This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, May 5, 2013

မေလအတွက် ၇ ရက်သားသမီး ကံကြမ္မာဟောစာတမ်း

Saturday, May 4, 2013

တနင်္ဂနွေ
 
အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်မွမ်းမံရခြင်း ပြောင်းရွှေ့ရခြင်း လုပ်ရတတ်သည်။ အိမ်သစ်ဆောက်လျှင် ကောင်းအချိန် ဖြစ်သည်။
လုပ်ငန်းအသစ်ပေါ်ခြင်း (သို့မဟုတ်) လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက်အသွယ်သစ်များ။ ပေါ်လာလိမ့်မည်။
လုပ်ငန်းနှင့် ပတ်သက်၍ နာမည်ကောင်းရခြင်း နေရာကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်းများ လုပ်ရတတ်သည်။

အိမ်ထောင်မရှိသူများ အိမ်ထောင်ကျတတ်သော ကာလဖြစ်သည်။ ဇာတာရှင်သည် ယောက်ျားဖြစ်ပါက အိမ်ထောက်ကျလျှင် ကောင်းပါသည်။
မင်္ဂလာဆောင်လျှင် စည်ကားသော မင်္ဂလာဆောင်ဖြစ်မည်။ အိမ်ထောင်ပရိဘောဂ အိမ်သုံးပစ္စည်း ၀င်တတ်သည်။

သူခိုး၊ မျက်စေ့ အကျခံရတတ်သော ကာလဖြစ်၍ သူခိုး အခိုးခံရတတ်ကြောင်း သတိပြုပါလေ။

ခရီးအကျိုးပေးသော ကာလဖြစ်ပါသည်။
ဘုရားဖူးခရီး သွားရတတ်သည်။ ကွဲကွာနေသော ဆွေမျိုးသားချင်းများနှင့် ပြန်ဆုံမည်။ ရပ်ဝေးမှ ဆွေမျိုးသားချင်းများ ရောက်လာတတ်သည်။

အိမ်သို့ အတောင်ပါသော သတ္တ၀ါများ ၀င်လာတတ်သည်။ ၀င်လျှင် နိမိတ်ကောင်းသည်။
သွပ် သံ သစ် စသော သောကြာနံပစ္စည်းများ ၀င်လာတတ်သည်။

အထူးသတိပြုရန် မိတ်ဆွေရင်း လုပ်ဖော်ကိုင်ဘက်တို့က ဒုက္ခပေးတတ်သည်။ မြေကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။
မြေ အ၀င်မခံရပါ။ မြေ၀င်လျှင် ကြာသပတေးနံ ထုတ်ပစ်ပါ။ ပညာရေးနှင့် ပတ်သက်သောပစ္စည်း လှူဒါန်းပါ။
ရွှေနှင့် အဖိုးတန် ရတနာပစ္စည်းများ ၀င်လာမည် ဘုရာဆင်းတုတော် စွယ်တော် ရဟန္တာပုံတော်များ ကြွလာတတ်သည်။

လက်ဝတ်ရတနာများ ကျောက်ပြုတ်ထွက်ခြင်း ပျောက်ခြင်း၊ ဖြစ်တတ်သည်။ အလုပ်တွင် အတိုက်အခံ အပြိုင်အဆိုင် ကြီးစွာကြုံမည်။
အတိုက်အခံမှန်သမျှ အနိုင်ရမည်။ မိသားစု အကြီးအကဲ လုပ်ငန်းအကြီးအကဲ တို့ကြောင့် စိတ်ညစ်ရတတ်သည်။
အထူးသဖြင့် ဖခင် ကျန်းမာရေး ညံ့တတ်သည်။ ထီပေါက်သကဲ့သို့ ငွေများဝင်တတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက် ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
အုန်းထမင်း၊ အုန်းနို့နှင့်ချက်ထား သော ဘဲသားဟင်းကို ဘုန်းကြီးလှူပါ၊ တံခွန်းကုက္ကား မလေးပွား ဂြိုလ်တိုင်သက်စေ့လှူပါ။

..............................................................................................

တနင်္လာ
အလှူအတန်းကိစ္စများ မုချလုပ်ရမည်။ ငွေအစုလိုက် အပုံလိုက် ၀င်လာလိမ့်မည်။ မိမိ၏ အလုပ်မှလည်းကောင်း၊ ထီပေါက်၍လည်းကောင်း ၀င်လာတတ်သည်။
ဤကာလမျိုးး၌ သာမန်အခြေအနေမျိုးမှနေ၍ စီးပွားအရှိန်အဟုန် နှင့်တက်ကာ လက်ရှိအခြေအနေထက် အဆပေါင်းများ စီးပွားတက်လိမ့်မည်။
မိမိလုပ်ငန်းများကို အင်နှင့် အားနှင့် တိုးချဲ့လုပ်ကိုင်သင့်သော်လည်း ဖြတ်လမ်းမလိုက်ရန် သတိပေးလိုပါ သည်။

မိမိအား ပြဿနာလုပ်နေသူများ ရှိလျှင် အဆင်ပြေသွားမည်။ မသင့်မြတ်သူများနှင့် ပြန်လည်သင့်မြတ်သွားမည်။

အဖိုးတန်ကျောက် မျက်ရတနာများ ၀င်မည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေးအတွက် သောကရောက်ရသော ကာလဖြစ်သည်။
အထက်လူကြီး၊ မိသားစု ကြီးကဲသူများကြောင့် စိတ်ညစ်ရမည်။ အတူနေမိသားစုထဲမှ အကြီးအကဲ အဘိုး အဘွားများအရေးဖြစ်တတ်သည်။ တခြားပို့ထားပါ။

လူမျိုးခြား၊ နိုင်ငံခြားနှင့် ပတ်သက်သော ကိစ္စများ အကျိုးပေး အောင်မြင်မည်။ ခရီးများမကြာခဏ ထွက်ရတတ်သည်။
ထိုခရီးများသည်လည်း အကျိုးပေး အောင်မြင်လိမ့်မည်။ ၀န်ထမ်းဆိုလျှင် ရာထူးတက်ခြင်းအခြေအနေ မြင်တတ်ခြင်း ကြုံရလိမ့်မည်။

ပညာရေးကိစ္စများ သင်တန်းကိစ္စများကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ ရွှေထွက်ခြင်း၊ ရွှေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။
အင်္ဂါနံ စိန်၊ စက်ပစ္စည်း ထွက်တတ်သည်။ ရွှေထည်ဝယ်လျှင် အသစ်များသာ ၀ယ်သင့်သည် အပျက် အဟောင်း မ၀ယ်သင့်ပါ။

အထူးသတိပြုရန် အောက်လက်ငယ်သား သားသမီး ထွက်သွားခြင်း၊ ၎င်းတို့အတွက် သောကရောက်ရခြင်းများ ကြုံ ရတတ်သည်။
ဆီးရောဂါ၊ မျက်စိရောဂါများ ဒုက္ခပေးခြင်း၊ အစားမှားခြင်း၊ ဆေးမှားခြင်းများ ကြုံရတတ်သည်။
စာရွက်စာတမ်း စာချုပ်ကိစ္စ များအတွက်စိတ်ညစ်ရခြင်း၊ ပစ်စာ တိုင်စာ ရောက်ခြင်းများ ကြုံရတတ်သည်။

ဆွေမျိုးသားချင်းများကို ကောင်းစွာ အကူအညီ ပေးနိုင်လိမ့်မည်။ လက်ရှိအလုပ်အကိုင်ကို စိတ်မ၀င်စားခြင်း၊ အလုပ်ပြောင်းလိုစိတ်များ ကြုံလာတတ်သည်။
အိမ်ဝယ်နိုင်သော် လည်း အိမ်အနားအဆာ မလွတ်၊ အိမ်ဧည့်သည်မပြတ်၊ အိမ်ဆောက်လျှင် တန်းလန်းဖြစ်တတ်သည်။
ခိုင်မာသော စီးပွားရေးလုပ်ငန်းများ တည်ဆောက်ထားပါ။ ရရှိသော အကြွေးများကို ယခုကာလတွင် ကြိုတင်စုဆောင်းထားပါ။ သို့မဟုတ်ပါက ဆုံးတတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
ထီးဖြူအသေးသက်စေံနှင့် ထီးဖြူအကြီး တစ်လက်ကို မွေးနေ့နက်တွင် ဘုရားလှူပါ။ အမွှေးနံ့သာနှင့် ဘုရားအားရေသပ္ပာယ်ပါ။

အင်္ဂါ
ဘုရားဆင်တုတော်၊ ပုံတော်၊ ရဟန္တာပုံတော်များ ကြွလာတတ်သည်။ မထင်မှတ်သော ခရီးများ မရည်ရွက်သော ခရီးများသွားရတတ်သည်။
သူတစ်ပါးကိစ္စအတွက် ခရီးသွားရတတ်သည်။ လူမျိုးခြားက ကူညီခြင်း၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်သောကိစ္စများ အောင်မြင်ခြင်းများကြုံမည်။
နာမည်ဂုဏ်သတင်း တိုးတက်ခြင်း ဘုန်တန်ခိုး တိုးတက်ခြင်းများ ကြုံရမည်။

မနာလိုသူလည်း ပေါ်လိမ့်မည်။
မိမိထက်မြင့်သူနိမ့်သူ နှစ်ဦးလုံးက ဒုက္ခပေးလာတတ်သောအချိန် ဖြစ်ပါသည်။
လုပ်ဖော်ကိုင်ဘက်များ အောင်မြင်တော့မလိုလိုနှင့် အခက် အခဲကြီးစွာ ကြုံတတ်သည်။ အလုပ်တွင် အပျက်စီးအဆုံးရှုံး အလေအလွင့်များနေလိမ့်မည်။
ငွေပျောက်ခြင်း ကြွေးတင်ခြင်း ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ ကြီးကဲသူ အထက်လူကြီးများကြောင့် စိတ်ညစ်ရတတ်သည်။
အလှူပွဲ မင်္ဂလာပွဲ အစီစဉ်များ အထစ်အငေါ့ကြုံခြင်း ရက်ရွှေ့ခြင်းများ ကြုံရတတ်သည်။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ရေးအဆင်မပြေ ဖြစ်နေမည်။
လက်ရှိအလုပ်အကိုင် ပြောင်းချင်စိတ်ပေါ်လာမည်။ ပြောင်းလျှင် ပိုဆိုးသွားတတ်သည်။
အထူးသတိပြုရန် - အစာအဆိပ်ဖြစ်ခြင်း၊ ခြေထောက် ခါး၊ သွား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။

ဤလအတွင်း အမှုအခင်း မဖြစ်စေရန် အထူးဂရုစိုက်ပါ။ ဖြစ်လျှင် မပြီးနိုင်ဘဲ ဖြစ်နေတတ် သည်။ ငွေနှင့်လိုက်လျှင် ရှုံးသွားတတ်ပါသည်။
ပစ္စည်း မငှားရမ်းပါနှင့် ဆုံးလိမ့်မည်။
ဤကာလအတွင်း မည်သည့်အခက်အခဲနှင့် ကြုံသည် ဖြစ်စေ အားကိုး မရှာနှင့်။ ဒုက္ခပေးမည့်သူများသာ ပေါ်လာတတ်သည်။
အောက်လက်ငယ်သား ထွက်သွားခြင်း၊ ကျန်းမာရေးညံ့ခြင်း ကြုံရ တတ်သည်။

ထီကံကောင်းသော ကာလဖြစ်ပါသည်။ ပညာအသစ်တစ်ခု ရတတ်သည်။
အိမ်ထောင်ဘက် ကျန်းမာရေး ညံ့လိမ့်မည်။ ခါး အောက်ပိုင်း ဒုက္ခပေးတတ်သည်။ ဆေးရုံ၊ ဆေးခန်းသို့သွားရတတ်သည်။
ကျောဒုက္ခပြေးခြင်း၊ ကျော၌ရောဂါရခြင်း ဖြစ်မည်။
အိမ်ပြင်၊ အိမ် ဆောင်၊ အိမ်ပြောင်း မပြုပါနှင့်။ အာမခံမလုပ်ပါနှင့်။ စပ်တူအရောင်းဝယ် အကြီးအကျယ် မလုပ်ပါနှင့်။

ဤကာလအတွင်းကောင်းကျိုးချမ်း သာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်လေ။
နေ့စဉ်ခန္ဓာကိုယ် သန့်ရှင်းရေး၊ အိမ်သန့်ရှင်းရေး လုပ်ပါ။ သောက်ရေအိုး ကိုယ်တိုင် ရေထည့်ပါ။ တစ်ပတ်တစ်ကြိမ်အဓိဋ္ဌာန်ဝင်ပါ။

..............................................................................................
ဗုဒ္ဓဟူး
အလုပ်နေရာ အိမ်နေရာအသစ်ရခြင်း၊ နေရာထိုင်ခင်း မွမ်းမံပြင်ဆင်ရခြင်း ပြောင်းရွှေ့ရခြင်းများ ကြုံတတ်သည်။
ခရီးတိုး ခရီးရှည်များ သွားနေရလိမ့်မည်။ ထိုခရီးသည်များသည်လည်း သင့်အတွက် ကျိုးထူးစေပါလိမ့်မည်။
 မထင်မှတ်ဘဲ ပညာတစ်ခုသင်ကြားရခြင်း သင်တန်းတစ်ခု တက်ရခြင်းများ ပြုလုပ်ရတတ်ပါသည်။ မရည်ရွယ်ဘဲ မြေ၀င်တတ်သည်။

ဤလအတွင်း အစစအရာရာသတိကြီးစွာထား ရန် လိုပါသည်။ မိမိအပေါ် မကောင်းကြံခြင်း မကောင်းပြောခြင်းများ ခံရတတ်သည်။
အလုပ်အကိုင်၌ ထိုခိုက်တတ်သည်။ ပြဿနာကြီးစွာ ဖြေရှင်းရတတ်သည်။ ရုံးပြင်ကန္နာ၊ အမှုအခင်းများနှင့် ပတ်သက်ရတတ်သည်။
မိမိနှင့်တကွ မိသားစုပါကျန်းမာရေး ညံ့တတ်သည်။ ဆေးရုံ၊ ဆေးခန်းအထိ ရောက်ရတတ်သည်။
မီး၊ လျှပ်စစ် ဒုက္ခပေးတတ်သည်။ အထူးသတိပြုပါ။ လူမျိုးခြား ဒုက္ခပေးတတ်သည်။ သားသမီး လက်အောက်ငယ်သားအတွက် စိတ်ညစ်စရာကြုံမည်။
စက်ပစ္စည်း ဒုက္ခပေးတတ် သည်။ ရွှေနှင့် ရတနာပစ္စည်းများ ထွက်ခြင်း၊ ပေါင်နှံရခြင်းများ ကြုံရတတ်သည်။
ငွေဒလဟောထွက်ခြင်း၊ ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။

