This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Monday, February 4, 2013
မြန်မာတွေအားလုံး ဂုဏ်ယူထိုက်သည့် သီရိလင်္ကာနိုင်ငံ၏ ဘာသာရေးဆောင်ရွက်မှု့
သီရိလင်္ကာလို့ခေါ်တဲ့ သီဟိုဠ်နိုင်ငံမှာ ယနေ့ဗုဒ္ဓဘာသာအခြေအနေဘယ်လိုရှိလဲ။
သီဟိုဠ်နိုင်ငံမှာ ဘာသာရေးပွဲတွေ အထူးသဖြင့် Vesak Festival လို့ခေါ်တဲ့ကဆုန်လပြည့် ဗုဒ္ဓနေ့ ပွဲတော်အခန်းအနားတွေမှာလူကြီး၊လူငယ်၊လူရွယ်၊လူလတ်အကုန်လုံးပါဝင်ဆင်နွှဲကြတာကို တွေ့ခဲ့ဘူးပါတယ်။
သီဟိုဠ်ဘုန်းကြီးကျောင်းတွေမှာ ၁၀-နှစ်၊ ၁၂-နှစ်အရွယ်ကလေးငယ်လေတွေရဲ့ ဗုဒ္ဓ၀င်ပန်းချီပြိုင်ပွဲ၊
ပြပွဲလေးတွေကို တခုတ်တရ ကျင်းပပေးပါတယ်။(ဒီ တခုတ်တရဆိုတဲ့ စကားအဓိပ္ပါယ်အပြည့်အ၀မသိသေး၊ သူများသုံးတာတွေ့လို့ သုံးလိုက်တာ)ဘုန်းကြီးများက ပြိုင်ပွဲဝင်ကလေးတွေကို အမှတ်တရပစ္စည်းလေးတွေ လက်ဆောင်ပေးပါတယ်။မြန်မာပြည်က အောင်ခြင်းရှစ်ပါးလိုဗုဒ္ဓဘာသာဇာတ်လမ်းနဲ့သက်ဆိုင်တဲ့ ကလေးတွေရေးဆွဲထားတဲ့ ပန်းချီကားလေးတွေကိုမိဘတွေ မိဘသူငယ်ချင်းတွေ ရပ်ကွက် လူကြီးလူငယ်တွေတငေးတမော လာရောက်ကြည့်ရှုခံစားအားပေးကြပါတယ်။ အတော်ကြည်နူးစရာပါ။
ဒီလို ၁၀-နှစ်၊ ၁၂-နှစ်အရွယ်ကလေးငယ်က ဘာလို့ ဗုဒ္ဓ၀င်တွေကို သိပြီး ပန်းချီရေးဆွဲနိုင် ရတာလဲ။ နောက်အံ့သြဖွယ်တစ်ခု ကြုံခဲ့ရပါသေးတယ်။အင်္ဂလိပ်စာတိုးတက်ဖို့အတွက် သီဟိုဠ်၊ ကိုလံဘိုမြို့မှာရှိတဲ့အင်္ဂလိပ်စာအလေးပေးသင်ပေးတဲ့ကောလိပ်တစ်ခုတက်ဖြစ်ပါတယ်။ အသက်၁၈နှစ်ဝန်းကျင်လူငယ်လေးတွေနဲ့အတူတက်ရပါတယ်။အဲ့ကောလိပ်မှာ နိုင်ငံခြားသားဦးဇင်းတွေလဲ တက်ကြပါတယ်။အဲတုန်းက ကမ္ဗောဒီးယားနိုင်ငံက ဦးဇင်းလေးတစ်ပါးနဲ့ စာသင်ခန်း တစ်ခန်းထဲမှာ အတူသင်ရတယ်။ အဲ့ဒီဦးဇင်းလေးက အတော်အနောက်သန်တာပဲ။
တစ်နေ့အတန်းဖော်ကောင်လေးတစ်ယောက်ကို သူပြောတယ်။မင်းတို့နိုင်ငံက ကလေးမတွေ အသားမဲလို့ မလှဘူးထင်နေတာ။အင်း၊ တချို့ကလေးမတွေက လှသားပဲ။ ချစ်ဖွယ်ကောင်းသားပဲတဲ့။
သူသုံးနှုန်းတဲ့အင်္ဂလိပ်စကားကကတော့
I thought the girls in your country are not pretty as their complexion is dark;
But some are pretty and lovely လို့ထင်တယ်။ကောင်းကောင်းတော့ မမှတ်မိတော့ပါဘူး။
ကမ္ဗောဒီယားဦးဇင်းကဒီလိုပြောတော့အပြောခံရတဲ့ အတန်းဖော်သီဟိုဠ်ကုလားလေးက
တဏှာယ ဇာယတီ သောကော၊ တဏှာယ ဇာယတီ ဘယံတဏှာယ ၀ိပ္ပမုတ္တဿ၊ နတ္တိ သောကော ကုတော ဘယံဆိုတဲ့ ဓမ္မပဒပါဠိတော်မှာလာတဲ့ ဂါထာလေးတစ်ပုဒ်ကို ရွတ်ဆိုပြတယ်ဗျာ။ ကမ္ဗောဒီးယားဦးဇင်းတောင် မျက်လုံးပြူးသွားတယ်။
ဂါထာရဲ့အဓိပ္ပါယ်က
From craving springs grief, from craving springs fear;
For him who is wholly free from craving
There is no grief, much less fear. တဲ့။
မြန်မာလိုတော့
လိုချင်တတ်မက်တတ်တဲ့တဏှာကြောင့် စိုးရိမ် ကြောက်ရွံ့စိတ်တွေဖြစ်ပေါ်လာတတ်ပြီး
လိုချင်တတ်မက်တတ်တဲ့တဏှာက လွတ်ကင်းအောင် နေထိုင်နိုင်မှသာစိုးရိမ်ကြောက်ရွံ့စိတ်တွေ ကင်းဝေးမှာ။
ဒီနေရာမှာ ပြောချင်တာကသီဟိုဠ်နိုင်ငံက ဆယ်ကျော်သက်တွေ ဘာလို့များ ဘယ်လိုကြောင့်
ဒီလိုပါဠိဂါထာတွေကို သိနေပြီး လိုရင်လိုသလို အသုံးချနိုင်ရတာလဲ။
စုံစမ်းကြည့်တော့ သီဟိုဠ်နိုင်ငံမှာရှိတဲ့
Sunday Dhamma School
(တနင်္ဂနွေနေ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း)ကြောင့်
ဆိုတာ သိလာရတယ်။
သီဟိုဠ်နိုင်ငံမှာ ဗုဒ္ဓဘာသာကျောင်းသူကျောင်းသားတိုင်းတနင်္ဂနွေနေ့မှာ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို တက်ရတယ်။ဒီလိုမျိုးသင်တန်းကို ၁၈၈၁ ခုနစ်ကတည်းက စတင်သင်ကြားပို့ချခဲ့တာတဲ့။
ဆိုတော့ အခု နှစ်ပေါင်း ရာကျော်သွားပြီ။ဒါ့ကြောင့် အခုသီဟိုဠ်နိုင်ငံကို အုပ်ချုပ်နေတဲ့ သမ္မတ၊ ၀န်ကြီး၊ ဗိုလ်ချုပ်ကြီးများဟာSunday Dhamma School ကျောင်းဆင်းတွေချည်းပါဘဲတဲ့။
Sunday Dhamma School ကို စတင်တည်ထောင်သူကတော့အမေရိကန်နိုင်ငံသား သာသနာ့အလံကို တည်ထွင်သူHenry Olcott ဆိုသူဖြစ်ပါတယ်တဲ့။ဗုဒ္ဓ၀င်၊ ရာဇ၀င်၊ ယဉ်ကျေးမှုစတာတွေကို သင်ပေးတာပါ။
နိုင်ငံတော်အစိုးရကိုယ်တိုင်က ပညာရေးစနစ်ကို စနစ်တကျ သတ်မှတ်ပေးပြီးစည်းမျဉ်းဥပဒေနဲ့အညီ ဖွင့်လစ်ပေးထားတာပါ။သင်တန်းနေရာက ဘုန်းကြီးကျောင်းမှာပဲ။
အချို့စွမ်းနိုင်တဲ့ဘုန်းကြီးများကSunday Dhamma School မှာ ကျောင်းအုပ်အဖြစ်တာဝန်ယူပြီး
ဆရာ ဆရာမများနဲ့ ၀ိုင်းဝန်းသင်ကြားပေးပါတယ်။အချို့ဘုန်းကြီးများကတော့ အကူလောက်ပါဘဲ။
ဆရာ၊ ဆရာမတွေက စေတနာ့ဝန်ထမ်းတွေပါ။ဆရာ၊ ဆရာမဖြစ်ဖို့ သင်တန်းတက်ရပါတယ်။
ဆရာဖြစ်သင်တန်းမှာ
၁၊ ကုသိုလ်ကံ အကုသိုလ်ကံ၊ ကံ၏အကျိုးတရားများ
၂။ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ
၃။ ပဋိစ္စသမုပ္ပါဒ်။ သမထ ၀ိပဿနာတို့ဖြစ်ပါတယ်။
Sunday Dhamma School ကျောင်းသူ ကျောင်းသားများလည်း
အစိုးရကျောင်းများမှာ ၅ နှစ်သားအရွယ်က စတင်ပြီး ပညာသင်ယူရသလို
၅ နှစ်သားအရွယ်က စတင်ပညာသင်ယူရပါတယ်။
အစိုးရကျောင်းမှာရှိတဲ့အတန်းလိုပဲ အတန်းများကို ခွဲခြားသတ်မှတ်ထားပါတယ်။
၁။ သူငယ်တန်း
၂။ ၁ တန်းမှ ၁၀ တန်း (Grade 1 to Grade 10)
၃။ နောက်ဆုံးအဆင့် ၁၊ အဆင့် ၂ (Final 1, 2)ဆိုပြီး
အတန်းပေါင်း ၁၃ တန်း (၁၃-နှစ်) သင်ကြားပေးပါတယ်။
ပြဋ္ဌာန်းစာတွေကတော့
ငါးရာ့ငါးဆယ်လာဇာတ်တော်များ၊ ဓမ္မပဒကျမ်းလာ ဘုရားလက်ထက်က အဖြစ်အပျက်များ၊
ဗုဒ္ဓ၀င်ကဗျာများ၊ ပါရမီ ၁၀ပါး၊ ဒါန သီလ စတဲ့ ပုညကိရိယ၀တ္ထု ၁၀ ပါးအကြောင်း၊
ဘုရားဖြစ်တော်စဉ်ဗုဒ္ဓ၀င်၊ ပရိတ်ကြီးပါဠိ အဓိပ္ပါယ်၊ အဘိဓမ္မာသဘောသဘာဝ၊
သုတ္တနိပါတလာ မှတ်သားဖွယ်ရာများ၊ သီဟိုဠ်ဗုဒ္ဓဘာသာသမိုင်း၊ရှေးဟောင်းယဉ်ကျေးမှု ဗိသုကာများအကြောင်း၊ ရှေးဘုရင်တို့၏အောင်ပွဲနှင့် စစ်သူကြီးများ၏အစွမ်းသတ္တိတို့ကို ဖော်ပြထားတဲ့ ရာဇ၀င်များ၊ထေရ၀ါဒဗုဒ္ဓဘာသာနဲ့ မဟာယာနဗုဒ္ဓဘာသာအကြောင်းတို့ဖြစ်ပါတယ်။
တနင်္ဂနွေနေ့ နံနက် ၇ - နာရီလောက်ကစပြီး ရိုးရာဝတ်စုံဖြစ်တဲ့ အထက်အောက် အဖြူရောင်ဝတ်စုံကိုသာ ၀တ်ဆင်ပြီးကျောင်းကိုလာကြရပါတယ်။ပန်း၊ အမွှေးတိုင်၊ ဖယောင်းတိုင်စသည်တို့ကိုယူလာပြီးကျောင်းဝင်း ရှိ ဗောဓိပင်အနီး ပန်းတင်ခုံပေါ်မှာ တင်ထားရပါတယ်။
၈ နာရီခွဲမှာ ကျောင်းသူ ကျောင်းသားများ သူ့နေရာနှင့်သူ တန်စီပြီးပန်း၊ ရေချမ်းစသည်တို့ကို ဘုရားကို ကပ်လှူပါတယ်။ပြီးတော့ သီလယူပါတယ်။ ကျောင်းတိုက်မှာရှိတဲ့ဆရာတော်က သြ၀ါဒဆက်ပေးပါတယ်။
ပြီးမှ စာသင်ခန်းထဲဝင်ပြီး ဗုဒ္ဓဘာသာယဉ်ကျေးမှုစာများကို စတင်သင်ရပါတယ်။၁၂ နာရီခွဲမှာ သင်တန်းအားလုံးပြီးပါတယ်။သင်တန်းပြီးချိန်မှာ ကျောင်းသူကျောင်းသားများဟာစာသင်ခန်းထဲကနေပြီး
ဗောဓိပင်ရှိရာမျက်နှာမူကာ မေတ္တာပို့ ဆုတောင်းပြီးစာသင်ခန်းထဲမှ ထွက်ခွါကြရပါတယ်။
ဒီလိုအလေ့အကျင့်ဟာ တစ်ရက်မဟုတ်၊ တစ်လမဟုတ်၊ တစ်နှစ်မဟုတ်၊ ၁၃-နှစ်ကြာ တက်ရကြောင်းသိရပါတယ်။
နောက်တစ်ခုထပ်သိရတာက ဘွဲ့ရလို့ အလုပ်လျှောက်တဲ့အခါမှာလည်း
Sunday Dhamma School အောင်လက်မှတ်က အရေးပါပြန်တယ်တဲ့။ဒီအောင်လက်မှတ်ပြနိုင်တဲ့သူ၊
Sunday Dhamma School မှာ အမှတ်ကောင်းကောင်းနဲ့အောင်မြင်ခဲ့တဲ့သူဟာ အလုပ်လျှောက်ရာမှာ များစွာ အထောအကူဖြစ်တယ်တဲ့။ဦးစားပေးခံရတယ်တဲ့။
သီဟိုဠ်နိုင်ငံမှာရှိတဲ့ဗုဒ္ဓဘာသာဝင်တွေနဲ့ပတ်သက်ပြီးသီဟိုဠ်နိုင်ငံမှာနှစ်အတန်ကြာနေဘူးတဲ့
မြန်မာဘုန်းကြီးတစ်ပါးက အခုလိုပြောဘူးတယ်။“သီဟိုဠ်မှာရှိတဲ့ ဗုဒ္ဓဘာသာဝင်ကလေးသူငယ်များဟာ
ဘာသာပြောင်းတယ်ဆိုတာ မရှိဘူး၊ ဘာ့ကြောင့်လဲဆိုရင် ကလေးဘ၀က စတင်ပြီး
အခြေခံဗုဒ္ဓစာပေများကို စနစ်တကျ သင်ယူခဲ့ရသည့်အတွက်ဗုဒ္ဓဘာသာရဲ့တန်ဘိုးကို ကိုယ်ကိုယ်တိုင်သိရှိနေကြပြီလေ၊ ဒီတော့ ကိုယ့်ဗုဒ္ဓဘာသာကို ဘယ်သောအခါမှ ကျောမခိုင်းတော့ဘူး”
ဟုတ်တယ်။ သီဟိုဠ်သားတွေက ဗုဒ္ဓဘာသာကို အသက်နဲ့လဲပြီးချစ်ကြတာ။ဗုဒ္ဓဘာသာကိုတော့ လာမစော်ကားနဲ့။ နည်းနည်းလေးမှ သည်းမခံဘူး။ဒါ့ကြောင့် ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ ကမ္ဘာကို တင်ပြစရာရှိရင်သီဟိုဠ်သားတွေပဲ တင်ပြနေတာ။ဒို့နိုင်ငံလည်း ဒီလိုသင်တန်းတွေ ဖွင့်ချိန်တန်ပြီ။
ဒီတစ်နှစ် နှစ်နှစ်အတွင်း ဒီလိုမျိုးသင်တန်းတွေစနိုင်ရင်အချိန်မနှောင်းသေးဘူးလို့ ယူဆပါတယ်။
ဒီထက်နောက်ကျသွားရင်တော့…။
၊ နန္ဒစိုးမင်း (တန့်ဆည်။) ရေးသည့်ယခင်ဓမ္မစကူးလ်နှင့် ယခုဆန်းဒေးစကူးလ်ကို မှီငြမ်းကာ
တင်ဆက်လိုက်ပါသည်။
ညီတော်မောင် ၀ီရဓမ္မ(အိန္ဒိယ နာလန္ဒာတက္ကသိုလ်) ၏ ၀က်ဆိုဒ်ကနေ ကူးယူဖော်ပြပေးတာပါ။
(ဓမ္မ၀ီရ အရှင်)
ကိုလံဘို၊သီရိလင်္ကာ
Credit :: https://www.facebook.com/dhammavira.ashin
တပို့တွဲလနွှဲပျော်စရာ ထမနဲပွဲတော်မဟာ
   ကဲ..ကဲ..ဘော်တာတို့ရေ ထမနဲလေးထိုးထားပါတယ် ဆွမ်းတော်လဲကပ်ချင်တာကြောင့်ပါ ထမနဲဆိုရင်မြန်မာအများစုက ကြိုက်ကြတာများပါတယ်ထိုးရတာလဲလွယ်ကူသလို အချိန်လဲသိပ်မကြာပါဘူး မြန်မာပြည်မှာဆိုရင်တော့အချိန်အခါမရွေး ဝယ်လို့ရတဲ့မုန့်လေးတစ်မျိုးပါ
ထမနဲလေးထိုးကြည့်ကြမယ်နော်။
ပါဝင်ရမှာလေးတွေက
  • ကောက်ညှင်းဆန် - ပေါင်းအိုးဆန်ချင်ခွက် သုံးဗူး
  • ဆီ - လက်ဖက်ရည်ပန်းကန် သုံးလုံး
  • နှမ်း - လက်ဖက်ရည်ပန်းကန် တစ်လုံးနှင့်တစ်ဝက်(နှမ်းမဲရလျှင်ပိုကောင်းပါသည်)
  • အုန်းသီး -တရုတ်ဟင်းရည်သောက်ပန်းက န်တစ်လုံးနီးနီး
  • မြေပဲ - လက်ဖက်ရည်ပန်းကန် တစ်လုံးနှင့်တစ်ဝက်
  • ချင်းလှီပီးသား - လက်ဖက်ရည်ပန်းကန် တစ်ဝက်
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
      နှမ်းလှော် အုန်းသီး မြေပဲလှော် ချင်း ကောက်ညှင်းဆန်
      ကောက်ညှင်းဆန်ကိုရေနာရီဝက်လောက်စိမ်ပေးပြီးမြေပဲဆံကိုအခွံချွတ်ကာအုန်းသီးကိုမွှေးလာတဲ့ထိကြော်ပေးပါတယ်
      ဆီပူပူထဲမှာချင်းကိုမွှေးလာတဲ့ထိကြော်ပေးပြီးမှကောက်ညှင်းဆန်ကိုရေစစ်ကာထဲ့ပြီးကြော်ပေးပါတယ်
ကောက်ညှင်းဆန်များမာတောင့်သွားပါကရေမြုပ်အောင်ထဲ့ပြီးဆား ဟင်းချိုမှုန့်တို့ထဲ့ကာရေခမ်းတဲ့ထိမွှေမွှေပေးပြီးဆက်တက်ပါတယ်
     ရေခမ်းပြီးကောက်ညှင်းစေ့များပျောက်လာပါကနှမ်း အုန်းသီး မြေပဲဆံတို့ကိုထဲ့ကာနာနာမွှေပေးပါတယ်
