This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Thursday, April 26, 2012
သွေးကပြောသော စကား
Inbox
x
Chit Lumite chitlumite.apo@gmail.com
4:50 PM (6 hours ago)
to mrsorcerer
အားလုံးပဲ ဖြေကြည့်ကြပေါ့နော်..မျှဝေလိုက်
တဲ့ သဘောပါ
မေးခွန်း နံပတ် (၁)
ခင်ဗျားအတွက် နေ့တနေ့မှာ အကောင်းဆုံးအချိန်က ဘယ်အချိန်လဲ။
(က) မနက်ခင်း
(ခ) နေ့လည်ခင်းနဲ့ အစောပိုင်းညနေချိန်
(ဂ) ညဉ့်နက်ချိန်
မေးခွန်း နံပတ် (၂)
ခင်ဗျား လမ်းလျှောက်လေ့ရှိတဲ့ ပုံစံက …
(က) ခြေလှမ်းကျဲကျဲနဲ့ မနှေးမမြန်
(ခ) ခြေလှမ်းစိပ်စိပ်နဲ့ မနှေးမမြန်
(ဂ) ပုံမှန်လှမ်းရင်းနဲ့ ခေါင်းမော့ထားမယ်။ လောကကြီးကို
ရင်ဆိုင်တော့မဲ့ပုံ
(ဃ) ပုံမှန်လှမ်းတယ်။ ခေါင်းငုံထားရင်း။
(င) ဖြေးဖြေး နှေးနှေးပဲ လျှောက်တယ်။
မေးခွန်း နံပတ် (၃)
လူတွေနဲ့ စကားပြောတဲ့အခါမှာ ခင်ဗျားရဲ့အမူအရာက …
(က) မတ်တတ်ရပ်ရင်း လက်ပိုက်ထားမယ်။
(ခ) လက်ချောင်းလေးတွေချင်း ဆုပ်ကိုင်ထားမယ်။
(ဂ) လက်နှစ်ချောင်း၊ ဒါမှမဟုတ်လဲ တစ်ချောင်းတည်း ခါးထောက်ထားမယ်။
ဒါမှမဟုတ်
ဘောင်းဘီအိတ်တွေထဲကို နှိုက်ထားမယ်။
(ဃ) ခင်ဗျားရဲ့ စကားပြောဖော်ကို ထိကိုင်ရင်း။
(င) ဆံပင်သပ်ရင်း။ ဒါမှမဟုတ် နားရွက်လေးကို ဆော့နေရင်း။ ဒီလိုမှမဟုတ်
မျက်နှာကို ပွတ်သပ်နေရင်း။
မေးခွန်း နံပတ် (၄)
ခင်ဗျား အနားယူတဲ့အခါမှာ ထိုင်တတ်တဲ့ပုံစံက …
(က) ဒူးခေါင်းကိုကွေးလို့ ပူးကပ်ထားမယ်။
(ခ) ခြေချိတ်ထားမယ်။
(ဂ) အကြောတွေဖြေလျော့လို့ ခြေဆင်းထားမယ်။
(ဃ) ခြေတစ်ဖက်ကွေးလို့ ဖိထိုင်ထားမယ်။
မေးခွန်း နံပတ် (၅)
ပျော်ရွှင်စရာ တစ်ခုခုတွေ့တဲ့အခါ ခင်ဗျားတုံ့ပြန်ပုံက …
(က) အားပါးတရ ရယ်မောမယ်။
(ခ) ခပ်ကျယ်ကျယ်မဟုတ်ပဲ ရယ်မောမယ်။
(ဂ) အေးအေးပုံမှန်လေးပဲ ရယ်မောမယ်။
(ဃ) ပြုံးတုံ့ ပြုံးရောင် (မခိုးမခန့်)လေး ရယ်မောတယ်။
မေးခွန်း နံပတ် (၆)
ခင်ဗျားက ပါတီပွဲတစ်ခုခု၊ ဒါမှမဟုတ် လူမှုရေးပွဲတစ်ခုခုကို
သွားရတဲ့အခါမှာ …
(က) လူတွေသတိထားမိအောင် နှုတ်ဆက်သံ ကျယ်ကျယ်လောင်လောင်နဲ့ ဝင်သွားတတ်တယ်။
(ခ) တိတ်တဆိတ်ပဲဝင်သွားတတ်တယ်။ ခင်ဗျားအသိ တစ်ယောက်ယောက်များ
ရှိနေမလားလို့
ဟိုဒီရှာရင်းနဲ့။
(ဂ) တိတ်တဆိတ်နဲ့ ဘယ်သူမှသတိမထားမိအောင် အေးဆေးပဲ ဝင်သွားတတ်တယ်။
မေးခွန်း နံပတ် (၇)
ခင်ဗျား အလုပ်လုပ်နေတဲ့အချိန် ဒါမှမဟုတ် တစ်ခုခုကို စိတ်ဝင်တစား
လုပ်နေချိန်မှာ
တစ်ယောက်ယောက်က နှောင့်ယှက်လာခဲ့ရင် (စကားပြောလာခဲ့ရင်) ခင်ဗျားက …
(က) အေးဆေးပဲ လုပ်လက်စကို နားလိုက်တယ်။
(ခ) အရမ်းစိတ်ဆိုးသွားတတ်တယ်။
(ဂ) အပေါ်က နှစ်မျိုးစလုံးရဲ့ ကြားတစ်နေရာ ခံစားချက်မျိုးနဲ့
တုံ့ပြန်တတ်တယ်။
မေးခွန်း နံပတ် (၈)
ဘယ်အရောင်လေးကို ခင်ဗျား အနှစ်သက်ဆုံးလည်း။
(က) အနီရောင် (သို့) လိမ္မော်ရောင်
(ခ) အနက်ရောင်
(ဂ) အဝါရောင် (သို့) အပြာဖျော့ဖျော့
(ဃ) အစိမ်းရောင်
(င) အပြာမှိုင်းမှိုင်း (သို့) ပန်းခရမ်းရောင်
(စ) အဖြူရောင်
(ဆ) အညိုရောင် (သို့) မီးခိုးရောင်
မေးခွန်း နံပတ် (၉)
ခင်ဗျားညအိပ်ရာဝင်တဲ့အခါ အိပ်မပျော်ခင်အချိန်လေးမှာ ခင်ဗျားလှဲနေတတ်တဲ့
ပုံလေးက
(က) ပက်လက်ကလေး ဖြေလျော့နေတတ်တယ်။
(ခ) မှောက်ခုံလေး ဖြေလျော့နေတတ်တယ်။
(ဂ) ဘေးတစ်စောင်းလေး ကွေးနေတတ်တယ်။
(ဃ) ခေါင်းအောက်မှာ လက်တစ်ဖက်ခုရင်း နေတတ်တယ်။
(င) ခေါင်းအုံးအောက်မှာ ခေါင်းကိုဝှက်ရင်း နေတတ်တယ်။
မေးခွန်း နံပတ် (၁၀)
မကြာခဏ ခင်များကိုယ်ခင်ဗျား အိမ်မက်တတ်တာက …
(က) ကျဆုံးနေသူ
(ခ) တွန်းတိုက် တိုက်ခိုက်နေရတတ်သူ
(ဂ) တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ရှာဖွေနေရတတ်တယ်။
ဃ) လေထဲမှာ ပျံသန်းနေရတတ်တယ်၊ ဒါမှမဟုတ် မြောလွင့်နေတတ်တယ်။
(င) ခင်ဗျား အိမ်မက် မက်လေ့မရှိဘူး။
(စ) ခင်ဗျား စိတ်ပျော်စရာ ပေါ့ပေါ့ပါးပါး အိမ်မက်လေးတွေပဲ မက်လေ့ရှိတယ်။
ကဲ မေးခွန်းလေးတွေကတော့ ကုန်သွားပြီ။ ခင်ဗျားမှတ်ထားတဲ့ နံပါတ်နဲ့
အဖြေလေးတွေအလိုက် အမှတ်လေးတွေရှိတယ်။ တစ်ခုခြင်းစီကို
အမှတ်လေးတွေမှတ်ပြီး
အားလုံးပေါင်း၇မှာနော်.. အမှတ်လေးတွေကို အောက်မှာရေးပေးမယ်နော်....
မေးခွန်း နံပါတ်စဉ်အလိုက် အမှတ်လေးတွေကတော့ ….
မေးခွန်းနံပတ်(၁) =====>>(က)၂ (ခ)၄ (ဂ)၆
မေးခွန်းနံပတ်(၂) =====>>(က)၆ (ခ)၄ (ဂ)၇ (ဃ)၂ (င)၁
မေးခွန်းနံပတ်(၃) =====>> (က)၄ (ခ)၂ (ဂ)၅ (ဃ)၇ (င)၆
မေးခွန်းနံပတ်(၄) =====>> (က)၄ (ခ)၆ (ဂ)၂ (ဃ)၁
မေးခွန်းနံပတ်(၅) =====>> (က)၆ (ခ)၄ (ဂ)၃ (ဃ)၅ (င)၂
မေးခွန်းနံပတ်(၆) =====>> (က)၆ (ခ)၄ (ဂ)၂
မေးခွန်းနံပတ်(၇) =====>> (က)၆ (ခ)၂ (ဂ)၎
မေးခွန်းနံပတ်(၈) =====>> (က)၆ (ခ)၇ (ဂ)၅ (ဃ)၄ (င)၃ (စ)၂ (ဆ)၁
မေးခွန်းနံပတ်(၉) =====>> (က)၇ (ခ)၆ (ဂ)၄ (ဃ)၂ (င)၁
မေးခွန်းနံပတ်(၁၀) =====>> (က)၄ (ခ)၂ (ဂ)၃ (ဃ)၅ (င)၆ (စ)၁
အမှတ်ပေါင်းကြည့်ပြီးသွားပြီဆို ရင်တော့၊ ဖတ်ကြည့်လိုက်ပေတော့။
ခင်ဗျားဘယ်လိုလူလည်း ဆိုတာကိုး) …
အမှတ်(၆၀)ကျော်တယ်ဆိုရင် -
တစ်ခြားလူတွေက ခင်ဗျားကို ဂရုတစိုက် ပေါင်းသင်းဆက်ဆံရမဲ့လူလို့
မြင်ကြတယ်။
ခင်ဗျားက မာနကြီးတယ်၊ အတ္တကြီးတယ်၊ ပြီးတော့ သူတစ်ပါးကို အပေါ်စီးကနေ
ပြောဆိုချင်တယ်။ လူတစ်ချို့က ခင်ဗျားကို လေးစားကြမယ်၊ နှစ်သက်ကြမယ်။
ဒါပေမဲ့
ဘယ်တော့မှ ယုံကြည်ကြမှာ မဟုတ်ဘူး။ ခင်ဗျားနဲ့ ရင်းရင်းနှီးနှီး
ပေါင်းသင်းဖို့ကို စိတ်မပါကြဘူး။ ဒါမှမဟုတ် ချီတုံချတုံ ဖြစ်နေတတ်တယ်။
အမှတ်(၅၁)ကနေ (၆၀)အထိဆိုရင် -
တစ်ခြားလူတွေက ခင်ဗျားဟာ စိတ်လှုပ်ရှားလွယ်တယ်။ ဒါမှမဟုတ် စိတ်ထက်သန်သူ၊
တစ်ခါတရံမှာလည်း အလွယ်တကူ လက်လျော့တတ်တယ်လို့ မြင်ကြမယ်။
စိတ်ကူးရနေရင်တော့
ခင်ဗျားဟာ ခေါင်းဆောင်တစ်ယောက်လို ပါပဲတဲ့။ ဆုံးဖြတ်ချက်တွေကိုလည်း
မြန်မြန်ပေးတတ်တယ်။ အဲဒီအခါမျိုးတွေမှာ ခင်ဗျားဟာ ရဲရင့်သူတစ်ယောက်၊
နောက်ပြီးတော့ စွန့်စားမှုတစ်ခုခုကို လုပ်နေတတ်တယ်။ ဥပမာ
အပြောင်းအလဲတစ်ခုခု၊
ဒါမှမဟုတ်လည်း စွန့်စားမှုတွေနဲ့ ပျော်နေတတ်တယ်။ ခင်ဗျားနဲ့
အပေါင်းအသင်းဖြစ်ရမှာကိုလည်း လိုလိုချင်ချင်ရှိနေကြတယ်။
ဘာလို့လည်းဆိုတော့
ခင်ဗျားရဲ့ စိတ်ထက်သန်မှုတွေက တခြားသူတို့အပေါ်
စိုးမိုးနိုင်(နှိုးဆွနိုင်)လို့ပါပဲ။
အမှတ်(၄၁)ကနေ (၅၀)အထိဆိုရင် -
တစ်ခြားသူတွေက ခင်ဗျားဟာ လန်းဆန်းတက်ကြွနေတတ်သူ၊ အမြဲနှိုးကြားနေသူ၊
စွဲဆောင်မှုရှိသူ၊ ပျော်ရွှင်တတ်သူ တစ်ယောက်။ ပြီးတော့
လက်တွေ့ဆန်ဆန်နေတတ်ပြီး
အမှုကိစ္စတွေကို အမြဲပဲ စိတ်ဝင်စားနေတတ်သူလို့ မြင်ကြတယ်။
နောက်ပြီးခင်များဟာ
အမြဲတမ်းလိုပဲ တစ်စုံတစ်ခုကို အလေးအနက်တွေးနေတတ်တယ်။ ဒါပေမဲ့ သေသေချာချာ
ပိုင်းခြားချင့်ချိန်တတ်ပြီး ပြဿနာတွေကို ခေါင်းထဲထည့်မထားတတ်သူပါ။
လူတွေက
ခင်ဗျားကို ကြင်နာတတ်သူ၊ ညှာတာထောက်ထားတတ်သူ၊ ပြီးတော့
နားလည်ပေးနိုင်သူလို့လည်း မြင်ကြမယ်။ အမြဲပဲ သူတို့တွေအပေါ်မှာ အားပေးလို့
ကူညီနေတတ်သူလို့လည်း ခံယူကြတယ်။
အမှတ်(၃၁)ကနေ (၄၀)အထိဆိုရင် -
တစ်ခြားသူတွေက ခင်ဗျားကို ဆင်ခြင်ဆုံးဖြတ်နိုင်သူ၊ သတိရှိသူ၊
ဂရုတစိုက်နေထိုင်တတ်ပြီး လက်တွေ့ဆန်သူလို့ မြင်ကြတယ်။ နောက်ပြီး
ခင်ဗျားဟာ
ပါးနပ်လိမ္မာသူ၊ မွေးရာပါ ပါရမီကိုက ကောင်းသူ၊
အရည်အချင်းရှိသူတစ်ယောက်ဖြစ်တဲ့အပြင် ခေတ်ဆန်ဆန်လည်း နေတတ်ပါတယ်။
ခင်ဗျားဟာ
အလွယ်တကူနဲ့ မြန်မြန် အပေါင်းအသင်း မလုပ်တတ်ပါဘူး။ ဒါပေမဲ့
အပေါင်းအသင်းကို
အရမ်းပဲ သစ္စာရှိစွာ ပေါင်းသင်းတတ်ပါတယ်။ ကိုယ့်အပေါ်မှာလည်းပဲ သစ္စာရှိစွာ
ပေါင်းသင်းသူတွေကိုသာ အဲဒီလို ပြန်လည်ပေါင်းသင်းတတ်သူပါ။ ခင်ဗျားကို
နားလည်လိုသူတွေဟာ ခင်ဗျားနဲ့ တစ်ကယ်ကို ယုံကြည်စွာ ပေါင်းသင်းနေသူ ဖြစ်မှ
နားလည်နိုင်မှာပါ။ ဒါပေမဲ့ အဲဒီလိုအချက်တွေကြောင့်ပဲ
ယုံကြည်မှုပြိုလဲသွားရင်
ခင်ဗျားအနေနဲ့ ယုံကြည်ချက်အပေါ်ထားတဲ့ စိတ်ခံစားချက်ကို
ကျော်လွန်နိုင်ဖို့
အချိန်ယူရတတ်သူပါ။
အမှတ်(၂၁)ကနေ (၃၀)အထိဆိုရင် -
တစ်ခြားသူတွေက ခင်ဗျားကို လုံလရှိသူတစ်ယောက်။ ဒါပေမဲ့ ပျာယာခတ်ပြီး
ဇီဇာကြောင်တတ်သူလို့ မြင်ကြတယ်။ သူတို့တတွေက ခင်ဗျားဟာ သတိရှိသူ၊
အမြဲတမ်းလိုလို ဂရုတစိုက်လုပ်တတ်သူ၊ ဖြည်းဖြည်းမှန်မှန်နဲ့ မနားမနေ
အလုပ်လုပ်တတ်သူလို့လည်း မြင်ကြတယ်။ တစ်ခါတစ်ရံ ခင်ဗျား
စိတ်ကူးရသလိုလုပ်နေတတ်တာ၊ ဒါမှမဟုတ် ခင်ဗျားတိုက်တွန်း နှိုးဆွလိုက်တဲ့
ကိစ္စတွေအတွက် တစ်ခြားသူတွေက သဘောကျ နှစ်ခြိုက်နေတတ်ပါတယ်။ ခင်ဗျားရဲ့
ပြဿနာတွေကို အသေအချာ ချဉ်းကပ်ပြီး မထင်ရတဲ့ ပုံစံနဲ့
ဆုံးဖြတ်ချက်တွေကိုလည်း
နှစ်ခြိုက်ကြပါတယ်။ သူတို့တွေက ခင်ဗျား ဒီလိုချဉ်းကပ်
ဖြေရှင်းနိုင်တာကိုက
ခင်ဗျားရဲ့ ဂရုတစိုက် လုပ်တတ်တဲ့ အကျင့်ကြောင့်လို့လည်း တွေးကြတယ်။
အမှတ်ပေါင်းက (၂၁)ရဲ့ အောက်မှာဆိုရင်တော့ …
တစ်ခြားသူတွေက ခင်ဗျားကို ရှက်တတ်သူ၊ စိုးရိမ်ကြောင့်ကြတတ်သူ၊
အဆုံးအဖြတ်မပေးနိုင်သူ၊ အတိတ်ကို အမြဲတမ်း ပြန်ကြည့်နေတတ်သူတစ်ယောက်။
တစ်စုံတစ်ယောက်ဆီကနေ အမြဲပဲ ဆုံးဖြတ်ချက်တွေကို လိုချင်နေသူ။
တစ်ခြားသူတွေနဲ့
ပေါင်းသင်းရမှာ ကိစ္စအသစ်တွေမှာ ပါဝင်ဆင်နွှဲရမှာကို မလိုလားတတ်သူလို့
မြင်ကြတယ်။
ပိုဆိုးတာက သူတို့တစ်တွေရဲ့ အမြင်မှာ ခင်ဗျားဟာ အမြဲတမ်း တစ်ခုခုကို
စိုးရိမ်နေတတ်တယ်။ မလိုလားအပ်တဲ့ ပြဿနာတွေကို စဉ်းစားပြီး
တွေးကြောက်နေတတ်သူလို့ မြင်နေတတ်တာပါ။ အပျင်းကြီးတယ်လို့ကလည်း
ထင်ကြသေးတယ်။
တစ်ခုတော့ရှိပါတယ်။ ခင်များကို ကောင်းကောင်းသိတဲ့ နားလည်တဲ့သူတွေကသာ
ခင်ဗျားဒီလိုမဟုတ်တာကို သိကြမယ်။
ကျေနပ်နိုင်ပါစေ...............
