by ပြည်ချစ်သူ on Saturday, February 2, 2013 at 1:14am ·

ဒီအကြောင်းတွေကိုပြောရတာ အမနာပပြောဆိုတိုက်ခိုက်ခြင်း မဟုတ်တာကတော့ သေချာပါတယ် ။ မတော်မတည့်တာတွေကိုအမြင်မတော် အကြားမတော်လွန်းလှတာတွေကို ပြင်လိုပြင်ငြား ပြောပြချင်ရုံပါ ။ ကျွန်တော်ရေးတာ မှန်ကန်တဲ့အကြောင်းအရာဖြစ်မဖြစ်
မပြင်တော့လည်း သိပ်တော့ ပြသနာ မရှိလှပါဘူးလေ ။ ပျက်အစဉ် ပြင်ခဏ ဆိုတာကို တပ်မတော် နဲ့ ပတ်သက်လာတဲ့အခါ ကျွန်တော်တို့  ပြောင်းပြန်အနက် မှတ်ယူလိုက်ကြရရုံပါ ။ မြန်မာ့တပ်မတော်ရဲ့  ဆေးဝန်ထမ်းတပ်ဖွဲ့  မှာ ယနေ့ လက်ရှိ ဖြစ်နေတဲ့ အကြောင်းအရာတစ်ခု ပါ ။ မဆရ ( ၁၂ ) ဆိုတဲ့ တပ်မတော် ဆေးတပ်ရင်းမှာ တာဝန်ကျ တပ်ရင်းမှုးက OG ပါ ။ ဒုတိယ ဗိုလ်မှုးကြီး အဆင့်နဲ့ တာဝန်ထမ်းဆောင်နေပါတယ် ။ ဒီအထိကတော့ ပြသနာမရှိဘူးပဲ ထားပါတော့။ မြန်မာ့တပ်မတော်ရဲ့  အူကြောင်ကြား အစဉ်အလာလိုလို မူဝါဒလိုလိုဘာမှန်းမရေရာတဲ့ ညွှန်ကြားချက် တစ်ခုက ဒီနေ့ ဖြစ်နေတဲ့ ပြသနာကို အစပျိုးပေးခဲ့တာပါ ။ အနည်းငယ်ကြီးတဲ့ ရာထူးတွေကိုရောက်လာခဲ့ရင် တပ်မတော်သားတွေမှာ မိန်းမ မရှိလို့ မဖြစ်ပါဘူး တဲ့ ။ မယူမနေရပါတဲ့ ။ မယူခဲ့ရင် ရာထူးတိုးပေးဖို့ ကို မစဉ်းစားတော့ပါဘူးတဲ့ ။ အဲဒီလို ဖြစ်စဉ်ကြောင့် အသက် ၄၅ ခန့် ရှိနေပြီဖြစ်တဲ့ OG ဒုတိယဗိုလ်မှုးကြီး လူပျိုကြီးဟာ မိန်းမတစ်ယောက်ကို မဖြစ်မနေယူခဲ့ပါတော့ တယ် ။ ထိုင်နေအကောင်းသားထသွားတော့မှ ကျိုးမှန်းသိခဲ့ရတာက အဲဒီဒုတိယ ဗိုလ်မှုးကြီးဟာ လိင်တူ စိတ်ဝင်စားသူ တစ်ယောက် ဖြစ်နေခဲ့တာပါ ။
အကျိုးစီးပွားအတွက် လပ်ထပ်ကြသည်ပဲဖြစ်ပါစေ တစ်ခါတစ်လေ လည်း ဒီလိုပဲ
လိုအပ်ချက်တွေပေးထားချက်တွေ ညှိုလို့ နှိုင်းလို့ ရကြပြုကြ ဟန်ကိုယ့်ဖို့  နဲ
့နေထိုင်သွားကြ တာမျိုးလည်း လူ့ လောက ဇာတ်ခုံမှာ ရှိနေတတ်ကြတာမျိုးပါ ။
ယခုအခါမှာတော့ နောက်ထပ်ရာထူးတစ်ဆင့် ထပ်မံမြင့်တက်ဖို့  စစ်ဦးစီးတက္ကသိုလ်
တက်နေဆဲမှာ အရှုပ်ထုပ်ကဇာတ်စုံခင်းလာခဲ့ကြတော့တာပါ ။ ဇနီးသည်က တိုင်ပါပြီ ။
လူမဆန်စွာ ထိုးနှက်ကန်ကျောက် ရိုက်နှက်နှိပ်စက်ထားသည် များကို အရှက်ကွဲခံ
ရိုက်ယူထားသည့် ဓာတ်ပုံသက်သေများနှင့်တကွ အရေးယူပေးပါရန် တပ်ချုပ်ထံ
