Wednesday, April 25, 2012

ဦးဇင်ဝိုင်းက သင်ဇာဝင့်ကျော်ကို လက်တလော ကားရိုင်ခွင့် ပိတ်မည်မဟုတ်


  
သင်္ကြန်တွင်းတုန်းက ပုံ
 မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းမှ သရုပ်ဆောင် သင်ဇာဝင့်ကျော်၏ ဝတ်စား ဆင်ယင်မှုနှင့် အနေအထိုင် ဆင်ခြင် ထိန်းသိမ်းရန် ခေါ်ယူ သတိပေးဖွယ် ရှိကြောင်း ဦးဇင်ဝိုင်းမှ ပြည်တွင်း မီဒီယာ True News သို့ ပြောကြားခဲ့သလို ထိုသို့ သတိပေးခြင်း မှာလည်း သင်္ကြန်ကာလအတွင်း ရုပ်ပျက် ဆင်းပျက် ဝတ်ဆင်မှုများဖြင့် ရေပက်ခံထွက်ခဲ့ပြီး သရုပ်ဆောင် သင်ဇာဝင့်ကျော်အား ရုပ်ရှင် ရိုက်ကူးခွင့် ပိတ်ပင်တော့မည့် သတင်းများ ထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ တရားဝင် ထုတ်ဖော် ပြောကြားချက် တစ်ရပ်လည်း ဖြစ်သည်။ လတ်တလော၌ သင်ဇာဝင့်ကျော် ပြင်ဦးလွင်၌ ဇာတ်ကားများ ရိုက်ကူးလျက် ရှိသည်။ သင်ဇာဝင့်ကျော်သည် မိုးဟေကို၏ လိုးရှင်းကိစ္စနောက်ပိုင်း အွန်လိုင်းကို အသုံးပြု၍ တလွဲနာမည်ကြီးရန် ကြိုးစားနေသည်ဟု မြင်ကြသည့် ပရိတ်သတ်များရှိပြီး သင်ဇာဝင့်ကျော်ကို သင်္ကြန်၏ sexy queen ဟုလဲ တချို့သော လူများကပြောဆိုကြပြီး တချို့ကလဲ မကောင်းတာလုပ်စားနေတဲ့ သူဟု၍ သမုတ်ကြသည်။ သင်ဇာဝင့်ကျော်သည် တခါကလဲ ကိုးရီးယားရုပ်သံလိုင်းတစ်ခုက စင်ကာပူ sky park ၌ မြန်မာပြည်မှ နာမည်ကြီး သူဋ္ဌေးကြီးတစ်ဦး၏ သားနှင့် တွဲ၍ အင်တာဗျုးခံရခြင်းကြောင့်လည်း ဟိုးလေးတကျော်ကျော် ဖြစ်ဖူးသည်။
   ယခုနောက်ပိုင်း တက်သစ်စ မင်းသမီးအငယ်လေးများသည် အွန်လိုင်းကို တလွဲအသုံချနေသည်ကို စိတ်မကောင်းဖွယ်တွေ့ရသည်။ အတုယူမှားနေသော မြန်မာအမျိုးသမီးငယ်လေးများအတွက်တော့ ရင်လေးစရာပင် ဖြစ်သည်။

0 ကွန်မန့်ရေးရန်:

Post a Comment