မလေးရှားမှ ညီအစ်ကိုမောင်နှမအားလုံး စာရေးသူရဲ့ ညီလို
အလိမ်ခံမထိအောင် ဂျိုးဟိုး စီနိုင်းမှာနေတဲ့ ကိုကျော်ဆိုတဲ့လူက
မြန်မာတွေကို စာအုပ်လုပ်ပေးမယ်ဆိုပြီး ငွေကိုအဆမတန်တောင်း လိမ်ညာနေသော
ကိုကျော်ရဲ့ လုပ်ရပ်ကို တင်ပြလိုက်ပါတယ် ကိုကျော်ကို ပုံနဲ့ တကွ
မဖော်ပြနိုင်တာ တောင်းပန်ပါတယ် ပုံမရှိလို့ပါ ရှိရင် ဒီလိုယုတ်မာတဲ့
လူကို ဂျာနယ်တွေထဲမှာတောင် ထည့်သင့်ပါတယ် အောက်လမ်းကပြန်သွားတဲ့
ကျော်မင်းနိုင်ပုံကိုတော့ တင်ပေးလိုက်ပါတယ် သူနဲ့လုပ်ပြီး စာအုပ်မရပဲ
ဒုက္ခရောက်နေတဲ့ မိန်းကလေးတွေအများကြီးပါ သူတို့နာမည်တွေ အောက်ဆုံးမှာ
ဖော်ပြပေးပါ့မယ် ပထမဆုံး ကိုကျော်ရဲ့ အကြောင်းကို ပြောပါ့မယ် အရင်က
စင်္ကာပူမှာ အင်ဂျင်နီယာဘ၀နဲ့ ၁၀နှစ်လောက် လုပ်ခဲ့တယ်လို့ကြားပါတယ်
အဲဒီမှာ မလေးမနဲ့ ယူပြီး ဂျိုးဟိုးမှာ နေပါတယ် ဂျိုးဟိုး စီနိုင်းမှာ ရွှေရတီ အကျိုးဆောင်လုပ်ငန်းဆိုပြီး ဆိုင်းဘုတ်ကို သူအိမ်မှာ ချိတ်ထားပါတယ် တကယ်လို့များ ဤပို့စ်ကို ကိုကျော်ဆိုတဲ့လူ ဖတ်မိခဲ့လို့ မကြေနပ်ရင် စာရေးသူရဲ့စာမျက်နှာမှာ လာပြီးဖြေရှင်းလို့ရပါတယ်
စာဖတ်သူညီအစ်ကို မောင်နှမအားလုံးလည်း မလေးရှားမှာရောက်နေတဲ့
ရွှေမျိုးများ သူငယ်ချင်းများ ကို အခုလိုအလိမ်ခံမထိအောင် ဤပို့စ်ကို
မျှဝေပေးကြပါ
ကျော်မင်းနိုင်နဲ့ ထွန်း၂၀င်း တို့ဟာ ၄နှစ်ပြည့်ခါနီးမှာ သူတို့လုပ်တဲ့ စက်ရုံက သူဌေးနဲ့ သူတို့ရဲ့ အေးဂျင်း တရုတ် အဆင်မပြေတာနဲ့ သူတို့ကို ဆက်မထားပဲ မြန်မာပြည်ပြန်ပို့ပါတယ် သူတို့နှစ်ယောက် မြန်မာပြည်မပြန်ပဲ စီနိုင်းလေယာဉ်ကွင်း ကနေ အေးဂျင်းလိုက်ပို့ခိုင်းတဲ့ မလေးကောင်ကို ပိုက်ဆံတယောက် ၃၀၀ ပေးပြီး စာအုပ်ယူပြီး ပြေးလာခဲ့ပါတယ် ဒီလိုနဲ့ ကိုကျော်ဆိုတဲ့လူနဲ့ အဆက်သွယ်လုပ်ပြီး အလုပ်သွင်းပေးမယ်ဆိုပြီး ပိုက်ဆံ၂၀၀ ဆီ တောင်းပါတယ် နောက်အလုပ်သွင်းပေးပြီး စာအုပ်ကိုလည်း သူကိုင်ထားပါတယ် အဲဒီစာအုပ်က ပစ်စပို့စ် သက်တမ်းက ၁၈.၁၀.၂၀၁၃ မှကုန်မှာပါ အဲဒီစာအုပ်ကို မရဘူးဆိုပြီး စာအုပ် အသစ်ထပ်လုပ်ရမယ်ဆိုပြီး လက်ဗွေနိပ်ခ rm 200 ထပ်ပေးရပါတယ် အဲဒီနောက် စာအုပ်လုပ်ခ rm 3700 ထပ်ပေးရပါတယ် ပိုက်ဆံကိုတော့ လုပ်အားခထဲကနေပြီး ဖြတ်တယ် အလုပ်ချိန် မနက် ၈နာရီကနေ ည၈နာရီထိ rm42 ရတယ် ကျန်တာတော့ သူစားတယ် အကြွေးကြေတာနဲ့ စာအုပ်ပေးမယ်ဆိုပြီး ပိုက်ဆံကို တလ ၅၀၀...