Wednesday, April 25, 2012

မြစ်ကြီးနား-မန္တလေးရထားတိမ်းမှောက်မှုဖြစ်ပွား အသေအပျောက်မရှိ

၂၄.၃.၂၀၁၂ နေ့က မြစ် ကြီးနားမှ မန္တလေးသို့ထွက်ခွာလာ သော အမှတ် (၅၈) အစုန် မြစ် ကြီးနား-မန္တလေး (မန္တလာ) ရထား  သည် မိုးညှင်းဘူတာမှ ထွက်ခွာ လာပြိး (၂၁း၅၁)နာရီ အချိန်တွင် ကာဒူဘူတာမှ ဆက်လက်ထွက်ခွာ  လာရာ (၂၂း၃၅)နာရီအချိန် မိုင် တိုင်အမှတ် ၆၁၈/၅-၃ ကြား မော်ဟန်ဘူတာသို့ အရောက် အရှိန်မထိမ်းနိုင်ဘဲ အမှတ်-၂ လမ်းထဲသို့ဝင်ရောက်သွားပြီးလမ်း ဆုံးတွင်တားထားသော မှတ်တိုင် အားတိုက်ချိုးသွားကြောင်း သိရ သည်။
အရှိန်ထိမ်းရန်ပြုလုပ်ထား သော သဲများဖြင့်ပြုလုပ်ထားသည့် ကတုန်ကျင်းအား ကျော်လွန်ပြီး စက်ခေါင်းတွဲမှာ တိမ်းမှောက်သွား  ခဲ့သည်၊ တွဲအမှတ်-၁ (B2FE 10409) မှာ လည်း ကတုန်ကျင်း ကိုကျော်လွန်ပြီး၊ တွဲအမှတ်-၂ (B2FE1 10266) မှာ ကတုတ် ကျင်းထဲသို့ ဘီးများအားလုံးနစ်မြုပ်၊ တွဲအမှတ်-၃ (B2FE7 12209) မှာ သံလမ်းပေါ်တွင် လမ်းချော်ကာ ရပ်တန့်သွားခဲ့သည်။ရထားတိမ်းမှောက်မှုကြောင့် ဦးဝင်းချေ ညာဖက်ဒူး ပွန်းပဲ့၊ ဦးသောင်းဒန်ဝမ်းဗိုက်ဘယ်ဘက် ဘေးပွန်းပဲ့၊ ဦးအောင်ထွန်းလှ ဘယ်ဘက်လက်ပွန်းပဲ့ဒဏ်ရာများ အသီးသီးရရှိကာ မော်ဟန်ကျေး လက်ကျန်းမာရေးဆေးပေးခန်းတွင် ဆေးကုသမှုခံလျက်ရှိကြောင်းနှင့် အသေအပျောက်မရှိကြောင်း စုံ စမ်းရသိရှိရပါသည်။
http://luckymyotaw.wall.fm/forum/14  (သတင်း)

0 ကွန်မန့်ရေးရန်:

Post a Comment