Wednesday, April 25, 2012

(မန္တလေးတိုင်းဒေသကြီး)မှ ဒီမိုကရေစီမြတ်နိုးသူ မိဘပြည်သူများအား ဂုဏ်ပြုပွဲ

NLD ပါတီ မန္တလေးတိုင်းဒေသကြီးမှ ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်အချို့

ဂုဏ်ပြုပွဲ တက်ရောက်လာသူများ
မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူအချို့ တက်ရောက်လာသည်ကိုတွေ့ရစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (မန္တလေးတိုင်းဒေသကြီး)မှ ဒီမိုကရေစီမြတ်နိုးသူ မိဘပြည်သူများအား  ဂုဏ်ပြုပွဲကို ဧပြီလ ၂၄ ရက်နေ့က ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အခန်းအနားသည် ၂၀၁၂ ခုနှစ်၊ ဧပြီ ၁ ရက် ကြား ဖြတ်ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တခဲနက် အောင်နိုင်ခဲ့ရာတွင် လူအား၊ ငွေအား၊ စိတ်ဓာတ်အား၊ အကြံဉာဏ်အားဖြင့် ဘက်ပေါင်းစုံမှ အားပေးကူညီခဲ့ကြသော ဒီမိုကရေစီမြတ်နိုးသူ မိဘ ပြည်သူတို့အား ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(မန္တလေးတိုင်းဒေသကြီး)မှ တာဝန်ရှိသူများက နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ အဖွဲ့ချုပ်၏ မန္တလေးတိုင်းအောင်နိုင်ရေးအဖွဲ့ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ခြင်း အထိမ်းအမှတ် ကြေညာချက် ဖတ်ကြားခြင်း၊ ၀မ်းမြောက် စကားပြောကြားခြင်း၊ ကျေးဇူးတင်စကား ပြောကြားခြင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သို့ ဒီမိုကရေစီကို ချစ်မြတ်နိုးသော မန္တလေးပန်းချီ၊ ပန်းပုပညာရှင်များမှ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ တေးသီချင်းများ သီဆိုခြင်း၊ အကများဖြင့် ဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
eleven media group
မှ
ပြန်လည်တင်ပြသည်။
(ရဲဇော်ကို)

0 ကွန်မန့်ရေးရန်:

Post a Comment