Tuesday, December 10, 2013

ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် (F.U.A.)....................


 
လိုင်ဇာဆွေးနွေးပွဲမှာ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.I.A.) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင် ဝတ်ဆင်ထားတဲ့ အင်ကျီမှာ (F.U.A.) လို့ ရေးထားတဲ့အကြောင်း Lachid Kachin က ဓာတ်ပုံနဲ့တကွ တင်ပြထားတယ်။

ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် (Federal Union Army) ကို ထူထောင်ဖို့ ၂၀၁၀-ခုနှစ်၊ CEFU အဖွဲ့ဖွဲ့စည်းကတည်းက ဆုံးဖြတ်ခဲ့ကြဟန် ရှိတယ်။ အစိုးရက ဒီအကြံကို ရိပ်မိလို့ (၁) နိုင်ငံတကာ သံတမန်ရေးမှာ အစိုးရလည်း မျက်နှာပန်းလှစေ၊ (၂) တိုင်းရင်းသားလူမျိုးများရဲ့ စစ်ရေး ဆောင်ရွက်မှုများကိုလည်း ဟန့်တားနိုင်စေ ဆိုပြီး စီမံကိန်းများ ချမှတ်ခဲ့တယ်။

F.U.A. ကို အပြတ်ထောက်ခံတဲ့ ကချင်၊ ရှမ်းမြောက်၊ ပလောင်၊ မွန်၊ ပအိုဝ်း၊ ကရင်နီတို့ထဲက အင်အားအကောင်းဆုံး ကချင်ကို ဖြိုဖို့ အစိုးရက သန္နိဋ္ဌာန်ချခဲ့တယ်။ တရုတ်အကျိုးစီးပွားရှိတဲ့နေရာကို

ထိန်းချုပ်ထားနိုင်ဖို့လည်း အကျိုးအမြတ်ရှိတဲ့ စစ်ပွဲ ဖြစ်တယ်။

F.U.A. ဖွဲ့စည်းဖို့ အင်းတင်တင် ဖြစ်နေတဲ့ K.N.U. ရခိုင်၊ ရှမ်း၊ ချင်း အစရှိသည်တို့ထဲက ကရင်ကို အရင်ဆုံး ချဉ်းကပ်ခဲ့တယ်။ ပြီးတော့ ရှမ်းတောင်ကို ချဉ်းကပ်ခဲ့တယ်။ အခုအချိန်မှာ ရခိုင်၊ ချင်း၊ ကရင်တို့က F.U.A. ဘက်ကို ယိမ်းလာခဲ့ပြီး UWSA ဝတပ်ဖွဲ့ကလည်း F.U.A. ကို စိတ်ဝင်စားလျက် ရှိတယ်။ ရှမ်းတောင် (RCSS)ကတော့ ဒီကနေ့အထိ စိတ်ဝင်စားခြင်းမရှိသေးဘဲ အခြေအနေကို စောင့်ကြည့်လျက် ရှိပါတယ်။

ဘာပဲဖြစ်ဖြစ် မိမိထင်မြင်ချက်ကို ပြောရရင် တိုင်းရင်းသားခေါင်းဆောင်တွေကြားမှာ F.U.A. ဖွဲ့စည်းဖို့ သဘောတူညီချက် ရရှိထားကြပြီး လက်ရှိအစိုးရနဲ့ တွေ့ဆုံဆွေးနွေးနေမှုများ မထိခိုက်စေချင်လို့ လှို့ဝှက်ထားတာ ဖြစ်နိုင်ပါတယ်။ လက်ရှိသွားနေတဲ့ နိုင်ငံရေးအရ အဖြေရှာရေးနည်းလမ်း မအောင်မြင်ပါက F.U.A. ကလည်း လူရှေ့သူရှေ့ ရောက်လာမှာပါ။
 

0 ကွန်မန့်ရေးရန်:

Post a Comment