This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Friday, December 13, 2013
KIA တပ်ဖွဲ့က တပ်သားသစ်များ စုဆောင်းနေ .......................
သန်းထိုက်ဦး
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များက တပ်သားသစ်များ စုဆောင်းရန် ယခုလဆန်းပိုင်းမှ စတင်ပြီး ကချင်ပြည်နယ် ဗန်မော်ခရိုင်၊ မံစီမြို့နယ်ရှိ ကျေးရွာ ဒေသခံများကို ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေကြောင်း သိရသည်။
မံစီမြို့နယ် အတွင်းရှိ မံဖွ ကျေးရွာနှင့် အနီးအနားရွာများမှ ဒေသခံများကို ဒီဇင်ဘာ လဆန်းပိုင်းမှ စတင်မှကာ ဒီဇင်ဘာ ၉ ရက်အထိ KIA တပ်ဖွဲ့ဝင်များ ဖမ်းဆီး ခေါ်ဆောင်သွားသည့် ရွာသာဦးရေမှာ ၆၃ ဦး ရှိပြီး ယင်းတို့အားလုံး ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း ရှမ်းနီပါတီ ဥက္ကဌ ဦးစိုင်းဌေးအောင်က ဧရာဝတီသို့ ပြောသည်။
ဒေသခံများ တောင်ယာထဲတွင် အလုပ်လုပ်ကိုင်နေစဉ် KIA တပ်ဖွဲ့ဝင်များက လာရောက် ခေါ်ဆောင်သွားပြီး မံစီမြို့နယ်ရှိ KIA တပ်စခန်းတွင် ထိန်းသိမ်းထားသည်ဟု ကြားသိရကြောင်း ၎င်းက ဆိုသည်။
“သူတို့က ဆက်ပြီးတော့ ဆွဲနေတုန်း၊ အခုလည်း မန်ဝိန်းကြီးဘက်မှာ တပ်သားသစ် စုဆောင်းနေတယ်၊ တရွာကို ၁၅ ယောက်ပေး ရမယ်ဆိုပြီးတော့ ဆင့်စာတွေ ပို့ထားတယ်” ဟု ရှမ်းနီပါတီ ဥက္ကဌ ဦးစိုင်းဌေးအောင်က ပြောသည်။
ယင်းစာများကို ယခုလ ၄၊ ၇၊ ၉ ရက် ရက်စွဲများဖြင့် ရှမ်းတိုင်းရင်းသား အများစု နေထိုင်သည့် ကျေးရွာ ၁၇ ရွာခန့်ကို ပေးပို့ထားသောကြောင့် လတ်တလောတွင် ဒေသခံ လူငယ်များ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။
“အစိုးရဘက်ကိုလည်း အကူအညီ တောင်းလို့မရဘူး၊ အခု မံဖွမှာဆိုရင် အစိုးရစစ်တပ်နဲ့ တလှမ်းကျော်ပဲ ဝေးတယ်၊ သွားပြောတဲ့ အခါကျတော့ အထက် အမိန့်မရတော့ ကျနော်တို့ ဘာမှ လုပ်ပိုင်ခွင့်မရှိဘူးလို့ ပြန်ပြောလာတယ်” ဟု ဦးစိုင်းဌေးအောင်က ရှင်းပြ သည်။
ဖမ်းဆီးခံရသူ အများစုမှာ ရှမ်းတိုင်းရင်းသားများ ဖြစ်ပြီး ကချင် တိုင်းရင်းသား ၁၀ ဦးခန့် ပါဝင်ကြောင်း၊အသက် အရွယ်မှာ ၁၇ နှစ်မှ ၅၅ နှစ် အရွယ်များ ဖြစ်ကြောင်း သိရသည်။ ဒေသခံများ ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး နိုင်ငံတော် အစိုးရနှင့် KIA ခေါင်းဆောင်များထံ စာပေးပို့ထားကြောင်း ဦးစိုင်းဌေးအောင်၏ ပြောဆိုချက် အရ သိရသည်။
ဒေသခံများ ပြန်လည် လွတ်မြောက်လာခြင်း မရှိပါက ဒေသခံပြည်သူများ အနေနှင့် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
“လူထုနည်းနဲ့ပဲ ဖြေရှင်းသွားမယ်၊ ကျနော်တို့မှာ လက်နက်လည်း မရှိဘူး ၊ ဘာမှလည်း မရှိတဲ့ အခါကျတော့ အစိုးရကို အားကိုးလို့ မရရင် လူထုနည်းနဲ့ပဲ ဖြေရှင်းသွားမယ်” ဟု ဦးစိုင်းဌေးအောင်က ပြောသည်။
အဆိုပါ ဖမ်းဆီးမှုများနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းဌာနက KIA ခေါင်းဆောင်များကို ဆက်သွယ် မေးမြန်း အတည်ပြုရန် ကြိုးစားရာ အဆက်အသွယ် မရရှိပေ။
KIA မဟာဗျူဟာ လေ့လာရေး ဌာနမှ ဦးဒေါင်ခါးက တိုက်ပွဲများ ဆက်လက် ဖြစ်နေသည့် အတွက် တပ်သားသစ် စုဆောင်းသွားရမည်ဟု ပြောကြားသည်ကို ဘီဘီစီ မြန်မာပိုင်း သတင်း ဖော်ပြချက်အရ သိရသည်။
မြန်မာ အစိုးရနှင့် KIA အကြား ငြိမ်းချမ်းရေး ပြည်လည် တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင်ပြီး ယခုအချိန် အထိ ဆက်လက် ဆွေးနွေးလျက် ရှိသော်လည်း နှစ်ဖက် တပ်ဖွဲ့များအကြား တိုက်ပွဲငယ်များ ယနေ့အချိန် အထိ ဆက်လက် ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲများကြောင့် အိုးအိမ်၊ တောင်ယာများကို စွန့်ခွာ ထွက်ပြေး နေရသည့် ဒေသခံ စစ်ဘေးရှောင် ဒုက္ခသည်များသည် တရုတ်-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းများနှင့် စစ်ဖြစ်ပွားရာ ဒေသအနီးရှိ မြို့ပေါ်များတွင် ယနေ့အချိန်အထိ ခိုလှုံနေကြရဆဲ ဖြစ်ကြောင်း သိရှိရသည်။ ဒုက္ခသည်များတွင် ကျောင်းသူ ကျောင်းသားများ၊ သက်ကြီးရွယ်အိုများ၊ ကလေးမိခင်များ၊ ကလေးငယ်များ ပါဝင်ကြောင်း သိရသည်။
ကချင်ပြည်နယ် မန်စီမြို့နယ် နမ့်လင်းပါ ကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်နေ့ မှစတင်ပြီး ၂ ရက် ဆက်တိုက် ဖြစ်ပွားခဲ့သည့် အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့၏ တိုက်ပွဲများကြောင့် ဒုက္ခသည် ၂၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရကြောင်း၊ အစိုးရ စစ်တပ်က နမ့်လင်းပါ ကျေးရွာကို သိမ်းပိုက်လိုက်၍ ဒုက္ခသည်များ မန်စီမြို့နယ် မန်ဝိန်းကြီးသို့ ပြောင်းရွှေ့နေရကြောင်း ကရုဏာ လူမှုကူညီရေးအဖွဲ့မှ ကိုနော်ဒင်းက ဧရာဝတီသို့ ပြောသည်။
နေပြည်တော် ဆီးဂိမ်း တရုတ် အဓိက ထောက်ပံ့မှုဖြင့် ဖွင့်လှစ် ....................
ဧရာဝတီ
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်း ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို တရုတ်နိုင်ငံ၏ အကူအညီ၊ အထောက်အပံ့များဖြင့် ယနေ့ ညပိုင်းတွင် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပနိုင်ရေးအတွက် တရုတ် အကူအညီ များစွာ ရယူခဲ့ပြီး မြန်မာက ရယူထားသော အကူအညီများတွင် ဆီးဂိမ်း ပြိုင်ပွဲဝင်မည့် မြန်မာ ကစားသမား ၂၀၀ ခန့် အတွက် တရုတ်နည်းပြများဖြင့် လေ့ကျင့်ခြင်း၊ ပြိုင်ပွဲများတွင် လိုအပ်မည့် လေ့ကျင့်ရေး အထောက်အကူ ပစ္စည်းများ ရယူခြင်း၊ ဖွင့်ပွဲပိတ်ပွဲတွင် အသံစနစ် အပါအ၀င် ဆလိုက်မီးများ၊ အပြင်အဆင်များ၊ နည်းပညာများနှင့် အကူအညီများ ရယူခြင်း၊ ဆီးဂိမ်းပြိုင်ပွဲရလဒ်များကို အချိန်မီသတင်း ထုတ်ပြန်ပေးသည့် နည်းစနစ်များ ရယူခြင်း များ ပါဝင်ကြောင်း သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်နှင့် အစိုးရတာဝန်ရှိသူများက ဧရာဝတီသို့ ပြောဆိုသည်။
မန်မာနိုင်ငံတွင် နှစ်ပေါင်း ၄၀ ကျော်ကြာမှ ပြန်လည်ကျင်းပခွင့် ရရှိခဲ့သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲအတွက် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၃၆ သန်း ကျော်တန်ဖိုးရှိ အကူအညီများ ထောက်ပံ့ခဲ့ကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့ ရန်ကုန်မြို့ ဆီဒိုနားဟိုတယ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Yang Houlan က ပြောဆိုခဲ့သည်။
ဆီးဂိမ်းပြိုင်ပွဲတွင် တရုတ်နိုင်ငံ၏ အကူအညီနှင့် အထောက်အပံ့များ အဓိက ရယူခြင်းသည် မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ သြဇာ လွှမ်းမိုးမှု မည်မျှကြီးမားသည်ကို သိသာစေပြီး မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ လောင်းရိပ်အောက်မှ ခွဲမထွက် နိုင်သေးသည်ကို မြင်သာ ထင်သာရှိစေသည်ဟု နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုသည်။
နေပြည်တော် ဥတ္တရသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက “ဘေဂျင်းအိုလံပစ်ကို ဖွင့်ခဲ့တဲ့ အတိုင်းပဲ တရုတ်က ဒီမှာလာလုပ်နေတယ်။ ဖွင့်ပွဲလုပ်မဲ့ အားကစားရုံကြီးကလည်း တရုတ် ဗိသုကာ ပညာရှင်တွေရဲ့ လက်ရာပဲ။ ပြည်တွင်း ကုမ္ပဏီကတာဝန်ယူ ဆောက်တယ်ဆိုပေမယ့် တရုတ်အင်ဂျင်နီယာတွေရဲ့ အကြံဥာဏ်နဲ့ ဆောက်ထားတာ။ ဖွင့်ပွဲပိတ်ပွဲ ကိုလည်း တရုတ်ရဲ့ ကူညီပံပိုးမှုနဲ့ပဲ လုပ်ရတယ်။ အဲလိုလုပ်နိုင်ဖို့ တရုတ်ပညာရှင်တွေ လွန်ခဲ့တဲ့ ၂ လ လောက် ကတည်းက နေပြည်တော်ကို ရောက်နေတာ။ ဒါတွေကို ကြည့်ရင် မြန်မာဟာ တရုတ်သြဇာကနေ မလွတ်သေးဘူးဆိုတာ တွေ့ရတယ်´´ ဟု ဧရာဝတီသို့ သုံးသပ်ပြောဆိုသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ဆိုးရွားစွာကျဆင်းလျက်ရှိသော တရုတ်နိုင်ငံ၏ ပုံရိပ်ကို ပြန်လည်မြင့်တင်ရန် ကြိုးစားသည့်အနေဖြင့် မြန်မာနိုင်ငံကို အကူအညီပေးခြင်းဖြစ်ကြောင်း၊ ၂၀၁၅ ရွှေးကောက်ပွဲအပြီး မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ရန်နှင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် မြန်မာပြည်သူများ လက်ခံလာစေရန် နည်းဗျူဟာပြောင်း၍ အပေးအယူလုပ်နေခြင်းဟု ယုံကြည်ကြောင်း ပြည်တွင်းဂျာနယ်များတွင် နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူ စာရေးဆရာ ဇာနည်စိုးထွဋ်က ပြောသည်။
“တရုတ်အလံတောင် မီးရှို့ခံနေရတဲ့အတွက် ပြည်တွင်းမှာ တရုတ်ရဲ့ ပုံရိပ်က လုံးဝမကောင်းဘူး။ မြန်မာကို စီးပွားရေးအရ နယ်ချဲ့ဖို့က အရင်အစိုးရလို ပေါ်တင်လုပ်လို့ မရတော့ဘူး။ Hard Power (အမာပုံစံ) ၀င်လို့ မရတော့တဲ့အတွက် လူမှုရေးလုပ်ငန်းတွေနဲ့ ပြန်ဝင်လာတယ်။ ဆေးရုံဆောက်ပေးမယ်။ ကန်ထရိုက်ကို တရုတ်ကယူမယ်။ပြီးရင် တရုတ်ဆေး ပဲသွင်းမယ်ဆိုရင်တော့ သူတို့ဗျူဟာက အောင်မြင်မှာ မဟုတ်ဘူး”ဟု ဇာနည်စိုးထွဋ်က ဆိုသည်။
စစ်အစိုးရလက်ထက်တွင် နိုင်ငံတကာ၏ ပိတ်ဆို့ဒဏ်ခတ်မှုများကြောင့် မြန်မာနိုင်ငံသည် တရုတ်ရင်ခွင်ထဲသို့ ရောက်ရှိသွားခဲ့ပြီး ယနေ့အချိန်ထိ ရုန်းမထွက်နိုင်သေးသေးကြောင်း၊ ဦးသိန်းစိန်အစိုးရအနေဖြင့် တရုတ်အားထားနေရမှုကို ပြန်လည်သုံးသပ်သင့်ပြီဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော်အမတ် ဦးသိန်းဆွေက ဧရာဝတီသို့ ပြောသည်။
“ တရုတ်က သူ့အကျိုးစီးပွားအတွက် နိုင်ငံတိုင်းကို အကူအညီပေးနေတာ။ ဘယ်နိုင်ငံမှ သူ့အကျိုးစီးပွားမပါဘဲ တခြားနိုင်ငံတွေကို အလကား မကူညီဘူး။ ကျနော်တို့ အစိုးရအနေနဲ့ ရေရှည်အတွက် အမြင်ကျယ်ကျယ်နဲ့ လေ့လာ ဆန်းစစ်ဖို့ လိုပြီ”ဟု ဦးသိန်းဆွေက ဆိုသည်။
တိုင်းပြည်ဂုဏ်သိက္ခာ မြင့်တင်နိုင်ရန် တရုတ်နိုင်ငံ၏ အကူအညီများစွာ ရယူနေသော်လည်း ဆီးဂိမ်းဖွင့်ပွဲတွင် ပြည်သူများ ပါဝင်ဆင်နွှဲခွင့် နည်းပါးကြောင်း ဝေဖန်မှုများ ရှိနေသည်။
နိုင်ငံရေး အကျဉ်းသား ၄၀ ကျော် လွှတ်ပေး ..................
လင်းသန့်၊ သူဇာ
မြန်မာနိုင်ငံ အကျဉ်းထောင်များတွင်းမှ နိုင်ငံရေး အကျဉ်သား ၄၁ ဦး နှင့် အသက်မပြည့်သေးသည့် ကလေး စစ်သား ၃ ဦးတို့သည် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာသည်။
“ကျနော်တို့ ပြီးခဲ့တဲ့ အစည်းအဝေးမှာ သဘောတူထားတဲ့ ၄၁ ယောက် ဒီကနေ့ ပြန်လွတ်လာတာပါ။ ကျန်တဲ့ ၃ ဦးက ကလေးစစ်သားဟောင်းတွေလို့ သိရတယ်” ဟု နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီဝင် ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ဧရာဝတီကို ပြောသည်။
သူက ဆက်လက်ပြီး “ဒါပေမယ့် အခြား ၃ ယောက်ကို ကျနော်တို့က နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ် ပြုမထားပါဘူး။ ကျနော်တို့ ကော်မတီနဲ့ အဲဒီ ၃ ဦးကိစ္စ ကြိုတိုင်ပင်ထားတာလည်း မရှိပါ” ဟု ပြောသည်။
ဒီဇင်ဘာ ၇ ရက်နေ့က နောက်ဆုံးကျင်းပခဲ့သော သမ္မတရုံး ၀န်ကြီး ဦးစိုးသိမ်း ဦးဆောင်သည့် နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီ၏ အစည်းအဝေးတွင် အစိုးရ ကိုယ်စားလှယ်၊ လွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံရေး အကျဉ်းသားများအား ကူညီပေးနေသည့် အဖွဲ့များက ကိုယ်စားလှယ် ကော်မတီဝင်များက အပြန်အလှန် ညှိနှိုင်းပြီး ၄၁ ဦးအား လွတ်ငြိမ်း ချမ်းသာခွင့်ပေးရန် သမ္မတထံ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့ လွတ်မြောက်လာသူများမှာ အင်းစိန် အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် ဒီငြိမ်းလင်း အပါအ၀င် ၁၁ ဦး၊ ပဲခူး အကျဉ်းထောင်မှ ဦးဝင်းချို အပါအ၀င် ၆ ဦး၊ ကော့သောင်း အကျဉ်းထောင်မှ ၄ ဦး၊ ပုသိမ် အကျဉ်းထောင်မှ ၂ ဦး၊ သာယာဝတီ အကျဉ်းထောင်မှ ၂ ဦး၊ ဘာအံ အကျဉ်းထောင်မှ ၁ ဦး၊ တောင်ငူ အကျဉ်းထောင်မှ ၁ ဦး၊ မြစ်ကြီးနား အကျဉ်းထောင်မှ ၁ ဦး၊ မန္တလေး အကျဉ်းထောင်မှ ၁ ဦး၊ တောင်ကြီး အကျဉ်းထောင်မှ ၁ ဦး၊ ဘူးသီးတောင် အကျဉ်း ထောင်မှ ၁ ဦး၊ သထုံ အကျဉ်းထောင်မှ ၁၀ ဦးတို့ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလ ၇ ရက်နေ့က တင်ပြလိုက်သည့် စာရင်းထဲတွင် ထည့်ထားသော ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ဆန္ဒပြမှုဖြင့် တရားရင်ဆိုင်နေရသည့် ကိုအောင်မင်းနိုင်နှင့် ကိုရန်နိုင်ထွန်းတို့ မပါဝင်သေးကြောင်း သိရသည်။
ထိုကဲ့သို့ နိုင်ငံရေးအကျဉ်းသား ၄၁ ဦးကို ယနေ့ ထပ်မံ လွှတ်ပေးလိုက်သော်လည်း အကျဉ်းထောင်များတွင် လက်ကျန် ပြစ်ဒဏ်ကျခံနေရသူ နိုင်ငံရေးအကျဉ်းသား ၄၄ ဦးကျန်ရှိနေသေးပြီး ပုဒ်မ ၁၈ ကဲ့သို့ တရားစွဲဆိုမှုများဖြင့် အမှုရင်ဆိုင်နေရဆဲ ၂၀၀ ခန့် ရှိနေသေးကြောင်း ဦးဘိုကြည်က ဆိုသည်။
လွတ်မြောက်လာသူများ အထဲတွင် ပါဝင်သည့် လယ်သမားအရေး လိုက်ပါကူညီပေးနေသူ ဦးဝင်းချိုက “ဒီနေ့ ဆီးဂိမ်းကြောင့်ပဲ လွှတ်လွှတ်၊ ဘာကြောင့်ပဲ လွှတ်လွှတ် သမ္မတ ဦးသိန်းစိန်ကို ကျေးဇူးတင်တယ်လို့ မပြောချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် သမ္မတက လွှတ်ပေးလိုက်၊ သမ္မတ တပည့်တွေက ပြန်ဖမ်းလိုက်နဲ့ သံသရာလည်နေလို့ပါ အခုလည်း ကျနော် ပြောပြချင်တာက သမ္မတကိုလည်း ကျေးဇူး မတင်ချင်တော့ပါဘူး။ ပြည်ထဲရေးက သူတွေရော၊ ရဲတွေကိုရော မမုန်းချင်တော့ပါဘူး။ သမ္မတကလည်း လွှတ်မြဲအတိုင်း လွှတ်၊ ပြည်ထဲရေးကလည်း ဖမ်းမြဲအတိုင်း ဖမ်း၊ ကျနော်တို့ကလည်း လုပ်မြဲအတိုင်း လုပ်နေမှာပါလို့ပဲ ပြောပြချင်ပါတယ်” ဟု ပြောသည်။
သမ္မတ ဦးသိန်းစိန်သည် လွန်ခဲ့သည့် နိုဝင်ဘာ ၁၅ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသား ၆၉ ဦး လွှတ်ပေးခဲ့ပြီး ယခုနှစ်ကုန် မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား မရှိစေရဟု အနောက်နိုင်ငံ ခရီးစဉ်များအတွင်း ကတိပေး ပြောဆိုခဲ့သည်။
“ကျနော့်အနေနဲ့ ကျနော် ကတိပေးထားတဲ့အတိုင်း ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား တဦးတယောက်မှ မကျန်ရှိစေဖို့ ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း မိဘပြည်သူများကို အသိပေး ပြောကြားလိုပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ယခုနှစ် သြဂုတ်လ ၁ ရက်နေ့ ရေဒီယိုမိန့်ခွန်းတွင် လူသိရှင်ကြား ပြောဆိုခဲ့သည်။
သမ္မတ ဦးသိန်းစိန်၏ ထိုကဲ့သို့ ကတိပေးစကား ပြောဆိုခဲ့သေးသော်လည်း ယခု နှစ်ကုန်တွင် မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား လုံးဝ မရှိစေရဟူသည်မှာ ခက်ခဲနေသေးကြောင်း ဦးဘိုကြည်က ဆိုသည်။
“ဖြစ်နိုင်ဖို့ ခက်ပါတယ်။ နိုင်/ကျဉ်း ကုန်စေချင်ရင်တော့ အမူရင်ဆိုင်ဆဲ သူတွေကိုပါ လွှတ်ပေးဖို့ လိုပါတယ်” ဟု သူက ဆိုသည်။
နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီ အစည်းအဝေးများတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ ရင်ဆိုင်နေရသည့် ပုဒ်မ ၁၈ စသည့် ကိစ္စများကိုလည်း ဆွေးနွေးပြောဆိုမှုများ ရှိကြောင်း၊ တရားရင်ဆိုင် နေရဆဲသူများကိုလည်း ပြန်လွှတ်ပေးရန် ဆွေးနွေးမှုများ ရှိသည်ဟုလည်း သိရသည်။
ထို့အပြင် ရှမ်းပြည် တပ်မတော် RCSS/SSA ၏ တပ်မဟာ (၂၄၁) တပ်မှူး ဒု ဗိုလ်မှူးကြီး ခွန်ကျော် ခေါ် သံချောင်းအား နိုင်ငံရေးအကျဉ်းသား အဖြစ် သတ်မှတ်ရေး ကော်မတီအဖွဲ့အတွင်း သဘောထား ကွဲလွဲနေကြောင်းလည်း စုံစမ်းသိရှိရသည်။
၎င်းသည် တချိန်က မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်း) ၌ ဖြစ်ပွားခဲ့သော ကိုထွန်းအောင်ကျော် အပါအ၀င် ကျောင်းသားများ သတ်ဖြတ်မှု ကိစ္စတွင် အဓိက တာဝန်ရှိသူတဦးအဖြစ် မြောက်ပိုင်းပြန် ကျောင်းသား တပ်မတော်သားဟောင်းများက ပြောဆိုထားကြသည်။
ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပနေသော ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ ထိပ်သီး ညီလာခံ (World Innovation Summit for Health) သို့ တက်ရောက်နေသည့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသူများအတွက် စိတ်ပိုင်းဆိုင်ရာ အကူအညီပေးရန် လိုအပ်နေကြောင်း ယမန်နေ့က ပြောဆိုသည်။
Thursday, December 12, 2013
မရမ်းကုန်းက " မမကြီး" အမည်ရှိ အနှိပ်ခန်းကို ရဲစခန်းက၀င်ဖမ်းဆီး၍ အနှိပ်သမလေး ၁၀ ဦးကိုပါဖမ်းဆီးသွား ............
