ်.. ပြည်သူ့ရဲဘော်တပ်ဖွဲ့ကို တင်ပြဖို့ အဲဒီတုန်းက
ဗိုလ်ချုပ်အောင်ဆ်းရဲ့ နိုင်ရေးအတွင်းဝန်အဖြစ်ဆောင်ရွက်နေတဲ့ ဗိုလ်ထွန်းလင်းဟာ နံနက်စောစော တာဝါလိန်း
လမ်းနေအိမ်ကို ရောက်ရှိခဲ့ပြီး ဧည့်ခန်းမှာ ဗိုလ်ချုပ်ကို ထိုင်စောင့်နေခဲ့တယ်..ဆယ်မိနစ်လောက်ကြာတော့
ဗိုလ်ချုပ်အောင်ဆန်း အိမ်ပေါ်ကဆင်းလာပြီး ထမင်းစားခန်းထဲကို ၀င်သွားခဲ့တယ်..
" ပဲပြုတ် နဲ့ နံပြားပါလား .. လာဟေ့ ထွန်းလင်း အတူတူစားရအောင်ကွာ " လို့ ခေါ်တဲ့အတွက် ဗိုလ်ထွန်းလင်း
ကလည်း ထမင်းစားခန်းထဲဝင်သွားပြီး ဗိုလ်ချုပ်ဘေးမှာ ၀င်ထိုင်ခဲ့တယ်..
ဗိုလ်ချုပ်အောင်ဆန်းက ပဲပြုတ်ကို လက်နဲ့ နယ်လိုက်တယ်..
" ဆီတွေ ရွှဲလို့ပါလား" လို့ ဗိုလ်ချုပ်အောင်ဆန်းက ပြောလိုက်တော့ ဘေးနားမှာရပ်နေတဲ့ ဒေါ်ခင်ကြည်က..
" ဟုတ်တယ်..မနေ့က နတ်မောက်က အမျိုးတွေ ရောက်လာကြပြီး ဆီတစ်ပုံးပေးသွားတာနဲ့ ဆီရွှဲရွှဲလေး
စားရအောင် ထည့်လိုက်တာ " လို့ ပြန်ဖြေခဲ့တယ်...
အဲဒီတော့ ဗိုလ်ချုပ်အောင်ဆန်းက.." ဒါဖြင့်ရင် အဲဒီ ဆီပုံး ဘယ်မှာလဲ " လို့ မေးတော့ ဒေါ်ခင်ကြည်က
" နောက် မီးဖိုထဲမှာ " လို့ ပြန်ဖြေခဲ့တယ်.. ဗိုလ်ချုပ်အောင်ဆန်းက ချက်ချင်းထသွားပြီး အဲဒီဆီပုံးကို ယူပြီးတော့
နောက်ဖေးပေါက်ကနေ အိမ်အောက်ကို ခြေထောက်နဲ့ ကန်ချပစ်လိုက်တယ်.. အဲဒီလို ကန်ချပြီး ဗိုလ်ထွန်းလင်း
နားမှာ လာထိုင်ခဲ့တယ်..ပြီးတော့ ဗိုလ်ထွန်းလင်းကို လေသံအေးအေးနဲ့ ဗိုလ်ချုပ်အောင်ဆန်းကပြောခဲ့တယ်...။
"  စစ်ဘေးဒဏ်ကြောင့် ပြည်သူထုတစ်ရပ်လုံး စားဝတ်နေရေး ကျပ်တည်းပြီး ဆင်းရဲဒုက္ခရောက်နေတဲ့ အချိန်မှာ
  ပဲပြုတ်ကို ဆီရွှဲရွှဲစားရမှာ ငါ့ကိုယ်ငါ လိပ်ပြာမလုံဘူး ထွန်းလင်းရာ " တဲ့..။
အဲဒီလို ပြည်သူလူထု ဆင်းရဲဒုက္ခရောက်နေတဲ့ အချိန်မှာ ပြည်သူလူထုဒုက္ခကို ထပ်သူထပ်မျှ ခံစားနားလည်ပြီး
ပြည်သူလူထုနဲ့အတူ ကျင့်ကြံနေထိုင်တဲ့ ခေါင်းဆောင်မျိုးပါ..ဒါ့ကြောင့် ဗိုလ်ချုပ် ဖြစ်လာတာပဲ ...။
(၁၉၉၂-ခုနှစ်၊ အောက်တိုဘာလ ၂၉ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးအတွင်းဝန် ဗိုလ်ထွန်းလင်း၏
ကိုယ်တွေ့ ပြောကြားချက်)

0 ကွန်မန့်ရေးရန်:

Post a Comment