တစ်နှစ်အရွယ် ကလေး ကိုယ်ဝန်ဆောင်ခြင်း !
အင်တာနက်ပေါ်မှာ တက်ပြီး ရှာဖွေကြည့်တော့ တွေ့လို့ ဖော်ပြလိုက်ပါတယ်။
၂၀၀၉ ခုနှစ်တုန်းက အဖြစ်အပျက်လေးပါ !
Mengru Kang ဆိုတဲ့ တစ်နှစ်အရွယ် ကောင်မလေးက အမွှာပူး ယောက်ျားလေးနှစ်ယောက်ကို ကိုယ်ဝန်လွယ်ထားတယ်လို့ သိရပါတယ်။ တစ်နှစ်သမီးလေးက ကိုယ်ဝန်လွယ်ထားတယ်ဆိုတဲ့ အကြောင်းကိုသိလိုက်ရတဲ့အချိန်မှာတော့ တရုတ်နိုင်ငံက ဆေးဖက်ဆိုင်ရာ လောက မှာတော့ တော်တော်အံ့သြတုန်လုပ်သွားကြပါတယ်။ Mengru Kang ရဲ့ဗိုက်ဟာ ဘာဖြစ်မှန်းမသိ တဖြည်းဖြည်းကြီးလာတော့ ဆေးရုံခေါ်သွား ပြီး ဓါတ်မှန်ရိုက်ကြည့်တဲ့အခါမှာတော့ ဆရာဝန်က ထူးဆန်းစွာနဲ့ သူမကိုယ်ဝန်ရှိတယ် ဆိုတာသိလိုက်ရပါတယ်။ လွယ်ထားရဲ့ကိုယ်ဝန်ကလည်း ယောက်ျားလေး အမွှာပူးဖြစ်နေပါတယ်။ ဆရာဝန်ကတော့ သူမကို ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ နောက်ထပ်မျိုးအောင်လာတဲ့ သူ့မိဘနှစ်ပါးရဲ့ သန္ဓေသားဟာ သူမရဲ့ဝမ်းထဲဝင်ပြီး ကြီးလာတာဖြစ်တယ် လို့ဆရာဝန်ကပြောပါတယ်။ ဒါဟာ အလွန့်အလွန်ဖြစ်ခဲတဲ့ဖြစ်ရပ်ပါ လူအယောက် ၅သိန်း မှာမှတစ်ယောက်တောင်ဖြစ်ခဲတဲ့ဖြစ်ရပ်ဖြစ်တယ်။ မွေးဖွားမဲ့အချိန်ကြရင်တော့ နာကျင်စွာနဲ့ခွဲမွေးရပါလိမ့်မယ်လို့ ဆက်လက်ပြောကြားသွားပါတယ်။ ဒါထက်ပိုပြီး သူမဝမ်းဗိုက်ဟာ ပိုပြီးကြီးလာမှာဖြစ်ပါတယ်။ အကြောင်းကတော့ ဝမ်းဗိုက်ထဲက သန္ဓေသားကဆက်လက်ကြီးထွားနေလို့ဘဲဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ သူမဟာ အောင်မြင်စွာ မွေးဖွားနိုင်လိမ့်မယ်လို့ ယုံကြည်နေကြသလို အခုဆိုရင် သူမကလဲ ဝမ်းထဲက သူ့မရဲ့ အမွှာမောင်လေးနှစ်ယောက်ကို ခွဲမွေးဖို့အတွက် စောင့်နေကြတယ်လို့သိရပါတယ်။
မြန်မာဗျည်း(၃၃)လုံး ဖြစ်ပေါ်လာပုံ
မြန်မာဗျည်း(၃၃)လုံး ဖြစ်ပေါ်လာပုံ
အများသူတို.ကိုဗဟုသုတ ရစေချင်သောအလို.ငှာ ပြန်လည်မျှဝေလိုက်ရပါသည်။
မြန်မာဗျည်း ၃၃-လုံး ဖြစ်ပေါ်လာပုံအကြောင်း ပြောရာမှာ ဗျည်းရော သရရော မြန်မာအက္ခရာ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာက စပြောဖို့လိုမှာပေါ့။ မြန်မာအက္ခရာဟာ အိန္ဒိယနိုင်ငံမှာ ဘိစီ ၅၀၀-လောက်က ၇၀၀-ကျော်အထိ ထွန်းကားခဲ့တဲ့ ဗြာဟ္မီ (Brahmi) အက္ခရာက ဆင်းသက်လာကြောင်း ပညာရှင်တွေက မိန့်ဆိုကြတယ်။
ခရစ်နှစ်ဦးပိုင်းလောက်မှာ အိန္ဒိယနိုင်ငံသားတွေ အရှေ့တောင်အာရှကို သင်္ဘောကြီးတွေနဲ့ ရွက်လွင့်လာ ရာမှ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အက္ခရာ၊ နီတိကျမ်း၊ ဓမ္မသတ်ကျမ်း စတဲ့ ယဉ်ကျေးမှုတွေပါလာပြီး အရှေ့တောင်အာရှ နိုင်ငံတွေမှာ ထွန်းကားတာပါ။ အဲဒီအက္ခရာဟာ မွန်လူမျိုးတွေဆီ အရင်ရောက်ပြီး အဲဒီကမှတဆင့် မြန်မာတွေဆီရောက်တယ်။ မြန်မာတွေက အဲဒီအက္ခရာတွေကို မြန်မာစကားသံတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် လိုအပ်သလို မွမ်းမံအသုံးပြုရာက မြန်မာအက္ခရာ ပေါ်ပေါက်လာတယ်လို့ ယူဆကြပါတယ်။
မြန်မာအက္ခရာဆိုရာမှာ ဗျည်းရော၊ သရရော ပါဝင်ပါတယ်။ ဗျည်းတွေကို အမည်ပေးပုံက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘယ်တုန်းကစပြီး ကကြီး-ခခွေး-ဂငယ်-ဃကြီး-စတဲ့အမည်တွေ ပေးတာလဲလို့ စဉ်းစားကြည့်ရင် မြန်မာအက္ခရာတွေကို ပေရွက်ပေါ်မှာ ကညစ်နဲ့ အ၀ိုင်းပုံရေးတော့မှ ဖြစ်လိမ့်မယ်လို့ ဆိုချင်ပါတယ်။ ကျောက်စာ စရေးထိုးတဲ့ ပုဂံခေတ်တုန်းကတော့ ခုလို ၀ိုင်းဝိုင်းစက်စက် မဟုတ်ကြောင်း ပုဂံကျောက်စာတွေကိုကြည့်ရင် သိနိုင်ပါတယ်။ အဲဒီတုန်းက ကျောက်ပေါ်မှာ ဆောက်တို့၊ ဘာတို့နဲ့ ထွင်းရတာမို့ လေးထောင့်ပုံတွေ ထွင်းတယ်၊ မ၀ိုင်းသေးဘူး။
ဝ-၀ကလေး ၀ိုင်းဝိုင်းရေး-လို့ ပြောလို့မရသေးဘူး။
ပေပေါ်မှာရေးတော့ လေးထောင့်ရေးရင် အဆင်မပြေဘူး။ ပေရွက်အကြောတွေ စုတ်ပြတ်နိုင်တယ်။ အ၀ိုင်းရေးတော့ ပိုအဆင်ပြေတယ်။ အဲဒီလိုအ၀ိုင်းရေးတဲ့ခေတ်ရောက်မှ ဗျည်းတွေရဲ့ ပုံသဏ္ဍာန်ကိုကြည့်ပြီး အမည်ပေးတာပါ။ ဒီတော့ မြန်မာဗျည်းတွေဟာ မ၀ိုင်းခင်တုန်းက ကကြီး-ခခွေး စတဲ့ အမည်တွေ မရသေးဘဲ က-ခ-လို့ပဲ ခေါ်လိမ့်မယ်ထင်တယ်။
ဗျည်းတွေကို အမည်ပေးရာမှာ ဂုဏ်အရည်အသွေးအရ အမည်ပေးတာရော၊ ပုံသဏ္ဍာန်အရ အမည်ပေးတာရော တွေ့ရတယ်။ ကကြီး၊ ဃကြီး၊ ဏကြီး၊ ဠကြီး ဆိုတဲ့ အက္ခရာလေးလုံးကို ကြီးလေးလုံး-လို့ခေါ်ကြတယ်။ အဲ ဃကြီး၊ ဏကြီး၊ ဠကြီးတို့မှာတော့ ဂငယ်၊ နငယ်၊ လ(ငယ်) ဆိုတဲ့ အတွဲတွေ ရှိတယ်မဟုတ်လား။ ဒါကြောင့် အကြီးအငယ်ခွဲပြီး အငယ်တွေထက် အရွယ်ပမာဏကြီးတဲ့ အက္ခရာတွေကို ကြီး-ထည့်ပြီး ခေါ်ကြတာပေါ့။
ကကြီးကျတော့ ကငယ် မရှိဘဲ ဘာဖြစ်လို့ ကကြီးလို့ခေါ်ရသလဲလို့ မေးစရာပေါ့။ ဗျည်း ၃၃-လုံးမှာ ရှေ့ဆုံးက ခေါင်းဆောင်ဗျည်းဖြစ်လို့ ကကြီးလို့ ခေါ်တယ်လို့လည်း ယူဆကြတယ်။ ၃၃-လုံးမှာ အကြီးဆုံးပေါ့။ ပုံသဏ္ဍာန်က ဂငယ်ထက် ၂-ဆ ကြီးနေလို့ ကကြီးလို့ခေါ်တယ်လို့လည်း ဆိုကြတယ်။
ပုံသဏ္ဍာန်အရ အမည်ပေးတဲ့ဗျည်းတွေကို ကြည့်ပါ။
ခွေခွေကလေးနေလို့ ခ-ခွေး၊
လုံးလုံးကလေး နေလို့ စ-လုံး၊
လိမ်ခွေနေလို့ ဆ-လိမ်၊
အောက်ကွဲနေလို့ ဇ-ကွဲ၊
ဘေးကမျဉ်းဆွဲထားလို့ ဈ-မျဉ်းဆွဲ၊
ရင်ကလေးကောက်နေလို့ ဍ-ရင်ကောက်၊
ဝမ်းပူနေလို့ တ-၀မ်းပူ၊
အငယ်အထွေးလေးဖြစ်လို့ ဒ-ဒွေး (ဒထွေး)၊
အောက်ပိုင်းကခြိုက်(ချိုင့်) နေလို့ ဓ-အောက်ခြိုက်၊
မတ်မတ်စောက်စောက်ရှိလို့ ပ-စောက်၊
အထက်ပိုင်းကခြိုက်(ချိုင့်)နေလို့ ဗ-ထက်ခြိုက်၊
ကုန်းနေလို့ ဘ-ကုန်း၊
ပက်လက်လန်နေလို့ ယ-ပက်လက်၊
အဖျားက ကောက်နေလို့ ရ-ကောက်-ဆိုပြီး ပုံသဏ္ဍာန်အရ အမည်ပေးတာ တွေ့နိုင်ပါတယ်။
အက္ခရာတချို့ရဲ့ အမည်တွေက ပုံသဏ္ဍာန်ကို ရိုးရိုးဖော်ပြတာမဟုတ်ဘဲ ပုံသဏ္ဍာန်တူတဲ့ အရာဝတ္ထုတွေနဲ့ ခိုင်းနှိုင်းအမည်ပေးတာဖြစ်ပါတယ်။ ရှေးကသုံးတဲ့ သံလျင်းလို့ခေါ်တဲ့ ထမ်းစင်မှာပါတဲ့ ချိတ်လေးကို ကောက်ကောက်ကလေးမို့ ဋ-သံလျင်းချိတ်၊
ဝမ်းဘဲနဲ့တူလို့ ဌ-၀မ်းဘဲ၊
ရေမှုတ်နဲ့တူလို့ ဎ-ရေမှုတ်၊
ဆင်ရဲ့ခြေထောက်ကို ခတ်ရတဲ့ ထူးလိုအကွင်း ၂-ကွင်းပါလို့ ထ-ဆင်ထူးလို့ ခေါ်ကြောင်း တွေ့နိုင်ပါတယ်။
င-မ-၀-သ-ဟ တို့ကိုတော့ အမည်မပေးတာ တွေ့ရပါတယ်။
ည-ယ-လ တို့ကိုတော့ သာမန်အားဖြင့် အမည် မပေးပေမယ့် လိုအပ်တဲ့အခါ ညကြီး၊ ယပက်လက်၊ လ(ငယ်)လို့ အမည်ပေးပါတယ်။
ဉ ကို ဉ ကလေး၊ ည ကို ညကြီးလို့ ခွဲခြားခေါ်ပါတယ်။
မြန်မာဗျည်း ၃၃-လုံးမှာ ည(ညကြီး) ပဲပါတယ်။ ဉ (ဉ ကလေး) ကိုတော့ အသတ်အက္ခရာအဖြစ်ပဲ သုံးတယ်။
သံယောဇဉ်တို့၊ ၀ိညာဉ်တို့၊ အစဉ်အမြဲ-တို့မှာ သုံးသလိုပေါ့။ ဒီနေရာမှာ ပါဠိဘာသာမှာသုံးတဲ့ ညနဲ့ မြန်မာဘာသာမှာသုံးတဲ့ ညကို ခွဲခြားမှတ်ရမယ်။
ပါဠိဗျည်း ၃၃-လုံးမှာ ည မသုံးဘူး။ ဉ ပဲသုံးတယ်။
ဒါကြောင့် ပုည ကို ပုဉ်+ဉ လို့ အသံထွက်ရတာပေါ့။ ရှေ့က ညကို အသတ်အသံထွက်ရတယ်။ /ပုန်+ညာ့/လို့ အသံထွက်ရတာပေါ့။
ဒီလိုပဲ ပညာ/ပဉ်+ဉာ/ပျင်ညာ။ သုည/သုဉ်+ဉ /သုန်ညာ့၊ လို့ အသံထွက်ရတယ်။ အချုပ်အားဖြင့် ပါဠိမှာ ညဟာ ဉ ၂-လုံးတွဲဖြစ်တယ်။ ဉ ရော၊ ညရော သုံးတယ်။
မြန်မာမှာတော့ ညကြီး ဉ ကလေးလို့ ခွဲသုံးတယ်။ ဗျည်း ၃၃-လုံးမှာ ညကြီးသုံးပြီး အသတ်မှာ ဉ သုံးတယ်လို့ ခွဲခြားမှတ်သားနိုင်ပါတယ်။
မြန်မာစာမှာ ဉ နဲ့ ဥနဲ့ ရောထွေးတတ်တယ်။ ဉ (ဉ ကလေး) က ခြေထောက် ရှည်တယ်။
ဥ (ဘဲဥ၊ ကြက်ဥ-မှာပါတဲ့ အက္ခရာ ဥ) က ခြေထောက် တိုတယ်။
ယပက်လက်ကို ရကောက်နဲ့ ယှဉ်ပြီး ယပက်လက်လို့ ခွဲခြားခေါ်တယ်။
ရှေ့က ရကို ရကြီး၊ ယကို ယငယ်လို့လည်း ခွဲခေါ်သေးတယ်။ ရကြီးနဲ့ ရငယ်ပေါ့။
လကိုလည်း ဠနဲ့ ယှဉ်ပြီး လငယ်လို့ ခေါ်နိုင်ပါတယ်။
အက္ခရာအမည်တွေနဲ့ပတ်သက်ပြီး ပြောစရာတခုက ဓအောက်ခြိုက်ကို အောက်ကချိုင့်နေလို့ ဓအောက်ခြိုက် ခေါ်တယ်ပြောပြီး ရေးတော့ အောက်က မချိုင့်ပါလားလို့ မေးစရာရှိတယ်။ ပုဂံခေတ် ကျောက်စာတွေမှာ စရေးတုန်းက ဓဟာ အခုလို အောက်က ပိတ်မနေဘူး။ ဗ စောက်ထိုးရေးသလို အောက်ကချိုင့်နေတယ်။ ( ဗထက်ခြိုက် ပြောင်းပြန်ပုံစံမျိုးပေါ့။)