     ထမနဲစီးစီးလေးရပါပြီ
စားချင့်စဖွယ်မြန်မာ့ရိုးရာထမနဲလေးရပါပြီ
       mmlazp.blogspot.com   မှ ကူယူခံစားတင်ပြသည်။
၁၃နှစ်အရွယ် ဗုဒ္ဓဘာသာမိန်းကလေးကို မွတ်ဆလင်ကုလားမှ မုဒိန်းကျင့်မှု"
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်မှာ မူဆလင်ကုလား မှ ဗုဒ္ဓဘာသာဝင်မြန်မာမိန်းကလေးကိုမုဒိမ်းကျင့်မှုဖြစ်စဉ်
30.1.2013-ည-(၈း၀၀)-ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် မှာ၊ မုဒိမ်းမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ကျင့်သူက ထုံစံအတိုင်း မူဆလင် ကုလားပဲပေါ့။ ခံရသူကလည်း သိတဲ့အတိုင်း မြန်မာမိန်းကလေး တစ်ယောက်ပါပဲ ။မူဆလင်ကုလားကတော့ အသက် ၁၇-နှစ်၊ ၁၈-နှစ်ခန့် ရှိပြီး မှော်ဘီ အာရဗီကျောင်းမှာ အထက်တန်း ဘာသာရပ်ကိုသင်ယူရင်း သာကေတမှာ ကလေးသူငယ်လေးတွေကို တစ်ဆင့်ပြန်လည် သင်ကြားပေးနေတဲ့ ဘာသာရေးကျောင်းဆရာလေးပါ။
မြန်မာ မိန်းကလေးအမည်က မသီတာဦး ဖြစ်ပြီး၊ အသက်က (၁၃)နှစ် သာရှိပါသေးတယ်။မသီတာဦး၏ အစ်မဖြစ်သူက မုဒိမ်းကောင်း မူဆင်လင် ကုလားနှင့်ပတ်သက်နေလို့ မိဘများက တားမြစ်ထားခဲ့ရာမှ မူဆလင် ကုလားက မသီတာဦးကို စည်းရုံးတာပါ။ အစ်မဖြစ်သူနှင့် အဆက် အသွယ်ပြန်ရအောင် မသီတာဦးကို စောင့်ကြည့်ပြီး အကူအညီတောင်းတာပါ။
မသီတာဦးက ထုံးစံအတိုင်း အန္တရာယ်ကိုမမြင်ဘဲ အရပ်ထဲက အိမ်ဆိုင် တစ်ခုမှ ဈေးဝယ်ပြန်လာရင်း မူဆလင်ကုလားမေးတာကို အရေး တယူ ပြန်ဖြေမိတာပါ။ မုဒိမ်းကောင် မူဆလင်ကုလားက ဟန်းဖုန်းထဲက ထူးဆန်းတာလေးတွေပြရင်း တစ်လှမ်းချင်း လမ်းဘေးကန်ဘောင်ရိုးပေါ် ခေါ်သွားတာပါ။
ကန်ဘောင်ရိုးလည်းရောက်ရော ကိလေသာတိုးပွားရေး စိတ်ကြွဇာတ် ကားတွေပြပြီး မုဒိမ်းကျင့်တာပါ။လမ်းဘေးဆိုတော့ လူသွား လူလာတွေ မပြတ်လို့ ကယ်တင် လိုက်နိုင်တာပါ။ ကလေးမလေးက အကျင့်ခံလိုက် ရပြီး မြင်သူသုံးဦးက ကယ်တင်လိုက်နိုင်ကာ ရပ်ကွက်ကို အကြောင်းကြားလို့ 31.1.2013 ရက်နေ့မှာ မုဒိမ်းကောင်ကုလားကို သာကေတရဲစခန်းမှာ ဖမ်းထားပါပြီ။
မနေ့ည- 31.1.2013-ရက်နေ့မှာ သတင်းရပေမယ့် ဓမ္မခရီးထွက်နေ ချိန်ဖြစ်လို့ ဒီနေ့မနက်မှ သတင်းတင်လိုက်ရတာပါ။ဘာပဲဖြစ်ဖြစ် ပူပူနွေးနွေးမုဒိမ်းမှုလေးပါနော် ဖတ်ကြည့်ပါဦးလား....။
သတင်းအပြည့်အစုံနှင့် ဓာတ်ပုံမှတ်တမ်း ရဲစခန်းအမှတ်၊ နှစ်ဖက်နေရပ် လိပ်စာတွေကို စောင့်မျှော်ရှုစားကြပါဦး....။ပန်းဘဲတန်းမုဒိမ်းမှု၊ ကျောက်တံတားမုဒိမ်းမှုတွေကလည်း 2013- Happy new year ထဲမှာ အသစ်ကလေးတွေပါပဲ။ အချက်အလက်တွေ စုဆောင်းနေဆဲဖြစ်လို့ သည်းခံပါနော်။
မြန်မာတိုင်းရင်းသားများက မူဆလင်အမျိုးသမီးများကို မုဒိမ်းကျင့်တဲ့ အမှုမျိုးပေါ်ပေါက် ရင်လည်း သတင်းပို့ကြပါနော်။ ကူညီပါရစေဗျာ။ တကယ်ပါ။
ဆက်သွယ်ရန်-
09.21007251
ဦးဝိစိတ္တာဘိဝံသ(မျှဝေသူ)
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝ ကြပါစေ။
အရှင်ဝိမလဝံသ
တောခေါင်ခေါင်မှ ရဟန္တာဆရာတော်ကြီးတစ်ပါး
                  ဝှေသုခီဆရာတော်ကြီး ( ၁၂၅၃ - ၁၃၃၉ )
         စစ်ကိုင်းတိုင်း ၊ ဗန်းမောက်မြို့နယ် ၊ နန့်နားတွန်နယ်မြေ တောင်ဘက်တွင် အနောက်တောရွာ ၊ ဝှေသုခီရွာများရှိသည်။ နန်းသြရွာမှ ဝှေသုခီရွာသို့ သွားမည်ဆိုပါလျှင် လမ်းတွင် မံစီကြီးရွာကို ဖြတ်ရပါမည်။ နန်းသြမှ မံစီကြီးသို့ နှစ်နာရီ ၊ နှစ်နာရီခွဲ ၊ မံစီကြီးမှ ဝှေသုခီသို့ နှစ်နာရီခရီးရှိရာ တောက်လျှောက်သွားမည် ဆိုပါလျှင် ငါးနာရီခန့် သွားရပါမည်။
         ဝှေသုခီဆရာတော်ကြီးမှာ ရှမ်းလူမျိုးဖြစ်သည်။ မြန်မာစကားကို ရေရေလည်လည်လည်း မပြောတတ်ရှာပါ။ သီလသမာဓိ လွန်စွာမှ ကြီးမားလှသူဖြစ်ကြောင်း ၊ အရည်ဝါသီ တောမှီကျင့်ကြံရာမှ ရဟန္တာဖြစ်သွားကြောင်း ၊ ဗန်းမောက် ၊ အင်းတော်ဖက်မှတစ်ဆင့် ဧရာဝတီ မြစ်ရိုးကမ်းတစ်လျှောက်အထိပါ သတင်းပြေးလျှက်ရှိသည်။
         ဤတွင် ဝှေသုခီဆရာတော်ကြီး၏ ဖြစ်စဉ်များကို မတင်ပြမီ ရဟန္တာ ဟုတ် ၊ မဟုတ် စဉ်းစားဝေဖန်နိုင်ရန် သုတေသနသရုပ်ပြ အဘိဓာန်စာအုပ်မှ မှတ်စုများကို ထုတ်တင်ပြပါဦးမည်။ ထိုအဘိဓာန်တွင် ရဟန္တာ(၆)မျိုးရှိကြောင်း ဖွင့်ဆိုထားပါသည်။ ယင်းတို့မှာ .......
         ( ၁ ) သဒ္ဓါဝိမုတ္တရဟန္တာ    =   လွန်ကဲသောသဒ္ဓါဖြင့် ကိလေသာမှ လွတ်ကင်းသောရဟန္တာ
         ( ၂ ) ပညာဝိမုတ္တရဟန္တာ   =   လွန်ကဲသောပညာဖြင့် ကိလေသာမှ လွတ်ကင်းသောရဟန္တာ
         ( ၃ ) ဥဘတောဘာဂ       =   လောကီဝိဇ္ဇာ အဘိညာဉ်မပါ ၊ သဒ္ဒါ ပညာ နှစ်ပါးဖြင့်သာ ကိလေသာမှ
         ( ၄ ) တေဘိဇ္ဇရဟန္တာ       =   ၀ိဇ္ဇာသုံးပါးဖြင့် ပြည့်စုံသောရဟန္တာ
         ( ၅ ) ဆဠာဘိညာဉ်ရဟန္တာ =   အဘိညာဉ်(၆)ပါးနှင့် ပြည့်စုံသည့် ရဟန္တာ
         ( ၆ ) ပဋိသမ္ဘိဒါပတ္တရဟန္တာ  =   ပဋိသမ္ဘိဒါလေးပါးသို့ ဆိုက်ရောက်သော ရဟန္တာ
         ဟူ၍ ဖြစ်ပါသည်။
         အချို့သော ဗုဒ္ဓဘာသာဝင်များက ဈာန်အဘိညာဉ်ရမှ ရဟန္တာဟု ထင်နေကြသည်။ လောကီဈာန်များမှာ မြဲသည်မဟုတ်။ အချို့သော ရသေ့ရဟန်းများပင် ရခဲ့ဖူးကြသည်။ ဈာန်အဘိညာဉ်မရှိဘဲ သူလိုငါလိုသာ နေထိုင်သော ရဟန္တာများ တစ်ပုံတစ်ပင် ရှိပါသည်။ ထိုရဟန္တာမျိုးကို သုခက၀ိပသာက ရဟန္တာဟု ကျမ်းဂန်များတွင် ဆိုပါသည်။ ရဟန္တာဖြစ်သွားလျှင် အောက်ပါကိစ္စ ငါးပါးကို အလျဉ်းရှောင်ကြဉ်သည်ဟုလည်း သိရ၏။ ထိုငါးပါးကား ........
         ပါဏာတိပါတ     ( သူ့အသက်ကို သက်ခြင်းမရှိ )
         အဒိန္နဒါနာ          ( သူ့ဥစ္စာကို ခိုးယူခြင်းမရှိ )
         မေထုနဓမ္မသံဝါသ ( မေထုန်မှီဝဲမှု့မပြုခြင်း )
         မုသာဝါဒ             ( လိမ်လည်ပြောဆိုမှု့ မပြုခြင်း )
         သန္နိဝါကာရသ      ( ခဲဖွယ်ဘောဇဉ်များကို နောက်တစ်နေ့အတွက် သိမ်းဆည်းသိုမှီးမှု့မပြုခြင်း ) တို့ ဖြစ်ပေသည်။
         ဝှေသုခီဆရာတော်သည် ထိုငါးပါးလုံးကို ရှောင်ကြဉ်သည့်အပြင် နှစ်ကာလများစွာ တောအရပ်သို့ထွက်ကာ  ချောက်ချောင်ကမ်းပါး (ကန္တာရ)များ သုသာန်သင်္ချိုင်းများနှင့် ၀နပတ္တခေါ် ရွာနှင့်ဝေးသည့် တောနက်ကြီးများတွင် တစ်ပါးထဲ ကျင့်ကြံအားထုတ်ခဲ့သော ပုဂ္ဂိုလ်ထူးကြီး ဖြစ်ပေသည်။
         ထိုပုဂ္ဂိုလ်ထူးကို ( ၁၂၅၃ )ခုနှစ် ၊ တန်ဆောင်မုန်းလပြည့်ကျော် ( ၁၄ )ရက် ၊ ( ၃၀.၁၁.၁၈၉၀ )တွင် မံစီကြီးတိုက်နယ် ၊ မန်ကျည်းကုန်းကျေးရွာ၌ အဖဦးလိပ်စု ၊ အမိ ဒေါ်မင်းနေတို့မှ စတုတ္ထသားရတနာအဖြစ် မွေးဖွားခဲ့ပါသည်။ ငယ်အမည်မှာ မောင်စံချုပ်ဟု ခေါ်ပါသည်။ မောင်စံချုပ်မွေးသောအချိန်က အိမ်ဘေးရှိ မကျည်းပင်ကြီးမှာ နှစ်တိုင်းလို အချဉ်သီးမသီးဘဲ အချိုသီးများသာ သီးပေးခဲ့သည်။
         အရွယ်ရောက်သောအခါ ရွာရှိဆရာတော် ဦးသောမထံ ကျောင်းအပ်သည်။ မောင်စံချုပ် ( ၁၄ )နှစ်သားအရွယ်တွင် မံစီတိုက်နယ် ၊ မံဝိန်းကျောင်းဆရာတော် ( ဦးနန္ဒိသာရ )ထံ ကျောင်းပြောင်းထားကာ ကိုရင်ဝတ်ပေးခဲ့ပါသည်။ တနင်္လာသားဖြစ်၍ ရှင်က၀ိန္ဒဟု အမည်ပြုခဲ့သည်။ နောင်တွင် မံစီတိုက်နယ် ဂိုဏ်းအုပ်ဆရာတော် ဦးနေမိန္ဒထံတွင် လောကုတ် ၊ လောကီ နှစ်လီသော ပညာရပ်များကို သင်ကြားပေးခဲ့သည်။
         ဝှေသုခီရဟန္တာလောင်းလျာမှာ ပညာသင်ကြားရာတွင် ပရိယတ္တိထက် ပဋိပတ္တိကိုသာ အားသန်တော်မူသည်။ ( ၁၂၇၂)ခု ၁၉၁၀တွင် ဆရာတော် ဦးတေဇောဘာသက ရှင်က၀ိန္ဒအား ပေပင်ချောင်း ၊ ဒီရေသိမ်တွင် ရဟန်းခံပေးတော်မူကြောင်း ထေရုပ္ပတ္တိ ကျောက်စာများ၌ ဖတ်ခဲ့ရသည်။ ဆရာတော်ကို ဦးစွာ ရဟန်းခံသူများမှာ မိရင်းဖရင်းများ ဖြစ်သည်။ ဒုတိယအကြိမ် သိမ်ထပ်ရဟန်းခံပေးသူများမှာ မံစီကြီးကျေးရွာနေ ဟိန္ဒူလူမျိုး ( ဦးမိကျန်နှင့်ဒေါ်ညွန့် )တို့ ဖြစ်သည်။
         ဂျပန်ခေတ်အခါက ( ၁၉ )၀ါအရတွင် အထူးသံဝေဂတစ်ခု ဖြစ်တော်မူသည်။ ဂျပန်များသည် ဝှေသုခီကျောင်းအနီး စခန်းချပြီး လူသတ်ခြင်း ၊ နွားသတ်ခြင်းများ အကြိမ်ကြိမ်ပြုလုပ်နေသည်ကို မြင်တော်မူ၍ ရဟန်းတို့ဘာဝ လွန်စွာထိတ်လန့်တော်မူသည်။ ပဉ္စကနိပါတ် အနာဂတဘယသုတ်လာ ဘေး(၅)ဖြာကိုလည်း ဆင်ခြင်မိသည်။ ထိုဘေးငါးဖြာကား " အို ၊ နာ ၊ ဆွမ်းရှား ၊ ထပွားလူပုံ ၊ ကွဲတုံသံဃာ ၊ ဘေးငါးဖြာ နောင်ခါရောက်တတ်လှ။ ဘေးမရောက်ခင် ယခုပင် ၊ တောဝင်ကျင့်လေမှ " ဟူ၍ ဖြစ်ပါသည်။
         နောက်ဆုံးတွင် ဝှေသုခီဆရာတော်သည် မာဃဒေ၀ကျမ်းလာ ငါးပါးသံသဂ် ၊ မရောယှက်အောင် ၊ တောထွက်ပြီးကာ ၊ ခွာကြီးခွာ၍ ၊ မဟာနိက္ခမန ၊ သင်္ကပ္ပဖြင့် ၊ မာတင်္ဂကြီး ၊ ဖော်ရှောင်မှီးသို့ ၊ ကိုယ်ထီးအောင်းခို ၊ ဗြဟ္မစိုရ်ကို ၊ အလိုတော်ပြည့် ၊ ပြီးအောင်ဖြည့်လိမ့် " ဟူသော စကားအတိုင်း တစ်ကိုယ်တော်တည်း ဖော်မမှီးဘဲ တောထွက်တော်မူခဲ့ပါသည်။ ဆရာတော်သည် လူသူမနီး တောကြီးထဲ၌ အရည်ကင်ဓူတင် ( လူတို့အရပ်ကို ရှောင်ကာ တောတွင်း၌သာနေခြင်း ) ၊ ရုက္ခမူဓူတင် ( သစ်ပင်ရင်း၌သာ နေခြင်း) ၊ နိသဇ်ဓူတင် ( အိပ်ခြင်းကိုပယ်ကာ ထိုင်ခြင်း ၊ လျှောက်လှမ်းခြင်းသာပြုခြင်း ) ၊ သုသာနဓူတင် ( သင်္ချိုင်းကုန်း ၊ သုသာန်၌နေခြင်း ) စသည့် ဓူတင်အကျင့်များကို နှစ်ရှည်လများ ဆောင်ရွက်တော်မူခဲ့သည်။
         ဆရာတော်ကြီး တရားအားထုတ်သောနေရာများမှာ ဝှေသုခီရွာနှင့် အနောက်တောရွာအကြား ၊ တောတန်း ၊ သဲချောင်းတစ်လျှောက်တွင် ဖြစ်ပါသည်။ ရွာနှင့် လေးဖာလုံကွာသော ရေရှင်ကုန်းတွင် နှစ်ဝါ ၊ တစ်မိုင်ကွာဝေးသော ပန်းတိမ်ကုန်းတွင် နှစ်ဝါ ၊ သုံးမိုင်ကွာသော ဘုန်းကြီးတောင်၌ နှစ်ဝါ ၊ ရွာနှင့် တစ်မိုင်သာဝေးသော ဝှေကုန်းတောင်၌ နှစ်ဝါ ၊ ရှေးယခင်က ဓူတင်ဆောင်ဖူးသော ပန်းတိမ်ကုန်းကြီးတောင်တွင် ( ၁၇ )၀ါ ၊ စုစုပေါင်း ( ၂၅ )၀ါလုံးလုံး လူအတွေ့မခံဘဲ ကျင့်ကြံနေထိုင်တော်မူခဲ့လေသည်။
         တစ်နေ့သောအခါ ဝှေသုခီရွာမှ မုဆိုးနှစ်ဦး အနောက်တောဖက်ထွက်၍ တောလိုက်ထွက်စဉ် ဂျီတစ်ကောင်ကို မြှားမှန်သွားသည်။ ထိုဂျီ၏ဒဏ်ရာ သွေးစက်များကို ခြေရာခံပြီး နောက်ရောင်ခံလိုက်သွားစဉ် သစ်ပင်ရင်း၌ မျက်စိမှိတ်ကာ တရားအားထုတ်နေသော ရဟန်းတစ်ပါးကို တွေ့ရသည်။ မုဆိုးတို့လည်း လေးနှင့်မြှားကို မြေချကာ ဘုန်းကြီးကိုဝတ်ပြုလေသည်။ ဘုန်းကြီးက မျက်စိဖွင့်မကြည့်ဘဲ .......
