This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, August 19, 2013

ကောလိပ်ကျောင်းသူလေး တစ်ယောက်ရဲ့ ခြောက်ခြား စရာဖြစ်ရပ်ပါ။

 ကြောက်တတ်သူများမဖတ်ရ
Inbox
x


1:51 PM (5 hours ago)

to mrsorcerer
Images are not displayed. Display images below - Always display images from yankintharrr@gmail.com



အိန္ဒိယနိုင်ငံက ရာချီမြို့တွင် လွန်ခဲ့သော တစ်လခန့်က ကွယ်လွန်သွားတဲ့ ကောလိပ်ကျောင်းသူလေး တစ်ယောက်ရဲ့ ခြောက်ခြား စရာဖြစ်ရပ်ပါ။

သူမနာမည်က saba ဖြစ်ပြီး ထရပ်ကားတစ်စီး တိုက်မိပြီး သေဆုံးခဲ့ခြင်း ဖြစ်ပါတယ်။

saba ဟာ ဖုန်းအရောင်းဆိုင်တစ်ဆိုင်မှာအချိန်ပိုင်း အလုပ်လုပ်ပါတယ်။ သူမမှာ shahrukh ဆိုတဲ့ ချစ်သူတစ်ယောက်ရှိပါတယ်။
သိပ်ချစ်ကြတဲ့ သူတို့ဟာ ဖုန်းပြောရင်လည်း နာရီနဲ့ချီပြီး ကြာပါတယ်။ saba ကို ဘယ်အချိန်ကြည့်ကြည့် ဖုန်းတစ်လုံးနဲ့ တတွတ်တွတ်ပြောနေတာပါပဲ။
shahrukh ကို သူမမိဘတွေကလည်း သဘောတူကြည်ဖြူပြီး အလွန်လဲ ခင်မင်ရင်းနှီးကြပါတယ်။
saba ဟာ မသေဆုံးခင်က သူငယ်ချင်းတွေနဲ့ မိဘတွေကို သူမသေသွားခဲ့ရင် သူမရဲ့ ဖုန်းကိုပါ တပါတည်း သူမအခေါင်းထဲ ထည့်ပေးလိုက်ဖို့ မှာခဲ့ပါတယ်။

ဒီလိုနဲ့ သူမသေဆုံးပြီးသင်္ဂြိုလ်ဖို့ ခေါင်းကိုမတဲ့အခါ ခေါင်းဟာဘယ်လိုမှ မလို့ မရဖြစ်နေပါတော့တယ် လူအင်အားသုံးပြီးပုံစံမျိုးစုံနဲ့ မပေမဲ့ ခေါင်းက လုံးဝကြွတက်မလာပါဘူး။ ကြံရာမရတဲ့အဆုံးမှာ ဝိဥာဉ်တွေနဲ့ စကားပြောရာမှာ နာမည်ကြီးတဲ့ ဆရာတစ်ပါးကိုပင့်ပြီး မေးရပါတော့တယ်။ ဆရာဟာခေါင်းနားမှာ ထိုင်ချလိုက်ပြီး အလောင်းကိုကြည့်ကာ ပါးစပ်မှ တတွတ်တွတ်ရွတ်လို့နေပါတယ်။
ခနအကြာမှာ အိမ်သားတွေဘက်လှည့်ပြီး ပြောပါတယ် "သူ့ပစ္စည်းတစ်ခုပါမှ သွားမယ်လို့ ပြောနေတယ်။"

ဒီတော့မှ သူငယ်ချင်းတွေနဲ့ မိဘတွေဟာ သူမပြောခဲ့ဖူးတာကို သတိရသွားပြီး သူမရဲ့ ဖုန်းကို ဆင်းကဒ်နဲ့တကွ ခေါင်းထဲ ထည့်ပေးလိုက်ပါတယ်။ ဖုန်းကို ထည့်လိုက်ပြီး ခေါင်းကို အလွယ်တကူ မလို့ရသွားပါတယ်။

saba ရဲ့ မိဘတွေဟာ သူမကွယ်လွန်သွားတာကို သူ့ချစ်သူ shahrukh ကို မပြောဘဲ ထားခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ပါတ်လောက်ကြာတော့ shahrukh က saba ရဲ့ အမေဆီကို ဖုန်းဆက်ပါတယ်
"အန်တီ သားဒီနေ့ အိမ်လာလည်မယ်၊ ဟင်းကောင်းကောင်းချက်ထားနော်။ saba ကိုတော့ မပြောနဲ့ဦး surprise လုပ်မလို့" ဆိုတော့ saba ရဲ့ အမေက "အိမ်ကိုသာလာခဲ့ပါကွယ် သားကိုပြောစရာရှိတယ်"

shahrukh အိမ်ရောက်တဲ့အခါ saba သေသွားပြီ ဆိုတဲ့အကြောင်း ပြောပြလိုက်ပါတယ်။
shahrukh က "မနောက်ကြပါနဲ့ဗျာ saba ကို ထွက်လာခိုင်းလိုက်ပါတော့ သူ့အတွက် ကျွန်တော် လက်ဆောင်ဝယ်လာလို့ပါ" လို့ မယုံဘဲရယ်မောနေလိုက်ပါတယ်။
နောက်ဆုံး saba ရဲ့ သေစာရင်းကို ထုတ်ပြလိုက်မှ shahrukh မျက်လုံးပြူးသွားပြီး ခြွေးတွေ ပျံလာပါတော့တယ်။
"မဟုတ်ဘူး မနေ့ကပဲ သူနဲ့ကျွန်တော် ဖုန်းပြောနေကြသေးတယ်" မိဘတွေကလဲ မဖြစ်နိုင်တဲ့အကြောင်း saba ဆုံးတာ နှစ်ပတ်ကျော်ပြီဖြစ်ကြောင်း ပြောနေစဉ်မှာပဲ shahrukh ရဲ့ ဖုန်းမြည်လာပါတယ်။
သူက ဖုန်းကိုကြည့်လိုက်ပြီး တုန်ယင်စွာနဲ့ အိမ်သားတွေဘက်ကို ဖုန်းကိုပြလိုက်ပြီး
"ဒီမှာ saba ဖုန်းခေါ်နေတယ်"
အားလုံးက သူ့ကိုဖုန်းဖြေလိုက်ဖို့ပြောတဲ့အခါ shahrukh ဟာ ဖုန်းစပီကာကို ဖွင့်ပြီး ထူးလိုက်ပါတယ်။

shahrukh : အချစ်ရေ ဘယ်ရောက်နေလဲ သူတို့က ချစ်ကို သေပြီလို့ ပြောနေကြတယ် . .
saba: မောင်ရေ ကျွန်မတစ်ကယ်ပဲ သေခဲ့ပါပြီ ~
shahrukh: ဒ ဒါဆို ချစ်က ခုဘယ်က ပြောနေတာလဲ?
saba: တမလွန်က ပြောနေတာလေ မောင့်ရဲ့ ~ လိုင်းကြည်ရဲ့လား
shahrukh: ကြ ကြည်ပါတယ် .

saba: ကြည်ဆို ခုပြောနေတာ "ချစ်ရဲ့ samsaung S4 နဲ့လေ မောင်ရဲ့ လိုင်းဆွဲအားကောင်းတယ် video call ခေါ်မလို့ပဲ . . ချစ်က နားရွက်ပြတ်ပြီး မျက်လုံးတစ်လုံး ထွက်နေတာ ~ မောင်မြင်ရင် ကြောက်မှာစိုးလို့" ဆိုသတဲ့

Share from http://alinkabar.ning.com/profiles/blog/show?id=6320079%3ABlogPost%3A1370035&xgs=1&xg_source=msg_share_post
--

ထိုင်းမြန်မာနယ်စပ်မှာ နှစ်ပေါင်း ၂၀ ကျော် ကျန်းမာရေး လူမှုရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ဒေါက်တာ စင်သီယာမောင်ကို ငြိမ်းချမ်းရေး တရားမျှတရေး လွတ်လပ်ရေးတို့ အတွက် သြစတြေးလျနိုင်ငံက ဆစ်ဒနီ ငြိမ်းချမ်းရေးဖောင်ဒေး ရှင်း ကနေ ငြိမ်းချမ်းရေးဆု ပေးအပ်


Sunday, August 18, 2013

ဒေါက်တာစင်သီယာမောင် ဆစ်ဒနီငြိမ်းချမ်းရေးဆုရရှိ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVx068SGcojKP8-MH2_5uxoCM3L0swvJdDkIpqRwleed6sZPRBBGcFEMOKuWTSyp5jhvb0YYNJUbcfiLG8pcUXaKseKiC0vpUjKh90Ek1xvg8eIIkz0u7VP3rcgSRThJnpLT4zqaR4P2mE/s1600/2.jpg

ထိုင်းမြန်မာနယ်စပ်မှာ နှစ်ပေါင်း ၂၀ ကျော် ကျန်းမာရေး လူမှုရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ဒေါက်တာ စင်သီယာမောင်ကို ငြိမ်းချမ်းရေး တရားမျှတရေး လွတ်လပ်ရေးတို့ အတွက် သြစတြေးလျနိုင်ငံက ဆစ်ဒနီ ငြိမ်းချမ်းရေးဖောင်ဒေး ရှင်း ကနေ ငြိမ်းချမ်းရေးဆု ပေးအပ်ခဲ့ပါတယ်။  ဒီအကြောင်းကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာ မယ်တော်ဆေးခန်း ဖွင့်ပြီး ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ စစ်ပြေး ဒုက္ခသည်တွေ အတွက် ကျန်းမာရေး လူမှုရေး ပညာရေး စတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေ တဲ့ ဒေါက်တာစင်သီယာမောင်ကို သြစတြေးလျ ဆစ်ဒနီငြိမ်းချမ်ရေးဖောင်ဒေး ရှင်း က ငြိမ်းချမ်းရေးဆု ပေးအပ်ခဲ့တာပါ။ ဒေါက်တာစင်သီယာမောင်က သူမကို ဒီဆု ဘာကြောင့်ပေးအပ်ခဲ့သလဲ ဆိုတာကို ရှင်းပြပါတယ်။

“အခုလက်ရှိ ဆောင်ရွက်နေတဲ့ ကျန်းမာရေး လူမှုရေး လုပ်ငန်းတွေ၊ နောက်ပြီးတော့ ငြိမ်းချမ်းရေးအတွက် လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ ဆက်သွယ် ဆောင်ရွက်ပြီးတော့ လုပ်နေတဲ့၊ ငြိမ်းချမ်းရေး တည်ဆောက်မှုကိစ္စတွေ၊ ဒီမိုကရေစီ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်မှုတွေ အားလုံးပေါ့။ ဒီအခြေခံနဲ့ ပေးတာဖြစ်ပါတယ်။”

ဒီဆုကို ပေးအပ်လိုက်တဲ့အတွက် ဒုက္ခအခက်အခဲတွေ တွေ့နေကြတဲ့ လူသူဝေးတဲ့နေရာတွေ၊ အစိုးရရဲ့ လက်လှမ်းမမှီနိုင်တဲ့ နေရာတွေမှာ အလုပ်လုပ်နေကြတဲ့ ကျန်းမာရေး၊ လူမှုရေး လုပ်သားတွေအတွက် အားတက်စရာတွေ ဖြစ်ရတယ်လို့လည်း ဒေါက်တာစင်သီယာမောင်က ဆိုပါတယ်။

“ဒီလို ဆုမျိုးကတော့ အထူးသဖြင့် ကျမတို့ အခက်အခဲဆုံး အခြေအနေတွေ၊ အင်မတန်မှ လိုအပ်နေတဲ့ နေရာဒေသတွေပေါ့။ နိုင်ငံတကာ ကဖြစ်ဖြစ်၊ အစိုးရတွေကဖြစ်ဖြစ် အကူအညီ အကူအညီမရတဲ့ ဒေသတွေမှာ အလုပ် လုပ်နေကြတဲ့ လူထုတွေအားလုံး၊ ကျန်းမာရေး၊ ပညာရေး လူမှုရေး လုပ်သားတွေအတွက် ခွန်အားဖြစ်စေတယ်လို့ ယုံကြည်ပါတယ်။”

ပြည်သူလူထုတွေကြားမှာ တရားမျှတမှုနဲ့ လွတ်လပ်မှုတွေ ရမှ ငြိမ်းချမ်းရေးကို တည်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်းကိုလည်း ပြောသွားပါတယ်။
“ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ကတော့ အခြေခံတာကတော့ တရားမျှတမှုနဲ့ လွတ်လပ်မှုပေါ့နော်။ ဒီ တရားမျှတမှုနဲ့ လွတ်လပ်မှုတွေကို ကျမတို့ ပြည်သူ လူထုကြားထဲမှာ ပိုပြီးတော့ ရရှိလာမယ် ဆိုရင် ဒါ ငြိမ်းချမ်းရေးကို တကယ်တည်ဆောက်နိုင်တာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ၂၀၁၀ ခုနှစ်နောက်ပိုင်း အရပ်သားအစိုးရသစ် ပြောင်းလဲခဲ့ ပြီးနောက် ငြိမ်းချမ်းရေး လုပ်ငန်းတွေကို လုပ်ဆောင်လာခဲ့တာပါ။ လက်ရှိ အခြေအနေကတော့ မြန်မာနိုင်ငံမှာ ကျန်မာရေး ပညာရေး မညီမျှမှုတွေ ရှိနေသေးတဲ့အတွက် ဆက်လက် ဆောင်ရွက်သွားမယ်လို့ လည်း ဒေါက်တာစင်သီယာမောင်က ဆိုပါတယ်။