ဈ (ဈမျဉ်းဆွဲ) ကို စလုံးယပင့်-ဆိုပြီး မှားသင်တဲ့ ဆရာမကလေးတွေ ရှိတယ်လို့ ကြားရတယ်။ ဈ ဟာ မူလအက္ခရာမှာ သီခြားပုံသဏ္ဍာန် ရှိပါတယ်။ စလုံးကို ယပင့်ထားတာ မဟုတ်ပါဘူး။ ဘေးက မျဉ်းဆွဲထားလို့ ဈမျဉ်းဆွဲ ခေါ်တယ်လို့ မှတ်သင့်ပါတယ်။ ကဲ ဒီလောက်ဆိုရင် ပြည့်စုံပြီထင်ပါတယ်။
ကိုးကား ။ ။
မောင်ခင်မင် (ဓနုဖြူ)
(မင်္ဂလာမောင်မယ် ၂၀၁၀-ဒီဇင်္ဘာလ)
ဒဂုန်မြို့သစ်မှာ မြေမသိမ်းတော့ဟု တိုင်းဝန်ကြီးချုပ် ဆို
photo - myanmar time/Thet Htoo
ရန်ကုန် (မဇ္ဈိမ) . ၂၆ ရက်နေ့ ဧပြီလ ၂၀၁၂ — ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်တွင် မြေကွက်များကို သိမ်းတော့မည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ က ပြောသည်။
ဧပြီလ ၂၅ ရက်နေ့ ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူး အစည်းအဝေးအပြီးတွင် သတင်းမီဒီယာ များအား ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ကျနော်တို့က သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးမှုး ဦးစီးမှူး အဆင့်ရှိတဲ့ အရာရှိတွေကို အဲဒီမှာ စာရင်းပြုစုစေ ပါတယ်။ စနစ်တကျ ဖြစ်အောင်တော့ လုပ်ပါမယ်။ ဒါပေမယ့် ဝန်ထမ်းတွေ မြေကွက်ပဲ ဖြစ်ဖြစ်၊ အိမ်ဆောက် ထားတာပဲဖြစ်ဖြစ် မသိမ်းတော့ပါဘူး။ ဒါကလည်း အစက အိုးအိမ်က လုပ်လိုက်တဲ့အတွက် ရှုတ်သွားတာပါ”ဟု ဦးမြင့်ဆွေ က ပြောသည်။
မတ်လ ၇ ရက်နေ့က နိုင်ငံပိုင်မီဒီယာများမှတဆင့် ထုတ်ပြန်ချက်အရ အထူးစိုက်ပျိုးရေးဇုန် စီမံကိန်း အတွက် ဒဂုန်မြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ မြေတိုင်းအမှတ် ၁၁ ခုမှ မြေကွက်ပေါင်း ၈,၀၀၀ ကျော်ကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အိုးအိမ်ဦးစီးဌာနမှ သိမ်းမည်ဟု ပါရှိသည်။
“အခု လယ်ယာစိုက်ပျိုးရေးတွေ လုပ်နေတာကိုလည်း ရပ်ခိုင်းလိုက်ပြီ။ မသိမ်းပါဘူး။ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ရှိနေတာကို ဒီအတိုင်းပဲ ထားမှာပါ။ ဘာမှ မလုပ်တော့ပါဘူး။ အခု လုပ်နေတဲ့ စိုက်ပျိုးရေးတွေ ရပ်နေပါပြီ” ဟု ဝန်ကြီးချုပ်က ပြောသည်။
အဆိုပါ ပေ ၄၀ ပေ ၆၀ အိမ်ရာကွက်များကို ဖေါ်ကာ အငြိမ်းစား ဝန်ထမ်းများကို အစိုးရက ၁၉၉၈ ခုနှစ်က ကျပ် ၁၂,၀၀၀ နှုန်းဖြင့် မြို့သစ်အဖြစ် နေရာချထားပေးခြင်း ဖြစ်သည်။
ယခုအခါ အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးစီးမှူး ၇ ဦးက မှတ်တမ်းကောက်ထားသည့် စာရင်းများအရ အဆိုပါ
မြေကွက် အမှတ်များပေါ်တွင် အကွက်အလိုက် ကျူးကျော် နေထိုင်သော အိမ်အလုံးရေ ၇၂ လုံး၊ မြေဂရမ် ရရှိပြီးသား နေအိမ် တလုံး၊ မြေချပါမစ် အထောက်အထားဖြင့် တည်ဆောက်ထားသော နေအိမ် ၂၈၂ အိမ် စုစုပေါင်း ၃၅၅ အိမ် ရှိနေပြီဖြစ်ကြောင်း သိရသည်။
“ဝန်ထမ်းတွေထံက တဆင့် ဝယ်ပြီး အိမ်ဆောက်နေတဲ့ သူတွေလည်း ရှိတာပေါ့။ ဒါပေမယ့် အထောက်အထားတော့ ရှိရမယ်။ ဘာတွေ ဆက်လုပ်မလဲဆိုတာနဲ့ ဘယ်လို ညွှန်ကြားမယ်ဆိုတာ အစည်းအဝေး လုပ်ပါမယ်။ ပြီးရင် သက်ဆိုင်ရာ မြို့နယ်တွေကနေ အကြောင်းကြားပါမယ်။ ကျူးကျော်တွေကို ဘယ်လိုလုပ်မယ် ဆိုတာလည်း အစည်းအဝေး လုပ်ရဦးမယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။
သို့သော် သီးခြားစုံစမ်းလေ့လာမှုအရ အဆိုပါမြေကွက်များတွင် အိမ်ထောင်စုပေါင်း ၈,ဝ၇၉ စု နေထိုင်လျက်ရှိသည်ဟု အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် က ပြောသည်။
အိုးအိမ်ဦးစီးဌာနမှ သိမ်းယူမည်ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ မတ်လ ၁၅ ရက်နေ့ လွှတ်တော်တွင် ဦးခိုင်မောင်ရည် က မေးခွန်းထုတ်ခဲ့သဖြင့် အထောက်အထားများဖြင့် ဖြစ်စဉ်အသေးစိတ်အား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက တောင်းခံ၍ ၈၈ မျိုးဆက် ကျောင်းသားများနှင့် အတူ မတ်လ ၁၇ ရက်နေ့က သွားရောက်တွေ့ဆုံ စုံစမ်းခဲ့ခြင်းဖြစ်သည်ဟု ဦးခိုင်မောင်ရည်က ပြောသည်။
မင်းသက်
မိမိဝမ်းဗိုက်ခွဲစိတ်မှုကို ကိုယ်တိုင်ပြုလုပ်ခဲ့သော အံ့ဖွယ်ခွဲစိတ်ဆရာဝန်
မိမိဝမ်းဗိုက်ခွဲစိတ်မှုကို ကိုယ်တိုင်ပြုလုပ်ခဲ့သော အံ့ဖွယ်ခွဲစိတ်ဆရာဝန်
Posted by သက်တန့်ချို
၁၉၆၁ ခုနှစ် ဧပြီလရဲ့ ၂၉ ရက်နေ့မှာ 6th Soviet Antarctic Expedition ရဲ့ အသက် ၂၇ နှစ်အရွယ် ဆရာဝန် တစ်ဦးဖြစ်သူ Leonid Rogozov ဟာ ညာဖက် ၀မ်းဗိုက်မှာ နာကျင်မှု ဝေဒနာကိုခံစားခဲ့ရပြီး အဖျားတွေလည်း တက်လာခဲ့ပါတယ် ။ နောက်တစ်ရက်မှာလည်း ဝေဒနာဟာတဖြည်းဖြည်း ဆိုးသထက်ဆိုးလာခဲ့တယ် ။ ဧပြီ ၃၀ ရက်နေ့ ရဲ့ ည Novolazarevskaya station မှာ ဆရာဝန်ဆိုလို့ သူတစ်ဦးတည်းရှိနေခဲ့တယ် ။ အဲဒီခွဲစိတ် ဆရာဝန်ဟာ Local anesthesia လို့ခေါ်တဲ့ ထုံဆေးကို အသုံးပြုပြီး သူတစ်ဦးတည်း မိမိကိုယ်ကိုယ် အူအတတ် ဖြတ် ထုတ်ခြင်း ဆိုတဲ့ Appendix removal ကို အံ့သြဖွယ်ရာ ပြုလုပ်ခဲ့ပါတယ် ။ သူ့ကို ကူညီပေးခဲ့သူဆိုလို့ အင်ဂျင်နီယာတစ်ယောက်ရယ် station ရဲ့ မိုးလေ၀သပညာရှင်တစ်ယောက်ရယ်ပဲ ရှိနေခဲ့တယ် ။
၁၉၅၉ ခုနှစ်မှာ Leonid Rogozov ဟာ တက္ကသိုလ်ကနေ ဆေးပညာဘွဲ့ရရှိခဲ့ပြီး တခဏအတွင်းမှာပဲ ခွဲစိတ်ဆရာဝန်အဖြစ် တိုးမြှင့်ခံခဲ့ရသူဖြစ်ပါတယ် ။ ၁၉၆၀ ပြည့်နှစ်ရဲ့ စက်တင်ဘာလမှာတော့ လီယိုနစ်ဟာ Antarctica ကို ခရီးထွက်ဖို့ ဖြစ်လာခဲ့တာကြောင့်သူ့ရဲ့ နေရပ်မှာ ဆေးပညာလေ့လာခွင့်ဟာ ပျက်သလိုဖြစ် ခဲ့ရပါတယ် ။ ဒီလို အချိန်ကာလအတွင်းမှာ အသက် ၂၇ နှစ်အရွယ် ခွဲစိတ်ဆရာဝန်လေးကို ကမ္ဘာကျော်စေမယ့် အဖြစ်တစ် ခုက ဖြစ်ပေါ်လာခဲ့ပါတယ် ။ ဆောင်းရာဦရဲ့ လေးခုမြောက် ဧပြီလမှာတော့ ၁၉၆၁ ခု ၂၉ ရက်နေ့မှာ လီယိုနစ်ဟာ အားနည်းခြင်း ပျို့ခြင်း အဖျားတက်ခြင်းနဲ့ ညာဖက် ၀မ်းဗိုက်ပိုင်းနာခြင်း စတဲ့ လက္ခဏာတွေကို ခံစားခဲ့ရပါတယ် ။ အဲဒီရက်နောက်ပိုင်းမှာလည်း သူ့ရဲ့ ခန္ဓာကိုယ်အပူချိန်ဟာ မြင့်သထက် မြင့်လာခဲ့ရတယ် ။ လူ၁၃ ယောက် ဖွဲ့စည်းထားတဲ့ ခရီးသွားအဖွဲ့မှာ သူဟာ တစ်ဦးတည်း ဆရာဝန်လေးလည်းဖြစ်တယ် ။ လီယိုနစ်ဟာ သူဘာဖြစ်နေသလဲဆိုတာ သူ့ကိုယ်သူ ရောဂါအမည်တပ် diagnosis လုပ်ခဲ့ပါတယ် ။ အဲဒါ ကတော့ အူအတက်ယောင်ခြင်း Appendicitis ပဲဖြစ်ပါတယ် ။ အနီးဆုံးဆေးရုံကို သွားဖို့ ဘာလေယဉ်မှ လည်းရှိမနေ ခဲ့ဘူး ။ ဖျားနာနေတဲ့ အဖွဲ့ဝင်ကို ကယ်ဆယ်ဖို့အတွက် အဲဒီနေရာမှာပဲ အရေးပေါ် ခွဲစိတ်မှု တစ်ခုပြုလုပ်ဖို့ လိုအပ်နေခဲ့တယ် ။ တစ်ခုတည်းသော နည်းလမ်းကတော့ သူဟာ သူ့ကိုယ်သူ ခွဲစိတ်ခဲ့တာပါပဲ ။
၁၉၆၁ ခုနှစ် ဧပြီ ၃၀ ရက်နေ့ ညမှာတော့ ခွဲစိတ်ဆရာဝန်လေးဟာ အင်ဂျင်နီယာ တစ်ဦးရယ် မိုးလေ၀သ ပညာရှင်တစ်ဦးရယ်ကို ခွဲစိတ်ကိရိယာတွေ ကူပေးစေပြီး သူ့ဝမ်းဗိုက်ကို စတင်ခွဲစိတ်ခဲ့တယ် ။ ဘယ်ဖက် ကို အနည်းငယ်စောင်းပြီး လှဲလျောင်းနေပြီး ဆရာဝန်လေးဟာ ထုံဆေး novocaine solution ကိုသုံးပြီး ၁၂ စင်တီမီတာရှည်တဲ့ ခွဲစိတ်ရာ Incision တစ်ခုကိုပြုလုပ်ခဲ့ပါတယ် ။ သူ့ဝမ်းဗိုက်ကို သူကိုယ်တိုင်ကြည့် ယုံသာ မက ရောင်နေတဲ့ အူအတက်ကိုပါ ဖြတ်ထုတ်ပြီး ၀မ်းဗိုက်ထဲကိုပိုးသတ်ဆေးရည်တွေလည်း ထိုးသွင်းခဲ့ပါ တယ် ။ မိနစ် ၃၀ ၊ ၄၀ လောက်ကြာပြီးတဲ့အခါမှာတော့ သတိလစ်ချင်သလို ဖြစ်လာတဲ့အတွက် ဆရာဝန်လေးဟာ ခွဲစိတ်မှုကို ခဏရပ်ပြီး အနားယူခဲ့တယ် ။ ည သန်းခေါင်ယံမှာ ခွဲစိတ်မှုဟာ ၁ နာရီနဲ့ ၄၅ မိနစ်ကျော် ခန့်ကြာမြင့်ခဲ့ပါတယ် ။ ငါးရက်မြောက်နေ့မှာတော့ အဖျားက ပျောက်ပြီး အပူချိန်ပုံမှန်ပြန်ဖြစ် လာခဲ့တယ် ။ ၇ ရက်မြောက်နေ့မှာတော့ ချုပ်ရိုးဖြည်ခဲ့ပါတယ် ။
Arctic and Antarctic ရဲ့ St.Petersburg ရဲ့ ပြတိုက်မှာ Leonid Rogozov ရဲ့ မလွယ်ကူတဲ့ ခွဲစိတ်မှုမှာ အသုံးပြုခဲ့တဲ့ ခွဲစိတ်ပစ္စည်းတွေကို ပြသထားခဲ့ပါတယ် ။
လက်ထိပ်နံ့နံတဲ့ရည်းစားစာ
Inbox
x
ရန်ကင်းသား yankintharrr@gmail.com
3:58 PM (5 hours ago)
to mrsorcerer
သို့ ချစ်သူ
ပိုင်ဆိုင်ချင်မှုက ဦးတေဇထက်ပိုပါတယ်...