မထင်မှတ်သော ဆွေမျိုးသားချင်းက အကူအညီကောင်း ပေးလိမ့်မည်။
ဌာနဆိုင်ရာ အကြီးအကဲ၊ ဆွေမျိုးအကြီးအကဲတို့က အကူအညီအကောင်း ပေးလာလိမ့်မည်။
 အထူးသတိပြုရန် ကျန်းမာရေးညံ့သော သက်ကြီးရွယ်အိုများ အိမ်သို့ လာရောက်တည်းခိုလျှင် ဆုံးပါးသွားတတ်သည်။ ခြေထောက် တွင်အန္တရာယ်ဖြစ်တတ်သည်။
လုပ်ငန်းအသစ်၊ အစီအစဉ်သစ်များ ပေါ်ပေါက်လာတတ်သည်။

ယခင်နှစ်များက ကျန်ခဲ့သော ရွှေ၊ငွေ၊ရတနာများ ယခုနှစ်ထဲတွင် ကုန်ဆုံးသွားတတ်သည်။
လောကဓံတရား၏ မတရားညှဉ်းပမ်းမှုကို ခံရပြီး မမျှော်လင့်ဘဲ သံဝေဂတရား ရလိမ့်မည်။ အစစ်အဆေး အမေးအမြန်း ခံရတတ်သည်။
ကိုယ်ခန္ဒာ အစိတ်အပိုင်း တစ်ခုခု ထိခိုက်တတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
ထီးနီသက်စေ့လှူပါ။ ဆေးဝါးဓာတ်စာလှူပါ။

..............................................................................................
ကြာသပတေး
ဤလအတွင်း စိန်ထည်ပစ္စည်းများ စက်ပစ္စည်းများ ၀င်လိမ့်မည်။ လုပ်ငန်းသစ်လုပ်ရန် အကြံအစည်ကောင်းများ အဆက် အသွယ်ကောင်းများ ပေါ်လာလိမ့်မည်။
သို့သော် ဤကာလအတွင်း ပစ္စည်များကို ထုခွဲရောင်းချ၍ လုပ်ငန်းအသစ် ကြီးကြီးမားမား စရန် မကောင်းသေးပါ။ ဤကာလအတွင်း ထီမထိုးသင်ပါ။
ထီပေါက်လျှင် မိသားစုအတွင်း ကျန်းမာရေး ဆိုးဆိုးဝါးဝါး ညံ့သွားတတ်သည်။ မသွားချင်သော ခရီးများ စိတ်ညစ်စရာခရီးများ သွားရတတ်သည်။
အထက်လူကြီး ဆွေမျိုးအကြီးအကဲတို့က မိမိအပေါ် အထင်လွဲတတ်သည်။ သားသမီးများ ကျန်းမာရေး ညံ့တတ်သည်။
ရွှေထွက်မည်။ ရွှေဝယ်မိပါက ၀ယ်သူ၏ ဇနီး-ခင်ပွန်းထွက်လိမ့်မည်။ ခြေ၊ လက်၊ မျက်ခြင်း၊ ခါးနားခြင်းများ ဖြစ်တတ်သည်။

စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လာလိမ့်မည်။ လုပ်လျှင် အောင်မြင်မည်။ အထူးသတိပြုရန် ငွေလူလိမ်ခံရမည်။ ခင်မင်သူ ချစ်သူကြောင့် ဒုက္ခတွေ့တတ်သည်။
မိတ်ဆွေအပေါင်းအသင်း များနှင့် မမျှော်လင့်ဘဲ လမ်းခွဲရတတ်သည်။ သားသမီးရှိက အိမ်မှ ထွက်သွားလိမ့်မည်။
ဒီကာလမှာ ကိုယ်ဝန်ဆောင် မိန်းမတွေ အထူးသတိပြုပါ။ မွေးလျှင် အခက်အခဲတွေ့နိုင်သည်။

သူ့သဘော သူဆောင် ရလာသောငွေနှင့် လိုက်လျောညီထွေဖြစ်အောင် နေပါ။ ဘာမှလုပ်စရာ မရှိပါက ထိုင်နေပါ။
ဥာဏ်ကို ဥာဏ်သုံးလုပ်မှ ဒုက္ခတွေ့တတ်သည်။ အမှု မဖြေရှင်းရပါ။ တတ်နိုင်သလောက် အချိန်ဆွဲပါ။
မဖြစ်မနေ ပြဿနာမှုတွေ ရှင်းရမယ်ဆိုလျှင် အရှုံးပေးလိုက်ပါ။ ငွေဝင်လာလျှင် မြေ၀ယ်ထားပါ။
အိမ်ကြီးကြီးကျယ်ကျယ် မဆောက်ပါနှင့်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသားများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
အိမ်ကဘုရားတွင် ကောဖီ (၁)ခွက်နှင့် ကိတ်မုန့်(၁) ချပ် ကပ်လှူလိုက်ပါ။

..............................................................................................သောကြာ
ဤလအတွင်း၌ သင်သည် အဘက်ဘက်မှာ စိတ်ချမ်းသာစရာများ ကြုံတွေ့လာရလိမ့်မည်။
ယခုကာလတွင် အိမ်ထောင်ပြုပါက တည်မြဲသော အိမ်ထောင်မဖြစ်နိုင်၊ အိမ်ထောင်ပြုလျှင် သားသမီး ပါလာတတ်သည်။

လုပ်ငန်းသစ်များ စတင်ရတတ်သည်။ ထိုလုပ်ငန်းများသည်လည်း လွန်စွာကျိုးပေး အောင်မြင်မည်။
အလှူအတန်းပြုရခြင်း၊ မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။ အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်သည်။
ရွှေဝင်မည်။ ရတနာပစ္စည်းများ ၀င်မည်။ ဘုရားဆင်းတုတော်၊ ပုံတော်များ ကြွလာမည်။
သင့်အတွက် အလွန်ကောင်းသောနိမိတ် ဖြစ်ပါသည် ဤကာလအတွင်း၌ စီးပွားအလွန်ကောင်းသကဲ့သို့ ကိုယ်ကျင့်တရား အထူးအရေးကြီးသော အချိန်ဖြစ်ပါသည်။
 အမှုအခင်း ဖြစ်နေသူကို ငွေမချေးပါနှင့်၊ အာမခံ မလိုက်ပါနှင့်၊ သတိပြု၍ ရှောင်ကြဉ်ပါ။ ပတ္တမြား မြ ထွက်တတ်သည်။

အထူးသတိပြုရန် အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဘက်နှင့် အဆင်မပြေ ကြီးစွာဖြစ်တတ်သည်။
သွပ်၊ သံ၊ သစ်တစ်ပတ်ရစ်ပစ္စည်းလက်မခံပါနှင့်၊ အောက်လက်ငယ်သား ဒုက္ခပေးတတ်သည်။ နာရေးကိစ္စကို အကြောင်းပြ၍ ခရီးသွားရတတ်သည်။

ဆရာသမားကဲသို့သော ပုဂ္ဂိုလ်များနှင့် အဆင်မပြေ ဖြစ်မည်။ လုပ်ဖော်ကိုင်လက်များ မိတ်ဆွေများနှင့် အဆင်မပြေ လမ်းခွဲ ရတတ်သည်။
ယခုကာလတွင် အိမ်ဆောက်လျှင် မကောင်းပါ။ အစားမှား ဆေးမှားဖြစ်ခြင်း သွားဒုက္ခပေး ခြင်းများ ကြုံရမည်။ မြေကိစ္စ အမွေနှစ်ကိစ္စများကြုံရတတ်သည်။
ငွေရှာရ လွယ်ကူပေမယ့် စုဆောင်း၍ မရ။ ငွေဝင်လျှင် ကိုင်မထားရ၊ ရွှေဝယ်ထားပါ။

ဤကာလတွင် ကိုယ်စိတ်နှုတ်သုံးပါးကို မဖောက်မပြန် တည်တည် ကြည်ကြည် ထိန်းသိမ်းနိုင်သူတွေ တန်ဖိုးကြီးမားသော ဘ၀သို့ ရောက်နိုင်သည်။
မထိန်းသိမ်းနိုင်သူ အဖို့ ရေနှင့်ထိသော ရွှံ့နွံဘ၀ ရောက်နိုင်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ၊ သက်သာပြေပျောက်စေရန် အောက်ပါယတြာ များကို ဂရုစိုက်ပြုလုပ်ပါလေ။
ယပ်ဖြူ သက်စေ့လှူပါ။ ဘုရားရင်ဘတ်တော် ရွှေချပါ၊ ရေသက်စေ့ကပ်လှူပါ။

..............................................................................................
စနေ
ယခုလသည် မိဘကို ကောင်းစွာပြုစုစောင့်ရှောက်နိုင်မည့်အချိန် ဖြစ်သည်။ စီးပွားသိသိသာသာ တက်မည်။
သိကြား မ လိုက်သကဲ့သို့ လက်ရှိအခြေအနေထက် များစွာမြင့်တက်သွားလိမ့်မည်။ လုပ်ငန်းများ သိသိသာသာ အောင်မြင်မူရမည်။
လုပ်ငန်းသစ်များ စတင်ပြု လုပ်နိုင်သော ကာလ၊ လုပ်ငန်းဟောင်းများ ပြန်ပေါ်တတ်သည်။

 ဘုရားဖူးခရီးများ စိတ်ချမ်းသာစရာခရီးများ ပြည်တွင်းပြည်ပခရီးများ သွားတတ်သည်။
ဝန်ထမ်းဖြစ်လျှင် ရာထူးတက်ခြင်း အခြေအနေ အဆင့်အတန်း မြင့်တက်ခြင်းများကြုံမည်။ သင်တန်းတစ်ခု တက်ရခြင်း ပညာကောင်း ရခြင်းများ ကြုံမည်။
မိတ်ဆွေကောင်း ဆရာကောင်များ တွေ့မည်။ အဖိုးတန်စက်ပစ္စည်များဝင်မည်။ မြေကိစ္စ၊ အမွေကိစ္စများ အဆင်ပြေမည်။
ငွေရှာရလွယ်ခြင်း ငွေအ၀င်အထွက် ကြမ်းခြင်းများ ကြုံလိမ့်မည်။ ရပ်ဝေးမှစာများ အဆက်အသွယ်များ ရလာမည်။

ရန်များခြင်း စကားများဖြေရှင်းရခြင်း ရင်နှီးသူများ လုပ်ဖော်ကိုင်ဘက်များနှင့် အဆင်မပြေလမ်းခွဲရခြင်းများ ကြုံမည်။
အထူးသတိပြုရန် အလုပ်တွင် အတိုက်အခံ အနည်းငယ်ကြုံရတတ်သည်။ အမှုအခင်း ရုံးပြင်ကန္နားနှင့် ပတ်သက်ရတတ်သည်။ စိုးရိမ်စရာ မရှိပါ။

အကြီးအကဲ ကောင်းရနိုင်၏။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဖက် စိတ်ညစ်ရတတ်သည်။ ဆွေမျိုးသားချင်းများ ကျန်းမာရေး အသည်းအသန် ဖြစ်တတ်သည်။
လာမည့် မွေးလ မွေးရက်အထိ အသုဘပို့ခြင်း မပြုပါနှင့် အထူးသတိပြုပါ။ နှလုံးနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း။
 လေနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း ဒူး နား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လိမ့်မည်။ လုပ်လျှင်အောင်မြင်မည်။
ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ ၀န်ထမ်းဖြစ်စေ ကြီးပွားတိုးတက်အောင်မြင်မည့်ကလာ ဖြစ်ပါသည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါ ယတြာများ ကို ဂရုစိုက်ပြုလုပ်ပါလေ။
ဘုရားဖူးခရီးသွားပါ၊ ခရီးစရိတ်ပြတ်နေသူကို ငွေလှူပါ၊ မွေးနေ့တိုင်း အိပ်ရာရွှေ့ ပြောင်း၍အိပ်ပါ။

Saturday, May 4, 2013

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်အတွင်းရှိ အိမ်ခြေ အိမ်ထောင်စုပေါင်း 1730 ရှိသည့် ဆင်ထုံးအုပ်စုမှာ ဖြစ်ပေါ်နေသော အုပ်ချုပ်ရေးမှူး ကျော်သိန်း လာဘ်စားတဲ့ သတင်းပါဗျာ ဖြစ်ပွားပုံမှာ 19.4.13 ရက်နေ့တွင…

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်အတွင်းရှိ အိမ်ခြေ အိမ်ထောင်စုပေါင်း 1730 ရှိသည့် ဆင်ထုံးအုပ်စုမှာ ဖြစ်ပေါ်နေသော အုပ်ချုပ်ရေးမှူး ကျော်သိန်း လာဘ်စားတဲ့ သတင်းပါဗျာ
ဖြစ်ပွားပုံမှာ 19.4.13 ရက်နေ့တွင်အုပ်ချုပ်ရေးမှူး ကျော်သိန်း ကိုယ်တိုင် အသံချဲ့စက်ဖြင့်ဆက်သွယ်ရေးဋ္ဌာနမှ တန်ဖိုးနည်း 1500 တန်ဖုန်းကဒ်များကို 24. 4 .13 နေ့တွင်ရောင်းချပေးမည်ဖြစ်ကြောင်းလျှောက်တားလိုသူများသည် မိမိတို့၏ အိမ်ထောင်စုစာရင်းမှတ်ပုံတင်
မိတူနှင့်တကွဖုန်းလျှောက်ထားခ တစ်ဦးလျှင်ငွေကျပ် ငါးရာနီးစပ်ရာတာဝန်ရှိဆယ်အိမ်မှူးများမှတစ်ဆင့် အုပ်ချုပ်ရေးမှူးကျော်သိန်းထံသို့
ပေးပို့လျွှောက်ထားနိုင်ကြောင်းကြော်ငြာသည့်အတွက်ပြည်သူများလျှောက်ထားခဲ့ရာအိမ်ခြေ 1730 ရှိသည့် ကျွန်တော်တို့ဆင်ထုံး
အုပ်စု အတွက်ဖုန်းကတ်ခွဲတမ်း 144 ကဒ်ရရှိသည်ဟုကြားသိရပါသော်လည်း ယခု 3.5.13.နေ့ရောက်သည့်အထိဖုန်းလျှောက်ထားခဲ့သော
ဒေသခံ ပြည်သများတစ်ဦးတစ်ယောက်မှ ဖုန်းကဒ်မရရှိသေးပါ
သို့ဖြစ်ပါသောကြောင့် ဒေသခံပြည်သူများထံမှ လိမ်ညာပြီး လာဘ်စားခဲ့သောအုပ်ချုပ်ရေးမှူး ကျော်သိန်း ၏ ကျေင့်ပျက်ခြစားမှုများကို
သမတကြီးနှင့်တကွ တာဝန်သရှိလူကြီးမင်းများနိုင်စေရန် ယခုလို အွန်းလိုင်းမှတစ်ဆင့်တင်ပြလိုက်ပါသည်
.....ကျေးဇူးပြုပြီးတော့ .....
တာဝန်ရှိသူများမြင်တွေ့ ...ကြားသိ...စာနာ..ကာပြည်သူတို့၏အကျိုးအတွက်ရှေးရှုလို့ဆောင်ရွက်ပေးပါရန်
တောင်းဆိုလိုက်ရပါသည်....။

The Voice Weekly ရန်ကုန်မြို့တော်အတွက် လျှပ်စစ်ဓာတ်အားထုတ်ရန် ရေပမာဏ ၁၃ ရက်စာသာ ကျန်ရှိ

.................................................................................
ရန်ကုန်၊ မေ ၂