“လက်ရှိမှာတော့ ကျမတို့ ပြည်သူလူထုကြားထဲမှာ လက်ရှိကြုံနေရတဲ့ မညီမျှမှုပေါ့နော်။ လူမှုရေးပိုင်း မညီမျှမှုတွေ၊ ကျန်းမာရေး ပညာရေး မညီမျှမှုတွေကိုတော့ ဒါ ပြည်သူတွေနဲ့အတူ ထိထိရောက်ရောက် နဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။ ပံ့ပိုးမှုတွေ ပိုပြီး ပေးရမယ်။ လူမှုအသိုင်းအ၀ိုင်း တခုလုံး ပြောင်းလဲလာတဲ့ အခြေအနေအထိကို ကျမတို့ ဆက်ပြီးတော့ ဆောင်ရွက်ရဦးမှာ ဖြစ်ပါတယ်။”

ဆစ်ဒနီ ငြိမ်းချမ်းရေးဆုကို လာမယ့် နိုဝင်ဘာလ မှာ သွားရောက် လက်ခံရယူမှာဖြစ်ပြီး ဒီဆုဟာ နိုင်ငံတကာမှာ လူသားတွေအတွက် ထူးထူးခြားခြား ဆောင်ရွက်သူတွေကို ပေးအပ်ခဲ့တဲ့ဆုလည်း ဖြစ်ပါတယ်။ ဒေါက်တာစင်သီယာမောင် ဟာ ရီမွန်မက်ဆေးဆေး ဆုအပြင် အလားတူ ဆုမျိုးတွေ ကို ရရှိခဲ့ဖူးပြီး သူမရဲ့ ဆုငွေတွေကို ဒုက္ခရောက်နေသူတွေ နဲ့ အမေ့လျော့ခံဖြစ်နေတဲ့ ဆင်းရဲသား လူတန်းစားတွေ၊ ကလေးတွေကို အကူအညီပေးတဲ့ နေရာတွေမှာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာစင်သီယာမောင်ဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်းမှာ ထိုင်းမြန်မာ နယ်စပ်တလျှောက် အမျိုးသမီးနဲ့ ကလေး ကျန်းမာရေး၊ လူမူရေး၊ ပညားရေး ကိစ္စတွေကို တစိုက်မတ်မတ် ဆောင်ရွက်နေ တာဖြစ်ပြီး ရွှေ့ပြောင်း အလုပ်သမားတွေ ရှိနေသမျှ သူ့ရဲ့ လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းကိုလည်း ပြောသွားပါတယ်။

မအေးအေးမာ (ဗွီအိုအေ)

Thit Htoo Lwin - News

ကျွန်မ အပျိုစစ်စစ်ပါမောင် .. .ဆိုတဲ့ ခေတ် .... မှုန်ဝါးဝါးကျန်ခဲ့ပြီ .

ဒီခေတ်မှာ အပျိုစစ်မစစ်က အရေးကြီးလား ။ ကိုယ်ပိုင်အရည်အချင်းအတွေးအခေါ်က အရေးကြီးသလားဟု မြန်မာမိန်းကလေးတစ်ဦးမှ မေးခွန်းထုတ်

By singaporefeel

မိန်းကလေးတစ်ယောက် အတွက်တော့ အပျိုစစ်စစ်ဆိုတဲ့ ဂုဏ်ဟာ ဘာနဲ့မှ တန်ဖိုးမဖြတ်နိုင်တဲ့ အရာပါ။ တတ်နိုင်ရင် ... ကိုယ့်အပျိုဂုဏ်လေးကို ထိန်းသိမ်းပြီး ကာကွယ်စောင့်ရှောက်သင့်တာ  မြန်မာမိန်းကလေး မှ မဟုတ်ဘူး .. ကမ္ဘာမှာ ရှိတဲ့ မိန်းကလေးတိုင်းပါ။


ဒါပေမယ့် ... ဘဝတစ်ကွေ့မှာ ကံအကြောင်းကြောင်းကြောင့်ဖြစ်စေ .. ငယ်ရွယ်နုပျိုချိန်မှာ အမှားအယွင်းကြောင့်ဖြစ်စေ ... ကိုယ့်ချစ်သူနဲ့ကိုယ် အပျိုဘဝကို ယုံကြည်လို့ ပေးဆပ်မိခဲ့တဲ့ မိန်းကလေးတွေ ... အိမ်ထောင်ပြုလိုက်ပြီးမှ အိမ်ထောင်ဖောက်ပြန်လို့ ကွဲရတဲ့ မိန်းကလေးတွေ ... အပျိုစစ်စစ် မဟုတ်တော့တဲ့ မိန်းကလေး ဖြစ်သွားရင်ရော ... လောကကြီးမှာ မျက်နှာငယ်စရာ .. အားငယ်စရာ ... စိုးရွံကြောက်နေဖို့ လိုသလားးး

အပျိုစစ်စစ် ဖြစ်တာ မဖြစ်တာထက် ... မိန်းမတစ်ယောက်ဟာ ... ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ရမယ်။ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ကိုယ့်ဘဝကို ပဲ့ကိုင်နိုင်ရမယ်။ ယောကျာ်းထပ်ယူသည်ဖြစ်စေ .. မယူသည်ဖြစ်စေ ... ဘဝမှာ ယောကျာ်းဆိုတာ ကိုယ့်အတွက် မရှိမဖြစ် ဆိုတဲ့ စိတ်ဓါတ်မျိုးကို ဖျောက်ဖျက်ပစ်နိုင်ရမယ်။ ယောကျာ်းတစ်ယောက် ပေးသွားတဲ့ သင်ခန်းစာကို ဘဝရဲ့ တိုးတက်မှုအတွက် ပြောင်းလဲပစ်ရမယ်။ တမြေ့မြေ့ခံစားပြီး ကြေကွဲတမ်းတ မနေရဘူး။

အပျိုစစ်စစ်ကို လက်ထပ်ထားပြီးတော့ ... ဘာမှသုံးစားမရ .. "အိပ် ခံ ပက်လက် .. ထမင်းချက်" ဆိုတဲ့ မိန်းမခေတ် (၂၁) ရာစုမှာ မရှိတော့ဘူး ... အဲလိုမိန်းမမျိုးကို ရထားတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ဘဝတိုးတက်မှု အလားအလာနဲ့ .. အပျိုမစစ်တဲ့ မိန်းမဖြစ်သော်လည်း .. ဘဝကို ထက်ထက်မြက်မြက် နဲ့ နှစ်ဦးလက်တွဲပြီး စဉ်းစားတွေးခေါ် လျှောက်လှမ်းတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ဘဝတိုးတက်မှု အလားအလာဟာ .. အများကြီး ကွာသွားတတ်တယ်။

နွားတစ်ရှဉ်းဆိုတာ .. ဘို့တူမှ အကောင် အရွယ်အစားညီမှ ထွန်လို့ ကောင်းသလိုပေါ့ .. ဘဝဆိုတဲ့ လမ်းကို လျှောက်တဲ့အခါမှာလည်း ..ယောကျာ်းမိန်းမ .. ဦးနှောဏ် အတွေးအခေါ် ဥာဏ်ရည် ညီမျှနေမှ .. ယောကျာ်းက အရိပ်ပြရင် .. မိန်းမက အကောင်မြင်တတ်မှ .. အဆင်ပြေနိုင်မယ်။

ကျွန်မ အပျိုစစ်စစ်ပါမောင် .. .ဆိုတဲ့ ခေတ် .... မှုန်ဝါးဝါးကျန်ခဲ့ပြီ .

panasonic ဖုန်းများ ထုတ်လုပ်သော Flairis Sdn Bhd စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာ မိန်းကလေး တစ်ဦးအား သြဂုတ်လ ၁၆ရက် ည ၁၀နာရီခန့် တွင် လူတစ်စုမှ နေအိမ်ထဲသို့ ဝင်ရောက်ကာ ဓားဖြင့်ထောက် ခေါ်ဆောင်သွားပြီး သားမယား ပြုကျင့်ခဲ့ကြောင်း သိရ

Sunday, August 18, 2013

မြန်မာ မိန်းကလေး တစ်ဦးအား မလေးရှားနိုင်ငံသားများ ၀ိုင်းဝန်း အဓ္ဓမ ပြုကျင့်ခံရ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqExh28aHtA2rAPXELIH-JzpxXOnzB5ZSBkwvdk-UJMc2JTd1Afguj17A4_uHycfIMQ39TOE9LTpIReXKTjybZ42a6HzxLz-PlmGZIqnGz-0fnnylygMUGvYCSQsQ-9fZL4xslpMMP7GCA/s1600/6.jpg

မလေးရှား နိုင်ငံ ဂျိုဟိုးပြည်နယ် ကိုတာတင်ဂီ တမန်ကိုတာရှိ panasonic ဖုန်းများ ထုတ်လုပ်သော Flairis Sdn Bhd စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာ မိန်းကလေး တစ်ဦးအား သြဂုတ်လ ၁၆ရက် ည ၁၀နာရီခန့် တွင်  လူတစ်စုမှ နေအိမ်ထဲသို့ ဝင်ရောက်ကာ ဓားဖြင့်ထောက် ခေါ်ဆောင်သွားပြီး သားမယား ပြုကျင့်ခဲ့ကြောင်း သိရပါတယ်။

ဖြစ်ပွားပုံမှာ လူတစ်စုက မြန်မာအမျိုးသမီး (၈)ဦး နေထိုင်သည့် အဆောင်ကို အနုကြမ်းဝင်စီးကာ အသက် ၂၀ ဝန်းကျင် မသူဇာအေး အား ကားဖြင့် ဖမ်းဆီး ခေါ်ဆောင်သွားပြီး အုပ်စုဖြင့် ဝိုင်းဝန်း အဓမ္မပြု ကျင့်ခဲ့ကြတယ်၊ မနက် ၁ နာရီကျော်ခန့် တွင် ၄င်းအဆောင်အနီး လမ်းမပေါ်တွင် ကားပေါ်မှ ပစ်ချသွားပါတယ်။

အဆိုပါ မိန်းကလေး အဆောင်နောက်ဘေး အဆောင် တံခါးပေါက် အား ဖြတ်ဆီးပြီး လူတစ်စု အဆောင်တွင်းသို့ ဝင်ရောက်လာ သောအခါ အဆောင်တွင်းနေ မြန်မာ မိန်းကလေးများ ကြောက်ရွံ့အော်ဟစ်ခါ  အဆောင်ရှေ့ပေါက်မှ ထွက်ပြေးကြပေမယ့်  မသူဇာအေး ကတော့ ဆေးစစ်ပြီး ပြန်လာချိန် ဖြစ်လို့  ပင်ပန်း၍ မနိုးပဲ အိပ်ရာထက် ကျန်ခဲ့တာကြောင့်  ဓားဖြစ်ထောက် ခေါ်ဆောင်သွားခြင်း ခံရတာဖြစ်ပါတယ်။

အခုအခါ မသူဇာအေးမှာ လိုအပ်သော ဆေးကုသမှု ခံယူနေပြီ ဖြစ်ကြောင်း၊ တရားခံများ၏ ပုံပန်းသဏ္ဍာန်ကို ယင်းပတ်ဝန်းကျင်ရှိ စီစီတီဗွီ မှတ်တမ်းမှ တဆင့် ရှာဖွေဖော်ထုတ် သွားရန် အစီအစဉ်များရှိကြောင်း လူမှုကွန်ယက် အင်တာနက် သတင်းများမှာ ရေးသားဖော်ပြကြပါတယ်။

ထိုအဖြစ်အပျက်အား မြန်မာသံရုံး သို့ တိုင်ကြားသောအခါ မြန်မာသံရုံးမှ မလေးရှား လဝက အားတိုင်ကြားပြီး တနင်္လာနေ့ ညနေ ၃ နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း အကြောင်းပြန်တယ်လို့  မလေးရှားရောက်များရဲ့ အင်တာနက် သတင်းများ အရသိရပါတယ်။

အဆိုပါ ကိစ္စနဲ့ ပါတ်သတ်ပြီး  မြန်မာမိန်းကလေးများ အလုပ်မဆင်းပဲ သူတို့ နေအိမ် အဆောင်များ လုံခြုံမှု ရှိအောင်လုပ်ပေးရန် နှင့် ယခု ကိစ္စ အားအရေးယူ တိုင်ကြားပေးရန် Flairis Sdn Bhd စက်ရုံတွင် ဆန္ဒပြ တောင်းဆို နေကြောင်းလည်း သိရပါတယ်။

by Myanmar News Now



Thit Htoo Lwin - Crime

တေးရေး၊ တေးဆို မျိုးမြင့်လေး အသည်းကင်ဆာဖြင့် နေအိမ်၌ကွယ်လွန်

ပန်းမြတ်ဇော် | တနင်္ဂနွေနေ့၊ သြဂုတ်လ ၁၈ ရက် ၂၀၁၃

အဆိုတော်နယ်ပယ်မှာ သန်းဖေလေး ၊ သန်းထွန်းလေး၊ မျိုးမြင့်လေး အစရှိသဖြင့် လေး တစ်ခေတ်တွင် တေးရေး၊တေးဆို အဖြစ် သာမက ခေတ်နှင့်အညီထင်ရှားသည့် စကားလုံးများကို သုံးစွဲကာ ရေးသားတတ်သူ တေးရေး၊တေးဆို မျိုးမြင့်လေး သည် သြဂုတ်လ ၁၈ ရက်နံနက် ၉နာရီ ၂၆ မိနစ် က အသည်းကင်ဆာရောဂါဖြင့် သူ၏ နေအိမ်၌ ကွယ်လွန်သွားခဲ့ပြီးဖြစ်သည်။