လိုချင်စိတ်က ဦးနေ၀င်းထက်သာပါတယ်...
မင်းကိုတစ်ယောက်ထဲ ပိုင်ဆိုင်ချင်တယ်...
ဦးသန်းရွှေလာလုရင် တောင်...
ဒေါ်ကြိုင်ကြိုင်ကိုတက်တိုင်ဖို့
....
ကိုယ်ဝန်မလေးပါဘူး....
မင်းနားက စွမ်းအားရှင်တွေကိုလဲကိုယ်မကြောက်ပါဘူး...
မင်းသာကိုယ့်အချစ်ကို ...
ဒီမိုကရေစီအဖြစ်ပြောင်းလဲပေးနိင်မယ်ဆိုရင်...
ကိုယ့်ဘက်ကတက်နေတဲ့ ကုန်ဈေးနှုန်းကို...
ဟိုးငရဲပြည်ထိရောက်အောင်....
ဆွဲချပေးမယ့်သူဆိုတာ....
DVB,VOA,RFA,BBC ထဲမှာတောင်....
ထည့်ကြော်ငြာစရာမလိုပါဘူး...
မင်းမယုံလို့ မဲဆွယ်ကြည့်လိုက်ပါ...
ကိုယ့်ဘက်က ကြိုတင်မဲတွေများတယ်ဆိုတာ...
ကြံ့ဖွံ့ ကြီးတောင်အရှုံးပေးထိုင်ငိုသွားမှာပါချစ်သူ...
ဒါပင်မယ့်တစ်ခုတော့တောင်းဆိုပါရစေ...
မင်းလေးအလိုကျ...
လေလံပစ်တဲ့ ကားတစ်စီးတောင်....
မ၀ယ်ပေးနိင်ဘူးဆိုတာက....
ကိုယ်ဟာ ၀န်ထမ်းအလုပ်သမားမို့လို့ပါ....
ချစ်နေရသူ
facebook  မှ Shan Wai ရဲ့စာမျက်နှာကနေပြန်ရှဲပေးတာပါ
မှတ်သားဖွယ်ရာ မဆိုမမိန့်များ (တကယ်လိုက်မမှတ်ကျနဲ.အုံး :PPP)
၁။ တစ်ကိုယ်ကောင်း ဆောင်ရွက်ပါ။ အချောင်ရလျှင် ဝေစုခွဲပေးစရာ မလိုတော့။
၂။ ဆုံးဖြတ်ချက်များသည် အကောင်အထည် ဖော်ရန်မဟုတ်။ နာမည်ဖော်ရန် အတွက်သာ ဖြစ်သည်။
၃။ အမြင်ကျဉ်းပါ။ အမြင်ကျယ်လျှင် မျက်စိ ညောင်းသည်။
၎။ ပညာမာန် တက်ပါ။ ပညာတကယ် မရှိသော်လည်း မာန်တက်လျှင် ပညာရှိဟု အထင် ခံရမည်။
၅။ ရှုပ်ရှုပ်ထွေးထွေးနေပါ။ ရိုးရှင်းမှုသည် ဖြောင့်တန်းသောကြောင့် သင် ဘယ်ကို ဦးတည်နေသည်ကို သိနိုင်သည်။
၆။ လုပ်သင့်တာထက် လုပ်ချင်တာကို ဦးစားပေးပါ။ လုပ်သင့်တာကို သူများတွေ လုပ်ကြပါလိမ့်မည်။
၇။ ဆုံးဖြတ်ချက် ချမထားပါနှင့်။ဟိုလိုလို ဒီလိုလို လွင့်မျောခွင့် ပျောက်ဆုံးသွားလိမ့်မည်။
၈။ ကိုယ့်လမ်းကိုယ် မထွင်ပါနှင့်။ တောရှင်းရတာ အန္တရာယ် များလှသည်။
၉။ တာဝန်ယူစိတ် မထားပါနှင့်။တာဝန်ယူစိတ် ရှိခြင်းသည် ကိုယ့်ကိုကိုယ် တရားခံရှာခြင်း ဖြစ်သည်။
၁၀။ များများပြောပြီး နည်းနည်းနားထောင်ပါ။ နားနှစ်ဖက် ပါခြင်းသည် ဒီဘက် နားမှဝင်ပြီး ဟိုဘက် နားမှ ပြန်ထွက်စေရန် ဖြစ်သည်။
၁၁။ ယနေ့ပြီးနိုင်သော အလုပ်ကို မနက်ဖြန်သို့ ရွှေ့ပါ။ အလုပ်များသူဟု အထင်ကြီးခံရမည်။
၁၂။ သူများ စကားပြောနေလျှင် စိတ်ဝင်စားဟန် မပြပါနှင့်။ သူ့စကား အောင်မြင်မှုရရန် အခွင့်အလမ်း နည်းသွားမည်။
၁၃။ အရည်မရ အဖတ်မရ စကားကို များများပြောပါ။ ယခုအခါတွင် ကွမ်းယာသည်များ အဆင်ပြေနေသည်။
၁၄။ စာများများ မဖတ်ပါနှင့်။ အစာနှစ်မျိုးအနက် စိတ်၏ အစာဟု ခေါ်ဆိုကြသော စာဖတ်ခြင်းသည် စာအုပ်ဖိုး၊ ငှားခနှင့် ၀င်ကြေးများ ကုန်ကျသော်လည်း ဗိုက်မ၀။
၁၅။ အနည်းငယ် ဖတ်ပါက အပျင်းပြေ၊ အပျော်ဖတ်၊ အရည်မရ အဖတ်မရ စာများကိုသာ ရွေးဖတ်ပါ။ စကားဝိုင်းများကို သင် စိုးမိုးထားနိုင်လိမ့်မည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Facebook မှကူးယူဖေါ်ပြသည်။
--
Wish you get successful life ..
Thura Aye
ယုဇန ဥယျာဉ် မြို့တော် ပင်မ ရေဆိုး မြောင်းများ ဖော်ပေးစေချင်
ကျွန်တော် တို့လမ်းမှာ သာယာရေးလူငယ်တွေမှ  တိုက်ရှေ့တွေမှာ မြောင်းတွေ နောက်ဖေးလမ်းကြားတွေ ရှင်းလင်းပြီးပါပြီ အဲတော့ ပင်မ ရေဆိုးမြောင်းကြီးတွေကို သက်ဆိုင်ရာက ဆက်လက်ရှင်းလင်းပေးစေချင်ပါတယ် ဒါမှ မိုးကျတဲ့အခါ လွယ်ကူစွားရေဆင်းနိုင်မှာ ပါ ကျွန်တော်တို့ 10လမ်း အေ သာယာရေး အဖွဲ့မှ အထူးမေတ္တာ ရပ်ခံပန်ကြားအပ်ပါတယ်ခင်ဗျာ။
ကျွန်တော်တို့ ရာအိမ်မူး ဦးအောင်ဇော်မင်း နှင့် သာယာရေး လူကြီး ဦးကျော်တို့၏ 10လမ်း အေ မိုးဦးကာလ ကျန်းမာရေး နှင့် သာယာရေးအတွက်
1      ရေဆိုးရေမြောင်းများရှင်းလင်းပေးခြင်း
2      တိုက်နောက်ဖေးလမ်းကြားရှိ အမိုက်နှင့် ရေဆိုးများ ရှင်းလင်းပေးခြင်း
3      အနံ့အသက် နှင့် ခြင်ယင်များ မပေါက်ပွားရေရန် ထုံးဖြူးပေးခြင်း
4      ထပ်မံပြီး အမိုက်များမပစ်စေရန် နှင့် သာရေး နာရေး အတွက် အများဆန္ဒနှင့်အညီ တိုက်လူကြီး ခန့်အပ်ခြင်း
5      9လမ်းအေနှင့် 11လမ်းအေ တို့နှင့် ပူးပေါင်း ပြီး လမ်းကြားအမိုက်မပစ်ရေး စောင့်ကြည့် ဒဏ်ရိုက်ခြင်း
6      နေ့စဉ် လှည်းဖြင့် အမိုက်သိမ်းပေးပြီး အမိုက်သိမ်းစဉ် အမိုက်လာမထည့်သော အခန်းကို မှတ်သားထားခြင်း
7      အခါအားလျော်စွာ ကောက်ခံထားသော အလှူငွေကို ရှင်းလင်းပွဲ ပြုလုပ်ပေးခြင်း
8      ကျန်းမာရေး အတွက် ခြင်ဆေးဖျန်းရန် စီစဉ်ဆောင် ရွက်နေခြင်း
9      အုပ်ချူပ်ရေးမှူးကြီး အနေဖြင့် လာရောက်ကြည့်ရှုပြီး လိုအပ်တာများ လမ်းညွှန် မှာကြား ဆောင်ရွက် ပေးစေလိုခြင်း
9     
ယခင်မရှင်းလင်းရသေးသောအနေအထား (အထက်ပုံ) 
ရှင်းလင်း ထုံးဖြူး ပြီး အနေအထား   (အထက်ပုံ)  
လမ်းမပေါ်မှာ ငွေသုံးရာ ချေးဖို့ စေခိုင်းခံရတဲ့ ကလေးငယ် (ရုပ်/သံ)
ဧပြီလ ၂၃ ၇က်နေ့ နေ့ လည်ပိုင်းခန့် တွင် ရန်ကုန်မြို့ရှိ မြေနီကုန်း ဓမ္မာရုံလမ်းအနီးမှာ မျက်နှာနဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာအများအပြားနဲ့ အသက် ၁၂ အရွယ်ရှိ မဆုပိုပိုဟိန်းဟာ လမ်းပေါ်မှာ လူတွေဆီက ငွေသုံးရာ ကို လိုက်လံ ချေးငှားနေသည့်အတွက် လူတွေက သူမကို မေးမြန်းကြည့်တဲ့
အခါမှာ သူမ အလုပ် လုပ်နေတဲ့ အိမ်ရှင် အဒေါ်က ငွေသုံးရာကို ချေးငှားဖို့  ခိုင်းတာဖြစ်ကြောင်း မဆုပိုပိုဟိန်းက Burma VJ Media ကိုပြောပါတယ်။
ဘားမားဗီဂျေ
ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ဆေးရုံကြီးကိုသွားရောက်ပြီး ခွဲစိတ်ကုသမှု ခံယူနေတဲ့ မအိပပဖြိုး ကိုအားပေး
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးအတွင်းက ဦးနှောက်နှင့် အာရုံကြော ဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူနေတဲ့ မအိပပဖြိုးကို ဧပြီလ ၂၅ ရက်နေ့ နေ့လည် ၁၁ နာရီ ခွဲက သွားရောက် တွေ့ဆုံပြီး အားပေးစကား ပြောခဲ့ပါတယ်။ 
အသက် ၁၂ နှစ်အရွယ်သာ ရှိသေးတဲ့ ဧရာဝတီတိုင်း မြန်အောင်မြို့နယ် စာဖြူစုကျေးရွာသူ မအိပပဖြိုဟာ ဦးနှောက်နဲ့ အာရုံကြော ဝေဒနာ ခံစား နေရသူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင် ပါတီစည်းရုံးရေးသွားရောက်စဉ် တွေ့ဆုံခဲ့ရာက တာဝန်ယူ ခွဲစိတ်ကုသဖို့ စီစဉ်ပေးခဲ့တာပါ။
 ဒေါ်အောင်ဆန်းစုကြည်က မအိပပဖြိုးအတွက် အစားအသောက်အချို့ ကိုလည်း သွားရောက်တွေ့ဆုံရင်း လှူဒါန်းခဲ့တာပါ။ တဆက်ထဲမှာလည်း မအိပပဖြိုးရဲ့ မိခင်နဲ့လည်းတွေ့ဆုံပြီး အားပေးစကားဆိုခဲ့သလို ခွဲစိတ်ဆရာဝန်တွေ သူနာပြုဆရာမတွေ နဲ့လည်း တွေ့ဆုံပါသေးတယ်ခင်ဗျာ။
ဘားမားဗီဂျေ
NLD လွှတ်တော်တက်ရန် တိုင်းရင်းသားနဲ့ ဒီမိုကရေစီပါတီ လွှတ်တော်အမတ်များ တိုက်တွန်း
NLD လွှတ်တော်တက်ရန် တိုင်းရင်းသားနဲ့ ဒီမိုကရေစီပါတီ လွှတ်တော်အမတ်များ တိုက်တွန်း
2012-04-25
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ NLD ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ၀င်လာဖို့ တိုင်းရင်းသားနဲ့ ဒီမိုကရေစီပါတီ လွှတ်တော်အမတ်တွေက ဒီကနေ့ စာရေးသား တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။
လွှတ်တော်တွင်း ဒီမိုကရေစီ အင်အားစုပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေ ၁၀ ခုလောက်က လွှတ်တော်အမတ်တွေ စုပေါင်း လက်မှတ်ရေးထိုးတဲ့စာကို NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့လိုက်တာ ဖြစ်တယ်လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက အခုလိုပြောပြပါတယ်။
" ပထမဦးဆုံး အဆင့်အနေနဲ့ NLD ကို ကျွန်တော်တို့ တောင်းပန်မယ်။ လာခဲ့ပါ။ တောင်းဆိုမယ်။ တောင်းပန်မယ်။ ဖိတ်ခေါ်မယ်။ လာခဲ့ပါ။ ဝိုင်းပြင်ရအောင်၊ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ် ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေ လက်မှတ်ထိုးပြီးတော့ အဲဒီ တောင်းပန်လွှာကို ကျွန်တော်တို့ ဒီနေ့ပဲ ပို့လိုက်တယ်။ ကျွန်တော်တို့ ပါတီပေါင်းစုံ တိုင်းရင်းသားပါတီတွေ အားလုံးပါတယ်။ ၁၀ ခုကျော်တယ်လေ။ ကျွန်တော်တို့ မြင်တာက ဘာလဲဆိုတော့ ပြည်သူတွေက လွှတ်တော်ထဲကို ဝင်ဖို့အတွက် ရွေးထားတယ်။ မဲပေးထားတယ်။ ကျွန်တော်တို့လည်း လိုလားတယ်။ ကျွန်တော်တို့ နိုင်ငံရေးပါတီအနေနဲ့ ကျွန်တော်တို့ ပုဂ္ဂိုလ်အရပေါ့လေ၊ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကျွန်တော်တို့ ပါတီက လွှတ်တော် ကိုယ်စားလှယ်တွေ ကလည်း လိုလားတယ်။ ပြည်သူတွေကလည်း လိုလားတယ်။ ဒါကြောင့် ဝင်လာဖို့ ကျွန်တော်တို့ တောင်းဆိုတယ်။ လက်မှတ်ထိုးကြတယ်။"
NLD က တောင်းဆိုထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ ကျမ်းသစ္စာ ကျိန်ဆိုရမယ့်စာသား ပြင်ဆင်ရေးအတွက် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက အဆိုပြုရေးနဲ့ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းက ထောက်ခံရေးကိစ္စတွေကို လွှတ်တော်တွင်းမှာ လတ်တလောရှိနေတဲ့ တိုင်းရင်းသားနဲ့ ဒီမိုကရေစီအင်အားစု ပါတီတွေက လွှတ်တော်အမတ်တွေရဲ့ အင်အားနဲ့ ဖြစ်မြောက်အောင် ဆောင်ရွက်ဖို့ မလွယ်ကူဘူးလို့လည်း ဒေါက်တာ ဗညားအောင်မိုးက ပြောပါတယ်။
RFA (မြန်မာပိုင်း)
Wednesday, April 25, 2012