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည့် “မမကြီး” အမည်ရှိ အနှိပ်ခန်းကို ဒီဇင်ဘာ ၉ ရက် နံနက် ၂ နာရီခွဲအချိန်က ဘုရင့်နောင်နယ်မြေ ရဲစခန်းက၀င် ရောက်ဖမ်းဆီးလိုက်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။
ဘုရင့်နောင်ပွဲရုံဝင်း၊ ယုဇနလမ်း၊ အမှတ် (ဋ/၁၁)ရှိ “မမကြီး”ဆိုင်သည် အလှပြင်ဆိုင်အမည်ခံပြီး အနှိပ် ခန်းပြုလုပ်နေခြင်းဖြစ်သည်ဟုသတင်းရရှိထားသဖြင့်သက်သေများနှင့်အတူဝင် ရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့က သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေရာတွင် ဆိုင်မန်နေဂျာ ထက်အောင်(ခ)အရှည်ကြီး (၁၉)နှစ်အား အဆိုပါအနှိပ်ခန်း၏ ဧည့်ခန်းကောင်တာစားပွဲတွင် တွေ့ရှိဖမ်းဆီးခဲ့သည်။
၎င်းထိုင်နေသည့် စားပွဲအတွင်းမှလည်း အနှိပ်ခန်းပြုလုပ်ရာမှရရှိသည့် ငွေကျပ် ၆၀,၀၀၀ နှင့်အတူ ဒီဇင်ဘာ ၈ ရက်ရက်စွဲပါ အနှိပ်သမများ၏အမည်နှင့် အခန်းဝင်ထွက်ချိန်များ ရေးသားထားသည့် စာရွက် စာနှစ်ရွက်၊ “မမကြီး” အမည်ပါ လိပ်စာကတ် ၁၆ ခုတို့ကို တွေ့ရှိသိမ်းဆည်းခဲ့သည်ဟု ဆိုထားသည်။
ယင်းအပြင် ဆိုင်ခန်းအတွင်း၌ အနှိပ်လုပ်ငန်းလုပ်ကိုင်ရန် စောင့်ဆိုင်းနေသည့် အနှိပ်သမ ၁၀ ဦးကိုလည်း ဖမ်းဆီးလိုက်သည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆိုင်တာဝန်ခံနှင့် အနှိပ်သမ ၁၀ ဦးတို့ကို အရေးယူပေးရန် မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်က တရားလိုပြုလုပ် တိုင်တန်းသဖြင့် မြို့နယ်တရားရုံးသို့ ပြစ်မှုပုဒ်မ ၁၈၈ ဖြင့် ဦးတိုက်လျှောက်ထားသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။
By Mizzima
ပထမဆုံး ဆေးခြောက်ကိုဝယ်ယူစိုက်ပျိုးအသုံးပြုခွင့် ရရှိတဲ့ နိုင်ငံဖြစ်လာတဲ့ ဥရုဂွေး .........................
ဆေးခြောက်ကို ပထမဆုံးတရားဝင် စိုက်ပျိုး၊ရောင်းချ၊သောက်သုံးခွင့်ရှိတဲ့ နိုင်ငံဖြစ်လာပါတယ်။ ဒီဆုံးဖြတ်ချက်ကို အင်္ဂါနေ့ က ချမှတ်ခဲ့တာဖြစ်ပြီး၊ ဒီဥရုဂွေးနိုင်ငံရဲ့ ဆေးခြောက်ကို တရားဝင်ခွင့်ပြုမှု ကြောင့် အလားတူ ဥပဒေပြင်ဆင်ချက်တွေ တစ်ကမ္ဘာလုံးမှာ မကြာခင်ရှိလာလိမ့်မယ်လို့ ခန့် မှန်းနေကြပါတယ်။ ဥရုဂွေး လွှတ်တော်မှာ အတည်ပြုရာမှာ ၁၆ မဲ ၁၃ မဲ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီဥပဒေကို ထောက်ခံသူတွေဟာ လွှတ်တော်မှာ ဆုံးဖြတ်ချက်ခံယူနေတုန်းမှာ
အစိမ်းရောင်ပူဖောင်းတွေ၊ Bob Marley ကို ဂုဏ်ပြုတဲ့ ဂျာမေကာ အလံတွေ ၊ တစ်ချို့ ကဆေးတံတွေ ကိုင်ဆောင်ပြီးတော့ စုဝေးနေခဲ့ပါတယ်။
အခုပြဌာန်းလိုက်တဲ့ ဥပဒေအရ ဆေးခြောက်ကို ဆေးဖက်ဝင်ပစ္စည်းတစ်ခုအဖြစ်အသုံးပြုဖို့ အတွက် တစ်လ အများဆုံး ဆေးခြောက် ၄၀ ဂရမ်( ၁.၄ အောင်စ) ကို လိုင်စင်ရဆေးဆိုင်တွေကနေ ၀ယ်ယူသုံးစွဲခွင့် ရရှိတော့ မှာပါ။ ဒီဥပဒေမှာအကျုံးဝင်သူတွေဟာ အသက် ၁၈ နှစ်ကျော်ပြီးတဲ့ ဥရုဂွေးနိုင်ငံသားတွေဖြစ်ရမှာဖြစ်ပြီး သူတို့  ရဲ့ လစဉ်ဆေးခြောက်အသုံးပြုဝယ်ယူမှုကို အစိုးရမှတ်တမ်းထဲမှာ အစီရင်ခံရမှာဖြစ်ပါတယ်။
ဒီဥပဒေဟာ လေးလအကြာမှာ အသက်ဝင်မှာဖြစ်ပြီး ဥရုဂွေးနိုင်ငံသားတွေဟာ တစ်အိမ်ထောင်ကို ဆေးခြောက် ပင် ခြောက်ပင် စိုက်ပျိုးခွင့်ကိုလည်း ရရှိမှာပါ။ နောက်ထပ် ဆေးခြောက်ကလပ်တွေလည်း ဖွင့်လှစ်နိုင်မှာဖြစ်ပြီး ကလပ်တစ်ခုကို အဖွဲ့ ဝင် ၁၅ ယောက်ကနေ ၄၅ ယောက်ထိ လက်ခံနိုင်ကာ တစ်နှစ်ကို ကလပ်အနေနဲ့  ဆေးခြောက်ပင် ၉၉ ပင် စိုက်ပျိုးနိုင်ပါတယ်။ ဒီနှစ်ဧပြီလကနေစပြီး ဆေးခြောက်နှစ်သက်တဲ့လူတွေဟာ လိုင်စင်ရ ဆိုင်တွေကနေ စပြီး ၀ယ်ယူအသုံးပြုနိုင်ပြီလို့ အစိုးရ အမျိုးသမီးလွှတ်တော်အမတ် လူစီယာ က ကြေငြာခဲ့ပါတယ်။
Wednesday, December 11, 2013
~ဘယ်လိုအခြေအနေမျိုးမှာ ရေမချိုးသင့်ပါသလဲ~
~ဘယ်လိုအခြေအနေ မျိုးမှာ ရေမချိုးသင့်ပါသလဲ~
(ဦးနှောက်သွေးကြောပြတ်ခြင်း။ဦးနှောက်သွေးထွက်ခြင်း ။လေဖြတ်ခြင်း တို့ဖြစ်တတ်တာမို့ သွေးတိုးနဲ့နှလုံး ရောဂါ ရှိသူများပိုပြီး ဂရုစိုက်ပါ )
❉ သွေးပေါင် အရမ်းကျ နေချိန် မှာ ရေမချိုးသင့်ပါ ...
ရေချိုးတဲ့အခါ ရေအပုချိန်မြင့်ရင် သွေးကြောကျယ်ပြန့်သွားတာပြီး
ဦးနှောက်ထဲမှာသွေးပန့်ပိုးတာက မလုံလောက်ဘုးဖြစ်နေတတ်တာမို့
အလွယ်တကု မှုးလဲတတ်ပါတယ် ။
ရေအေးနဲ့ချိုးရင် သွေးကြောတွေက ကျုံ့သွား ပြီး အချမ်းတက်နိင်တယ် ။
❉ ရေအေးဖြင့်အမြဲ မျက်နှာသစ်သူတချို့ ...
ကျန်းမာရေးချို့တဲ့တဲ့အမျိုးသမီးများ ရေအေးနဲ့မချိုးသင့်ပါ။နဂိုကခုခံအားမကောင်းတာမို့ အေးတဲ့နိုးဆွမှု ကြောင့်အအေးမိ ၊အဖျားတက်ခြင်းကိုဖြစ်စေတယ် ။ ဒါပေမယ့် ကြာရှည် ရေအေးဖြင့်မျက်နှာသစ်သူကသွေးလည်ပတ်မှုကို အထောက်အကုပြုပါတယ် ။အအေးမိ နှာစေးတာကိုကာကွယ်နိင်ပြီး အသားရည်ကိုစိုပြေစေတယ် ။
❉ အရက်သောက်ပြီး နောက် ရေမချိုးသင့်...
အရက်ပျံက အသည်း အလုပ်လှုပ်ရှားမှုကို ပာန့်တားနိင်တယ် ။ ဂလုးကို့စ် ထုတ်လုပ်ခြင်းကိုတားဆီးတယ်။ရေချိုးတဲ့အခါခန္ဓာကိုယ်ထဲမှသကြားဓာတ်ကိုအသုံးပြုရတာပိုများလာပါတယ်။အရက်သောက်ပြီးနောက်ရေချိုးရင်သွေးချိုက အချိန်မှီမဖြည့်စည်းပေးနိင်တာမို့အလွယ်တကု ခေါင်းမုးခြင်း ။ မျက်စိပြာခြင်း ၊ တစ်ကိုယ်လုံးအားမရှိ အားပျော့သွားတတ်ခြင်း ။ ပိုဆိုးပါက သွေးချိုကျဆင်းခြင်းကြောင့် မူးမေ့ မြော သွားတတ်ပါတယ် ။
❉အစားဝအောင်စားပြိး နောက် ရေမချိုးသင့်...
အစားဝအောင်စားပြိး နောက် ရေချိုးရင်တစ်ကိုယ်လုံးရဲ့အပေါ်ယံအရေပြား သွေးကြောက ရေနွေးရဲ့နိုးဆွမှုကြောင့် ကျယ်ပြန့်သွားပါတယ် ။ များသောသွေးလည်ပတ်မှုကအပြင်ဖက်သို့ရောက်ရှိလာတာနဲ့အမျှဝမ်းဗိုက်ထဲမှသွေးပန့်ပိုးမှုကနည်းလာတာမို့ အစာကြေလမ်းကြောင်းစုတ်ယုမှုကို ထိခိုက်စေတာကြောင့်သွေးချိုကကျဆင်းလာပါတယ် ။ ပိုဆိုးပါက မှုးမေ့လဲကျ တတ်ပါတယ် ။
❉ အလုပ်လုပ်ပြီးချင်း ရေမချိုးသင့်...
ကာယအလုပ်လုပ်ဖြစ်စေ ဥာဏ်စွမ်းရည်ဖြင့်အလုပ်လုပ်သည်ဖြစ်စေ
အလုပ်လုပ်ပြီးနောက် ခဏ အနားယုပြီးမှ ရေချိုးသင့်တယ် ။
သို့မပာုတ်လျှင် နှလုံးရောဂါ ၊ ဦးနှောက်ထဲမျာသွေးပန့်ပိုးမှုမပြည့်စုံခြင်း ဖြစ်တာမို့မုးမေ့လဲကျသွားတတ်ပါတယ် ။
❉ အဖျားရှိတဲ့အခါရေမချိုးသင့်...
အဖျား (၃၈ဒီဂရီ = ၁၀၀.၄ ဖာရင်ပိာုက် ) မြင့်တက်လာတဲ့အခါ ခန္ဓာကိုယ်ရဲ့ကယ်လိုရီကုန်ဆုံးသွားက ၂၀% များလာပါတယ် ။ အဲဒီအချိန်မှာခန္ဓာကိုယ်ကအားလျှော့တာတဲ့အချိန်ဖြစ်တာမို့ရေချိုးလိုက်ရင် ရုတ်တရက် (အက်စီးတန့်)မတော်တဆများဖြစ်ပွားနိင်ပါတယ် ။
လုတိုင်း လုတိုင်း ရေချိုးတာက နေ့စဉ် အလုပ်တစ်ခု ဖြစ်နေတယ် ။
ရေချိုးခြင်းကိုချိုးကိုချိုးရမယ်လို့တသတ်မှတ်တည်း မသတ်မှတ်ပါနဲ့ ။
ရှောင်ရန်နှင့်သတိထားစရာတွေလည်းရှိပါတယ် ။ သတိမမှုမိရင်
ရေချိုးလိုက်တာနဲ့တစ်ကိုယ်လုံးရောဂါဝေဒနာများရတတ်ပါတယ်။
အထုးသဖြင့်အလွန်ပုတဲ့မြန်မာပြည်၊ထိုင်း။မလေးမှာရှိတဲ့သူငယ်ချင်းများပိုပြီးသတိထားသင့်ပါတယ် ။ 
(ဦးနှောက်သွေးကြောပြတ်ခြင်း။ဦးနှောက်သွေးထွက်ခြင်း ။လေဖြတ်ခြင်း တို့ဖြစ်တတ်တာမို့ သွေးတိုးနဲ့နှလုံး ရောဂါ ရှိသူများပိုပြီး ဂရုစိုက်ပါ)
post by နှင်းဆီဖူးလေးများ-Love BUDS
https://www.facebook.com/loveBUDS.6
note ref: JinLi chao(copy from phyumarthant)
note&photo credit to original uploader
photo from google
(ဦးနှောက်သွေးကြောပြတ်ခြင်း။ဦးနှောက်သွေးထွက်ခြင်း ။လေဖြတ်ခြင်း တို့ဖြစ်တတ်တာမို့ သွေးတိုးနဲ့နှလုံး ရောဂါ ရှိသူများပိုပြီး ဂရုစိုက်ပါ )
❉ သွေးပေါင် အရမ်းကျ နေချိန် မှာ ရေမချိုးသင့်ပါ ...
ရေချိုးတဲ့အခါ ရေအပုချိန်မြင့်ရင် သွေးကြောကျယ်ပြန့်သွားတာပြီး
ဦးနှောက်ထဲမှာသွေးပန့်ပိုးတာက မလုံလောက်ဘုးဖြစ်နေတတ်တာမို့
အလွယ်တကု မှုးလဲတတ်ပါတယ် ။
ရေအေးနဲ့ချိုးရင် သွေးကြောတွေက ကျုံ့သွား ပြီး အချမ်းတက်နိင်တယ် ။
❉ ရေအေးဖြင့်အမြဲ မျက်နှာသစ်သူတချို့ ...
ကျန်းမာရေးချို့တဲ့တဲ့အမျိုးသမီးများ ရေအေးနဲ့မချိုးသင့်ပါ။နဂိုကခုခံအားမကောင်းတာမို့ အေးတဲ့နိုးဆွမှု ကြောင့်အအေးမိ ၊အဖျားတက်ခြင်းကိုဖြစ်စေတယ် ။ ဒါပေမယ့် ကြာရှည် ရေအေးဖြင့်မျက်နှာသစ်သူကသွေးလည်ပတ်မှုကို အထောက်အကုပြုပါတယ် ။အအေးမိ နှာစေးတာကိုကာကွယ်နိင်ပြီး အသားရည်ကိုစိုပြေစေတယ် ။
❉ အရက်သောက်ပြီး နောက် ရေမချိုးသင့်...
အရက်ပျံက အသည်း အလုပ်လှုပ်ရှားမှုကို ပာန့်တားနိင်တယ် ။ ဂလုးကို့စ် ထုတ်လုပ်ခြင်းကိုတားဆီးတယ်။ရေချိုးတဲ့အခါခန္ဓာကိုယ်ထဲမှသကြားဓာတ်ကိုအသုံးပြုရတာပိုများလာပါတယ်။အရက်သောက်ပြီးနောက်ရေချိုးရင်သွေးချိုက အချိန်မှီမဖြည့်စည်းပေးနိင်တာမို့အလွယ်တကု ခေါင်းမုးခြင်း ။ မျက်စိပြာခြင်း ၊ တစ်ကိုယ်လုံးအားမရှိ အားပျော့သွားတတ်ခြင်း ။ ပိုဆိုးပါက သွေးချိုကျဆင်းခြင်းကြောင့် မူးမေ့ မြော သွားတတ်ပါတယ် ။
❉အစားဝအောင်စားပြိး နောက် ရေမချိုးသင့်...
အစားဝအောင်စားပြိး နောက် ရေချိုးရင်တစ်ကိုယ်လုံးရဲ့အပေါ်ယံအရေပြား သွေးကြောက ရေနွေးရဲ့နိုးဆွမှုကြောင့် ကျယ်ပြန့်သွားပါတယ် ။ များသောသွေးလည်ပတ်မှုကအပြင်ဖက်သို့ရောက်ရှိလာတာနဲ့အမျှဝမ်းဗိုက်ထဲမှသွေးပန့်ပိုးမှုကနည်းလာတာမို့ အစာကြေလမ်းကြောင်းစုတ်ယုမှုကို ထိခိုက်စေတာကြောင့်သွေးချိုကကျဆင်းလာပါတယ် ။ ပိုဆိုးပါက မှုးမေ့လဲကျ တတ်ပါတယ် ။
❉ အလုပ်လုပ်ပြီးချင်း ရေမချိုးသင့်...