         " မင်းတို့ ဂျီလိုက်လာကြတာလား ၊ ဂျီက ဂျီအစစ်မဟုတ်ဘူးကွ ၊ ငါနဲ့မင်းတို့ ဆုံမိအောင်
           ဒီဖက်ပြေးလာရှာတာပါ ၊ ငါ့ကို မသိဘူးလား ၊ မင်းတို့ရွာက ဝှေသုခီဘုန်းကြီးလေကွာ " ဟု ရှမ်းစကားဖြင့် ပြောသည်။ ( နတ်များက ရွာသားများနှင့် ဘုန်းကြီးကိုဆုံမိအောင် ဂျီယောင်ဆောင်၍ ခေါ်ခဲ့ကြောင်း ဆရာတော်က နောင်ကြာမှ ပြောပြပါသည် )
         သို့နှင့် မုဆိုးနှစ်ဦးလည်း ရွာသို့ပြန်သွားပြီး ပန်းတိမ်ကုန်းပေါ်တွင် ဆရာတော်ကို ပြန်တွေ့ခဲ့ကြောင်းပြောကြားရာ ရွာလူကြီးတို့ ချက်ချင်းသွားကာ ဆရာတော်အား ရွာသို့ပင့်ဆောင်ခဲ့သည်။ ရွာအနီး ကိုက်နှစ်ရာအကွာလောက်တွင် ယာယီဝါးတဲဆောက်ပေးရာ ထိုဝါးတဲပေါ်တွင် ပျံလွန်တော်မူသည်အထိ နေသွားခဲ့သည်။( နောင်လှူဒါန်းသော သစ်သားကျောင်းပေါ်တွင် နေထိုင်ခြင်းမရှိပါ ) ဆရာတော်သည် ရွာသားများကို တရားဟောလေ့မရှိ။ ငါးပါးသီလပေးကာ ရွာသို့ပြန်လွှတ်သည်။ လာရောက်လှူဒါန်းသော ပစ္စည်းဥစ္စာ ရွှေငွေများကို လုံးဝကိုင်တွယ်မှု့မပြု ၊ ထိုခေတ်က ငွေစက္ကူမျိုးစုံ ကျောင်းပေါ်၌ ပလူပျံနေသည်။ ရွာမှ ကပ္ပိယ ၊ ကျောင်းသား စသည် ခေါ်မထား။ ဆရာတော်အနီးတွင် ဆယ့်ငါးနှစ်သားအရွယ် လူငယ်တစ်ဦးကို ရံဖန်ရံခါတွေ့ရသည်။( ဘယ်ရွာကမှန်းမသိ။ နတ်များ လူယောင်ဆောင်၍ စောင့်ရှောက်ထားခြင်းဖြစ်မည်ဟု ရွာလူကြီး ဦးဘိုးတုတ်တို့က ပြောပြပါသည်)
         ထူးခြားသည်မှာ ဆရာတော်၏ကျောင်းတွင် အိပ်ရာ ၊ ခေါင်းအုံး ၊ စောင်မရှိ။ ဆောင်းတွင်းအခါ မီးလည်းမလှုံ ၊ ရေလည်းမချိုး ၊ဆံလည်းမရိတ်။ ဆရာတော် အမြဲနေထိုင်သော သင်ဖြူးရာအောက်တွင် တီကောင်လိုလို အမောက်နှင့်အကောင် သတ္တ၀ါတစ်မျိုးရှိသည်။( နဂါးဟု ပြောကြပါသည်)ဤသို့ဖြင့် နတ်နဂါးများ စောင့်ရှောက်နေသော ဝှေသုခီရဟန္တာကိုယ်တော်မြတ်သည် သိက္ခာတော်(၆၇)၀ါ ၊ သက်တော်(၈၇)နှစ်အရွယ် ( ၁၃၃၉ )ခု ၊ တပိုတွဲလဆန်း (၆)ရက်နေ့တွင် ခန္ဓာဝန်ချတော်မူခဲ့သည်။ ဆရာတော်၏ မပုပ်မသိုးသော အလောင်းတော်မှ အပုပ်နံ့မထွက် ၊ ပန်းနံ့တစ်မျိုး မွှေးကြိုင်နေသည်။ ဆရာတော်၏ ထူးခြားချက်များစွာအနက်မှ အချို့အချက်များကို စာဖတ်သူ ၊ ယောဂီတို့ ကြည်ညိုနိုင်စေရန် ရွေးချယ်တင်ပြလိုက်ပါသည်။
        - တောထွက်ချိန်မှစ၍ အဖော်မမှီး တစ်ကိုယ်တည်းနေထိုင်ခြင်း ၊
        - ဆွမ်း ၊ သင်္ကန်း ၊ ကျောင်း ၊ ဆေး ပစ္စည်းလေးပါးကို အလှုခံခြင်းမရှိ။ ရောင့်ရဲနေထိုင်ခြင်း ၊
        - မည်သည့် ပုဇော်သက္ကာယပြုမှု့ကိုမျှ မမက်မော။ သိုမှီးသိမ်းဆည်းထားခြင်းမရှိ။
        - လုံးဝလဲလျောင်းအိပ်စက်ခြင်းမရှိ။ အခြားက္ကုရိယာပုတ်ဖြင့်သာနေသည်။ က္ကုရိယာပုတ် အပြောင်းအလဲမြန်သည်။
        - ၀ါးကျောင်းငယ်၌သာနေ၍ ညအခါမီးမထွန်းရ။( အခြားအလင်းရောင်များ ကျောင်းငယ်၌မကြာခဏတွေ့ရသည်)
        - မိမိလိုရာသို့ အငဲ့အကွက် ၊ အတွယ်အတာမရှိ။ ရွာသားများကို အသိမပေးဘဲ ကြွသွားတတ်သည်။
        - ရွာသားများကျောင်းပေါ်လာလျှင် လူသံကြားသည်နှင့် အခန်းတွင်းဝင်ရှောင်နေတတ်သည်။
        - ဆရာတော်အနီး၌ နတ်ဟုထင်ရသောလူငယ်တစ်ဦး ၊ ဖျာအောက်တွင် နဂါးဟုထင်ရသော အကောင်တစ်ကောင်
           စောင့်ရှောက်နေသည်။
         - လူဆိုးသူခိုး ၊ မြွေ ၊ ကျားတွေ့သော်လည်း ကြောက်ရိပ်မထင်။
         - သူတစ်ပါး၏စိတ်ကို ကြိုတင်သိတော်မူခြင်း ၊
         - ကျောင်းပေါ်ရှိပစ္စည်းများကို ဘယ်သူယူယူ ဘာမျှမပြော ၊
         - ဥပုသ်ကြုံလျှင် ဒကာ ၊ ဒကာမများကို ငါးပါးသီလသာပေးသည်။
         - ပရိတ်ရေတောင်းလျှင်ပရိတ်ရွတ်ပေးခြင်းဖြင့် ကိုးကွယ်သူတို့အား အန္တရာယ်ကင်းစေပါသည်။
         - ပျံလွန်တော်မူပြီး ရုပ်ကလာပ်တော်မှ အမွှေးရနံ့ထွက်သည်။ ခြေလက်များ ၊ ကွေးဆန့်၍ရသည်။
            တောင့်တင်းမနေ။
         - အသားခေါင်းမှ မှန်ခေါင်းသို့ပြောင်းစဉ် ခုခံထားသော သင်္ကန်းတော်၌ ဆရာတော်၏ပုံ
             ပန်းချီဆွဲသလို ပေါ်နေခြင်း။
         - သနားငဲ့ညှာ၍ ထိုပုံကိုပေးကြောင်း ဆရာတော်မှ အိမ်မက်ပေး၍ ပြောကြားခြင်း။
         - ဆရာတော်နှင့်သက်ဆိုင်သည့် ပွဲလမ်းလုပ်လျှင် ပွဲတွင်ခိုက်ရန်ဖြစ်မှု့ လုံးဝမရှိ။
         - ပွဲခင်းမှ အမှိုက်များမှာ လေပွေမွေ့၍ သူ့အလိုလို ရှင်းသွားတတ်ခြင်း။ စသည်တို့ ဖြစ်ပေသည်။
         ထူးခြားဆန်းကြယ်သော ရဟန္တာကြီး၏အလောင်းတော်ကို ဗန်းမောက် ၊ မံစီရောက်ပါက ဖူးဖြစ်အောင် ဖူးခဲ့ပါဟု နှိုးဆော်တိုက်တွန်းပါသည်။
 မှတ်ချက် ။         ။ ဆောင်းပါးရှင် နီငြိမ်း (အညာတက္ကသိုလ်)မှ ၂၀၀၈ခုနှစ်တွင် ရေးသားခဲ့သော တောခေါင်ခေါင်တွင် ဖူးတွေ့ခဲ့ရသော ဝှေသုခီဆရာတော် ဆောင်းပါးမှ ကောက်နှုတ်၍ ပြန်လည်မျှဝေ တင်ပြခြင်းသာဖြစ်ပါသည်။
ဧဒင်ဥယျာဉ်မှ သူငယ်ချင်းများ ၊ အဖွဲ့ဝင်များအားလုံး စိတ်ချမ်းသာ၍ ကိုယ်ကျန်းမာကြပါစေခင်ဗျာ။
တဒင်္ဂအတွင်း အသက်ပေါင်းများစွာ (ရခိုင်းရိုးမပေါ်မှ ချောက်ထဲကျသွားတဲ့ကားပေါ် ပါသွားတဲ့ လူတစ်ဦးအကြောင်း တင်ပြထားပါတယ်။ ။)
တဒင်္ဂအတွင်း အသက်ပေါင်းများစွာ
ရေးသားသူ- ဥက္ကာကိုကို၊ အိဖြူမွန်
“ကျွန်တော့်ဘေးနားက သေသွားတဲ့ သုံးနှစ်ကလေးမလေးကို မြင်ယောင်တိုင်း ဒီလိုအဖြစ်ဆိုးမျိုး မကြုံချင်တော့ဘူး”
ရခိုင်ရိုးမတစ်နေရာက ပေတစ်ရာ နီးပါးနက်သော ချောက်အတွင်း၌ ကိုဝင်းဇော်သတိရလာချိန်တွင် သူ့ကိုယ်ပေါ် လူသုံးဦးလဲကျနေသည်။ သုံးဦးအနက် တစ်ဦးက သေဆုံးနေပြီဖြစ်ပြီး နောက်တစ်ဦးက ညည်းညူနေသည့် ဘုန်းတော်ကြီး တစ်ပါးဖြစ်သည်။ ချမ်းအေးလှသော ညအမှောင်ထုထဲတွင် ကယ်ပါ၊ ယူပါ တစာစာနှင့် အကူအညီတောင်းသံ၊ ငိုကြွေးသံ၊ နာကျင်စွာ ညည်းညူသံများဖြင့် ကမ္ဘာပျက်နေသည့်အလား။
ကိုယ်ပေါ်မှာ ပိနေသည့်လူများကို ကိုဝင်းဇော်တစ်ယောက် ရှိသမျှအင်အားလေးဖြင့် ဖယ်ထုတ်ရန် ကြိုးစားသော်လည်း ထိုင်ခုံကြားမှာ ညပ်နေသည့် သူ့ဘယ်ဘက်ခြေထောက်က လုံးဝလှုပ်ရှား၍ မရတော့။ ထိုအချိန်မှာ ညအလင်းရောင် မှုန်ဝါးဝါးအောက်တွင် ကိုဝင်းဇော်တွေ့လိုက်ရသည်က သူ့နံဘေးလဲကျနေသော သုံးနှစ်အရွယ် ကလေးမလေးတစ်ဦး...
“ကလေးကို လှုပ်ကြည့်တယ်။ လုံးဝမလှုပ်တော့ဘူး။ သူ့နှာခေါင်းမှာ သွေးတွေထွက်နေတယ်။ ကျွန်တော် စိတ်ထဲမကောင်းလွန်းလို့ ပွေ့ဖက်ထားမိတယ်” ဟု ပြောပြသည့် ကိုဝင်းဇော်၏ အသံက တုန်ယင်နေသည်။
ထိုဖြစ်စဉ်မှာ ရန်ကုန်မှ တောင်ကုတ်သို့ ထွက်ခွာသွားသော အောင်သစ္စာလေအိတ်ကား တိမ်းမှောက်မှုတွင် ပါဝင်ခဲ့သော ခရီးသည်တစ်ဦးဖြစ်သည့် ၃၂နှစ်အရွယ် တောင်ကုတ်မြို့သား ကိုဝင်းဇော်က ပြန်လည်ပြောပြခြင်းဖြစ်သည်။
ဇန်န၀ါရီ ၂၂ ရက် ညနေ သုံးနာရီခန့်တွင် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးဝင်းမှ ရခိုင်ပြည်နယ်၊ သံတွဲမြို့သို့ ခရီးသည်လေးဆယ်ကျော်ကို တင်ဆောင်၍ ထွက်ခွာလာသော အောင်သစ္စာလေအိတ်ကားသည် ရခိုင်ရိုးမအဆင်း၊ တောင်ကုတ်မြို့နယ်အပိုင်၊ နေပူတောင်ကြောရှိ လမ်းကွေ့တွင်ဘရိတ်ပေါက်၍ အမြင့်ပေတစ်ရာကျော် ချောက်ထဲသို့ ထိုးကျသွားခဲ့သည်။ အချိန်မှာ ဇန်န၀ါရီ ၂၃ ရက် နံနက် သုံးနာရီဝန်းကျင်ဖြစ်သည်။
ယခု ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသား ခုနစ်ဦး၊ အမျိုးသမီးခုနစ်ဦး သေဆုံးပြီး ၃၃ ဦး ဒဏ်ရာရရှိခဲ့ကြသည်။ ကားပေါ်တွင် လိုက်ပါလာကြသူများမှာ သံတွဲ၊ တောင်ကုတ်၊ မောင်တော၊ စစ်တွေ၊ တောင်ကြီး၊ လှိုင်သာယာ၊ မြောက်ဥက္ကလာ၊ ပဲခူး၊ မော်လမြိုင်၊ ပြည်၊ မြောက်ဦး၊ ရန်ကုန်၊ ပုဏ္ဏား ကျွန်း၊ ရမ်းဗြဲ၊ ရမည်းသင်း၊ မာန်အောင်၊ တောင်ငူမြို့တို့မှ ပါဝင်ကြသည်။
ကိုဝင်းဇော်သည် တောင်ကုတ်မြို့ရှိ ၎င်း၏လုပ်ငန်းတွင် ကူညီလုပ်ကိုင်ရန်အတွက် ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှ မိတ်ဆွေတစ်ဦး၏ သားဖြစ်သူ မောင်ရှင်းသန့်မောင်ကို သွားရောက်ခေါ်ဆောင်လာခြင်းဖြစ်သည်။ သူတို့ စီးနင်းလိုက်ပါလာသော အောင်သစ္စာကားသည် ရိုးမတောင်ပေါ်ရှိ ရေပေါ်ကြီးစခန်းတွင် ဆယ်မိနစ်ခန့်နားကြပြီး ချမ်းအေးလှသော ရာသီဥတုကြောင့် ခရီးသည်များ မီးဆင်းလှုံခဲ့ကြသေးသည်။
“ဆက်ထွက်တဲ့အချိန်မှာ ရန်ကုန်ကစမောင်းလာတဲ့ အသက်ကြီးကြီးကားသမားအစား ခပ်၀၀ အသက်ငယ်ငယ်နဲ့ အခုသေသွားတဲ့ ဒရိုင်ဘာတက်မောင်းတယ်။ စမောင်းပြီး နာရီဝက်လောက်ပဲ ကြာမယ်ထင်တယ်။ အခုလိုဖြစ်တာ” ဟု ကိုဝင်းဇော်က ဆိုသည်။
သူသတိထားမိသည့်အချိန်တွင် ကားသွားနေသည့်အရှိန်က အလွန်မြန်နေပြီး လမ်းကြမ်းသဖြင့် ခုန်ပေါက်နေသည်ဟု ကိုဝင်းဇော်က ပြောသည်။ ရုတ်တရက်ချောက်ထဲသို့ ထိုးဆင်းသွားချိန်တွင် ကားမီးရောင်ကြောင့် ချောက်ထဲမှ ရေနီပင်များ၊ ၀ါးပင်များကို မြင်နေရသည် ဟု သူက ဆိုသည်။
ချောက်ထဲမကျခင် ကားအရှိန်ပြင်းနေစဉ်ကပင် ကားအတွင်းမှ အမျိုးသမီးများ၏ ဘုရားတသံများ၊ အာမေဋိတ်သံများ ထွက်ပေါ်နေကြပြီဖြစ်သည်။ ချောက်ထဲကျသွားသည့် စက္ကန့်ပိုင်းအတွင်းမှာတော့ ကားတစ်စီးလုံး အော်သံငိုသံများဖြင့် ပွက်လောရိုက်သွားခဲ့သည်။ ကိုဝင်းဇော် မျက်စိစုံမှိတ်ထားမိလိုက်စဉ်တွင် ကားကြီးက တစ်ပတ်နှစ်ပတ်လိမ့်ထွက်ပြီး ချောက်အတွင်း ချောင်းငယ်နံဘေးတောင်နံရံကို ၀င်တိုက်ကာ ပြန်ကျ၍ ရပ်သွားခဲ့သည်။
ကိုဝင်းဇော် ပြန်သတိရလာချိန်တွင် ကိုယ်ပေါ်၌ လူသုံးဦးပိမိနေခြင်းနှင့်အတူ ကားထိုင်ခုံကြားညပ်နေသော သူ့ဘက်ဘက်ခြေထောက်ကလည်း ပေါင်မှ ကျိုးသွားခဲ့ပြီဖြစ်သည်။ ဘေးမှန်တံခါးမှနေ ရုန်းထွက်ရန် ကြိုးစားသော် လည်း မအောင်မြင်ခဲ့ပေ။
“ဆယ့်ငါးမိနစ်လောက်ကြာတော့ တောင်ပေါ်ကားတစ်စီး လာနေသံကြားနေရတယ်။ ကျွန်တော်တို့ကားထဲက အကောင်းပကတိကျန်ခဲ့တဲ့လူတစ်ယောက်က ဓာတ်မီးနဲ့ တောင်ပေါ်တက်သွားတာ တွေ့လိုက်တယ်” ဟု သူက ပြောပြသည်။
ကံကောင်းထောက်မစွာ ကြီးကြီးမားမား ဒဏ်ရာမရသူတစ်ဦးက တောင်ပေါ်သို့တက်၍ လာနေသည့် ကားတစ်စီးကိုတားကာ အကူအညီတောင်းခဲ့သဖြင့် ထိုကားတွင် ပါလာသော လူခြောက်ဦး ချောက်အတွင်းဆင်းလာခဲ့ သည်။ ထိုအထဲမှ နှစ်ဦးက ကိုဝင်းဇော်တို့ကို ကားအတွင်းမှဆွဲထုတ်ပြီး ချောက်အတွင်းကွက်လပ် တစ်နေရာတွင် နေရာချပေးကြသည်။
ထိုအခါမှ လှိုင်သာယာမှ ခေါ်လာသော အသက် ၁၈ နှစ် အရွယ် မောင်ရှင်းသန့်အောင်ကို ကိုဝင်းဇော်သတိရ၍ အော်ခေါ်ကြည့်ရာ ခပ်ဝေးဝေးမှာရှိနေသည့် မောင်ရှင်းသန့်အောင်က ခြေထောက်ကျိုးနေ၍ မထနိုင်ဟု ပြန်ထူးသည်။
“ကျွန်တော့်အတွက် ဒါပထမဆုံးခရီးထွက်ဖူးတာ။ ရခိုင်ကိုလည်း ခုမှစသွားဖူးတာ။ မှောက်မယ်မှန်းဘယ်သိမလဲ။ ကားကချောက်ထဲဆင်းတဲ့အချိန်မှာ နှစ်ပြန်၊ သုံးပြန် လိမ့်သွားတယ်။ လိမ့်တဲ့အထဲ ကျွန်တော်ပါသလား၊ မပါခဲ့သလား မမှတ်မိဘူး။ ကျွန်တော် သတိရတဲ့အချိန်မှာ ချောက်ကမ်းပါးထဲက ထိုးထွက်နေတဲ့ တောင်ကမူလေးနဲ့ သစ်ပင်တွေကြားမှာ ရောက်နေတယ်။ ကားနဲ့တော့ သိပ်မဝေးဘူး။ ကားခေါင်းကြီးက စိုက်ကျနေတယ်။ ကားထဲမှာ ငိုသံတွေ၊ ညည်းသံတွေ ကြားနေရတယ်။ အမှောင်ထဲမှာ စမ်းရင်းနဲ့ ဓာတ်မီးနဲ့ရေဘူးတစ်ဘူးတွေ့တယ်။ ထိုးကြည့်တော့ ကားမောင်းတဲ့လူက သွေးအလိမ်းလိမ်းနဲ့ သေနေတယ်။ သူ့ကို တော်တော်လေး ခက်ခက်ခဲခဲ ဆွဲထုတ်နေတာ တွေ့ရတယ်” ဟု ကိုဝင်းဇော်နှင့်အတူပါလာသော မောင်ရှင်းသန့်အောင်က ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။
ကားအတွင်း လူလေးဆယ်ကျော်ပါလာခြင်းကြောင့် ကယ်ဆယ်ရန် အင်အားနည်းပါးနေသည့်အတွက် ကူညီနေသူ ခြောက်ဦးက ဖုန်းဆက်၍ အကူအညီများ တောင်းခံကြရသည်။