*** လွတ်တော်ထဲမှာ ဘာအကြောင်းဆွေးနွေးမလို့ တက်နေတာပါလိမ့်ဗျာ ..း)
Inline image 2 
Inline image 4
တရုတ်ထံ ရောင်းပြီး လျှပ်စစ် ပြန်ဝယ်မည်ဟု ရန်ကုန် လျှပ်စစ်ဝန်ကြီးဆို
မင်းသက် | ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၅ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၄၂ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။      ။ ရန်ကုန်တိုင်းတွင်း လျှပ်စစ်မီး ပြည့်ဝစွာ ရရှိစေရေးအတွက် ယခင်က တရုတ်နိုင်ငံသို့ ရောင်းချ ထားသော လျှပ်စစ်ဓါတ်အားများထဲမှ မဂ္ဂါဝပ် ၁၀၀ ကို ပြန်ဝယ်ရန် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦးက လွှတ်တော်ကိုယ်စားလှယ်များကို ဖြေကြားလိုက်သည်။
ဗုဒ္ဓဟူးနေ့က ကျင်းပသော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး၊ ဒုတိယနေ့တွင် တက်ရောက်လာကြသော ကိုယ်စားလှယ်များ၏ မေးခွန်းများအပေါ် ဝန်ကြီးက ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်း
ဖြစ်သည်။
“လျှပ်စစ်သုံးစွဲမှုဟာ ဒီနှစ်မှာ ပိုများလာတဲ့အတွက် အလှည့်ကျ ဓါတ်အားပေးတဲ့ စနစ်ကို ဆောင်ရွက်ခဲ့ရတာပါ။ အလှည့်ကျ စနစ်ကို ကျော်လွှားနိုင်ဖို့အတွက် စက်မှုဇုန်တွေကို ပေးတဲ့ လျှပ်စစ်ကို လျှော့ပြီး ပြည်သူသုံးအတွက်
ဖြန့်ဝေပေးလျက် ရှိပါတယ်။ ယခင်က ပိုလျှံလို့ တရုတ်ကို ရောင်းချထားတဲ့ လျှပ်စစ်ဓါတ်အား ၁၀၀ မဂ္ဂါဝပ်ကိုလည်း
ပြန်ဝယ်ယူပြီးတော့ မိမိပြည်သူတွေအတွက် ဖြည့်ဆည်း ဖြန့်ဝေနိုင်ရေးအတွက် ဆောင်ရွက်နေပါတယ်”ဟု ဦးဉာဏ်ထွန်းဦး က ဖြေကြားသွားခဲ့သည်။
Inline image 1
ရန်ကုန်တိုင်းအစိုးရ လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦး အား ပထမအကြိမ် ရန်ကုန်တိုင်းလွှတ်တော် အထူးအစည်းအဝေး ဒုတိယနေ့ ဖြစ်သည့် ဧပြီလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)
ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ဒေါ်ကြည်ကြည်မာ၏ “၂၄ နာရီ မီးရရှိရေးကို မည်သို့ဆောင်ရွက်မည်ကို သိလိုသော မေးခွန်း” နှင့် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ဒေါက်တာ ဒေါ်ညိုညိုသင်း၏ “ရန်ကုန်တွင် ယနေ့
ပေးဝေနေသော လျှပ်စစ်မီး ပေးဝေရေးမှာ အလှည့်ကျဟု သိရပြီး ယင်းထက် သာလွန်ကောင်းမွန်သော အစီအစဉ် ရှိမရှိ” မေးသော မေးခွန်းတို့အပေါ် ဝန်ကြီးက ယင်းသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့ လျှပ်စစ်သုံးစွဲမှုသည် ယခင်က မဂ္ဂါဝပ် ၅ဝဝ နှင့် ၆ဝဝ ကြား သုံးစွဲခဲ့သော်လည်း ၂ဝ၁၂ ခုနှစ်တွင် တနေ့လျှင် မဂ္ဂါဝပ် ၇ဝဝ ထိ သုံးစွဲကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဝန်ကြီးက ဗုဒ္ဓဟူးနေ့ လွှတ်တော်တွင် ပြောကြားသွားသည်။
ရန်ကုန်မြို့ပေါ်အား အုပ်စု လေးစုခွဲ၍လည်းကောင်း၊ မြို့ပြင်အား အုပ်စုနှစ်စု ခွဲ၍လည်းကောင်း ဧပြီ ၂ ရက်နေ့မှ စတင်ကာ လျှပ်စစ်မီး အလှည့်ကျပေးလျက် ရှိသည်။
အမှတ် ၁ လျှပ်စစ် ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း က “ကျနော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့” ဟု ၂ဝ၁၁ ခုနှစ် စက်တင်ဘာက နေပြည်တော် သတင်းစာ ရှင်းလင်းပွဲတခုတွင် ပြောဆိုခဲ့ဖူးသည်။
ယခုကဲ့သို့ ရန်ကုန်တိုင်းအတွက် လျှပ်စစ်သုံးစွဲရန် တရုတ်နိုင်ငံထံ ရောင်းချပြီးဖြစ်သော လျှပ်စစ်မဂ္ဂါဝပ် ၁ဝဝ အား မည်သည့်ဈေးဖြင့် မည်သို့ ပြန်လည် ဝယ်ယူမည်ကိုမူ မသိရှိရသေးပေ။
ရန်ကုန်တိုင်းဒေသကြီး ပြင်ပတွင် ရှိသော ကျွန်းချောင်း၊ မန်း၊ ရွှေတောင်၊ မြန်အောင်၊ သထုံ မြို့နယ်တို့တွင် ရှိသော စွမ်းအားပြည့် မလည်ပတ်နိုင်သည့် သဘာဝဓါတ်ငွေ့ဖြင့် လည်ပတ်ရသော ဓါတ်အားပေး စက်ရုံများကိုလည်း ပြန်လည် လည်ပတ်နိုင်ရေး သဘာဝဓါတ်ငွေ့ ထပ်မံတိုးချဲ့ရရှိစေရေး စီမံနေသည်ဟုလည်း ဦးဉာဏ်ထွန်းဦး က ဆိုသည်။
တိုးတက်လာမည့် စက်ရုံ၊ အလုပ်ရုံ၊ လူနေအိမ်နှင့် အဆောက်အအုံများအတွက် လျှပ်စစ် ဓါတ်အားပေး စက်ရုံသစ်များ ကိုလည်း ထပ်မံတည်ဆောက်ရန် ဆောင်ရွက်နေကြောင်းလည်း ပြောကြားသွားခဲ့သည်။
ပုဇွန်ထုတ်ကြော်
Posted: 24 Apr 2012 09:44 AM PDT
ပုဇွန်ထုတ်ကြော်
ဒီပုဇွန်ထုတ်ကြော် ချက်နည်းက ၀တ်ရည် အကိုကြီးရဲ့ ချက်နည်းပါ။ အကိုကြီး ရန်ကုန် ပြန်လာလည်တိုင်း ချက်ကျွေးလေ့ ရှိတာမို့ အမှတ်တရ အနေနဲ့ မနေ့က လုပ်စား ဖြစ်တာပါ။ လုပ်ရတာလည်း အရမ်းလွယ်ပြီ အရသာက ချိုစိမ့် မွှေးနေပါတယ်။ ပုဇွန်ကျောခွဲပြီ အစားသွပ်ထားတာမို့ သာမန် ပုဇွန်ထုတ်ကြော်တွေနဲ့ လုပ်နည်း လုံးဝ မတူပါဘူး။ ချက်ကြည့်ရအောင်…
ပါဝင်သောပစ္စည်းများ
၁။ ပုဇွန်ထုတ် – ၄ကောင်
၂။ မုန်လာဥနီ – ၁ဥ (နှုတ်နှုတ်ဆင်းပါ)
၃။ ကြက်သွန်ဖြူ – ၅မွှာ (နှုတ်နှုတ်ဆင်းပါ)
၎။ ကြက်သွန်မြိတ် – ၁စည်း ( ပါးပါးလှီးပါ)
၅။ ခရုဆီ – စားပွဲတင်ဇွန်း တ၀က်
၆။ ဆား – လက်ဖက်ရည်ဇွန်း တ၀က်
ရ။ သကြား – လက်ဖက်ရည်ဇွန်း တ၀က်
၈။ ကြက်ဥ – တ၀က် (ခလောက်ပါ)
၉။ ဂျုံ – စားပွဲတင်ဇွန်း ၂ဇွန်း
ချက်ပြုတ်နည်း
၁။ ပုဇွန်ထုတ်ကိုကို ရေစင်အောင် ဆေးပြီ အခွံကို အလယ်ကနေ ကတ်ကြေးဖြင့် ညှပ်လိုက်ပါ။ ပြီလျှင် ဓားဖြင့် အလယ်ကြောကို အနည်းငယ် လှီးလိုက်ပါ။
၂။ ထို့နည်းအတိုင်း ကျန်ပုဇွန်ထုတ် ၃ကောင်ကို ဆက်လက်ပြုလုပ်ပါ။
၃။ ပြီးလျှင် ပါဝင်သောပစ္စည်းများ ဖြစ်သော (မုန်လာဥနီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ဆား၊ သကြား၊ ခရုဆီ၊ ကြက်ဥ၊ ဂျုံ) တို့ကို ခွက်တစ်ခုထဲ ရောနယ်လိုက်ပါ။
၎။ ပြီးလျှင် ရောနယ်ထားသော အစားများကို ပုဇွန်ထဲသို့ အစားသွပ်ပေးပါ။
၅။ ခုပုဇွန်ထုတ်ကြော်လို့ ရပါပြီ။ ဒယ်ထဲ ဆီစားပွဲတင်ဇွန်း ၂ဇွန်း ထည့်ပြီ အစားသွပ်ထားသော ပုဇွန်များကို မီးအသင့်တင့်ဖြင့် ၂မိနစ်ခန့် ဆီပူထိုးကြော်ပေးပါ။
၆။ အရသာရော၊ အနံ့ပါ သင်းသည့် ပုဇွန်ထုတ် ကြော်လေးကို ထမင်းပူပူလေးဖြင့် သုံးဆောင်နိုင်ပါပြီ…
From Wutyee Food House
မင်္ဂလာဆောင်ပြီးအိမ်ထောင်သည်ယောင်္ကျားကောင်းတွေအတွက် ပါ
မင်္ဂလာဆောင်ပြီး  အိမ်ထောင်ရေးကြာရှည်ရပ်တည်နိုင်ပြီးဘယ်တော.မှမပြိုကွဲအောင်ကိုယ်.မယားကိုချစ်သူဘဝကထက်ပိုပြီးတန်ဖိုးထားပြီးချစ်နေရန်အတွက်လိုအပ်ပါတယ်  အဓိကအချက်တွေကတော.
၁= သင်ဘယ်ချိန်နိုးထနိုးထလာမိန်းမကိုmorning kiss ပေးပါ    နဖူးမှာဖြစ်စေ ပါးလေးမှာဖြစ်စေပေါ.
၂= မနက်စာတူတူစားတဲ.ချိန် သင်မနေ.ကကြုံတွေ.တဲ.ဟာတွေသူမကိုပြောပြပါ
၃=အလုပ်အတူတူလုပ်နေရရင် နေ.လည်စာကိုလည်းအတူတူစားပါ
တနေရာစီလုပ်နေရသော်လည်း နေ.လည်စာစားပြီးလားလို.နေ.တိုင်းဖုန်းဆက်ပြီးမေးပါ
၎=မိန်းမကအိမ်မှာပဲနေရင်လည်း သူမကိုနင်.ကိုငါမွေးနေတာလို.ဘယ်တော.မှပြောမိအောင်သတိထားပါ
မိန်းကလေးတွေက မှီခိုအားကိုးရအောင်လို.ယောင်္ကျားယူကြတာများလို.ပါ
၅=မိန်းမကအိမ်အလုပ်လုပ်လို. အိုနွမ်းနေသော်လည်း ချစ်သူဘဝကလိုဆက်ချစ်ပါ သင်.ကြောင်.အိုနေတာကိုမမေ.နဲ.
၆=အပြင်က ပန်းတွေမြက်တွေကို ဘယ်တော.မှသွားမချိုးနဲ.
ရ=ကိုယ်.ဘက်ကမိသားစု ဖြစ်စေ အလုပ်ကဖြစ်စေ  အဆင်မပြေခဲ.ရင်လည်းသူမနဲ.ဖွင်.ပြောပြီး ဖြေရှင်းဖို. တွက်အတူတူဆွေးနွေးပါ  သူမကဘာမှမတတ်နိုင်တောင်မှ နားထောင်ပေးဖော်ကောင်းတယောက် တော.လုပ်ပေးနိုင်တယ်လေ
ဂ=အိမ်သုံးစရိတ်ကိုသူမတောင်းခင်ကိုယ်.ဟာကိုသတိထားပြီးပေးကြပါ
၉=မင်္ဂလာဆောင်အထိမ်းအမှတ်နေ.တွေသူ.မွေးနေ.တွေကိုမမေ.နဲ
ဘာလက်ဆောင်မှမပေးနိုင်တောင်မှ  happy birthday   တခွန်းတော.ပြောသင်.တယ် 
၁၀=ကိုယ်.ခံစားချက်ဟာအရေးကြီးသလို သူ.ခံစားချက်ကိုလည်းအလေးထားပါ
၁၁=အလောင်းကစားအရမ်းလုပ်ပြီး  ကိုယ်.မိသားစုကိုထမင်းမငတ်စေနဲ.
၁၂=အရက်သောက်မူးလာရင် အိပ်လိုက်ပါ  မိန်းမကိုရန်မရှာနဲ.
အဓိကက မိန်းမကို လုံးဝမရိုက်နဲ.  ကြာရင် ထွက်ပြေးတတ်တယ်
၁၃=ညအိမ်ပြန်ရောက်ရောက်ချင်းအခန်းထဲမသွာနဲ. မိန်းမ ရဲ.အပြုံးများစွာနဲ.ကြိုဆိုမူကို လက်ခံနုတ်ဆက်ပါ
၁၄=ပြီးရင်ညစာတူတူစားပါ သင်အပြင်ကစားပြီမှပြန်လာတောင်မှ ကိုယ်နဲ.တူတူစားဖို.စောင်.နေတဲ.မိန်းမ နဲ. ဟင်းရည်တခွက်တော.တူတူသောက်သင်.တယ်
၁၅=ဘယ်လောက်ပြင်ပန်းနေ မိန်းမကို good night kiss  တခုတော.ညတိုင်းပေးပါ
ဒီkissဟာမိန်းမကို အားပေးနေတဲ.အားဆေးသလိုပဲ သူငါ.ကိုချစ်နေတုန်းလို.ခံစားရပြီး အိမ်အလုပ်ပိုကြိုးစား ပြီးသင်.ကိုပိုကောင်းမွန်အောင်ပြုစုမှာပါ   ဘယ်လောက်ဆင်းရဲဆင်းရဲ အကြင်နာသံယောဇဉ်  မလျော.နည်းစေဖို.ပဲအရေးကြီးတယ်လေ
၁၆=သူနေမကောင်းရင် သင်.ကိုပြုစုပေးသလိုမလုပ်ပေးနိုင်တောင်မှ  ဘယ်လိုနေသေးလဲ ဆေးသောက်ပြီးလား လို.မေးဖို.လိုအပ်တယ်
၁၇= အိမ်ကပြင်စရာရှိရင် သင်လုပ်ပေးနိုင်သလောက် လုပ်ပေးပါအလုပ်သမားကိုပဲမအားကိုးနဲ.
၁၈=ကလေးတွေကိုလည်း  ၂ ယောက်ပေါင်းပြီး တူတူဆုံးမ သင်ယူပါ
ကလေးဆိုးရင်မိန်းမကိုပဲအပြစ်မတင်နဲ. သင်.မှာလည်းတာဝန်ရှိတယ် ဆိုတာမမေ.နဲ.
၁၉=ကျောင်းက မိဘတွေဖိတ်ခေါ်ရင် တတ်နိုင်သလောက် အချိန်ယူပြီး မိန်းမနဲ.တူတူသွားပါ
၂၀=မိန်းမကို ဖြစ်နိုင်ရင်နေ.တိုင်းပဲ  ငါနင်.ကိုတနေ.ထက်တနေ.ပိုချစ်နေတာပဲ လို. ပြောပေးပါ
ဟိဟိ
(  ကဲ သားသားတို.ဖတ်ကြည်.နော်  မရေးတတ်လို.မှားတာရိရင်လည်း  အားလုံးသည်းခံပေးနော်    ဝါသနာပါလို.ပါ  ဟိဟိ)
kiss
Views: 130
အမျိုးအစား/ကဏ္ဍ: ဘလော.