လိပ်မူတိုင်ကြားပါတယ် ။
အဲဒီမှာပြောစရာရှိလာတာက ဇနီးခင်ပွန်း နှစ်ယောက်တည်းရဲ့ ပြသနာ မဟုတ်တော့ပဲနဲ
့မြန်မာ့တပ်မတော် ရဲ့  ဂုဏ်သိက္ခာ ရပ်တည်မှု တွေနဲ့ ပတ်သက်တဲ့
အသားထဲကလောက်ထွက်နေတဲ့ မကြားဝံ့မနာသာ ကိစ္စ ရပ်တွေပါပါဝင်နေခဲ့တာပါ။
တစ်ကယ်တော့ အဲဒီဒုဗိုလ်မှုးကြီးက အခွင့်အာဏာကိုအလွဲသုံးပြီး အမိန့်ပေးလို့  လိင်တူဆက်ဆံခြင်းအမှုကို မိန်ရည်ရှက်ရည်ကျူးလွန်နေခဲ့တာ
ကြာလွန်းနေလျပါပြီတဲ့လေ ။
အမျိုးကောင်းသားလေးတွေ မိကောင်းဖခင်သားသမီးလေးတွေ မငြင်းနိုင်
မရှောင်နိုင်နိုင်ထက်စီးနင်း အပြုခံနေကြရတာပါတဲ့ ။ တပ်မတော်တပ်ရင်းတစ်ခုက
လူအများကြီးကို မသိအောင်မမြင်အောင် သတင်း မထွက်နိုင်အောင် ဘယ်လိုများ
ဖုံးကွယ်သိုဝှက်ခဲ့ပါလိမ့်လို့  အံ့အားသင့်ရတဲ့ အခါ ငြင်းရဲရင် ငြင်းကြည့်
အသံထွက်ရဲရင်ထွက်ကြည့်လို့ တစ်သွေးတစ်သံတစ်မိန့် အောက်မှာ
ပြားပြားဝပ်နေခဲ့ကြရတာပါတဲ့ ။
အဲဒါဆိုရင် သူတို့ကပါ အဲဒီအမှုကြီးကို အလိုတူအလိုပါ ကျုးလွန်ခဲ့ကြ တာရော
မဖြစ်နိုင်ဘူးလား။ မင်းတို့ တစ်ခဏနဲ့  တစ်ဘ၀ကို မလဲနဲ့ လို
့ပြောလေ့ရှိတဲ့ အရေပြား တစ်ထောက်စာကိစ္စအတွက် မင်းတို့ ဘ၀ကို အနာမခံနဲ
့ ငါ့အလိုကိုလိုက်ရလို့  မင်းတို့ ဘ၀ပဲ့ပါ မသွားဘူး ဆိုတဲ့ စကားတွေအောက်မှာ
တတ်စွမ်းသမျှ ငြင်းဆန်ကြတဲ့အခါ ထိုးနှက်ကန်ကျောက်တာတာတွေ ကလည်း
ရှိကြသေးတာပါတဲ့ ။
ဒီလိုနဲ
့ဘ၀မပျက်ရင်တောင်မှ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေ ကို သေရာပါမယ့်
ဒဏ်ရာတွေအဖြစ်လက်ခံယူကြရတဲ့သူတွေက တပ်မတော်ဆေးတက္ကသိုလ် ဆင်းကာစ
တပ်ရင်းရောက်ကာစ လူငယ်ကလေးတွေ ဘရာသာ လေးတွေပါ။နောက်တော့ တစ်ချို့ က
လူငယ်ပီပီ မခံမရပ်နိုင်ကြတဲ့ အဆုံးမှာ ဘာဖြစ်ဖြစ်ကွာ ဆိုပြီးတော့
ကိုယ်ထိလက်ရောက် ပြန်လည်တုန့် ပြန်တာမျိုး သာမက ရွှေတြိဂံစစ်တိုင်းမှုး
ထံအရောက် ကိုယ်တိုင် လာရောက်တိုင်ကြားခဲ့ကြပါတယ် ။
အဲဒီမှာ စိတ်ဝင်စားစရာ
နောက်ထပ်ဇာတ်ကွက် တစ်ခုပေါ်လာ တာက အားကိုးတကြီးပြေးလာခဲ့တဲ့ အဲဒီ
စစ်ဗိုလ်ပေါက်စကလေးတွေ စစ်တိုင်းမှုးနဲ့  တွေ့ ခွင့်မရခဲ့ပါဘူး ။ မရတဲ့အပြင်
PSO နဲ့  G 1 တို့ က ဂိတ်ဝမှာပဲတားဆီးပြီး ထပ်မံခြိမ်းခြောက်ပြီး