ထို့နောက်အကူအညီများ တဖြည်းဖြည်းရောက်ရှိလာကြပြီး ကားအတွင်းမှ တစ်ဦးချင်းစီကို ဆွဲထုတ်ကြတော့သည်။ သေဆုံးသူ အလောင်းများနှင့် ဒဏ်ရာရရသူများ ချောက်အတွင်း စုပြုံလာသည်။ “ကားထဲက လူတစ်ယောက်က အရမ်းအော်နေတယ်။ ကယ်တဲ့လူတွေကလည်း သူ့ဆီသွားဖို့ အခက်အခဲတွေ့နေကြတယ်ထင်တယ်။ မနက်မိုးလင်းခါနီးလောက်မှ သူ့ကို သွားထုတ်နိုင်ကြတယ်။ သူသေသွားသလား၊ ရှင်သလားတော့မသိဘူး” ဟု ကိုဝင်းဇော်က သူမှတ်မိသည့် မြင်ကွင်းတစ်ခုကို ပြောသည်။
တောင်နံရံကို မှီ၍လဲနေသည့် ကိုဝင်းဇော်အနီးမှ လူတစ်ဦးက ရေဆာသည်ဟု ညည်းညူနေသော်လည်း မည်သူမှ ရေပေးရန် မအားကြ။ ထိုအချိန်က သူတို့အတွက် ရှည်ကြာလွန်းလှသည်။ နံနက် ငါးနာရီခန့်တွင် မိုင်သုံးဆယ် ခန့်ဝေးသည့် တောင်ကုတ်မြို့မှ နာရေးကားတစ်စီးရောက်လာပြီး အသက်ရှင်ကျန်ရစ်ပြီး ဒဏ်ရာပြင်းထန်သူများကို တစ်သုတ်ပြီး တစ်သုတ်တင်ဆောင်လျက်ရှိသည်။ ကိုဝင်းဇော်က နောက်ဆုံးအခေါက်တွင်မှ အလောင်းများနှင့်အတူ လိုက်ပါရသည်။ သူ့နံဘေးမှ ရေတောင်းနေသည့်လူနာလည်း ပါလာပြီး နာရေးကားပေါ်မှ လူတစ်ဦးက ရေတစ်ဘူး ထုတ်တိုက်သည်။
“အဲဒီရေဘူးကို သူ့ဘာသာ ကိုင်သောက်တယ်။ ဆေးရုံရောက်ပြီး မကြာခင် သူဆုံးသွားတယ်” ဟု ကိုဝင်းဇော်က ပြောသည်။
ကိုဝင်းဇော်တစ်ယောက် ချောက်အတွင်းရှိနေစဉ်အချိန်မှာ တောင်ကုတ်မြို့ရှိ သူ၏မိခင်ဖြစ်သူခမျာ မပဋာမြေလူးဖြစ်နေခဲ့ရသည်။ ဆေးရုံသို့ တစ်စီးပြီးတစ်စီး ဆိုက်ရောက်လာသည့် လူနာတင်ယာဉ်များကို အပြေးအလွှားသွားကြည့်ပြီး တစ်စီးမှာမှ ပါမလာသည့်အခါ သားအပေါ် စိုးရိမ်မှုက ပိုမိုမြင့်မားလာခဲ့ရသည်။
ဒဏ်ရာရသူများကိုသာ ဦးစွာ ပို့ဆောင်နေခြင်းဖြစ်ပြီး သေဆုံးသည့်အလောင်းများကို နောက်ဆုံးမှ သယ်ဆောင်လိမ့်မည်ဟု တစ်ယောက်တစ်ပေါက် ထင်ကြေးပေးနေကြသည့် စကားသံတို့က စိတ်နှလုံးကို လှုပ်ခါနေခဲ့သည်။
“အရီးရင်ထဲမှာ မီးလာမွှေးသလိုပဲ ပူနေတယ်။ ငိုလိုက်ရတာ မပြောပါနဲ့တော့။ ပါလာတဲ့သူတွေကလည်း အကောင်းပကတိ တစ်ယောက်မှ မပါလာ။ ကျိုးပဲ့အော်ဟစ်နေတာ သွေးသံတရဲရဲ။ သားရဲ့သူငယ်ချင်းက စိတ်မပူပါနဲ့လို့ ဖျောင်းဖျတယ်။ မွေးထားတာမှ သားနှစ်ယောက်ပဲရှိတာ။ ဒီသားက အငယ်ဆုံး။ အမေနဲ့နေတယ်။ အရူး တစ်ယောက်လိုခံစားနေရတယ်” ဟု ကိုဝင်းဇော်၏ မိခင်က ခံစားချက်ကိုပြောသည်။
နောက်ဆုံး လူနာတင်ယာဉ်နှင့် ကိုဝင်းဇော်ပါလာပြီဟု အသိတစ်ဦးက ဖုန်းဖြင့်လှမ်းပြောသော်လည်း မိခင်ဖြစ်သူက မယုံကြည်နိုင်ရှိနေခဲ့သည်။ “သေတဲ့လူက အများကြီးဆိုတော့ ကိုယ်မှမမြင်ရတာ ဘယ်ယုံမလဲ။ ရောက်လာတော့ သားမျက်နှာကို မမှတ်မိဘူး။ ဖူးရောင်နေတယ်။ ကြောင်ပြီးကြည့်နေတာ” ဟု ဆိုသည်။ ထို့နောက် သားအမိနှစ်ဦးဖက်၍ အားပါးတရ ငိုကြွေးမိကြသည်။
သံတွဲမြို့ခံ အမျိုးသားတစ်ဦးမှာတော့ ထူးထူးခြားခြား ကံကောင်းခဲ့သည်။ ကားစထွက်စဉ်ကတည်းက ယမကာမှီဝဲလာခဲ့ပြီး ထမင်းစားနား၍ ကားဆက်ထွက်ချိန်တွင် ကျောက်ဖြူသို့သွားမည့် တခြားအောင်သစ္စာကားတစ်စီး ပေါ်သို့ မှားတက်ခဲ့၍ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
အောင်သစ္စာကားတိမ်းမှောက်သည့် နေရာတွင် တစ်နှစ်လျှင် အနည်းဆုံးမတော်တဆမှု နှစ်ကြိမ်ဖြစ်ပေါ်တတ်ကြောင်း၊ နေပူတောင်ဆင်းလမ်းတွင် နှစ်ဖာလုံခန့် ပြေပြစ်သည့်နေရာအလွန် မတ်စောက်သော ဂငယ်ကွေ့ရှိ ပြီး မောင်းနှင်မှုမကျွမ်းကျင်ပါက တိမ်းမှောက်မှုဖြစ်ပေါ်နိုင်သော နေရာဖြစ်သည်။
“အခုက ရိုးတောင်ပေါ်က ကားမတော်တဆမှုတွေထဲမှာ လူသေတာအများဆုံးနဲ့ ဒဏ်ရာရတာအများဆုံးပဲ။ ၁၉၉၇ တုန်းက တစ်ခါဖြစ်တာ တစ်ယောက်ပဲ သေတယ်။ အဲ့ဒီနေရာမှာ အရှိန်မထိန်းနိုင်လို့ ကုန်တင်ကားတွေ ခဏခဏ ချောက်ထဲကျတယ်။ လူတော့မသေဘူး” ဟု တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။
အောင်သစ္စာယာဉ်လိုင်းက သေဆုံးသူများအတွက် ကူငွေ ကျပ်နှစ်သိန်းစီထောက်ပံ့ပေးခဲ့ ပြီး သံတွဲမြို့ဆေးရုံတွင် ကုသမှု ခံယူနေသည့် ထိခိုက်ဒဏ်ရာရသူများကို ငွေကျပ်ငါးထောင်နှင့် မုန့်များ လာရောက်ပေးအပ်ခဲ့ကြောင်း သံတွဲမြို့ခံတစ်ဦးက ပြောသည်။
“လူတစ်ယောက်ရဲ့ အသက်ကို ဘယ်လိုလျော်ရမလဲ။ သိန်းငါးဆယ်ပေးတောင်မရဘူး။ အခုပေးတာက လျော်ကြေးမဟုတ်ဘူး။ အသုဘစရိတ်အတွက် ကူငွေပေးတာပါ။ လျော်တာက အာမခံက လုပ်ပါလိမ့်မယ်” ဟု အောင်သစ္စာ (တောင်ကုတ်) ယာဉ်လိုင်းပိုင်ရှင် ဦးစောရွှေက ပြောသည်။
သေဆုံးသွားသည့် သုံးနှစ်အရွယ်ကလေးငယ်နှင့် ၎င်း၏မိခင်ဖြစ်သူတို့မှာ ကွမ်းခြံကုန်းမြို့နယ်မှဖြစ်ကြပြီး သံတွဲမြို့မှ အမျိုး တစ်ဦးနာရေးသို့လာရောက်ရင်း အဖြစ်ဆိုးကြုံကြရခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများကို တောင်ကုတ် ဆေးရုံ၊ သံတွဲဆေးရုံတို့မှ ကုသပေးခဲ့ကြပြီး အချို့မှာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ လာရောက်ကုသနေကြသည်။
“ကျွန်တော့်ဘေးနားက သေသွားတဲ့ သုံးနှစ်ကလေးမလေးကို မြင်ယောင်တိုင်း ဒီလိုအဖြစ်ဆိုးမျိုး မကြုံချင်တော့ဘူး” ဟု ကိုဝင်းဇော်က ပြောရင်း အသံတိမ်ဝင်သွားသည်။ မြင့်မားသော ရိုးမတောင်ပေါ်မှ ကွေ့ကောက်သည့် လမ်းကြီးမှာ ကျဉ်းမြောင်းသည့်အပြင် လမ်းသားမကောင်းခြင်းကလည်း ပြဿနာတစ်ရပ်ဖြစ်သည်။
ရန်ကုန်မှပြန်လာ၍ ရခိုင်ရိုးမပေါ် ဖြတ်သန်းတိုင်း ကိုယ့်ရပ်ကိုယ့်မြေ ပြန်ရောက်ပြီဟူ၍ ကြည်နူးစိတ်ဖြစ်မိသည့် ကိုဝင်းဇော်တစ်ယောက် ယခုအခါမှာတော့ သူချစ်တဲ့ ရိုးမကိုဖြတ်သန်းတိုင်း အဖြစ်ဆိုးကို သတိရသည့် စိုးရိမ်စိတ်များ ၀င်လာတော့မည်ဖြစ်သည်။ ။
စာပေဝေမျှသူ
မော်နီကာ
Sunday, February 3, 2013
ဖိလစ်ပိုင်နိုင်ငံက သချိုင်းမှာနေထိုင်ကြသူများ
အခုတစ်လော မုန်တိုင်းတွေ တစ်ခုပြီးတစ်ခုနဲ့  သဘာဝဘေးအန္တရယ်တွေကျရောက် ခံစား
နေရတဲ့  ဖိလစ်ပိုင်နိုင်ငံက လူဆင်းရဲ တွေရဲ့ ဘ၀ တစ်စိတ်တစ်ဒေသပါ။
တစ်ချို့ ကတော့ သူတို့ ရဲ့ ကွယ်လွန်လေပြီးသော မိဘ၊ဘိုးဘွားတွေရဲ့ အုတ်ဂူမှာနေကြတာပါ...
တစ်ချို့ ကတော မထင်မှတ်တဲ့ ဘ၀အချိုးအကွေ့ တွေကြောင့် သုဿာန်တစ်စပြင်ကို ရောက်
ရှိနေထိုင်ကြ၇ပြီး။
တစ်ချို့ ကတော့ ရွှေမြို့ တော် မနီလာ ကိုရောက်ယင် အလုပ်အကိုင်အခွင့် အလမ်းတွေတွေ့ 
ပြီး ဘ၀အဆင့် အတန်းမြင့် မားရချေရဲ့  ဆိုပြီး နယ်ကနေ အရာအားလုံးစွန့် ပြီးတက်လာကြ
သူတွေပါ။
အဲဒီသုဿာန်မှာ နေထိုင်သူ မိသားစုပေါင်း ၁၀၀၀၀ ကျော်တောင်ရှိတယ်ဆိုပဲ။
ကာမဘုံသားများဖြစ်တဲ့  လူတွေကတော့ ဘယ်နေရာကိုပဲ ရောက်ရောက် မိမိဘ၀ အသက်ရှင်
နေထိုင်ရေးအတွက် ပျော်ပျော်ပဲနေကြရတာပါပဲ။။
ပုဂံခေတ်ရုပ်ပွားတော် အမေရိကန်မှ ပြန်ရောက်
Zayar Zy and 2 other friends shared Myanmar Online News's photo.
Friday, 01 February 2013
အမေရိကန် Northeastern Illinois University မှ ပုဂံခေတ်လက်ရာဖြစ် သော ဓမ္မစက္ကမုဒြာ ဗုဒ္ဓ ရုပ်ပွားတော်အား မြန်မာနိုင်ငံသို့ ပြန်လည်ပေးအပ်ခဲ့ရာ ရန်ကုန် အမျိုးသားပြတိုက်၌ ထိန်းသိမ်းထားကြောင်း သိရသည်။
ဓမ္မစက္ကမုဒြာပုံ ရုပ်ပွားတော်ဖြစ်ပြီး ဉာဏ်တော်အမြင့် ၂၂ လက်မ၊ ဆင်းတု တော် အနံ ၁၅ လက်မ၊ဆင်းတုတော် ထု ၆ ဒသမ ၅ လက်မဖြစ်သည်။
သဲကျောက် ဖြင့်ပြုလုပ်ထားပြီး ဆင်းတုတော်၏ ခြေတော်များ မပါရှိပေ။ အဆိုပါရုပ်ပွားတော်ကို အမျိုးသား ပြတိုက်ရှိ ခေတ်အဆက်ဆက်
ထိန်းသိမ်းထားသော ဗုဒ္ဓဆင်းတုတော်များပြခန်းတွင်ပြသထားလျက်
ရှိသည်။
"နိုဝင်ဘာ ၂၅ ရက်နေ့က ရန်ကုန် လေဆိပ်ကို ရောက်တယ်။ အဲဒီနေ့ပဲ သက်ဆိုင်ရာအရာရှိသုံးဦး က စစ်ဆေးပြီး အမျိုးသားပြတိုက်ကို
ပင့်ဆောင်ခဲ့တယ်။ တစ်ဖက်ကအကြောင်းတွေကိုတော့ သိပ်
မသိပါဘူး။ လက်ရှိမှာတော့ ပြတိုက်မှာပဲ ထိန်းသိမ်းထားပါတယ်"ဟု အမျိုးသားပြတိုက် ညွှန်ကြားရေးမှူး ဦးသောင်းဝင်းက မြန်မာတိုင်း(မ်)ကို
ပြောသည်။
အဆိုပါရုပ်ပွားတော်အား ၁၉၈၈ ခုနှစ် တွင် ပုဂံ၊ ကျောက်ဂူ ဥမင်မှ အမေရိကန် နိုင်ငံသို့ ယူဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
"အမျိုးသားပြတိုက်ဟာ တိုင်းပြည်ရဲ့ မျက်နှာစာ၊ တိုင်းပြည်ရဲ့အချက်အချာ
ဆိုလည်း မမှားဘူး။ တိုင်းပြည်အတွင်း က တိုင်းရင်းသားလူမျိုးတွေ၊ ယဉ်ကျေးမှု အမွေအနှစ်၊ ဘာသာရေးစတာတွေဟာ ပြည်သူလူထုနဲ့
သက်ဆိုင်တဲ့အတွက် ပြတိုက်က၀န်ထမ်းတွေ ထိန်းသိမ်းပေမယ့်လည်း
ပြည်သူတစ်ရပ်လုံးက မြတ်နိုးတဲ့စိတ်နဲ့ ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်"ဟုဦးသောင်းဝင်းက ပြောသည်။
အမျိုးသားပြတိုက်အနေဖြင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ သမိုင်းတန်ဖိုး
လက်ရာများကို အများပြည် သူများ မြတ်နိုးတန်ဖိုးထားနိုင်ရန်အတွက် စုဆောင်းထိန်းသိမ်းထားပြီး ပြတိုက်တွင် ပြခန်းပေါင်း ၁၆ခန်းဖြင့် ခင်းကျင်း
ပြသထားသည်။
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်မှကြီးမှူး၍ ပြတိုက်တွင် ဘွဲ့လွန်ပြတိုက်ဒီပလိုမာတစ်နှစ် သင်တန်းကိုလည်း ပို့ချပေးလျက်ရှိရာ
၁၁ ကြိမ်ရှိပြီ ဖြစ်သည်။
ချယ်ရီသိန်း
Myanmar Times
လူငယ်မောင်မယ်များနှင့်သူ့သားသမီးလွန်ကျူးခြင်း
          လူငယ်မောင်မယ်တို့ရေ…ဒီတစ်ခါတော့ ဘ၀မှာ အလွန်အရုပ်ဆိုးအကျည်းတန်လှတဲ့ ကာမဂုဏ်အမှုများ လွန်ကျူးကြ ခြင်းအကြောင်းလေးကိုပြောကြရအောင်။ ခေတ်ကာလအရ ၀တ်စားဆင်ယင်မှုတွေကအစ ပြောင်းလဲလာတော့ လူငယ်မောင် မယ်တွေဒီကာမအမှုကို လွယ်လွယ်ကျူးလွန်နေကြတယ်။ဒါကြောင့်ဒီတစ်လတော့ ကာမအမှုကျူးလွန်တဲ့အတွက် ပျက်စီးရပုံ ဆုံး ရှုံးရပုံနဲ့ ရှောင်ကြဉ်တဲ့အတွက် ရရှိနိုင်မယ့်ဘ၀အေးချမ်းမှုအကျိုးတရားတွေကိုပြောပြပေးချင်တယ်။
          လူရယ်လို့ဖြစ်လာရင် ဒီကာမနယ်လွန်ခြင်းအမှုကိုလည်းထိန်းသိမ်းနိုင်ရမယ်။ ဒါမှလူပီသသူလေးတွေဖြစ်ကြတော့မှာပေါ့ ယနေ့လူငယ်မှအစ လူကြီးတွေအဆုံး ကာမနယ်လွန်ခြင်းအမှုကိုလွန်ကျူးနေကြတာဟာ၆၀%ရာခိုင်နှုန်းလောက်ထိသိသိသာ သာပေါများလာတယ်လို့ကိုတော့ထင်တယ်။ မြင်နေရ ကြားနေရ တွေ့ကြုံနေရတဲ့ အရာတိုင်းမှာ ပြေးမလွတ်အောင်ဒီအမှုတွေများ နေတယ်။ သတင်းဂျာနယ်များကိုဖတ်ရှု့တိုင်း အမြဲတမ်းဒီအမှုတွေကိုဖတ်နေရတာ ရင်လေးမိတယ်။ အသက် ၁၃၊၁၄၊၁၅ အရွယ်လေးတွေကို သားမယားရှိတဲ့အမျိုးသားတွေကစ သွေးဆောင်ဖြားယောင်းပြီးကာမနယ်လွန်နေကြတာဟာမိဘတိုင်း ရင်ထုမနာဖြစ်ရပါတယ်။ အချို့အသက်လေးငါးနှစ်အရွယ်လေးတွေထိ  လွန်ကျူးနေကြတာရင်နာစရာပါပဲ။
          အခွင့်ရေးသမားတွေကပေါနေလေတော့  ကိုယ့်မှာသားမယားရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ၊ရသမျှအခွင့်ရေးအစွမ်းကုန် အသုံးချနေကြတယ်။ လူငယ်တွေကလည်းရည်းစားကိုရသလောက်ထားပြီးဖောက်ပြားလာကြတယ်။ ကျောင်းသူကျောင်းသား
လေးများပါ ယနေ့ကာမအမှုကိုအလွယ်တကူလွန်ကျူးနေကြပြန်တယ်။ တားဆေးကာကွယ်ဆေးတွေကလည်း ၀ယ်ချင်တဲ့နေရာ မှာထင်သလိုဝယ်ရနေတော့ သူတို့အတွက်တော့ ထမင်းစားရေသောက်လောက်တောင်မခက်ခဲတဲ့အမှုလိုပဲပြုလုပ်လာကြတယ်။ ဘယ်လောက်ထိဆိုးဝါးလာသလဲဆို ယိုသူမရှက်မြင်သူရှက်အဆင့်တောင်ရောက်နေကြပြီ။ ပန်းခြံများ သူသူရှင်းသည့်ဘုရားကွင်း များသံလမ်းဘေး၊ကန်တော်ကြီးလိုနေရာမျိုးနဲ့ ယနေ့တည်းခိုခန်းများဟိုတယ်များမှာပါ စုံတွဲလေးများကိုယ်စီကိုယ်စီ ကာမနယ် လွန်နေကြတာအသိအသာကြီးပါပဲ။ ပန်းခြံနဲ့ကန်တော်ကြီးလိုနေရာမျိုးတွေမှာဆို ကိုယ်ကပဲရှောင်ကွင်းပြီးမမြင်ချင်ဟန်ဆောင်ခဲ့ရတဲ့ အတွဲပေါင်းမနဲပဲကို။ရိုးရိုးသမီးရည်းစားချိန်းတွေ့တာမျိုးမဟုတ်ဘဲ၊ နယ်လွန်ဖို့ချိန်းတွေ့နေကြတာမိဘတွေလည်းသတိထား သင့်လေရဲ့။