ကွယ်လွန်ချိန်တွင် အသက် ၇၃ နှစ်ရှိပြီဖြစ်သည် အဆိုတော်မျိုးမြင့်လေးသည် နေကာမျက်မှန်၊ နှင်းမှုန်မြို့တော် စသော တေးသီချင်းများအပါအ၀င် စတီရီယို တေးသီချင်းများစွာကို ကိုယ်တိုင်သီဆိုရန်အတွက် ရေးစပ်ခဲ့သလိုမြန်မာပြည်သိန်းတန် အစရှိသည့် စတီရီယိုခေတ်ကိုတစ်ခေတ်ဆန်းစေသည့် အဆိုတော်များအတွက်လည်းတေးသီချင်းများကို ရေးသားခဲ့သူလည်းဖြစ်သည်။

မြန်မာအရပ်စကားတခုလဲ ရှိသေးတယ်။ “မယားကောင်းဆိုတာအိပ်ယာထဲမှာ ပြည့်တန်ဆာ လို နေရ-ကျင့်ရတယ်” တဲ့။ ဒေါက်တာတင့်ဆွေ

 မယားကောင်းဆိုတာ အိပ်ယာထဲမှာ ပြည့်တန်ဆာလို နေရ-ကျင့်ရတယ်


8:18:00 PM  Myanmar News Updates

ဆရာရှင့် ကျွန်မရဲ့စိတ်အကြောင်းမေးချင်လို့ပါ။ ကျွန်မနဲ့ကျွန်မအမျိုသား အတူနေတဲ့အခါ ကျွန်မယောက်ျား ကပြောပါတယ် ကျွန်မကို ကျောက်ရုပ်ကြီးကျနေတာပဲတဲ့။ သူ့ကိုစိတ်ပါသေးရဲ့ လားလို့လဲ မေးပါတယ်။ ကျွန်မဘာလို့အဲဒီ့လိုဖြစ်နေရတာလဲ။ အမှန်တိုင်းပြောရရင် ကျွန်မတို့အိမ်ထောင်သက် ၂ နှစ်ပြည့်ခါနီးပေ မယ့် ကျွန်မရှက်တုန်းပဲ။ ကလေးတစ်ယောက် ရသွားပေမယ့် ရှက်နေတုန်းပဲ။ အဲဒါဘာဖြစ်လို့ပါလည်းရှင်။ 
သူ့အပေါ်တာဝန်မကျေသလို ခံစားရပါတယ်။ သူ့အပေါ် တာဝန်ကျေချင်ပါတယ်ရှင့်။ ပြောပြပေးပါဦး။

မေးတဲ့သူဟာ အခုလိုမေးသင့်တယ်လို့ထင်တဲ့၊ စိတ်ဆန္ဒရှိနေတာဟာ အလားအလာအတော်ကြီး ကောင်းပါ တယ်။ ရှက်စိတ်ရှိတာ ပုံမှန်ပါ၊ လူဆန်ပါတယ်။ အကြံတခုပေးချင်တာက ဒီလိုရှက်စိတ်ဟာ “ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်" ဆိုတာ လူတိုင်းအသိပါ။ ပြောဘို့ မယဉ်ကျေးတဲ့ မရှက်တရား နောက် တပါး ကတော့ “တရားဝင် အကြင်လင်မယား နှစ်ဦးသားဟာ ဆက်ဆံရာမှာ ရှက်နေစရာ မလိုဘူး”။ ဒါဖြင့်ရင်“အရှက်ကိုမရှိရတော့မှာလား”ဆိုတာတော့လဲမဟုတ်ပါ။ လင်မယားတွေ ပေါင်းလာကြတာ နှစ်တွေ အများကြီးကြာပေမဲ့လဲ ဘယ်အရေးကိစ္စမှာမဆို သူသူကိုယ်ကိုယ် ရှက်နေကြရသေးတာပါ။ အဖိုးကြီး၊ အဖွါးကြီးဖြစ်တဲ့အထိပါ။

ဒါပေမဲ့ အခုမေးလာသူလို လိုအပ်ချက်ရယ်လို့ရှိလာပြီဆိုရင်တော့ ပြင်ယူရပါလိမ့်မယ်။ တနှစ်က သတင်းစာမှာ ဖတ်ရတယ်။ ကမ္ဘာ့နံပါတ်တစ် အားကစားမယ်တယောက် ရုပ်ရည်ကလဲ အင်မတန်ချော ပါတယ်။ သူ့ (ဘွိုင်း-ဖရင်း) က ပြောတယ် “အိပ်ယာထဲမှာဆို ဒီမိန်းကလေးဟာ သစ်တုံးလိုဘဲ” တဲ့။ သူတို့ဆီကတော့ အကြင်လင်မယားမဖြစ်သေးလဲ အဲလို နေကြတာကထုံးစံပါ။ နာမည်ကြီးသူဆိုရင် သတင်းလိုက်သူတွေကလဲ ရှောင်လို့မရဘူး။ ပြန်ပြောပေါ့ “ကျမတယောက်တည်း မဟုတ်ဘူး (ဆယ်လီဘရက်တီ) အပျိုမလဲ ကျမလိုပါဘဲ” လို့။

မြန်မာအရပ်စကားတခုလဲ ရှိသေးတယ်။ “မယားကောင်းဆိုတာအိပ်ယာထဲမှာ ပြည့်တန်ဆာ လို နေရ-ကျင့်ရတယ်” တဲ့။ ဒီအကြံပေးချက်ဟာ လက်တွေ့ဘဝတွေကနေ လာပုံရတယ်။ တခုရှိတာက ကိုယ်ခန္ဓာ ရောင်းစားသူတွေ၊ ငွေယူပြီး လိင်ဇာတ်ကား ရိုက်ပေးသူတွေဟာ ကြည့်တဲ့သူတွေပို သဘောကျ၊ အားကျစေအောင် တမင်တကာ သရုပ်ဆောင်ကြရတယ်။ ဥပမာ အမျိုးသမီးတွေက ခံစားမှုရှိနေသယောင်၊ သာယာနေသယောင် သရုပ်ဆောင်ကြတယ်။ ဒါတင်မကဘူး လိင်ဆန္ဒ ပြည့်ဝ ပြီးစီးတာကိုပါအတုလုပ်လေ့ ရှိတယ်။ ဒါကို Women Fake Orgasm လို့ခေါ်တယ်။

ဒီလိုအတုလုပ်ကြတာက ကြေးစာမိန်းမတွေမှ မဟုတ်သေးဘူး။ အနောက်နိုင်ငံတွေမှာ (မြန်မာနိုင်ငံမျာတော့ လေ့လာမှု မရှိလို့ မပြောနိုင်ပါ။) အတွဲထားတဲ့ အမျိုးသမီးများကလဲ ပြီးစီးမှု အတုလုပ်တတ်ကြတယ်။ AskMen.com ကနေ အမေရိကန်၊ ကနေဒါ၊ ယူကေနဲ့ သြစတြေးလျ မှာ ယောက်ျား-မိန်မပေါင်း ငါးသောင်းကို လေ့လာမှုလုပ်တော့ ၃ ပုံ ၁ ပုံသော အမျိုးသမီးတွေက (အော်ဂဇင်) ရသယောင်ဆောင်ပါသတဲ့။ (ကိုလန်ဘီယာ) က Farnaz Kaighobadi ကနေလုပ်တဲ့ သုတေသနအရ ၄ဝ-၆ဝ% အမျိုးသမီးတွေက အဲလိုအတုလုပ်ကြရတာဟာ Mate retention tactic သူတို့ ယောက်ျားဖေါ်တွေ သူတို့ဆီကနေ ခွါမသွားစေအောင်လုပ်ရတဲ့ ဗျူဟာလို့ ဆိုပါတယ်။

နောက်တခုလဲ ကြားဘူးကြမှာပါ။ “ယောက်ျားသား ဖေါက်ပြားတာဟာ သူ့မိန်းမက အလိုကို လိုသလို မဖြည့်နိုင် လို့” ဆိုတာ။ ဒီအချက်က တဝက်တပျက်သာ မှန်ပါမယ်။ ဖေါက်ပြားချင်သူဆို တာ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် စ (ဇ) ရှိသူတွေက ဇနီးမယား၊ ယောက်ျား ခင်ပွန်းဘက် က ပြောစရာမလိုပေမဲ့ ဖေါက်ပြန်ကြပါတယ်။

လင်မယားနေကြရာမှာ အချိန်ကာလအရ တိုးတက်လာကြရတယ်။ မေးတဲ့သူလဲ တိုးတက်လာအောင် လုပ်သင့်ပါတယ်။ ပိုပြီး နားလည်လာရမယ်။ သာယာမှုရှာတဲ့နေရာမျိုးမှာ ပိုပြီးသာယာမှုကိုဖြစ်လာစေ သင့်တယ်။ ခွင့်လွှတ်စရာမျိုးကို ပိုပြီး ခွင့်လွတ်လာကြတာမျိုးလိုပါဘဲ။ အပြန်အလှန်ပါဘဲ။ ယောက်ျား လုပ်သူကလဲ နားလည်မှု ပြန်ပေးဘို့လိုတယ်။ မိန်းမသဘာဝဟာ တမျိုးဆိုတာ သိသင့်တယ်။ ပိုးပြီးရှက် တတ်တယ်။ လိင်စိတ်ဖြစ်လာတာ အချိန်ပိုယူတယ်။ အခါတိုင်း အပြီးမသတ်ပေမဲ့ သိပ်ကိစ္စမရှိတတ်ဘူး။ လစဉ်ဓမ္မတာနဲ့အတူ ဟော်မုန်းသတ္ကိကြောင့် လိင်စိတ် အတက်အကျ ရှိတတ်တယ်။ အိမ်ထောင်မကျ ခင်ဘဝ၊ နောက်ခံ (လိင်) ကျန်းမာရေးသုတ ဆိုတာမျိုးကို တမင်တကာ လိုက်ရှာနေတတ်သူမျိုး ဆိုတာ ယောက်ျားတွေနဲ့ယှဉ်ရင် အရေအတွက်နည်းပါးတယ်။ ဒီတော့ လိုနေတယ်ထင်ရင် ပြင် လာစေအောင် ကူညီရမယ်။ သုတအရလိုနေရင် သုတဖြည့်ပေးပါ။ ကျန်းမာရေးကြောင့်ဆိုရင် ခွင့်လွတ်ပေးပါ။ တိုးတက်လာတိုင်း အသိအမှတ်ပြုပေးပါ။

လိင်မှုကိစ္စဟာ တခြားအရေးအရာတွေလိုဘဲ။ နှစ်ဦးနှစ်ဘက် ပါဝင်ပတ်သက်ရတယ်။ လက်လုပ်တီးတာ လက်နှစ်ဖက် ပါရသလိုမျိုး။ လက်နှစ်ဖက်တော့ ဟုတ်ပါရဲ့ တဖက်လက်ဝါးက ဖြန့်ကော့ထားရင် မည်တဲ့ လက်ခုပ်သံက မပြီသဘူး။ တက်ညီ-လက်ညီ ရှိကြတာ ကောင်းတဲ့ဂုဏ်တရပ်ပါ။ ရှေ့သွား၊ နောက်လိုက် ညီကြတယ်ဆိုတာ အများအမြင်သာ ဖြစ်တယ်။ ဘက်ညီတယ်ဆိုတာမှာ အတူနေတဲ့ကိစ္စလဲ ပါသင့်တယ်။

စိတ်မပျက်ပါနဲ့။ အားငယ်စရာမဟုတ်ပါ။ အိမ်ထောင်ရေး ပိုသာယာတာ အခုမေးတဲ့သူမှာ သေခြာပေါက်ဖြစ် လာမယ်လို့ ယူဆပါတယ်။ ဖတ်ပါ၊ လိုက်နာပါ။ မေးမြန်းပါ၊ လိုက်လုပ်ပါ။ ကိုယ့်က ကျောက်ရုပ် (သစ်တုံး) လိုဖြစ်မနေအောင် လိုသေးရင် ဆရာဝန်ကိုမေးပါ။

ဒေါက်တာတင့်ဆွေ 

--

Friday, August 16, 2013

MPT Service v1.0.1 လေးကတော့ အရင် v1.0.0

MPT Service v1.0.1 (မြန့်မာဆက်သွယ်ရေးဝန်ဆောင်မူ့)

MPT Service v1.0.1 လေးကတော့ အရင် v1.0.0 မှာအဆင်မပြေတာလေးတွေကို ပြန်လည်ပြင်ဆင်ပေးထားတဲ့အပြင် GSM အချင်းချင်းငွေပို့နိုင်တဲ့ ၀န်ဆောင်မူ့ကိုပါ
ထည့်သွင်းပေးလိုက်ပါတယ်။
ဒီApp လေးရဲ့ Featured တွေကတော့
 - GSM,CDMA လက်ကျန်ငွေစစ်နိုင်ခြင်း
- GSM,CDMA ငွေဖြည့်နိုင်ခြင်း
- GSM Internet လျှောက်ထားနိုင်ခြင်း
- GSM အချင်းချင်း ငွေဖြည့်ပေးနိုင်ခြင်း
- GSM Internet Setting ချိန်နည်းထည့်သွင်းပေးထားခြင်း
- Voice Mail အကြောင်းရှင်းပြထားခြင်းများအပြင်
မြန်မာလိုအညွန်းပိုင်းများစွာထည့်သွင်းပေးထားပါတယ်။
သတိပေးချင်တာကတော့ Internet လျှောက်ပြီးသားဖုန်းတွေ ထပ်ပြီးတော့
Internet လျှောက်ရန်ကိုမနှိပ်မိပါစေနဲ့။
မှားနှိပ်လို့ ၁သောင်းထပ်ဖြတ်ခံရလျှင် တာဝန်ယူမှာမဟုတ်ပါဘူး
သတိပေးချက်ပေါင်းများစွာလဲထည့်သွင်းပေးထားလို့
အဆင်ပြေပြေအသုံးပြုနိုင်မယ်ထင်ပါတယ်။
ဒီမှာဒေါင်းပါ။


http://www.mediafire.com/download/9un0k79iy4wztiu/MPT_Service_v1.0.1.apk

Post of ဖြိုးချမ်း ( MMSD )