ကာယအလုပ်လုပ်ဖြစ်စေ ဥာဏ်စွမ်းရည်ဖြင့်အလုပ်လုပ်သည်ဖြစ်စေ
အလုပ်လုပ်ပြီးနောက် ခဏ အနားယုပြီးမှ ရေချိုးသင့်တယ် ။
သို့မပာုတ်လျှင် နှလုံးရောဂါ ၊ ဦးနှောက်ထဲမျာသွေးပန့်ပိုးမှုမပြည့်စုံခြင်း ဖြစ်တာမို့မုးမေ့လဲကျသွားတတ်ပါတယ် ။
❉ အဖျားရှိတဲ့အခါရေမချိုးသင့်...
အဖျား (၃၈ဒီဂရီ = ၁၀၀.၄ ဖာရင်ပိာုက် ) မြင့်တက်လာတဲ့အခါ ခန္ဓာကိုယ်ရဲ့ကယ်လိုရီကုန်ဆုံးသွားက ၂၀% များလာပါတယ် ။ အဲဒီအချိန်မှာခန္ဓာကိုယ်ကအားလျှော့တာတဲ့အချိန်ဖြစ်တာမို့ရေချိုးလိုက်ရင် ရုတ်တရက် (အက်စီးတန့်)မတော်တဆများဖြစ်ပွားနိင်ပါတယ် ။
လုတိုင်း လုတိုင်း ရေချိုးတာက နေ့စဉ် အလုပ်တစ်ခု ဖြစ်နေတယ် ။
ရေချိုးခြင်းကိုချိုးကိုချိုးရမယ်လို့တသတ်မှတ်တည်း မသတ်မှတ်ပါနဲ့ ။
ရှောင်ရန်နှင့်သတိထားစရာတွေလည်းရှိပါတယ် ။ သတိမမှုမိရင်
ရေချိုးလိုက်တာနဲ့တစ်ကိုယ်လုံးရောဂါဝေဒနာများရတတ်ပါတယ်။
အထုးသဖြင့်အလွန်ပုတဲ့မြန်မာပြည်၊ထိုင်း။မလေးမှာရှိတဲ့သူငယ်ချင်းများပိုပြီးသတိထားသင့်ပါတယ် ။
(ဦးနှောက်သွေးကြောပြတ်ခြင်း။ဦးနှောက်သွေးထွက်ခြင်း ။လေဖြတ်ခြင်း တို့ဖြစ်တတ်တာမို့ သွေးတိုးနဲ့နှလုံး ရောဂါ ရှိသူများပိုပြီး ဂရုစိုက်ပါ)
post by နှင်းဆီဖူးလေးများ-Love BUDS
https://www.facebook.com/loveBUDS.6
note ref: JinLi chao(copy from phyumarthant)
note&photo credit to original uploader
photo from google
အောက်နှိုက်သွားတယ် လို့ လူသိများတဲ့ လူပျိုလှည့်တဲ့ဓလေ့ ..................
 မွန်လူမျိုးတို့ရဲ့ ထုးဆန်းပြီးလူသိများတဲ့ လူပျိုလှည့်ခြင်းဓလေ့တစ်ခု ကတော့ညဘက်အချိန်မှာ မိမိနှစ်သက်တဲ့မိန်းမပျိုအိမ်အောက် လူပျိုလှည့် တဲ့ဓလေ့ပါ ။ အောက်နှိုက်သွားခြင်းလို့ လူသိများတဲ့ ဓလေ့ လို့အခြားတိုင်းရင်းသားတွေ သိထားတဲ့ဓလေ့ ဟာ ရိုင်းစိုင်းတဲ့ဓလေ့တစ် ခု မဟုတ်ပါဘူး။
မွန်လို" ကြေ၀်ဝုတ် " မြန်မာအသံထွက် ကရဲဝု ( မိန်းမပိုး ခြင်း) လို့အဓိပ္ပါလ်ရပါတယ်။ မိကောင်းဖသားပီပီ အိမ်အောက်အရောက် သွားပြီးပွင့်ပွင့်လင်းလင်း ချစ်ရေးဆိုတဲ့ဓလေ့တစ်ခုပါ။ မွန်အိမ်တွေ ဟာ ခြေတံရှည်အိမ်ဖြစ်ပြီး အိမ်အောက်အထိ နွားလှည်းမောင်း သွင်းလို့ရအောင်၊ အချို့စပါးကျီတွေကို အိမ်အောက်မှာကန့်ပြီးဆောက် လို့ရအောင်ကို မြင့်ကြပါတယ်။ အခု လို ညဘက် လူပျိုလှည့်တဲ့ ဓလေ့မှာ ကာလသားဟာမိမိနှစ်သက်သဘောကျတဲ့မိန်းမပျိုကို ညဘက်အိမ်အောက် အရောက်ချစ်ရေးဆိုနိုင်ဘို့၊မိမိအပေါ်တိမ်းညွတ်မှုရှိမရှိ၊စတဲ့သတင်းချက် လက်တွေ ရဘို့ အပျိုခေါင်းဆောင်( သို့) အောင်သွယ်တော်ကို အားကိုးရ ပါတယ်။ အဓိက ကတော့ မိမိနှစ်သက်တဲ့မိန်းမပျိုအိပ်တဲ့ နေရာအတိကျ ကို သိဘို့ သတင်းအချက်လက်ရဘို့ အရေးကြီးပါတယ်။အပျိုခေါင်းဆောင် " သို့" အောင်သွယ်တော်က လည်းမိန်းမပျိုကို ကနေ့ည အိမ်အောက်လူပျို လှည့်သူလာမယ်ဆိုတာ ပြောပြီးဘယ်သူဘယ်ဝါမပြောဘူး။ ညဘက်ရောက် ရင် ကာလသားက အဖေါ်ခေါ်ပြီးသော်လည်းကောင်း တစ်ဦးတည်းသော် လည်းကောင်း ခွေးခြေတစ်လုံးကို သယ်ဆောင်သွားရပါတယ်။ မိန်းမပျိုအိမ် အောက်ရောက်ရင် အသင့်ဆောင်လာတဲ့ တုတ်(သို့)၀ါး စသဖြင့် မိန်းမပျို အိပ်တဲ့ကြမ်းကို ခေါက်ပြီး နှိုးသလို အချို့က ကြမ်းကြားသေးသေးထဲ ၀င်နိုင်အောင် ၀ါးကို အနည်းငယ်ချွန်တဲ့ဝါးနဲ့နိုးပြီး မိမိရောက်ပြီဖြစ်ကြောင်း အသိပေးရပါတယ်။ မိန်းမပျိုက မိမိအိပ်တဲ့ ခေါင်းရင်း ကြမ်းပြင်ကြားကနေ စကားပြန်ပြောပါတယ်။ ကာလသားက ခွေးခြေပေါ်ထိုင်ပြီး စကားကို အချီကျ ပြောသလို စကားထှာသဘောလဲပြောတတ်ကြတယ်။ ဘယ်သူဘယ်ဝါဆိုတာလဲမေးရင်း နဲ့အပြန်လှန်စကားပြောတဲ့ဓလေ့သာ ဖြစ်တယ်။ မိန်းမပျိုက မနှစ်သက်ရင် စကားပြန်မပြောလည်းနေနိုင်တယ်။ စကားပြန်မပြောရင် ကာလသားက ပြန်လှည့်ရတတ်ပါတယ်။ အခုလူပျိုလှည့်ခြင်းမှာ ချစ်သူရှိပြီးသား မိန်းကလေးဖြစ်နေရင်လဲ သွား ရောက်လူပျိုလှည့်လို့ရသလို ရင်ဖွင့်ချစ်ရေးဆိုခွင့် ရှိပါတယ်။ အခု လူပျို လှည့်နည်းမှာ ကိုယ်ထိလက်ရောက်ကျုးလွန်ခြင်းမလုပ်ဘို့စောင့်ထိမ်းရ သလို အများထင်သလို လက်ဝင်လို့ရတဲ့ကြမ်းပေါက်လဲ မရှိပါဘူး။ အခု လူပျိုလှည့်နည်းမှာ အိမ်ထောင်သည် လုံးဝ လိုက်ပါခွင့်မရှိပါဘူး။ ကာလ သားဟာ ပထမဦးဆုံးလူပျိုလှည့်ခြင်း ဖြစ်ခဲ့ရင်နောက်နေ့မှာ ဘယ်မိန်းမပျို အိမ်အောက် လူပျိုလှည့်ခဲ့ စကားပြောခဲ့တာ မိမိဖြစ်ကြောင်းကြေငြာပေး ရပါတယ်။ အဲသလို ကြေငြာပေးမှ ရပ်သိရွာသိဖြစ်ပြီး မိန်းမပျိုကလည်းည ကမိမိကို လူပျိုလှည့် ချစ်ရေးဆိုသူဘယ်သူလဲဆိုတာ သိဘို့လိုပါတယ်။ အခုလူပျိုလှည့်နည်းမှာ အဓိကအရေးကြီးတာက မိန်းမပျိုအိပ်တဲ့နေရာ အတိကျသိဘို့အရေးကြီးပါတယ်။ တခါတလေ အဆင်မပြေမူလေးတွေ ချွတ်ချော်တဲ့ နေရာပေးမိခြင်း ဖြစ်ခဲ့ရင်အိုးနင်းခွက်နင်းဖြစ်တတ်တယ်။ မိန်းမပျိုဖခင် အိပ်တဲ့နေရာ တုတ်နဲ့ထိုးမိသူများလဲရှိတတ်ကြပါတယ်။ မိန်းမပျိုအိပ်တဲ့နေရာ ဖြစ်ပေမဲ့ အဲဒီညမှ အခြားသူတစ်ဦး အိပ်လိုက်တဲ့ အခြေနေတွေလည်းဖြစ်တတ်ပါတယ်။ မူးရစ်သောက်စားပြီးလူပျိုလှည့်သွား ရင် လဲ အဆင်မပြေပါဘူး။ ဒါ့ကြောင့် အောက်နိုက်ခြင်းလို့ လွယ်လွယ် အမည်ပေးလိုက်တဲ့ လူပျိုလှည့်ဓလေ့မှာ ရိုင်းစိုင်းတဲ့ အပြုမူမရှိဘဲ ယဉ်ကျေး သိမ်မွေ့ရတဲ့ဓလေ့တစ်ခုသာဖြစ်တယ်။ " ကျမကို ကြိုက်လို့အောက်နိုက်လာ ကျမ မကြိုက်တော့တုတ်နဲ့ထိုး အဖေနိုးတော့ တုတ်နဲ့လိုက် သူထွက်ပြေးတော့ ခွေးလိုက်ကိုက် " လို့ လူရွင်တော်တွေ ပြက်လုံးထုတ်တတ်ပါတယ်။ အခု ဓလေ့ကို ရှေးကျတဲ့ မွန်ရွာအချို့မှာ ကျင့်သုံးဆဲဖြစ်ပေမဲ့ မြို့ပေါ်တွေ မှာ မရှိတော့ပါဘူး။ မွန်လူမျိုးများရဲ့နာမည်ကြီးပြီးထူးဆန်းတဲ့ လူပျိုလှည့်ခြင်းဓလေ့ဖြစ်ပြီး ကိုယ်ထိလက်ရောက် မကျုးလွန်အောင် ထိမ်းသိမ်းယဉ်ကျေးရတဲ့ ဓလေ့သာဖြစ်ပါတယ်။
 ( ၉.၁၂.၂၀၁၃)
KIA တပ်ရင်း (၈) အား အစိုးရတပ်များ ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် အထိနာ၍ တပ်ဆုတ်ထား ....................
KNG
တိုက်ပွဲများငြိမ်သက်နေသော ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) ဖက်တွင် ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲ KIA တပ်ရင်း (၈) တပ်စခန်းအား အစိုးရတပ်မှ သိမ်းပိုက်ရန်စစ်အင်အားများဖြင့် တိုက်ခိုက်လာခြင်းကြောင့် KIA ဖက်မှ အထိနာလာပြီး ဒီဇင်ဘာ ၅ ရက်နေ့က စခန်းကိုနောက်ဆုတ်လိုက်ရကြောင်း KIA စခန်းမှ ပြောသည်။
အစိုးရတပ်မှ KIA တပ်ရင်း (၈) နမ်လက် (Nam Let) စခန်းအား သိမ်းပိုက်ရန် ပစ်ခတ်လာချိန် ပြင်းထန်စွာပစ်ခတ်တိုက်ခိုက်ခဲ့ချိန် တိုက်ပွဲတွင် KIA ဖက်မှ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုသူ တပ်မဟာ (၄) အရာရှိတဦး ကချင်သတင်း ဌာနသို့ပြောသည်။
“ညလည်း မိုးချုပ်တဲ့ထိပစ်တယ် KIA နမ်လက် (Nam Lek) စခန်းကို လက်နက်ကြီးတွေနဲ့ တညလုံး ပစ်နေတော့ မနက် ၄ နာရီချိန်မှာနှစ်ဖက်တပ်ကနေ ပစ်ကြတယ် မနက် ၁၀ နာရီထိပစ်ကြတယ် ကျနော်တို့က မနက် ၉ နာရီလောက်မှာ စခန်းကနေ ဆုတ်ပေးလိုက်တယ်” ဟုပြောသည်။
၎င်း KIA တပ်ရင်း (၈) နမ်လက် (Nam Let) စခန်းအား အစိုးရတပ်စစ်အင်အား ၂၀၀ ကျော်ဖြင့် ဒီဇင်ဘာ ၄ ရက်နေ့မှ စတင်ထိုး စစ်ဆင်ပစ်ခတ်တိုက်ခိုက်လာပြီး ညနေ ၃ နာရီချိန်မှ KIA တပ်ရင်း (၈) နမ်လက် (Nam Lek) စခန်းအား ပြင်းထန်စွာ ပစ်ခတ်တိုက်ခိုက်လာပြီး ညမိုးချုပ်သည့်ထိ နက်လက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ကြောင်းသိရသည်။
အဆိုပါ တပ်မဟာ (၄) ဒေသ KIA တပ်ရင်း (၈) (Nam Let) စခန်းတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားနေသည့် ကိစ္စနှင့်ပတ်သက်၍ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး (PCG)အဖွဲ့သည် တိုက်ပွဲဖြစ်ပွားနေကြောင်းကိုသာသိရှိရပြီး စခန်းအားနောက်ဆုတ်လိုက်ကြောင်း ကိုမူမသိရှိသေးကြောင်း PCG ပြောခွင့်ရ ဦးလမိုင်ဂွမ်ဂျာ KNG ကချင်သတင်းဌာန သို့ပြောသည်။
ထိုအစိုးရတပ်သည် မိုင်းဝီး ဘက်မှထိုးစစ်ဆင်လာသော ခြေမြန်တပ် ခမရ- ၅၀၅ နှင့် ခြေလျင်တပ် ခလရ -၃၂၄ ခလရ- ၁၂၃ များဖြစ်ပြီး စစ်အင်အား ၂၀၀ ကျော်လှုပ်ရှားစစ်ကြောင်းများဖြစ်ကြောင်းသိရသည်။
ထို့နေ့အတွင်း တပ်ရင်း (၈) နမ်ငေါန် (Nam Ngawn) နှင့် ကယုံ (Kayun) ကြားတွင်လည်း ၁ နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မဟာ (၄) KIA တပ်ရင်း (၂) မုန်ဂျီဒေသဂျွန်မြန်း (Jawn Myen) တွင် အင်အား ၈၀ ခန့်ရှိသည့် အစိုးရတပ် ခြေမြန်တပ်ရင်း ၁၂၅ နှင့် နံနက် ၈ နာရီချိန် မိနစ် ၂၀ ခန့် ပစ်ခတ်ကြပြီး ၁၀ နာရီချိန်တွင် မုန်ဂျီ ဆိုင်းခေါင် (Sai Hkau) တွင် နာရီဝက်ကြာ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်းမှ KIA အရာရှိများပြောသည်။
အဆိုပါ KIA တပ်ရင်း (၂) ဒေသတွင်ဖြစ်ပွားသော တိုက်ပွဲ၌ အစိုးရတပ်ဖက်မှ ၂ ဦးသေ ၁ ဦး ဒဏ်ရာရကြောင်း KIA ဖက်မှ ပြောဆိုသော်လည်း အစိုးရဖက်သို့ အတည်ပြုချက်မရရှိသေးပါ။
အစိုးရနှင့် KIA တပ်ဖွဲ့များကြား တိုက်ပွဲများသည် ကချင်ပြည်နယ်ဖက်သို့ လတ်တလော ငြိမ်သက်ခြင်းဖြစ်သော်လည်း ရှမ်းပြည်မြောက်ပိုင်းအခြေစိုက် KIA တပ်များဖက်မူ တိုက်ပွဲများ မကြာခဏပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။
ဆက်လက်၍လည်း အစိုးရတပ်ဖက်မှ လွန်ဂမ်၊ ငေါ့ငှားတွင် အင်အားများတိုးချနေဆဲဖြစ်သောကြောင့် တိုက်ပွဲများ ပြင်းထန်လာနိုင်ဆဲဖြစ်ကြောင်း KIA ဖက်မှသုံးသပ်ပြောဆိုသည်။
အင်္ဂါဂြိုဟ်မှာ ရေရှိခဲ့ဖူး...................
တိမ်ကောနေတဲ့ Gale ရေအိုင်ဟောင်းကြီး
နာဆာ အမေရိကန် အာကာသ အေဂျင်စီရဲ့ Curiosity အာကာသ ယာဉ်က ရယူ ရိုက်ကူး ထားတဲ့ ဓာတ်ပုံ အချက်အလက် တွေအရ ကမ္ဘာပေါ်က ဇီဝ ပိုးမွှားတွေ အသက် ရှင်သန် နေထိုင်နိုင်တဲ့ ရေအိုင်ကြီး တအိုင်ကို အင်္ဂါ ဂြိုဟ်မှာ တွေ့ရှိ ခဲ့ပါတယ်။
chemolithoautotrophs အမည်ရတဲ့ ဒီပိုးမွှား တွေဟာ အသက်ရှင် ရပ်တည်ဖို့ အလင်းရောင် မလိုအပ်ပေမယ့် ကျောက်ခဲနဲ့ ဓာတ်သတ္တု တွေကို ဖြိုခွဲပြီး စွမ်းအင် ထုတ်ယူ ကြောင်း သိပ္ပံ ပညာရှင် တွေက ပြောဆို ပါတယ်။
ဒီပိုးမွှားတွေက ကမ္ဘာပေါ်က သမုဒ္ဒရာ ကြမ်းပြင်နဲ့ လိုဏ်ဂူတွေ ထဲမှာ တည်ရှိ ကြပါတယ်။
Gale ချိုင့်ကြီး လို့ ခေါ်တဲ့ တိမ်ကော နေတဲ့ ရေအိုင်ဟောင်း ကြီးဟာ ကမ္ဘာပေါ်က အိုင်တွေနဲ့ အလွန် တူကြောင်း သိပ္ပံ ပညာရှင် တွေက ပြောဆို ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
နိုင်​ငံ​ခြား​ဖြစ် ​အ​ရက်၊ ​ဘီ​ယာ​နှင့် ၀ိုင် ​ရောင်း​ချ​မှု ​စီး​တီး​မတ် ​ရပ်​ဆိုင်း​ .....................