          အဲလိုတွေ့နေတဲ့အထဲမှာ အချို့စိတ်တူကိုယ်တူ၊အချို့ကာမအားဆေးခေါ်တဲ့ ဆေးတွေ စိတ်ကြွဆေးတွေတိုက်ခံရရာက စိတ်တွေမှုန်ထပြီးလူရှေ့မရှောင်သူရှေ့မရှောင်ဖြစ်ကုန်ကြတဲ့အဆင့်ရောက်ကုန်ကြတာပါ။လူငယ်တွေရဲ့
လက်ဝယ်မှာ ဒီဆေးတွေ ကလွယ်ကူစွာရောက်လာတော့ အထာမသိသေးတဲ့ သမီးပျိုလေးတွေသားကောင်ဖြစ်ကုန်ကြတယ်။ မိန်းမရှိကလေးရှိပါလျှက်နဲ့ ခင်မင်ခဲ့ရာက ဒီလိုဆေးတိုက်ခံပြီးဘ၀တွေပေးဆပ်ရတဲ့ အပျိုစင်လေးတွေဒုနဲ့ဒေး၊နောက်ဆုံးမထူးတော့ပါဘူးဆိုပြီး ကိုယ့်ဘက် ကပင်စပြီးကာမနယ်လွန်ချင်လာတဲ့မိန်းကလေးတွေလည်း ဘ၀ကိုတန်ဖိုးထားရကောင်းမှန်းမသိဖြစ်ပျက်ကုန်ကြပါတယ်။ဒီနေရာ မှာအဓမ္မကျင့်ခံရတယ်ဆိုတာလေးနဲ့ပတ်သက်ပြီးပြောလိုတာရှိသေးတယ်။ အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို အလိုမတူပဲပြုကျင့်တာ၊ အမျိုးသမီးတစ်ယောက်ကအမျိုးသားတစ်ယောက်ကိုအလိုမတူပဲပြုကျင့်တာ၊ ဒီအချက်လောက်ကိုအဓမ္မ မှုအပြစ်ရှိတယ်လို့ယူဆနေကြတယ်။ ဒါဖြင့်နှစ်ဦးနှစ်ဘက်စိတ်တူကိုယ်တူ လွန်ကျူးတာရောအပြစ်မရှိဘူးလို့ပြောလို့ရမလား။ စိတ်တူကိုယ်တူမို့ အပြစ်မရှိကြေးသာဆိုရင်လေ ယနေ့မိန်းကလေးအထာကြေနေတဲ့ကလေးအဖေတိုင်းက အပျိုစင်လေးတွေကို စိတ်ပါအောင်နူးပြီးပြုကျင့်ကုန်တော့မှာပေါ့။တကယ်တမ်းတော့လည်းခုဒီလိုပြုကျင့်နေကြတာပါပဲ။
          ကိုယ်ပိုင်တရားဝင်အမျိုးသားအမျိုးသမီးမဟုတ်ဘဲလွန်ကျူးတဲ့အမှုတိုင်းဟာ နှစ်ဦးနှစ်ဘက်
သဘောတူသည်ဖြစ်စေ၊
မတူ သည်ဖြစ်စေ ဒါဟာအပြစ်ရှိပါတယ်။အဓမ္မမှုပါပဲ။ဒီနေရာမှာပြောလိုတာလေးရှိတယ်။ ဗုဒ္ဓဘာသာအလိုအရ ကာမနယ်မလွန်ထိုက် တဲ့သူ ၂၀ ကိုဟောခဲ့တယ်။ ဒီနေရာမှာတော့ ၂၀ လုံးကိုမပြောတော့ဘူး အကြမ်းအနေနဲ့ ကျူးလွန်ရင်အပြစ်ရောက်တဲ့ သုံး မျိုးလောက်တတ်နိုင်ဆုံးခြုံငုံမိအောင်ပြောပေးပါ့မယ်။ မိဘဆွေမျိုးအပေါင်းအဖော်စတဲ့ အုပ်ထိန်းသူရဲ့ခွင့်ပြုချက်မရဘဲ။သူကသ ဘောတူလျှင်၊သူကသဘောမတူပဲ မိဘဆွေမျိုးအပေါင်းအဖော်စတဲ့အုပ်ထိန်းသူရဲ့ခွင့်ပြုသဘောတူလျှင်ကာမနယ်လွန်ခွင့်မရှိပါ ဘူး။ကာမေသုမိစ္ဆာစာရဖြစ်ပါတယ်။ဒါဖြင့်အုပ်ထိန်းသူလည်းသဘောတူသူကလဲသဘောတူလျှင်အပြစ်
မဖြစ်ဘူးလို့ပြောနိုင်မလား ကိုယ့်မှာတရားဝင်အိမ်တောင်ရှိရင် ။တရားဝင်လက်ထပ်ယူတာမဟုတ်ရင်အပြစ်ဖြစ်တာပါပဲ။ ကာမေသုမိစ္ဆာစာရရဲ့သဘောကအဲ လိုဖြစ်ပါတယ်။ ဒီတော့ ယနေ့ကာမနယ်လွန်နေတဲ့လူတွေဟာ ကိုယ်ပိုင်လင်၊ မယားမဟုတ်လျှင် အဓမ္မဖြစ်ပါတယ်။ အပြစ်ဖြစ်ပါ တယ်။ယခုဘ၀နောင်ဘ၀နှစ်မျိုးလုံးမှာဒီအပြစ်ရဲ့ဒဏ်ကိုခံကြရမှာအသေအချာပါ။
          ဒီလိုအပြစ်ဖြစ်တယ်ဆိုတာသတိထားပြီးရှောင်ကြဉ်စေကြလိုတယ်။ ကာမနယ်လွန်တဲ့အမှုတွေနည်းသွားအောင် တား ဆေး၊ကာကွယ်ဆေး၊ကာမအားဆေး၊စိတ်ကြွဆေးတွေကို မရောင်းချပေးဖို့ယနေ့အာဏာပိုင်တွေအထူးကြပ်မတ်သင့်ပါတယ်။ဒီ ဆေးတွေကြောင့်
ကိုယ်ကျင့်တရားတွေပျက်ကုန်တာ ၇၀ ရာခိုင်နှုန်းလောက်ရှိမယ်ထင်ပါတယ်။
          အလိုတူသည်ဖြစ်စေ၊မတူသည်ဖြစ်စေ အပြစ်ဖြစ်တယ်ဆိုတာအားလုံးသိပြီးဖြစ်ပါတယ်။ အလိုမတူပဲအဓမ္မကျင့်ခံရတာ ကတော့ လူသိရှင်းကြားမြန်ဆန်ပြီးပြဿနာအကြီးကျယ်ရင်ဆိုင်ရပါတယ်။ အလိုတူတွေလည်းအညာခံရမှန်းသိတဲ့အခါ စိတ်သ ဘောထားမတိုက်ဆိုင်ကြတဲ့အခါ၊ အရှက်ကွဲအောင်ဖြစ်ကြရပါတယ်။ဒါကြောင့်လူငယ်မောင်မယ်တို့ရေ…အသက်ငယ်ငယ်နဲ့ ဘ၀ အဓိပ္ပါယ်မဲ့အောင်မလုပ်ချင်စမ်းနဲ့ကွ။ တက်သစ်စအရွယ်မို့ အတွေ့ကြုံရအောင်စမ်းကြည့်လိုက်ချင်တယ်ဆိုတဲ့စိတ်ကိုနိုင်အောင် ထိန်းကြစေချင်တယ်။
          ဒီလိုကာမနယ်လွန်တဲ့အတွက် ငြိမ်းချမ်းချင်ပါတယ်ဆိုတဲ့မင်းတို့ဘ၀လေးတွေမငြိမ်းမချမ်းဖြစ်ကုန်တော့မှာ။ တရားဝင် လင်မယားမဟုတ်ဘဲ ကာမအမှုကိုနယ်ကျွန်မိတယ်။အလိုမတူပဲအဓမ္မကျင့်မိတယ်ဆိုရင်နံပါတ်တစ်အနေနဲ့ လူပုံအလယ်မှာကိုယ့် စိတ်ကိုမလုံမလဲဖြစ်တတ်တယ်။ ဘယ်သူမှမသိပေမယ့် ငါလွန်မိထားတယ်ဆိုတဲ့အသိက နှိပ်စက်ခြင်းကိုခံရတတ်တယ်။ အကျင့် ပျက်ပြားသူလို့ကိုယ့်ကိုယ်ကိုခြိမ်းခြောက်ခြင်းကိုခံရတတ်တယ်။ယောက်ျားလေးတွေဆို အခန့်မသင့်ရင် ထောင်ထဲရောက်နိုင် တယ်။မိန်းကလေးတွေကတော့ ကိုယ့်ဖာသာသတ်သေတဲ့အထိအန္တာရယ်ဖြစ်လာနိုင်တယ်။ ကာမနယ်လွန်သူဆိုမုန်းသူပေါများ တတ်တယ်။ ရန်သူတွေများလာတတ်တယ်။ ပစ္စည်းဥစ္စာတွေရှားပါးလာတတ်တယ်။ နောက်ဆုံး မထူးဇာတ်တွေအမြဲခင်းနေတတ် တဲ့အတွက် ယုတ်မာသူဖြစ်လာတတ်တယ်။လူပုံအလယ်မှာ မျက်နှာငယ်အရှက်ရတတ်တယ်။ ဒီလွန်ကျူးမှုများရဲ့နှိပ်စက်မှု ကြောင့်  ငါလုပ်တာလူတွေများသိကုန်ပြီလား။ ငါ့ဗိုက်များပေါ်လာလေမလားစတဲ့အတွေးတွေနဲ့ စိုးရိမ်သောကကြီးစွာရောက်ရ တတ်တယ်။ ယနေ့လူငယ်လေးတွေအတွက်တော့ ကိုယ်ချစ်ရပါတယ်ဆိုတဲ့ချစ်သူက ခွဲခွာသွားခြင်းကိုခံရတတ်ပါတယ်။ကြီးသူ တွေအတွက်တော့အိမ်ထောင်ပြိုကွဲယိုင်လဲပြီး ချစ်ခင်တဲ့မိသားစုနဲ့ကွေကွင်းရတတ်ပါတယ်။ကာမကိုအလွယ်လိုက်စားကုန်တဲ့မိန်း ကလေးတွေကလည်းဘ၀ကိုတန်ဖိုးမထားတတ်တော့ဘဲ၊တွေ့ကရာလူနဲ့လူကျူးဖို့
ဝန်မလေးပေါ့ပေါ့ပါးပါးဖြစ်ကုန်တယ်။ နောက် ဆုံးငွေယူပြီးကာမကိုပေးတဲ့အဆင့်ရောက်ကုန်ကြတယ်။ဒါကိုအပျိုစင်လေးတွေသတိထားသင့်တယ်။
          ယနေ့နိုင်ငံနဲ့ကမ္ဘာအ၀ှမ်းမှာ ဒီကာမနယ်လွန်မှုကြောင့် တုန်လှုပ်ခြောက်ချားစရာတွေနဲ့ကြုံနေရပါတယ်။ တို့နိုင်ငံမှာလည်း ကာမမှာမတရားကျူးလွန်ခဲ့တဲ့အဖြစ်အပျက်လေးတွေကြောင့် အသက်ပေါင်းများစွာပေးစပ်လိုက်ရတဲ့အဖြစ်အပျက်များစွာကို လည်းတွေ့မိကြမယ်ထင်ပါတယ်။ လူဖြစ်ပြီးလူ့ကျင့်ဝတ်နဲ့မညီသူတွေ များနေလို့ အရာရာမငြိမ်းမချမ်းနေလာခဲ့ရတာပါ။ လူသား အားလုံးလူ့ကျင့်ဝတ်နဲ့ညီရင် နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာစရာအကြောင်းမရှိပါဘူး။ ခုလိုကာမနယ်လွန်ခြင်း အမှုတွေလွန် ကျူးနေကြတဲ့ လူမပီသတဲ့ လူ့တိရစ္ဆာန်တွေများနေသောကြောင့် လှပတဲ့ဘ၀လေးများ ငြိမ်းချမ်းမည့်နိုင်ငံရေးများ ဆုတ်ယုတ်လာ ရတာဖြစ်ပါတယ်။ တစ်ခါကာမနယ်မှာလွန်ဖူးထားရင် နောက်လည်းဆက်လွန်ချင်နေတတ်တဲ့စိတ်ကြောင့် အဓမ္မမှုတွေများလာ နိုင်ပါတယ်။ အဓမ္မပြုကျင့်ခံရသူနှင့်ကြားသိသူအားလုံးစိတ်ဆင်းရဲခြင်းကိုခံရနိုင်ပါတယ်။ ကာမမှာအလွယ်လွန်မှုတွေကြောင့် ရော ဂါဘယတွေပေါများလာပြီး။ ဘ၀တွေအမှောင်ကျသွားနိုင်ပါတယ်။
          အသက်မပြည့်ငယ်ရွယ်လွန်းသည့်ကလေးငယ်များမှာလွန်ကျူးတဲ့အတွက် လူတစ်ယောက်ရဲ့တန်ဖိုးရှိရခဲလှတဲ့ဘ၀ကို ပျက်စီးရာရောက်ပါတယ်။ပြုကျင့်ခံလိုက်ရတဲ့မိန်းကလေးအချို့ အရှက်ကိုအသက်နဲ့ပေးဆပ်ကြတာတွေလည်းရှိသလို အချို့မိန်း ကလေးများမှာဆိုရင် အဓမ္မပြုကျင့်ခံရရုံမက အသက်ပါသတ်သွားတာတွေလည်းရှိသောကြောင့် နိုင်ငံတစ်ခုလုံးမှာရှိသော မိန်းက လေးများ တစ်ယောက်ထဲသွားချင်သလိုမသွားရဲဖြစ်ရတယ်။ အမြဲထိတ်တလန့်လန့်ဖြင့် ဘ၀ကိုရင်ဆိုင်နေရတတ်ပါတယ်။ကိုယ် ကလည်းကာမနယ်လွန် သူကလည်းကာမနယ်လွန်နဲ့ ကိုယ်ကျင့်သီလမမြဲသူတွေပေါလာပြီး ဘ၀တွေစုတ်ပြတ်နုံချာ ဖြစ်ချင်ရာ ဖြစ်ချင်ရာဖြစ်ကုန်ပြီး မိုက်မိုက်ကန်းကန်းရမ်းသမ်းလို့ ရခဲလှတဲ့လူ့ဘ၀မှ အမြန်အဆုံးသတ်ကုန်ကြလိမ့်မယ်။ဒါကြောင့် လူငယ် မောင်မယ်တို့ရေ ကိုယ်နဲ့နှိုင်းယှဉ်စာနာပေးစေချင်ကြတယ်။
          ငါ့ညီမ၊ငါ့အစ်မ၊ငါ့အမေ၊ငါ့သမီးလေးများဒီလိုပြုကျင့်ခံရရင် ငါဘယ်လိုခံစားရမလဲဘယ်လောက်စိတ်တိုလိုက်မလဲ။ ဘယ် လိုတုန့်ပြန်လက်စားချေချင်စိတ်တွေပေါက်လာလိမ့်မလဲရယ်လို့စာနာပေးပြီးကာမ
နယ်မလွန်မိအောင်ရှောင်ကြစေလိုတယ်။ မိန်း ကလေးများဘက်ကလည်း ဖြစ်ပေါ်လာတဲ့ကာမစိတ်ကိုနိုင်အောင်ထိန်းပြီး ဒီလိုအရုပ်ဆိုးအကျည်းတန်စရာတွေမဖြစ်အောင် အသွား အလာအနေအထိုင်  ၀တ်တာစားတာကစသတိထားပြီးပိပိရိရိရှိကြစေချင်တယ်။ အပျိုစင်ဘ၀ကိုတန်ဖိုးထား တတ်ဖို့လို တယ်။ ဒီလိုကာမအမှုကိုလွန်တယ်ဆိုရင် မိန်းကလေးဖြစ်စေယောက်ျားလေးဖြစ်စေ နောင်သံသရာမှာတော့ ငရဲ တိရစ္ဆာန်စတဲ့ မကောင်းသည့်ဘ၀များကိုကျနိုင်သလို လူဖြစ်ပြီဆိုရင်လည်း မိန်းမသာဖြစ်ရခြင်း အခြောက်ဖြစ်ရခြင်း လိင်အင်္ဂါနှစ်ခု ပါသူဖြစ် ရခြင်း ခြေလက် မစုံပဲဖြစ်ရခြင်း နဲ့အမြဲဆင်းရဲစွာချစ်ခင်သူရှားမုန်းသူများတဲ့ဘ၀မျိုးမှာဖြစ်ရတတ်ပါတယ်။
          လက်ရှိဘ၀မှာလက်တွေ့ခံစားနေရတာတော့ မြင်သာရောပေါ့ ။ ယနေ့အိမ်ထောင်ရေးမတည်မြဲတာတွေ စီးပွားရေး ဆုတ်ယုတ်လာတာတွေ ခြေလက်မညီမညာအထွတ်အထွတ်နဲ့ကလေးတွေမွေးလာတာတွေဟာ ကာမနယ်လွန်ခြင်းရဲ့နောက် ဆက်တွဲဆိုးကျိုးအဖြစ်တိုက်ရိုက်ဆက်နွယ်နေပါတယ်။ ကာမအားဆေးများ ကိုယ်ဝန်တားဆေးများဟာရောဂါဘယများကိုမွေး ဖွားပေးနေခြင်းဖြစ်သလို တကယ်အိမ်ထောင်ကျလို့ကလေးယူမဲ့အခါအကြီးကျယ်ဒုက္ခရောက်ရတတ်ပါတယ်။ လူစင်မမှီတဲ့ က လေးမွေးဖွားလာဖို့လည်းရာခိုင်းနှုန်းအားသာပါတယ်။ဒါကြောင့်မို့ ရလာတဲ့ဘ၀ကိုအကျိုးရှိရှိအသုံးချနိုင်အောင် ကိုယ့်ဇနီးမယား လင်ယေက်ျားမှတစ်ပါး အခြားတရားဝင်မဟုတ်သူများအပေါ် နှစ်ဦးသဘောတူဖြစ်ဖြစ် အတင်းလုယူလို့ဖြစ်ဖြစ် မလွန်ကျူးကြပဲ ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်လေးကိုထိန်းသိမ်းစေချင်တယ်ကွာ။
          ခေတ်ကာလကြီးတိုးတက်လာတာနဲ့အမျှ လူတိုင်းတပ်မက်တဲ့ကာမအတွက်ကျူးလွန်ဖို့ တစ်ဦးနဲ့တစ်ဦးနူးနပ်ဖို့က အခွင့် ရေးတွေတော်တော်သာလာတယ်။ သာလာတဲ့အခွင့်ရေးမှာ စိတ်ကိုမထိန်းနိုင်ဖြစ်ကြတဲ့အခါ မလိုလားအပ်တာတွေဖြစ်ပေါ်လာခဲ့ ကြတယ်။ အင်တာနက်လို့ခေါ်တဲ့လူမှုကွန်ရက်ကြီးကနေ ကာမအတွက်လုံ့ဆော်နေကြတာများမှများပဲ။ လိုင်းပေါ်မှာခင်တယ်။ အပြင်မှာ လူမသိသူမသိတွေ့ကြလွန်ကျူးနေကြတယ်။ အဲဒီမှာ မိန်းကလေးတွေအတွက်အရမ်းအဖြစ်ဆိုးတာတွေပေါ်ပေါက်လာ ခဲ့တယ်။ လိုင်းပေါ်မှာကိုယ်ဗလာချွတ်ပြတာမျိုး၊ အပြင်မှာတွေ့ပြီးလွန်ကျူးခံရတာမျိုး၊ လွန်ကျူးပြီးပစ္စည်းပါယူ အသက်ပါသတ် သွားတာမျိုး တကယ့်အဖြစ်ဆိုးတွေတွေ့ကြရတယ်။ နောက်သူနဲ့ကိုယ်အတူ တွေ့ခဲ့တာတွေ လိုင်းပေါ်ဗလာပြခဲ့တာတွေကို အင် တာနက်ပေါ်ပြန်တင်ခံလိုက်ရရင် ကိုယ့်မိသားစုကစ ကမ္ဘာအနှံ့ အရှက်ရစရာတွေဖြစ်ပြီး ကိုယ့်ကိုယ်ကိုသေကြောင်းကြံကုန်တာ မျိုးတွေလည်းတွေ့ကြုံလာရတယ်။ကျောင်းသူလေးတွေတောင် ဒီထဲမှာနှစ်မျှောလာတဲ့အတွက် ကျောင်းပြီးအောင်ဆက်မတက် နိုင်ဘဲ ဘ၀နိဂုံးမလှဖြစ်နေကြတာတွေ ကိုတော့စိတ်ပျက်မိတယ်ကွာ။
          ဒါကြောင့်ဒီလို အဖြစ်ဆိုး အကျိုးဆိုးတွေမကြုံရလေအောင် လူယုတ်တမာဘ၀မရောက်ရလေအောင် ငယ်ရွယ်စဉ်ကထဲ ကစိတ်ကိုပြင်ပြီးကာမအမှုကို နိုင်အောင်ထိန်းသိမ်းသွားကြဖို့ကိုပြောချင်တယ်။ထိန်းသိမ်းရင်ဘာအကျိုးတရားတွေရမယ်။
ဘယ် လိုခံစားခွင့်တွေအခွင့်အရေးတွေရမယ်ဆိုတာထူးထွေပြောနေစရာတောင်လိုမယ်မထင်တော့ဘူး။အထက်ကပြောခဲ့တဲ့ အဆိုးတ ရားတွေကလွတ်မြောက်ပြီဆိုမှတော့ဘ၀တွေဘယ်လောက်လှပလိုက်မလဲ ။ပွင့်လန်းလိုက်မလဲ၊လွတ်လပ်လိုက်မလဲဆိုတာ အသိ သာကြီးပါ။
ကာမအမှုကိုစောင့်ထိန်းကြရင်အိမ်မှာမိန်းကလေးတွေကြီးပဲရှိလို့စိတ်မချဖြစ်ရတဲ့ဒုက္ခ၊
မိန်းကလေးတစ်ယောက်ထဲဖြစ်နေလို့မနေရဲမထိုင်ရဲ မသွားရဲနဲ့စီးပွားရေးလူမှုရေးများလက်လွတ်ဆုံးရှုံးနေတဲ့အရာမျိုးတွေရှင်းသွားပြီး သန့်ရှင်းတဲ့ကိုယ်ခန္ဓာ၊ ကောင်း မွန်တဲ့ကိုယ်ကျင့်တရားတွေရှိလာကြလို့ ဘ၀တိုင်းလှပပြီး စိတ်ဆင်းရဲမှု၊အသက်တွေဆုံးရှုံးရမှု၊ချစ်သူကြင်သူနဲ့ကွေကွင်းရမှု၊ ရန် လိုသူများမှု၊ စီးပွားရေးဆုတ်ယုတ်မှုတွေ ပပျောက် ချစ်ခင်တဲ့လူ့အသိုင်းဝိုင်းမှာ လွတ်လပ်ပျော်ရွှင်ငြိမ်းချမ်းသော၊ ရောဂါဘယ ကင်းရှင်းသော စစ်မှန်တဲ့မေတ္တာနဲ့ ချစ်ကြင်ရသော အိုးမကွာအိမ်မကွာနေရသော သောကဗျာပွေ ဒုက္ခပင်လယ်ဝေရခြင်းကင်း သောဘ၀လေးတွေကိုပိုင်ဆိုင်ရလို့ဘ၀ရဲ့အောင်မြင်ရာလမ်းကြောင်းပေါ်မှာ လူပီသတဲ့သူတွေအဖြစ်လျှောက်လှမ်းနိုင်လာကြမှာ ဖြစ်ပါတယ်။