(မန္တလေးတိုင်းဒေသကြီး)မှ ဒီမိုကရေစီမြတ်နိုးသူ မိဘပြည်သူများအား ဂုဏ်ပြုပွဲ
NLD ပါတီ မန္တလေးတိုင်းဒေသကြီးမှ ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်အချို့
ဂုဏ်ပြုပွဲ တက်ရောက်လာသူများ
မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူအချို့ တက်ရောက်လာသည်ကိုတွေ့ရစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (မန္တလေးတိုင်းဒေသကြီး)မှ ဒီမိုကရေစီမြတ်နိုးသူ မိဘပြည်သူများအား  ဂုဏ်ပြုပွဲကို ဧပြီလ ၂၄ ရက်နေ့က ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ အခန်းအနားသည် ၂၀၁၂ ခုနှစ်၊ ဧပြီ ၁ ရက် ကြား ဖြတ်ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တခဲနက် အောင်နိုင်ခဲ့ရာတွင် လူအား၊ ငွေအား၊ စိတ်ဓာတ်အား၊ အကြံဉာဏ်အားဖြင့် ဘက်ပေါင်းစုံမှ အားပေးကူညီခဲ့ကြသော ဒီမိုကရေစီမြတ်နိုးသူ မိဘ ပြည်သူတို့အား ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(မန္တလေးတိုင်းဒေသကြီး)မှ တာဝန်ရှိသူများက နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ အဖွဲ့ချုပ်၏ မန္တလေးတိုင်းအောင်နိုင်ရေးအဖွဲ့ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ခြင်း အထိမ်းအမှတ် ကြေညာချက် ဖတ်ကြားခြင်း၊ ၀မ်းမြောက် စကားပြောကြားခြင်း၊ ကျေးဇူးတင်စကား ပြောကြားခြင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သို့ ဒီမိုကရေစီကို ချစ်မြတ်နိုးသော မန္တလေးပန်းချီ၊ ပန်းပုပညာရှင်များမှ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ တေးသီချင်းများ သီဆိုခြင်း၊ အကများဖြင့် ဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
eleven media group
မှ
ပြန်လည်တင်ပြသည်။
(ရဲဇော်ကို)
မြန်မာတွေထမြီမှဝတ်
TV Guide စာစောင် ဧပြီလ အထူးထုတ်တွင် ပါဝင်သော စာမျက်နှာများ
ဆိုတဲ့ ခေါင်းစဉ်လေး တွေ.ရတော့ အော် ကျွန်မ ရေးစရာလေးတွေ ကျန်နေသေးးပါလားဆိုပြီး ရေးမိပြန်ပါတယ်ရှင်။
ကျွန်မရေးတဲ့ စာပေအမျိုးစားကတော့ အတင်းဖျင်းပေါ့ရှင် ကျွန်မလဲ ရေတွင်းနားက မိန်းမတွေလြိုဖစ်နေပြီလေ တစ်ယောက်ရေလာခတ်လိုက် ထသွားတဲ့သူအတင်းကိုပြောလိုက်နဲ. ရေတွင်းနားက မိန်းမတွေလေ နောက်ဆုံးတစ်ယောက်ဘဲ ကျန်ခဲ့တော့ သြော်ငါလဲမကောင်းပါလားဆိုပြီး ထသွားရောလေ။
Facebook ကနေသွားတွေ.လိုက်တာပါ ပုံတွေ သင်္ကြန်အတွက်ရိုက်ထားတာတွေလေ  မြန်မာ့ရိုးရာသင်္ကြန်ဆိုပြီးတော့ခေါင်းစဉ်မတပ်ကြပါနဲ.လား ရှင်
M RTV 4 ကဆင်ဆာမဖြတ်ရဘူးထင်တယ်နော် ပြခွင့်ရှိနေပုံဘဲ
ဒီနှစ်သင်္ကြန်က ဒီလိုမျိုးဘာကြောင့်များ ဖြစ်သွားရပါလိမ့်....
ဖေ့ဘုတ်မှာ တစ်ဦးတစ်ယောက်က သင်ဇာ့ပုံလေး တင်လိုက်တယ် ကျွန်မဖတ်ဖြစ်လိုက်တယ်
သင်ဇာ့အပေါင်းဖော်တွေ မလုံမလဲ လုံမပျို တွေကိုအားပေးတဲ့ သူတွေူရှိနေသေးတာကို ပုံအောက်က စာနဲ.ရန်ဖြစ်ထားတဲ့ comment တွေတွေ.လိုက်ရတယ် တင်တဲ့သူက သင့်ဇာ့ပုံနဲ. ရှေးမြန်မာသင်္ကြန်မိန်းမပျိုလေးပုံနဲ. တွဲတင်ထားတယ်
အောက်က comment တွေပေးကြတယ်လေ Human Right တဲ့ဘိုလိုဟောင်ထားတယ် တစ်ယောက်ကများဆိုရင်လေ
ပြောထားတာက သူတို.လွတ်လပ်ခွင့်နဲ.သူတို. ၀တ်တာဘာဖြစ်လဲ နင်တို.comment ပေးတဲ့သူတွေရှက်တတ်စမ်းပါပေါ့
အမယ်လေး သူက ဘိုလိုတွေ ရေးထားတာနော်  နိုင်ငံခြားမှာဒီလိုတွေဝတ် ဘယ်ဖော်ရိန်နာမှလှည့်မကြည့်ဘူး သိလားတဲ့
စကားစစ်တိုက်ကြတာ အများကြီး လက်မခံတဲ့သူထက် သင့်ဇာ ဘက်လိုက်နေတဲ့သူတွေ များနေတယ် ။
မြန်မာလူမျိုးတွေရဲ့ ရိုးရာဓလေ့ပွဲတော်တွေမှာ နှစ်သစ်ဦးအနေနဲ့ ပထမဆုံးစတင်ကျင်းပတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။ နှစ်ဟောင်းတစ်နှစ်ကုန်ဆုံးပြီး နှစ်သစ်တစ်ခုကို စတင်ပြောင်းလဲချိန်မှာ စိတ်သစ်လူသစ် အဟောင်းတွေကိုစွန့်ပစ်ဖို့ အတာရေနဲ့ ဆေးကြောတတ်ကြတဲ့ မြန်မာတွေရဲ့ ချစ်စရာပွဲတော်လေးဖြစ်ပါတယ်။ လူကြီး၊ လူရွယ်၊ လူငယ် ၊ကလေးမကျန် ပျော်တတ်ကြတဲ့ သင်္ကြန်ပွဲတော်ကို မြန်မာတစ်နိုင်ငံလုံးမှာ ခြိမ့်ခြိမ့်သဲသဲ ကျင်းပလေ့ရှိပါတယ်။ ထူးခြားတဲ့ ပျော်ရွှင်မှုတစ်ခုကတော့ မြန်မာသင်္ကြန်ပွဲတော်က လူမျိုးမရွေး ဘာသာမရွေး ပျော်ရွှင်ကြည်နူးမှုကိုပေးတဲ့ ဓလေ့တစ်ခုဖြစ်တာပါပဲ။
နံရံ၊အကျီဖောက်ထွင်းမြင်နိုင်မဲ့ Terahertz-Band Mobile
                                                            (image- Ruthanne Reid via Flickr)
Mobile technology ကနေ့စဉ်နဲ့အမျှ တိုးတက်လာပြီးအခုတော့ နံရံကိုဖောက်ထွင်းမြင်နိုင်မဲ့ Terahertz-Band Mobile phone ကို တီထွင်လိုက်ပြန်ပါပြီး ဒီတခါတော့ Apple ကမဟုတ်ဘဲ Texas ဆိုတဲ့ team ကပါ။ ဒါပေမဲ့လဲ သူရဲ့ Size နဲ့ ဈေးနှုန်းကြီးမှု၊ ပါဝါ(battery)တအားစားခြင်း တွေကြောင့်ထုတ်လုပ်မရောင်း ချသေးဘဲ ဒီထက်သေးပြီး နေ့စဉ်အသုံးပြုလို့ရအောင် ဈေးနှုန်းလဲ သက်သာပြီး ပါဝါ( battery) စားသက်သာအောင် ထက်ပြီး လေ့လာမှုတွေ၊စမ်းသပ်မှုတွေကို လုပ်နေသေးတယ်လို့ သိရပါတယ်။ Terahertz scanners လို့လဲခေါ်ပြီး Electromagnetic wave နဲ့ ထိုးဖောက်ပြီး မြင်နိုင်တာဖြစ်ပါတယ်။ ဒီနည်းပညာက လက်နက်တွေကို ကိုယ်ခန္ဓာမှာ စစ်ဆေးတဲ့နေရာမှ အသုံးပြုတဲ့နည်းလမ်းနဲ့တူပါတယ်။
SBSangpi(စံပီး)
Posted Yesterday by
အမေရိကန် ပိတ်ဆို့မှု ဖြေလျှော့ရေး အခွင့်အရေးအဖွဲ့တွေ စိုးရိမ်
မြန်မာအစိုးရအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူထားတွေကို ဖြေလျှော့ရေးဆိုင်ရာ အမေရိကန်အစိုးရရဲ့ မဟာဗျူဟာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ ( HRW ) နဲ့ အဖွဲ့ (၈) ဖွဲ့က သမ္မတ အိုဘားမား ဆီကို ပူးတွဲ ပန်ကြားစာတစ်စောင် ပေးပို့ခဲ့ပါတယ်။
ဧပြီလ (၂၄) ရက်နေ့စွဲနဲ့ ပေးပို့ခဲ့တဲ့ အဲဒီပန်ကြားစာနဲ့ ပတ်သက်ပြီး ၀ါရှင်တန်အခြေစိုက် HRW အဖွဲ့ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Mr. John Sifton က RFA ကို ပြောကြားခဲ့ရာမှာ -
သမ္မတ အိုဘားမားအစိုးရရဲ့ မြန်မာအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေ လျှော့ပေါ့ရေးနဲ့ပတ်သက်ပြီး အမေရိကန် အစိုးရရဲ့ အစီအစဉ်တွေက မြန်ဆန်လွန်းနေတဲ့အတွက် မိမိတို့ စိုးရိမ်ပူပန်မိကြပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ပေါ်ပေါက်လာတဲ့အတွက် အခုလို ပိတ်ဆို့မှုတွေ လျှော့ချပေးရမယ်ဆိုတာ မိမိတို့လည်း သဘောတူ လက်ခံပါတယ်။ ဒါပေမဲ့ အာဏာဟာ စစ်တပ်မှာ ရှိနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ အပြောင်းအလဲတွေ ဆက်လက်ဆောင်ရွက်ဖို့ လိုနေသေးပါသေးတယ်။ တကယ့် အပြောင်းအလဲတွေ ပေါ်ပေါက်လာတဲ့အထိ အမေရိကန် အစိုးရအနေနဲ့ ထိန်းထားဖို့ အရေးကြီးပါတယ်လို့ ပြောဆိုခဲ့တာပါ။
ဆက်လက် ပြောကြားရာမှာ - SND ဆိုတဲ့ ပိတ်ဆို့အရေးယူဖို့ အထူးသတ်မှတ်ထားတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေရဲ့ နောက်ဆုံးစာရင်း မပြုစုတာ အချိန်အတော်ကြာခဲ့ပြီမို့ ဒီစာရင်းကို အသစ်ပြန်လည် ပြုစုဖို့ လိုအပ်နေပါတယ်။ ပိတ်ဆို့မှုတွေ ပြန်လည်လျှော့ပေါ့ပေးရာမှာ ဒီစာရင်းသစ်က အရေးကြီးပါတယ်။ ဒီအတွက် မြန်မာနိုင်ငံတွင်းက အတိုက်အခံ ဒီမိုကရေစီ ပါတီခေါင်းဆောင်တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး လုပ်သင့်လုပ်ထိုက်တာတွေ ဆောင်ရွက်ဖို့ Mr. John Sifton က RFA ကို ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာပြည်မှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်ဖို့၊ ပြည်တွင်းက လူ့အခွင့်အရေး အခြေအနေတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေက လွတ်လွတ်လပ်လပ် စုံစမ်းနိုင်ဖို့၊ တိုင်းရင်းသား လူမျိုးတွေအရေး၊ အလုပ်သမားအရေး၊ စာနယ်ဇင်းလွတ်လပ်ခွင့် စတာတွေမှာ အမှန်တကယ် တိုးတက်မှုတွေ ရရှိပြီဆိုမှ ပိတ်ဆို့မှုတွေကို တစ်ဆင့်ချင်း လျှော့ပေါ့ပေးသင့်ကြောင်း ပန်ကြားစာမှာ ဖော်ပြထားပါတယ်။
NLD အမတ် ဒေါက်တာမြတ်ဉာဏစိုး လွှတ်တော်တက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရအမတ်များ လွှတ်တော် တက်ရောက်ရေး မသေချာသေးသော်လည်း NLD ပါတီသို့ ကူးပြောင်းဝင်ရောက်ထားသည့် အထက်လွှတ်တော်အမတ်
 ဒေါက်တာမြတ်ဉာဏစိုးမှာ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် လွှတ်တော်တက်ရောက်နေသည်ဟု မဇ္ဈိမကို ပြောသည်။
“ကျနော်က ပါတီဥက္ကဋ္ဌ အန်တီ့ဆီကို တရားဝင် တင်ပြပြီးတော့ ဗဟိုအလုပ်အမှုဆောင် ကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ လွှတ်တော် တက်ရောက်နေတာ ဖြစ်ပါတယ်။ ကျနော်ကတော့ ကတိသစ္စာ ပြုပြီး ဖြစ်ပါတယ်။ ဒီအထဲမှာ လွှတ်တော် ကိုယ်စားလှယ် တဦးအနေနဲ့ ရှိနေပြီးပြီ။ အဲဒီအခါကျတော့ ပါတီကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် တယောက် ရှိဖို့ လိုတယ်။ ဒီအတွက်ကြောင့် လွှတ်တော်တက်ပါဆိုလို့ ကျနော် လွှတ်တော် တက်နေပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
ဒေါက်တာ မြတ်ဉာဏစိုးသည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီအား ကိုယ်စားပြု၍ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၄ မှ အနိုင်ရခဲ့သည်။ ယင်းနောက် ၂ဝ၁၁ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် NDF မှ နုတ်ထွက်၍ NLD သို့ ပါတီဝင်အဖြစ် လျှောက်ထားခဲ့ပြီးနောက် NLD ၏ ပထမဆုံး လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာသူဖြစ်သည်။
myatnyanasoe
NLD ပါတီသို့ ကူးပြောင်းဝင်ရောက်ထားသည့် အထက်လွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးမှာ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် လွှတ်တော်တက်ရောက် (ဓါတ်ပုံ မဇ္ဈိမ)
NLD ၏ ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ အမတ်များ လွှတ်တော်တက်နိုင်ရေးနှင့် ပတ်သက်၍ လွှတ်တော်အတွင်း တင်ပြဆွေးနွေးနိုင်ရန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဒေါက်တာအေးမောင်က ကြိုးပမ်းလျက် ရှိနေရာ
ဒေါက်တာ မြတ်ဉာဏစိုး ကလည်း ကူညီဆောင်ရွက်ပေးလျက်ရှိသည်ဟု မဇ္ဈိမကို ပြောသည်။
“ကျနော်ကတော့ ဆရာဦးအေးမောင်ကို ကူညီပံ့ပိုးပေးနေပါတယ်။ ကိုယ့်ပါတီအတွက် ကိုယ့်ဘာသာ လုပ်တယ်
ဖြစ်နေမှာစိုးလို့။ ကျနော်တို့အတွက် ကြားလူ လိုပါတယ်။ ကျနော်ကိုယ်တိုင်ကတော့ ဒါတွေကို ဆောင်ရွက်ဖို့ မသင့်တော်ပါဘူး။ ဒါကြောင့် ဆရာဦးအေးမောင်တို့နဲ့ ကျနော် ပူးပေါင်းပြီးတော့ ဆောင်ရွက်နေပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