လျှပ်စစ်မီး ပြတ်တောက်မှု များ ပိုမိုကြုံတွေ့လာရသော ရန်ကုန် မြို့တော်တွင် မေလအတွင်း လျှပ်စစ်မီး ပေးရန် ရေအားဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေသော စက်ရုံများတွင် သိုလှောင်ထားသော ရေပမာဏသည် ၁၃ ရက်စာသာ ရှိတော့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့ ဒုတိယ အင်ဂျင်နီယာချုပ် ဦးထွန်းကြွယ်က ပြောကြားသည်။
ရာသီဥတုပူပြင်းကာ ရေနည်း ပါးလာမှုကြောင့် ရေအားလျှပ်စစ် ထုတ်လုပ်လျက်ရှိသည့် ရဲရွာဓာတ်အား ပေးစက်ရုံနှင့် ပေါင်းလောင်းဓာတ်အား ပေးစက်ရုံတို့တွင် စက်လည်ပတ်ရန် အခက်အခဲများ ရှိလာနိုင်ကြောင်း ၄င်းကဆိုသည်။
"မေလထဲမှာ လျှပ်စစ်မီး အချိန်ပြည့် ရနိုင်၊ မရနိုင်ကိုတော့ ပြည်သူတွေကို တစ်ပတ်အတွင်း ကြေညာပေးမယ်" ဟု ၄င်းကဆို သည်။

မေလအတွင်း ရန်ကုန် မြို့တော်ကို မီးပေးနိုင်ရန်အတွက် အစီအစဉ်များရေးဆွဲပြီး ဝန်ကြီးရုံး သို့ တင်ပြသွားမည်ဟု ဆိုသကဲ့သို့ အစိုးရစက်ရုံ၊ အလုပ်ရုံများကို သုံးစွဲမှုလျှော့ချစေပြီး ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် စက်များဖြင့် အတတ်နိုင်ဆုံး မီးပေးနိုင် ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၀၀ ထုတ်လုပ်နိုင်သော ရွှေလီ ရေအား လျှပ်စစ်ဓာတ်အားပေး စက်ရုံကို လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ပြီးဖြစ်၍ ရရှိသော လျှပ်စစ် ဓာတ်အားများ ပြန်လည်ဝင်ရောက် လာမည်ဖြစ်ကြောင်း ၄င်းက ဆိုသော်လည်း အတိအကျကိုမူ ပြောကြား ခြင်းမရှိပေ။

ဧပြီ ၂၃ ရက်မှ ဧပြီလကုန် အထိ မဂ္ဂါဝပ် ၃၀၀ ထုတ်လုပ်ပေးနေသော ရွှေလီရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံပြုပြင်မှုများ ပြုလုပ်နေသောကြောင့် လျှပ်စစ်ပေးဝေမှုကို
လျှော့ချမည်ဖြစ်သဖြင့် ရန်ကုန်မြို့တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် မီးပြတ်တောက်မှုများ ရှိမည် ဖြစ်သော်လည်း ပြုပြင်မှု အပြီးသတ်မည့် ဧပြီလကုန် ထိသာ လျှပ်စစ်မီးပြတ်တောက် မည်ဖြစ်ကြောင်း ဦးထွန်းကြွယ်က မီဒီယာ အချို့သို့ ပြောကြားထားသည်။

တရုတ်-မွတ်စလင် ပဋိပက္ခဖြစ်ပွားမှုကြောင့် ၃၆ ဦး သေဆုံး

Kyaw Ko Kyaw and Thitsar Phyu shared Myanmar News Update's photo.
တရုတ်-မွတ်စလင် ပဋိပက္ခဖြစ်ပွားမှုကြောင့် ၃၆ ဦး သေဆုံး
***************************************
တရုတ်-မွတ်စလင် ပဋိပက္ခဖြစ်ပွားမှုကြောင့် ၃၆ ဦး သေဆုံး တရုတ်နိုင်ငံ ဇီကျန်ဒေသတွင် ဟန်လူမျိုးများနှင့် မွတ်ဆလင် များအကြား လူမျိုးစု ပဋိပက္ခများ ဖြစ်ပွားခဲ့၍ အဓိကရုဏ်း တားဆီးသည့် တရုတ်ရဲ ၁၅ ဦး အပါအဝင် စုစုပေါင်း ၃၆ ဦး သေဆုံးပြီး လူပေါင်းများစွာ ဒဏ်ရာ ရရှိသည်။ အဆိုပါ ပဋိပက္ခသည် ရက်စက် ကြမ်းကြုတ် လွန်းသော အကြမ်းဖက် အဖွဲ့၏ စနစ်တကျ ကြိုတင် အကွက်ချပြီး ကြံစည်မှုကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးမှ ထုတ်ပြန် ကြေညာ ထားသည်။

မတူညီသော လူမျိုးစု နှစ်စု နေထိုင် ကြသည့် အဆိုပါ ဒေသတွင် အချင်းချင်း ပြန်လည် သင့်မြတ်စွာ နေထိုင် နိုင်ရေးသည် အင်မတန် ခက်ခဲကြောင်း တရုတ် ဒေသခံများက နိုင်ငံတကာ သတင်း မီဒီယာများသို့ ရင်ဖွင့်ပြောကြားထားသည်။ ယခုအခါ အဆိုပါ ဒေသတွင် မွတ်ဆလင် လူဦးရေသည် ၄၅ ရာခိုင်နှုန်းအထိ ရှိလာပြီ ဖြစ်သောကြောင့် နယ်မြေခွဲထွက်လိုသူ မွတ်ဆလင်များနှင့် တရုတ် ဒေသခံများ အကြား ပဋိပက္ခများ ကြီးထွား လာသည်။ 

အပြစ်မဲ့ ပြည်သူများ သေဆုံးရသည့် အဆိုပါ တရုတ်-မွတ်ဆလင် ပဋိပက္ခတွင် သွေးတိုးလှု့ဆော် ပါဝင်ခဲ့သူများနှင့် အကြမ်းဖက် သမားများကို တရုတ်အစိုးရက ဖမ်းဆီးထိန်းသိမ်း ထားသည်။ ၂၀၀၉ ခုနှစ် ကလည်း ဇီကျန်မြို့တော် ယူယန်ကီတွင် တရုတ်-မွတ်ဆလင် ပဋိပက္ခ ဖြစ်ပွားပြီး လူ ၂၀၀ ခန့်သေဆုံး ခဲ့ရသည်။

MMcities<><<>credit to Pyi myanmar>

ငွေစက္ကူအတုများရဲ့ လမ်းကြောင်း

အမှန် တရား shared အစိမ်းရောင် လွင်ပြင်'s photo.
ငွေစက္ကူအတုများရဲ့ လမ်းကြောင်း
***********************
မြန်မာနိုင်ငံရဲ့ ငွေကြေးသုံးစွဲမှုနဲ့ ငွေစက္ကူထုတ်လုပ်မှုအရ ၅ဝဝဝတန် တစ်သောင်းတန် စတဲ့ တန်ဖိုးမြင့်တဲ့ ငွေစက္ကူတွေ ပေါ်ထွက် လာပြီးတဲ့နောက်မှာ ၅ဝဝဝတန် အတု တစ်သောင်းတန် အတု တွေလည်း ဟိုနေရာ ဒီနေရာက ပေါ်ထွက်လာတဲ့ သတင်းတွေ မကြာခဏ ကြားလာရပါတယ်။ ဒီ ခုနောက်ပိုင်းမှာ ဖမ်းမိတဲ့ ငွေစက္ကူတော်တော်များများဟာ ကချင်ပြည်နယ်တစ်ဝိုက်မှာ ပိုများလာတာကိုလည်း သတိထားမိ ရပါတယ်။ ငွေစက္ကူ အတုတွေ ဘယ်က ထုတ်သလဲ ဘာ ရည်ရွယ်ချက်တွေနဲ့ ထုတ်တာလဲ ဆိုတာကိုလည်း စိတ်ဝင်စားလာမိပါတယ်။ ဒီလိုနဲ့ တရုတ်ပြည်နယ်စပ် ခရီးတစ်ခုမှာ သိလာရတဲ့ အချက်အလက်တစ်ချို့ကို အခြေခံပြီး ငွေစက္ကူအတုကို ဘယ်သူတွေက ဘာကြောင့် ထုတ်နေတယ်ဆိုတာ လေ့လာမိသလောက် ရေးချင်ပါတယ်။ 

ငွေစက္ကူအတုတွေကို အဓိက ထွက်လာရာ လမ်းကြောင်းက တရုတ်ပြည် နယ်စပ် တစ်လျှောက်မှာပါ။ တရုတ်ကုန်သည်တွေဟာ မြန်မာပြည်ကနေ ကျောက်စိမ်းကဲ့သို့သော တန်ဖိုးကြီး ကျောက်မျက် ရတနာတွေ၊ မြန်မာပြည်ထွက် ရွှေတွေကို ဝယ်ယူကြရာမှာ ထိုက်သင့်တဲ့ တန်ဖိုးကို လျော့နည်းပြီး ပေးနိုင်ဖို့အတွက် ငွေစက္ကူအစစ်နဲ့ အတုတွေရောပြီး ပေးကြပါတယ်။ ဒါကြောင့် မြန်မာပြည်က အဖိုးတန် ကျောက်မျက် ရတနာနဲ့ ရွှေတွေကို အလကား ပဲတင်းနီးပါးနဲ့ ဝယ်ယူဖို့ ရည်ရွယ်ချက်တွေနဲ့ မြန်မာငွေစက္ကူ အတုတွေ ထုတ်လုပ်ပါတယ်။ အဲဒီအတုတွေကို တရုတ်ကုန်သည် ( အချို့က) သုံးစွဲကြပါတယ်။ မသိတဲ့ မြန်မာပြည်သားတွေကတော့ တရုတ်တွေ ပေးတဲ့ ငွေအတုတွေကို ပြည်တွင်းထဲမှာ လည်ပတ် သုံးစွဲကြပြန် ပါတယ်။ 

နောက်တစ်နေရာကတော့ တစ်နေ့တစ်နေ့ကို ကားကြီးပေါင်း ရာနဲ့ချီအောင် တရုတ်ပြည်ထဲကို ခိုးသွင်းနေတဲ့ မြန်မာ့တန်ဖိုးကြီး အဖိုးတန် သစ်လုံးများပါ။ အဲဒီသစ်လုံးတွေကို ဝယ်ယူဖို့ တရုတ် သစ်ကုန်သည်တွေဟာ မြန်မာပြည်ရဲ့ တောတောင်ထဲကို နည်းလမ်း အမျိုးမျိုးနဲ့ ဝင်ရောက်ကြပါတယ်။ ဝင်ရောက်ဖို့ လမ်းကြောင်းတွေ လည်း ရှိပါတယ်။ အဲဒီလို ဝင်ရောက် ပြီးတာနဲ့ သစ်လုံးတွေကို ဒေသခံတွေဆီက ဝယ်ယူတာရှိသလို ဒေသခံ အလုပ်သမားတွေကို အသုံးပြုပြီး စိတ်ကြိုက် သစ်ပင်တွေကို ခုတ်လှဲတာမျိုးလဲ ရှိပါတယ်။ ဝယ်ယူသည်ဖြစ်စေ၊ အလုပ်သမားအဖြစ် အသုံးပြုသည်ဖြစ်စေ ဒေသခံတွေကို ငွေကြေး ပေးချေ ရပါတယ်။ အဲဒီလို ငွေကြေး ပေးချေရာမှာ အသုံးပြုတဲ့ငွေက မြန်မာငွေ ဖြစ်ပါတယ်။ ဒီတော့ တရုတ်ကုန်သည်တွေဟာ သစ်လုံးတွေကို ဈေးပေါပေါနဲ့ ဝယ်ယူရုံမက မြန်မာငွေနဲ့ ပေးချေရာမှာ ငွေအစစ်တစ်ချို့နဲ့အတူ ငွေစက္ကူ အတုတွေကို ရောပြီးပေးတဲ့အခါ မြန်မာ့သစ်တွေဟာ အလကားနီးပါး တရုတ်တွေ ရယူသွားကြပါတယ်။ တစ်ခါ ဖြတ်သန်းလာတဲ့ လမ်းကြောင်း တစ်လျှောက်မှာ ငွေကြေး ပေးရတာတွေ ဘာတွေရှိခဲ့ရင် အဲဒီလို ငွေစက္ကူအတုတွေကို ပေးကြပြန်ပါတယ်။
 
တရုတ်ပြည် နယ်စပ်တစ်လျှောက်မှာ မြန်မာပြည်ကထွက်တဲ့ သစ်လုံးပေါင်းများစွာ သိန်းသန်းမက အပုံလိုက် အပုံလိုက် ရှိပါတယ်။ မြန်မာပြည်က ကျောက်စိမ်းတွေလဲ တရုတ်ပြည်ထဲမှာ လက်ညိုးထိုး မလွဲနိုင်အောင် ရှိပါတယ်။ တရုတ်ပြည်က ကျောက်ကုန်သည် သစ်ကုန်သည် ရာပေါင်းများစွာထဲမှာ ကုန်သည်တိုင်း ငွေစက္ကူအတုကို သုံးစွဲတယ်လို့ မဆိုလိုပေမဲ့ ကုန်သည် ၁ဝဦးလောက်က ငွေစက္ကူ အတုတွေ ပုံမှန်သုံးစွဲနေတယ်ဆိုရင်တောင် မြန်မာပြည်ထဲကို ငွေစက္ကူအတု စီးဆင်းမှု တော်တော် များနေလောက်ပါပြီ။ ဒီတော့ ကျွန်မတို့နိုင်ငံအနေနဲ့ ငွေစက္ကူအတုတွေ ငွေကြေး လည်ပတ်မှု ဈေးကွက်ထဲ ရောက်မလာအောင် ဘယ်လိုတားဆီးကြမလဲ။ သေချာတာကတော့ တရုတ်ပြည်ထဲမှာ ထုတ်နေတဲ့ ငွေစက္ကူအတု လုပ်တဲ့သူတွေကို ဖမ်းမိဖို့ဆိုတာ  ကိုယ့်ပြည်တွင်းမှာ မဟုတ်လို့ မြန်မာအစိုးရနေနဲ့ ခက်ခဲနိုင်ပါတယ်။ တရုတ် အစိုးရနဲ့ပူးပေါင်းပြီး ငွေစက္ကူ အတု ထုတ်လုပ်ရာ လမ်းကြောင်းကို ရှာဖွေဖမ်းဆီးမယ် ဆိုရင်တော့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
 