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

စကားများစဉ် ခင်ပွန်းဖြစ်သူမှ ဓါတ်ဆီနှင့်ပက်ကာ မီးရှို့ခဲ့၍ မျက်နှာဝဲဘက်ခြမ်း၊ ရင်ဘတ်၊ လက်နှစ်ဖက်နှင့် ပေါင်နှစ်ဖက်တို့တွင် မီးလောင်ဒဏ်ရာများ ရရှိ

hursday, August 15, 2013

လင်မယားချင်း စကားများစဉ် ခင်ပွန်းဖြစ်သူမှ ဇနီးသည်အား ဓါတ်ဆီဖြင့်ပက် မီးရှို့

ရန်ကုန်၊ သြဂုတ် ၁၅

၁၃.၈.၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန် ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ်နေ ဒေါ်မြင့်မြင့်သည် နေအိမ်တွင်ရှိနေစဉ် မြေးဖြစ်သူ ရောက်ရှိလာပြီး ၎င်း၏ မိခင်နှင့်ဖခင်တို့ စကားများ ရန်ဖြစ်နေ၍ လိုက်ကြည့်ပေးရန် ခေါ်သဖြင့် ၎င်းတို့နေထိုင်သည့် မင်္ဂလာဒုံမြို့နယ်၊ ပြန်လည် နေရာချထားရေး ရပ်ကွက်ရှိနေအိမ်သို့ လိုက်သွားခဲ့ပါသည်။

နေအိမ်သို့ရောက်ရှိစဉ် သမီးဖြစ်သူ မ၀င်းဝင်းဆွေအား အိမ်နီးချင်းများမှ ဆေးလူးပေးနေသည်ကိုတွေ့ရ၍ မြေမြန်းခဲ့ရာ ခင်ပွန်းဖြစ်သူ သိန်းဝင်း(ခ)သံနိုင်(ဘ)ဦးခင်မောင်နှင့် စကားများစဉ် ခင်ပွန်းဖြစ်သူမှ ဓါတ်ဆီနှင့်ပက်ကာ မီးရှို့ခဲ့၍ မျက်နှာဝဲဘက်ခြမ်း၊ ရင်ဘတ်၊ လက်နှစ်ဖက်နှင့် ပေါင်နှစ်ဖက်တို့တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

ဒဏ်ရာရသူ မ၀င်းဝင်းဆွေအား မြောက်ဥက္ကလာပ ဆေးရုံတွင် အတွင်းလူနာ အဖြစ် တင်ပို့ကုသခဲ့ရသဖြင့် သိန်းဝင်း(ခ)သံနိုင် အား အရေးယူပေးရန် ဒေါ်မြင့်မြင့်မှ တိုင်ကြားခဲ့၍ မင်္ဂလာဒုံမြို့မရဲစခန်း
(ပ)၅၀၉/၂၀၁၃၊ ပုဒ်မ ၃၂၆ ဖြင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းထုတ်ပြန်ချက် အရသိရပါသည်။

by Myanmar News Now

အ​မေရိကန်တွင် တ​​စ္ဆေသရဲများ​​ လိင်ဆက်ဆံ​​နေသည်ဟု ယူဆရသည့်​​ ထူး​​ခြား​​​သော ဓာတ်ပုံတစ်ပုံကို ရိုက်ယူမိခဲ့​​​ကြောင်း​​ သိရှိရ

အမေရိကန်မှ တစ္ဆေသရဲများ လိင်ဆက်ဆံသည်ကို ဓာတ်ပုံ ရိုက်ယူနိုင်ခဲ့


အ​မေရိကန်တွင် တ​​စ္ဆေသရဲများ​​ လိင်ဆက်ဆံ​​နေသည်ဟု ယူဆရသည့်​​ ထူး​​ခြား​​​သော ဓာတ်ပုံတစ်ပုံကို ရိုက်ယူမိခဲ့​​​ကြောင်း​​ သိရှိရသည်။ အိုဟိုင်အိုတွင် ​​နေထိုင်​​သော ဒိုင်ယာနီ ကာလက်စလီက သူမ၏ ​​မြေး​​မ​​လေး​​ ရိုက်ယူခဲ့​​​သော ဓာတ်ပုံတစ်ခုတွင် အိမ်​​ရှေ့​​ ဧည့်​​ခန်း​​အတွင်း​​ အချစ်ပလူး​​​နေသည်ဟု ယူဆရသည့်​​ အရိပ်များ​​၏ ဓာတ်ပုံကို ​​တွေ့​​ရှိခဲ့​​ရသည်။
“သူတို့ ​​ ဘာလုပ်​​နေတယ်ဆိုတာကို ​​တွေ့​​နိုင်ပါတယ်။ အမျိုး​​သမီး​​က ​​ဒေါက်မြင့်​​ဖိနပ် စီး​​ထား​​တာ​​တောင် မြင်ရပါတယ်”ဟု ဒိုင်ယာနီက ဆိုသည်။ အမျိုး​​သမီး​​တစ်ဦး​​၏ ​​ခြေ​​ထောက်နှင့်​​ အမျိုး​​သား​​ တစ်ဦး​​၏ ခန္ဓာကိုယ် ​​အောက်ပိုင်း​​တို့​​၏ အရိပ်များ​​ ပါရှိ​​သော ဓာတ်ပုံကို ၄ နှစ်သမီး​​​လေး​​က ရိုက်ကူး​​ခဲ့​​မိခြင်း​​ဖြစ်သည်။ မိမိအ​​နေနှင့်​​ တ​​စ္ဆေသရဲများ​​ ရှိခြင်း​​ကို ယုံကြည်​​သော်လည်း​​ ၎င်း​တို့​​အ​​နေနှင့်​​ ခံစား​​ချက်ရှိသည်၊​ လိင်ဆက်ဆံမှု ရှိသည်ကို မသိခဲ့​​​ကြောင်း​​လည်း​​ ဆိုသည်။ သူမပြသ​​သော ဓာတ်ပုံနှင့်​​ ပတ်သက်ပြီး​​ တိတိကျကျ အ​​ဖြေထုတ်နိုင်မှု မရှိ​​သေး​​​ချေ။
က ​​လေး​​ ၃ ဦး​​၏ မိခင်ဖြစ်​​သော ဒိုင်ယာနီကမူ ဓာတ်ပုံနှင့်​​ ပတ်သက်၍ သူမ၏ ထင်မြင်ယူဆမှု ​​ကောက်ချက်သည် ​​သေချာ​​ပေါက် အမှန်ဖြစ်​​ကြောင်း​​ အခိုင်အမာ ​​ပြောဆိုလျက်ရှိသည်။
Daily Mail 

ပါကူငါးခေါ် အသားစား ငါးမျိုးစိတ် တစ်ခုသည် အမျိုးသားများ၏ ဝှေးစေ့ကို ကိုက်ဖြတ်စားသောက်တတ်သည့် အလေ့အမျိုး ရှိ

ဆွီဒင်ရှိ ရေလက်ကြားတွင် ဝှေးစေ့ကို ကိုက်ဖြတ်တတ်သည့် ငါးများရောက်ရှိ


ပါကူငါးခေါ် အသားစား ငါးမျိုးစိတ် တစ်ခုသည် အမျိုးသားများ၏ ဝှေးစေ့ကို ကိုက်ဖြတ်စားသောက်တတ်သည့် အလေ့အမျိုး ရှိသည်။ နာမည်ကျော် ပရန်းညား ငါးများနှင့် မျိုးနွယ် ဆက်စပ်မှု ရှိနေသည့် ပါကူငါးများကို အော်ရီဆန် ရေလက်ကြား ဒေသတွင် တံငါသည်များက တွေ့ရှိလာခဲ့ကြသည်။
ဆွီဒင်ရှိ ရေလက်ကြားတွင် ဝှေးစေ့ကို ကိုက်ဖြတ်တတ်သည့် ငါးများရောက်ရှိ
ဆွီဒင်နိုင်ငံရှိ ရေလက်ကြား ဒေသတစ်ခုတွင် အမျိုးသားများအတွက် အထူးအန္တရာယ်များသည့် ငါးမျိုးစိတ် တစ်ခုကြောင့် ရေဆင်းကူးမှုမျိုး မပြုလုပ်သင့်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။
ပါကူငါးခေါ် အသားစား ငါးမျိုးစိတ် တစ်ခုသည် အမျိုးသားများ၏ ဝှေးစေ့ကို ကိုက်ဖြတ်စားသောက်တတ်သည့် အလေ့အမျိုး ရှိသည်။ နာမည်ကျော် ပရန်းညား ငါးများနှင့် မျိုးနွယ် ဆက်စပ်မှု ရှိနေသည့် ပါကူငါးများကို အော်ရီဆန် ရေလက်ကြား ဒေသတွင် တံငါသည်များက တွေ့ရှိလာခဲ့ကြသည်။ ၎င်းတို့တွင် လူ့သွားနှင့် ပုံသဏ္ဍန်ဆင်ပြီး ထက်မြက်အားကောင်းသော သွားများရှိပြီး ပင်ကိုယ် သဘာဝအရပင် လူများ၊ တိရစ္ဆာန် အထီးများ၏ ဝှေးစေ့ကို ဦးတည်ကိုက်ဖြတ် စားသောက်ရန် နှစ်ခြိုက်လေ့ ရှိကြသည်။
ဆွီဒင်တောင်ပိုင်း ကမ်းခြေဒေသရှိ ရေလက်ကြားတွင် (၂၁) စင်တီမီတာ အရှည်ရှိသော ပါကူငါး တစ်ကောင်ကို တံငါသည် တစ်ဦးက စတင်ဖမ်းမိခဲ့သည်။ ပါပူအာ နယူးဂီနီတွင် "ဘောဖြတ်ငါး"ဟု နာမည်တွင်သော ပါကူငါးများသည် အဆိုပါ ရေလက်ကြားထဲတွင် မည်၍မည်မျှထိ ပျံ့နှံ့ ရောက်ရှိနေသည်ကို မိမိတို့ မသိရသေးကြောင်း ဒိန်းမတ်ရှိ သဘာဝ သမိုင်းပြတိုက်မှ ပညာရှင်များက သတိပေးခဲ့သည်။ ပါပူအာတွင် ယခုနှစ်အတွင်း အဆိုပါ ငါးများ၏ ကိုက်ဖြတ်မှုကြောင့် အမျိုးသားနှစ်ဦး သွေးလွန်သေဆုံးခဲ့သည်။
ရေချိုတွင် နေထိုင်သော ငါးမျိုးစိတ် တစ်ခုဖြစ်သူ ပါကူငါးတို့သည် အကြီးဆုံး စင်တီမီတာ (၉၀)မျှထိ တွေ့ရှိရတတ်သည်။ အကြီးဆုံး ပါကူငါး တစ်ကောင်သည် (၂၅)ကီလိုမီတာထိ အလေးချိန် ရှိတတ်ကြောင်းလည်း သိရသည်။ သဘာဝအားဖြင့် ပါကူငါးတို့သည် သစ်စေ့များ၊ သစ်ရွက်များ၊ ရေတွင်ပေါက်ရောက်သည့် အပင်များနှင့် ခရုများကို စားသောက်လေ့ရှိသော်လည်း လူသားများ၏ ဝှေးစေ့ကို ကိုက်ဖြတ်ဝါးမြိုတတ်သည့် အကျင့်ဆိုးကြောင့်လည်း နာမည်ကြီးသည်။ တာဝန်ရှိသူများက ဆွီဒင်ရှိ အခြားမြစ်ချောင်း အင်းအိုင်များတွင်လည်း ယင်းငါးများ ကျက်စားနေမည်ကို မိမိတို့ စိုးရိမ်ကြောင်း ဝန်ခံထားသည်။

"ရေလက်ကြားမှာ ခုရက်ပိုင်းတွေ ရေကူးမယ်ဆိုရင် ကိုယ်လုံးတီး ရေကူးတာမျိုးကို လုံးဝ ရှောင်သင့်ပါတယ်။ အဲဒီမှာ နောက်ထပ် ပါကူငါးတွေ ရှိနေနိုင်တယ်။ သဘာဝအတိုင်းတော့ သူတို့ဟာ လူတွေအတွက် ဒုက္ခပေးတဲ့ မျိုးစိတ် မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ကိုက်တာက အားပြင်းတယ်။ ပါပူအာ နယူးဂီနီနဲ့ တချို့နိုင်ငံတွေမှာ သူတို့ကိုက်လို့ ဝှေးစေ့ ပြတ်ထွက်သွားဖူးတဲ့ အမျိုးသားတွေ ရှိခဲ့ဖူးတယ်"ဟု ဒိန်းမတ် သဘာဝ သမိုင်းပြတိုက်မှ ငါးမျိုးစိတ် ကျွမ်းကျင်သူ ဟင်းနရစ်ခ်ကားလ်က ဆွီဒင်ထုတ် The Local သတင်းစာသို့ ပြောကြားခဲ့သည်။