Tuesday, December 10, 2013
ပြီး​ခဲ့​တဲ့​ရက်​ပိုင်း ​သာ​ကေ​တ ​မြ​မာ​လာ​လမ်း​က ​ဂို​ဒေါင်​တ​ခု​မှာ ​နိုင်​ငံ​ခြား​က ​တင်​သွင်း ​လာ​တဲ့ ၀ိုင်​ပု​လင်း ၉ သောင်း​နီး​ပါး​နဲ့ ​အ​ရက်​ပု​လင်း ၁ ​ထောင်​ကျော် ​ဖမ်း​ဆီး ​စစ်​ဆေး ​ခံ​နေ​ရ​တာ​နဲ့ ​ဆက်​စပ်​ပြီး ​စီး​တီး​မတ် ​ဟိုး​ဒင်း​ကု​မ္ပ​ဏီ​ဟာ ​သူ​ကုန်​တိုက်​တွေ​က​နေ ​နိုင်​ငံ​ခြား​ဖြစ် ​အ​ရက်၊ ​ဘီ​ယာ၊ ၀ိုင်​နဲ့ ​စီး​က​ရက်​အား​လုံး​ကို ​ဖယ်​ရှား​လိုက်​ပြီး ​ရောင်း​ချ​ခြင်း​ကို​လည်း ​ရပ်​ဆိုင်း​ထား​လိုက်​ပါ​တယ်။
ဆိုင်​ခွဲ ၅၀ ၀န်း​ကျင်​ရှိ​တဲ့ ​စီး​တီး​မတ် ​အ​ရက်​နဲ့ ​ဘီ​ယာ​ကောင်​တာ​တွေ​မှာ ​မ​နေ့​က​စ “​နိုင်​ငံ​ခြား​ဖြစ် ​အ​ရက်၊ ​ဘီ​ယာ၊ ​စီး​က​ရက်​နှင့် ၀ိုင်​များ ​ရောင်း​ချ​ခြင်း​ကို ​ခေ​တ္တ ​ရပ်​ဆိုင်း​ထား​ပါ​သည်။ ​အ​ဆင်​မ​ပြေ​မှု​များ​အ​တွက် ​တောင်း​ပန်​အပ်​ပါ​သည်။” ​ဆို​တဲ့ ​စာ​တန်း​လေး​တွေ ​ချိတ်​ဆွဲ​ထား​တာ ​တွေ့​မြင်​ကြ​ရ​ပါ​တယ်။
အ​လား ​တူ ​မြို့​လယ် ​ဧ​ရိ​ယာ​တွေ​မှာ ​ဖွင့်​လှစ်​ထား​တဲ့ ​အ​ရက်၊ ​ဘီ​ယာ​နဲ့ ၀ိုင် ​သီး​သန့် ​အ​ရောင်း​ဆိုင်​တွေ​ဟာ​လည်း ​နိုင်​ငံ​ခြား​ဖြစ် ​အ​ရက်၊ ​ဘီ​ယာ​နဲ့ ၀ိုင်​တွေ​ကို ​ဖယ်​ရှား​ထား​ပြီး ၀ယ်​သူ​လာ​မှ ​သိုဝှက်​ထား​တဲ့ ​နေ​ရာ​တွေ​က​နေ ​သွား​ယူ​ရောင်း​ချ​ပေး​တာ​မျိုး ​ပြု​လုပ်​လာ​ကြ​ပါ​တယ်။
အ​စိုး​ရ​ဟာ ​နိုင်​ငံ​ခြား​က​နေ ​အ​ရက်၊ ​ဘီ​ယာ၊ ၀ိုင်​နဲ့ ​စီး​က​ရက် ​တင်​သွင်း​ခွင့်​တွေ​ကို ​အ​ရင် ​စစ်​အာ​ဏာ​ရှင်​တွေ ​လက်​ထက်​က​တည်း​က ​ပိတ်​ပင်​ထား​ခဲ့​တာ ​ဒီ​နေ့​အ​ထိ ​ဖြစ်​ပါ​တယ်။
ဟို​တယ်​တွေ​ရဲ့ ​တင်​ပြ​ချက်​နဲ့ ​သွင်း​ကုန်​လိုင်​စင် ​အ​နည်း​အ​ကျ​ဉ်း ​ထုတ်​ပေး​တာ​က​လွဲ​ပြီး ​ကုန်​တိုက်​နဲ့ ​အ​ရောင်း​ဆိုင်​တွေ ​ရောင်း​ချ​သ​မျှ ​အား​လုံး​ဟာ ​မှောင်​ခို ​သွင်း​လာ​တာ​တွေ ​ချည်း ​ဖြစ်​ပါ​တယ်။
By ​ဒီ​ဗွီ​ဘီ
Thit Htoo Lwin - News
မန္တလေး ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် မြွေသေတ္တာအလုံး ၃၀ တွေ့ ..................
Tuesday, December 10, 2013
မန္တလေး၊ ဒီဇင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ကျောက်ချော ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် ဒီဇင်ဘာလ ၇ ရက်နေ့က တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ တင်ပို့မည့် မြွေသေတ္တာ အလုံး၂၀ တွေ့ရှိခဲ့ကြောင်း အဆိုပါ ၁၆ မိုင် စစ်ဆေးရေးဂိတ် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ပုသိမ်ကြီးမြို့နယ် ၁၆ မိုင် စစ်ဆေးရေးဂိတ် တာဝန်ရှိသူများနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ တာဝန်ရှိသူများ ပူးပေါင်း၍ ယင်းနေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်က စီနိုထရပ်ယာဉ် အမျိုးအစား ၂၂ ဘီး နောက်တွဲယာဉ်ကို ရှာဖွေစစ်ဆေးခဲ့ရာ ယင်းယာဉ် ပေါ်မှ မြွေမျိုးစုံ ထည့်ထားသော အလျား၂၈ လက်မ၊ အနံ ၁၉ လက်မ၊ အမြင့် ၈ လက်မခန့်ရှိ သစ်သားသေတ္တာ အလုံး ၃၀ ကို တွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
"တရုတ်ပြည်ဘက်ကို မြွေ၊ လိပ် အကုန်သယ်တယ်။ ကားသမား ကတော့ ထွက်ပြေး တိမ်းရှောင်သွားတယ်" ဟု အဆိုပါ ၁၆ မိုင် စစ်ဆေးရေးဂိတ် တာဝန်ရှိသူက ထပ်မံပြောဆိုသည်။
အဆိုပါ သိမ်းဆည်းရမိသည့် ယာဉ်နှင့် မြွေမျိုးစုံ ထည့်ထားသော သစ်သား သေတ္တာအလုံး ၃၀ ကို သစ်တောဦးစီးဌာနက သစ်တောဥပဒေ အရ ဆက်လက် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
The Voice Weekly
Thit Htoo Lwin - News
လက်လုပ်ဗုံး တောင်ကြီး၌ပေါက်ကွဲ ဗုံးပြုလုပ်သူ ခြေချင်းဝတ်ပြတ် ...............................
Tuesday, December 10, 2013
တောင်ကြီး၊ ဒီဇင်ဘာ-၉
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ မြို့မရပ်ကွက် မြောက်ကျောင်းလမ်းနှင့် အုတ်ဖိုလမ်းထောင့်ရှိ၊ အိမ်အမှတ် (၁၈၈) နှစ်ထပ်နေအိမ်၌ ဒီဇင်ဘာ ၈ ရက် ည ၁၀ နာရီ မိနစ် ၄၀ ခန့်က လက်လုပ်ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တောင်ကြီးမြို့၊ မြို့မရပ်ကွက်မြောက်ကျောင်းလမ်းနှင့် အုတ်ဖိုလမ်းထောင့်ရှိ အိမ်အမှတ် (၁၈၈) နှစ်ထပ်အိမ်နေ ဟာဂျီယူစွတ်(ခ) ဦးမြင့်သိန်း (၄၈)နှစ်၊ အလယ်ဗလီဥက္ကဋ္ဌသည် ၎င်းနေအိမ်အောက်ထပ်၌ ကွန်ထရိုးမိုင်းဒေသန္တရဗုံးအား နှစ်လက်မခွဲခန့်ရှိ သံပိုက်ခေါင်း အဖုံးနှစ်ခုဖြင့် ယမ်းများထည့်၍ စမ်းသပ်ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့
ခြင်းဖြစ်သည်။
ဦးမြင့်သိန်းတွင် ၀ဲဘက်ခြေထောက် ခြေချင်းဝတ်ပြတ်၊ ၀ဲဘက်လက်မနှင့် လက်ညှိုးပြတ်ရှ ဒဏ်ရာများရရှိခဲ့သဖြင့် တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံကြီး အရိုးကုသဆောင် အခန်း (၃)တွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိသည်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး အိမ်က မိသားစုဝင်လေးယောက်နဲ့ အလုပ် သမားခြောက်ယောက် စုစုပေါင်း ၁၀ ယောက်ကို တောင်ကြီးမြို့မ ရဲစခန်းမှာ ခေါ်ယူစစ်ဆေးပါတယ်။ ပြည်နယ် ရဲတပ်ဖွဲ့မှူးနဲ့အဖွဲ့ကလည်း လာရောက် ကြည့်ရှု စစ်ဆေးပြီးသွားပါပြီ " ဟု မိသားစုဝင်တစ် ဦးက ပြောသည်။
အဆိုပါပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ဟာဂျီယူစွတ် (ခ) ဦးမြင့်သိန်းသည် ရှမ်းပြည်နယ်၏ ဆိတ်၊အမဲကန်ထရိုက် လုပ်ကိုင်သူ တစ်ဦးဖြစ်သည်။
ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာမှ မီးလောင်ကျွမ်းထားသည့် ဘောစေ့များ (ယမ်းနံ့များရ)၊ မီးလောင်ကျွမ်းထားသည့် ဖုန်းအဖြူရောင် ဟန်းဆက် တစ်လုံး (ဆင်းမ်ကတ်မပါ)၊ မီးလောင်ကျွမ်းထားသည့် ဖုန်းအား သွင်းကြိုးတစ်ခု၊ မီးလောင်ကျွမ်းထားသည့် အနက်ရောင်ဖုန်းအိတ်တစ်ခု၊ အချင်းနှစ်လက်မခွဲခန့်ရှိ ၀က်အူရစ်ပါ ရေပိုက်ခေါင်းနှစ်ခု၊Hibo Tools Eagle စာတန်းပါ ခွရှင်တစ်ချောင်း၊King Eagle စာတန်းပါ ညှပ်ပလာယာ တစ်ချောင်း၊ ၆×၇ ဆိုက် ခွတစ်ချောင်း၊အရှည် လေးလက်မခွဲခန့်ရှိ သံချောင်း တစ်ချောင်း၊ အရှည်ကိုးလက်မခန့်ရှိ သံပြားတစ်ပြား၊ အချင်းခုနစ်စင်တီမီတာ အရှည် ငါးလက်မခွဲခန့်ရှိ သံပိုက်လုံးတစ်ချောင်း၊ အလျား ငါးလက်မခွဲ အနံလေးလက်မခွဲခန့်ရှိ သံပြားတစ်ပြား၊ စူပါဂလူးကော်ဘူး အသေးနှစ်ဘူး၊ Ps-Lon စာတန်းပါ သံကော်ဘူးတစ်ဘူး၊ ဖန်ပုလင်းအတွင်းထည့်လျက် အ၀ါရောင် ဓာတုဆေးရည် ၁၀၀ မီလီမီတာခန့်ပါ တစ်ပုလင်း၊ အရှည်သုံး လက်မခန့်ရှိ ဗြောက်အိုး ၁၀ ချောင်း၊Quper Red စာတန်းပါ မိန်းမစီး အပြာရောင် ဒေါက်ဖိနပ်တစ်ရန်၊ တစ်ဖက်မှာ မီးလောင်ကျွမ်းလျက် ဟာဂျီ ယူစွတ်(ခ) ဦးမြင့်သိန်း အခင်းဖြစ်စဉ်က ၀တ်ဆင်ခဲ့သော Class Seven စာတန်းပါ ခဲရောင်အနွေးထည် တစ်ထည် (သွေးနှင့်ဓာတုဆေး ရည်များ စွန်းထင်းနေသည်) စသည့် ပစ္စည်းများကို တောင်ကြီးမြို့ မြို့မ ရဲစခန်း စခန်းမှူး ဒုရဲမှူး ဥာဏ်လှိုင်ဦးနှင့်အဖွဲ့တို့က သက်သေများရှေ့၌ သိမ်းဆည်းခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ပေါက်ကွဲ စေတတ်သော ၀တ္ထုပစ္စည်းများအား ပြုလုပ်ခြင်း၊ လက်ဝယ်ထားရှိခြင်းနှင့် ကြီးကြပ်မှုအောက်တွင် ထားရှိခြင်းများ ပြုလုပ်သူ ဟာဂျီယူစွတ်(ခ) ဦးမြင့်သိန်းအား တောင်ကြီးမြို့ မြို့မရဲစခန်းက (ပ) ၃၁၃/ ၂၀၁၃ ပေါက်ကွဲစေတတ်သော ၀တ္ထုများ အက်ဥပဒေ ပုဒ်မ ၅ အရအမှုဖွင့်အရေးယူထားသည်။
မောင်မောင်သန်း(တောင်ကြီး)၊ ဧပရယ်-ရှမ်းပြည်နယ်(မြစ်မခ)၊
စံတော်ချိန် နေ့စဉ်သတင်းစာ
Thit Htoo Lwin - Crime
Tuesday, December 10, 2013
***လမ်းသန့်ရှင်းရေး လုပ်သော တရုတ်မီလျံနာ***........................
လမ်းသန့်ရှင်းရေး လုပ်သော တရုတ်မီလျံနာ 9.12.2013 Yu Youzhen လို့ အမည်ရတဲ့ တရုတ် အမျိုးသမီး ဖြစ်ပါတယ်။ အသက် ၅၃ နှစ် ရှိပြီ ဖြစ်ပြီး တရုတ်ပြည်မှာ အိမ်၊ခြံ၊မြေ ဈေးကွက် စီးပွားရေး သမား သူဌေး သူကြွယ် တစ်ဦး ဖြစ်ပါတယ်။ သို့ပေမယ့် လက်ရှိ သူမ လုပ်နေတာကတော့ စီးပွားရေးတင် မကပဲ လမ်းတကာ သန့်ရှင်းလေး လုပ်တဲ့ သန့်ရှင်းရေး အလုပ်လည်း ပါဝင် ပါတယ်။ တစ်ပတ်မှာ ၆ ရက် မနက် ၃ နာရီ ထပြီး ၂ မိုင် အကွာအဝေးရှိတဲ့ လမ်းတစ်လျှောက်လုံးကို သန့်ရှင်းရေး လုပ်ပြီးမှ တစ်နေ့တာ သူ့အလုပ်ကို လုပ်ကိုင်ခြင်း ဖြစ်ပါတယ်။ သူမ ယခုလို လုပ်ရတဲ့ အကြောင်းအရင်း ကတော့ ချမ်းချမ်းသာသာ မိသားစုမှ ပေါက်ဖွားတဲ့ သူ့ သားသမီးများ ကို ဆုံးမ အတုယူစေဖို့ ဖြစ်ပါတယ်။ အလုပ်လုပ်ဖို့ထက် ငွေကြေးသုံးစွဲမှု၊ အပျော်အပါး မှာ ခုံမင်နေတဲ့ ကလေးများကို ငွေဆိုတာ အလွယ်တကူ ရှာမရကြောင်း သင်ခန်းစာ ရအောင် သူကိုယ်တိုင် မနက်တိုင်း သန့်ရှင်းရေး ထလုပ်ပြကြောင်း သိရ ပါတယ်။ . Ref: dyknow အောင်ခမ်း ( www.innewsmyanmar.com )
Sex Wallpaper.apk မိန်းကလေးမဒေါင်းရ
မင်္ဂလာပါခင်ဗျာ..........
wallpaper.apk ဆော့ဝဲလေးပါ တော်တော်လေး လန်းပါတယ် မိန်းကလေးများ 
မဒေါင်းရဘူးနော် အကိုများအတွက်ပါ မိုက်စားလေးမို့ တင်ပေးလိုက်တာပါ
ရိုင်းတာတော့ မဟုတ်ပါဘူး ပုံလေးတော့ တင်မပြတော့ဘူးနော်
နည်းနည်းလေး ရိုင်းနေလို့ပါ 
sex wallpaper လေးပါ ပုံစံအမျိုးမျိုးနဲ့ လှုပ်ရှားနေမှာ ကိုကိုညီညီများအတွက်ပါ
ကြိုက်နှစ်သက်တဲ့ သူငယ်ချင်းများ အောက်မှာ ဒေါင်းယူနိုင်ပါတယ်ခင်ဗျာ
ကြိုက်ရင်တော့ အောက်မှာ ကွန်မန်းလေးပြေားထားပေးခဲ့ပါနော်
ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)
ကာကွယ်ရေး ဦးစီးချုပ်မှ လက်နက်ကိုင် ပဋိပက္ခနှင့် အကြမ်းဖက်မူ ဒီမိုကရေစီက လက်မခံဟု ဆို ..........
နိရဉ္စရာ
ရခိုင်ပြည်နယ်ရှိ တပ်နယ် အသီးသီးသို့ လာရောက် လည်ပတ်ခဲ့သော မြန်မာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိုင်မှ တပ်မတော်သားများနှင့် တွေ့ဆုံစဉ် လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက်မှုများကို မည်သည့်ဒီမိုကရေစီ ကျင့်သုံးမှုမျိုးကမျှ လက်မခံကြောင်း ပြောဆိုသွားခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာများတွင် ဖေါ်ပြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဒီဇင်ဘာ ၄ ရက်နေ့က ကျောက်တော်တပ်နယ် န၀ရတ် ခန်းမနှင့် စစ်တွေတပ်နယ် ဗန္ဓုလခန်းမတို့၌ တပ်နယ်များမှ အရာရှိ၊ စစ်သည် မိသားစုများနှင့် တွေ့ဆုံစဉ် ထိုသို့ အမှာ စကား ပြောကြားခဲ့သည်ဟု ဆိုသည်။
“ ပစ္စုပ္ပန်ကာလ လက်ရှိတာဝန်ထမ်းဆောင်နေသော အရာရှိ/စစ်သည်အားလုံးတွင် စည်းကမ်းရှိသောတပ်၊ အမိန့် နာခံသော တပ်ဖြစ်စေရေး တာဝန်ရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာတွင် လက်နက်ကိုင် ပဋိပက္ခနှင့် အကြမ်းဖက်မှုများကို မည်သည့်ဒီမိုကရေစီ ကျင့်သုံးမှုမျိုးကမျှ လက်မခံကြောင်း၊ သို့ဖြစ်၍ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး ကိစ္စရပ်များကို စိတ်ရှည်စွာ ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ရွေးချယ်ထားသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဖြောင့်ဖြောင့် တန်းတန်း လျှောက်လှမ်းနိုင်ရေး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် တက်ညီလက်ညီ ကြိုးပမ်း ဆောင်ရွက် သွားရန် လိုအပ်ကြောင်း” တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသွားခဲ့သည်ဟု သိရသည်။
ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် (F.U.A.)....................
လိုင်ဇာဆွေးနွေးပွဲမှာ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.I.A.) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင် ဝတ်ဆင်ထားတဲ့ အင်ကျီမှာ (F.U.A.) လို့ ရေးထားတဲ့အကြောင်း Lachid Kachin က ဓာတ်ပုံနဲ့တကွ တင်ပြထားတယ်။
ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် (Federal Union Army) ကို ထူထောင်ဖို့ ၂၀၁၀-ခုနှစ်၊ CEFU အဖွဲ့ဖွဲ့စည်းကတည်းက ဆုံးဖြတ်ခဲ့ကြဟန် ရှိတယ်။ အစိုးရက ဒီအကြံကို ရိပ်မိလို့ (၁) နိုင်ငံတကာ သံတမန်ရေးမှာ အစိုးရလည်း မျက်နှာပန်းလှစေ၊ (၂) တိုင်းရင်းသားလူမျိုးများရဲ့ စစ်ရေး ဆောင်ရွက်မှုများကိုလည်း ဟန့်တားနိုင်စေ ဆိုပြီး စီမံကိန်းများ ချမှတ်ခဲ့တယ်။
F.U.A. ကို အပြတ်ထောက်ခံတဲ့ ကချင်၊ ရှမ်းမြောက်၊ ပလောင်၊ မွန်၊ ပအိုဝ်း၊ ကရင်နီတို့ထဲက အင်အားအကောင်းဆုံး ကချင်ကို ဖြိုဖို့ အစိုးရက သန္နိဋ္ဌာန်ချခဲ့တယ်။ တရုတ်အကျိုးစီးပွားရှိတဲ့နေရာကို
ထိန်းချုပ်ထားနိုင်ဖို့လည်း အကျိုးအမြတ်ရှိတဲ့ စစ်ပွဲ ဖြစ်တယ်။
F.U.A. ဖွဲ့စည်းဖို့ အင်းတင်တင် ဖြစ်နေတဲ့ K.N.U. ရခိုင်၊ ရှမ်း၊ ချင်း အစရှိသည်တို့ထဲက ကရင်ကို အရင်ဆုံး ချဉ်းကပ်ခဲ့တယ်။ ပြီးတော့ ရှမ်းတောင်ကို ချဉ်းကပ်ခဲ့တယ်။ အခုအချိန်မှာ ရခိုင်၊ ချင်း၊ ကရင်တို့က F.U.A. ဘက်ကို ယိမ်းလာခဲ့ပြီး UWSA ဝတပ်ဖွဲ့ကလည်း F.U.A. ကို စိတ်ဝင်စားလျက် ရှိတယ်။ ရှမ်းတောင် (RCSS)ကတော့ ဒီကနေ့အထိ စိတ်ဝင်စားခြင်းမရှိသေးဘဲ အခြေအနေကို စောင့်ကြည့်လျက် ရှိပါတယ်။
ဘာပဲဖြစ်ဖြစ် မိမိထင်မြင်ချက်ကို ပြောရရင် တိုင်းရင်းသားခေါင်းဆောင်တွေကြားမှာ F.U.A. ဖွဲ့စည်းဖို့ သဘောတူညီချက် ရရှိထားကြပြီး လက်ရှိအစိုးရနဲ့ တွေ့ဆုံဆွေးနွေးနေမှုများ မထိခိုက်စေချင်လို့ လှို့ဝှက်ထားတာ ဖြစ်နိုင်ပါတယ်။ လက်ရှိသွားနေတဲ့ နိုင်ငံရေးအရ အဖြေရှာရေးနည်းလမ်း မအောင်မြင်ပါက F.U.A. ကလည်း လူရှေ့သူရှေ့ ရောက်လာမှာပါ။
ကမ္ဘာ့ငွေကြေး အလှူဒါန်းဆုံး နိုင်ငံသားစာရင်းတွင် မြန်မာထိပ်ဆုံး၌ ရပ်တည် ...........................