ပြီးတော့လည်း ငွေစက္ကူ အတုတွေကို မသိနားမလည်သူတွေ လက်မခံမိကြဖို့အတွက် တောရော မြို့ပါ ငွေစက္ကူ အတုအစစ် ခွဲခြားနည်းတွေကို ပညာပေး များများလုပ်ဖို့ လိုပါလိမ့်မယ်။ အစိုးရနဲ့အတူ ပြည်သူတွေပါ ပါဝင်ပူးပေါင်းဖို့ လိုတယ်လို့ ထင်ပါတယ်။ တီဗီကနေ ငွေအတုအစစ် ကွာခြားချက်တွေ ဖော်ပြတာရှိပေမဲ့ တီဗီမကြည့်နိုင်တဲ့ အရပ်ဒေသမျိုးတွေမှာ နေထိုင်တဲ့သူတွေ သိနိုင်ဖို့ သတင်းစာလို ဂျာနယ်လို နေရာမျိုးကနေလဲ ၅ဝဝဝတန် တစ်သောင်းတန် အတုအစစ် ခွဲခြားနည်းတွေ များများဖော်ပြပေးသင့်ပါတယ်။ ဒါ့အပြင် ဂျာနယ် သတင်းစာ မရောက်နိုင်ပြန်တဲ့ အရပ်တွေမှာတော့ လက်ကမ်း စာစောင်တို့လို စာရွက်မျိုးလေးတွေကိုလည်း ဝေငှနိုင်ရင် ကောင်းမယ် ထင်ပါတယ်။ (ဒါကတော့ နည်းနည်းတော့ စိတ်ကူးယဉ် ဆန်မိပါတယ် လုပ်မဲ့သူ ရှားပါလိမ့်မယ်)။ ဖြစ်နိုင်ရင်တော့ ကိုယ်နဲ့မဆိုင်ဘူးလို့ မနေကြဘဲ နားလည်သိကျွမ်းတဲ့ လူတိုင်းဟာ မိမိပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေကို တတ်နိုင်သလောက် ပညာပေးလေးတွေ လုပ်ကြမယ် ပါဝင်ကြမယ် ဆိုရင်တော့လည်း အလွန်ကောင်းမှာပါ။
 
မြန်မာပြည်မှာ ပုဂ္ဂလိကဘဏ်တွေ မြို့တိုင်းမှာ မရှိပေမဲ့ မြန်မာ့ စီးပွားရေးဘဏ်တွေတော့ မြို့တိုင်းလိုလိုမှာ ရှိတတ်တာကြောင့် မြန်မာ့စီးပွားရေးဘဏ်က တာဝန်ရှိသူများကလည်း ကိုယ့်ဒေသက ရပ်သူ ရွာသားတွေကို ငွေစက္ကူ အတုအစစ် ခွဲခြားနည်းလေးများ စေတနာနဲ့ ပြောပြကြမယ်ဆိုရင် ငွေစက္ကူအတုကို လူ တော်တော် များများက ခွဲခြားတတ်လာခဲ့ရင် အတုလက်ခံသုံးစွဲမှု လျော့ကျ သွားနိုင်မယ် လို့တော့ မျှော်လင့်ရပါတယ်။ သို့သော် သိန်းရာပေါင်းများစွာ ပေးချေကြတဲ့ လုပ်ငန်းကြီးတွေမှာတော့ ငွေစက္ကူပေါင်း မြောက်မြားစွာကြားမှာ ငွေအတုအစစ် ခွဲခြားဖို့ ခက်ခဲမှာပါ။ တော်တော်များများကတော့ ငွေထုတ်နဲ့ အစည်းကိုသာ ရေတွက်ကြပြီး အရွက်လိုက် ရေတွက်တာမျိုး နည်းပါတယ်။ ဘဏ်ရောက်မှသာ ငွေကို ရေတွက်ပြီး အတုတွေလည်း အဲဒီတော့မှ ထွက်လာတာမျိုး ရှိပါတယ်။

ကောင်းတာတော့ ငွေစက္ကူများများ ကိုင်တွယ်ရတဲ့ လုပ်ငန်းကြီး တွေမှာလည်း ငွေ စ လက်ခံတာနဲ့ မိမိတို့ နေရာမှာတင် အတုအစစ် ခွဲတဲ့စက်တွေနဲ့ ငွေကို ရေတွက်ကြရင် အကောင်းဆုံးဖြစ်မှာပါ။ တရုတ် ကုန်သည်တွေဆီကနေ ငွေလက်ခံရင်လည်း သေချာ စီစစ်ပြီး လက်ခံသင့် ကြပါတယ်။ အချို့သူတွေကတော့ မသမာ လောဘဇောနဲ့ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုပြီး သိသိကြီးနဲ့ အတုကို လက်ထဲထားပြီး သုံးစွဲတဲ့သူတွေ ရှိပါတယ်။ ကိုယ်နဲ့မဆိုင်သလို နေကြပြီး တစ်ချိန်ချိန်မှာ တစ်နည်းနည်းနဲ့ ငွေစက္ကူအတုတွေ မိမိလက်ထဲ မမျှော်လင့်ဘဲ ရောက်လာခဲ့ရင် ၊ ရဲတွေ မေးမြန်းတာ ဖြေရှင်းရ အဲဒီအတု မိမိဆီ ရောက်လာတဲ့ ကွင်းဆက်တွေ လိုက်ရနဲ့ အတော် အလုပ်ရှုပ်တာကို ကြုံဖူးသူများ သိကြမှာပါ။ ဒါကြောင့် မဖြစ်ခင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ သော်လည်းကောင်း၊ တရုတ်ပြည်ကနေ ထုတ်နေတဲ့ ငွေစက္ကူ အတုများ ပြည်တွင်း ငွေကြေးဈေးကွက်မှာ ဆက်လက် မပြန့်ပွားလာအောင် သော်လည်းကောင်း လူတိုင်းက တတ်နိုင်သမျှ အသိစိတ်နဲ့ ပါဝင် သင့်ပါတယ်လို့။ 

ချော(အစိမ်းရောင်လွင်ပြင်)

Friday, May 3, 2013

သီလဝါမဟာဗျူစီမံချက် အများပြည်သူကို သုံးကြိမ် အသိပေးပြသမည်

The Voice Weekly ရန်ကုန်၊ မေ ၁

မြန်မာ-ဂျပန်နှစ်နိုင်ငံ ပူးပေါင်း အကောင်အထည်ဖော်မည့် သီလဝါ အထူးစီးပွားရေး စီမံကိန်း၏ မဟာဗျူဟာ စီမံချက် (Master Plan) ကို လုပ်ငန်း သဘောအရ အသေးစိတ်ဖော်ပြရန် မဖြစ် နိုင်သော်လည်း အများပြည်သူ သိရှိရန် လိုအပ်သော အချက်အလက်များကိုမူ
သုံးကြိမ် အသိပေး ပြသသွားမည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က The Voice သို့ ပြောကြားသည်။

အဆိုပါစီမံကိန်း Master Plan ကို စီမံကိန်းမစတင်မီ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေး သက်ရောက်မှု လေ့လာဆန်း စစ်ချက် (EIA နှင့် SIA) မပြုလုပ်မီ၊ ပြုလုပ်စဉ် ကာလအလယ်နှင့် ပြုလုပ်အပြီးတွင် အများပြည်သူကို အသိပေးသွားမည် ဖြစ်ကြောင်း ဦးဆက်အောင် က ပြောကြားသည်။

ယင်းစီမံချက်နှင့် ပတ်သက်သည့် ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကျောက်တန်းမြို့နယ် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန ရုံးတွင် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ရန်ကုန် တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်းနှင့် တာဝန်ရှိသူများက ဒေသခံရွာခြောက်ခုမှ ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ကြောင်း အဆိုပါ ပွဲသို့ တက်ရောက်သည့် အလွမ်းဆွတ်ရွာ ရပ်မိရပ်ဖ ဦးမြလှိုင်က ဆိုသည်။

"စီမံကိန်းလုပ်မယ်ဆိုတာ ပြောပြီး နေရာက ဖယ်ခိုင်းတာပါ။ ဒီနေရာမှာ ဘာတွေလုပ်မယ်၊ ဘာတွေတည်ဆောက်မယ်ဆိုတာတော့ ဘာမှ မပြောပါဘူး"ဟု ၄င်းက ဆိုသည်။

လတ်တလောတွင် EIA နှင့် SIA ပြုလုပ်ရန် ကုမ္ပဏီ ရှစ်ခုခန့် လျှောက်လွှာ တင်ထားရာ ယင်းကုမ္ပဏီများအနက် Nippon Koei ဂျပန်ကုမ္ပဏီနှင့် မြန်မာ ကုမ္ပဏီတစ်ခုခန့် EIA နှင့် SIA စမ်းသပ် ပြုလုပ်မှုများရှိပြီး မေလ ပထမပတ်တွင် EIA နှင့် SIA ပြုလုပ်မည့် ကုမ္ပဏီကို ရွေးချယ် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

အဆိုပါ သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာ အတွင်းရှိ ကျေးရွာ ခြောက်ရွာတွင် လယ်မြေဧက ၃၅၅၀ ဒသမ ၃၉ ဧက၊ အိမ်ထောင်စုပေါင်း ၁၀၃၃ စု၊ အိမ်ခြေပေါင်း ၉၂၁ နှင့် လူဦးရေ ၃၈၉၈ ဦး ရှိပြီး ဒေသခံများ၏ လက်ရှိ ဘဝအခြေ အနေထက် မလျော့ကျသည့် အနေအထား မျိုး ပြန်လည်ဖန်တီး ပေးသွားမည်ဖြစ် ကြောင်း ဦးဆက်အောင်က ပြောကြား သည်။

သီလဝါ အထူးစီးပွားရေးဇုန် အတွင်းပိုင်းတွင် လိုအပ်သည့် လမ်း၊ တံတားနှင့် အခြေခံ အဆောက်အဦများ ကို အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် နှစ် ၄၀ ပေး ဆပ်ရမည့် ဂျပန်ချေးငွေ ယန်းဘီလီယံ ၂၀ (အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်)မှ ထုတ်ယူ သုံးစွဲကာ တည်ဆောက်သွား မည်ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

မြေဟက်တာ ၂၄၀၀ အကျယ် အဝန်းရှိသော အမေရိကန်ဒေါ်လာ တစ် ဘီလီယံ ကုန်ကျမည့် အဆိုပါသီလဝါအထူး စီးပွားရေးဇုန် စီမံကိန်းကို EIA နှင့် SIA ပြုလုပ်အပြီး သြဂုတ်လကုန်တွင် စတင် တည်ဆောက်မည် ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် လုပ်ငန်းများ စတင်နိုင်မည် ဖြစ်သည်။

ရုပ်ရှင်မင်းသားဦးကျော်သူ၏"သုခကုသိုလ်ဖြစ်ဆေးခန်း"သို့ဖုန်းလေးတစ်ခါဆက်ယုံဖြင့် ဆေးကုနိုင်တော့မည်။

သုခကုသိုလ်ဖြစ်ဆေးခန်း၏ လူနာတိုကင်စနစ်အား တယ်လီဖုန်းဖြင့်သာ လက်ခံပါတော့မည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂ဝဝ၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစတင်၍ ကျန်ရစ်သူ မိသားစုတို့၏ သောကပရိဒေဝမီးများကို တစ်ဖက်တစ်လမ်းမှ ကူညီဖြေသိမ့်ပေးခဲ့ရင်း ၂ဝဝ၃ ခုနှစ် ကာလ တစ်ခုသို့ ရောက်ရှိချိန်တွင် သေရေး(နာရေး) ကိစ္စရပ်များကို အကူအညီပေးခဲ့ကြသကဲ့သို့ ကျန်ရစ်သူ (ရှင်သူ) များအတွက်လည်း တတ်စွမ်းသ၍ ဝိုင်းဝန်းကူညီလိုကြသဖြင့် ပထမ နှစ်ပတ်လည်အခမ်းအနား၌ ဆေးကူညီမှုကော်မတီတစ်ရပ်အား တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ၂ဝဝ၃ ခုနှစ်၊ ဧပြီလ (၇) ရက် ကမ္ဘာ့ကျန်းမာရေးနေ့ မှစတင်ကာ ချို့တဲ့နွမ်းပါး၍ ခွဲစိတ်မွေးဖွားရန် လိုအပ်သော ကိုယ်ဝန်ဆောင်မိခင်များ (နှစ်သက်ကယ်တင် ရသောကုသိုလ်)နှင့် မြောက်ဥက္ကလာပဆေးရုံ၊ အင်းစိန်ဆေးရုံ၊ စံပြဆေးရုံ၊ ရန်ကုန်အရှေ့ပိုင်း(ဂန္ဒီ)ဆေးရုံ၊ တောင်ဥက္ကလာပ(မိခင်နှင့်ကလေး)ဆေးရုံ၊ ရန်ကုန်အနောက်ပိုင်း(ကြည့်မြင်တိုင်)ဆေးရုံ စသည့် ပြည်သူ့ ဆေးရုံကြီး (၆) ရုံတို့တွင် မည်သည့်ရောဂါ ဝေဒနာမဆို ကျား/မမရွေး၊ ကုသရန်လိုအပ်သော ချို့တဲ့နွမ်းပါး လူနာများအတွက် ခွဲခန်းစရိတ်အချို့အား ထောက်ပံ့ကူညီပေးသည့်အပြင် ၂ဝ၁ဝ ခုနှစ်၊ မတ်လတွင် ကလေးဆေးရုံနှင့် နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံတို့အား ထပ်မံတိုးချဲ့ကာ ဆေးကူညီမှုများ ယနေ့ အချိန်ထိ ပံ့ပိုးပေးလျှက်ရှိပြီး ၂ဝဝ၇ ခုနှစ်၊ မတ်လ (၂) ရက် တောင်သူလယ်သမားနေ့တွင် “သုခကုသိုလ် ဖြစ်ဆေးခန်း” အား သင်္ဃန်းကျွန်းမြို့နယ်၊ ဗြဟ္မဝိဟာရကျောင်းတိုက်တွင်း၌ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး အများပြည်သူတို့၏ ကျန်းမာရေးအား အထွေထွေရောဂါကု ဆရာဝန်ကြီးများအပြင်၊ အရိုးအကြော၊ အရေ ပြား၊ ကင်ဆာ၊ သားဖွားမီးယပ်၊ နား - နှာခေါင်း - လည်ချောင်း၊ သွားနှင့်ခံတွင်း၊ ခွဲစိတ်၊ ကလေးအထူးကု ဆရာဝန်များတို့မှ အလှည့်ကျ ကုသိုလ်ဖြစ် စမ်းသပ်ကုသပေးလျှက်ရှိပါသည်

ယခင် သင်္ဃန်းကျွန်းမြို့နယ်ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်၍ ဆေးဝါးကုသကြသော လူနာဦးရေ နည်းပါးခြင်းတို့ကြောင့် တိုက်ရိုက်ကုသမှုစနစ်ဖြင့် စတင်ခဲ့သော်လည်း သင်္ဃန်းကျွန်းမြို့နယ်မှ မြောက်ဒဂုံမြို့နယ်သို့ ၂ဝဝ၉ ခုနှစ်၊ ဇူလိုင်လ၌ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ရာတွင် လူနာဦးရေ အဆမတန် များပြားလာခြင်းကြောင့် တစ်ရက်ကြိုတင်၍ တိုကင်ယူတန်းစီစနစ် ပြုလုပ်ခဲ့ရာတွင် နေရာပွဲစားများ၊ နေရာရောင်းချမှုများ၊ အုပ်စုဖွဲ့အနိုင်ကျင့်မှုများ၊ ညအချိန်မတော် တိုကင်ရရှိရေးအတွက် ညအိပ်တန်းစီ စောင့်ဆိုင်းရာတွင် အရွယ်အရောက် အမျိုးသမီးများလည်း ပါဝင်ခဲ့ရာတွင် တိုကင်တန်းစီသည့် အမူးသမား များတို့၏ အနှောင့်အယှက်ရန်များ၊ လက်နက်ကိရိယာများဖြင့် ခြိမ်းခြောက်မှုများ၊ မော်တော်ယာဉ်လိုင်း ကား များ မှားယွင်း၍ စီးနင်းမှုများ အစရှိသည့် အမျိုးမျိုးသော အနှောင့်အယှက်များ အန္တရာယ်များတို့ ရင်ဆိုင်ကြုံတွေ့ရကြောင်း လူနာများတို့၏ ပြောကြားချက်များကြောင့် သိရှိခဲ့ရသည်။