ကားလ်က ဆွီဒင်ရှိ သဘာဝ မြစ်ချောင်းများတွင် ပါကူငါးများ ရှိကောင်း ရှိနေနိုင်သည်ဟုလည်း သတိပေးခဲ့သည်။ "သူတို့က ပရန်းညားတွေနဲ့ ဆင်တယ်။ ရုတ်တရက်ဆိုရင် ခွဲရခက်တယ်။ ဒါပေမဲ့ သူတို့ရဲ့ သွားတွေက ပရန်းညားတွေနဲ့ မတူဘူး။ ပိုပြားပြီး ပိုသန်တယ်။ ကိုက်အားက တော်တော်ပြင်းတယ်"ဟု ၎င်းက ဆိုသည်။ လက်ရှိ အချိန်ထိ ဥရောပတိုက်တွင် ပါကူငါး တိုက်ခိုက်မှုမျိုး မဖြစ်ပေါ်ဖူးသေးချေ။ မည်သို့ပင်ဖြစ်စေ သတိထားသင့်ကြောင်း ကားလ်က နှိုးဆော်ခဲ့သည်။ "မထင်မှတ်ဘဲ ပြဿနာတစ်ခု ဖြစ်လာနိုင်တယ်လေ။ တစ်ခါတစ်လေ ကိစ္စတစ်ခုက ပထမဆုံး ဖြစ်လာပြီးရင် နောက်ဆုံး မဟုတ်နိုင်တော့တာကို မမေ့သင့်ဘူး"ဟုလည်း ကားလ်က ပြောကြားသွားသည်။
Planet Myanmar Network

Wednesday, August 14, 2013

သွေးနှင့်ဗီဇ O A B AB

August 14, 2013 at 2:26am
သွေးအုပ်စု - O

၁။ မုဆိုးနှင့်တူသော စရိုက်လက္ခဏာ ရှိသည်။
၂။ အစာ၊ ရေမျိုပြွန် တစ်လျှောက်မကောင်း။
၃။ လွန်ကဲသော ရောဂါခုခံ ကာကွယ်မှုစနစ်ကို ပိုင်ဆိုင်ထားသည်။
၎။ အစားအသောက် ပတ်ဝန်းကျင်တို့နှင့် လိုက်လျော ညီထွေမှု မရှိပါ။
၅။ ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားခြင်းဖြင့်ကိုယ်လက်လှုပ်ရှားမှုကို အကောင်းဆုံး တုံ့ပြန်နိုင်သည်။
၆။ကျစ်ကျစ်လျစ်လျစ်နှင့် အင်အားပြည့်နေစေရန် သွက်လက်ထိရောက်သာ ဇီဝဖြစ်ပျက်မှု ဖြစ်စဉ် လိုအပ်သည်။
၇။ခွန်အား၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ ကြိုတင်သိမြင်မှု၊လုပ်ရဲကိုင်ရဲမှု၊ ခံနိုင်ရည်ရှိမှုနှင့် မွေးရာပါ အကောင်းမြင်စိတ် ရှိသူတို့ဖြစ်သည်။
၈။ ကိုယ့်ကိုယ်ကို တန်ဖိုးထားလွန်း အားကြီးသည်။
၉။ ပင်ပန်းခံနိုင်၍ ခွန်အားကြီးကြသည်။
၁၀။ အသားဓာတ် ကြွယ်ဝသော အစာ အာဟာရများကို နှစ်သက်စွာ မှီဝဲကြသည်။
၁၁။ ကိုယ်ကာယ လေ့ကျင့်ခန်းနှင့် ပြင်းပြင်းထန်ထန်လှုပ်ရှားမှုကို ခံနိုင်ရည်ရှိသည်။
၁၂။လေ့ကျင့်ခန်းများနှင့် ကင်းကွာပါက စိတ်ဓါတ်ကျခြင်း ၊ အ၀လွန်ခြင်းစသည့် ပြဿနာများ ၀င်လာတတ်သည်။
၁၃။ အင်အားကြီးမားသော တိကျ သေချာသော စွမ်းရည်မြင့်မားသော ခေါင်းဆောင်မှု အရည်အသွေးများ ရှိသည်။
၁၄။ ကျန်းမာသန်စွမ်း၍ အကောင်းမြင် တတ်သည်။

ထို့ထက်ပို၍ ဆိုရလျှင် အိုသွေး ပိုင်ရှင်များကတော့ အိမ်မှာတော့ ပြဿနာ ရှာတတ်ကြပေမယ့် သူငယ်ချင်းတွေနဲ့ ဆိုရင်တော့ သူငယ်ချင်းတွေကို ကြည့်ရှု စောင့်ရှောက်တတ်ပြီး လူတကာနဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေတတ်သူများ ဖြစ်ကြပါတယ်။ အရာအားလုံးကိုတက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက် တတ်သူများ ဖြစ်ကြပါတယ်။
အလုပ် အားလုံးကိုလည်း ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား ဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်။ လုပ်ငန်းခွင်ကို ရောက်ပြီဆိုရင်လည်း သူတပါးကို စာနာထောက်ထား တတ်ကြပါသတဲ့။
အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု ရှိပြီဆိုရင် တစိုက်မတ်မတ်နဲ့ လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပြီဆိုရင်တော့ အစွဲအလမ်းတစ်ခုမှ မထားဘဲလက်လျှော့ပစ်တဲ့ အကျင့်လေးများလည်း ရှိပါတယ်တဲ့။ အလုပ်တစ်ခုကို လုပ်ကိုင်နိုင်စွမ်း မြင့်မားသလိုအခြေအနေ အလိုက်စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့။ ရလဒ်ကိုဘဲ ဦးစားပေးသူများ လို့လည်း ဆိုနိုင်ပါသတဲ့။ အလုပ်တစ်ခုကို လုပ်တော့မယ် ဆိုရင် plan အရင်ချပြီးမှ လုပ်ကိုင်လေ့လည်း ရှိပါသတဲ့။
ကိုယ့် စတိုင်လ်နဲ့ကိုယ် နေတတ်သူများဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို ပိုင်ဆိုင်သူများလည်း ဖြစ်ပါတယ်။ ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့ အနုပညာ လောကကို ခြေချမယ် ဆိုရင်လည်း အောင်မြင်နိုင်တဲ့သူများ ဖြစ်ပါတယ်တဲ့။
ဒါပေမယ့် ကိုယ်ရဲ့ အတွေးအမြင် ကသာ အမှန်ဖြစ်တယ် ဆိုတဲ့ ယုံကြည်မှု ပြင်းထန်ချင်းက တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျှူရှုသလို ဖြစ်နေတတ်ပါတယ်။ အပန်းဖြေတာတို့ ၀ါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့ သိပ်မနှစ်သက် လှပါဘူး။ အိုသွေး ပိုင်ရှင်များက လက်တွေ့ကျကျ လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်း ဖြစ်ပါတယ်။ တခါတလေမှာတော့ Romantic ဆန်တာလေးတွေကိုလည်း ကြိုက်နှစ်သက် ကြပါတယ်တဲ့။
အိုသွေး ပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေအတွက် အများကြီးသည်းခံ တတ်ပေမယ့် ရေရှည်တော့ သည်းမခံ နိုင်ပါဘူးတဲ့။ လူတွေနဲ့ဆက်ဆံတဲ့ အခါမှာ ယုံကြည်မှု ရှိရှိနဲ့ ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ ဆက်ဆံတဲ့ အခါမှာတော့ နွေးနွေးထွေးထွေး သဘောထားကြီးကြီးနဲ့ ဆက်ဆံ တတ်ကြပါသတဲ့။ ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့ တခါတလေမှာ မလိုအပ်ဘဲ စိတ်ဆင်းရဲရတာမျိုး လည်း ရှိပါတယ်။
အိုသွေးပိုင်ရှင်များက တခါတလေမှာ စကားနည်းပြီး အေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရတာကို ကြိုက်နှစ်သက်ကြပါ သတဲ့... တစ်ယောက်ယောက်နဲ့ စိတ်ကသိ ကအောင့် ဖြစ်တဲ့ အခါတိုင်း စိတ်ထဲမှာ စုမထားဘဲ တဘက်သားကို ပြတ်ပြတ်သားသား ပြောတတ်ပါသတဲ့။ ဒါပေမယ့် အားလုံး ပြီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီး နေနိုင်သူများပါ။

ခြုံပြီးကြည့်ရင်တော့ ...

အိုသွေးတို့ရဲ့  အတွင်းစိတ်ကတော့ အမှန်ကို ဖုံးကွယ်တတ်သူတွေကို သည်းမခံတတ်ပါဘူး။ အခြေခံ အပြုအမူတွေ အနေနဲ့ ပြောရမယ်ဆိုရင်တော့ ရည်မှန်းချက်ကို ဖြစ်အောင် လုပ်တတ်သူတွေ ဖြစ်ပြီး မိမိကိုယ်ကို ယုံကြည်ချက် ကောင်းကောင်း ရှိတတ်တယ်။ ရိုးသား ၊ အကောင်းမြင်ပြီး ထက်မြက်တယ်။ ရည်ရွယ်ချက် ပန်းတိုင်ပေါ် မူတည်ပြီး အပင်ပန်းခံ နိုင်အားထုတ်နိုင် အကြမ်းခံနိုင်သူတွေ ဖြစ်ပေမဲ့ ဆိုးတာက သူတို့ အဓိပ္ပါယ်မရှိဘူးလို့ ထင်တာနဲ့ အလွယ်တကူ လက်လျော့ တတ်ကြတာပါ။
ပြီးခဲ့တာတွေ အတွက် နောင်တ မရတတ်တာလဲ သူတို့ အရည်အချင်း တစ်ခုလို့ ပြောရမလားဘဲ။
သူတို့ အနာဂတ် အတွက်တော့ ငွေကြေး လုံလောက်စွာနဲ့ တည်ငြိမ်စွာနေထိုင် နိုင်ဖို့ ပြင်ဆင် တတ်ကြပါတယ်။ သူတို့ကို ကြည့်ရင်အမြဲ တည်ငြိမ် အေးဆေးနေပုံပါပဲ။ ရိုးသားဖြူစင်မှုနဲ့ ပတ်သက်ရင်တော့ သည်းသည်းလှုပ်လှုပ် ခံစားတတ်တာ အားနည်းချက်ပါ။ ပွင့်ပွင့်လင်းလင်းနဲ့ တည့်တည့်ပြောတတ်လို့ လူမုန်း များတတ်ကြတာလဲ သူတို့ပါဘဲ။ ရည်ရွယ်ချက် အပေါ်မူတည်လို့ သူတို့ အာရုံစိုက်နိုင်မှု စွမ်းအားတွေက အပြောင်းအလဲ ရှိတတ်ပါတယ်။ ဘာပဲလုပ်လုပ် ဦးဆောင်ချင်ကြပြီး အသေးအဖွဲလေးတွေကို ဂရုမပြုမိ တတ်တာလဲ သူတို့ရဲ့  ပျော့ကွက် တစ်ခုပါ။

* * * * * ** * * * * ** * * * * ** * * * * ** * * * * ** * * * * ** * * * * *

သွေးအုပ်စု - A

၁။ စိုက်ပျိုးရေးသမား ၏ စရိုက် လက္ခဏာ ရှိသည်။
၂။ ရှေးဦး သတ်သတ်လွတ် စားသူများ ဖြစ်သည်။
၃။ စိုက်ပျိုးသမျှ ရိတ်သိမ်းမည်ဟု ခံယူထားသည်။
၎။ တုံ့ပြန်လွယ်သော အစာရေမျိုရှိသည်။
၅။ ခံနိုင်ရည်မြင့်သော ရောဂါ ကာကွယ်ရေး စနစ် ရှိသည်။
၆။ အခြေချနေထိုင်သော ဒေသရှိ အစားအသောက်နှင့် ပတ်ဝန်းကျင်ကို လိုက်လျောညီထွေ ကောင်းစွာ နေထိုင်နိုင်သည်။
၇။ အေးဆေးတည်ငြိမ်ပြီး ဖိစီးမှုကို ကောင်းစွာတုံ့ပြန်တတ်သည်။
၈။ သွက်သွက်လက်လက် ခန္ဓာကိုယ်သေးသေးသွယ်သွယ် ဖြစ်ရန် သီးနှံအာဟာရပုံစံစားသောက်ရန်လိုအပ်သည်။

ထို့ထက်ပို၍ဆိုရလျှင် ...