Monday, December 9, 2013
ရန်ကုန်၊ ဒီဇင်ဘာ ၈
ဗြိတိန်နိုင်ငံ အခြေစိုက် Charities Aid Foundation (CAF) ၏ စစ်တမ်း ကောက်ယူမှုများအရ ၂၀၁၃ ခုနှစ် ကမ္ဘာ့ ငွေကြေး အလှူဒါန်းဆုံး နိုင်ငံသားစာရင်း (Donating Money) တွင် မြန်မာနိုင်ငံက ထိပ်ဆုံး၌ ရပ်တည်နေကြောင်း အဆိုပါ အဖွဲ့က ထုတ်ပြန်သည့် World Giving Index 2013 တွင် ဖော်ပြထားချက်အရ သိရသည်။
အရွယ်ရောက်ပြီးသူ ၁၀၀ တွင် ၈၅ ဦးမှာ စစ်တမ်း မကောက်ယူမီ တစ်လအတွင်း လူမှုရေး၊ ဘာသာရေးအဖွဲ့ တစ်ခုခုသို့ ငွေကြေး လှူဒါန်းဖူးသူများ ဖြစ်သောကြောင့် မြန်မာနိုင်ငံသားများမှာ ကမ္ဘာ့ အလှူပေးဆုံး စာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်နေခြင်း ဖြစ်ပြီး ဗြိတိန်နိုင်ငံမှာ ၇၆ ဦးဖြင့် ဒုတိယ နေရာ၌ ရပ်တည်နေကြောင်း အဆိုပါ စာရင်းတွင် ဖော်ပြထားသည်။
အလှူပေးမှုမှာ ချမ်းသာခြင်း၊ ဆင်းရဲခြင်းနှင့်များစွာ မသက်ဆိုင်ဟု မြန်မာက သတိပေးလိုက်ခြင်း ဖြစ်ကြောင်း၊ ကမ္ဘာ့ အရက်ရောဆုံး နိုင်ငံသားစာရင်း ထိပ်ဆုံး ဆယ်နိုင်ငံတွင် ဖွံ့ဖြိုးပြီး နိုင်ငံများ ဖြစ်သည့် G20 စာရင်းဝင် နှစ်နိုင်ငံသာ ပါဝင်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ထောက်ပြထားသည်။
တစ်လအတွင်း ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်း တစ်ခုခုသို့ ငွေကြေး လှူဒါန်းမှု၊ အဆိုပါ အဖွဲ့တစ်ခုခုသို့ ကိုယ်တိုင်ကိုယ်ကျ ပါဝင် လုပ်အားပေးမှုနှင့် အကူအညီ လိုအပ်နေသူ မျက်နှာစိမ်း တစ်ဦးကို အကူအညီ ပေးမှုစသည့် အချက်သုံးချက်အပေါ် အဓိက တိုင်းတာသည့် ကမ္ဘာ့ ပေးလှူမှု စာရင်း (World Giving Index) တွင်မူ အမေရိကန် ပြည်ထောင်စုက ပထမဆုံး ဖြစ်ပြီး မြန်မာနိုင်ငံကမူ ကနေဒါ၊ နယူးဇီလန် နိုင်ငံတို့နှင့် ဒုတိယနေရာ၌ ပူးတွဲ ရပ်တည်နေကြောင်း CAF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသားများ အနေနှင့် ယင်းသို့ ကမ္ဘာ့ ငွေကြေး အလှူဒါန်းဆုံး နိုင်ငံသားအဖြစ် သတ်မှတ်ခံရခြင်းမှာ ပေးလှူ လိုသော စေတနာ သဒ္ဓါတရား အားကောင်းသည့် လူမျိုးများ ဖြစ်ခြင်းကြောင့် ဖြစ်ကြောင်း သီရိလင်္ကာနိုင်ငံ ကေလနိယ တက္ကသိုလ်တွင် ပညာသင်ယူနေသည့် မြန်မာရဟန်းတော် အရှင်ဓမ္မပိယက မိန့်ကြားသည်။
“အကျိုးဖြစ်ထွန်းမှုကတော့ ပေးလှူသူရဲ့စေတနာ၊ ပေးလှူတဲ့နေရာ အပေါ်မှာ မူတည်လိမ့်မယ်” ဟု အရှင်ဓမ္မပိယက ရှင်းပြသည်။
အကူအညီလိုသူ မျက်နှာစိမ်းကို အကူအညီပေးမှု ထိပ်ဆုံးစာရင်းတွင် အမေရိကန် ပြည်ထောင်စုက ၇၇ ရာခိုင်နှုန်းဖြင့် ရပ်တည်နေပြီး လူမှု အဖွဲ့အစည်းများတွင် လုပ်အားပါဝင်မှု ထိပ်ဆုံးစာရင်း၌ တာ့ခ်မင်နစ္စတန် နိုင်ငံက ၅၇ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံး၌ ရပ်တည်နေသည်။
ကမ္ဘာ့ နိုင်ငံပေါင်း ၁၃၅ နိုင်ငံကို ထည့်သွင်း ကောက်ယူသည့် အဆိုပါ World Giving Index စာရင်းတွင် ၂၀၀၆ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံကို ပထမဆုံး ပြန်လည် ထည့်သွင်း ကောက်ယူခြင်း ဖြစ်ပြီး နိုင်ငံအလိုက် စာရင်းတွင် ဒုတိယနေရာ၌ ပထမဆုံး ဖော်ပြခံရခြင်း ဖြစ်သည်။
The Voice Weekly
Thit Htoo Lwin - News
ဒုရဲအုပ် အမျိုးသမီးကို တည်ကြက် လုပ်၍ လုယက် သူများအား ဖမ်းမိ..........................
မုံရွာ၊ ဒီဇင်ဘာ ၈
တစ်ပတ်အတွင်း အမျိုးသမီးသုံးဦး လုယက်ခံခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီး မြို့တော်မုံရွာမြို့ အဓိက
လမ်းမကြီးများတွင် ပိုက်ဆံအိတ် လုယက်သူ များကို ဒီဇင်ဘာလ ၇ ရက်နေ့ ညပိုင်း ၈ နာရီအချိန်က ဒု
ရဲအုပ်အမျိုးသမီးတစ်ဦးကို တည်ကြက်အဖြစ် အရပ်သားအမျိုးသမီးအဖြစ်သုံး၍ မြို့မရဲစခန်း ရဲတပ်ဖွဲ့က
ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးက အတည်ပြု ပြောကြားသည်။
ဒီဇင်ဘာလ ပထမပတ်အတွင်းတွင် အမျိုးသမီးများ ပိုက်ဆံအိတ်များလုယက်မှုများ ဖြစ်ပွားခဲ့ပြီးနောက်
ဒုရဲအုပ် အမျိုးသမီး စီးနင်းသည့် ဆိုင်ကယ်ရှေ့ခြင်းအတွင်း ကြိုးဖြင့် ချီထားသည့် အိတ်ကို ထည့်စေပြီး
ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်မှ ဆင်နှစ်ကောင် ဘုရားအကြား လမ်းကြောင်းအတိုင်း ဆိုင်ကယ်ကို စီး
နင်းခဲ့ရာ ညပိုင်း ၈ နာရီ အချိန်ခန့်တွင် ကန်သာယာ ဘုရား အနီးတွင် လူငယ်နှစ်ဦး စီးလာသည့် ဆိုင်
ကယ်က အိတ်ကို ဆွဲယူ ခဲ့သည့် အတွက် နောက်မှ အနီးကပ် လိုက်ပါလာသည့် ဒုရဲအုပ် အမျိုးသားနှင့်
ကြိုတင်စောင့်ဆိုင်းနေသောရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“အရပ်ဝတ်နဲ့ တပ်ဖွဲ့ဝင် ၁၅ ဦးလောက်ထိ စောင့်နေပြီးသားပါ၊ အခင်းဖြစ်တဲ့အချိန်မှာ လုယက်သူတွေ
က အိတ်လုပြီး ဆိုင်ကယ်ကို ပြန်ကွေ့ပြေးဖို့ ကြိုးစားတယ်။ အဲဒီမှာ ဆိုင်ကယ်နောက်က အိတ်လုတဲ့လူ
ကို လှမ်းဆွဲလိုက်တာ ဆိုင်ကယ် မောင်းသူကတော့ ထွက်ပြေးသွားတယ်” ဟု ကိုယ်တိုင် ပါဝင်ဖမ်းဆီး
ခဲ့သည့် မုံရွာမြို့မစခန်းမှူး ဦးကျော်ကျော်ညွှန့်က ဆိုသည်။
ဖမ်းဆီးရမိထားသူမှာ အသက် ၁၉ နှစ်အရွယ်ဖြစ်ကာ တံခွန်တိုင်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး လုယက်
မှုတွင် ပါဝင်ဆက်နွှယ်သော နောက်ထပ်သုံးဦးကိုလည်း ဖမ်းဆီးရမိခဲ့သည့်အတွက် စုစုပေါင်းလေးဦးဖမ်း
မိထားကြောင်း ယင်း မြို့နယ်ရဲစခန်းမှ သိရသည်။
မုံရွာမြို့ပေါ် အဓိက လမ်းမပေါ်တွင် နိုဝင်ဘာလ၂၈ ရက်နေ့က အမျိုးသမီး ဆရာဝန်တစ်ဦး ပထမဆုံး
အကြိမ် ပိုက်ဆံအိတ် လုယူခံရပြီး ဒီဇင်ဘာလ ၄ ရက်နေ့ည ၇ နာရီတွင် စာရင်းစစ်ရုံးမှ ပြန်လာသည့်
ဝန်ထမ်းအမျိုးသမီး လုယက်ခံရသည့်အပြင် ဒီဇင်ဘာလ ၅ ရက်နေ့ညပိုင်း ၉ နာရီခန့် ကလည်း စာသင်
ပြီး ပြန်လာသည့် ဆရာမတစ်ဦး ထပ်မံလုယက်ခြင်း ခံခဲ့ရသည်။
ဖမ်းဆီးရမိသည့် တရားခံများကို မုံရွာမြို့မ ရဲစခန်းမှ (ပ) ၆၀၂/၂၀၁၃ ပြစ်မှု ပုဒ်မ ၃၈၂ အရ အမှုဖွင့် အ
ရေးယူထားသည်။
The Voice Weekly
ထိုင်ခုံ နံပါတ်အတိုင်း မထိုင်ကြသူများကြောင့် ဘောလုံးပွဲကြည့် ပရိတ်သတ်များ အခက်တွေ့ ........................
Monday, December 9, 2013
ရန်ကုန် ၊ ဒီဇင်ဘာ ၈ ။ ။ မြန်မာ့လက် ရွေးစင်ဘောလုံး အသင်းကစား မည့်ပြိုင်ပွဲများ အတွက် လက်မှတ် များဝယ်ယူထားသော်လည်း ပြိုင် ပွဲကျင်းပချိန် တွင် နေရာအခက် အခဲများနှင့် ကြုံတွေ့ရကြောင်း ဘောလုံးဝါသနာရှင်များက ဝေ ဖန်ပြောကြားသည်။
ကွင်းအတွင်း လက်မှတ်ဖြင့် နေရာပြသမည့်သူမရှိခြင်းနှင့် ကွင်းအတွင်း ကြိုတင်ရောက်ရှိသူ များမှ ဦးရာလူစနစ်ဖြင့်နေရာယူ ထားခြင်းများကြောင့် ပြိုင်ပွဲကြည့် ရှုရန် နေရာအခက်အခဲဖြစ်ပေါ် ခဲ့ခြင်းဖြစ်ကြောင်း ယင်းတို့ကဆို သည်။
မြောက်ဥက္ကလာပမြို့နယ် မှဦးမြင့်ဦးက ''အလုပ်ကနောက် ကျတော့ ဘောလုံးပွဲကို မြန်မာပွဲစ ခါနီးမှရောက်တယ်။ ကွင်းထဲမှာ လက်မှတ်ပြတော့ အဆင်ပြေတဲ့ နေရာထိုင်လို့ ပြောတယ်။ လက် မှတ်မှာ နေရာနဲ့ခုံနံပါတ်ပါပြီးသား ကိုပြောလို့မရဘူး''ဟု ပြောသည်။
အဆိုပါဦးရာလူစနစ်ဖြင့် နေရာယူထားခြင်းများကြောင့် အမှန်တကယ်လက်မှတ်နှင့် ခုံအ မှတ်ပါရှိသူများမှ နေရာဖယ်ရှား ပေးရန်ပြောဆိုရာတွင် အငြင်းပွား မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ယင်းတို့က ဆိုသည်။
သန်လျင်မြို့နယ်မှကိုစည်သူ က''ကျွန်တော်တို့က လက်မှတ် ဝယ်ကတည်းက ကိုယ့်ခုံနံပါတ် နဲ့ကိုယ်ထိုင်ရမယ်ဆိုပြီး ပြောတယ်။ အဲဒါကြောင့် ကျွန်တော်တို့နေတာ က ဝေးတဲ့အတွက် မြန်မာအသင်း ကစားမယ့်အချိန်ကျမှ ရောက် တော့ ကွင်းထဲမှာလူက ပြည့်နေ ပြီ။ ကိုယ့်ခုံနံပါတ်မှာလဲ သူများ တွေက ထိုင်နေပြီ။ သွားပြောတော့ ဘယ်လိုမှပြောလို့မရဘူး။ အခု နိုင်ငံတကာအဆင့်ပွဲတွေမှာ ဒီ လိုမျိုးမဖြစ်အောင် ပွဲစီစဉ်သူတွေ က လုပ်ပေးသင့်တယ်။ နောက် တစ်ခုက ဘောလုံးပွဲကြည့်တဲ့သူ တွေကလဲ နိုင်ငံကြီးသားပီသဖို့ လိုတယ်''ဟု ဆိုသည်။
ယင်းအပြင် မြန်မာ့လက် ရွေးစင်ဘောလုံးအသင်းပြိုင်ပွဲ သည် ပြိုင်ပွဲများကို ဝင်ရောက် ကြည့်ရှုရာတွင် လုံခြုံရေးကတ် ပြားများ ပြုလုပ်ထားရမည်ဖြစ် ပြီး လက်မှတ်နှင့်တကွအတူပါရှိမှ ကြည့်ရှုရမည်ဟုဆိုသော်လည်း ကွင်းအတွင်း ဝင်ရောက်ရာတွင် လုံခြုံရေးကတ်များစစ်ဆေးခြင်း မရှိဘဲ လက်မှတ်ရှိသူတိုင်း ဝင် ရောက်ခွင့်ပြုထားကြောင်း သိ ရသည်။
သန်းနိုင်ဦး - Yangon Media Group
Thit Htoo Lwin - News
"အိမ်သာထဲကဗိုက်ကြီးသည်"............................
ဆေးရုံတစ်ရုံရဲ့ မှုန်ပြပြမီးရောင်အောက်တွင် နန်းသီတာ တစ်ယောက် အိမ်သာသွားရန် အိပ်နေရာမှ ထလိုက်သည် လူနာခုတင်ထက်တွင် အိပ်ပျော်နေသော နန်းသီတာ ယောင်းမဖြစ်သူကို တစ်ချက်ကြည့် လိုက်သည်ယောင်းမကတော့နှစ်ခြိုက်အိပ်ပြောနေလေသည်။
ဘေးခုတင်ကလူနာစောင့်ကို အဖော်ခေါ်ရန် ကြည့်လိုက်တော့လဲ ဘေးခုတင်ကလူနာဖြစ်သည့် မကေခိုင်ကလဲ အိပ်မောညနေလေပီ.......
အိမ်သာသွားချင်လွန်းလို့ ထလာရသော်လည်း.. လူသူကင်းမဲ့နေသော မှိန်ပြပြ မီးရောင်အောက်တွင် တစ်ယောက်တည်း လာခဲ့ရသဖြင့် တိတ်ဆိတ်မှုရဲ့ လှည့်ဖျားမှုအောက်တွင် အလွန်ခြောက်ခြားစရာကောင်းလှပသည်........
ကော်ရစ်တာတစ်လျှောက်တွင်လည်း သူမခြေသံမှ အပ အရာအားလုံးတိတ်ဆိတ်လျက်..
ဆိုးရွားလှသော အနံ့အသက်များရှိရာ အိမ်သာတံခါးကိုဖွင့်ရင်း ကိစ္စအမြန်ပြီးစီးအောင် ဖြေရှင်းနေခိုက်တွင် အိမ်သာတံခါးကိုလာခေါက်သံတစ်ခု ကြားလိုက်ရလေသည်...
အိမ်သာအခန်းလွတ်တွေရှိနေတာကိုသူမအခန်းကိုမှာ လာခေါက်သောကြောင့် နန်းသီတာ တစ်ယောက်စိတ်တိုခါ "အထဲမှာလူရှိတယ်"ဟု ပြန်အော်လိုက်သည်နှင့် တံခါးခေါက်သံ ရပ်သွားခါ တခါးကိုလက်သည်းနဲ့ခြစ်သံ ထွက်လာပြန်သည် နန်းသီတာ တစ်ယောက် ဒေါသကိုမထိန်းနိုင်တော့ဘဲ ကိစ္စကိုအမြန်ရှင်း၍တံခါး အဖွင့်တွင် " ဟင် ဘယ်သူမှမရှိပါလား ငါသေချာကြားလိုက်တာပါ " ဘယ်ရောက်သွားတာပါလဲ လို့တွေးရင် လက်ဆေးဘေစင်သို့ သွား၍လက်ဆေးနေစဉ် အကြည့်ကမှန်ထဲသို့ရောက်သွားသည် မှန်နောက်တည့်တည့်က အိမ်သာအခန်းတွင် မိန်းမတစ်ယောက် အိမ်သာခွက်ပေါ်ခွထိုင်၍ တစ်စုံတစ်ရာကို ကောက်နေပုံတွေ့လိုက်ရသည်နန်းသီတာ မင်သေပီးကြည့်နေမိသည် သတိဝင်လာတော့ အနောက်သို့ လှည့်ကြည့်လိုက်ရာ ဘယ်သူမှမရှိ " ဟင် ငါသေချာမြင်လိုက်တာပါ ဘုရားဘုရား " နန်းသီတာကြက်သိမ်းတွေ ထလာက ဘုရားသ၍အိမ်သာဘက်သို့ အမြန်ပြေးထွက်ခဲ့လေသည်
အိမ်သာအပြင်ဘက်ရောက်တော့ အိမ်သာထဲမှာ ညီးသံကြီးတစ်ခုကို ကြားလိုက်ရလေသည် နန်းသီတာ တစ်ယောက် ကြောက်ကြောက်လန့်လန့်နဲ့ယောင်းမဖြစ်သူခုတင်သို့ အပြေးလေးပြေးသွားတော့ပါသည် ယောင်းမခုတင်ရောက်တော့ ယောင်းမကတစ်ရေးနိုးသည် ထင်တယ် ခုတင်ပေါ်တွင် ထိုင်လိုက် နန်းသီတာကို ဘာဖြစ်လို့လဲ မေးလေသည် ယောင်းမဖြစ်သူက ဗိုက်ကြီးနဲ့မွေးခံနီးပီဖြစ်သောကြောင့် ဆေးရုံကြိုတတ်နေခြင်းပင် ယောင်းမဖြစ်သူကြောက်မှာဆိုးတာကြောင့် "ဘာမှမဖြစ်ပါဘူး ဒီလို့ဘဲ ပြေးလာပါ မမူ ညအိမ်သာသွားချင်ရင် နန်းကိုနိုးနော် တစ်ယောက်ထဲမသွားနဲ့"ဟု မှာလိုက်သည် ယောင်းမကတော့ "အေးအေး ငါတစ်ရေးနိုးလာတာနန်းရဲ့ ငါအိပ်နေတဲ့အချိန်မှာလေ ငါကိုကိုတစ်ယောက်ယောက် ဘေးမှာကြည့်နေသလိုခံစားရတယ် ပီးတော့ ငါလိုဗိုက်ကြီးသည်တစ်ယောက်ကိုခဏခဏတွေ့နေရတယ်
"
"မမူစိတ်ထင်လို့နေမှာ ပြန်အိပ်တော့လေ နန်းဘေးကနေဘုရားစာရွတ်ပေးမယ် "ယောင်းမကြောက်မှဆိုး၍ပြောလိုက်ရသောလဲ ကိုယ်ကိုတိုင်ကလဲ စောကအိမ်သာထဲတွင် တွေ့ခဲ့ရသော ပုံရိပ်ကို မျက်စိထဲကမထွက်ဒီညတော့ နန်းသီတာအိပ်ရတော့မယ်မထင် အရင်ထဲကအရမ်းကြောက်တတ်သောနန်းသီတာ ခုလို့တွေ့လိုက်ရတော့ မျက်စိထဲကမထွက် ဆေးရုံကိုလူနာစောင့်သွားရမယ်လို့ပြောထဲကလူကသေချင်စော်နံနေမိသည် မသွားလို့ကလဲ မရ နန်းသီတာ အစ်ကိုကစစ်သားတစ်ယောက် မိန်းမရတာ ၁နှစ်ခန့်မှာ ကိုကိုမိန်းမ ဗိုက်ကြီး၍ခုမွေးခံနီးစစ်ဆေးရုံတွင်ကြိုတက်ထားတာဖြစ်သည် အဲတော့ အိမ်မှာလုပိုဖြစ်နေသည့် နန်းသီတာကအလိုလိုနေရင်း လူနာစောင့်ဖြစ်နေရလေသည် "ဟူးကြောက်ပါတယ်ဆိုမှာ ငါကိုမှဆေးရုံလူနာစောင့် ရွေးလွှတ်တယ် ခုကြုံခဲ့ရတာကိုေ့ပြာပြရင်လဲ ဘယ်သူမှာယုံမှမဟုတ် ညီးကြောက်လို့ ညီးစိတ်ကဖြစ်နေတာပါလို့ဘဲ အပြောခံရမည်သာ" ဟိုတွေးဒီတွေးတွေးရင်းနန်းသီတာ တစ်ယောက် အိပ်ပျော်သွားလေသည်...
