
ထိုင်းနိုင်ငံရှိ ကျေးရွာပေါင်း ခုနှစ်ထောင်ကျော်တွင် ရေကြီးမှုဖြစ်ပေါ်
ထိုင်းနိုင်ငံတွင် ရေကြီးမှုများ နေရာအများအပြားတွင် ဖြစ်ပေါ်လျက်ရှိရာ ဒေသ
၂၉ ခုတွင် ရေကြီးမှု ကြုံတွေ့နေရသည်။ ထိုင်းနိုင်ငံရှိ ကျေးရွာပေါင်း ၇,၉၆၂
ရွာတွင် ရေကြီးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ စက်တင်ဘာ ၁၇ ရက်ကတည်းက
စတင်ဖြစ်ပေါ်ခဲ့သည့် ရေကြီးမှုကို လူပေါင်း ၂ သန်းကျော် (၂,၁၀၈,၉၇၇) တို့
ကြုံတွေ့နေရသည်။ နိုင်ငံတစ်ဝန်း ရေကြီး မှုကြောင့် နေအိမ် ၆,၉၀၀ ခန့်၊
လမ်းအရေအတွက် ၂,၃၀၁ လမ်းနှင့် တံတား ၁၄၅ စင်းတို့ ပျက်စီးခဲ့ကြောင်း
ထိုင်းနိုင်ငံ သဘာဝဘဘေးအန္တရာယ် ကာကွယ်တားဆီးရေးဌာန အကြီးအကဲ ချတ်ချိုင်း
ပရွန်လတ်က ပြောကြား သည်။
ထို့အပြင် လယ်မြေဧရိယာအများအပြားလည်း
ရေလွှမ်းမိုးခံခဲ့ရကြောင်း ၎င်းကဆိုသည်။ ထိုင်းမြောက်ပိုင်းတွင်
ရေကြီးမှုကြုံနေရသည့် ဒေသများမှာ Pitsanulok, Phichit, Petchabun,
Kamphaengphet, Nakhon Sawan နှင့် Uthai Thani တို့ဖြစ်ကြပြီး
အရှေ့မြောက်ဘက်ရှိ Surin, Si Sa Ket, Ubon Ratchathani, Buriram, Nakhon
Ratchasima, Amnatcharoen, Kalasin, Chaiyaphum, Yasothon နှင့် Mukdahan
တို့တွင်လည်း ရေကြီးမှုများ ဖြစ်ပေါ်နေသည်။ ထို့အတူ ထိုင်းနိုင်ငံ
အလယ်ပိုင်းဒေသများဖြစ်သည့် Lopburi, Saraburi, Prachuap Khiri Khan,
Kanchanaburi, Ayutthaya, Angthong, Suphanburi နှင့် Chainat၊
အရှေ့ပိုင်းရှိ Prachinburi, Sakaeo, Nakhon Nayok နှင့် Chachoengsao
တို့တွင်လည်း ရေကြီးမှုများ ကြုံတွေ့နေရသည်။
ထိုင်းနိုင်ငံတောင်ပိုင်းတွင်မူ
Chumphon ဒေသတွင်သာ ရေကြီး မှု ဖြစ်ပေါ်နေကြောင်း သိရသည်။ ရေကြီးမှု
ကြုံတွေ့ခဲ့သည့် ဒေသများအ နက် Kanchanaburi, Chumphon, Prachuap Khiri
Khan, Nakhon Ratchasima နှင့် Kalasin တို့တွင် လက်ရှိအချိန်၌ ပုံမှန်အခြေ
အနေ ပြန်ဖြစ်လာပြီဟုဆိုသည်။ ထိုင်းနိုင်ငံတစ်ဝန်း ရေကြီးမှုများအတွင်း လူ ၉
ဦးသေဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံ သဘာဝဘဘေးအန္တရာယ် ကာကွယ်တားဆီးရေးဌာနက
ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။
Planet Myanmar Network