ထို့ကြောင့် ၇.၅.၂ဝ၁၃ ရက်နေ့ (အင်္ဂါနေ့)မှစတင်၍ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ ဆေးဝါးလာ ရောက်၍ ကုသလိုကြသော လူနာများတို့သည် တိုကင်တန်းစီ စောင့်ဆိုင်းရန်မလိုတော့ချေ။ တယ်လီဖုန်း နံပါတ် ဝ၉ - ၈၅ဝ ၁၆၅၆ သို့ ဆက်သွယ်၍ တစ်ရက်ကြိုတင် တိုကင်ယူခြင်းအား လက်ခံဆောင်ရွက်မည် ဖြစ်သည်။ ကုသိုလ်ဖြစ် ဆရာဝန်ကြီးများတို့မှ တာဝန်ယူ စမ်းသပ်ကြည့်ရှုနိုင်မည့် လူနာအရေအတွက်သာ လက်ခံမည်ဖြစ်ပြီး ရဟန်းသံဃာများ၊ သီလရှင်များနှင့် အသက် (၇၅) နှစ်အထက် လူပုဂ္ဂိုလ်များတို့သည် လည်း တယ်လီဖုန်းဖြင့်သာ တိုကင်ယူဆောင်ရမည်ဖြစ်သည်။ တယ်လီဖုန်းဖြင့် တိုကင်ယူရာတွင် ပြသ မည့်လူနာ၏ အမည်၊အသက်၊ မှတ်ပုံတင်အမှတ် နေရပ်လိပ်စာ(အပြည့်အစုံ)တို့အား ပြောကြားရမည် ဖြစ်သည်။ တိုကင်လက်ခံချိန်သည် နံနက် (၉းဝဝ) နာရီမှ (၁၁းဝဝ) နာရီ အထိသာဖြစ်သည်။ တယ်လီဖုန်း တစ်ကြိမ်လျှင် (သို့) တစ်ခါလျှင် လူနာတစ်ဦးသာ လက်ခံသွားမည် ဖြစ်သည့်အပြင် ၄င်းလူနာသည် တစ်ပါတ်လျှင် ရောဂါဝေဒနာတစ်မျိုး တစ်ကြိမ်သာ ပြသခွင့်ပြုမည်ဖြစ်သည်။ တယ်လီဖုန်းဖြင့် တိုကင်ယူ ထားသည့် လူနာသည် မိမိတို့လာရောက်ပြသရမည့် နေ့ရက်၊ အချိန်တွင် သန်းခေါင်စာရင်း (မူရင်း/မိတ္တူ)၊ မှတ်ပုံတင် (မူရင်း/ မိတ္တူ)၊ ရပ်ကွက်တွင်နေထိုင်ကြောင်း ထောက်ခံစာ (သို့) ဧည့်စာရင်း (မူရင်း)တို့အား တစ်ပါးတည်း ယူဆောင်လာရန်လိုအပ်ပေသည်။ လူနာများသည် ဆရာဝန်ဖြင့် မပြသမှီ တစ်ရက်အတွက် သာကြိုတင်၍ တယ်လီဖုန်းဖြင့် တိုကင်ယူရမည်ဖြစ်ပြီး နှစ်ရက်၊ သုံးရက်အတွက် ကြိုတင်၍ တိုကင်ယူ ဆောင်ခြင်းအား လက်ခံမည်မဟုတ်ပေ။ လူနာအချင်းချင်း ကိုယ်ချင်းစာနာစိတ်မရှိသော လူအချို့တို့၏ လူ့ကျင့်ဝတ်များ ဖောက်ဖျက်သည့်အတွက်ကြောင့် ယခုကဲ့သို့ စည်းကမ်းများချမှတ် ပြုလုပ်ရခြင်းဖြစ်သည်။

သုခကုသိုလ်ဖြစ်ဆေးခန်းတွင် စေတနာရှင် ဆရာဝန်များတို့၏ အကြံပြုမေတ္တာရပ်ခံမှုကြောင့် တိုကင်တန်းစီ စနစ်အားဖျက်သိမ်းကာ တယ်လီဖုန်းဖြင့် တိုကင်လက်ခံမှု (စမ်းသပ်)အဖြစ် ပြုလုပ်မည် ဖြစ်သည်။ စမ်းသပ်မှုအောင်မြင်ခဲ့ပါက ဆေးဝါးကုသရာတွင် နေပူမိုးရွာ၌ ညအိပ်စောင့်ဆိုင်း၍ တိုကင်ယူ ခြင်းမှ ကင်းဝေးပြီး တယ်လီဖုန်း တစ်ချက်ဆက်သွယ်ပြီး မိမိတို့၏ ရောဂါဝေဒနာများအား ကုသနိုင်မည် ဖြစ်သည်။ သို့ရာတွင် လူနာများတို့သည် သုခကုသိုလ်ဖြစ်ဆေးခန်းမှ ချမှတ်ထားရှိသည့် စည်းကမ်းချက် များအား စနစ်တကျလိုက်နာခြင်းဖြင့် ဆေးဝါးကုသကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

(ကျော်သူ)

စည်ပင်ကငွေစား အုပ်ချုပ်ရေးမှူးက ဖျင်းဖျင်း ရဲတွေက စုတ်စုတ်

Inbox
x

aye aye <ayeaye720@gmail.com>
7:40 PM (5 hours ago)

to thithtoolwin9, demowaiyen, me, news, Irrawaddy, myanmarnews4u, mizzima
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်  ကြို.ပင်ကောက်မြို.နယ်က
မြို.ပေါ်လမ်းတွေဟာ နေ.စဉ်လိုလို လမ်းတွေပိတ်ဆို.မှုတွေနဲ.ကြုံတွေ.နေရလို.
ပြည်သူတွေမှာ အခက်အခဲတွေနဲ. ဒီနေ.ထိရင်ဆိုင်နေရတုန်းပါ။
လမ်းတွေကကျယ်ပါလျက်နဲ. ကျဉ်းမြောင်းလာရတာဟာ  အိမ်တွေ ဆိုင်တွေ လမ်းမြေကို
ကျူးကျော်နေကြတာရယ်    စည်းကမ်းမဲ. လမ်းဘေးဈေးသည်တွေကို
လက်ခံခွင်.ပြုထားနေတာတွေရယ် စည်းကမ်းမဲ. ယာဉ်ရပ်နားနေတာတွေကို
ခွင်.ပြုထားနေတာရယ်တြွေေ့ကာင်. လမ်းတွေက ကျဉ်းမြောင်းလာပြီး
လမ်းပိတ်ဆို.မှုတွေနေ.စဉ်ဖြစ်ပေါ်လာနေရတာပါ။  ဒါတွေကို စည်ပင်သာယာကလည်း
လက်ခံခွင်.ပြုထားသလို မြို.နယ်အုပ်ချုပ်ရေးမှူးကလည်း ခပ်ညံ့ ညံ့ 
ရဲတွေကလည်း ယာဉ်စည်းကမ်းမထိန်းသိမ်း မြ့ကပ်မတ်ဆိုတော. မြိုနေ
ပြည်သူတွေမှာ နေ.စဉ်လို လမ်းပိတ်ဆို.မှုတွေ ခံစားနေရပါတယ်။ ဒါကို
သက်ဆိုင်ရာတာဝန်ရှိလူကြီးမင်းများ သိရှိပြီး အမြန်ဆုံး
အရေးယူဆောင်ရွက်ပေးပါလို.
ဒီသတင်းဋ္ဌာနကတစ်ဆင်.ရင်ဖွင်.တင်ပြလိုက်ရပါတယ်ခင်ဗျာ..........
                                         မြိုခံတစ်ဦး

အဆိုတော် ရဲလေး လက်ထပ်ပြီ

Thursday, May 2, 2013

အဆိုတော် ရဲလေးက သူ့ချစ်သူ မအေးမြနဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ လက်ထပ်လိုက်ပါပြီ။
မအေးမြရဲ့ အိမ်မှာ နှစ်ဘက်မိဘ၊ တရားသူကြီးရဲ့ ရှေ့မှောက်မှာ လက်မှတ်ထိုးခဲ့တာပါ တဲ့။

ပြီးခဲ့တဲ့ တနင်္လာနေ့ထုတ် အလင်းတန်းဂျာနယ်မှာ ရေးထားပါတယ်။

မင်္ဂလာဆွမ်းကျွေးအစီအစဉ်ကို ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာ၊ ဇွန် ၁ ရက်နေ့ မင်္ဂလာဧည့်ခံပွဲကိုတော့ ဆီဒိုးနားဟိုတယ်မှာ လုပ်မယ် လို့ ဆိုတယ်။

ရဲလေးက စိန်ပေါလ် လို့ ထင်ရှားတဲ့ ရန်ကုန်မြို့ အ.ထ.က (၆) ဗိုလ်တထောင် ကျောင်းသားဟောင်းဖြစ်တယ်၊
 "မိခင်က  ဆွဲကြိုးပေါင်ပြီး studio  စရိတ်ရှင်း ပေးခဲ့ရင်း ဘ၀ကို ကြိုးစား ဖြတ်သန်းခဲ့တဲ့ ရဲလေးက အောင်မြင်တဲ့ အဆိုတော် တစ်ယောက်အဖြစ်
၂ နှစ်တာ ကာလ အတွင်းမှာ ပိုင်ဆိုင်ခဲ့ပါတယ်။ 
တခြားသူတွေ အနေနဲ့ ငါးနှစ်တာ ကာလလောက် ကြိုးစားခဲ့ကြရတာတွေ ရှိတာကြောင့် ရဲလေးက အချိန်တို အတွင်းမှာ အောင်မြင်ခဲ့တာပါ"
လို့  ဖေဖော်ဝါရီလ ၂၀၁၂ လုထတ် Teen မဂ္ဂဇင်းမှာ ခင်လေးမြင့်က ရေးသားထားပါတယ်။

- ကျွန်တော်နဲ့ သက်ဆိုင်သော
- အိမ်
- First Live Concert
- တတိယ ကာရန်
- ရကောက်ဘ၀ဖြင့် နေထိုင်ခြင်း

အစရှိတာတွေက ရဲလေးရဲ့ တကိုယ်တော်တေးစီးရီးတွေ ဖြစ်ကြောင်း  Teen မဂ္ဂဇင်းမှာ ရေးထားပါတယ်။

.

Thursday, May 2, 2013

နိုင်ငံနှင့် လူမျိုးအကျိုး ထူးချွန်စွာ ထမ်းဆောင်ခဲ့သည့် နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ် ၁၂ ဦးအား နိုင်ငံ့စွမ်းဆောင်ရည် ဆုများ ချီးမြှင့်

Eleven Created on Wednesday, 01 May 2013 11:43

နိုင်ငံတော် သမ္မတ၏ နယ်ပယ်အသီးသီးရှိ ပုဂ္ဂိုလ်များအား နိုင်ငံ့ စွမ်းဆောင်ရည်ဆု ချီးမြှင့်ခြင်း အခမ်းအနားကို ဧပြီ ၃၀ ရက်က နေပြည်တော် MICC ခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါဆုသည် နယ်ပယ်သီးသီးရှိ မိမိတို့ကျရာ ကဏ္ဍအလိုက် စွမ်းစွမ်းတမံ ဆောင်ရွက် ခဲ့ကြသည့် ပုဂ္ဂိုလ်များအား ချီးမြှင့်ခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတက အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ထို့ပြင် နယ်ပယ်အသီးသီးရှိ တာဝန်ရှိ ပုဂ္ဂိုလ်များ အနေဖြင့် မတော်လောဘစိတ်၊ အချောင်ရလိုစိတ်များကို လျှော့ချကြပြီး ပြည်သူ့ စွမ်းအားဖြင့် နိုင်ငံတော် တည်ဆောက်ကြရမည်ဖြစ်ကြောင်း သမ္မတက ထည့်သွင်းပြောကြားသည်။

နိုင်ငံတော် သမ္မတ၏ ဂုဏ်ထူးဆောင် လက်မှတ်များကို ချီးမြှင့်ခဲ့ရာ သီတဂူဆရာတော် ဒေါက်တာဉာဏိဿရ၊ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ၊ မန္တလေးတိုင်း အောင်မြေသာဇံမြို့နယ်ရှိ ဖောင်တော်ဦးဘုန်းတော်ကြီးသင် ပညာရေး တွဲဖက်အထက်တန်းကျောင်း၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့နှင့် မေရီချက်ပ်မင်း နားမကြားသော ကလေးများ ကျောင်းတို့မှ ရရှိခဲ့သည်။

နိုင်ငံတော်သမ္မတ ချီးမြှင့်သည့် စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး လူပုဂ္ဂိုလ်ဆုကို ပဲခူးတိုင်းဒေသကြီးမှ ဦးသိန်းမြင့်၊ စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆုကို ပင်လယ်ကိုးသွယ် ကုမ္ပဏီလီမိတက်ပိုင်ရှင် ဦးအောင်သန်းဦး၊ မွေးမြူထုတ်လုပ်မှု အကောင်းဆုံး လူပုဂ္ဂိုလ်ဆုကို ရှမ်းပြည်နယ်မှ ဦးကျမော့၊ မွေးမြူထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆုကို ဦးခင်မောင်ဝင်း၊ ရေထွက်ပစ္စည်း မွေးမြူထုတ်လုပ် အကောင်းဆုံး လုပ်ငန်းရှင်ဆုကို ဦးလှသန်း၊ အများပြည်သူ ဘေးအန္တရာယ် ကျရောက်မှုအား သက်စွန့်ကြိုးပမ်း ကယ်တင်စွမ်းဆောင်မှုဆုကို ရဲကျော်စွာအောင်လှ၊ အားကစားစွမ်းဆောင်ရည်ဆုကို မအောင်ငှိမ်း (မြားပစ်)၊ အကောင်းဆုံး ပို့ကုန်လုပ်ငန်းရှင်ဆုကို Golden Dalta ကုမ္ပဏီ လီမိတက်မှ ဦးချစ်ခိုင်၊ တန်ဖိုးမြှင့်ထုတ်ကုန် အကောင်းဆုံး ထုတ်လုပ်ရောင်းချနိုင်သည့် စီးပွားရေး လုပ်ငန်းရှင်ဆုကို National Wood Industry Ltd မှ ဦးကျော်ဝင်း၊ နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာတာဝန် အများဆုံး သယ်ပိုးထမ်းဆောင်ခဲ့သည့် လုပ်ငန်းရှင်ဆုကို ကမ္ဘောဇဘဏ် လီမိတက်မှ ဦးအောင်ကိုဝင်း၊ ထုတ်လုပ်ရောင်းချမှု အကောင်းဆုံး အသေးစား စီးပွားရေး လုပ်ငန်းရှင်ဆုကို သဇင်နွယ်မိသားစု ရောင်းဝယ်ရေး ကုမ္ပဏီမှ ဒေါ်သန်းသန်းဆွေ၊ ထုတ်လုပ်ရောင်းချမှု အကောင်းဆုံး အလတ်စား စီးပွားရေး လုပ်ငန်းရှင်ဆုကို ပဲခူးတိုင်းဒေသကြီးမှ သံရည်ကျို လုပ်ငန်းပိုင်ရှင် ဦးအေးဝင်းတို့ အသီးသီး ရရှိခဲ့ကြသည်။

နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာတာဝန် အများဆုံး သယ်ပိုး ထမ်းဆောင်ခဲ့သည့် လုပ်ငန်းရှင်ဆုအတွက် အခွန်ငွေ ၄၇၅၅ သန်း ပေးဆောင်ခဲ့သည့် ACE ကုမ္ပဏီမှ ဦးဇော်မိုးဝင်း၊ အခွန်ငွေ ၂၆၇၇ သန်းကျော် ပေးဆောင်ခဲ့သည့် Max Myanmar ကုမ္ပဏီမှ ဦးဇော်ဇော် တို့ကိုလည်း နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင် လက်မှတ်များ ပေးအပ်ခဲ့ပြီး အခွန်ငွေ ၆၀၁၅ သန်းကျော် ပေးဆောင် ခဲ့သည့် ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက နိုင်ငံ့စွမ်းဆောင်ရည်ဆုကို ရရှိခဲ့သည်။

အလန်းစား မော်ဒယ်လ်များ မိမိ Desktop မှာ သီချင်းဆိုကြမယ့် VirtuaGirl HD 1.1.0.58 Free

မိတ်ဆွေရဲ့ Desktop ပေါ်မှာ သိပ်လန်းတဲ့ မိန်းကလေးတွေနဲ့ပျော်ပျော်ပျော်ရွှင်ရွှင် ခံစားတွေ့မြင်ရမယ့် VirtuaGirl 1.1.0.58  ဖြစ်ပါတယ်... သိပ်လှပပြီးဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတွေ Desktop ပေါ်မှာ ဖျော်ဖြေနေတာကို HD အပြည့်နဲ့ ခံစားရမှာဖြစ်ပြီး ကိုယ်ကြိုက်တဲ့ မိန်းကလေးအလန်းတွေကို ရှာဖွေနိုင်ပါတယ်.. တစ်ချို့မိန်းကလေးတွေကိုတော့ Online ကနေ Support ရယူရမှာဖြစ်ပါတယ်...
VirtuaGirl featured the most beautiful girls in the world dancing on computer desktops everywhere. Now, the same desktop application goes high definition! Try the new desktop fun and be amazed. Choose your model and let your desktop go live and alive! ViruaGirl HD is the ultimate desktop application that combines beauty, high definition and stress free. Drive test VirtuaGirlHD and forget about your everyday work worries, just enjoy this application and its suprises.
အဆင်ပြေပါစေ...

Download Links: 26.6 MB

http://www.pyaephyo.com/2013/05/desktop-virtuagirl-hd-11058-free.html

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် ကျေက်ဝကျေးရွာအုပ်စု ထန်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ် ဦးနေလင်းအောင် ကျောင်းအုပ်ဆရာတစ်ဦး၏ဂုဏ်နှင့် လုံးဝညီညွတ်ခြင်းမရှိပဲ လူမိုက်လူရမ်းကားသဖွယ် ပြုမူလုပ်ဆောင်

Inbox
x

aye aye <ayeaye720@gmail.com>
Apr 29 (3 days ago)

to Irrawaddy, KaungMyat, news, bcc: me
---------- Forwarded message ----------
From: aye aye <ayeaye720@gmail.com>
Date: Mon, 29 Apr 2013 01:34:08 -1200
Subject: ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် ကျေက်ဝကျေးရွာအုပ်စု
ထန်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ် ဦးနေလင်းအောင်
ကျောင်းအုပ်ဆရာတစ်ဦး၏ဂုဏ်နှင့် လုံးဝညီညွတ်ခြင်းမရှိပဲ
လူမိုက်လူရမ်းကားသဖွယ် ပြုမူလုပ်ဆောင်
To: thithtoolwin9 <thithtoolwin9@gmail.com>

               ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊
ကြို့ပင်ကောက်မြို့နယ်၊ ကျောက်ဝကျေးရွာအုပ်စု၊
ထန်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းအတွက် နိုင်ငံတော်မှ
ကျန်းမာဖွံ့ဖြိုးမှုအိမ်သာဆောက်လုပ်ရန်   ငွေကျပ် ၁၀ သိန်းအား
ချပေး၍ မိဘဆရာအသင်းနှင့်ရပ်မိရပ်ဖများမှ လုပ်ငန်းအောင်မြင်ရေးအတွက်
ဝိုင်းဝန်းဆောင်ရွက်ခဲ့ ပါသည်။ ငွေကျပ် ၁၀ သိန်းအား ကျောင်းအုပ်
ဦးနေလင်းအောင်မှ တစ်ဦးတည်းကိုင်တွယ်သုံးစွဲခဲ.ပါသည်။
ထို.ကြောင်.အိမ်သာဆောက်လုပ်ပြီးစီးသည်မှာ (၁) လ
ကျော်ကြာမြင်ခဲ.ပြီဖြစ့်သော်လည်း ကျောင်းအုပ် ဦးနေလင်းအောင် မှ
စာရင်းရှင်းတမ်းဖြင်.ရှင်းလင်းပေးခြင်းမရှိခဲ.ပါ။ထို.ကြောင်.
မိဘဆရာအသင်းနှင်.ရပ်မိရပ်ဖလူကြီးများမှ
တွေ့ဆုံရှင်းလင်းဆောင်ရွက်ရန် (၂၈.၄.၂၀၁၃) နေ့က ချိန်းဆိုသော်လည်း
ဦးနေလင်းအောင် မှ တွေဆုံရှင်းလင်းဆောင်ရွက်ခြင်းမရှိသည့် အပြင်
တိုင်ချင်သည့်နေရာသို့ တိုင်နိုင်ကြောင်းနှင့် မိဘဆရာအသင်းနှင့်
ရပ်မိရပ်ဖများအား မူးယစ်သောက်စားပြီး ညစ်ညမ်းစွာ ဆဲဆိုပြုမူ
လုပ်ဆောင်ခဲ့ပါသည်။ ကျောင်းအုပ်ဆရာတစ်ဦး၏ဂုဏ်နှင့် လုံးဝညီညွတ်ခြင်းမရှိပဲ
လူမိုက်လူရမ်းကားသဖွယ် ပြုမူလုပ်ဆောင်လျှက်ရှိပါသည်။
               မိဘဆရာအသင်းနှင့်ရပ်မိရပ်ဖများမှသိရှိထားသည်မှာ
အိမ်သာဆောက်လုပ်ရန် နိုင်ငံတော်မှ  ချပေးငွေ (၁၀) သိန်း မှာ
ငွေကျပ်တစ်သိန်းကျော်ခန့်
ပိုငွေရှိနေကြောင်း သိရသဖြင့် ပိုငွေများကို ကျောင်း၏အထွေထွေပြုပြင်ရန်အတွက်
တွေဆုံဆွေးနွေးရှင်းလင်းရန် ဆောင်ရွက်ခဲ့ခြင်းအပေါ် ယခုကဲ့သို့
လူမိုက်လူရမ်းကားသဖွယ် ပြုမူကျင့်ကြံမှုအား  သက်ဆိုင်ရာ တာဝန်ရှိသူများမှ
အမြန်ဆုံးသိရှိပြီး စစ်ဆေး
အရေးယူပေးစေလိုပါသည်။
             ယခုနှစ်၏ မူလတန်းအောင်စာရင်းကိုလည်း
တရားဝင်ထုတ်ပြန်ခြင်းမရှိသဖြင့် ကျောင်းသားများ အောင်စာရင်းသိခွင့်မရှိခဲ့ပါ။
ကျောင်းအုပ် ဦးနေလင်းအောင် မှာ ရွာခံကျောင်းအုပ်ဖြစ်သော်လည်း နှစ်စဉ်
ကျောင်းတက်မှန်ကန်ခြင်းမရှိဘဲ မိမိကိုယ်ရေးကိုယ်တာအလုပ်များကိုသာ
အမြဲလုပ်ကိုင်နေပြီး အရက်သေစာသောက်စားမှုဖြင့် အချိန်ဖြန်းနေပါသဖြင့်
ကျောင်းသားများ၏ ပညာရေးအခြေအနေမှာလည်း ကျောင်းသားမိဘများစိုးရိမ်မှု
စိတ်မချမ်းသာမှုများဖြင့်သာ ကြုံတွေ့နေရပါသည်။ ကျောင်းပေါ်မှာပင်
ထိုသူသုံးစွဲထားသော အရက်ပုလင်းခွံတွေရှိရသည့်အခြေအနေဖြစ်ပါသည်။
            သို့ဖြစ်ပါသဖြင့် အထက်ပါ ကြို့ပင်ကောက်မြို့နယ် ကျောက်ဝအုပ်စု
ထန်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းအုပ် ဦးနေလင်းအောင် ၏
ကျောင်းအုပ်ဆရာတစ်ဦး၏ဂုဏ်သိက္ခာနှင်.မညီဘဲ တာဝန်မဲ.မှု
တာဝန်မကျေမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ အမြန်ဆုံးသိရှိပြီး
လိုအပ်သလို
ုထိရောက်စွာ အရေးယူပေးနိုင်ရန်  ဤသတင်းဋ္ဌာနမှ  ရင်ဖွင်.တင်ပြလိုက်ရပါသည်။

                             ထန်းကုန်းကျေးရွာနေ ကျောင်းသားမိဘတစ်ဦး

ကိုယ်ကြိုက်တဲ့ သီချင်းတွေ အတွက် ဂီတာကော့ auto ရှာပေးမယ့် software

Automatic Guitar Chord Finder Software, DMM, Digital Music Mentor

ကဲ ဒီတစ်ခါပေးတာကတော့ လန်းတယ်နော် ဂီတာ ကော့တွေကို auto ရှာပေးမယ့်ဆော့ဝဲလ်လေးပါ ကိုယ်က ကိုယ်လိုချင်တဲ့ သီချင်းကို ပြပေးလိုက်ရုံပါပဲ....ကီးတွေပါ တစ်ခါတည်းရှာပေးပါလိမ့်မယ် တီးချင်သလောက်တီး ဂီတ သမားတွေ စလေ့လာနေသူတွေကိုပြောတာပါ.... သီချင်းစာအုပ်ဝယ်ဖို့မလိုတော့ဘူးနော် Full version ပါ........

DMM (Digital Music Mentor) is a software that can find guitar chord in a song (.Mp3, .Wav, .CDA, .Wma, etc.) automatically. To try it, you can click File -> New File, then click Load and select the songs you want on the analysis of the key, and click analyze.

Activation Method:

  • Download and install its software.
  • Finished installing, close the application, do not run first.
  • Right-click the "DMM Sienzo v2.5 by Orthodox.exe" then Run As Administrator.
  • Click On It, wait until the success message.
  • Done.

                                                  DownLoad Herehttp://all-share-team.blogspot.com/2013/05/auto-software.html

ဆက်သွယ်ရေး ကုမ္ပဏီများရဲ့ အတွင်းရေး

မေ ၁ ။

မြန်မာ တယ်လီကွန်း ကဏ္ဍ အတွက် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း (Service Provider)
ရွေးချယ်ရာတွင် အကျိုး စီးပွားဆိုင်ရာ ပတ်သက်မှုများ (Conflict of Interest) ရှိလာခဲ့သည်ဟု ဆိုကာ
အွန်လိုင်း မီဒီယာပေါ်မှာရော သတင်းစာ၊ ဂျာနယ်များ တွင်ပါ ရေးသား ဖော်ပြဝေဖန် နေကြ တာကို တွေ့ရပါတယ်။

ရေးသား ဖော်ပြထား တာတွေက မှားတယ်လို့ မဆိုသာပါဘူး။ သို့သော် သိပ်မပြည်စုံ သလိုပဲ။
ကိုယ်တွယ်ချင်တဲ့ သူကို တွယ်၊ ကိုယ်ချန်ခဲ့ချင်သူကို ချန်ထားခဲ့သလိုပဲ ခံစားရပါတယ်။

ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း လိုင်စင်နှစ်ခု အတွက် လျှောက်ထားတဲ့ ကုမ္ပဏီများထဲက ပဏာမ ရွေးချယ်ထားတဲ့ ကုမ္ပဏီ ၁၂ခုရှိပါတယ်။ ဧပြီလ ၁၁ ရက်နေ့က ဆက်သွယ်ရေးနှင့်
သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာနက အောက်ပါအတိုင်း တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။

1. Airtel Consortium
2. Axiata Group Berhad
3. Digicel
4. France Telecom-Orange + Marubeni
5. KDDI Corporation + Sumitomo Corporation + Myanmar Information and
Communication
Technology Development Corporation ( MICTDC) + A1 Construction
6. Milicom International Cellular S. A.
7. MTN Consortium ( MTN Dubai + M1 Telecom + Amara Communications )
8. Qatar Telecom (Qtel) Q.S.C (“Ooredoo”)
9. Singapore Telecommunications ( Singtel) + KBZ + Myanmar Telephone
Company Limited ( M
Tel )
10. Tenenor Mobile Communications AS
11. Viettel Group
12. Vodafone + China Mobile

ကုမ္ပဏီ ၁၂ ခုထဲမှာ ပြည်ပကုမ္ပဏီသီးခြား လျှောက်တာက ၇ ခု၊ ပြည်ပကုမ္ပဏီ အချင်းချင်း ပေါင်းတာ ၂ ခု၊ ပြည်တွင်းပြည်ပ ကုမ္ပဏီများ ပူးပေါင်းထားတာ ၃ ခုရှိပါတယ်။

မြန်မာကုမ္ပဏီများ တရားဝင်ပူးပေါင်းထားတဲ့ အုပ်စုတွေကတော့ KDDI Corporation + Sumitomo Corporation + MICTDC + A1 Construction, MTN+ Amara Construction နဲ့ Singapore Telecommunications ( SingTel) + KBZ + Myanmar Telephone Co. Ltd. ( M Tel ) တို့ ဖြစ်ပါတယ်။

KDDI Corporation + Sumitomo Corporation တို့နှင့် ပူးပေါင်းထားတဲ့ MICTDC ကုမ္ပဏီမှာ
ရွှေသံလွင်၊ KMD နဲ့ ရတနာပုံတယ်လီပို့တို့ ပါဝင်ပါတယ်။ ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်းထားတဲ့ မြန်မာကုမ္ပဏီများဟာ အစိုးရနဲ့ နီးစပ်ပြီး မြန်မာနိုင်ငံမှာ လုပ်ငန်းစုံ လုပ်ကိုင်နေသော၊ လုပ်ကိုင်ခဲ့သော စီးပွားရေး လက်ဝါးကြီးအုပ်ကုမ္ပဏီကြီးများပဲ ဖြစ်ပါတယ်။

