Monday, February 4, 2013

တပို့တွဲလနွှဲပျော်စရာ ထမနဲပွဲတော်မဟာ


   ကဲ..ကဲ..ဘော်တာတို့ရေ ထမနဲလေးထိုးထားပါတယ် ဆွမ်းတော်လဲကပ်ချင်တာကြောင့်ပါ ထမနဲဆိုရင်မြန်မာအများစုက ကြိုက်ကြတာများပါတယ်ထိုးရတာလဲလွယ်ကူသလို အချိန်လဲသိပ်မကြာပါဘူး မြန်မာပြည်မှာဆိုရင်တော့အချိန်အခါမရွေး ဝယ်လို့ရတဲ့မုန့်လေးတစ်မျိုးပါ
ထမနဲလေးထိုးကြည့်ကြမယ်နော်။
ပါဝင်ရမှာလေးတွေက
  • ကောက်ညှင်းဆန် - ပေါင်းအိုးဆန်ချင်ခွက် သုံးဗူး
  • ဆီ - လက်ဖက်ရည်ပန်းကန် သုံးလုံး
  • နှမ်း - လက်ဖက်ရည်ပန်းကန် တစ်လုံးနှင့်တစ်ဝက်(နှမ်းမဲရလျှင်ပိုကောင်းပါသည်)
  • အုန်းသီး -တရုတ်ဟင်းရည်သောက်ပန်းက န်တစ်လုံးနီးနီး
  • မြေပဲ - လက်ဖက်ရည်ပန်းကန် တစ်လုံးနှင့်တစ်ဝက်
  • ချင်းလှီပီးသား - လက်ဖက်ရည်ပန်းကန် တစ်ဝက်
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

      နှမ်းလှော် အုန်းသီး မြေပဲလှော် ချင်း ကောက်ညှင်းဆန်

      ကောက်ညှင်းဆန်ကိုရေနာရီဝက်လောက်စိမ်ပေးပြီးမြေပဲဆံကိုအခွံချွတ်ကာအုန်းသီးကိုမွှေးလာတဲ့ထိကြော်ပေးပါတယ်

      ဆီပူပူထဲမှာချင်းကိုမွှေးလာတဲ့ထိကြော်ပေးပြီးမှကောက်ညှင်းဆန်ကိုရေစစ်ကာထဲ့ပြီးကြော်ပေးပါတယ်

ကောက်ညှင်းဆန်များမာတောင့်သွားပါကရေမြုပ်အောင်ထဲ့ပြီးဆား ဟင်းချိုမှုန့်တို့ထဲ့ကာရေခမ်းတဲ့ထိမွှေမွှေပေးပြီးဆက်တက်ပါတယ်

     ရေခမ်းပြီးကောက်ညှင်းစေ့များပျောက်လာပါကနှမ်း အုန်းသီး မြေပဲဆံတို့ကိုထဲ့ကာနာနာမွှေပေးပါတယ်

     ထမနဲစီးစီးလေးရပါပြီ

စားချင့်စဖွယ်မြန်မာ့ရိုးရာထမနဲလေးရပါပြီ
       mmlazp.blogspot.com   မှ ကူယူခံစားတင်ပြသည်။

0 ကွန်မန့်ရေးရန်:

Post a Comment