အိပ်ရာကနိုးတော့ ယောင်းမဖြစ်သူကနိုးနေပီ နန်းသီတာ မျက်နှာသစ်ရန်ပင် အိမ်သာဖက်ကိုမသွားရဲတော့ အဲတော့ ဘေးက လူနာစောင့်မကေခိုင်ကို အဖော်ဆက်သည် "မကေ မျက်နှာသွားသစ်ရအောင်လေ"ဆိုတော့ မကေက တစ်ခုခု ရိပ်ပင်ပုံရပီ ဘာမှမပြောဘဲ ထလိုက်လာသည် လမ်းရောက်မှ"နန်း နင်ညက အိမ်သာသွားတယ်မှတ်လား ဘာထူးခြားတာ တွေ့ခဲ့လဲ "ဆိုတော့ နန်းသီတာကလဲ သူတွေ့တာကိုပြောပြချင်နေတာအတော်ဖြစ်နေတာနဲ့ ညကသူတွေ့ခဲ့တာတွေပြောပြလေသည် အဲတော့ မကေခိုင်က "အေး အဲအိမ်သာကအရမ်းခြောက်တာနန်းရဲ့" ဟင် ဟုတ်လားအစ်မ အဲထဲမှာသရဲရှိတာပေါ့နော် "အေး နန်း နောက်နေ့ညတွေဆို နင်အိမ်သာသွားချင်ရင် အဖော်နဲ့သွား အဖော်မရှိရင် ငါကိုနိုး အားမနာနဲ့ ငါလိုက်ခဲ့ပေးမယ် အဲအိမ်သာက ညဘက်ဘယ်သူသွားသွား နင်ကိုေ့ခြာက်သလို အကုန်အခြောက်ခံရတယ် အဲအိမ်သာထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ယောက်ဆုံးဖူးတယ်
" ဘုရား ရေ ဟုတ်လား အစ်မ ဘယ်လိုဆုံးတာလဲဟင် သိရင်ပြောပြပါလား ဆိုတော့ မကေခိုင်က " ဒီဆေးရုံမှာဘဲ နန်းအစ်မလို့မွေးခံနီး ဆေးရုံလာတက်တဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်ဟ တစ်ရက် အဲအမျိုးသမီးကမွေးခံနီးလို့ ဗိုက်နာကို မသိဘဲ ရိုးရိုး ဗိုက်နာတယ်ထင်ပီတော့ ခု အိမ်သာကိုသွားတယ်လေ တစ်ယောက်ထဲအဖော်ကလဲ မပါဘူး ဟိုရောက်တော့ သူကဘဲ သေဖို့ကံပါလာလို့လား မသိဘူး သူမွေးတော့မယ်သိတဲ့အချိန်မှာအဖော်ကလဲ မပါတာကတစ်ကြောင်း သူဗိုက်အရမ်းနာနေတော့ အပြင်ဘဲ ပြန်မထွက်လာနိုင်လို့လားတော့မသိဘူး ကလေးက အိမ်သာခွက်ထဲကိုထွက်ညသွားတယ်လေ သူလဲ အဲတာကိုမြင်ပီး သွေးလန့်ပီးသေသွားတာဘဲ သူကိုဆေးရုံကလူတွေတွေ့တဲ့အချိန်မှာ ကလေးကလဲ သေနေပီ သူကလဲ သေနေပီ အဲနောက်မှာ အဲအိမ်သာအခန်းထဲမှာမိန်းမတစ်ယောက် အိမ်သာခွက်ကို ခွထိုင်ပီ တစ်ခုခု ကောက်နေတဲ့ ပုံစံညဘက်အိမ်သာသွားသူတိုင်းတွေ့ရတာဘဲ ငါလဲ အခြောက်ခံပီသွားပီဟ ငါလဲ
ဒီဆေးရုံကလူနာအဝတ်တွေကိုအခကြေးငွေယူပီးလျော်ပေးနေတဲ့ အန်တီကြီးပြောပြတာ " ဟုပြောပြလေသည် "အံမယ်လေး မကေရယ် ကြားရတာနဲ့တင် ကြက်သိမ်းထမိတယ် တစ်ကယ် "နန်းသီတာ စကားလဲဆုံးရော အိမ်သာအပေါက်ဝသို့ ရောက်လာတာနဲ့ ပြောနေတဲ့အကြောင်းကို ဆက်မပြောတော့ဘဲ မျက်နှာကိုအမြန်သစ်ခါ နှစ်ယောက်သား ပြန်ထွက်လာခဲ့သည် နန်းသီတာတစ်ယောက်ကတော့ အဲအိမ်သာအခန်းကို ယောင်လိုပင် လှည့်မကြည့်ခဲ့ နောက်များအိမ်ကဆေးရုံလူနာစောင့်ခိုင်းရင် ရိုက်ချင်ရိုက်ပါ့စေ လုံးဝမစောင့်ဘူးဟု ဆုံးဖြတ်လိုက်လေသည်....
ဒီဇာတ်လမ်းလေးကတော့ ပြည်ခုတင်၁၀၀ ဆေးရုံသားဖွားမီးယပ်အဆောင်အိမ်သာတွင်ခြောက်ခံခဲ့ရသောလမင်းမေမေကိုယ်တိုင်ပြောပြတဲ့ ဇာတ်လေးပါရှင် မန်ဘာတွေ ကြိုက်နှစ်သက်လိမ့်မယ်လို့မျှော်လင့်ရင်း မန်ဘာတွေရဲ ဝေဖန်အကြံပေးမူ အားပေးမူကို စောင့်မျှော်နေပါတယ် ဒီဇာတ်လမ်းလေးကိုပြောပြပေးသော ချစ်မေမေကို ဒီနေရာက အထူးကျေးဇူးတင်ပါတယ် ရှင် ...
Credit:သရဲ သဘက် ဘီလူး အစရှိသော - ပေတလောကသားများအကြောင်း
--
အောင်မြင်တဲ့ အလော့ဂါ တစ်ယောက်ဖြစ်ဖို့ .........................
(ဘလော့ဂ်ဒေးအမှတ်တရ ပို့စ်တစ်ခုရေးပေးဖို့ ကိုဖြိုး
က Tag ထားပါတယ်. ဒါကြောင့် ဒီပို့စ်လေးကို ရေးဖြစ်သွားပါတယ် ခင်ဗျာ.)
August
31 က ကျွန်တော်တို့ ဘလော့ဂါတွေ စုပေါင်းပြီး ရန်ကုန်မှာရော မန္တလေးမှာပါ
ဘလော့ဂ်ဒေး အခမ်းအနားကျင်းပခဲ့တာ အားလုံးအသိပဲဖြစ်မှာပါ။
နှစ်နေရာလုံးအောင်မြင်ခဲ့ပါတယ်။ တက်ရောက်လာတဲ့ ပရိသတ်ကို နည်းပညာအသစ်နဲ့
မိတ်ဆက်ပေးရုံသာမက ပျော်ရွှင်ဖွယ်ရာ အစီအစဉ်လေးတွေကိုပါ
ထည့်သွင်းဖြေဖျော်ခဲ့တာ သတိထားမိပါတယ်။ ဒီလိုမျိုး
စိတ်ကူးစိတ်သန်းကောင်းလေးတွေကို အသုံးချတတ်တဲ့ ဘလော့ဂါမောင်မယ်တို့ကို
ချီးကျူးလေးစားမိပါတယ်.
ကဲဗျာ. ကျွန်တော်တို့ ဘလော့ဂ်ခရီးလည်း
တော်တော်လေး ရောက်ခဲ့ကြပြီနော်။ ဘာတွေဖြစ်နေတယ်ဆိုတာရယ်၊
ဘာတွေဖြစ်လာနိုင်တယ်ဆိုတာရယ်ကို တစေ့တစောင်းလောက် အကဲခတ်ကြည့်လိုက်ကြရင်း
အောင်မြင်တဲ့ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ ဆောင်ရန်ရှောင်ရန်လေးတွေ အကြောင်း
နည်းနည်းလောက်ဆွေးနွေးတင်ပြချင်ပါတယ်.
ဘလော့ဂါတွေကြားထဲမှာ
အရင်တုန်းက ပြဿနာတစ်ခု ပုံစံမတူဘဲ ခဏခဏ၀င်လာခဲ့ဖူးပါတယ်။ အဲဒါကတော့
စာလုံးပေါင်း သတ်ပုံအမှားအမှန်ကိစ္စပါ။ ဘလော့ဂါတစ်ယောက်က
သတ်ပုံမှားရေးမိမယ်။ အဲဒါကို နောက်တစ်ယောက်က ထောက်ပြမယ်။ အဲဒီ့မှာ
ပြောတဲ့သူကလည်း အပြောမတတ်ဘဲ ဆရာကြီး ၀င်လုပ်တဲ့လေသံတွေ ပါလာမယ်။
အပြောခံရသူက စိတ်တိုမယ်။ ပြန်လည်ချေပပြောဆိုမယ်။
နီးစပ်ရာဘလော့ဂါသူငယ်ချင်းတွေပါ ပါဝင်လာပြီးတော့ အုပ်စုလိုက်
အငြင်းပွားမှုတွေ ဖြစ်လာမယ်။ အဖြေမရတဲ့ ငြင်းခုန်ပွဲအပြီးမှာ
အုပ်စုတွေကွဲလို့ ရန်သူတွေဖြစ်ကုန်ကြပါတယ်.။ တစ်ချို့ဆို ဘလော့ဂ်လောကကို
စိတ်ကုန်သွားတဲ့ အထိတောင် ဖြစ်သွားကြပါတယ်။ ခံစားဖူးသူတိုင်းသိကြမယ်
ထင်ပါတယ်။
ဘလော့ဂ်ရေးတာ ခေတ်မစားမီက ဖိုရမ်တွေ၊ Chat Room တွေ
အတော်လေး ခေတ်ထလိုက်ပါသေးတယ်။ အဲဒီ့တုန်းက Yangon Chat တို့၊ Planet
တို့မှာ လူတွေ စည်ကားခဲ့ကြတာပေါ့ဗျာ။ ချက်ကြမယ်၊ မိတ်ဆွေဖွဲ့ကြမယ်စတဲ့လူတွေ
ရှိသလို ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာတွေကို ဇွတ်မေးပြီး အတင်းမိတ်ဖွဲ့၊
ရည်းစားစကားပြောဖို့ ကြိုးစား စတဲ့သူတွေလည်းရှိပါတယ်။
ခုလည်းဒီလိုရှိနေတုန်းပါပဲ။ ဒါကိုကြိုက်တဲ့သူတွေ ရှိသလို
မကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ ဘလော့ဂ်ဆိုတာ ပေါ်လာတော့
လူငယ်တွေ ဒီဖက်ကို အလုံးလိုက်အရင်းလိုက် ၀င်လာကြပြန်ပါတယ်။
ဘလော့ဂ်ရေးတာက
တစ်ခြား Activity တွေနဲ့ သိပ်မတူဘူးဗျ။ သူက ကိုယ့်ရဲ့နေ့စဉ် ဒိုင်ယာရီ
သဘောမျိုးအနေနဲ့ ဖြစ်နိုင်သလို ပညာသင်ယူတဲ့နေရာ၊ ပညာမျှဝေတဲ့နေရာ၊
ပရဟိတလုပ်ငန်းများအတွက် စည်းရုံးနှိုးဆော်တဲ့နေရာ၊
လူမှုဆက်ဆံရေးနည်းပညာတွေကို သင်ယူတဲ့နေရာ စသည်ဖြင့် အမျိုးမျိုး
ဖြစ်လာနိုင်ပါတယ်။ ကိုယ်ရေးတဲ့ဘလော့ဂ်က ဘယ်လိုပုံစံဖြစ်လာမလဲ ဆိုတာကိုလည်း
ကိုယ်ပဲဆုံးဖြတ်သွားတာပါ။ အခုနောက်ပိုင်းဆိုရင် ဘလော့ဂါတွေ
အများကြီးစုပေါင်းရေးသားတဲ့ ဘလော့ဂ်ကောင်းလေးတွေပါ ထွက်ပေါ်လာတာ
သတိထားမိပါတယ်။ ဒီလိုရေးသားနိုင်ဖို့ ကိုယ်တစ်ဦးကောင်းတစ်ယောက်ကောင်း
လုပ်လို့မရတော့ပါဘူး။ အများနဲ့ညှိနှိုင်းပြီး သူတို့ပါဝင်ရေးသားချင်လာအောင်
ရည်ရွယ်ချက်ကောင်းဖို့၊ စည်းရုံးတတ်ဖို့ပါ လိုအပ်လာပါတယ်။
အရင်တုန်းက
တော်တော်များများက ယူဆခဲ့ကြပါတယ်။ ဘလော့ဂ်ရေးတယ်ဆိုတာဟာလည်း Online
Activity တစ်ခုပါပဲ။ အချိန်တန်ရင် ငြီးငွေ့သွားပြီး အသစ်တစ်ခုကို
ထပ်ရှာမှာပါပဲလို့ပေါ့။ ပြီးတော့လည်း ထင်ကြပါသေးတယ်။ ဘလော့ဂါတွေဆိုတာဟာလည်း
Online Community တစ်ခုပါပဲ။ အပြင်မှာ လက်တွေ့မကျဘူးလို့
ယူဆခဲ့ကြဖူးပါတယ်။
ဒီအမြင်တွေ မမှန်ကန်မပြည့်စုံဘူးဆိုတာကို
မကြာခင်ကမှ ကျင်းပပြီးစီးသွားတဲ့ ဘလော့ဂ်ဒေး အခမ်းအနားနဲ့
မကြာခင်ထုတ်ဝေတော့မယ့် ဘလော့ဂ်စာအုပ်တို့က သက်သေပြနေပါတယ်။ ဘလော့ဂါတွေ
Online ပေါ်မှာ တွေ့ဆုံရင်းနှီးခဲ့ကြရုံသာမက အပြင်လက်တွေ့ဘ၀ထဲမှာပါ
လုပ်ဖို့ခဲယဉ်းတဲ့ ကိစ္စတွေကို အောင်မြင်စွာ လုပ်ဆောင်သွားနိုင်ခဲ့တယ်။
ရင့်ကျက်မှုတွေ၊ ပညာပြည့်ဝမှုတွေကို ပြသနိုင်ခဲ့တယ်။ ဒါကြောင့်ကျွန်တော်တို့
ဘလော့ဂါတွေကို အိပ်မက်ထဲမှာပဲ အိပ်ပျော်နေသူတွေ၊ မိန်းမောနေသူတွေလို့
ယူဆမိရင် မှားမယ်လို့ ရဲဝံ့စွာ ပြောချင်ပါတယ်။
ဘလော့ဂ်တစ်ခုလုပ်ဖို့
လွယ်သလားမေးရင် လွယ်ပါတယ်လို့ ပြန်ဖြေရပါမယ်။ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ရော
လွယ်သလားထပ်မေးရင်တော့ ထင်သလောက် မလွယ်ဘူးလို့ ပြန်ဖြေချင်ပါတယ်။
ဘာလို့လဲဆိုတော့
ဘလော့ဂါတိုင်း ဘလော့ဂ်ရှိကြတယ်။ ဒါပေမယ့် ဘလော့ဂ်တစ်ခုရှိတိုင်း ဘလော့ဂါကောင်းတစ်ယောက် ဖြစ်မလာနိုင်ဘူး။
ဟုတ်ကဲ့။
မအံ့ဩပါနဲ့ခင်ဗျာ။ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့၊ အများလက်ခံတဲ့ စာပေတွေ
ရေးသားနိုင်ဖို့ဆိုတာကျတော့ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေသာမက
ကိုယ်ပြဋ္ဌာန်းတဲ့ စေတနာပေါ်လည်း မူတည်ပါတယ်။
ကဲ. ဘလော့ဂ်တစ်ခုရပြီ။
ရေးတယ်ဗျာ။ ပို့စ်တစ်ခု. နောက်နေ့လာမယ်. ရေးမယ်. နောက်တစ်ခု. နောက်နေ့.
နောက်တစ်နေ့. တစ်ပတ်နှစ်ပတ်လောက်နေတော့ ခင်ဗျား ဘာဆက်ရေးရမယ် မသိတော့ဘူး။
ကဲ. ဘယ်လိုလုပ်ကြမလဲ။
သူများတွေများ ရေးနေလိုက်တာ
ပို့စ်တွေတစ်ခုပြီးတစ်ခု၊ ကော်မန့်တွေလည်း ရနေလိုက်ကြတာ သူတို့ပဲ
သိမ်းကျုံးယူနေသလား အောက်မေ့ရတယ်. ငါ့ကျတော့ ဘယ်သူမှလည်း လာအားမပေး.
ငါ့ရဲ့ဆီဘောက်စ်လေးမှာ ဘယ်သူမှ လာနှုတ်မဆက်. ငါကိုယ်တိုင်လည်း ဘာဆက်ရေးရမယ်
မသိ. အဲဒီ့မှာ ခင်ဗျား ဘလော့ဂါဖြစ်မဖြစ် သက်သေပြရတော့မယ်..
တစ်ခုဖြတ်ပြောမယ်…
ဘလော့ဂါကောင်းတစ်ယောက်အတွက် ရေးစရာမရှားဘူး. သူ့မှာ ပြဿနာနှစ်ခုပဲ
ရှိနေတယ်. ရေးနိုင်ဖို့အချိန်ရယ်၊ ရေးချင်တဲ့စိတ်ရယ်ပဲ လိုနေတယ်.
အဲဒီ့နှစ်ခုနဲ့ပြည့်စုံရင် ပို့စ်တွေတစ်ခုပြီးတစ်ခု ရေးနေနိုင်တယ်.
အခုခင်ဗျားမှာ
ရေးစရာပြတ်နေတယ်. ဘာဆက်ရေးရမယ်မသိဘူး. နီးစပ်ရာဘလော့ဂါ
တစ်ချို့ကိုမေးမြန်းပြီး အကြံဥာဏ်တောင်းကြည့်တော့လည်း
သူတို့ကပြန်ပြောပါလိမ့်မယ်.
Everything is bloggable. မင်းကြိုက်တာသာရေး...
အဲဒါမှဒုက္ခ၊ ဘာရေးရမှန်းမသိပါဘူးဆို ကြိုက်တာရေးတဲ့….
ဟုတ်ပြီဗျာ.