ရွှေသံလွင်ကုမ္ပဏီ လုပ်ငန်းရှင် ဦးကျော်ဝင်းဆိုလျှင် နိုင်ငံတော်သမ္မတ၊ ဒုသမ္မတတို့ရဲ့ ခရီးစဉ်တွေမှာ
လိုက်ပါခွင့်ရသည်အထိ နီးစပ်သူဖြစ်ပါတယ်။ ဒီလို ခရီးစဉ်များမှာပင် SkyNet ရုပ်သံကို လှုဒါန်းခြင်းဖြင့် ၄င်းရဲ့ ရုပ်သံလိုင်းကို ကြော်ငြာခွင့် ရခဲ့သူ ဖြစ်ပါတယ်။

ထို့အတူ KMD ကုမ္ပဏီဟာ ယခုလက်ရှိ ဆက်သွယ်ရေးနှင့် နည်းပညာအချက်အလက် ဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးသောင်းတင် ပိုင်ဆိုင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။

အာဖရိကနိုင်ငံက MTN ကုမ္ပဏီနှင့် ပူးပေါင်းထားတဲ့ Amara Communiction က ယခင် စက်မှု ၁
ဝန်ကြီးဟောင်း ဦးအောင်သောင်းရဲ့ သား ဦးနေအောင် ပိုင်ဆိုင်သည့် IGE ကုမ္ပဏီ အုပ်စုက
ကုမ္ပဏီခွဲတစ်ခုသာ ဖြစ်ပါတယ်။ ဦးနေအောင်ဆိုလျှင်လည်း အရင်စစ်အစိုးရလက်ထက်ကပင် လုပ်ငန်းပေါင်းစုံ ရယူလုပ်ကိုင်ခဲ့သူ ဖြစ်သလို ယခုအခါမှာလည်း သမ္မတ၊ ဒုသမ္မတခရီးစဉ်များမှာလည်း
ပါဝင်လိုက်ပါလျက်ရှိပါတယ်။

အထက်ပါ မြန်မာ ကုမ္ပဏီများနှင့် ပုဂ္ဂိုလ်ရေး အခြေအနေများကို ဧပြီလ ၂၄ ရက်မှာ ထွက်ရှိတဲ့ No. 28 Vol 8 Weekly Eleven ဂျာနယ်မှာ ရေးသား ဖော်ပြထားတာ တွေ့ရပါတယ်။

သို့သော် နောက်ထပ် ပြည်ပကုမဏီတစ်ခုဖြစ်တဲ့ SingTel နဲ့ ပူးပေါင်းထားတဲ့ မြန်မာကုမ္ပဏီ KBZ နဲ့
Myanmar Telecophone Co. Ltd. ( M Tel ) တို့ရဲ့ အခြေအနေတွေ မပါဝင်တော့ ဖတ်ရတာ ခံတွင်း သိပ်မတွေ့သလို ဖြစ်ရပါတယ်။

အသေးစိပ် အခြေအနေနဲ့ ခရေစေ့တွင်းကျပြောပြလျှင် ပုဂ္ဂိုလ်ရေး သိပ်ဆန်သွားမှာစိုးလို့ အကျယ်ချဲ့ ပြီး မပြောလိုတော့ပါ။ KBZ ကုမ္ပဏီဟာ ဆရာကျောင်းလို့ ခေါ်ကြတဲ့ ဦးအောင်ကိုဝင်း ပိုင်ဆိုင်တဲ့
ကုမ္ပဏီဖြစ်ပါတယ်။ ၄င်းဟာ ကမ္ဘောဇဘဏ်၊ ကမ္ဘောဇလေကြောင်းလိုင်းများ အပါအဝင် လုပ်ငန်းပေါင်း မြောက်မြားစွာ လုပ်ကိုင်ပါတယ်။ ယခင် စစ်အစိုးရလက်ထက် ဒုတိယဥက္ကဌ ဒုတိယ ဗိုလ်ချုပ်မှုးကြီး မောင်အေးနှင့် ရင်းနှီးသူ ဖြစ်ပါတယ်။ ဦးမောင်အေး ဗိုလ်ချုပ်အဆင့်ဖြင့် စစ်တိုင်းမှုးဘဝနဲ့ တောင်ကြီးမှာ တာဝန်ကျစဉ်က သာမာန်မျှသာဖြစ်တဲ့ ဦးအောင်ကိုဝင်းဟာ န.ဝ.တ လက်ထက်မှာ ရှမ်းပြည်နယ် မိုင်းရှုးကျောက်ကွက်များတွင် ဦးမောင်အေးရဲ့ ပံ့ပိုးစောင်မမှုကနေ ကြွယ်ဝချမ်းသာလာခြင်းဖြစ်ပါတယ်။ ထိုမှတစ်ဆင့် န.ဝ.တ ဒုတိယဥက္ကဌ ရာထူးဖြင့် ဦးမောင်အေး ရင်းနှီးမြုပ်နှံမှု ကော်မရှင်ကို ကိုင်တွယ်လာခဲ့တဲ့အခါမှာ သွင်းကုန်ပါမစ်များ မြောက်မြားစွာ ရရှိခဲ့သလို လုပ်ငန်းပေါင်းစုံ လုပ်ကိုင်ရာမှ ယခုကဲ့သို့ အရှိန်အဝါကြီးသော ကုမ္ပဏီပေါင်းများစွာကို ပိုင်ဆိုင်လာခဲ့တာပဲ ဖြစ်ပါတယ်။ ယခုအချိန်ထိလည်း လက်ရှိအစိုးရနှင့် အဆင်ပြေ ပလဲနံပသင့်သူဖြစ်ပါတယ်။

Myanmar Telephone Co. Ltd. ကတော့ ဦးမိုးကျော်သောင်းနဲ့ သားဖြစ်သူ Jonathan သောင်းတို့
ပိုင်ဆိုင်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဦးမိုးကျော်သောင်းကိုတော့ မြန်မာ့စီးပွားရေး လောကမှာ မသိသူ
မရှိသလောက်ပါဘဲ။ မဆလလက်ထက်မှာကတည်းက အစိုးရရဲ့ ဝယ်ယူရေး လုပ်ငန်းတွေမှာ ပြည်ပကို ချိတ်ဆက်ပြီး ပွဲခယူတဲ့ ပွဲစားအလုပ်ကို လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ န.ဝ.တ လက်ထက်မှာ
ဈေးကွက်စီးပွားရေးစနစ် မပီပြင်သေးသလို ကျွမ်းကျင်ခြင်းမရှိသေးတဲ့ ဝန်ကြီးဌာနတွေကို လာဘ်ပေးပြီး ပို့ကုန်၊ သွင်းကုန်များကို လက်ဝါးကြီးအုပ် လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်ကာလ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် ကုန်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်မှာ ဝန်ကြီးနဲ့ ပလဲနံပသင့် ပူးပေါင်းခဲ့ပြီး ဝန်ကြီးမှာ ပြဿနာတက် အငြိမ်းစားပေးခံခဲ့ရပြီး သူကတော့ တိန်တိန်မြည်
ကျန်နေခဲ့တဲ့သူ ဖြစ်ပါတယ်။ ထိုစဉ်က စီးပွားရေးသမားမျာကို အရေးမယူဘဲ ဝန်ကြီးတွေကိုသာ
အငြိမ်းစားပေးလေ့ရှိပါတယ်။။ ယခုအခါမှာ Jonathan ကတော့ KBZ ကုမ္ပဏီက ပြည်ပနဲ့ ချိတ်ဆက်တဲ့ လုပ်ငန်းတွေမှာ အကူအညီပေး ပွဲခယူနေသူဖြစ်ပါတယ်။ KBZ Air ရဲ့ ပြည်ပမှ ဝယ်သော လေယာဉ်များ အားလုံးကို Jonathan ရဲ့ ချိတ်ဆက်ပေးမှုဖြင့် ဝယ်ယူပေးထားခြင်းဖြစ်ပါတယ်။ Jonathan ပြည်ပမှ ချိတ်ဆက်ရှာဖွေ ပြည်တွင်းမှာ KBZ က ဖြေရှင်းဆိုတဲ့ ပုံစံဖြင့် လုပ်ကိုင်နေခြင်းဖြစ်တယ်။ ယခုအချိန်အထိပင် ဦးမိုးကျော်သောင်းဟာ ဝန်ကြီးဌာနလုပ်ငန်း ပရောဂျက်တွေကို ရရှိလိုသူများထံမှ အခကြေးငွေယူပြီး ချိတ်ဆက်ပေးနေဆဲ ဖြစ်ပါတယ်။

ပြည်ပကုမ္ပဏီများအဖြစ် သီးခြားလျှောက်ထားတဲ့ ကုမ္ပဏီတွေထဲမှာလည်း အစိုးရနဲ့ ရင်းနှီးဝင်ဆန့်တဲ့ ကုမ္ပဏီတွေလည်း ပါဝင်လျက်ရှိပါတယ်။ Digicel ဆိုရင် ပြည်ပကုမ္ပဏီတစ်ခုအဖြစ် တင်ဒါဝင်ပြိုင်ခဲ့ပေမယ့် ၄င်းရဲ့ နောက်မှာ ပူးပေါင်းထားတာကတော့ Quantum Strategic Partners Ltd. နဲ့ Yoma Strategic Holdings အုပ်စုတို့ ပါဝင်ပါတယ်။ Quantum Strategic Partners Ltd. ကတော့ George Soros ရဲ့ ကုမ္ပဏီပါ။ Yoma Strategic Holdings ကတော့ Serge Pun ခေါ် ဦးသိမ်းဝေပိုင်ဆိုင်တဲ့ ကုမဏီပါ။ Serge Pun ဟာ အရင်စစ်အစိုးးရ လက်ထက်မှာ စီးပွားရေး လုပ်ငန်းရှင်များ၊
စီးပွားရေး ပညာရှင်များ၊ ကုန်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူအချို့၊ စစ်ထောက်လှမ်းရေးမှ ပုဂ္ဂိုလ်အချို့တို့နဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ Tuesday Club မှာ ဦးဆောင်ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ပန်းလှိုင်အိမ်ယာနဲ့ ပန်လှိုင်ဂေါက်ကွင်း တည်ဆောက်ခဲ့တဲ့ သူဖြစ်ပြီး ပြည်တွင်းမှာ စီးပွားရေး အရှုပ်အရှင်း များစွာရှိတဲ့သူပါ။

Telenor Mobile Communications AS ကုမ္ပဏီဟာ နော်ဝေ ကုမ္ပဏီဖြစ်ပါတယ်။ နော်ဝေအစိုးရက
တဆင့် လက်ရှိ အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်မှ ပုဂ္ဂိုလ်များနှင့် များစွာ
ရင်းနှီးမှုရှိပါတယ်။ ပုဂ္ဂိုလ်ရေး ရေးသား ဖော်ပြတဲ့သဘော ဆန်ကောင်းဆန်သွားမှာဖြစ်သော်လည်း အဓိကမှာ ယခု ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းတွင် ပမာဏရွေးချယ်ထားတဲ့ ကုမ္ပဏီများဟာ ပိန်မသာ လိန်မသာ အတူတူနဲ့ အနူနူချည်းများသာဖြစ်တယ် ဆိုတဲ့အကြောင်း စီးပွားရေး လုပ်ငန်းရှင်များ အသိုင်းအဝိုင်းတွင် ဝေဖန်လျက်ရှိပါတယ်။

ပြည်ပကုမ္ပဏီချည်း သက်သက်တွေကိုသာ တင်ဒါပေးလိုက်မယ်ဆိုရင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို ပြည်ပက လက်ဝါးကြီး အုပ်သွားမှာ ဖြစ်သလို နည်းပညာနဲ့ ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ များများစားစား ရနိုင်မှာမဟုတ်တဲ့အတွက် မြန်မာနဲ့ ဖက်စပ်ကုမ္ပဏီများ ထဲကသာ ရွေးချယ်သင့်တယ်လို့လည်း အသံများ ထွက်ပေါ်နေပါတယ်။

သို့အတွက် အဓိက အရေးကြီးသည်မှာ တင်ဒါစနစ်ကို မှန်မှန်ကန်ကန်နဲ့ ပွင့်လင်းမြင်သာမှုရှိစွာ
ဆုံးဖြတ်သွားဖို့ လိုပါတယ်။ ယခုအထိ ကြားသိရတာ ဝန်ကြီးဌာနဟာ တင်ဒါကော်မတီကို သေချာစွာ
ဖွဲ့စည်းထားပြီး နည်းပညာအားသာမှု၊ ငွေကြေး တောင့်တင်းမှု၊ မြန်မာနိုင်ငံ အခြေအနေနှင့် ကိုက်ညီမှုများနဲ့ တိုင်းတာပြီး ရွေးချယ်သွားမည်လို့ သိရလို့ အဲဒီအတိုင်းပဲ တိတိကျကျနဲ့ တိုင်းပြည်အကျိုး တစ်ခုတည်းကိုသာ စဉ်းစားပြီး အမှန်တကယ် နိုင်ငံမှ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း
ဥပဒေများကို လိုက်နာမယ့် ကုမ္ပဏီများကိုသာ ရွေးချယ်သွားမယ်လို့ မျှော်လင့်ရပါတယ်။

Myanmar News Now

သံလွင်အရှေ့ခြမ်းသို့ တိုက်ပွဲပျံ့လာမည်ကို UWSA မလိုလား - စစ်ရေးအသင့်ပြင်နေ

သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော်နှင့်မြန်မာအစိုးရစစ်တပ်တို့အင်အားအပြိုင်တိုးချမှုကြောင့် တိုက်ပွဲများ သံလွင်အရှေ့ခြမ်းသို့ပျံ့နှံ့ လာမည့်အရေး ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှ စိုးရိမ်သဖြင့် ၎င်းတို့ဘက်မှလည်း အင်အားဖြည့်တင်း အသင့်ပြင် ဆင်ထားကြောင်း သျှမ်းပြည်မြောက်ပိုင်းသတင်းရပ်ကွက်ကဆိုပါသည်။

“အစိုးရက ပစ်မှတ်ထားတဲ့ သျှမ်းပြည်တပ်မတော်ရဲ့ လွယ်ခေါက်၊ လွယ်စေး၊ လွယ်ချို၊ လွယ်လန်းဘက်ကို အင်အားတွေ တိုး ချလာတယ်။ သျှမ်းပြည်တပ်မတော်ဘက်ကလဲ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ အင်အားတွေတိုးဖြည့်ထားတယ်။ နှစ်ဘက်တင်း မာနေတဲ့အခြေအနေမှာ UWSA ဘက်ကလဲ သူတို့ဘက်ကို တိုက်ပွဲပျံ့သွားမှာစိုးလို့ထင်တယ်။ အသင့်ပြင်နေတယ် ” ဟု သျှမ်းပြည်တပ်မတော် အရာရှိတဦးကပြောသည်။