၃၀၀ ဖြတ်တယ် ၆လပိုင်း ၂၀၁၂ မှာ အကြွေးတာကြေသွားတယ် စာအုပ်မရသေးပါ တောင်းပြန်တော့လည်း ပါမစ်မကျသေးဘူးတဲ့ မယုံရင် သူလုပ်ပေးတဲ့ ကုမ္မဏီကို ဖုန်းဆက်မေးကြည့်ဆိုလို့ စက်ရုံက တရုတ်အင်ဂျင်နီယာမကို ဖုန်းဆက်မေးခိုင်းတော့ ကိုကျော်လည်းမသိဘူးတဲ့ ကျော်မင်းနိုင်နဲ့ ထွန်း၂၀င်း နာမည်တွေလည်းမရှိဘူးလို့ပြန်ပြောတယ် တလရမယ် တလရမယ်နဲ့ အခုချိန်ထိ စာအုပ်မရတော့ပါ စက်ရုံကလည်း ဘာစာရွက်စာတမ်းမှ မပြနိုင်တော့ ၁၁ပိုင်းမှာ အလုပ်မဆင်းခိုင်းပဲ စက်ရုံကလည်း ဘာစာရွက်စာတမ်းမှ မပြနိုင်တော့ ၁၁ပိုင်းမှာ အလုပ်မဆင်းခိုင်းပဲ မောင်းထုတ်လိုက်ပါတယ် စက်ရုံက လစာရှင်းတာမှန်ပေမဲ့ ၁၀လပိုင်းလစာကို ၁၂လပိုင်းကုန်ခါနီးမှ ပေးပါတယ် အဲဒီငွေတွေကို သူကတော့ တခြားမှာလှည့်ပြီး သုံးထားပါတယ် အဲဒီလိုနဲ့ အလုပ်နားလိုက်ရတာ အခုချိန်ထိပါ ၁၁လပိုင်းလစာ ရဖို့အရေး ၃ရက်လောက်ကို ကတ်ထူစက်ရုံမှာ လုပ်အားပေးလိုက်ရပါတယ် သူတို့အရင် ကတ်ထူစက်ရုံမှာ အလုပ်လုပ်နေတဲ့ ကောင်မလေးတွေ အလုပ်မလုပ်နိုင်လို့ဆိုပြီး မောင်းထုတ်လိုက်ပါတယ် မလုပ်နိုင်ရင်ထွက်သွား အလုပ်ရှာမပေးနိုင်တော့ဘူး စက်အုပ်လည်းမရတော့ဘူးလို့ပြောလိုက်ပါတယ်...အဲဒါနဲ့ ကောင်မလေးတွေလည်း သူတို့နဲ့ စပ်မိစပ်ရာ သူငယ်ချင်းတွေဆီသွားလိုက်ပါတယ် စာအုပ်ရဖို့အေ၇းသွားတောင်းတော့လည်း လူချင်းလည်း အတွေ့မခံ အိမ်သွားတောင်းတော့လည်း လူရှိရှိနဲ့ တခါးတွေပိတ်ထားပြီး ခေါ်လည်းဖွင့်မပေးဘူး ဖုန်းခေါ်လည်းမကိုင် ဒီလိုနဲ့ပဲ ကျော်မင်းနိုင်တို့လည်း စာအုပ်လည်းမရ အလုပ်လည်း မရှိတော့ သူငယ်ချင်းတွေ ညီကိုတွေ ရှိရာကို လာခဲ့ပါတယ် ဂျိုးဟိုးကနေ kl ကို ၂၇ ရက်နေ့ ထွက်လာခဲ့တယ် tvs ကားကွင်းကို ရောက်ခဲ့ပါတယ် မယောင်မလည်နဲ့ ဘယ်သွားရမှန်းမသိ ဖြစ်နေခိုက် ရဲတယောက်ကနောက်ကလိုက်လာပြီး ထွန်းထွန်းဝင်း အိတ်ကိုဆွဲထားပြီး ဖမ်းထားလိုက်ပါတယ် ကျော်မင်းနိုင်ကတော့ ထွက်ပြေးလာခဲ့လို့ သူငယ်ချင်းဆီ ဖုန်းဆက် တက္ကဆီ ငှားပြီး မိုင်းဒင်းကို ရောက်လာပါတယ် ထွန်းထွန်းဝင်းကိုတော့ ရုံးခန်းကို ခေါ်သွားပြီး rm ၃၀၀ ပေးလိုက်ရပါတယ် ကျော်မင်းနိုင်ရောက်ရှိလာပြီး ကိုကျော်ဖုန်းနံပါတ်နဲ့ သူရဲ့မိန်းမ ဖုန်းနံပါတ်ကို ဆက်ကြည့်တော့လည်း မကိုင်ပါဘူး တခြားဖုန်းနံပါတ်တွေနဲ့ ဆက်ပြန်တော့လည်း လုံးဝကို မကိုင်ပါဘူး သူနဲ့လုပ်ထားတာ လူပေါင်း မနည်းပါဘူး အကုန်လိမ်ခံထိတာပါ အရင်ကတော့ ကိုကျော်ဆိုတဲ့လူက ကားအဖြူမကောင်းတာလေးကို စီးပါတယ် အခုတော့ မြန်မာတွေဆီက လိမ်ညာလို့ရတဲ့ ပိုက်ဆံတွေနဲ့ ကားကောင်းစားကြီးကို စိးနေပါပြီ သူစီးတဲ့ ကားနံပါတ်ကတော့ ရှေ့က မြန်မာလိုဆိုရင် အက္ခရာတော့ မမှတ်မိပါဘူး အက္ခရာ နောက်က နံပါတ်ကတော့ ၇၇၉၁ အ၀ါရောင်ဖြစ်ပါတယ် အဲဒီကားနဲ့လူဆိုရင်တော့ ဝေးဝေးရှောင်ကြပါ သူငယ်ချင်းတို့ ဖုန်းနံပါတ်ကတော့ ကိုကျော် ၀၁၂ ၇၇၉၈၁၆၅….သူမိန်းမက ၀၁၈ ၇၇၉၇၁၀၃ ဖြစ်ပါတယ် ကိုကျော်ကတော့ မြန်မာတွေစီက လိမ်ညာပြီး ရလာတဲ့ ပိုက်ဆံတွေနဲ့ ကားကောင်းစားကြီး စီးနေတဲ့အချိန်မှာ မြန်မာကောင်လေးတွေနဲ့ မြန်မာမိန်းကလေးတွေ ဘယ်လောက်ဒုက္ခ ရောက်နေလိမ့်မယ်ဆိုတာ ကိုကျော်မဆင်းစားမိဘူးလား အခုဆို စာအုပ်မရှိလို့ ရဲလိုက်လို့ပြေးနေရတဲ့ လူတွေအများကြီး မိန်းကလေးတွေဆို ဘယ်လိုလုပ်မလဲ နှမချင်းကိုယ်ချင်းမစာဘူးလား အခုကိုကျော်ကတော့ လိမ်ညာပြီး ယူလိုက်တဲ့ ငွေတွေနဲ့ ကားကောင်းစားကြီး စီးနေတဲ့ အချိန်မှာ ကျော်မင်းနိုင်ကတော့ အမှန်ဆို စာအုပ်ရှိရင် လေယာဉ်ကြိးစီးပြီး မလေးငွေ ၂၃၀ လောက်ပေးပြီး နာရီ ၂.၃၀ လောက်စီးပြီး မြန်မာနိုင်ငံကို ရောက်မှာ အခုတော့ ဟိုရဲကြာက်ရ ဒီရဲကြောက်ရ ခိုးကျောင်ခိုးဝှက် ဘစ်စကားကြီးစီးပြီး
အောက်လမ်းကနေပြန်ရတော့မယ် မလေးရှားမှ မြန်မာအားလုံး သူနဲ့ လုံးဝ မပတ်သက်မိရန် စာရေးသူ အထူး သတိပေးအပ်လိုက်ပါသည်
သူနဲ့လုပ်ထားတဲ့ လူတွေရဲ့ နာမည်တွေ တင်ပြပေးပါ့မယ်
မသီဒါဝင်း….မစပယ်လှိုင်….မခင်ချောစု….မသက်မာစိုး…မဇာခြည်သိန်း….မကြည်ကြည်ဝင်း
….မခိုင်ဇင်ဦး…မခိုင်ချိုဝင်း….ကိုအောင်ကျော်..ကိုတင်ထွေးဝေ…ကိုမျိုးမင်းဇော်….ကိုကျော်မင်းနိုင်
….ကိုထွန်း၂၀င်း…ဘင်္ဂလားနိုင်ငံသားများ md zia…md soriful…abdul….nakul…ashraful…ကမ်ဘောဒီးယားများ….ly mouhmmat…leszafay တို့ဖြစ်ပါတယ် ကျန်တာတွေ မသိပါ…မလေးရှားရောက် ရွှေမြန်မာများ လိမ်ညာလှည့်ဖြားနေသော လူများရဲ့ ရန်ကကင်းဝေးနိုင်ကြပါစေ...

0 ကွန်မန့်ရေးရန်:
Post a Comment