အဲလိုမျိုး ကျွန်တော့်ကို တစ်ယောက်ယောက်က လာမေးမယ်ဆိုပါတော့. ဘာရေးရမလဲ.
ကိုယ့်ဘလော့ဂ်ကို လူလာအောင်ဘယ်လို လုပ်ရမလဲ.
အောင်မြင်တဲ့ဘလော့ဂါတစ်ယောက်ဖြစ်အောင် ဘယ်လိုပို့စ်တွေ ရေးရမလဲ.
စိတ်ချ. ကျွန်တော်ပြောတာတွေကိုသာ တသွေမတိမ်းလုပ်. ခင်ဗျား အောင်မြင်စေရမယ်.
၁. စာဖတ်ရမယ်၊ ဗဟုသုတလေ့လာဆည်းပူးရမယ်
၂. ဘလော့ဂ်ရေးတာကို အမှန်တကယ်စိတ်ပါဝင်စားရမယ်
၃. သင့်တော်တဲ့ အချိန်တစ်ခုကို ခွဲဝေပေးနိုင်ရမယ်
၎. မိတ်ဆွေအပေါင်းအသင်းအသစ်တွေ ရယူလိုစိတ်ရှိရမယ်
၅. ကိုယ့်ရဲ့စိတ်ခံစားချက်ကို နိုင်နင်းရမယ်၊ ရိုးသားရမယ်
အဲဒီ့လောက်ဆိုရင် ခင်ဗျားမှာ ဘလော့ဂါကောင်းတစ်ယောက်ဖြစ်ဖို့ အခွင့်အလမ်းတွေရှိလာပါပြီ.
သတိထားမိလား. ဘာတွေရေးရမယ်လို့ ကျွန်တော်ဘာမှ ထည့်မပြောသွားဘူးနော်. ကျွန်တော်ပြောသွားတာက ခင်ဗျားကိုယ်တိုင်ရဲ့ အကြောင်းတွေပဲ.
ဟုတ်တယ်.
အဲဒီ့အချက်တွေကို လိုက်နာနိုင်ရင် ခင်ဗျားဟာ ဘလော့ဂ်မရေးဘဲနဲ့တောင်
ဘလော့ဂါတွေကြားမှာ အောင်မြင်နိုင်ပါတယ်. (ရှုပ်သွားပြီလား.
ခဏနေရင်ရှင်းသွားပါလိမ့်မယ်)
ဘလော့ဂါတစ်ယောက်ဖြစ်ချင်ပြီ ဆိုမှတော့
အချက် (၂) နဲ့ (၃) က ပြည့်စုံနေပါပြီ. အချက် (၁) နဲ့ ပြည့်စုံတဲ့
ဘလော့ဂါတိုင်းမှာတော့ ရေးစရာတွေ ပေါများနေမှာ အမှန်ပါပဲ. အဲဒီ့အချက် (၁)
နဲပြည့်စုံအောင် ခင်ဗျားကိုယ်တိုင်လည်း စာပေဗဟုသုတ လေ့လာဆည်ပူးချင်စိတ်
ရှိရပါမယ်. အဲလိုမှမဟုတ်ရင်တော့ ခင်ဗျားရေးတဲ့ စာတွေမှာ အနှစ်သာရ မရှိဘဲ
ပေါ့ပျက်ပျက် ဖြစ်နေပါလိမ့်မယ်. တော်တော်များများက ဘလော့ဂ်ကို လှပနေအောင်
အပီအပြင်မွန်းမံတတ်ကြပါတယ်. ဒါပေမယ့် ပရိသတ်က စာကို
ဦးစားပေးဖတ်ပါတယ်ခင်ဗျာ. မဟုတ်ရင်တော့ နောက်တစ်ခါထပ်လာဖို့
မသေချာတော့ပါဘူး. ဘလော့ဂ်လည်းလှ၊ ရေးတဲ့စာတွေလည်းလှ ဆိုရင်တော့
ပြောစရာမရှိပေါ့ဗျာ…
အချက် (၄)ကတော့ လူမှုဆက်ဆံရေးနဲ့ ပတ်သက်ပါတယ်.
ဘလော့ဂါအသစ်လေးတွေက ဘာတွေဖြစ်နေတတ်လဲ ဆိုရင် ကိုယ့်ဘလော့ဂ်ကို
လူလာစေချင်တယ်. လူသိများတဲ့ ဘလော့ဂ်တွေရဲ့ ဆီဗုံးတွေထဲ ၀င်ပြီး
ကြော်ငြာဝင်တယ်. လူတွေလာလည်ရင် ပျော်နေတယ်. လာတာကြဲသွားရင်
ဝမ်းနည်းနေတတ်တယ်..
ဒါဟာ လွဲမှားနေတဲ့ လုပ်ဆောင်ချက်တစ်ခုပါ.
ကိုယ့်ဘလော့ဂ်ကို လူလာစေချင်ရင် ကိုယ်က အရင် သူများဘလော့ဂ်တွေကို
လျှောက်လည်ရပါတယ်. နှုတ်ဆက်ရပါတယ်. လာလည်ဖို့ ဖိတ်ခေါ်ရပါတယ်.
သူများတွေရေးတဲ့ ပို့စ်တွေကို ကော်မန့်လေးတွေ ရေးပြီး
ချီးကျူးဝေဖန်တတ်ရပါတယ်. အဲဒီ့လို လုပ်တာဟာ မိတ်ဆွေအပေါင်းအသင်း
ပွားများအောင် လုပ်တာပါပဲ. လူဆိုတဲ့သဘောက ပုဂ္ဂိုလ်ခင်ရင် တရားမင်တတ်ပါတယ်.
ဒီလိုမျိုး မိတ်ဖွဲ့ပြီး ခင်မင်ရင်းနှီးအောင် ပေါင်းတတ်မှ
ကိုယ့်ဘလော့ဂ်ကိုလည်း အပြန်အလှန်အနေနဲ့ လာလည်မယ်. ကိုယ်ကထပ်ခါထပ်ခါ
သွားလည်ရင် သူကလည်း အပြန်အလှန်အနေနဲ့ ထပ်ခါထပ်ခါ လာလည်မယ်. အဆင်ပြေရင်
Gtalk မှာ တွေ့မယ်၊ ပိုရင်းနှီးလာစေမယ်. ကိုယ့်ဘလော့ဂ်အတွက်
လိုအပ်တာလေးတွေကို အကြံဥာဏ်တောင်းခံနိုင်မယ်. နောက်ဆုံး ခင်ဗျား ဘာပို့စ်မှ
မရေးနိုင်ဘဲ ဒီတိုင်းထားပြီး မိတ်ဆွေဘလော့ဂါတွေဆီ လျှောက်လည်နေရင်
ခင်ဗျားဟာ ဘလော့ဂါမဟုတ်ဘဲနဲ့တောင် ဘလော့ဂါတွေကြားမှာ လူသိများလာနိုင်ပါတယ်.
(မယုံရင် ဒီမိုကစ်တိုကိုကြည့်ပါ. သူ့မှာ ဘလော့ဂ်မရှိပါဘူး.
ရေးလည်းမရေးပါဘူး. ဒါပေမယ့် နာမည်ကြီးဘလော့ဂါတိုင်း သူ့ကိုသိကြပါတယ်.
ခင်မင်ရင်းနှီးကြပါတယ်.)
ကဲဗျာ. လာလည်ကြပြီနော်.
ခင်ဗျားရေးတဲ့ပို့စ်တွေကို သေချာဖတ်မယ်ထင်လား. မထင်ပါနဲ့. ၁၀၀ မှာ ၉၉
ယောက်လောက်က ရမ်းသရူးဖတ်သွားပြီး ခင်ဗျားကို First Impression
ပေးသွားပါလိမ့်မယ်. သူကဘာလဲဆိုပြီးတော့ပေါ့. ပြီးရင်တော့ အားနာပါးနာနဲ့
ဖြစ်စေ၊ တကယ်ခင်မင်လို့ဖြစ်စေ ခင်ဗျားကို နှုတ်ဆက်မယ်၊ အားပေးမယ်.
ဒီလောက်ပဲ. ခင်ဗျားရေးတဲ့ပို့စ်လေးတွေ ကောင်းတယ်၊ တကယ်ကိုစစ်မှန်တဲ့
ခံစားချက်တွေနဲ့ ရေးထားတယ်၊ ပညာဗဟုသုတ တစ်ခုခုရတယ်ဆိုရင်တော့
သူတို့နောက်တစ်ခေါက် အချိန်ပေးပြီး ပြန်လာဖတ်မှာ သေချာသွားပါပြီ.
ဒီတော့
ခင်ဗျားအနေနဲ့ ပို့စ်ကောင်းကောင်းလေးတွေ ရေးတတ်ဖို့ လိုလာပြီနော်.
ဘာရေးမလဲ. ပို့စ်ကောင်းတယ်ဆိုတာဘာလဲ. H.G.Wells ရဲ့ စာအုပ်တွေကို
ဘာသာပြန်ပြီး တင်ထားမှ ပို့စ်ကောင်းတယ်ခေါ်မှာလား၊
အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့ ဒါတွေလုပ်ရမယ်ဆိုပြီး ပြောပြထားတာကို
ပို့စ်ကောင်းတယ် ခေါ်တာလား၊ စာပေဗဟုသုတတွေကို အတုံးလိုက်အတစ်လိုက်
ချပြထားပြီး ကိုယ်ဘယ်လောက်တတ်ကျွမ်းကြောင်း ဝေဖန်ပြောဆိုထားတာကို
ပို့စ်ကောင်းတယ် ခေါ်တာလား….
တစ်ခုမှမဟုတ်ပါဘူး..
ရိုးသားစွာရေးပါ. အမှန်ကိုရေးပါ. ရှင်းလင်းစွာရေးပါ. ယဉ်ကျေးစွာရေးပါ. အဲဒါပို့စ်ကောင်းပဲ..
လမ်းထဲမှာ
ခွေးနှစ်ကောင်ကိုက်တာကို ရေးပါ. သေချာမျက်စိထဲမြင်လာအောင်ကြိုးစားရေးပါ.
ခင်ဗျားပို့စ်ကောင်းတာပဲ. လာဖတ်မယ်. ရီမယ်. ခင်ဗျားရဲ့ အရေးအသားကို
ချီးကျူးမယ်. မယုံမရှိနဲ့. ခင်ဗျားရဲ့ ပို့စ်မှာ ကော်မန့် 1+ ရလာလိမ့်မယ်.
ကော်မန့်တစ်ခုကတော့ သေချာတယ်. နောက်ထပ် + က ကျွန်တော်ဝင်ရေးမယ့်
ကော်မန့်လို့ ပြောတာ. (ဟတ်ဟတ်)
ကျောင်းသွားတုန်း၊ ရုံးသွားတုန်း ကြုံကြိုက်လိုက်ရတဲ့ အဆင်မပြေမှုတစ်ခုခုကို ရေးပါ. အဲဒါလည်း ပို့စ်ကောင်းတစ်ခုပါပဲ…
Rule of thumb (ယေဘုယျသဘော) ပြောမယ်. ကြိုက်တာရေး..
ခင်ဗျားရဲ့စေတနာမှန်ကန်ရင်၊
ဆဲဆိုပုတ်ခတ်မှုမပါရင် ခင်ဗျားရေးတဲ့ ပို့စ်တွေ ကောင်းတာပဲ. ခင်ဗျားဟာ
ဘလော့ဂါကောင်းတစ်ယောက် ဖြစ်လာမှာပဲ.. တစ်ချို့ Rapper တွေ အောင်မြင်တယ်
ဆိုတာလည်း သူတို့က တကယ့်လက်တွေ့ဘ၀ထဲက အဖြစ်တွေကို ပြောင်မြောက်တဲ့
စကားလုံးတွေ သုံးပြီး အပြင်မှာ စကားပြောနေတဲ့ ပုံစံမျိုးနဲ့
သီဆိုသွားကြတာပဲလေ. ဒီလိုပဲပေါ့. Blogger နဲ့ Rapper သိပ်မကွာပါဘူး.
သူတို့က မိုက်ကိုင်ပြီး ဘ၀အကြောင်းပြောတယ်. ကျွန်တော်တို့ ဘလော့ဂါတွေက
Keyboard ကိုင်ပြီး ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေအကြောင်းကို ပြောတယ်.
ဒါပါပဲ.
အချက် (၅) ကတော့ ဘလော့ဂါတိုင်းနဲ့ ပတ်သက်ပါတယ်.
ဘလော့ဂါတစ်ချို့က ကိုယ့် စိတ်ခံစားချက်၊ အမြင်နဲ့ မကိုက်ညီရင်
ပစ်ပစ်ခါခါကို ဝေဖန်တတ်ကြပါတယ်. အပြစ်တင်တဲ့ ကော်မန့်တွေ
ဝင်ရေးသွားတတ်ကြပါတယ်. အဲဒါမကောင်းပါဘူး.
ခံစားရသူဖက်ကကြည့်ပါ.
သူလည်းကြိုးစားပြီး ရေးထားရတာပဲ. အဲဒါကို တစ်ဖက်လူက ပျစ်ပျစ်နှစ်နှစ်
ဝေဖန်သွားရင် စိတ်မကောင်းဖြစ်ရပြီပေါ့. သူရေးတဲ့ပို့စ်က သိပ်ကို
ရိုင်းပျနေရင်၊ အဓိပ္ပါယ်ယုတ္တိမရှိရင်တော့ ဆက်ဖတ်မနေပါနဲ့တော့. အဲဒီ့အတွက်
ခင်ဗျားရဲ့ အချိန်တွေ ပေးနေရတာ မတန်ပါဘူး. ဒါမှမဟုတ်ဘဲ သူမြင်တာကို
ပွင့်လင်းရိုးသားစွာ ရေးသားထားရင်တော့ အဲဒါကို ခင်ဗျားက ဖွင့်ထားတဲ့စိတ်နဲ့
စာဖတ်တတ်ဖို့လိုမယ်.
လူတိုင်းမှာ ကိုယ်နှစ်သက်လို့ စီးထားတဲ့
ကိုယ်နဲ့တော်တဲ့ ဖိနပ်တစ်ရံစီရှိကြတယ်. ခင်ဗျားခြေထောက်နဲ့တော်တိုင်း
ခင်ဗျားရဲ့ ဖိနပ်နဲ့လူတိုင်းကို လိုက်စီးခိုင်းနေလို့ မရဘူး.
ကိုယ်နဲ့အမြင်မတူတိုင်း သူဟာ အဆင့်မရှိတဲ့လူတစ်ယောက်လို့ ယူဆနေရင်
ခင်ဗျားဟာ အဆင့်ရှိတဲ့ ပညာတတ်တစ်ယောက်မဖြစ်သေးဘူး. အဲဒါကို
နားလည်သဘောပေါက်မိဖို့ လိုတယ်.
အခုဖြစ်နေတာက အဲလိုမဟုတ်ဘူး.
မင်းကဒီလိုရေးတယ်. မင်းက ဘာလဲ. မင်းဒါတွေကို မသိဘူးလား. ငါပြောပြမယ်.
မင်းနားထောင် …. ဒီလို လေသံမျိုးတွေပါတဲ့ ကော်မန့်တွေကို တွေ့နေရတယ်.
ဒီတော့ အပြောခံရတဲ့သူက နားထောင်မယ်ထင်လား..
ခင်ဗျားရဲ့ စေတနာကမှ မမှန်ဘဲ သူလည်းနာလိုစိတ်မရှိဘူး. သူ့မှာလည်း ခိုင်လုံတဲ့
အကြောင်းပြချက်တွေ
ရှိနေတယ်. သူကလည်း ပြန်ချေပတယ်. အဲဒီ့မှာ အမုန်းတရားတွေ ဖြစ်လာတယ်.
တိုက်ပွဲတွေပြင်းထန်လာတယ်. ရည်ရွယ်ချက်တွေ ဘေးရောက်ကုန်ပြီ
ကိုယ်ရေးကိုယ်တာတိုက်ပွဲ သဘောမျိုးထိ ဖြစ်လာတယ်.
တစ်ခါတစ်လေမှာ
ကိုယ်က တကယ်ကို စေတနာအမှန်နဲ့ ထောက်ပြပြောဆိုတယ်. သူက လက်မခံဘူး. ဒါဆိုရင်
ဘယ်သူ့မှာ အပြစ်ရှိလဲဆိုတော့ ကိုယ့်မှာပဲ အပြစ်ရှိတယ်.
ခင်ဗျားမပြောတတ်သေးလို့.
တစ်ဖက်လူနာခံတတ်အောင် ပြောနည်းဆိုနည်း လူမှုရေးနည်းပညာကို
ခင်ဗျားနားမလည်သေးလို့၊ ပြောရမယ့် အချိန်အခါကို မသိတတ်သေးလို့ ဆိုပြီး
ကိုယ့်ကိုယ်ကို အပြစ်တင်ရမယ်.
ဒါဟာ ဘလော့ဂ်ရေးတဲ့ ပတ်ဝန်းကျင်ကို
ကျော်လွန်သွားပြီနော်. တကယ့်ကို လူမှုဆက်ဆံရေးနည်းပညာတွေ ဖြစ်လာပြီ.
ဟုတ်တယ်. လက်တွေ့မှာလည်း ကျွန်တော်တို့ ဘလော့ဂ်လောကက Reality
သဘောမျိုးဖြစ်လာနေပြီ. ဒါကြောင့် လောကကြီးအကြောင်းကို
ဘလော့ဂ်ရေးသားရင်းနဲ့လည်း သင်ယူနိုင်နေပြီလို့ဆိုရင် မှားမယ်မထင်ပါဘူး
ဒီတော့
ကိုယ်နဲ့မကိုက်ညီတဲ့ အမြင်တွေ၊ မှားယွင်းကောင်းမှားယွင်းနေနိုင်မယ့်
သဘောတရားတွေကို ရေးထားတာတွေ့လို့ ဝေဖန်အကြံပြုတော့မယ်ဆိုရင်…
၁. သူနာလိုအောင် ပြောတတ်ရမယ်
၂. ပြောရမယ့် အချိန်အခါကို သိတတ်ရမယ်
၃. ထွက်ပေါက်ပေးထားရမယ်
“စကားခြောက်ခွန်း လူ၌ထွန်း၊ လေးခွန်းကိုပယ် နှစ်ခွန်းတည်”ဆိုသလို မှန်တိုင်းပြောလို့မရတဲ့ စကားတွေ ရှိနေပါတယ်.
ဘာတွေလဲ ဆိုတော့
(၁) မဟုတ်မမှန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်၍ မပြောသင့်တစ်ခွန်း
(၂) မဟုတ်မမှန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက်သော်လည်း မပြောသင့်တစ်ခွန်း
(၃) ဟုတ်ဟုတ်မှန်မှန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်၍ မပြောသင့်တစ်ခွန်း
(၄) ဟုတ်ဟုတ်မှန်မှန်၊ အကျိုးမရှိ၍ ကြားသူနှစ်သက်သော်လည်း မပြောသင့်တစ်ခွန်း
(၅) ဟုတ်ဟုတ်မှန်မှန်၊ အကျိုးရှိ၍ ကြားသူမနှစ်သက်စေကာမူ ပြောသင့်တစ်ခွန်း
(၆) ဟုတ်ဟုတ်မှန်မှန်၊ အကျိုးရှိ၍ ကြားသူနှစ်သက်သဖြင့် ပြောဆိုသင့်တစ်ခွန်း
(နှာ-၁၃၆၊ စံမြင့်မှတ်စု၊ မင်းလှစံမြင့်)
နံပါတ်
(၅) နဲ့ (၆) ကိုပဲ ပြောသင့်ပါတယ်. ဒါပေမယ့် ပြောရမယ့် အချိန်အခါကို
သိတတ်ဖို့လည်း သိပ်အရေးကြီးပါတယ်. မြတ်စွာဘုရားတောင်မှ လူတစ်ယောက်ကို
တရားဓမ္မဆေးတိုက်ကျွေးတော့မယ်ဆိုရင် သူ့ရဲ့ ကျွတ်တမ်းဝင်ချိန်ကို
မျှော်ကြည့်ပါတယ်. အချိန်အခါကျရောက်မှ သူနဲ့သင့်တော်တဲ့ တရားတော်ကို
ဟောကြားတော်မူပါတယ်. အချိန်အခါမကျသေးဘဲ ပြောဟောရင်
ဒီတရားစကားပဲဖြစ်နေပေမယ့် အကျိုးတရားဖြစ်ထွန်းမှာ မဟုတ်ပါဘူး.