ဗိုလ်ချုပ်ပန်ဖှဦးဆောင်သော SSPP/SSA က အဆိုပါတောင်ကုန်းများအားလက်လွတ်ရပါက ဝ တပ်ဖွဲ့ အနေဖြင့်လည်း လွယ်စေးတောင်အား မြန်မာ့တပ်မတော်လက်ထဲသို့မကျရောက်စေလိုခြင်းဖြစ်ကြောင်း၊ မြောက်ပိုင်း၌ တပ်အင်အား အသင့်ချထားသကဲ့သို့ တောင်ပိုင်း၌လည်း အားမလျော့စေဘဲ စစ်အင်အားအသင့်ပြင်ထားကြောင်း နီးစပ်သည့် သျှမ်းပြည်တပ်မတော် အရာရှိကဆက်လက် ပြောပြသည်။

“လွယ်စေးတောင်ကနေကြည့်ရင် ပန်ဆန်းမြို့ထဲကိုကောင်းကောင်းတွေ့ရတယ်လေ။ ဒီတောင်ဟာ ပန်ဆန်းမြို့ကိုဝင်ဖို့ အဓိက တံခါးတချပ်လို့တောင်ပြောလို့ရတယ်။ ဒါကြောင့်ဒီတောင်ကို မြန်မာစစ်တပ်က အခြေကုပ်ရယူနိုင်ရင် ဝ တပ်ဖွဲ့ အတွက် အခွင့်မသာတော့ဘူးလေ။ အရင်အပတ်ကလဲ မြန်မာစစ်တပ်ဘက်က တင့်ကားတွေ၊ သံချပ်ကာကားတွေ၊ လက်နက်ကြီးတွေ ပို့ဆောင်ထားလို့ ၀ အနေနဲ့လဲ စိတ်မချနိုင်တော့ဘူးလေ” ဟု ဆိုပါသည်။

“သင်္ကြန်တုန်းကလဲ ဘယ်တပ်ဖွဲ့ ထောင်ထားတဲ့ မိုင်းလဲ မသိဘူး၊ ကျမတို့ မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲက ဝ တပ် ဘက်အသွားလမ်းမှာဘဲ။ လားဟူအမျိုးသား နှစ်ဦးစီးလာတဲ့ဆိုင်က တက်နင်းမိလို့ ပေါက်ကွဲတာ။ နှစ်ယောက်စလုံးပွဲ ချင်းပြီးဘဲ။ ကိုယ်ခန္ဓာတွေ အပိုင်းပိုင်းဖြစ်သွားတယ်။ ဆိုင်ကယ်လဲ မီးလောင်လွှင့်စင်သွားတယ်” - ဟု ပုံပါကျင် ဒေသခံ ဝန်ထမ်း တဦးက ပြောသည်။

သျှမ်းပြည်နယ် သံလွင်အရှေ့ခြမ်း ထိုင်းနယ်စပ်အခြေစိုက် တောင်ပိုင်း ၀ တပ်ဖွဲ့လည်း မြောက်ပိုင်းစစ်ရေးတင်းမာမှု ကြောင့် ၎င်းတို့တပ်ဖွဲ့အား မြန်မာစစ်တပ်မှ အကြပ်ကိုင်ဖိအားပေးမှုမပြုလုပ်နိုင်ရန် စစ်ရေးအပြင် လုံခြုံရေးပါတိုးမြှင့် ထားကြောင်း၊ ယခင်လူထုဖြတ်သန်းသွားလာသည့် ဝ တပ်ဖွဲ့ ထိန်းချုပ်(ဒေသခံများအားသွားလာခွင့်ပြုထားသည့် တရားမဝင်နယ်ခြားဂိတ်) နယ်ခြားဂိတ်တွင်လည်း ပိတ်ပင်ထားကြောင်း၊ ထိုင်းဘက်ခြမ်းစားသုံးကုန်အားကိုးနေရသည့် မိုင်းတုံမြို့နယ် ဒေသခံများအတွက် အခက်အခဲဖြစ်နေကြောင်း- ပုံပါကျင် ဒေသခံ အိုက်ဆွယ့်က ပြောပါသည်။

လက်ရှိတွင် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် နှင့် သျှမ်းပြည်မြောက်ပိုင်းတန့်ယန်းမြို့နယ်ကြားဒေသအတွင်း အစိုးရ တပ်နှင့် သျှမ်းပြည် တပ်မတော် SSPP/SSA တို့ အင်အား ၅၀၀၀ ထပ်မနည်း အပြိုင်တိုးချကာ စစ်ရေးတင်းမာနေသဖြင့် ဝပြည်သွေး စည်းညီညွတ်ရေးတပ်မတော်က ထိုသို့စိုးရိမ်နေ ခြင်းဖြစ်ပါသည်။

Phone ထဲမှာ Call List နဲ့ SMS တွေကို ကိုယ်ကလွဲပြီး သူများတွေ မမြင်နိုင် အောင်လုပ်ထားကြမယ် ( SPC for Android ) ...

ကျွန်တော်တို့တွေ Android ဖုန်းအသုံးများကြပါတယ်။ ဖုန်းသုံးတော့လည်း တချို့ Call List တွေ၊ SMS တွေကို ကိုယ်ကိုတိုင်ကလွဲပြီး တခြားသူတွေကို မသိစေချင်ကြပါဘူး။                              
 ဖုန်းကိုလဲ လွတ်လွတ်လပ်လပ် ဟိုနားဒီနားချထားမိတတ်ပါတယ်။ ဒီမှာ SMS ၀င်လာ၊ Call ၀င်လာတာတွေကို မသိလိုက်တာရှိဘူးမှာပါ။

ဖုန်းကိုရေချိုးခန်း/အိမ်သာ အမြဲယူသွားလို့လည်း မဖြစ်ဖူးမဟုတ်လား။ ဒီမှာ သူငယ်ချင်းတွေ/ မိသားစုဝင်တွေက ယူကိုင်၊ ဟိုဖွင့်ဒီဖွင့်လုပ်၊ မသိစေချင်တာလေးတွေမြင်/တွေ့။ Privacy ကျတာပေါ့ဗျာ။ ယူကိုင်တာလေးကို အပြစ်ပြောရမှာလည်းခက်။ ဒီတော့ ကိုယ်မသိစေချင်တဲ့ ဖုန်းနံပတ်ရဲ့ Call List, SMS တွေကို Password နဲ့သီးခြားသိမ်းထားပေးမဲ့၊ မလာစေချင်တဲ့ Call, SMS တွေကိုတားထားပေးမဲ့ Software လေးတော့လိုတာပေါ့။
    
         အခုတင်ပေးတဲ့ SPC (Super Private Conversation) လေးကို သုံးကြည့်ပါ။ 2.5 MB လောက်ရှိပါတယ်။ Apk ကိုဖုန်းမှာသွင်း၊ သူ့ကိုဖွင့် Setting ၀င်၊ Password ပေး၊ Private Conversation မှာ ကိုယ်ကိုတိုင်ပဲသိစေချင်တဲ့ ဖုန်းနံပါတ်ကိုထည့်၊ မလာစေချင်တဲ့ ဖုန်းကိုတော့ Blacklist မှာထည့်၊ ဒါဆိုရပါပြီ။ မလာစေချင်တဲ့ ဖုန်းဝင်လာရင်၊ စာပို့ရင် သူကတားထားမယ်၊ ကိုယ်ကိုတိုင်ပဲ သိချင်တဲ့ဖုန်းက၀င်လာရင်၊ စာပို့ရင်သူထဲ့မှာပဲဝင်နေမယ်။ ပုံမှန် Call List, SMS မှာမရှိတော့ဘူး။ ကြည့်ချင်ရင် Password နဲ့ဖွင့်ပြီးဝင်မှရမယ်။ ဒါဆိုအဆင်ပြေမယ်ထင်ပါတယ်။ သုံးကြည့်ပါ။

DOWNLOAD>>>>>http://www.mediafire.com/?hjdpjd5n72m3xd7 

   ဆော့ဝဲလ်မြို့တော်မှ မျှဝေပါသည်....

Wednesday, May 1, 2013

အပ်နဲ့ထွင်းရမယ့် ဟာကို ပုဆိန်နဲ့ ပေါက်နေရပြီး

============================

ဥက္ကံဖြစ်စဉ်က ရှင်းရှင်းပြောရရင် အစ္စလာမ်ဘာသာဝင်မိန်းခလေးရဲ့ အပြောဆို မယဉ်ကျေးမှုကြောင့် လူ့ကျင့်ဝတ်ဆိုတာမသိ လူမှုရေးဆိုတာ
နာမလည်လို့ အခုလို ပြဿနာအကြီးကျယ်ဖြစ်သွားရတာ....။

အခုဖြစ်စဉ်ကို လူမှုရေးရှုထောင့်ကပဲ ကြည့်အုန် တော်တော်ကို တရားလွန်နေပြီးလေး.. ကိုယ့်ကမှားနေတာကို.. နောက်ပြီး ကိုယ့်ကစက်ဘီးနဲ့တိုတ်လိုက်တဲ့ ကိုရင်ဆိုတာ ဗုဒ္ဓဘာသာဝင်တွေ အလေးအမြတ်ထားကြတဲ့ ဘုရားသားတော်တစ်ပါးပဲ။
နောက်ဆုံးဗျာ သူ့မှာမောင်ရှိမယ်ဆို သူ့ရဲ့မောင်အရွယ်လေးပဲရှိမယ်..အဲဒီကိုရင်းလေးနေရာမှာ သူ့ရဲ့မောင်လေးတစ်ယောက်လိုသဘောထားပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့မယ်ဆိုရင်။

ဘယ်လိုပဲဖြစ်ဖြစ် လူမှုရေးအရတော့ ကောင်းကောင်းမွန်မွန်ပြေပြေလည်လည်ဆက်ဆံရမှာ..
အခုဖြစ်ရပ်အစကို ဘယ်အသိုင်ဝိုင်မှ လက်ခံမှာမဟုတ်ဘူး... အစ္စလာမ်တွေပြောနေတဲ့ သူတို့ဘာသာဆိုတာ အေးချမ်းပါတယ်။သူတို့ဘာသာဝင်တွေဟာ မရိုင်းစိုင်ပါဘူးဆိုတာ ပုံပြင်တွေဖြစ်နေပြီး

ကိုယ်စက်ဘီးနဲ့တိုတ်မိတယ် အဲဒီတော့ ကိုယ်မှားသွားပြီး..အဲဒီတော့ လူမှုရေးအရတော့ ကောင်းကောင်းမွန်မွန်မေးမြန်ပြီး လုပ်ပေးသင့်တာ လုပ်ပေးရတော့မယ်လေး..။
တကယ်ဖြစ်သင့်တာက ကိုရင်လေးကို တိုတ်မိတယ် ...အဲဒီတော့ အရှင်ဘုရားတွေဘာတွေ မခေါ်ပါနဲ့
မူဆလင်ဆိုတော့ နာလည်ပေးမယ် ကိုရင်းလေးလောက်ခေါ်တယ်ဆို ဖြစ်ပါတယ်။
ဥပမာ. ကိုရင်း ဘယ်နာ နားသွားလည် ဘာဖြစ်သွားလည်ပေါ့ ကျွန်မလည်မတော်လို့ဖြစ် သွာားတာပါ။

သပိတ်ကွဲးသွားတယ်ဆိုလည် ကျွန်မသပိတ်ပြန်ဝယ်ပေးမယ်။ ဒါမှမဟုတ်လည် သပိတ်ဘယ်လောက်ပေးရလည်ပေါ့ ကျွန်မကြောင့်ဖြစ်တာ ကျွန်မအလျော်ပေးပါမယ် နောက်ပြီး စက်ဘီးနဲ့တိုတ်မိတယ်ဆိုတော့ ဘယ်များနာသွားသလည်ပေါ့ ဆေးခန်းပြသင့်လည် ပြရအောင်လို့
အဲသလိုလိုပြောဆိုဆက်ဆံမယ်ဆို ပက်ဝန်းကျင်လည် ကြားကောင်းမယ်။

နောက်ဆုံးဗျာ.. သူမအနေနဲ့ အဲသလိုလူမှုရေးအရ ပြေပြေလည်လည်ဆက်ဆံခဲ့မယ်ဆို အလျော်တောင်ပေးရမယ်မထင်ဘူး အခုလောက်ထိ ပြဿနာကြီးလာမှာမဟုတ်ဘူး။

အခုတော့ အဲသလိုတွေမဟုတ်ပဲ ကိုရင်းလေး သူကဝင်တိုတ်တယ် တိုတ်လိုက်လို့ သပိတ်ကွဲးသွားတယ် ဒါကိုအထက်စီးကနေနင့်သပိတ်ဖိုးက ငါ့ဖိနပ်တစ်ရံဖိုးတောင် မရှိဘူးဆိုတော့ ဘေးကဗုဒ္ဓဘာသာဝင်တွေက ဘယ်သည်းခံမလည်.။ သပိတ်တစ်လုံး တန်းဖိုးဆိုတာဘယ်လောက်မှမရှိသောလည်ဗုဒ္ဓဘာသာဝင်တွေ တန်းဖိုးထားတဲ့ပက္ခရာရှစ်ပါးမှာပါတဲ့ ပစ္စည်းလည်းဖြစ်သလို သံဃာတော်တွေရဲ့ အသုံးဆောင်ဖြစ်တဲ့ ပစ္စည်းကို ဖိနပ်နဲ့နှိုင်းပြောတော့ ဘယ်သူကသည်းခံတော့မလည်..။

အစ္စလာမ်ဘာသာဝင်တွေဆောင်တဲ့ ဦးထုပ်ကို ငါ့ဖိနပ်တရံဖိုးတောင်မရှိဘူးလို့ ပြောမယ်ဆို သူတို့စွေ့စွေ့ခုန်းနေမှာ။။အဲဒီတော့က အခုဖြစ်စဉ်က အစ္စလာမ်ဘာသာဝင်မိန်းခလေးရဲ့ အပြောဆိုရိုင်းစိုင်လို့ ယဉ်ကျေးမှုဆိုတာ နာမလည်လို့ပဲလာတော့မသိဘူး
လူမှုရေးဆိုတာ နာမလည် ရိုင်းစိုင်လို့အခုလိုဖြစ်ရတာ။နောက်ပြီး ပူးပူးနွေးနွေး အသက်14အရွယ်ဗုဒ္ဓဘာသာမိန်းခလေးကို မူဆလင်ကုလား(အသက်28နှစ်)ကဖျားရောင်းခေါ်ဆောင်သွားပြီး အဓမ္မပေါင်းသင်နေတာကိုပါ မကျေမနပ်ဖြစ်နေတာလည်
ရှိတော့အားလုံးပေါက်ကွဲးသွားရတာပါ။

သီတဂူဆရာတော်မိန့်ကြားသလိုပဲ အစ္စလာမ်ဘာသာဝင်အနေနဲ့ ဒေသခံဗုဒ္ဓဘာသာဝင်တွေနဲ့ သင့်မြတ်အောင် ဆက်ဆံရေးအဆင်ပြေအောင် အပြောဆို အပြုမှုတွေကို ပြင်ဆင်သင့်ပါပြီး။
အဲသလိုမဟုတ်ဘူးဆိုရင်တော့ ဒီလိုပဲ ပဋိပက္ခတွေဖြစ်နေရမယ် အဲသလိုဖြစ်မယ်ဆို တိုင်းပြည်အတွက် အမတန်နစ်နာပါတယ်...

အဲဒီတော့ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ အပြောဆို အပြုအမှုတွေကို ပြင်ဆင်ကြပါ။