အေသွေး ပိုင်ရှင်တို့သည် ငယ်စဉ် ဘ၀မှာတော့ သူတပါးကို စဉ်းစားပေးတယ် ဆိုတာသိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့။ သူတပါးကို နောက်ပြောင်ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့။ ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်က စရိုက်သဘာဝများက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူများတကာတွေ အံ့အားသင့် လောက်အောင် အေးဆေး တည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့။
အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့် အရာအားလုံးကို တာဝန်သိစွာ လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့။
တခါတလေ ပတ်ဝန်းကျင် အခြေအနေ မကောင်းတဲ့ အခါမှာ စိတ်လေလွင့် တတ်ပါတယ်တဲ့။ အသစ်အဆန်းတွေကို စမ်းသပ် လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း ကျင်လည်ရတာကို နှစ်သက်သူများ ဖြစ်ကြပါတယ်။ အလုပ်တစ်ခုကို လုပ်ပြီ ဆိုရင်လည်း အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက် အဆင့်လိုက် တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ် ပါ။
သပ်သပ်ရပ်ရပ် စေ့စေ့စပ်စပ်နဲ့ အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ။ နေ့စဉ်နေ့တိုင်း လုပ်နေကြ အလုပ်တွေကိုပဲ လုပ်နေတတ်လို့ အသစ်အဆန်းကို မရှိဘူးလို့ အပြောခံရတာ ကိုလည်း ခံရတတ်ပါတယ်။ ဒါ့အပြင် ဘယ်လိုအခြေအနေမျိုး မဆိုကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ ပြတ်သားလွန်းတာကြောင့် မာဆတ်ဆတ်နိုင်တယ်။ ဘုကြတယ် ဆိုပြီး အပြောခံရတာမျိုးလည်းရှိနိုင်ပါတယ်။
အေသွေးပိုင်ရှင်များရဲ့ သူများနဲ့ မတူ ထူးခြားချက်ကတော့တနေ့တာအတွင်း ပေါ်ပေါက် ရင်ဆိုင်ရတဲ့ အလုပ်မှန်သမျှကို စနစ်တကျ ဆောင်ရွက်တတ်ပေမယ့် စိတ်ရှုတ်လွယ်တဲ့ လူမျိုးတွေပါတဲ့... ကိုယ်နဲ့ ဆက်ဆံနေတဲ့ လူတွေကို နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး သူတပါးကိုပျော်ရွှင်မှု ပေးချင်ကြသူများ ဖြစ်ပါတယ်။
တခါတလေမှာတော့ သူများကိုမယုံမကြည် ဖြစ်တတ်လို့ ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောဘဲလည်း နေတတ်ပါသတဲ့။ ဒီလို မယုံကြည်တတ်တဲ့ သဘောထားကြောင့် လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကန့်လန့်ကာ တစ်ချပ်ချထားပြီး ဆက်ဆံ တတ်ကြပါတယ်တဲ့။
ဒီသဘာဝလေး ကတော့ သူတို့ရဲ့ မကောင်းတဲ့ အကျင့်လေး တစ်ခုပါတဲ့။
ဘ၀ရဲ့ အနှစ်သာရကို တစ်နေရာမှာဘဲ မရှာဘဲ အားလပ်ရက်ကိုလည်း ခုံမင်တတ်ပါတယ်တဲ့။ အားလပ်တဲ့ အခါမှာ လျှောက်လည်ရတာ ကိုလည်း နှစ်သက်သလို လျှောက်လည်လို့ ကုန်ကျတဲ့ စရိတ်ကိုလည်း မနှမျောပါဘူးတဲ့။
တစ်ယောက်တည်း သီးသန့်ကမ္ဘာလေးကို တည်ဆောက်ချင်သူများ ဖြစ်ပါတယ်။ အထက်လူကြီးရဲ့ အဆူ ခံရတာမျိုးကို ခံပြီးပြီ ဆိုရင်မေ့လို့ မရဘဲ စိတ်ထဲမှာ သိမ်းထားတတ်တာကြောင့် စိတ်ဖိစီးမှုများ ရှိနေတတ်ပါတယ်။ ဒေါသထွက်တဲ့ အခါမှာလည်း ဒေါသကို ဖော်ပြလေ့ မရှိတာကြောင့် စိတ်ဖိစီးမှု ပိုများတာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေ များနေတာကြောင့် စိတ်ဓါတ်ကျနေရတဲ့နေရက်တွေလည်း ရှိတတ်ပါတယ်တဲ့။
ဒါကြောင့်မို့စိတ်ထဲက မကျေနပ်ချက် လေးတွေကို တခါတလေ ဖော်ပြဘို့ လိုပါတယ်။

ခြုံပြီးကြည့်ရင်တော့ ...

အေသွေးတို့ ရဲ့  အတွင်းစိတ်က တော့ အဆိုးမြင်ပြီး အထိမခံတတ်တာပါ။ထို့ကြောင့် ဆုံးဖြတ်ချက်ချရာတွင် ဂရုတစိုက်လုပ်တတ်သလို ပြဿနာကိုဖြေရှင်းရာမှာလဲ အဖြူအမည်း ကွဲပြားရှင်းလင်းအောင် လုပ်တတ်ပါတယ်။ လူမှုစည်းကမ်း သတ်မှတ်ချက်တွေကို အလေးထားသူလဲ ဖြစ်ပါတယ်။ ထပ်ကာထပ်ကာ လုပ်ရခြင်းနဲ့ ကိုယ်ကာယသုံး လုပ်ရခြင်းတွေကို ကောင်းကောင်း သည်းခံနိုင်တယ်။ ဒါပေမဲ့ အပြောင်းအလဲကို အလွယ်တကူ လက်ခံနိုင်ဖို့ သူတို့ အတွက် ခက်ခဲပါတယ်တဲ့။
ဝါသနာ တစ်ခုကို အလွယ်တကူ စိတ်ဝင်စားမှု လျော့တတ်ပြီးတော့ အတိတ်ကို လွယ်လွယ် မမေ့တတ်တဲ့ အပြင် အနာဂတ်ကို အဆိုးမြင်တတ်တာလေး ကတော့ ပြုပြင် သင့်တာလေးပါ။
ချီးကျူးဖို့ ကောင်းတာကတော့ စိတ်ဆိုးနေရင်တောင် အေးအေးဆေးဆေး နေပြနိုင်တယ်။ စိတ်တိုလွယ်ပြီး ခံစားလွယ်တတ်တာကတော့ အားနည်းချက်လို့ဆိုရမလားဘဲ။ အသည်းကွဲရင် တော့ ပြန်ကောင်းဖို့ အချိန်ယူရပါလိမ့်မယ်။ သူတစ်ပါးရဲ့ ထင်မြင်ယူဆချက်ကို အလေးထားတဲ့ လူမျိုးတွေလဲ ဖြစ်ပါတယ်တဲ့။ အလုပ်လုပ်ရာမှာတော့ အလွန်ကို ပြီးပြည့်စုံအောင် လုပ်တတ်သူတွေပါ။ အဲလိုလုပ်နိုင်ဖို့ တစ်ချိန်မှာ ကိစ္စတစ်ခုကိုသာ ကိုင်တွယ် ဖြေရှင်းလေ့ရှိတာ သူတို့ အလေ့အကျင့်လေးပါ။
ကိုယ်ရေးကိုယ်တာနဲ့အလုပ်ကိစ္စကို ခွဲခြားနိုင်တဲ့ အတွက် ချီးကျူးရပါလိမ့်မယ်။ သူတို့ဟာစိုက်ပျိုးသမျှ ရိတ်သိမ်းသူတွေ ဖြစ်တာနဲ့ အညီ လုပ်သမျှ အကျိုးဆက်ကိုတာဝန်ယူနိုင်သူတွေဖြစ်ပါတယ်။ အကောင်းဆုံး အလေ့အကျင့်လေး ကတော့ စိတ်ဖိစီးမှုကို ဖြေဖျောက်နိုင်တဲ့ ၀ါသနာကို မိမိဘာသာ ရွေးချယ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။

* * * * * ** * * * * ** * * * * ** * * * * ** * * * * ** * * * * ** * * * * *

သွေးအုပ်စု - B

၁။ သွေးအုပ်စုဘီ ကို ၂ မျိုးခွဲခြားနိုင်သည်ဆိုသော်လည်း ကန္တာ ရ မုဆိုး နိုမက်တို့နှင့်တူသော
စရိုက်လက္ခဏာကို ပိုမိုတွေ့ရသည်။
၂။ တရားမျှတမှုကို လိုလားသည်။
၃။ အားကောင်းသော ရောဂါခုခံကာကွယ်မှု ရှိသည်။
၎။ အစားအသောက် ဇီဇာမကြောင်တတ်။
၅။ နို့နှင့် နို့ထွက်ပစ္စည်းတို့ကို နှစ်သက်သည်။
၆။ ဆန်းသစ်တီထွင်မှုရှိပြီး ဖိစီးမှုကို အကောင်းဆုံး တန်ပြန်နိုင်သည်။
၇။ ထက်မြက်၊ သွက်လက်နေစေရန် ရုပ်နှင့် စိတ် တို့၏ လှုပ်ရှားမှုများဘက်ညီနေဖို့လိုပါသည်။

ထိုထက်ပို၍ဆိုရလျှင် ...

ဘီသွေးပိုင်ရှင်များကတော့ အရမ်းငယ်စဉ်မှာတော့ သွက်လက် ဖျက်လတ်ပြီး တက်တက်ကြွကြွနဲ့ လှုပ်ရှုားတတ်ပေမယ့် ကျောင်း စတတ်တဲ့ အရွယ်လောက်ကစပြီး ပတ်ဝန်းကျင်က လူတွေနဲ့လိုက်လျောညီထွေအောင် မနေတတ်ဘဲ လေလွင့် နေတတ်ပြန်ပါသတဲ့။
ဒါပေမယ့် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီဆိုရင်တော့ အားလုံးထက် ပိုပြီး ကြိုးကြိုးစားစား နေတတ်ကြတဲ့ သူများဖြစ်လို့ရှုံးနိမ့်မှုကို မကြောက်ဘဲ မပြတ်သော ဇွဲလုံ့လနဲ့သာ ဆက်လက်ပြီး ကြိုးစားပါ။ ကိုယ်သဘောကျတဲ့ အလုပ်တစ်ခုတည်းမှာဘဲ အာရုံအားလုံးကို နှစ်မြုပ်ထားတတ်တဲ့ စတိုင်လ် ဖြစ်ပါတယ်။ ဒါပေမယ့်ပတ်ဝန်းကျင် အခြေအနေက မပေးခဲ့ဘူးဆိုရင်တော့ သိပ်မကြိုးစားတတ်ကြပါဘူးတဲ့။
ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ဘီသွေးပိုင်ရှင်များဟာ သတ်မှတ်ထားတဲ့ပုံစံအတိုင်း ဆက်ဆံရတာမျိုးကို မနှစ်သက်ကြပါဘူး။ ကိုယ်နဲ့ သိပ် မခင်လှတဲ့ မိတ်ဆွေတွေနဲ့ အတူရှိတဲ့အချိန်မှာတော့ ဟန်မပျက် အလိုက်တသင့် နေတတ်ကြသူများလည်းဖြစ်ပါတယ်။ မျက်နှာခွဲခြားတတ်ပြီးတော့ တခြားသူတွေရဲ့ ရှေ့မှာ လူတတ်လုပ်ရတာမျိုးကိုလည်း မနှစ်သက်တတ်ကြပါဘူး။
ပုံစံခွက်ထဲမှာ ချုပ်နှောင်ခံရတာမျိုးကို မုန်းပြီးလွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားရတာကို နှစ်သက်ကြပါတယ်တဲ့။ ဒါပေမယ့် သတိပြုစရာတစ်ခုကတော့ လွတ်လပ်မှုကိုဘဲ အစဉ်တောင့်တနေခြင်းကြောင့် ပတ်ဝန်းကျင်ကလူတွေကို ဒုက္ခပေးတတ်တယ်ဆိုတာကိုပါဘဲ။
ဘီသွေးပိုင်ရှင်များရဲ့ သူများနဲ့မတူ တမူထူးခြားနေတာကတော့ လွတ်လပ်စွာ တွေးခေါ်တတ်တဲ့အပြင်သူတပါးကို မှီခိုအားကိုနေရတာမျိုးကို မနှစ်သက်ကြပါဘူး။ ကိုယ်အားကိုကိုးပြီး အလုပ်အားလုံးကိုဆောင်ရွက်ချင်ကြပါတယ်။ အလုပ်တစ်ခုကို လုပ်နေစဉ်မှာတောင် တခြားအလုပ်တစ်ခုကို တပြိုင်တည်း ဆောင်ရွက်တတ်သူများလည်း ဖြစ်ပါတယ်။
စည်းမျဉ်းစည်းကမ်းတွေကို သိပ်ဂရုမစိုက်တတ်လို့ ကိုယ့်ထက် အငယ်တွေရဲ့ ချစ်ခင်မှုကို ခံရတတ်ပေမယ့် လူကြီးတွေဆီကတော့ ဆူပူကြိမ်းမောင်းတာကို ခံရတတ်ပါတယ်။ တခါဒေါသထွက်ပြီဆိုရင်လည်း အဖြူအမည်း မခွဲခြားနိုင်လောက်အောင်ပါဘဲတဲ့။
ဒေါသပြေတဲ့ အခါမှ အခြေအနေတွေကို ပြန်ရှင်းပြပြီး နားလည်မှုကို ယူတတ်ကြတဲ့ စတိုင်လ်မျိုးပါတဲ့။ အမှားတစ်ခုကို လုပ်မိတယ် ဆိုရင်လည်း ကိုယ်လုပ်တဲ့ အမှားအတွက် တောင်းပန်ဘို့ ၀န်မလေးသူများလည်းဖြစ်ပါတယ်။ တနည်းအားဖြင့် အတွင်းစိတ်ထား ပွင့်လင်းသူများ ဖြစ်ကြလို့ အထင်အလွဲခံရတာတို့ ရန်ငြိုးတို့ မရှိတဲ့ သွေးပိုင်ရှင်များ ဖြစ်ပါတယ်။

ခြုံပြီးကြည့်ရင်တော့ ...