တကယ်တော့
How to do ထက် When to do က အများကြီး ပိုခက်နေတတ်ပါတယ်. အဲလိုပါပဲ. How
to say ထက် When to say ကလည်း အများကြီး ပိုအရေးကြီးနေတတ်ပါတယ်. ဒါကို
မှန်ကန်စွာ ရှုမြင်သုံးသပ်တတ်ဖို့ကတော့ မိမိကိုယ်တိုင်ရဲ့
ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်သက်နေပါတယ်. ဒါပေမယ့် ဒါတွေက သတိထားပြီးသင်ယူရင်
တတ်ပါတယ်.
နံပါတ် (၃) ဖြစ်တဲ့ ထွက်ပေါက်ပေးထားရမယ် ဆိုတာကတော့
တစ်ဖက်လူကို ချောင်ပိတ်ပြီး စကားစစ်မထိုးပါနဲ့. လူမှာ အတ္တဆိုတာရှိပါတယ်.
ကိုယ့်အတ္တကိုထိရင် လူတိုင်းဆတ်ဆတ်ထိမခံ ဖြစ်တတ်ပါတယ်.
ခွေးပိန်လေးတစ်ကောင်ကို
ချောင်ပိတ်ပြီးရိုက်ကြည့်ပါ. သူ့မှာ ထွက်ပေါက်မရှိတော့တာ သေချာရင်
ရိုက်တဲ့သူကို ရှိတဲ့အင်အားလေးနဲ့ ပြန်ကိုက်ဖို့ ကြိုးစားပါလိမ့်မယ်.
ဒီလိုပါပဲ.
ဘယ်သူ့ကိုမှ ထွက်ပေါက်ပိတ်ရလောက်အောင် ဖိမပြောပါနဲ့. ကိုယ်ပြောချင်တာကို
ပြောပါ. Pros and Cons (အကျိုးအပြစ်) တွေကို ချပြပါ. ပြီးရင်တော့
သူကိုယ်တိုင်ပဲ စဉ်းစားဆုံးဖြတ်ပါစေ.
ခေါင်းဆောင်ကောင်း၊
မန်နေဂျာကောင်းတွေက တစ်ဖက်လူကို ဇွတ်မတိုက်တွန်းဘူး. သူဖြစ်စေချင်တာကို
ချပြပြီးတော့ တစ်ဖက်သားကို စဉ်းစားခိုင်းတယ်. နောက်ဆုံးမှာ
ကျွန်တော်ဒီလိုစဉ်းစားမိလိုက်တယ်ဆိုပြီး တစ်ဖက်သားက ထုတ်ပြောလာတဲ့အထိ
ကိုယ့်ရဲ့ အကြံဥာဏ်က သူ့စိတ်ထဲကို စီးဝင်နစ်မြောသွားစေရမယ်.
အဲဒါခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းပဲ.
လူတစ်ယောက်ကို
ပြောင်းလဲလာစေချင်ရင်လည်း ဒီသေ****. ပြောင်းလဲသင့်တဲ့ အချက်တွေကို
ပြောပြရမယ်. သူယူဆတာတွေ ဘယ်နေရာမှာ လွဲချော်သွားတယ်ဆိုတာကို သူမြင်လာအောင်
ရှင်းပြရမယ်. ကိုယ့်အမြင်ကိုလည်း သူ့အတ္တကို မထိခိုက်စေဘဲ တင်ပြတတ်ရမယ်.
ပြီးတော့မှ ကိုယ့်ဖက်ပါအောင် စကားအလိမ္မာသုံးပြီး စည်းရုံးတတ်ရမယ်.
ဒီတိုင်းသွားပြီး
ဟေ့ကောင်. မင်းထင်တာ မှားနေတာ. ဒါကမှ အမှန်. မင်းမသိဘူးလား. ငါတို့အားလုံးသိတယ်. မင်းတို့မို့မသိတာ ငါသိပ်အံ့ဩတယ်.
ဒါမျိုးသွားပြောကြည့်.
ဘယ်သူမှ မခံဘူး. သူများမှားကြောင်းပြောနေတဲ့ ခင်ဗျားကိုယ်တိုင်ရဲ့
ပြောဆိုပုံမှားနေတယ်. ဒါကြောင့် ခင်ဗျားလိုချင်တဲ့ ရလာဒ်ရလာမှာ မဟုတ်ဘူး.
နိုင်ငံခြားကလာတဲ့
ဆေးတောင့်လေးတွေကို အခွံချွတ်ပြီး သောက်ကြည့်ဖူးတယ်. ခါးလိုက်တာဗျာ.
အခွံလေးကို ကိုက်စားကြည့်တော့ ချိုနေတာပဲ. ဒီလိုပဲပေါ့ဗျာ.
ကောင်းတယ်ဆိုတိုင်း ဒီတိုင်းသွားပြောလို့ မရဘူး. အပေါ်က သကာအုပ်တတ်ရတယ်.
အဓိကက ကိုယ့်စကားနားဝင်ဖို့ပဲ. ပြောတတ်ရတယ်. မဟုတ်ရင်တော့ ခင်ဗျား
ရန်သူတစ်ယောက် ကောက်ရလိုက်တာနဲ့ အတူတူပဲ. မယုံရင်စမ်းကြည့်ပေါ့.
ကျွန်တော်အပိုမပြောဘူး.
မိဘတောင်မှ သားသမီးကို ဆုံးမတယ်ဆိုပြီး
နိုင့်ထက်စီးနင်းပြောတာနဲ့ ချိုချိုသာသာနဲ့ နားဝင်အောင်ပြောတာ
ဘယ်လောက်ကွာတယ်ဆိုတာ ငယ်ရာကကြီးလာခဲ့တဲ့ ကျွန်တော်တို့အားလုံးသိပါတယ်.
ဒါတွေကို လက်တွေ့လူမှုဘ၀ကြီးထဲမှာကျတော့ ဘာလို့ မသိကျိုးကျွံပြုထားကြတာလဲ.
“တစ်ယောက်စကား၊ တစ်ယောက်နားမှာ၊ မခါးရအောင်၊ မောင်တို့ဆိုလေ၊ ပျားသကာသို့ချိုလှစေ…” တဲ့.
အဲလိုမကျင့်သုံးဘဲ
ငါ့စကားနွားရပြောနေကြတာကို ဘလော့ဂါတွေကြားမှာ တွေ့နေရတယ်. ဒါတွေကို
မဆင်ခြင်ဘဲ ဒုံရင်းအတိုင်းနေလည်း သဘောပါ. ဒါပေမယ့် ဆင်ခြင်မယ်၊ ပြုပြင်မယ်၊
ကြိုးစားလိုက်နာမယ် ဆိုရင်တော့ ခင်ဗျားဟာ အရှိန်အ၀ါကြီးတဲ့ ဩဇာကြီးတဲ့
အောင်မြင်တဲ့ ဘလော့ဂါတစ်ယောက် ဖြစ်လာပါလိမ့်မယ်.
ပြဿနာတစ်ခုဖြစ်တဲ့
အခါမှာ ၀င်တိုင်းမကောင်းပါဘူး. ၀င်သင့်တဲ့အချိန်ကို ပညာမျက်စိနဲ့
ကြည့်တတ်ရပါတယ်. အခြေအနေနဲ့ အချိန်အခါကို နားလည်ကျင့်သုံးတတ်ဖို့လိုတယ်လို့
စကားဟောင်းတစ်ခုကိုပဲ ပြန်သုံးလိုက်ပါရစေ..
ဒါကြောင့် အောင်မြင်တဲ့
ဘလော့ဂါတစ်ယောက်ဖြစ်ချင်ရင် ဘလော့ဂ်တွေကို လျှောက်လည်ရုံသာမက
ကော်မန့်လည်းရေးတတ်ရပါမယ်. ရေးသင့်ရေးထိုက်တာကို ရေးတတ်ဖို့လိုသလို
ရေးရမယ့် အချိန်အခါကိုလည်း နားလည်သင်ယူတတ်ဖို့လိုပါတယ်. မဟုတ်ရင်တော့
ခင်ဗျားကိုယ်တိုင်ပါ ကော်မန့်တိုက်ပွဲထဲ ၀င်ပါသွားပြီးတော့ အရည်မရအဖတ်မရ
ငြင်းခုန်မှုတွေနဲ့ အချိန်ကုန်၊ လူမုန်းများဖို့ပဲ ရှိပါတယ်.
အဲလိုပြောလို့
လူချစ်အောင် ဘာမှမဝေဖန်တော့ဘဲ ဒီတိုင်းလေးနေလို့ မဆိုလိုဘူးနော်.
လူတိုင်းရဲ့ စိတ်ဆန္ဒကို သိမ်းကျုံးယူနိုင်ဖို့ တကယ်တော့ မလွယ်ပါဘူး.
ကိုယ်ယုံကြည်ရာ၊ ကိုယ်လုပ်ချင်ရာကို မည်သူ့အကျိုးစီးပွားကိုမျှ
မထိခိုက်စေဘဲ ယုံကြည်စွာနဲ့ပဲ တစိုက်မတ်မတ်လုပ်ပါ. လူချစ်အောင်မလုပ်ပါနဲ့.
လူကြည်ညိုအောင်လည်း ပြုံးပြုံးပြုံးပြုံးလေးနဲ့ သဘောကောင်းဟန်ပြပြီး
မနေပါနဲ့. လုပ်သင့်တာ ရေးသင့်တာ ပြောသင့်တာ ဆိုသင့်တာကိုသာ လုပ်ပါ ရေးပါ
ပြောပါ ဆိုပါ. မိတ်ဆွေစစ်တစ်ယောက်ရတိုင်း ခင်ဗျားမှာ ရန်သူတစ်ယောက်ပါ
ရလာလိမ့်မယ်. ဘာလို့လဲဆိုတော့ မိတ်ဆွေရဲ့ရန်သူဟာ ခင်ဗျားရဲ့ ရန်သူပဲလေ.
ဒါကြောင့် ရန်သူမရှိတဲ့သူမှာ မိတ်ဆွေမရှိဘူးလို့ စကားပုံဖြစ်ပေါ်လာတာပေါ့.
ဒီလိုပါပဲ.
ကျွန်တော်တို့ မိတ်ဆွေချည်းသက်သက်ပဲ လိုချင်တယ်ဆိုလို့တော့ မရဘူး.
ဘလော့ဂ်လောကမှာလည်း သူ့ဖာသာ အသိုင်းအ၀ိုင်းလေးတွေ ဖွဲ့ပြီးနေနေကြတဲ့
ဘလော့ဂါတစ်ချို့ရှိတယ်ဆိုတာ ကြာလာတာနဲ့အမျှ သိလာပါလိမ့်မယ်. ကြာလေကြာလေ
ဘလော့ဂ်လောကကြီးက ပြင်ပလက်တွေ့ဘ၀ကြီးနဲ့ တူလာလေ ဖြစ်နေတယ်ဆိုတာ
ဘလော့ဂ်ရေးတဲ့ သက်တမ်းကြာလာရင် သိလာမှာပါခင်ဗျာ.
တစ်ချိုးတစ်ကွေ့မှာ
ခင်ဗျားနဲ့ ဘလော့ဂါတစ်စုံတစ်ယောက် ကတောက်ကဆဖြစ်ခဲ့ရင်တောင်မှ ပညာတတ်ပီသစွာ
ငြင်းခုန်ဆွေးနွေးပါလို့ ကျွန်တော်အကြံပြုချင်ပါတယ်. ဒါဆိုရင် တစ်ဖက်လူက
ခင်ဗျားကို အမြင်မတူတာတောင်မှ လေးစားမှုပေးပါလိမ့်မယ်. ရေရှည်လည်း
အမုန်းမပွားဘဲ ဆက်ဆံသွားနိုင်ပါလိမ့်မယ်. ကျွန်တော်တို့ဟာ
တစ်ဦးတစ်ယောက်တည်း ရပ်တည်လို့ မရပါဘူး. ဘလော့ဂ်လောကမှာလည်း ဒီလိုပါပဲ.
အွန်လိုင်းက ကိစ္စတွေပါကွာဆိုပြီး ခင်ဗျားတစ်ဦးတည်းနေကြည့်ပါ.
ဘာဖြစ်လာမလဲဆိုတာ မကြာခင်သိလာပါလိမ့်မယ်.
ဒါကြောင့်
မိတ်ဆွေတိုးပွားအောင် ရယူပါ. မိမိကို တစ်ဖက်သတ် တိုက်ခိုက်ပြီး
စကားတင်းဆိုလာခဲ့ရင်တောင် တည်ငြိမ်ရင့်ကျက်စွာ ဖြေရှင်းပါ၊ ဆွေးနွေးပါ၊
ထိပ်တိုက်ရင်ဆိုင်ပါ၊ စိန်မခေါ်ပါနဲ့။ ဒါဆိုရင် ခင်ဗျားကို ရန်သူကတောင်
လေးစားပါလိမ့်မယ်. လက်တွေ့ ပြင်ပဘ၀ထဲမှာလည်း ဒီလိုသဘောတရားတွေကို
အသုံးချနိုင်ပါတယ်.
ပြီးတော့လည်း ငါ့ဘလော့ဂ်ပဲကွာဆိုပြီး
ရေးချင်ရာတွေ လျှောက်မရေးပါနဲ့. မိမိဘလော့ဂ်အတွက် မိမိသာလျှင် အယ်ဒီတာပါ.
ဒါကြောင့် ပိုတာဝန်ကြီးပါတယ်. မကြီးဘူးလို့ ယူဆရင်လည်း မကြီးဘူးပေါ့လေ.
ကျွန်တော်ကတော့ သုံးလိုက်တဲ့ စကားလုံးအသုံးအနှုန်းကအစ စာဖတ်သူကို စော်ကားတဲ့
ပုံစံမပါအောင် သေချာစိစစ်ရွေးချယ်ပြီး သုံးပါတယ်. ဘလော့ဂ်ပေါ်မှာ
အတင်းအဖျင်းပြောတာမျိုး၊ လူမှုရေးအရ မသင့်တော်တဲ့ ဓာတ်ပုံတွေ တင်တာမျိုးလည်း
မလုပ်သင့်ပါဘူး.
ယောင်္ကျားလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက်နဲ့
လက်ရှိမှာ ချစ်နေပေမယ့်လည်း သူက ကိုယ့်ရဲ့ အိမ်ထောင်ဖက် မဟုတ်သေးပါဘူး.
(လုံးဝကိုသေချာနေရင်တော့ တစ်မျိုးပေါ့လေ.) ဒါပေမယ့် ကိုယ့်ရဲ့ဂုဏ်သိက္ခာ၊
တစ်ဖက်သားရဲ့ ဂုဏ်သိက္ခာကို လေးစားသောအားဖြင့် ဓာတ်ပုံတွေ မတင်သင့်ပါဘူး.
ဒါက အားလုံးအတွက်ရည်ရွယ်ပြီးပြောတာပါ. (ကြိုက်သလိုကွဲလွဲစွာ
မြင်နိုင်ပါတယ်ခင်ဗျာ)
ကြမ်းကျွံရင် နှုတ်ရတယ်. စကားကျွံရင်
နှုတ်မရဘူးဆိုတာတောင် ရှိနေသေးတာပဲ. ခုလိုမျိုး အားလုံးသိအောင်
လူသိရှင်ကြားလုပ်ပြီးမှ အကြောင်းတစ်ခုခုကြောင့် လက်မတွဲဖြစ်တော့ရင်
တစ်ဖက်သား သိပ်နစ်နာပါတယ်. အခုဟာက အကုန်ကျွံကုန်တာပါ. ဒါကြောင့်
လူမှုရေးရှုထောင့်ကနေ ကြည့်ပြီး ဒါမျိုးမလုပ်သင့်ပါဘူး. မိန်းကလေးတစ်ယောက်
ကိုယ့်ကို ဆက်ပြီး မချစ်နိုင်တော့လို့ လက်တွဲဖြုတ်သွားမယ်ဆိုရင် ဒါကို
နားလည်လက်ခံပေးနိုင်ဖို့လိုပါတယ်. ကြေကွဲပါ. ခံစားပါ. ဒါပေမယ့် လက်စားတော့
မချေပါနဲ့. ယောင်္ကျားကောင်းပီသစွာ ရင်ဆိုင်ဖြေရှင်းပါ. ကျွန်တော်တို့
Gentleman ပီသဖို့လိုပါတယ်. မကျေနပ်ရင် အပြင်မှာ
ထိပ်တိုက်တွေ့ဆုံဆွေးနွေးပါ. ဘလော့ဂ်ပေါ်တင်ပြီး အရှက်ခွဲတဲ့ပုံစံမျိုး၊
ကြေကွဲတမ်းတနေတဲ့ ပုံစံမျိုးလုပ်ရင်တော့ မိန်းကလေးလည်း နစ်နာတယ်.
ခင်ဗျားကိုလည်း အားလုံးက အထင်သေးရွံရှာသွားမှာ သေချာပါတယ်.
ကိုယ်နဲ့ချစ်နေစဉ်က ယုံကြည်စွာပေးခဲ့တဲ့ သူ့ဓာတ်ပုံလေးတွေကို
ခုလိုဖြစ်တော့မှ တစ်ဖက်သားအတွက် ထည့်မစဉ်းစားဘဲ ကိုယ်လုပ်ချင်တာတွေကို
ဇွတ်မလုပ်သင့်တာ လောကနီတိထဲမှာ ထည့်မရေးထားတဲ့ unwritten law တစ်ခုပါ.
ဒါတွေကို ဂရုမစိုက်ဘူးဆိုရင်တော့ ဆက်လုပ်ပါ. ဘာမှ ဆက်ပြောစရာမရှိတော့ပါဘူး.
လူတိုင်း ကိုယ့်သမိုင်းကိုယ်ရေးတာချည်းပါပဲ.
တစ်ချိန်တည်းမှာပဲ
ပညာဗဟုသုတတိုးပွားအောင် ကြိုးစားလေ့လာမှတ်သားပါ. ဘလော့ဂ်ကိုလည်း
ပို့စ်မှန်မှန်လေးတင်ပေးပါ. မတင်နိုင်သေးရင်လည်း မတင်နိုင်သေးကြောင်း
လေးစားစွာ အသိပေးပါ. ဒါဟာ စာဖတ်သူအပေါ်ထားရှိတဲ့ ကိုယ့်စေတနာကို ပြသရာလည်း
ရောက်ပါတယ်. တစ်ပတ်မှာ ပို့စ်တစ်ခုလောက်တော့ တင်ပေးနိုင်အောင် ကြိုးစားပါ.
မိမိဘလော့ဂ်ကိုလည်း တန်းပလိတ်ခဏခဏမပြောင်းပါနဲ့. စာဖတ်သူက
သူအကျွမ်းဝင်နေပြီးသား တန်းပလိတ်မှာ စာလာဖတ်ရတာ ပိုပြီးတော့
သက်တောင့်သက်သာဖြစ်တယ်လို့ ခံစားရပါတယ်. တန်းပလိတ်ကို
ကြိုက်တာသေချာလိုက်ရွေးပါ. ကြိုက်ပြီဆိုရင် အဲဒါကိုပဲသုံးပါ.
တဖြည်းဖြည်းချင်း feature တွေကို ပြောင်းယူပါ. တန်းပလိတ်တစ်ခုလုံးကြီး
ပြောင်းရတာက တကယ်ကို လိုအပ်မှပဲ
လုပ်သင့်ပါတယ်. ခဏခဏပြောင်းနေတာထက်
အချိန်အတော်ကြာမှ နောက်တစ်ခုပြောင်းတာ ပိုကောင်းပါတယ်.
ပို့စ်ကောင်းကောင်းလေးတွေ ရေးတဲ့ဖက်ကို ပိုပြီး အာရုံစိုက်သင့်ပါတယ်.
ပညာဥာဏ်ကြီးမားအောင် စာများများဖတ်ပါ. စာမျိုးစုံဖတ်ပါ
လေ့လာဆည်းပူးခဲ့တာတွေကို ဝေငှပါ. အများဆီကလည်း ပြန်သင်ယူပါ.
မိတ်ဆွေအပေါင်းအသင်းတိုးပွားအောင် လုပ်ပါ
ကိုယ်ရေးကိုယ်တာခံစားချက်ကို ထိန်းသိမ်းပါ
စာဖတ်သူကို လေးစားပါ
ဒါဆိုရင် မြေကြီးလက်ခတ်မလွဲဘူး
ခင်ဗျားဟာ အောင်မြင်တဲ့ ဘလော့ဂါတစ်ယောက်ဖြစ်ရုံသာမကဘူး. အောင်မြင်တဲ့လူသားတစ်ယောက် ဖြစ်လာဖို့ပါ ၁၀၀ % သေချာနေပါပြီ..
ခင်မင်လေးစားလျက်
ရန်အောင်
(ကျွန်တော်လေးစားခဲ.တဲ.ဘလော.ဂါကိုရန်အောင်ရဲ.ပိုစ်.လေးကိုပြန်လည်မျှဝေပါတယ်)
Shwe Min Wun