အရေးယူခံရမယ် မင်းတို့ ပဲ ဘ၀ပျက်မယ်နဲ့  ရာထူးကြီးတဲ့ သူတစ်ယောက်
မထိခိုက်ဖို့ နဲ့ တစ်ကယ်လို့ အဲဒီပြသနာသာ အပေါ် ကို ပေါက်ကြားသွားရင်
တိုင်းမှုးကို အထက်အဆင့်ဆင့်က ငြိုငြင်မယ် ။ ကိုယ့်တိုင်းသိက္ခာထိခိုက်မယ်နဲ့ 
ထိခိုက်နစ်နာတဲ့ ကလေးတွေရဲ့ ပြသနာကို ဘယ်တပ်မတော်အမိ ဘယ်တပ်မတော်အဘကမှ
ဝင်ရောက် ကူညီမပေးခဲ့ကြပါဘူး ။
အဲဒီမှာပဲ နောက်ထပ်ထူးဆန်းတဲ့ တပ်မတော်ရဲ့  စစ်စည်းကမ်း
တစ်ခုကိုလည်း ကြားသိခဲ့ရတာက တပ်မတော်မှာ လိင်တူဆက်ဆံခြင်းအမှုကို
ကျူးလွန်ရင် ထောင်ဒဏ် ၃ နှစ် ။ ကျူးလွန်တာခံရရင်တော့ ထောင်ဒဏ် ၅နှစ်ပါတဲ့ ။
အဲဒီတော့ ကျူးလွန်ခံရတဲ့ကလေးတွေက မခံနိုင် လို့ တိုင်ခဲ့ရင် အာဏာဖီဆန်မှုရော
လက်ခံမှုနဲ့ ပါ ထောင်ဒဏ်နှစ်အတော်များများကျကြရဖို့ ရှိနေတာပါ ။ အခုထိ
အဲဒီမြို့ မှာ ကျူးလွန်ခံကြရတဲ့ ကလေးတွေ ရှိနေဆဲပေမယ့် ဘယ်သူမှ
ဝန်မခံရဲပါဘူးတဲ့။ အခုတော့ ဇနီးဖြစ်သူက တိုင်ပါပြီ ။ သက်သေတွေလည်းရှိပါပြီ
။ ဘယ်လိုအရေးယူပါလိမ့်မလည်း ဆိုတာကတော့ စိတ်ဝင်စားစရာပါ ။ တပ်မတော်က
အမှန်တရားကိုဖြစ်စေချင်မှာလား အရှက်ကိုပဲ
ဖုံးကွယ်လိမ့်မလား ဆိုတာပေါ်ပေါက်လာတော့မှာပါ ။
လူတစ်ယောက် ယောက်ျားဘ၀ကို မလိုချင်တာ ၊ သဘာဝကို
ကျော်လွန်ပြီး လိင်ကိစ္စဖောက် လွှဲဖောက်ပြန်ဖြစ်တာ လူသားတစ်ယောက်အနေနဲ
့သာကြည့်ရင် သူတစ်ယောက်တည်းရဲ့  ကိုယ်ရေး ကိုယ်တာကိစ္စတစ်ခုသာပါ ။
ချီးမွမ်းရန်မဟုတ်သလို ကဲ့ရဲ့ ရှုံ့ ချရန်လည်း မဟုတ်သလို အရေးယူ ရန်
ပြသနာလည်း မဟုတ်ပါဘူး ။ အခုဟာကတပ်မတော်မှာ အမိန့် အာဏာကို
အလွဲသုံးစားပြုပြီးတော့ မိမိရဲ့  တစ်ကိုယ်ရည် စိတ်အာသာဆန္ဒကို ဖြည့်ဆည်းတဲ့
ပြသနာကြီးပါ ။ဘယ်လိုနည်းနဲ့ မှကို လူကြားရန် မသင့်တော်လှသလို တပ်မတော်ရဲ
့ဂုဏ်သရေ ကိုလည်း အင်မတန်ညှိုးနွမ်းထိခိုက်စေလွန်းပါတယ် ။
တပ်မတော်ဟာ ဒီကိစ္စမှာ အမှန်တရားကို
ရင်ဆိုင်မှာလား ၊ အဆက်ဆက်တုန်းကလိုပဲ လိမ်ညာဖုံးကွယ်ပေးနေကြဦးမှာလား ဆိုတာ
ကျွန်တော်တို့ စိတ်ဝင်တ စားစောင့်ကြည့်ကြရဦးမယ့် အဖြေဖြစ်မှာပါ ။
ပြည်ချစ်သူ
ပြည်ချစ်သူ
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 2/02/2013 11:21:00 PM
0 ကွန်မန့်ရေးရန်:
Post a Comment