ဘီသွေးတို့ရဲ့ အတွင်းစိတ်က ဘယ်သူပြောပြော အလွယ်နဲ့ လက်ခံလေ့မရှိဘူး။ ဆုံးဖြတ်ချက်ကို မြန်မြန်ပဲချလေ့ရှိတယ်။ အများနဲ့ လိုက်လျောညီထွေ နေနိုင်သော်ငြားလည်း စည်းမျဉ်းစည်းကမ်းတွေကို စိတ်မ၀င်စားတာကြောင့် အထက်လူကြီးတွေနဲ့ ပြဿနာ ရှိတတ်တယ်။ သိပ္ပံပညာ နဲ့ လက်တွေ့ရှာဖွေတွေ့ရှိလာတာတွေ ကို စိတ်ကူးတွေထက် ပိုပြီး သဘောကျတယ်။ဘယ်အရာကိုပဲလုပ်လုပ် ဇွဲထက်သန်စွာ စိတ်ရှည် သည်းခံပြီး လုပ်လေ့ရှိတယ်။
စိတ်မရှည်ဘူးလို့ ထင်ရတဲ့ ပုံသဏ္ဍာန်ရှိတယ်။ နောက်ပြီး ရိုးအီနေတဲ့ ထပ်ကာထပ်ကာ လုပ်ရတဲ့ အလုပ်တွေနဲ့သူတို့နဲ့ အံဝင်ဂွင်ကျ ဖြစ်လေ့မရှိဘူး။ လောလောလတ်လတ် ကိစ္စတွေကို လွယ်လွယ်နဲ့ မမေ့တတ်ပေမဲ့ အတိတ်နဲ့အမှတ်တရတွေကို တော့ မေ့သွားတတ်ကြတယ်။ မိမိခံစားချက်ကို ပေါ်လွင်အောင် ဖော်ပြတတ်သူတွေဖြစ်ပါတယ်။ လိုအပ်ရင် အေးအေးဆေးဆေးနဲ့ အချက်ကျကျ ရှင်းပြပြီးဖြေရှင်းတတ်တယ်။
အပြောင်အပျက်လေးတွေ နည်းနည်းပါးပါးပြောတတတ်ပေမဲ့ အရမ်းရှက်တတ်တဲ့ လူတွေဖြစ်ပါတယ်။
ရာသီဥတု ကိုခန့်မှန်းရ သလိုပဲ သူတို့စိတ်က ခန့်မှန်းရခက်တယ်။ တကယ်လို့ သူတို့မကြိုက်တာ တစ်ခုခုတွေ့ခဲ့မယ်ဆိုရင်တော့ နားနဲ့မဆံ့အောင် အပြစ်ပြောခံရဖို့သာပြင်ထားပေတော့။ ဒါပေမယ့် ဖန်တီးနိုင်စွမ်းရှိပြီး စိတ်ကူးတွေ သစ်လွင်တောက်ပနေတဲ့ လူတွေဖြစ်တယ်။ မကောင်းတာလေး တစ်ခုက တော့ ကိုယ့်ဝါသနာကဘာလဲ ဆိုတာနဲ့အလုပ် နဲ့ ၀ါသနာက တူလား မတူလား မသိတာ။ ၀ါသနာက တခြား အလုပ်ကတခြားဖြစ်နေပေမဲ့ လုပ်နေရတာကို ၀ါသနာလို့ထင်တတ်တဲ့ အတွက် စိတ်ဖိစီးမှုတွေဖြစ်ပေါ်နိုင်တယ်။
သူတစ်ပါး က အမိန့်ပေးတာ ကို လက်သင့်ခံတတ်တဲ့ လူတွေတော့မဟုတ်ဘူး။ အကောင်းဆုံး အချက်လေးက တော့ အသစ်အဆန်း အပြောင်အလဲ တွေကိုမငြင်းဆန်ပဲ ကြည်ကြည်သာသာ လက်ခံနိုင်တာနဲ့ အများကဘယ်လို ဝေဖန်မလဲဆိုတာကို စိတ်မ၀င်စားတတ်တာ ပဲဖြစ်ပါတယ်။

* * * * * ** * * * * ** * * * * ** * * * * ** * * * * ** * * * * ** * * * * *


၁။ နုနယ်သေးသော အေဘီ သွေးအုပ်စု ရဲ့  အကြောင်း က ယခုထိ ပဟေဠိ ဆန်နေဆဲပဲဖြစ်ပါတယ်။
၂။ အေ အုပ်စု နဲ့ ဘီ အုပ်စု ပူးပေါင်းရာမှ ပေါ်ပေါက်လာတယ်လို့ ယူဆထားတယ်။
၃။ ပတ်ဝန်းကျင်နဲ့ အစားအသောက် အပြောင်းအလဲကို လိုက်လျောညီထွေ နေနိုင်မှုဟာ အံ့သြစရာပဲ။
၎။ ဒါပေမဲ့ ထိရှလွယ်တဲ့ အစာရေမျိုပြွန်ကို ပိုင်ဆိုင်ထားတယ်။
၅။ လွန်လွန်ကဲကဲ ခံနိုင်အားရှိသော ရောဂါခုခံကာကွယ်မှုစနစ်က နေရာယူထားတယ်။
၆။ ကိုယ်ကာယအား၊ တီထွင်ဆန်းသစ်သော စွမ်းအင်တို့ဖြင့် အကောင်းဆုံးတုံ့ ပြန်နိုင်တယ်။
၇။ ဆင့်ကဲဖြစ်စဉ် ရဲ့ အံ့သြဖွယ် အစိတ်အပိုင်းတစ်ခုလို့လဲ ပြောနိုင်တယ်။

ထိုထက်ပို၍ဆိုရလျှင် ...

အေဘီသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ အေဘီသွေးပိုင်ရှင်များဟာ သိပ်ပြီးမထူးခြားလှတဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်ထားပါတယ်တဲ့။ မိဘကို ဆိုးတာမျိုးလည်း မရှိတဲ့ အေဘီသွေးပိုင်ရှင်များက အရာအားလုံးကို ကွက်ကျော်မြင်တတ်လို့ အဆူခံရတာမျိုးလည်း လုံးဝ မရှိသလောက်ပါပဲတဲ့။ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကိုလျင်လျင်မြန်မြန် အကဲခတ်နိုင်စွမ်း ရှိသူများလည်း ဖြစ်ပါတယ်။
ဒါကြောင့်မို့ ပတ်ဝန်းကျင်က လူတွေကအေဘီသွေးပိုင်ရှင်များကို စကားနည်းပြီး ဘုကျကျနိုင်လိုက်တာလို့ အပြောခံရတာမျိုးလည်း ကြုံရတတ်ပါတယ်။ ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင်နေတတ်လာပြီး လူမှုဆက်ဆံရေးလည်းကောင်းမွန်ပြေပြစ်လာပါတယ်တဲ့။ အစပိုင်းမှာတော့အလုပ်တစ်ခုကို ကြာရှည်လုပ်နိုင်တဲ့ ဇွဲ နည်းပါးတာကြောင့် အလုပ်တစ်ခုကို လုပ်တဲ့ အခါမှာ မြန်မြန်ပင်ပန်းအားလျော့ လွယ်ပါတယ်တဲ့။ ဒါပေမယ့်လည်း ၀ီရိယစိုက်ပြီး ကြိုးစားနေတဲ့ ကိုယ်ကိုတိုင်ရဲ့ ပုံစံကိုနှစ်သက်သူများ ဖြစ်လို့ ဘယ်အရာကိုမဆို လုပ်လိုစိတ် ပြင်းထန်ပြီးကြိုးကြိုးစားစား တက်တက်ကြွကြွနဲ့ လုပ်ဆောင်တတ်ပါတယ်တဲ့။
လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာလည်း အပြောအဆိုကို အတတ်နိုင်ဆုံးသတိထားတတ်ပြီး လုပ်ငန်းခွင်မှဆိုရင်လည်း အမှားမလုပ်မိအောင် သတိထား လုပ်ကိုင်တတ်သူများ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တော်တော်လေး ရင်းနှီးလာတာတောင်မှ အဲဒီလူနဲ့
ကိုယ့်ရဲ့ ကြားမှာအတားအဆီး တစ်ခုကိုထားပြီးဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်။ ဒါကတော့သူတပါးအပေါ်မှာအမှားလုပ်မိမှာကို စိုးရိမ်တတ်တဲ့ အေဘီသွေးပိုင်ရှင်များရဲ့
အသေးစိတ်လှတဲ့ အတွေးများကြောင့်ဘဲဖြစ်ပါတယ်။


ဒါ့ပြင် အေဘီသွေးပိုင်ရှင်များဟာ တစ်ယောက်တည်းကိုဘဲခင်တတ်တဲ့အကျင့်လည်းမရှိပါဘူးတဲ့။ အလုပ်အများကြီးကို တစ်ပြိုင်နက်တည်းလုပ်ကိုင်နိုင်စွမ်းရှိသူများ ဖြစ်သလိုအရာအားလုံးကို လက်တွေ့ကျကျ တွေးခေါ်ဆင်ခြင်တတ်တဲ့ သူများလည်း ဖြစ်ပါတယ်။

အလုပ်တစ်ခုကိုလုပ်တဲ့အခါမှာလည်း ထောင့်ပေါင်းစုံကနေ တွေးခေါ်ဆင်ချင်တတ်သူများ ဖြစ်ပါတယ်တဲ့။ မိဘဆွေမျိုး သူငယ်ချင်းရယ်ဆိုပြီး သီးသန့် မခွဲခြားတတ်ဘဲလူသားအားလုံးကို တန်းတူညီတူ ဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်။ ဒါပေမယ့်တဘက်မှာလည်း အမြဲတမ်း ငွေရေးကြေးရေးကို စိတ်ပူနေတာကြောင့်ပိုက်ဆံရှာနိုင်မယ့် အခြေအနေများကို အပူတပြင်း ရှာဖွေနေတတ်ပါတယ်တဲ့။ အေဘီသွေးပိုင်ရှင်များကကိုယ့်ရဲ့ ခံစားချက်ကို မျက်နှာမှာ မဖော်ပြတတ်သူများ ဖြစ်သလို တော်ရုံနဲ့ ဒေါသလည်းမထွက်တတ်ပါဘူးတဲ့။
ကိုယ့်ကို သစ္စာဖောက်သွားတဲ့သူကိုတော့ သေချာ မှတ်ထားပြီး ကလဲ့စားချေတတ်တဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်သူများ ဖြစ်ပါတယ်။ တခါတလေတော့ နူးညံ့တဲ့ စိတ်နေစိတ်ထားကိုအေဘီသွေးပိုင်ရှင်များရဲ့ မျက်နှာမှာ မြင်နိုင်သလိုတခါတလေမှာတော့ ခက်ထန်မှုတွေကိုသာမြင်ရတတ်ပါတယ်။

ခြုံပြီးကြည့်ရင်တော့ ...

သူတို့ဟာ အလွန်ကိုပဲ ချစ်တတ် ခံစားတတ်တဲ့ လူတွေဖြစ်ကြတယ်။ အရမ်းကိုလက်တွေ့ကျတတ်တယ်။ ခွဲခြမ်းစိတ်ဖြာသုံးသပ်တတ်တဲ့ အရည်အသွေးကိုပိုင်ဆိုင်တယ်။ မျှတစွာဝေဖန်တတ်တယ်။ ဒါပေမဲ့ အရေးကြီးလေလေ ဆုံးဖြတ်ချက်မချတတ်တော့ လေလေဖြစ်တာက အားနည်းချက်တစ်ခုပါပဲ။ ကြိုးစားပန်းစားအားထုတ်လုပ်ကိုင်တယ်။ ဒါပေမဲ့ စိတ်မရှည်ဘူး။ အတိတ်ဟာအရေးကြီးတယ်လို့ယူဆပြီး အဲဒီ အတွက် အရမ်းခံစားနေတတ်တယ်။ ဒါပေမဲ့အာရုံကိုတော့ လက်ရှိကိစ္စမှာ စူးစိုက်ထားတတ်တယ်။
ခံစားချက်ပြင်းထန်အားကြီးတယ်။ ဆိုးတာက ပေါ်ယံအနေနဲ့ ပုံမှန်အေးဆေး တည်ငြိမ်နေတတ်ပေမဲ့ အရေးပေါ် (သို့) မရှင်းနိုင်လောက်အောင်ကြီးမားတဲ့ ပြဿနာတွေ ကြုံပြီဆိုရင်တော့ စိတ်ညစ်တတ်တယ်၊စိတ်ဓါတ်ကျတတ်တယ်။ စိတ်အပြောင်းအလဲ အရမ်းမြန်တတ်တယ်။ အလုပ်နဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်နိုင်တယ်။ တန်ဖိုးထားတဲ့ အချက်ကတော့ အလုပ်ကြိုးစားခြင်းပါ။ မြန်မြန်ဆန်ဆန်ပဲ အရာရာတိုင်းကို နားလည်သဘောပေါက်တတ်တယ်။ ဒါပေမဲ့ အလုပ်တာဝန် စီမံချက်တစ်ခုကို စီမံကိုင်တွယ်ရာမှာ အစအဆုံး ပြီးစီးသည် အထိ တာဝန်မယူနိုင်တာလေးကတော့ အားနည်းချက်လေးပါ။ တစ်ပါးသူကို ချဉ်းကပ်ရာမှာ သိမ်မွေ့နူးညံ့တဲ့ အနုပညာ ဆန်ဆန်ချဉ်းကပ်တဲ့ အပြုအမူမျိုးပြုလုပ်တတ်ပါတယ်တဲ့။

" အမည်ပေါက် ကို ၂၀၀၈ မော်ဒယ်လ် အဖြစ် ပြောင်းလဲ ချပေးမယ် ဆိုတော့ ကားဝယ် သူတွေက ၂၀၀၇ မော်ဒယ်လ် မ၀ယ်တော့ဘဲ စောင့်မယ်ပဲ ပြောနေကြတယ် ၊ ဒါကြောင်း ကား အရောင်း ကျသွား