          လူငယ်မောင်မယ်တို့ရေ ခဏတာအပျော်နဲ့သာယာတတ်တဲ့စိတ်ကိုထိန်းကြကွဲ့ ။ဒါမှရန်လိုမှုနည်းစွာ ဘ၀မှာနေလာနိုင်
ကြမှာ။ကာမကြောင့်ဖြစ်ပေါ်လာရတဲ့ဆိုးကြိုးတွေကလည်း တိုင်းနိုင်ငံပျက်တဲ့အထိဖြစ်တတ်တယ်ဆိုတာသတိထားကြကွဲ့။ဘ၀ မှာရန်များသော မလွတ်လပ်သော အမြဲစိတ်ဆင်းရဲနေရသော ထိခိုက်နာကျင်ကြေကွဲရသောအရာတွေနဲ့နေရတာဘယ်လောက် မွန်းကြပ်လိုက်လဲ။ ဘယ်ကောင်လေးနဲ့ဘယ်ကကောင်မလေးကဘယ်လိုတဲ့ ၊ဘယ်ကောင်မလေးကို ဘယ်သူကဗလက္ကာယပြု လို့ ဘ၀ပျက်သေကြောင်းကြံသွားသတဲ့ ၊ဘယ်ကောင်လေးကဘယ်ကောင်မလေးကို ဟိုလိုပြုလိုက်လို့ မကျေနပ်သူက သတ် လိုက်သတဲ့ ၊ဘယ်သူကတော့ဘယ်သူ့ကိုကာမနယ်လွန်လို့ထောင်ကျသွားသတဲ့ အသက်မပြည့်သေးတဲ့ကောင်းမလေး ဘယ်လို ဖြစ်သွားသတဲ့ဆိုတဲ့ စိတ်မသာယာဖွယ် ။ဒေါသဖြစ်ဖွယ်တွေကြားရခြင်း ၊မြင်ရခြင်း၊တွေ့ကြုံရခြင်းမှကင်းလွတ်ရမယ်။
          ဘ၀မှာစိတ်ကအဓိကကျတယ်ကွ။ စိတ်မချမ်းသာရင် မသာယာရင် ဘာမှလုပ်လို့အစဉ်မပြေဘူး။ဒါကြောင့်စိတ်ကို အမြဲ အကောင်းဘက်မှာရောက်အောင်ထားပြီး မကောင်းတာတွေမကြားရမမြင်ရမတွေ့ရအောင်နေပေးရမယ်။ မင်းတို့ဘ၀လေးတွေ ပွင့်လန်းလာပြီး မိသားစုနဲ့အမြဲပျော်ရွှင်စွာနေရေး ငြိမ်းချမ်းတည်ငြိမ်တိုးတက်ပြီး လူ့အခွင့်ရေးအမြဲရမဲ့တိုင်းပြည်မှာနေနိုင်ရေး စိတ် ကိုအလိုလိုက် ကာမမိုက်မှာကောက်ကောက်ပါအောင်လိုက်တတ်တဲ့အကျင့်ကို ဖျောက်ကြပါလို့ကိုယ်တော့ပြောချင်တယ်ကွာ။ အသက်မပြည့်သေးရင် အတတ်နိုင်ဆုံးဘ၀ကိုသန့်ရှင်းအောင်အောင့်အီးနေပေးကြစေချင်တယ်။ အသက်ပြည့်တဲ့အခါလည်းမိုက် ရမယ်လို့ဆိုလိုတာမဟုတ်ဘူးနော်။အသက်ပြည့်လို့ ကာမကိုမချုပ်ထိန်းနိုင်ကြရင်တော့ အိမ်ထောင်ပဲပြုကြပါ။ အခြားဖောက်ပြား ဖို့ လူလွတ်ဘ၀နဲ့မစဉ်းစားပါနဲ့ အိမ်ထောင်သည်ဘ၀ရောက်ရင်လည်း ကိုယ့်ရဲ့တရားဝင် ဇနီးမယား လင်ယောက်ျားမှတပါး အ ခြားမဖောက်ပြားလေနဲ့။
          ကိုယ်က သူများနှမလေး ၊ သမီးလေးကို လွန်ကျူးရတာကို အသားယူနေမယ့်အစား ။သူများက ကိုယ့်နှမလေး သမီး လေးကို ကာမနယ်လွန်သွားတယ်ဆိုရင်ဘယ်လောက်ခံစားရမလဲဆိုတာ စဉ်းစားထားပါ။လောကမှာ ကိုယ့်အသားထိတော့ဆတ်ဆတ်နာဆိုတာရှိတယ်မဟုတ်လား။ ခလုပ်ထိမှအမိမတနဲ့ ကိုယ့်အလှည့်ကျမှနာမှန်းမသိနဲ့ပေါ့ကွာ။ လူသားခြင်းကိုယ်ချင်းစာပြီး သူများအတွက်လည်း အော်သူတို့ဘယ်လောက်ကြေကွဲပြီးဘ၀တွေနာလိမ့်မလဲဆိုတာ စာနာကြကာ ကာမနယ်လွန်ခြင်းကင်း၍ အေးချမ်းသောဘ၀လေးတွေကို ပြုစုပေးကြပါလို့ပြောကြားရင်းဒီတစ်လအတွက် ဒီမှာပဲနားကြရအောင်ကွာ။နောက်လမှ မုသာဝါ ဒသိက္ခာပုဒ်နဲ့ဆက်စပ်ပြောပေးတော့မယ်။
            အားလုံးဖြူစင်တဲ့ဘ၀လေးများကိုပိုင်ဆိုင်နိုင်ပါစေ
ဖြူစင်ဝတ်စား ၊ ပေစွန်းသွား ၊ အများမယူချင်။
ပျိုစင်ဘ၀ ၊ တန်ဖိုးက၊ ကြီးမားလှသည်ပင်။
တစ်ခါညစ်နွမ်း ၊ တစ်သက်ပန်း ၊မလန်းပျော့ခွေချင်။
ကျားမ မရွေး ၊ ကာမဘေး ၊ ရှောင်ဝေးကြစေချင်။
ကာမရှောင်ကာ ၊ ဘ၀မှာ ၊ သာယာအေးစေချင်။
အားလုံးကို ချစ်ခင်လေးစားတန်ဖိုးထားလျှက်.....
ပီတိ(ပေကြီး)
မင်္ဂလာမဆောင်ခင် သတို့သား၊ သတို့သမီးတို့ သိထားသင့်သမျှ ကျန်းမာရေး ဗဟုသုတ
Knowledge Library .
လက်ထပ်တော့မယ်လို့ ပြင်ဆင်နေတဲ့ အချိန်မှာ စိတ်လှုပ်ရှားရင်ခုန်ရတာက တစ်ဖက်၊ ပင်ပန်းရတာက တစ်ဖက်ဖြစ်နေနိုင်ပါတယ်။ ဝတ်စုံအပ်တာ၊ ဖိတ်စာမှာတာ၊ မင်္ဂလာခန်းမ ငှားတာ.. ဘယ်အရာကိုမှ အလောတကြီး လုပ်လို့ မရပါဘူး။
အရာရာတိုင်းကို အချိန်ယူပြီး စနစ်တကျ စီစဉ်ဆောင်ရွက်မှသာ မင်္ဂလာအချိန်မှာ အစစအရာရာ အဆင်ပြေ ချောမွေ့ သွားပါလိမ့်မယ်။ မင်္ဂလာခန်းမမှာ အဆင်ပြေချောမွေ့ရုံနဲ့တော့ တစ်ဘဝလုံး သာယာမယ်လို့ မဆိုနိုင်ပါဘူး။ မင်္ဂလာဆောင်ပြီးချိန်မှာ တစ်ဘဝလုံး သာယာချမ်းမြေ့ စေရေးအတွက် အခြေခံကျတဲ့ လိုအပ်ချက်ဟာ သတို့သားနဲ့ သတို့သမီးရဲ့ ကျန်းမာရေးအပေါ်မှာ မူတည်နေပါတယ်။
လက်မထပ်ခင် ဆေးစစ်ခြင်း
လက်မထပ်ခင်မှာ သတို့သားရော သတို့သမီးပါ ကျန်းမာရေး စစ်ဆေးမှုကို ခံယူ သင့်ပါတယ်။ ဆေးစစ်ရာမှာ တစ်ဦးမှ တစ်ဦးကို လိင်မှ တစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ရှိ၊ မရှိနဲ့ မျိုးရိုးလိုက်တတ်တဲ့ရောဂါတွေ ရှိ။ မရှိ ဆိုတာကိုစစ်ဆေးသင့်တာ ဖြစ်ပါတယ်။ ဆေးစစ်ကြည့်လို့ လိင်မှ တစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ရှိမှန်းသိခဲ့ရင် ကုသပျောက်ကင်းပြီးမှသာ လက်ထပ်သင့်တာဖြစ်လို့ပါ။ လက်မထပ်ခင် ဆေးမစစ်ဘဲ ပေါင်းသင်းပြီးခါမှ ရောဂါ ကူးစက်ခံရတဲ့ အိမ်ထောင်သည်တွေ (အများအားဖြင့် ဇနီးမယားတွေ)ကို အတွေ့ရများနေတဲ့အတွက် ဆေးစစ်ခြင်းဟာ အလေးထားသင့်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု တစ်ရပ်ဖြစ်နေပါတယ်။
ရောဂါတွေ့ခဲ့လျှင်
ဆေးစစ်ကြည့်လိုက်လျှင် တစ်ဦးဦးမှာ ရောဂါတစ်ခုခု ရှိနေခဲ့ရင် တစ်ဦးနဲ့ တစ်ဦး လက်ထပ်ဖို့ ဆုံးဖြတ်ချက်ချတဲ့အခါ အဆင်ပြေပြေ ညှိနှိုင်းနိုင်ပါတယ်။ ဖြစ်တဲ့ ရောဂါကို လက်မထပ်ခင် ကုသပျောက်ကင်းအောင် ကုနိုင်ဖို့ ဆရာဝန်နဲ့ ညှိနှိုင်းတာမျိုး၊ ဒါမှမဟုတ် အပြီးတိုင် မပျောက်နိုင်ဘဲ ထိန်းထားနိုင်တဲ့ HIV ပိုးရှိခဲ့ရင် အကာအကွယ်သုံးပြီး ပေါင်းသင်း နေထိုင်ဖို့ ဆုံးဖြတ်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ လက်ထပ်ပြီးမှ ရောဂါရှိမှန်း သိခဲ့ရင်တော့ “ဆုပ်လည်းစူး၊ စားလည်းရူး”လို အဖြစ်မျိုးတွေ ဖြစ်သွားနိုင်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး မကူးစက်နိုင်ပေမယ့် နှစ်ဦးစလုံးမှာ ရှိခဲ့ရင် မျိုးရိုးလိုက်နိုင်ခြေများတဲ့ ရောဂါတွေ (ဥပမာ - ဆီးချိုရောဂါ၊ သွေးအားနည်းရောဂါ) ရှိခဲ့ရင်လည်း ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးပြီးမှ လက်ထပ်ဖို့ ဆုံးဖြတ်နိုင်ပါတယ်။
သားသမီးရယူရေး
အိမ်ထောင်သားမွေးဆိုတဲ့ စကားအတိုင်း အိမ်ထောင်ပြုပြီးရင် ကလေးယူခြင်းကပါ တွဲပါလာပါတယ်။ ချက်ချင်း ကလေးမယူချင်သေးဘူးဆိုရင် ကာကွယ်တားဆီးထားဖို့နဲ့ ကလေးယူမယ်လို့ ဆုံးဖြတ်ထားရင်လည်း ဆောင်သင့်၊ ရှောင်သင့်တဲ့အချက်တွေ (ဥပမာ - အမျိုးသမီးအနေနဲ့ အားဖြည့်ဆေး ကြိုတင်မှီဝဲထားနိုင်ဖို့) ဆရာဝန်နဲ့ ကြိုတင်ဆွေးနွေး ထားသင့်ပါတယ်။ အထူးသဖြင့် သတို့သမီးနဲ့ အသက် ၂၅ နှစ်ကျော်နေရင် မြန်မြန် ကလေးယူဖို့ ဆရာဝန်တွေက တိုက်တွန်းလေ့ ရှိပါတယ်။
သားသမီးဦးရေ
ဒီနေ့ခေတ်မှာ စီးပွားရေး၊ လူမှုရေး၊ အလုပ်အကိုင်စတဲ့ အကြောင်းကြောင်းတွေကြောင့် ကလေးအများကြီး မယူလိုကြတော့ပါဘူး။ အကောင်းဆုံးကတော့ ကလေးယူတဲ့အခါမှာ သားသမီး တစ်ဦးနဲ့ တစ်ဦးကြား အနည်းဆုံး သုံးနှစ်လောက် ခြားသင့်ပါတယ်။ တစ်နှစ်တစ်ယောက်နှုန်းနဲ့ ကလေးမွေးနေရင် မိခင်မှာ ပင်ပန်းနိုင်သလို မွေးလာတဲ့ ကလေးတိုင်းကို အပြည့်အဝ ဂရုစိုက်နိုင်ဖို့ မလွယ်ပါ။
စောင့်ထိန်းမှု
အိမ်ထောင်မပြုခင်က ဆေးစစ်လိုက်တော့ ဆေးအောင်ပါရဲ့။ အိမ်ထောင်ပြုပြီးချိန်မှာ အိမ်ထောင်ဖက်တစ်ဦးက ထင်သလို စိုင်းလိုက်မယ်ဆိုရင်တော့ ဇနီးမောင်နှံ နှစ်ဦးစလုံးအတွက် ကိုယ့်ကျန်းမာရေးကို ထိခိုက်စေနိုင်ရုံ သာမက စိတ်ပျော်ရွှင်မှုကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မင်္ဂလာဆောင် ပြီးချိန်မှာလည်း ခင်ပွန်းကျင့်ဝတ်နဲ့ ဇနီးကျင့်ဝတ်တို့ကို လိုက်နာပြီး သစ္စာရှိရှိ ပေါင်းသင်းနေထိုင်သွားဖို့ အရေးကြီးလှပါတယ်။
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 2/02/2013 02:03:00 PM
ဒီနေ့  မြန်မာ့တပ်မတော်ကြီး ထဲမှာ ဒီလိုတွေတော့ ဖြစ်နေပါတယ်
To: lubo601@gmail.com
by ပြည်ချစ်သူ on Saturday, February 2, 2013 at 1:14am ·
ဒီအကြောင်းတွေကိုပြောရတာ အမနာပပြောဆိုတိုက်ခိုက်ခြင်း မဟုတ်တာကတော့ သေချာပါတယ် ။ မတော်မတည့်တာတွေကိုအမြင်မတော် အကြားမတော်လွန်းလှတာတွေကို ပြင်လိုပြင်ငြား ပြောပြချင်ရုံပါ ။ ကျွန်တော်ရေးတာ မှန်ကန်တဲ့အကြောင်းအရာဖြစ်မဖြစ်ဆိုတာ တာဝန်ရှိသူတွေ အသိဆုံး ဖြစ်ပါလိမ့်မယ် ။
မပြင်တော့လည်း သိပ်တော့ ပြသနာ မရှိလှပါဘူးလေ ။ ပျက်အစဉ် ပြင်ခဏ ဆိုတာကို တပ်မတော် နဲ့ ပတ်သက်လာတဲ့အခါ ကျွန်တော်တို့  ပြောင်းပြန်အနက် မှတ်ယူလိုက်ကြရရုံပါ ။                                             မြန်မာ့တပ်မတော်ရဲ့ ဆေးဝန်ထမ်းတပ်ဖွဲ့  မှာ ယနေ့ လက်ရှိ ဖြစ်နေတဲ့ အကြောင်းအရာတစ်ခု ပါ ။ မဆရ ( ၁၂ ) ဆိုတဲ့ တပ်မတော် ဆေးတပ်ရင်းမှာ တာဝန်ကျ တပ်ရင်းမှုးက OG  ပါ ။ ဒုတိယ ဗိုလ်မှုးကြီး အဆင့်နဲ့ တာဝန်ထမ်းဆောင်နေပါတယ် ။ ဒီအထိကတော့ ပြသနာမရှိဘူးပဲ ထားပါတော့။   မြန်မာ့တပ်မတော်ရဲ့ အူကြောင်ကြား အစဉ်အလာလိုလို မူဝါဒလိုလိုဘာမှန်းမရေရာတဲ့ ညွှန်ကြားချက် တစ်ခုက ဒီနေ့ ဖြစ်နေတဲ့ ပြသနာကို အစပျိုးပေးခဲ့တာပါ ။                                              အနည်းငယ်ကြီးတဲ့ ရာထူးတွေကိုရောက်လာခဲ့ရင် တပ်မတော်သားတွေမှာ မိန်းမ မရှိလို့ မဖြစ်ပါဘူး တဲ့ ။ မယူမနေရပါတဲ့ ။ မယူခဲ့ရင် ရာထူးတိုးပေးဖို့ ကို မစဉ်းစားတော့ပါဘူးတဲ့ ။ အဲဒီလို ဖြစ်စဉ်ကြောင့် အသက် ၄၅ ခန့် ရှိနေပြီဖြစ်တဲ့ OG ဒုတိယဗိုလ်မှုးကြီး လူပျိုကြီးဟာ မိန်းမတစ်ယောက်ကို မဖြစ်မနေယူခဲ့ပါတော့ တယ် ။ ထိုင်နေအကောင်းသားထသွားတော့မှ ကျိုးမှန်းသိခဲ့ရတာက အဲဒီဒုတိယ ဗိုလ်မှုးကြီးဟာ လိင်တူ စိတ်ဝင်စားသူ တစ်ယောက် ဖြစ်နေခဲ့တာပါ ။ 
                                              အကျိုးစီးပွားအတွက် လပ်ထပ်ကြသည်ပဲဖြစ်ပါစေ တစ်ခါတစ်လေ လည်း ဒီလိုပဲ လိုအပ်ချက်တွေပေးထားချက်တွေ ညှိုလို့ နှိုင်းလို့ ရကြပြုကြ ဟန်ကိုယ့်ဖို့  နဲ့ နေထိုင်သွားကြ တာမျိုးလည်း လူ့ လောက ဇာတ်ခုံမှာ ရှိနေတတ်ကြတာမျိုးပါ ။ ယခုအခါမှာတော့ နောက်ထပ်ရာထူးတစ်ဆင့် ထပ်မံမြင့်တက်ဖို့  စစ်ဦးစီးတက္ကသိုလ် တက်နေဆဲမှာ အရှုပ်ထုပ်ကဇာတ်စုံခင်းလာခဲ့ကြတော့တာပါ ။ ဇနီးသည်က တိုင်ပါပြီ ။ လူမဆန်စွာ ထိုးနှက်ကန်ကျောက် ရိုက်နှက်နှိပ်စက်ထားသည် များကို အရှက်ကွဲခံ ရိုက်ယူထားသည့် ဓာတ်ပုံသက်သေများနှင့်တကွ အရေးယူပေးပါရန် တပ်ချုပ်ထံ လိပ်မူတိုင်ကြားပါတယ် ။                                                အဲဒီမှာပြောစရာရှိလာတာက ဇနီးခင်ပွန်း နှစ်ယောက်တည်းရဲ့ ပြသနာ မဟုတ်တော့ပဲနဲ့ မြန်မာ့တပ်မတော် ရဲ့ ဂုဏ်သိက္ခာ ရပ်တည်မှု တွေနဲ့ ပတ်သက်တဲ့ အသားထဲကလောက်ထွက်နေတဲ့ မကြားဝံ့မနာသာ ကိစ္စ ရပ်တွေပါပါဝင်နေခဲ့တာပါ။ တစ်ကယ်တော့ အဲဒီဒုဗိုလ်မှုးကြီးက အခွင့်အာဏာကိုအလွဲသုံးပြီး အမိန့်ပေးလို့  လိင်တူဆက်ဆံခြင်းအမှုကို မိန်ရည်ရှက်ရည်ကျူးလွန်နေခဲ့တာ ကြာလွန်းနေလျပါပြီတဲ့လေ ။                                        