NLD အမတ်များ လွှတ်တော်အတွင်း ဝင်ရောက်ရေးအတွက် ဒေါက်တာ ဦးအေးမောင် ဦးဆောင်၍ တိုင်းရင်းသား ပါတီများ တနင်္လာနေ့ ညနေပိုင်းတွင် ဆွေးနွေးခဲ့ကြသေးသည်။ ဆွေးနွေးမှုရလဒ်အဖြစ် NLD မှ လိုလားနေသည့် ကတိသစ္စာဆိုရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို “ထိန်းသိမ်းကာကွယ်စောင့်ရှောက်” အစား “လေစားလိုက်နာ” ဟု ပြောင်းလဲရွတ်ဆိုနိုင်ရန် လွှတ်တော်တွင် အဆိုပြုတင်သွင်းနိုင်ရေး ကြိုးပမ်းလျက် ရှိနေသည်။
“ဒီဥစ္စာက လွှတ်တော်အမတ်တွေအပေါ်မှာ မူတည်တယ်ဗျ။ အချိန်တိုအတွင်းလည်း ပြီးသွားနိုင်တယ်။ လွှတ်တော်မှာ လက်ခံဆွေးနွေးပြီးတော့ အတည်ပြုတယ်ဆိုရင် ဥပဒေကြမ်းအဖြစ် တင်ပြီးရင် ပြီးပြီဗျ။ လုပ်ချင်ရင် နှစ်ရက်အတွင်း ပြီးတယ်” ဟု ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။
သို့သော် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကတိသစ္စာဆိုရမည့် ပြဋ္ဌာန်းချက် ပုဒ်မ ၁၂၅ အား ပြင်ဆင်လိုပါက
ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၂ဝ ရာခိုင်နှုန်းက စတင် တင်ပြလာပါက ပြည်ထောင်စု လွှတ်တော်က လက်ခံ ဆွေးနွေးမည် ဖြစ်သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်၏ ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ပိုင်ခွင့်ရှိမည် ဖြစ်သည်။
လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ကြံ့ခိုင်ရေးပါတီမှ ၃၄၃ ဦး၊ အခြားနိုင်ငံရေးပါတီနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် ၁ဝ၅ ဦးတို့ ရှိကာ တပ်မတော်သားကိုယ်စားလှယ်အဖြစ် ၁၆၆ ဦး ရှိနေသည်။
တနင်္လာနေ့တွင် ပြန်လည် စတင်ကျင်းပလျက်ရှိသော လွှတ်တော်အစည်းအဝေးများသည် ဧပြီလ ၃ဝ ရက်နေ့တွင် ပြီးစီးနိုင်သည်ဟု အမတ်များက ခန့်မှန်းထားပြီး ကျင်းပဆဲ လွှတ်တော်မပြီးခင် NLD အမတ်များ ကျမ်းကျိန်နိုင်မည်ဟု ရာနှုန်းပြည့် ယုံကြည်လျက်ရှိနေသည်ဟု ဒေါက်တာအေးမောင်က ဆက်ပြောသည်။
“ကျနော်ကတော့ ယုံကြည်ပါတယ်။ ကျနော်တို့ကတော့ အကုန်အဆင်ပြေမယ်လို့ ရာနှုန်းပြည့် ယုံတယ်ဗျာ” ဟု မဇ္ဈိမကို ပြောသည်။
NLD ၏ တဦးတည်းသော လွှတ်တော်တက်အမတ်ဖြစ်သူ ဒေါက်တာ မြတ်ဉာဏစိုးသည် တနင်္လာနေ့လွှတ်တော်တွင် ၅ဝဝဝ ကျပ်တန် ဖုန်းကဒ်ရရှိနိုင်ရေး စီစဉ်ထားရှိမှု ရှိမရှိ မေးမြန်းခဲ့ပြီး သူ၏ မေးခွန်းကို စာတိုက်နှင့် ကြေးနန်း ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးတင့်လွင်မှ ပတ်ဝန်းကျင်နိုင်ငံများ၏ ဈေးနှုန်းများအတိုင်း တဆင့်ပြီးတဆင့် ထပ်မံ လျှော့ချ တပ်ဆင်သွားနိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်ဟု ဖြေကြားသွားသည်။
မူးယစ်ရာဇာ ၂၀ ကျော် ထိုင်းတွင် ဆုငွေထုတ်၊ မြန်မာ ၃ ဦးကို ကြေးအများဆုံး ပေးမည်
စိုင်းနော်ခမ်း၊ ဦးယိဆေး၊ ဦးနှုတ်ခမ်းမွေး တို့၏ ပုံ နှင့် အချက်အလက်များ ပါဝင်သော ဤပိုစတာအား မြန်မာဘာသာဖြင့်လည်း ပုံနှိပ်ဖြန့်ဝေမည်ဟု သိရှိရပါသည်။
မူးယစ်ဆေးကုန်ကူးမှုတွင် ထိပ်တန်းမှ ပါဝင်သည်ဟုဆိုသူ လူ ၂၀ ကျော်၏ အမည်ကို ထိုင်းအစိုးရက ထုတ်ပြန်လိုက်ရာ ထိုအထဲတွင် မြန်မာပြည်ဘက်မှ ၃ ဦး ပါဝင်နေသည်ကို တွေ့ရပြီး ထို ၃ ဦးမှာ ဆုငွေ အများဆုံး အထုတ်ခံထားရသူများ ဖြစ်နေလေသည်။
ထိုင်းအစိုးရက ထိုစာရင်းကို ပြီးခဲ့သည့် သောကြာတွင် ထုတ်ပြန်ခြင်း ဖြစ်၏။
ထိုသုံးဦးမှာ စိုင်းနော်ခမ်း၊ ဦးယိဆေး၊ ဦးနှုတ်ခမ်းမွေး တို့ ဖြစ်သည်။
ထို ၃ ဦးအကြောင်းကို ထိုင်းမြန်မာနယ်စပ် မူးယစ်ဆေးဝါးဆိုင်ရာ သတင်းများကို ဦးစားပေးဖော်ပြလေ့ရှိသော သျှမ်းသံတော်ဆင့် အင်တာနက်စာမျက်နှာတွင် အောက်ဖော်ပြပါအတိုင်း တွေ့ရှိရ၏။
စိုင်းနော်ခမ်း – အသက် ၄၂ နှစ်၊ ရွှေတြိဂံဒေသ လက်နက်ကိုင်အဖွဲ့တခု၏ ခေါင်းဆောင်၊
ဆုငွေ နှစ်သန်း (ဒေါ်လာ ခြောက်သောင်းခွဲ)
ဦးယိဆေး – အသက် ၆၆ ၀န်းကျင်၊ ရှမ်းပြည်နယ်ရှိ ပြည်သူ့စစ်အဖွဲ့တခု၏ ခေါင်းဆောင်၊
ဆုငွေ တစ်သန်း (ဒေါ်လာ သုံးသောင်းကျော်)
ဗိုလ်နှုတ်ခမ်းမွေး - DKBA တပ်ဖွဲ့ စစ်ဦးစီးချုပ်၊ ယခင်က နယ်စပ်တွင်မိသော ဆေးဝါးများ သူ့ထံမှလာဟု ထိုင်းအစိုးရပြော၊
ဆုငွေ တစ်သန်း (ဒေါ်လာ သုံးသောင်းကျော်)
ဤ ၃ ဦးအပါအ၀င် အလိုအရှိဆုံး လူ ၂၅ ဦးအတွက် ထိုင်းအစိုးရက ဆုချမည့် ငွေပမာဏမှာ ဘတ် ၁၂ သန်း (ဒေါ်လာ ၄ သိန်း) ဖြစ်၏။
ဤ ၂၅ ဦးသည် ထိုင်းအစိုးရ မူးယစ်တိုက်ဖျက်နှိမ်နင်းရေးအဖွဲ့စာရင်းတွင် ရှိသော မူးယစ်ကုန်ကူးသူ ခြောက်သောင်းကျော်ထဲမှ ထိပ်တန်းတွင် ပါဝင်သည်ဟု သိရသည်။
ဖမ်းဆီးနိုင်ရေး သတင်းပေးရုံမျှဖြင့် ထိုဆုငွေ ပေးမည်ဟု ဆိုသည်။
ဆုငွေအား သတင်းပေးသူက ၆၀% ရမည် ဖြစ်ပြီး ဖမ်းဆီးသည့် အရာရှိ/၀န်ထမ်းက ၄၀% ရမည်ဟု MCOT သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။
ဦးဇင်ဝိုင်းက သင်ဇာဝင့်ကျော်ကို လက်တလော ကားရိုင်ခွင့် ပိတ်မည်မဟုတ်
သင်္ကြန်တွင်းတုန်းက ပုံ
 မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းမှ သရုပ်ဆောင် သင်ဇာဝင့်ကျော်၏ ဝတ်စား ဆင်ယင်မှုနှင့် အနေအထိုင် ဆင်ခြင် ထိန်းသိမ်းရန် ခေါ်ယူ သတိပေးဖွယ် ရှိကြောင်း ဦးဇင်ဝိုင်းမှ ပြည်တွင်း မီဒီယာ True News သို့ ပြောကြားခဲ့သလို ထိုသို့ သတိပေးခြင်း မှာလည်း သင်္ကြန်ကာလအတွင်း ရုပ်ပျက် ဆင်းပျက် ဝတ်ဆင်မှုများဖြင့် ရေပက်ခံထွက်ခဲ့ပြီး သရုပ်ဆောင် သင်ဇာဝင့်ကျော်အား ရုပ်ရှင် ရိုက်ကူးခွင့် ပိတ်ပင်တော့မည့် သတင်းများ ထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ တရားဝင် ထုတ်ဖော် ပြောကြားချက် တစ်ရပ်လည်း ဖြစ်သည်။ လတ်တလော၌ သင်ဇာဝင့်ကျော် ပြင်ဦးလွင်၌ ဇာတ်ကားများ ရိုက်ကူးလျက် ရှိသည်။ သင်ဇာဝင့်ကျော်သည် မိုးဟေကို၏ လိုးရှင်းကိစ္စနောက်ပိုင်း အွန်လိုင်းကို အသုံးပြု၍ တလွဲနာမည်ကြီးရန် ကြိုးစားနေသည်ဟု မြင်ကြသည့် ပရိတ်သတ်များရှိပြီး သင်ဇာဝင့်ကျော်ကို သင်္ကြန်၏ sexy queen ဟုလဲ တချို့သော လူများကပြောဆိုကြပြီး တချို့ကလဲ မကောင်းတာလုပ်စားနေတဲ့ သူဟု၍ သမုတ်ကြသည်။ သင်ဇာဝင့်ကျော်သည် တခါကလဲ ကိုးရီးယားရုပ်သံလိုင်းတစ်ခုက စင်ကာပူ sky park ၌ မြန်မာပြည်မှ နာမည်ကြီး သူဋ္ဌေးကြီးတစ်ဦး၏ သားနှင့် တွဲ၍ အင်တာဗျုးခံရခြင်းကြောင့်လည်း ဟိုးလေးတကျော်ကျော် ဖြစ်ဖူးသည်။
   ယခုနောက်ပိုင်း တက်သစ်စ မင်းသမီးအငယ်လေးများသည် အွန်လိုင်းကို တလွဲအသုံချနေသည်ကို စိတ်မကောင်းဖွယ်တွေ့ရသည်။ အတုယူမှားနေသော မြန်မာအမျိုးသမီးငယ်လေးများအတွက်တော့ ရင်လေးစရာပင် ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း သစ်တောဖုံးလွှမ်းမှုများ လျော့ကျနေသည့် အတွက် ယင်း၏သက်ရောက်မှု အနေဖြင့် ဇီဝမျိုးစုံမျိုးကွဲများ တစ်နေ့တခြား လျော့ပါးပျောက်ကွယ်မှု ရှိလာကြောင်း
မြန်မာနိုင်ငံအတွင်း သစ်တောဖုံးလွှမ်းမှုများ လျော့ကျနေသည့် အတွက် ယင်း၏သက်ရောက်မှု အနေဖြင့် ဇီဝမျိုးစုံမျိုးကွဲများ တစ်နေ့တခြား လျော့ပါးပျောက်ကွယ်မှု ရှိလာကြောင်း သတင်းရရှိပါသည်။
“သစ်တောသယံဇာတကို တရားဝင်ရော တရားမ၀င်ပါ အဆမတန် ထုတ်ယူသုံးစွဲနေကြတာနဲ့ မြစ်ချောင်းအင်းအိုင်တွေမှာ ဓာတုအဆိပ်သင့် ညစ်ညမ်းမှု ရှိလာတာကြောင့် ရေနေ ကုန်းနေသတ္တ၀ါတွေ နေထိုင်စား သောက်ဖို့ခက်လာပြီး ပတ်ဝန်းကျင် လူနေမှုစနစ်ကိုပါ ထိခိုက်စေလာပါ တယ်”ဟု FREDA မှ ဒုတိယဥက္ကဋ္ဌ ဦးအုန်းက ပြောကြားသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သစ်တောပြုန်းတီးမှု များပြားသည့် နိုင်ငံများတွင် အပါအ၀င်ဖြစ်နေပြီး ဘရာဇီးလ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့ ပြီးပါက နံပါတ်လေးနေရာတွင် ရှိနေသည်။
သစ်တောများပြုန်းတီးခြင်းတွင် လူနေမှုအတွက်နေရာနှင့် စိုက်ပျိုးမြေများတိုးချဲ့ခြင်း၊ ထင်း၊ မီးသွေး အတွက် အသုံးပြုခြင်း၊ သစ်ကိုစီးပွားဖြစ် ထုတ်လုပ်ခြင်း၊ ပုစွန်ကန်များ တိုးချဲ့ပြုလုပ်ခြင်း၊ တောမီးလောင်ခြင်း၊ စားအုန်းဆီ ထုတ်လုပ်ခြင်း၊ လမ်းဖောက်ခြင်း၊ တိရစ္ဆာန်စားကျက်ချခြင်း အစရှိသည်တို့ ပါဝင်နေကာ ယင်း တို့အနက် အဓိကအကျဆုံးမှာ သစ်ကို စီးပွားရေးအတွက် အလွန်အကျွံထုတ်လုပ်ခြင်းဖြစ်သည်ဟု သိရှိရသည်။
အထူးသဖြင့် နယ်စပ်ဒေသများ တွင် သစ်တောပြုန်းတီးမှုများ ပိုမိုမြင့်တက်နေကာ တရုတ်နိုင်ငံနယ်စပ်နှင့် ထိုင်းနိုင်ငံနယ်စပ်တို့တွင် အဓိကဖြစ်ပေါ်နေသည်ဟု သိရှိရသည်။
မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲ အမျိုးအစားများတွင် တောင်ပေါ်ဇီဝ မျိုးစုံမျိုးကွဲ၊ သစ်တောဇီဝမျိုးစုံမျိုး ကွဲ၊ ခြောက်သွေ့နှင့် စိုထိုင်းဆလျော့ ဇီဝမျိုးစုံမျိုးကွဲ၊ ကုန်းတွင်းရေနေဇီဝ မျိုးစုံမျိုးကွဲ၊ စိုက်ပျိုးရေး ဇီဝမျိုးစုံမျိုး ကွဲ၊ အဏ္ဏ၀ါနှင့် ကမ်းရိုးတန်းဇီဝမျိုး စုံမျိုးကွဲ၊ ကျွန်းငယ်များ ဇီဝမျိုးစုံမျိုးကွဲတို့ ပါဝင်ကြောင်း သိရှိရသည်။
အပင်မျိုးစိတ် ၁၁၈၀၀၊ ကြိမ် မျိုးစိတ် ၃၇ မျိုး၊ ၀ါးမျိုးစိတ် ၉၆ မျိုး၊ ဆေးဘက်ဝင်အပင်များ ၈၄၁ မျိုး၊ နို့တိုက်သတ္တ၀ါများ ၂၅၁ မျိုး၊ တွားသွားသတ္တ၀ါ ၂၇၂ မျိုး၊ ကုန်း နေရေနေသတ္တ၀ါများ ၈၂ မျိုး၊ ငှက် ၁၀၅၆ မျိုး၊ ပင်လယ်ငါး ၄၆၅ မျိုး တို့ကို ဒေသအသီးသီးတွင် တွေ့ရှိရ ပြီးလက်ရှိတွင်မူအချို့သောတိရစ္ဆာန် မျိုးစိတ်များမှာ အကောင်ရေလျော့ကျခြင်း၊ မျိုးသုဉ်းပျောက်ကွယ်လု အခြေအနေသို့ ရောက်ရှိခြင်းများကို ရင်ဆိုင်လာရသည်ဟု သိရှိရသည်။ တိရစ္ဆာန်မျိုးစိတ်များ လျော့ပါးပျောက်ကွယ် လာခြင်းသည် အဓိကအားဖြင့် ၎င်းတို့ နေထိုင်ပေါက်ဖွား ရှင်သန်ရာ သစ်တောမြေ နည်းပါးလာခြင်းကြောင့် ဖြစ်သည်ဟု သိရှိရသည်။
မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်ထားသော်လည်း ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရမည့် လူပုဂ္ဂိုလ်၊ ဌာနဆိုင်ရာများ ရိုးသားမှုမရှိသည့်အတွက် သဘာဝပတ်ဝန်းကျင် ပိုမိုပျက်စီးလာကြောင်း ဦးအုန်း က ထောက်ပြပြောဆိုခဲ့သည်။
“နိုင်ငံတစ်ဝန်း သစ်တောကြိုးဝိုင်းဖွဲ့စည်းခြင်းကို နိုင်ငံရဲ့ ၃၀ ရာ ခိုင်နှုန်းအထိ တိုးတက်ဖွဲ့စည်းတဲ့အခါ သဘာဝထိန်းသိမ်းနယ်မြေ ဧရိယာကို ပြန်လည်စိစစ်ပြီးတော့ မူလလျာထားချက် ၁၀ ရာခိုင်နှုန်းအစား ၂၀၂၀ ပြည့်နှစ်မှာ အနည်းဆုံး ၁၅ ရာခိုင်နှုန်း အထိ တိုးချဲ့ဖွဲ့စည်းဖို့ အကြံပြုချင်ပါ တယ်”ဟု ဦးအုန်းကပြောပါသည်။
မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ရာခိုင်နှုန်းသည် ၁၉၂၅ ခုနှစ် တွင် ၆၅ ဒသမ ၈ ရာခိုင်နှုန်း၊ ၁၉၅၈ ခုနှစ်တွင် ၅၇ ဒသမ ၂ ရာ ခိုင်နှုန်း၊ ၁၉၇၅ ခုနှစ်တွင် ၅၂ ဒသမ ၇ ရာခိုင်နှုန်း၊ ၂၀၀၀ ပြည့်နှစ်တွင် ၅၂ ဒသမ ၃ ရာခိုင်နှုန်း၊ ၂၀၁၀ ပြည့်နှစ်တွင် ၄၁ ရာခိုင်နှုန်းရှိသည် ဟု သိရှိရသည်။
eleven mdeia group
မှ
ပြန်လည်တင်ပြသည်.
