Friday, September 27, 2013

ကိုယ်လက်လေ့ကျင့်ခန်းနှင့် အာဟာရ ပြည့်ဝသော အစားအသောက်များ အရက်နှင့် ဆေးလိပ်ကင်းစင်ရေးအတွက် မူဝါဒချမှတ်

အရှေ့တောင်အာရှတွင် လူငယ်သုံးဦးလျှင်တစ်ဦး သွေးတိုး၊ နှလုံးစသည့် မကူးစက်သည့် ရောဂါများ ဖြစ်ပွားနေ

မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှဒေသတွင်း၌ လူငယ်သုံးဦးလျှင် တစ်ဦးနှုန်း သွေးတိုးခြင်းကြောင့် နှလုံးရောဂါ ရုတ်တ ရက် လေဖြတ်ခြင်းနှင့် ကျောက်ကပ်ရောဂါများ ပိုမို ခံစားလာရသည်ဟု အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ပြုလုပ်သော (၃၁)ကြိမ်မြောက် ကျန်းမာရေးဝန်ကြီးများ တွေ့ဆုံပွဲ၍ ကြေညာခဲ့သည်။ အရှေ့တောင်အာရှဒေသတွင်း၌ စုစုပေါင်း သေဆုံးမှု ၁၄ ဒသမ ၅သန်းတွင် ထက်ဝက်ကျော်မှာ ကူးစက်နိုင်ခြင်း မရှိသော ရောဂါ များကြောင့် ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ထို့အပြင် နှလုံးရော ဂါကြောင့် သေဆုံးမှုမှာ သေဆုံးမှုအားလုံး၏ ၂၅ရာခိုင်နှုန်းအထိ ရှိနေကြောင်း သိရသည်။

“သွေးပေါင်ချိန်တက်တာ သတိထားရမယ့် အခြေအနေတစ်ခုရောက်နေရင် ထိထိရောက်ရောက် ဖြေရှင်းဖို့ လိုနေပါပြီ။ ဒီရောဂါဟာ နှစ်အတော်ကြာ ရောဂါလက္ခဏာမပြပဲ ရုတ်တရက် လေဖြတ်ဖို့ အခြေအနေ ပိုများပါတယ်”ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှ ဒေါက်တာ မာဂရက်ချန်းက ပြောသည်။

သွေးတိုးရောဂါသည် ကမ္ဘာတစ်ဝန်းတွင် သေဆုံးမှု တတိယအမြင့်ဆုံး ရောဂါဖြစ်ပြီး တစ်နှစ်လျှင် အဆိုပါ ရောဂါကြောင့် လူကိုးသန်းခန့် နှစ်စဉ်သေဆုံးလျက်ရှိသည်ဟု ဆိုသည်။ စက်တင်ဘာ ဒုတိယပတ်တွင် ကျင်းပခဲ့သော အဆိုပါ အစည်းအေ၀း၌ ကျန်းမာသော လူနေမှုဘ၀များ ရရှိစေရေးအတွက် ကဏ်ဏ္ဍာပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး ကိုယ်လက်လေ့ကျင့်ခန်းနှင့် အာဟာရ ပြည့်ဝသော အစားအသောက်များ အရက်နှင့် ဆေးလိပ်ကင်းစင်ရေးအတွက် မူဝါဒချမှတ်မှုများ ပိုမိုဖြစ်ပေါ်လာစေရန်၊ ဆားသုံးစွဲမှု လျော့ချရေးနှင့် အစားအသောက်များတွင် ဆားပါဝင်မှုနှုန်း လျော့ရန်၊ မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားမှုကို ကာကွယ်ရေးနှင့် ကုသရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် သဘောတူညီမှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

Myanmar ICT

0 ကွန်မန့်ရေးရန်:

Post a Comment