        အမျိုးကောင်းသားလေးတွေ မိကောင်းဖခင်သားသမီးလေးတွေ မငြင်းနိုင် မရှောင်နိုင်နိုင်ထက်စီးနင်း အပြုခံနေကြရတာပါတဲ့ ။ တပ်မတော်တပ်ရင်းတစ်ခုက လူအများကြီးကို မသိအောင်မမြင်အောင် သတင်း မထွက်နိုင်အောင် ဘယ်လိုများ ဖုံးကွယ်သိုဝှက်ခဲ့ပါလိမ့်လို့  အံ့အားသင့်ရတဲ့ အခါ ငြင်းရဲရင် ငြင်းကြည့် အသံထွက်ရဲရင်ထွက်ကြည့်လို့ တစ်သွေးတစ်သံတစ်မိန့် အောက်မှာ ပြားပြားဝပ်နေခဲ့ကြရတာပါတဲ့ ။                                                အဲဒါဆိုရင် သူတို့ကပါ အဲဒီအမှုကြီးကို အလိုတူအလိုပါ ကျုးလွန်ခဲ့ကြ တာရော မဖြစ်နိုင်ဘူးလား။ မင်းတို့ တစ်ခဏနဲ့  တစ်ဘ၀ကို မလဲနဲ့ လို့ ပြောလေ့ရှိတဲ့ အရေပြား တစ်ထောက်စာကိစ္စအတွက် မင်းတို့ ဘ၀ကို အနာမခံနဲ့  ငါ့အလိုကိုလိုက်ရလို့  မင်းတို့ ဘ၀ပဲ့ပါ မသွားဘူး ဆိုတဲ့ စကားတွေအောက်မှာ တတ်စွမ်းသမျှ ငြင်းဆန်ကြတဲ့အခါ ထိုးနှက်ကန်ကျောက်တာတာတွေ ကလည်း ရှိကြသေးတာပါတဲ့ ။ 
                                               ဒီလိုနဲ့ ဘ၀မပျက်ရင်တောင်မှ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေ ကို သေရာပါမယ့် ဒဏ်ရာတွေအဖြစ်လက်ခံယူကြရတဲ့သူတွေက တပ်မတော်ဆေးတက္ကသိုလ် ဆင်းကာစ တပ်ရင်းရောက်ကာစ လူငယ်ကလေးတွေ ဘရာသာ လေးတွေပါ။နောက်တော့ တစ်ချို့ က လူငယ်ပီပီ မခံမရပ်နိုင်ကြတဲ့ အဆုံးမှာ ဘာဖြစ်ဖြစ်ကွာ ဆိုပြီးတော့ ကိုယ်ထိလက်ရောက် ပြန်လည်တုန့် ပြန်တာမျိုး သာမက ရွှေတြိဂံစစ်တိုင်းမှုး ထံအရောက် ကိုယ်တိုင် လာရောက်တိုင်ကြားခဲ့ကြပါတယ် ။
                                                အဲဒီမှာ စိတ်ဝင်စားစရာ နောက်ထပ်ဇာတ်ကွက် တစ်ခုပေါ်လာ တာက အားကိုးတကြီးပြေးလာခဲ့တဲ့ အဲဒီ စစ်ဗိုလ်ပေါက်စကလေးတွေ စစ်တိုင်းမှုးနဲ့  တွေ့ ခွင့်မရခဲ့ပါဘူး ။ မရတဲ့အပြင် PSO နဲ့  G 1 တို့ က ဂိတ်ဝမှာပဲတားဆီးပြီး ထပ်မံခြိမ်းခြောက်ပြီး အရေးယူခံရမယ် မင်းတို့ ပဲ ဘ၀ပျက်မယ်နဲ့  ရာထူးကြီးတဲ့ သူတစ်ယောက် မထိခိုက်ဖို့ နဲ့ တစ်ကယ်လို့ အဲဒီပြသနာသာ အပေါ် ကို ပေါက်ကြားသွားရင် တိုင်းမှုးကို အထက်အဆင့်ဆင့်က ငြိုငြင်မယ် ။ ကိုယ့်တိုင်းသိက္ခာထိခိုက်မယ်နဲ့  ထိခိုက်နစ်နာတဲ့ ကလေးတွေရဲ့ ပြသနာကို ဘယ်တပ်မတော်အမိ ဘယ်တပ်မတော်အဘကမှ ၀င်ရောက် ကူညီမပေးခဲ့ကြပါဘူး ။   
                                                   တပ်မတော်ဟာ ဒီကိစ္စမှာ အမှန်တရားကို ရင်ဆိုင်မှာလား ၊ အဆက်ဆက်တုန်းကလိုပဲ လိမ်ညာဖုံးကွယ်ပေးနေကြဦးမှာလား ဆိုတာ  ကျွန်တော်တို့ စိတ်ဝင်တ စားစောင့်ကြည့်ကြရဦးမယ့် အဖြေဖြစ်မှာပါ ။     
ပြည်ချစ်သူ
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 2/02/2013 11:21:00 PM
မိန်းကလေးအလှပာာ တန်ဖိုးကြီးတယ်ကွဲ့။ဒူးဖော် ပေါင်ဖော် ရင်သားတွေဖော်နေရင် ဘယ်သူမှ စိတ်မ၀င်စားတော့ဘဲ တန်ကြေးမရှိဖြစ်မယ်
*******************************************
တစ်ခါက ရွာကြီးတစ်ရွာမှာ ထူးဆန်းတဲ့အဘိုးအိုတစ်ယောက်ရှိတယ်။သူမှာ သိပ်လှတဲ့ မြေးမလေးတစ်ယောက်လည်းရှိတယ်။အဘိုးအိုပာာ မျက်လှည့်ပညာသိပ်ကျွမ်းတယ်။အဲဒီပညာနဲ့ပဲအသက်မွေးခဲ့တယ်။မြေးမလေးကိုလည်း အဲဒီပညာတွေသင်ပေးထားတယ်။
တစ်နေ့တော့ လူစည်ကားတဲ့နေရာမှာ မျက်လှည့်ပြတာပေါ့။ပန်းပွင့်ကနေ ငွေစက္ကူဖြစ်တာတွေ ကြိုးကနေ မြွေဖြစ်သွားတာတွေ ပြကွက်မျိုးစုံနဲ့ ပရိသတ်ကိုဖျော်ဖြေတယ်။
အားလုံးပြပြီးရင် ပရိသတ်က စွန့်ကြဲတဲ့ငွေကိုပဲယူတယ်။အခုပြတဲ့ပွဲမှာ အဘိုးအိုပာာ ထူးဆန်းတဲ့ စကားတစ်ခွန်းပြောတယ်။
"မျက်လှည့်ပညာဆိုတာ မှော်ပညာမပာုတ်လို့ တန်ခိုးစွမ်းအားတွေမရှိပါဘူး။လိမ်တာလည်းမပာုတ်ပါဘူး။မျက်လှည့်ပညာမှာ လျို့ဝှက်ချက်တွေရှိပါတယ်။အဲ့ဒီလျှို့ဝှက်ချက်တွေကို ခင်ဗျားတို့မသိလို့သာ အထူးအဆန်းလာကြည့်ကြတာဖြစ်တယ်။ဒီနေ့ မျက်လှည့်ပညာရဲ့လျှို့ဝှက်ချက်တွေကို ပြောပြမယ်"
ပရိသတ်ပာာ အင်မတန် စိတ်ဝင်စားသွားတယ်။ကြိုးကနေ ဘယ်လိုမြွေဖြစ်သလဲ စသည်ဖြင့်ပေါ့။ခဏကြာတော့ အဘိုးအိုပာာ လျှို့ဝှက်ချက်တွေ အားလုံးပြောပြသတဲ့။
ပရိသတ်လည်း ပြောတုန်းခဏပဲ စိတ်ဝင်းစားတာပေါ့။သိလည်းသွားရော-
"သြော် ဒီလိုလုပ်တာလား။ဒါလေးများ။"
ပာု မျက်လှည့်ပညာကို စိတ်မ၀င်စားတော့ဘူးပေါ့။
နောက်တစ်နေ့ မြေးမလေးကို ခေါ်ပြီး မျက်လှည့် သွားပြသတဲ့။ပရိသတ် တစ်ယောက်မှ မလာတော့ချေ။ထိုနောက် အဘိုးအိုက-
"မြေးလေးရေ။ပရိသတ်တစ်ယောက်မှ မလာပါလား။ဘာကြောင့်လဲ။"
"အဘိုးက မနေ့ကပွဲမှာ လျှို့ဝှက်ချက်တွေပြောလိုက်တာကိုး။ဘယ်သူမှ စိတ်မ၀င်စားတော့ဘူးပေါ့။"
"အေး။ပာုတ်တယ်မြေးလေး။အဘိုးကို တစ်သက်လုံး ထမင်းကျွေးခဲ့တဲ့ပညာ။အခုတော့ လျှို့ဝှက်ချက်လည်းပြလိုက်ရော ဘာမှ တန်ဖိုးမရှိတော့ဘူး။မြေးလေးလည်းမှတ်ထားပါ။လှ်ျို့ဝှက်ချက်ဖြစ်တဲ့ မြေးလေးရဲ့ ခန္ဓာကိုယ်အလှတရားပာာ ဘယ်သူ့မှ မပြရဘူး။လျှို့ဝှက်ထားရမယ်။ဒါဆို မြေးရဲ့ မိန်းကလေးအလှပာာ တန်ဖိုးကြီးတယ်ကွဲ့။ဒူးဖော် ပေါင်ဖော် ရင်သားတွေဖော်နေရင် ဘယ်သူမှ စိတ်မ၀င်စားတော့ဘဲ တန်ကြေးမရှိဖြစ်မယ်။ပြတုန်းခဏပဲ သူတို့က တန်ဖိုးထားတာ။ဒါ့ကြောင့် အ၀တ်အစားကို လုံလုံခြုံခြုံဝတ်ပါ။"
အဘိုးအိုပာာ သူ့ပညာနဲ့ရင်းပြီး မြေးမလေးကို ဆုံးမခဲ့တယ်။
သူငယ်ချင်းတို့လည်း အဘိုးအိုစကားကို နားလည်နိုင်ပါစေ။
refer by: Pyi Nyein
http://aungthetkhing.blogspot.com/2013/02/blog-post_7109.html
နှာချေလိုက်တိုင်း လက်မောင်း ပြုတ်ထွက်သည့် အမျိုးသမီးငယ်
auren Harryဆိုတဲ့ အသက်၂၀အရွယ် အမျိုးသမီးငယ်ဟာ နှာချေလိုက်တိုင်း လက်မောင်း ပြုတ်ထွက်တယ်လို့ သိရပါတယ်။ ချောင်းဆိုးတာ၊ ကားခုန်တာကြောင့်လည်း လက်မောင်းပြုတ်ထွက်ပြီး တစ်နေ့ကို ၁၀ကြိမ်အထိ လက်မောင်းပြုတ်ဖူးတယ်လို့ သူမက ဆိုပါတယ်။ Ehlers-Danlos Syndromeလို့ ခေါ်ပြီးမျိုးရိုးလိုက်တဲ့ အခြေအနေဖြစ်ကာ တွယ်ဆက် ကြွက်သားတွေက အရိုးအဆစ်တွေမှာ တွယ်ဆက်ဖို့ အားနည်းနေတဲ့ အခြေအနေလို့ သိရပါတယ်။ဒီအခြေအနေကြောင့် ခွဲစိတ်ပြုပြင်ခဲ့ပေမယ့် လက်မောင်းမပြုတ်ဘဲ ကိုးလထက် ပိုကြာလေ့မရှိဘူးလို့ သူမကဆိုပါတယ်။
လှိုင်သာယာတွင် အိမ်ခြေ ၄၀ ကျော်မီးလောင်
The Voice Weekly
ရန်ကုန်၊ ဖေဖော်ဝါရီ ၃
လှိုင်သာယာမြို့နယ် အမှတ်( ၅ )ရပ်ကွက်ရှိ မြရိပ်ညို ၅လမ်းမှ စတင် လောင်ကျွမ်းခဲ့သည့် မီးသည်၊့မြရိပ်ညို ၆လမ်း ၊ ၈ လမ်းနှင့် ၉ လမ်း တို့ ရှိ လူနေအိမ်များကို ကူးစက်လောင်ကျွမ်းခဲ့ ပြီး လူနေအိမ် ၄၀ ကျော် လောင်ကျွမ်းပျက်စီးခဲ့ကြောင်းလှိုင်သာယာ မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ကျမီးသတ်အရာရှိတစ်ဦး က ပြောကြားသည်။
အဆိုပါ လူနေ ၄၀ ကျော်လောင်ကျွမ်းခဲ့သည် မီးသည် ယနေ့ညနေ ၇နာရီ ခန့်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ၈နာရီ အချိန်တွင် မီးငြိမ်းကာ တစ်နာရီ ကြာလောင်ကြွမ်းခဲ့ခြင်းဖြစ်ကြောင်း ၄င်းကဆက်လက်ပြောကြားသည်။
“ဘာကြောင့်မီးလောင်တယ်ဆိုတာမသိရသေးဘူး “ ဟု ၄င်းကဆိုသည်။
အဆိုပါ ရပ်ကွက်တွင် လှိုင်သာယာစက်မှုဇုံအလုပ်သမားများနေထိုင်သည့် အဆောင်များရှိပြီး ၊ လှိုင်သာယာ စက်မှုဇုန် ၂ အနီးနားမှာရှိကြောင်း ယင်းရပ်ကွက်အ တွင်းနေထိုင်သူများကဆိုသည်။
ဖေဖော်ဝါရီလ ၇ ရက်သားသမီး ကံကြမ္မာဟောစာတမ်း
~
ဆရာဟိန်းတင့်ဇော် ~
တနင်္ဂနွေသားသမီးများအတွက်
Add caption
ခရီးတိုခရီးရှည်များ သွားနေရလိမ့်မည်။ ထိုခရီးသည်များသည်လည်း သင့်အတွက် အကျိုးထူး စေပါလိမ့်မည်။
မထင်မှတ်ဘဲ ပညာတစ်ခု သင်ကြားရခြင်း သင်တန်းတစ်ခု တက်ရခြင်းများ ပြုလုပ်ရတတ်ပါသည်။
မရည်ရွယ်ဘဲ မြေ၀င်တတ်သည်။ ဤလအတွင်း အစစအရာရာ သတိကြီးစွာထား ရန် လိုပါသည်။
မိမိအပေါ် မကောင်းကြံခြင်း မကောင်းပြောခြင်းများ ခံရတတ်သည်။ အလုပ်အကိုင်၌ ထိုခိုက်တတ်သည်။ ပြဿနာကြီးစွာ ဖြေရှင်းရတတ်သည်။
ရုံးပြင်ကန္နား၊ အမှုအခင်းများနှင့် ပတ်သက်ရတတ်သည်။
မိမိနှင့်တကွ မိသားစုပါ ကျန်းမာရေး ညံ့တတ်သည်။ ဆေးရုံ၊ ဆေးခန်းအထိ ရောက်ရတတ်သည်။
မီး၊ လျှပ်စစ် ဒုက္ခပေးတတ်သည်။ အထူးသတိပြုပါ။ လူမျိုးခြား ဒုက္ခပေးတတ်သည်။ သားသမီး လက်အောက်ငယ်သား အတွက် စိတ်ညစ်စရာကြုံမည်။
စက်ပစ္စည်း ဒုက္ခပေးတတ် သည်။ ရွှေနှင့် ရတနာပစ္စည်းများ ထွက်ခြင်း၊ ပေါင်နှံရခြင်းများ ကြုံရတတ်သည်။
ငွေဒလဟောထွက်ခြင်း၊ ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။
မထင်မှတ်သော ဆွေမျိုးသားချင်းက အကူအညီကောင်း ပေးလိမ့်မည်။
ဌာနဆိုင်ရာ အကြီးအကဲ၊ ဆွေမျိုးအကြီးအကဲတို့က အကူအညီအကောင်း ပေးလာလိမ့်မည်။
အထူးသတိပြုရန် ကျန်းမာရေးညံ့သော သက်ကြီးရွယ်အိုများ အိမ်သို့ လာရောက်တည်းခိုလျှင် ဆုံးပါးသွားတတ်သည်။
 ခြေထောက်တွင်အန္တရာယ်ဖြစ်တတ်သည်။ လုပ်ငန်းအသစ်၊ အစီအစဉ်သစ်များ ပေါ်ပေါက်လာတတ်သည်။
ယခင်နှစ်များက ကျန်ခဲ့သော ရွှေ၊ငွေ၊ ရတနာများ ယခုနှစ်ထဲတွင် ကုန်ဆုံးသွားတတ်သည်။
လောကဓံတရား၏ မတရားညှဉ်းပမ်းမှုကို ခံရပြီး မမျှော်လင့်ဘဲ သံဝေဂတရား ရလိမ့်မည်။ အစစ်အဆေး အမေးအမြန်း ခံရတတ်သည်။
ကိုယ်ခန္ဒာ အစိတ်အပိုင်း တစ်ခုခု ထိခိုက်တတ်သည်။
ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိ လာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြု လုပ်ပါလေ။
 ထီးနီသက်စေ့လှူပါ။ ဆေးဝါးဓာတ်စာလှူပါ။
တနင်္လာသားသမီးများအတွက်
ဤလအတွင်း စိန်ထည်ပစ္စည်းများ စက်ပစ္စည်းများ ၀င်လိမ့်မည်။
လုပ်ငန်းသစ်လုပ်ရန် အကြံ အစည်ကောင်းများ အဆက် အဆက်သွက်ကောင်းများ ပေါ်လာလိမ့်မည်။
သို့သော် ဤကာလအတွင်း ပစ္စည်များကို ထုခွဲရောင်းချ၍ လုပ်ငန်းအသစ် ကြီးကြီးမားမား စရန် မကောင်းသေးပါ။
ဤကာလအတွင်း ထီမထိုးသင့်ပါ။ ထီပေါက်လျှင် မိသားစုအတွင်း ကျန်းမာရေး ဆိုးဆိုးဝါးဝါး ညံ့သွားတတ်သည်။
မသွားချင်သော ခရီးများ စိတ်ညစ်စရာခရီးများ သွားရတတ်သည်။ အထက်လူကြီး ဆွေမျိုး အကြီးအကဲတို့က မိမိအပေါ် အထင်လွဲတတ်သည်။
သားသမီးများ ကျန်းမာရေး ညံ့တတ်သည်။ ရွှေထွက်မည်။ ခြေ၊ လက်၊ မျက်ခြင်း၊ ခါးနားခြင်းများ ဖြစ်တတ်သည်။
စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လာလိမ့်မည်။ လုပ်လျှင် အောင်မြင်မည်။ အထူးသတိပြုရန် ငွေလူလိမ်ခံရမည်။
ခင်မင်သူ ချစ်သူကြောင့် ဒုက္ခတွေ့တတ်သည်။ မိတ်ဆွေအပေါင်းအသင်း များနှင့် မမျှော်လင့်ဘဲ လမ်းခွဲရတတ်သည်။ သားသမီးရှိက အိမ်မှ ထွက်သွားလိမ့်မည်။
ဒီကာလမှာ ကိုယ်ဝန်ဆောင် မိန်းမတွေ အထူးသတိပြုပါ။ မွေးလျှင် အခက်အခဲတွေ့နိုင်သည်။
သူ့သဘော သူဆောင် ရလာသောငွေနှင့် လိုက်လျော ညီထွေဖြစ်အောင် နေပါ။ ဘာမှလုပ်စရာ မရှိပါက ထိုင်နေပါ။
 ဥာဏ်ကို ဥာဏ်သုံးလုပ်မှ ဒုက္ခတွေ့တတ်သည်။ အမှု မဖြေရှင်းရပါ။ တတ်နိုင်သလောက် အချိန်ဆွဲပါ။
မဖြစ်မနေ ပြဿနာမှုတွေ ရှင်းရမယ်ဆိုလျှင် အရှုံးပေးလိုက်ပါ။
ငွေဝင်လာလျှင် မြေ၀ယ်ထားပါ။ အိမ်ကြီးကြီးကျယ်ကျယ် မဆောက်ပါနှင့်။
ဤကာအတွင်း ကောင်းကျိုးချမ်းသားများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
အိမ်ကဘုရားတွင် ကော်ဖီ (၁)ခွက်နှင့် ကိတ်မုန့်(၁) ချပ် ကပ်လှူလိုက်ပါ။
အင်္ဂါသားသမီးများအတွက်
ဤလအတွင်း၌ သင်သည် အဘက်ဘက်မှာ စိတ်ချမ်းသာစရာများ ကြုံတွေ့လာရလိမ့်မည်။
ယခုကာလတွင် အိမ်ထောင်ပြုပါက တည်မြဲသော အိမ်ထောင်မဖြစ်နိုင်၊ အိမ်ထောင်ပြုလျှင် သားသမီး ပါလာတတ်သည်။
လုပ်ငန်းသစ်များ စတင်ရတတ်သည်။ ထိုလုပ်ငန်းများသည်လည်း လွန်စွာကျိုးပေး အောင်မြင်မည်။
အလှူအတန်းပြုရခြင်း၊ မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။
အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်သည်။
ရွှေဝင်မည်။ ရတနာပစ္စည်းများ ၀င်မည်။ ဘုရားဆင်းတုတော်၊ ပုံတော်များ ကြွလာမည်။ သင့်အတွက် အလွန်ကောင်းသောနိမိတ် ဖြစ်ပါသည်။