(ရဲဇော်ကို)
Views: 5
အမျိုးအစား/ကဏ္ဍ: ပို့စ်သတင်း
အစိုးရက ဗန်းမော်မြို့နယ်လူထုရှေ့မှောက် တွင် ငြိမ်းချမ်းရေးဆွေးနွေးရန် KIO ကို ကမ်းလှမ်း
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေဆဲပါ (ဓါတ်ပုံ-Google Images)
နေပြည်တော်၊ ဧပြီ - ၂၃
ငြိမ်းချမ်းရေးဆွေးနွေးနေဆဲဖြစ်သော KIO, KIA အဖွဲ့နှင့် မြစ်ကြီးနား (သို့မဟုတ်) ဗန်းမော်မြို့နယ်တွင် လူထုရှေ့မှောက်၌ ထင်သာ၊ မြင်သာ
ဖြစ်စေရန်အတွက်ဆွေးနွေးရန် KIO, KIA အဖွဲ့ကိုအဆိုပြုထားကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင်ဦးအောင်သောင်းက ပြောသည်။
လူထုရှေ့မှောက်၌ ဆွေးနွေးမည်ဆိုသည်မှာ မျိုးနွယ်စုခေါင်းဆောင်များ၊ မြို့မိ၊ မြို့ဖများ၊ အငြိမ်းစားများ၊ ဘာသာရေးခေါင်းဆောင်များ၊ ပါတီခေါင်းဆောင်များပါဝင်မည်ဖြစ်သည်ဟု ဦးအောင်သောင်းကပြောသည်။ “ဆွေးနွေးဖို့အတွက် အစစအရာရာ တာဝန်ယူပါတယ်။ဆွေးနွေးမယ့်ရက်ကတော့ သူတို့ဘက်က ပြန်ကြားတာကိုပဲ စောင့်နေပါတယ်”ဟု ဦးအောင်သောင်းကပြောသည်။လက်ရှိ ငြိမ်းချမ်းရေးရယူလျက်ရှိသည့် အခြားသောလက်နက်ကိုင်အဖွဲ့များနှင့်
လည်း တတိယအကြိမ်၊ စတုတ္ထအကြိမ်ဆွေးနွေးမှုများ မကြာမီ ပြုလုပ်သွားမည်ဟုဆိုသည်။
အစိုးရသစ်လက်ထက်တွင် ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေး နွေးလျက်ရှိရာ၌ အခြားအဖွဲ့များမှာ အပစ်အခတ်ရပ်စဲရေးကို
ဦးစွာဆွေးနွေးကာ နောက်ပိုင်းမှနိုင်ငံရေး ဆွေးနွေးခြင်းဖြစ်ပြီး KIO/KIA အဖွဲ့နှင့်မူ နိုင်ငံရေးအား ဦးစွာ ဆွေးနွေးနေရကြောင်း ဦးအောင်သောင်းက ပြောသည်။
ယခုကမ်းလှမ်းထားသည့်တွေ့ဆုံမှုဖြစ်မြောက်ပါကအစိုးရနှင့်ကေအိုင်အိုတို့ စတုတ္ထအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုဖြစ်လာမည်ဖြစ်ပြီး ပြီးခဲ့သောဆွေးနွေးမှု
သုံးကြိမ်စလုံးကို တရုတ်နိုင်ငံရွှေလီမြို့တွင်တွေ့ဆုံခဲ့သည်။
ယခုနှစ် ဧပြီလကုန်မှစ၍ Debit Card အဖြစ်အသုံးပြုနိုင်မည့် MPU Card(Myanmar Payment Union Card)
ယခုနှစ် ဧပြီလကုန်မှစ၍ Debit Card အဖြစ်အသုံးပြုနိုင်မည့် MPU Card(Myanmar Payment  Union Card) ကို
စတင်စမ်းသပ်အသုံးပြု သွားမည်ဖြစ်ကြောင်း ပုဂ္ဂလိကဘဏ် အသိုင်းအ၀ိုင်းထံမှသတင်းရရှိသည်။
''Debit ကတ်အဖြစ် အသုံးပြုနိုင်မယ့် MPU ကတ်ကို ဧပြီလကုန်ပိုင်းမှာ စတင်စမ်းသပ်မှာပါ။ တစ်လနှစ်လ ၀န်းကျင်စမ်းသပ်မှာ ဖြစ်ပါတယ်။ စမ်းသပ်မှု ကောင်းမွန်ပြီဆိုတာနဲ့ လက်ရှိဘဏ်တွေက ထုတ်ပေးထားတဲ့ အေတီအမ်ကတ်တွေအားလုံး  MPU ကတ်နဲ့ ပြန်လဲရမှာပါ''ဟု ပုဂ္ဂလိကဘဏ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။ အဆိုပါ MPU ကတ်ကို အေတီအမ်ကတ်နှင့် Debit ကတ်အဖြစ်  အသုံးပြုနိုင်မည်ဖြစ်ပြီး
  Myanmar Union Payment Network (MPU Network)
ချိတ်ဆက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် မြန်မာဘဏ်များအား အေတီအမ် ကတ်စနစ်
POS (Ponit of Sale) စနစ်နှင့် Debit ကတ်စနစ်များကို ပထမအဆင့်အနေဖြင့် အသုံးပြုခွင့် ပေးထားကြောင်း ဘဏ်လုပ်ငန်းတာ ၀န်ရှိသူများထံမှ သိရသည်။
    တစ်လ နှစ်လ၀န်းကျင် စမ်းသပ်မှာ ဖြစ်ပါတယ်။ စမ်းသပ်မှုကောင်းမွန်ပြီဆိုတာနဲ့ လက်ရှိဘဏ်တွေက ထုတ်ပေးထားတဲ့ အေတီအမ်ကတ်တွေအားလုံး MPU ကတ်နဲ့ ပြန်လဲရမှာပါ
မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ် များပါဝင်သော ငွေပေးချေမှုဆိုင်ရာ အဆင့်မြှင့်တင်ရေးကော်မတီကိုလည်း ဖွဲ့စည်းပြီးဖြစ်ပြီး မြန်မာငွေပေးချေမှု  အဖွဲ့(Myanmar  Payment Union) ကိုတည်ထောင်ကာ နိုင်ငံတကာတွင် အသုံးပြုနေသော  ငွေပေးချေမှုနည်း ပညာများနှင့်စနစ်များဖြစ်အောင် ပြင် ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ National Switch နှင့် Data Center တို့ကို ဘဏ်များ၏ Own Swith နှင့် ချိတ်ဆက်သွား မည်ဖြစ်ကြောင်းနှင့် VISA ကတ်နှင့် CUP ကတ် (China Union Pay) ကဲ့သို့ နိုင်ငံတကာကတ်များ ၀င်ရောက်လာပါက MPU Network အတွင်း ၀င်ရောက် ချိတ်ဆက်သွားရမည်ဖြစ်ကြောင်း သိရသည်။
လာမည့် ၂၀၁၃ ခုနှစ်တွင် မြန် မာနိုင်ငံသားများအနေဖြင့် ပြည်တွင်း ဘဏ်များတွင် ငွေစာရင်းဖွင့်လှစ်ထားပါက နိုင်ငံတကာသို့
ငွေကြေးကိုင်ဆောင်ခြင်းပြုရန်မလိုဘဲ ငွေပေးချေနိုင်သည်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၂၀၁၃ ခုနှစ်တွင် နိုင်ငံတကာကတ်များ ၀င်ရောက်လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရပါသည်။   
(ရဲဇော်ကို)
မြန်မာနိုင်ငံအတွင်း နယ်စပ်ဖြတ်ကျော် လူကုန်ကူးခံရမှုများ၌ ၈၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသို့
ဒေသဆိုင်ရာရုံး (UNIAP) မှ တရားဝင် ထုတ်ပြန် ချက်များအရ ကမ္ဘာပေါ်တွင်နှစ်စဉ် လူဦးရေ ၂ ဒသမ ၅ သန်းလူကုန် ကူးခံနေရကာ မြန်မာနိုင်ငံအတွင်း နယ်စပ်ဖြတ်ကျော် လူကုန်ကူးခံရမှုများ၌ ၈၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသို့ ဦးတည်နေကြောင်း သိရသည်။
ကုလသမဂ္ဂလူကုန်ကူးမှု တိုက်ဖျက်ရေး အစီအစဉ်
အဆိုပါ နှစ်စဉ်လူဦးရေ ၂ ဒသမ ၅ သန်း လူကုန်ကူးခံရမှုများတွင် ဒေသတွင်း ပြည့်တန်ဆာပြုခြင်း၊ အခြားတစ်နည်းနည်းဖြင့် ကာမဆိုင်ရာ ကိစ္စပြုခြင်း၊ အဓမ္မအလုပ် ခိုင်းစေခြင်း၊ အဓမ္မ၀န်ဆောင်မှုပေးခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန်ကဲ့သို့ စေခိုင်းခြင်း၊ ကြွေးမြီဖြင့်နှောင်ဖွဲ့ စေခိုင်းခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်း၊ သူတစ်ပါးခန္ဓာကိုယ် အင်္ဂါ အစိတ်အပိုင်းအား ထုတ်ယူဖယ်ရှား ခြင်း၊ ရောင်းချခြင်းတို့အပြင် အချို့ ဒေသများတွင် တီဗွီဂိမ်းကစားရာ၌ လိင်မှုဆိုင်ရာ ကိစ္စရပ်များတွင် ကလေးသူငယ်များအား အလွဲသုံးချ ခြင်း၊ ကလေးများအား မွေးစားရန် ရောင်းဝယ်ခြင်း၊ ကုလားအုတ်ပြိုင်ပွဲ၊ ဘောလုံးပွဲများ၌ ကလေးများအား အလွဲအသုံးချမှုပါ ရှိကြကြောင်း သိရသည်။ ယင်းတို့တွင် နေ့စဉ် လူ ဦးရေ ၆၈၀၀ ဦးတို့လူကုန်ကူးခံနေရကာ အာရှတိုက်တစ်ခုတည်းတွင်ပင် လူဦးရေ ၉ သန်းမျှ လူကုန်ကူး ခံနေရကြောင်းသိရသည်။  ထို့ကြောင့် လူကုန်ကူးမှုပြဿနာသည် သာမန်မှုခင်းများနှင့် မတူဘဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုး တိုးတက်မှု၊ ဆင်းရဲနွမ်းပါးမှု၊ သဘာဝ ဘေးအန္တရာယ်နှင့် နယ်စပ်ကျော်ဖြတ်မှုစသည်တို့နှင့် ချိတ်ဆက်ကာ ဖြစ်ပေါ်လာသည့်အတွက် ကမ္ဘာ့နိုင်ငံ အသီးသီးက တားဆီးကာကွယ်သော်လည်း ပျံ့နှံ့နေဆဲဖြစ်သည်ဟု နိုင်ငံတကာက အသိအမှတ်ပြုကြောင်း သိရသည်။
နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုဖြစ်စဉ်၏ ၈၀ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံသို့ လည်းကောင်း၊ ၁၀ ရာခိုင်နှုန်းသည် ထိုင်းနိုင်ငံသို့ လည်းကောင်း၊ ၆ ရာခိုင်နှုန်းသည် မလေးရှားနိုင်ငံသို့ လည်းကောင်းနှင့် ပြည်တွင်းလူ ကုန်ကူးမှု ၄ ရာခိုင်နှုန်း
ထို့ကြောင့် မြန်မာနိုင်ငံအနေနှင့်လည်း လူကုန်ကူးမှုပုံစံ အမျိုးမျိုးကို ပြစ်မှုအဖြစ် ပြဋ္ဌာန်း၍ ၁၉၉၇ ခုနှစ် မှစ၍ တားဆီးကာကွယ်ခဲ့ခြင်းဖြစ် ပြီး နယ်စပ်ဖြတ်ကျော်လူကုန်ကူးမှု ဖြစ်စဉ်၏ ၈၀ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံသို့ လည်းကောင်း၊ ၁၀ ရာခိုင် နှုန်းသည် ထိုင်းနိုင်ငံသို့လည်းကောင်း၊ ၆ရာခိုင်နှုန်းသည် မလေးရှားနိုင်ငံသို့ လည်းကောင်းနှင့် ပြည်တွင်း လူကုန်ကူးမှု ၄ ရာခိုင်နှုန်းခန့်ပါရှိသည်။
“အရင်ကတော့ လူကုန်ကူးမှု တွေကို အရေးယူတဲ့အခါ လိင်မှုဆိုင် ရာခေါင်းပုံဖြတ်မှုကိုသာ ဦးတည်ဆောင်ရွက်ခဲ့ပြီး အခုတော့လုပ်အား ခေါင်းပုံဖြတ်မှုအပါအ၀င် ပုံစံမျိုးစုံနဲ့ ခေါင်းပုံဖြတ်မှုတွေကိုပါ အလေးထား တားဆီးကာကွယ်သွားဖို့စီစဉ် ထားပါတယ်။ ကိန်းဂဏန်းစာရင်း ဇယားတွေကလည်း အခိုင်အမာရှိ လာပြီဖြစ်တဲ့အတွက် ပစ်မှတ်ရွေး ချယ်ပြီး တားဆီးကာကွယ်ဖို့နဲ့ လူကုန်ကူးသူတွေကိုပဲ ပစ်မှတ်မထားတော့ဘဲ အမြတ်ထုတ်တဲ့သူတွေကို လည်း အရေးယူသွားမှာပါ။ အဲဒီ အပြင် ဒီပြဿနာရှင်းတဲ့အခါမှာ မူရင်းနိုင်ငံ(Source Country)ကိုပဲ အပြစ်တင်ခဲ့ကြပေမယ့် ဆိုက်ရောက် နိုင်ငံ (Destination Country) က ပါတာဝန်ရှိတယ်လို့ နိုင်ငံတကာကပါ အသိအမှတ်ပြုလာတဲ့အတွက် နှစ်ဖက်လုံး ဟန်ချက်ညီညီ ဆောင်ရွက်သွားဖို့ လိုပါတယ်”ဟု လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
ပြီးခဲ့သည့်၂၀၁၁ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် လူကုန်ကူး မှုတားဆီးကာကွယ်ရေးဥပဒေအရ အရေးယူခဲ့သည့် လူကုန်ကူးမှုပေါင်း ၁၃၆ မှုရှိခဲ့ပြီး အဓမ္မထိမ်းမြားမှု ၈၉ မှု၊ ပြည့်တန်ဆာမှု ၂၉ မှု၊ အဓမ္မစေ ခိုင်းမှု ၁၄ မှု၊ အဓမ္မ၀န်ဆောင်စေမှု တစ်မှု၊ ကလေးသူငယ် လူကုန်ကူးမှုတစ်မှု၊ အဓမ္မတောင်းရမ်းစေခိုင်းမှု တစ်မှုနှင့် ကြွေးမြီဖြင့်နှောင်ဖွဲ့စေခိုင်းမှု တစ်မှုတို့ရှိခဲ့ကာ တိုင်းဒေသကြီးများတွင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တနင်္သာရီနှင့် ပြည်နယ်များ၌ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ (အရှေ့ပိုင်း) ကချင်နှင့် မွန်ပြည်နယ်တို့တွင် အများဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ အိမ်နီးချင်းနှင့် ဒေသတွင်းရှိ ဆိုက်ရောက်သည့်နိုင်ငံများ(Destination Country)များ တွင် အလုပ်အကိုင် အခွင့်အလမ်း၊ ၀င်ငွေတိုးမြှင့်ရရှိပြီး မိသားစုများအား ကူညီထောက်ပံ့ရန်ရည်ရွယ်၍ သွားရောက်ခဲ့သော်လည်း အချို့သည် လူကုန်ကူးသူ(လူပွဲစား)များ၏ လိမ်လည်မှု၊ သွေးဆောင်ဖြားယောင်းမှု၊ ကတိဖောက်ဖျက်မှု၊ အနိုင်ကျင့် အမြတ်ထုတ်မှုများ ခံနေရသောကြောင့် နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ပြည်ပသို့ တရားဝင် အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်ပေးရန်နှင့် ပြည်တွင်း၌လည်း အလုပ်အကိုင်အခွင့်အလမ်းနှင့် ၀င်ငွေတိုးမြှင့်ရရှိနိုင်ရေး ဖန်တီးရန် လိုအပ်ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ထပ်မံပြောပါသည်။
(ရဲဇော်ကို)
Views: 12
အမျိုးအစား/ကဏ္ဍ: ပို့စ်သတင်း