ဤကာလအတွင်း၌ စီးပွားအလွန်ကောင်းသကဲ့သို့ ကိုယ်ကျင့်တရား အထူးအရေးကြီးသော အချိန်ဖြစ်ပါသည်။
အမှုအခင်း ဖြစ်နေသူကို ငွေမချေးပါနှင့်၊ အာမခံ မလိုက်ပါနှင့်၊ သတိပြု၍ ရှောင်ကြဉ်ပါ။ ပတ္တမြား မြ ထွက်တတ်သည်။
အထူးသတိပြုရန် အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဘက်နှင့် အဆင်မပြေ ကြီးစွာဖြစ်တတ်သည်။
သွပ်၊ သံ၊ သစ်တစ်ပတ်ရစ် ပစ္စည်းလက်မခံပါနှင့်၊ အောက်လက်ငယ်သား ဒုက္ခပေးတတ်သည်။ နာရေးကိစ္စကို အကြောင်းပြ၍ ခရီးသွားရတတ်သည်။
ဆရာသမား ကဲသို့သော ပုဂ္ဂိုလ်များနှင့် အဆင်မပြေ ဖြစ်မည်။ လုပ်ဖော် ကိုင်လက်များ မိတ်ဆွေများနှင့် အဆင်မပြေ လမ်းခွဲ ရတတ်သည်။
ယခုကာလတွင် အိမ်ဆောက်လျှင် မကောင်းပါ အစားမှား ဆေးမှားဖြစ်ခြင်း သွားဒုက္ခပေး ခြင်းများ ကြုံရမည်။ မြေကိစ္စ အမွေနှစ်ကိစ္စ များကြုံရ တတ်သည်။
ငွေရှာရ လွယ်ကူပေမယ့် စုဆောင်း၍ မရ၊။ ငွေဝင်လျှင် ကိုင်မထားရ၊ ရွှေဝယ်ထားပါ။
ဤကာလတွင် ကိုယ်စိတ်နှုတ်သုံးပါးကို မဖောက်မပြန် တည်တည် ကြည်ကြည် ထိန်းသိမ်းနိုင်သူတွေ တန်ဖိုးကြီးမားသော ဘ၀သို့ ရောက်နိုင်သည်။
မထိန်းသိမ်းနိုင်သူ အဖို့ ရေနှင့်ထိသော ရွှံ့နွံဘ၀ ရောက်နိုင်သည်။
ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိ လာစေရန်နှင့် အညံ့အခိုက်များ၊ သက်သာပြေပျောက်စေရန် အောက်ပါယတြာ များကို ဂရုစိုက်ပြု လုပ်ပါလေ။
ယပ်ဖြူ သက်စေ့လှူပါ။ ဘုရားရင်ဘတ်တော် ရွှေချပါ၊ ရေသက်စေ့ကပ်လှူပါ။
ဗုဒ္ဓဟူးသားသမီးများအတွက်
ယခုလသည် မိဘကို ကောင်းစွာပြုစုစောင့်ရှောက်နိုင်မည့်အချိန် ဖြစ်သည်။ စီးပွားသိသိသာသာ တက်မည်။
သိကြား မ လိုက်သကဲ့သို့ လက်ရှိအခြေအနေထက် များစွာမြင့်တက်သွားလိမ့်မည်။ လုပ်ငန်းများ သိသိသာသာ အောင်မြင်မူရမည်။
လုပ်ငန်းသစ်များ စတင်ပြု လုပ်နိုင်သော ကာလ၊ လုပ်ငန်းဟောင်းများ ပြန်ပေါ်တတ်သည်။
ဘုရားဖူးခရီးများ စိတ်ချမ်းသာစရာခရီးများ ပြည်တွင်းပြည်ပခရီးများ သွားရတတ်သည်။
ဝန်ထမ်းဖြစ်လျှင် ရာထူးတက်ခြင်း အခြေအနေ အဆင့်အတန်း မြင့်တက်ခြင်းများကြုံမည်။
သင်တန်းတစ်ခု တက်ရခြင်း ပညာကောင်း ရခြင်းများ ကြုံမည်။ မိတ်ဆွေကောင်း ဆရာကောင်းများ တွေ့မည်။ အဖိုးတန်စက်ပစ္စည်များဝင်မည်။
မြေကိစ္စ၊ အမွေကိစ္စများ အဆင်ပြေမည်။ ငွေရှာရလွယ်ခြင်း ငွေအ၀င်အထွက် ကြမ်းခြင်းများ ကြုံလိမ့်မည်။
ရပ်ဝေးမှစာများ အဆက်အသွယ်များ ရလာမည်။
ရန်များခြင်း စကားများဖြေရှင်းရခြင်း ရင်နှီးသူများ လုပ်ဖော်ကိုင်ဘက်များနှင့် အဆင်မပြေ လမ်းခွဲရခြင်းများ ကြုံမည်။
အထူးသတိပြုရန် အလုပ်တွင် အတိုက်အခံ အနည်းငယ်ကြုံရတတ်သည်။ အမှုအခင်း ရုံပြင်ကန္နားနှင့် ပတ်သက်ရတတ်သည်။ စိုးရိမ်စရာ မရှိပါ။
အကြီးအကဲ ကောင်းရနိုင်၏။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဖက် စိတ်ညစ်ရတတ်သည်။ ဆွေမျိုးသားချင်းများ ကျန်းမာရေး အသည်းအသန် ဖြစ်တတ်သည်။
လာမည့် မွေးလ မွေးရက်အထိ အသုဘပို့ခြင်း မပြုပါနှင့် အထူးသတိပြုပါ။
နှလုံးနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း၊ လေနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း ဒူး နား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။
စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လိမ့်မည်။ လုပ်လျှင်အောင်မြင်မည်။ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ ၀န်ထမ်းဖြစ်စေ ကြီးပွားတိုးတက်အောင်မြင်မည့်ကလာ ဖြစ်ပါသည်။
ဤကာလအတွင်း ကောင်းကျိုး ချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါ ယတြာများ ကို ဂရုစိုက်ပြု လုပ်ပါလေ။
ဘုရားဖူးခရီးသွားပါ၊ ခရီးစရိတ်ပြတ်နေသူကို ငွေလှူပါ၊ မွေးနေ့တိုင်း အိပ်ရာရွှေ့ ပြောင်း၍အိပ်ပါ။
ကြာသပတေးသားသမီးများအတွက်
အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်မွမ်းမံရခြင်း ပြောင်းရွှေ့ရခြင်း လုပ်ရတတ်သည်။ အိမ်သစ်ဆောက်လျှင် ကောင်းအချိန် ဖြစ်သည်။
လုပ်ငန်းအသစ်ပေါ်ခြင်း (သို့မဟုတ်) လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက်အသွယ်သစ်များ ပေါ်လာလိမ့်မည်။
လုပ်ငန်းနှင့် ပတ်သက်၍ နာမည်ကောင်းရခြင်း နေရာကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်းများ လုပ်ရတတ်သည်။
အိမ်ထောင်မရှိသူများ အိမ်ထောင်ကျတတ်သော ကာလဖြစ်သည်။ ဇာတာရှင်သည် ယောက်ျားဖြစ်ပါက အိမ်ထောက်ကျလျှင် ကောင်းပါသည်။ မင်္ဂလာဆောင်လျှင် စည်ကားသော မင်္ဂလာဆောင်ဖြစ်မည်။
အိမ်ထောင်ပရိဘောဂ အိမ်သုံးပစ္စည်း ၀င်တတ်သည်။ သူခိုး၊ မျက်စေ့ အကျခံရတတ်သော ကာလဖြစ်၍ သူခိုး အခိုးခံရတတ်ကြောင်း သတိပြုပါလေ။
ခရီးအကျိုးပေးသော ကာလဖြစ်ပါသည်။ ဘုရားဖူးခရီး သွားရတတ်သည်။
ကွဲကွာနေသော ဆွေမျိုးသားချင်းများနှင့် ပြန်ဆုံမည်။ ရပ်ဝေးမှ ဆွေမျိုးသားချင်းများ ရောက်လာတတ်သည်။
အိမ်သို့ အတောင်ပါသော သတ္တ၀ါများ ၀င်လာတတ်သည်။ ၀င်လျှင် နိမိတ်ကောင်းသည်။
သွပ် သံ သစ် စသော သောကြာနံပစ္စည်းများ ၀င်လာတတ်သည်။
အထူးသတိပြုရန် မိတ်ဆွေရင်း လုပ်ဖော်ကိုင်ဘက်တို့က ဒုက္ခပေးတတ်သည်။
မြေကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ မြေအ ၀င်မခံရပါ။ မြေ၀င်လျှင် ကြာသပတေးနံ ထုတ်ပစ်ပါ။
ပညာရေးနှင့် ပတ်သက်သောပစ္စည်း လှူဒါန်းပါ။
ရွှေနှင့် အဖိုးတန် ရတနာပစ္စည်းများ ၀င်လာမည် ဘုရားဆင်းတုတော် စွယ်တော် ရဟန္တာပုံတော်များ ကြွလာတတ်သည်။
လက်ဝတ်ရတနာများ ကျောက်ပြုတ်ထွက်ခြင်း ပျောက်ခြင်း၊ ဖြစ်တတ်သည်။
အလုပ်တွင် အတိုက်အခံ အပြိုင်အဆိုင် ကြီးစွာကြုံမည်။ အတိုက်အခံမှန်သမျှ အနိုင်ရမည်။
မိသားစု အကြီးအကဲ လုပ်ငန်းအကြီးအကဲ တို့ကြောင့် စိတ်ညစ်ရတတ်သည်။ အထူးသဖြင့် ဖခင် ကျန်းမာရေး ညံ့တတ်သည်။
ထီပေါက်သကဲ့သို့ ငွေများဝင်တတ်သည်။
ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက် ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
အုန်းထမင်း၊ အုန်းနို့နှင့်ချက်ထားသော ဘဲသားဟင်းကို ဘုန်းကြီးလှူပါ၊ တံခွန်းကုက္ကား မလေးပွား ဂြိုလ်တိုင်သက် စေ့လှူပါ။၂
သောကြာသားသမီးများအတွက်
အလှူအတန်းကိစ္စများ မုချလုပ်ရမည်။ ငွေအစုလိုက် အပုံလိုက် ၀င်လာလိမ့်မည်။ မိမိ၏ အလုပ်မှ လည်းကောင်း၊ ထီပေါက်၍လည်းကောင်း ၀င်လာတတ်သည်။
ဤကာလမျိုးး၌ သာမန်အခြေ အနေမျိုးမှနေ၍ စီးပွားအရှိန်အဟုန် နှင့်တက်ကာ လက်ရှိအခြေအနေထက် အဆပေါင်းများ စီးပွား တက်လိမ့်မည်။
မိမိလုပ်ငန်းများကို အင်နှင့် အားနှင့် တိုးချဲ့လုပ်ကိုင်သင့်သော်လည်း ဖြတ်လမ်း မလိုက်ရန် သတိပေးလိုပါသည်။
မိမိအား ပြဿနာလုပ်နေသူများ ရှိလျှင် အဆင်ပြေသွားမည်။ မသင့်မြတ်သူများနှင့် ပြန်လည်သင့်မြတ်သွားမည်။
အဖိုးတန်ကျောက် မျက်ရတနာများ ၀င်မည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေးအတွက် သောကရောက်ရသော ကာလဖြစ်သည်။
အထက်လူကြီး၊ မိသားစု ကြီးကဲသူများကြောင့် စိတ်ညစ်ရမည်။ အတူနေမိသားစုထဲမှ အကြီးအကဲ အဘိုး အဘွားများအရေးဖြစ်တတ်သည်။
လူမျိုးခြား၊ နိုင်ငံခြားနှင့် ပတ်သက်သော ကိစ္စများ အကျိုးပေး အောင်မြင်မည်။ ခရီးများမကြာခဏ ထွက်ရတတ်သည်။
ထိုခရီးများသည်လည်း အကျိုးပေး အောင်မြင်လိမ့်မည်။ ၀န်ထမ်းဆိုလျှင် ရာထူးတက်ခြင်းအခြေအနေ မြင်တတ်ခြင်း ကြုံရလိမ့်မည်။
ပညာရေးကိစ္စများ သင်တန်းကိစ္စများကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။
ရွှေထွက်ခြင်း၊ ရွှေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ အင်္ဂါနံ စိန်၊ စက်ပစ္စည်း ထွက်တတ်သည်။
ရွှေထည်ဝယ်လျှင် အသစ်များသာ ၀ယ်သင့်သည် အပျက် အဟောင်း မ၀ယ်သင့်ပါ။
အထူးသတိပြုရန် အောက်လက်ငယ်သား သားသမီး ထွက်သွားခြင်း၊ ၎င်းတို့အတွက် သောကရောက်ရခြင်းများ ကြုံ ရတတ်သည်။
ဆီးရောဂါ၊ မျက်စိရောဂါများ ဒုက္ခပေးခြင်း၊ အစားမှားခြင်း၊ ဆေးမှားခြင်းများ ကြုံရတတ်သည်။
 စာရွက်စာတမ်း စာချုပ်ကိစ္စ များအတွက်စိတ်ညစ်ရခြင်း၊ ပစ်စာ တိုင်စာ ရောက်ခြင်းများ ကြုံရတတ်သည်။
 ဆွေမျိုးသားချင်းများကို ကောင်းစွာ အကူအညီ ပေးနိုင်လိမ့် မည်။ လက်ရှိအလုပ်အကိုင်ကို စိတ်မ၀င်စားခြင်း၊ အလုပ်ပြောင်းလိုစိတ်များ ကြုံလာတတ်သည်။
အိမ်ဝယ်နိုင်သော် လည်း အိမ်အနားအဆာ မလွတ်၊ အိမ်ဧည့်သည်မပြတ်၊ အိမ်ဆောက်လျှင် တန်းလန်းဖြစ်တတ်သည်။
ခိုင်မာသော စီးပွားရေးလုပ်ငန်းများ တည်ဆောက်ထားပါ။ ရရှိသော အကြွေးများကို ယခုကာလတွင် ကြိုတင်စုဆောင်းထားပါ။ သို့မဟုတ်ပါက ဆုံးတတ်သည်။
ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
ထီးဖြူအသေးသက်စေံနှင့် ထီးဖြူအကြီး တစ်လက်ကို မွေးနေ့နက်တွင် ဘုရားလှူပါ။ အမွှေးနဲ့သာနှင့် ဘုရားအားရေသပ္ပာယ်ပါ။
စနေသားသမီးများအတွက်
ဘုရားဆင်းတုတော်၊ ပုံတော်၊ ရဟန္တာပုံတော်များ ကြွလာတတ်သည်။ မထင်မှတ်သော ခရီးများ မရည်ရွက်သော ခရီးများသွားရတတ်သည်။ သူတစ်ပါးကိစ္စအတွက် ခရီးသွားရတတ်သည်။
လူမျိုးခြားက ကူညီခြင်း၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်သောကိစ္စများ အောင်မြင်ခြင်းများကြုံမည်။
နာမည်ဂုဏ်သတင်း တိုးတက်ခြင်း ဘုန်းတန်ခိုး တိုးတက်ခြင်းများ ကြုံရမည်။ မနာလိုသူလည်း ပေါ်လိမ့်မည်။
 မိမိထက်မြင့်သူနိမ့်သူ နှစ်ဦးလုံးက ဒုက္ခပေးလာတတ် သောအချိန် ဖြစ်ပါသည်။
လုပ်ဖော်ကိုင်ဘက်များ အောင်မြင်တော့မလိုလိုနှင့် အခက် အခဲကြီးစွာ ကြုံတတ်သည်။ အလုပ်တွင် အပျက်စီးအဆုံးရှုံး အလေအလွင့် များနေလိမ့်မည်။
ငွေပျောက်ခြင်း ကြွေးတင်ခြင်း ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။
 ကြီးကဲသူ အထက်လူကြီးများကြောင့် စိတ်ညစ်ရတတ်သည်။ အလှူပွဲ မင်္ဂလာပွဲ အစီစဉ်များ အထစ်အငေါ့ကြုံခြင်း ရက်ရွှေ့ခြင်းများ ကြုံရတတ်သည်။
အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ရေးအဆင်မပြေ ဖြစ်နေမည်။ လက်ရှိအလုပ်အကိုင် ပြောင်းချင်စိတ်ပေါ်လာမည်။ ပြောင်းလျှင် ပိုဆိုးသွားတတ်သည်။
အထူးသတိပြုရန်။ အစာအဆိပ်ဖြစ်ခြင်း၊ ခြေထောက် ခါး၊ သွား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။
ဤလအတွင်း အမှုအခင်း မဖြစ်စေရန် အထူးဂရုစိုက်ပါ။ ဖြစ်လျှင် မပြီးနိုင်ဘဲ ဖြစ်နေတတ် သည်။ ငွေနှင့်လိုက်လျှင် ရှုံးသွားတတ်ပါသည်။
ပစ္စည်း မငှားရမ်းပါနှင့် ဆုံးလိမ့်မည်။
ဤကာလအတွင်း မည်သည့်အခက်အခဲနှင့် ကြုံသည် ဖြစ်စေ အားကိုး မရှာနှင့်။ ဒုက္ခပေးမည့်သူများသာ ပေါ်လာတတ်သည်။
 အောက်လက်ငယ်သား ထွက်သွားခြင်း၊ ကျန်းမာရေးညံ့ခြင်း ကြုံရ တတ်သည်။ ထီကံကောင်းသော ကာလဖြစ်ပါသည်။ ပညာအသစ်တစ်ခု ရတတ်သည်။
အိမ်ထောင်ဘက် ကျန်းမာရေး ညံ့လိမ့်မည်။ ခါး အောက်ပိုင်း ဒုက္ခပေးတတ်သည်။ ဆေးရုံ၊ ဆေးခန်းသို့သွားရတတ်သည်။
 ကျောဒုက္ခပေးခြင်း၊ ကျော၌ရောဂါရခြင်း ဖြစ်မည်။
အိမ်ပြင်၊ အိမ် ဆောင်၊ အိမ်ပြောင်း မပြုပါနှင့်။ အာမခံမလုပ်ပါနှင့်။ စပ်တူအရောင်းဝယ် အကြီးအကျယ် မလုပ်ပါနှင့်။
ဤကာလအတွင်းကောင်းကျိုးချမ်းသာများ ပိုမိုရရှိ လာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်လေ။
နေ့စဉ်ခန္ဓာကိုယ် သန့်ရှင်းရေး၊ အိမ်သန့်ရှင်းရေး လုပ်ပါ။ သောက်ရေအိုး ကိုယ်တိုင် ရေထည့်ပါ။ တစ်ပတ်တစ်ကြိမ်အဓိဋ္ဌာန်ဝင်ပါ။
ဆရာဟိန်းတင့်ဇော်၏ www.heintinzaw.com အင်တာနက်စာမျက်နှာမှ ကူးယူ ဖော်ပြသည်။