Community · 168,778 likes
၂၀၀၈ မော်ဒယ်လ်ကို အမည်ပေါက် ပေးမည် ဆိုသောကြောင့် ပြည်တွင်း ကားအရောင်း ဈေးကွက်အေးစက်သွား

ရန်ကုန် ၊ ၁၃-၈-၂၀၁၃

မြန်မာနိုင်ငံ ၏ ကားတင်သွင်းမှု ကို ၂၀၀၈ မော်ဒယ်လ် များအား အမည်ပေါက် ချပေး သွားမည် ဆိုသော သတင်းများကြောင့် ပြည်တွင်း ကားအရောင်း ဈေးကွက်ကြီး တစ်ခုလုံး ကားရောင်းချ ရမှုမှာ မရှိသလောက် အေးစက် သွားကြောင်း Farmar Auto ကား အရောင်းပြခန်း မှ အရောင်း မန်နေဂျာ တစ်ဦးက ပြောကြား ခဲ့သည်။ " အမည်ပေါက် ကို ၂၀၀၈ မော်ဒယ်လ် အဖြစ် ပြောင်းလဲ ချပေးမယ် ဆိုတော့ ကားဝယ် သူတွေက ၂၀၀၇ မော်ဒယ်လ် မ၀ယ်တော့ဘဲ စောင့်မယ်ပဲ ပြောနေကြတယ် ၊ ဒါကြောင်း ကား အရောင်း ကျသွားတာပါ ... " ဟု ၄င်းက သုံးသပ် ပြောကြား ခဲ့သည်။

၂၀၁၂ ခုနှစ် မေလ ၇ ရက်က ကား တင်သွင်းမှု အား ၂၀၀၇ မော်ဒယ်လ် ကို လွတ်လပ်စွာ တင်သွင်းခွင့် ပြုပြီး ကားဈေးနှုန်းများ တစ်ဟုန်ထိုး ကျဆင်းသွားပြီး ပြည်တွင်း ကားဝယ်ယူ စီးနင်းမှု မှာလည်း ရာနှုန်းပြည့် မြင့်တက် သွားခဲ့ကြောင်း သိရသည်။ ပြည်တွင်း ကားတင်သွင်းမှု များသည် ဆီးစားနှုန်း သက်သာသော 1300 CC ကားများကိုသာ အဓိက တင်သွင်း နေပြီး အိမ်စီးကား များမှာလည်း အခွန် သက်သာသော ၊ အင်ဂျင်ပါဝင် ငယ်သော ကားများကိုသာ အဓိက တင်သွင်း ကြကြောင်း သိရသည်။

ယခုအချိန်တွင် ပြည်တွင်း ကားတင်သွင်းမှု များကို ၂၀၀၈ မော်ဒယ်လ် ဖြင့် အစားထိုး တင်သွင်းခွင့် ပြုမည် ဆိုသော သတင်းများကြောင့် ကားအရောင်း ပြခန်းများမှာ အရောင်းအ၀ယ် အေးစက်သွားပြိး ယခင် တင်သွင်း ထားသော ၂၀၀၀ မှ ၂၀၀၇ အထိ ကားမော်ဒယ်လ် များမှာ အရောင်းအေး သွားကြောင်း သိရသည်။ ကား အရောင်းပြခန်း များမှာ ၂၀၀၇ ခုနှစ် နှင့် ဘောက်ကား များကိုသာ အဓိက တင်သွင်း ရောင်းချ နေသောကြောင့် အဆိုပါ ကားများ တင်သွင်းမှုလည်း မရှိသလာက် ဖြစ်သွားကြောင်း သိရသည်။

အစိုးရ အနေဖြင့် ပြည်သူများ၏ လိုအပ်ချက် ကို အဓိက ဖြည့်ဆည်း ပေးသွားမည် ဖြစ်ကြောင်း တရားဝင် ပြောကြားပြီး ၂၀၀၈ မော်ဒယ်လ်ကို တင်သွင်းခွင့် ပြုလိုက်ပါက တင်သွင်းပြီးသား ၂၀၀၇ မော်ဒယ်လ် ကားများမှာ အရောင်းရပ် သွားနိုင်ကြောင်း ၀ါရင့် ကား ၀ယ် ရောင်း တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရှိရသည်။

The Myawady Daily

"အမိန်

Kyaw Ko Kyaw and Lu Bo shared ပုဂံအွန်လိုင်းမီဒီယာ's photo.
"အမိန့် မလွန်ဆန်ဝံ့ဘူး"

ဘဏ်တစ်ခုကို ဓါးပြတိုက်နေတယ် သတင်းရလို့ ရဲတွေရောက်လာပြီး ဘဏ်ကိုဝိုင်းထားတယ်
ဓါးပြဗိုလ်ကို သေနတ်ဒဏ်ရာနဲ့ ဖမ်းဆီးမိလိုက်ပြီး၊ နောက်လိုက်ဓါးပြကတော့ အသာတကြည် အဖမ်းခံတယ်။

ဒါပေမယ့်...
ရဲတွေဘက်က သေနတ်တချက်မှ မပစ်လိုက်ရပါပဲနဲ့ ဓါးပြဗိုလ်ကို ဘယ်က သေနတ်မှန်တာလဲလို့ ရဲတွေ ဇဝေဇဝါဖြစ်နေကြတယ်

ဒါနဲ့ ဓါးပြဗိုလ်ကို မေးကြည့်ကြတယ်...

"မင်းကို ဘယ်သူက ဘယ်တုန်းက ပစ်လိုက်တာတုန်း"

"ဘဏ်ထဲဝင်ဝင်ခြင်း ကျနော့်တပည့်က ပစ်လိုက်တာ"

သူ့တပည့်ကို စစ်မေးကြပြန်တယ်...

"မင်းကရော ဘာလို့ ကိုယ့်ဆရာကို ပစ်ရတာတုန်း"

"သူက အမိန့်ပေးတာကိုး"

"ဘယ်လို ပေးတာလဲဟ"

"လှုပ်တဲ့ကောင်ပစ် တဲ့"

"ဒါနဲ့.."

"လှုပ်နေတာ သူတစ်ယောက် ရှိတာလေ"


https://www.facebook.com/thanlayko
သန်၎ကို-ဘာသာပြန်သည်

မုန်တိုင်း UTOR-11W တရုတ်တောင်ပိုင်းကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်တော့မည်

Reference Website · 11,355 likes

By mmweather.ygn, on August 13th, 2013
http://blog.mmweather.com/2013/08/13/11w-utor-approaching-south-china-coast/

အချင်းမိုင် ၃ဝဝ ကျော်ရှိသော တိုင်ဖွန်းမုန်တိုင်း UTOR(11W)သည် သြဂုတ်လ ၁၃ ရက် မြန်မာစံတော်ချိန် ၁၉း၃ဝ နာရီတွင် တရုတ်(ပြည်မ) Guangdong ပြည်နယ်၊ Maoming မြို့ အရှေ့တောင်ဘက် မိုင် ၂၁ဝ ခန့်၊ မကာအိုမြို့ တောင်ဘက် ၁၉၅ မိုင်ခန့်၊ ဗီယက်နန်နိုင်ငံ ဟနွိုင်းမြို့ အရှေ့-အရှေ့တောင်ဘက် မိုင် ၅၅ဝ ခန့် တောင်တရုတ်ပင်လယ်ပြင်တွင် ဗဟိုပြုနေပါသည်။

မုန်တိုင်းသည် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီ မတိုင်မီ အနောက်မြောက်ဘက်(Heading 300˚)ဖြင့် ရွေ့လျားခဲ့ပြီး Heading 312.6˚(မြောက်ဘက်အနည်းငယ် ယွန်း၍) ဆက်လက်ရွေ့လျားကာ သြဂုတ်လ ၁၄ ရက် မြန်မာစံတော်ချိန် နံနက် ဝ၆း၃ဝ နာရီ၌ Maoming မြို့ အရှေ့တောင်ဘက် မိုင် ၁၁ဝ ခန့်သို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားပါသည်။

မုန်တိုင်း၏ အပြင်ဘက် rain band များမှာ တရုတ်ပြည် Yunan နှင့် Guizhou ပြည်နယ်များ အထိ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့ရပြီး မုန်တိုင်းဗဟိုသည် သြဂုတ်လ ၁၄ ရက်၊ မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီမတိုင်မီ တရုတ်တောင်ဘက်ကမ်းခြေ Guangdong ပြည်နယ်ကမ်းခြေအား Maoming မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ကြောင်း၊ သြဂုတ်လ ၁၅ ရက်၊ ၁၈း၃ဝ နာရီ နောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းအဆင့်သို့ လျော့ကျကာ အနောက်-အနောက်တောင်ဘက်(Heading 257˚)သို့ ချိုးကွေ့ပြီး ဆက်လက်ရွေ့လျားမည်ဖြစ်ကြောင်း ကွန်ပျူတာမော်ဒယ် ခန့်မှန်းချက်များတွင် တွေ့ရှိရပါသည်။

ဤသို့ ချိုးကွေ့ရွေ့လျားမှုကြောင့် မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များသည် ဗီယက်နန်နိုင်ငံမြောက်ပိုင်း၊ လာအိုနိုင်ငံမြောက်ပိုင်းတို့မှတစ်ဆင့် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများဆီသို့ ဆက်လက်ရွေ့လျားဝင်ရောက်မည်ဟု ခန့်မှန်းရပါသည်။ မြန်မာနိုင်ငံဒေသအနှံ့သို့ ဝင်ရောက်မည့် မုန်တိုင်းအကြွင်းအကျန်များကြောင့် သြဂုတ်လ ၁၅-၁၆ ရက် နောက်ပိုင်းတွင် မြန်မာနိုင်ငံတစ်ဝှမ်း၌ မိုးသည်းထန်မည့် အခြေအနေဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်း အသိပေးတင်ပြလိုက်ရပါသည်။

တိုင်ဖွန်းမုန်တိုင်း 11W UTOR
13 Aug 2013 1200Z
Location: 19.2 113.5
Winds: 95 knots (Category 2)
Central Pressure: 952 hPa

ရှမ်းပြည်နယ်၊ လားရှိုးမြို့ပေါ်တွင် ဆိုင်ကယ်ခိုးမှုများမကြာခဏဖြစ်

Government Organization · 33,653 likes
ရှမ်းပြည်နယ်၊ လားရှိုးမြို့ပေါ်တွင် ဆိုင်ကယ်ခိုးမှုများမကြာခဏဖြစ်ေ
ပ်ါလျက်ရှိသဖြင့် ဆိုင်ကယ်ခိုးယူသူများအား ဖမ်းဆီးရမိရေးအတွက် လားရှိုးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အမာခံ သတင်းပေးများ၊ ဆယ်အိမ်မှူးများ၊ ရက်ကွက်အထောက်အကူပြုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ခဲ့သဖြင့် ၂၉-၇-၂ဝ၁၃ ရက်နေ့တွင် လားရှိုးမြို့နေ ကျော်စွာဝင်း(၃ဝ)နှစ်၊ တင်မိုးဝင်း (၁၉)နှစ်၊ ကိုငယ်(၂၄)နှစ်တို့အား စစ်ဆေးခဲ့ရာ ၂ဝ-၇-၂ဝ၁၃ ရက်နေ့တွင် လားရှိုး-တန့်ယန်းကားလမ်း ဘေးရှိ နမ့်ပေါင်ရွာအနီးမှTankBo-110 အစိမ်းရောင်ဆိုင်ကယ် ၁ စီး၊ ဟိုပိတ်ရွာအနီးကားလမ်းဘေးမှNewStar-125 CZI အဝါရောင်ဆိုင်ကယ် ၁ စီး၊ ၂၂-၇-၂ဝ၁၃ ရက်နေ့တွင် လားရှိုး-တန့်ယန်း ကားလမ်းဘေးတွင် ရပ်ထားသော Sonic-125 အနီရောင်ဆိုင်ကယ် ၁ စီး၊ တန့်ယန်းမြို့အဝင် ဆီဆိုင်အနီးမှ Nwe Asia-125 CZI စိမ်းပြာရောင်ဆိုင်ကယ် ၁ စီး၊ ၂၇-၇-၂ဝ၁၃ ရက်နေ့တွင် လားရှိုး-တန့်ယန်းကားလမ်းဘေးမှ Hawe-125 ဆိုင်ကယ် ၁ စီး၊ စုစုပေါင်းခိုးယူလာသည့်ဆိုင်ကယ် (၅)စီးအား သိမ်းဆည်းနိုင်ခဲ့သည်။
ဆက်လက်၍ လားရှိုးမြို့နေ အောင်ကျော်(ခ)အယ်မိသီ(ခ)မိသီ(၂၁)နှစ်၊ အားဟွာ(၂ဝ)နှစ်၊ ဟော်ရင်ကွေ့၊ အိုက်မေ(ခ)ပေါက်ဆိုယုတ်၊ အားဟုန်၊ အားစီ(ခ)ရှုလင်(၂၄)နှစ်နှင့် အားရှုလင်(၃၆)နှစ် တို့အားစစ်ဆေးခဲ့ရာ ၁-၈-၂ဝ၁၃ ရက်နေ့တွင် လားရှိုးမြို့၊ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းရှေ့မှ KenBo-125 CZI အဖြူရောင်ဆိုင်ကယ် ၁ စီး၊ လားရှိုး မန်ဆူဘုရားဝင်းအတွင်းမှ Tohon-110 အနက်ရောင် ဆိုင်ကယ် ၁ စီး၊ လားရှိုးတရုတ်ဘုံကျောင်းအနီးမှMDL-125 နက်ပြာရောင် ဆိုင်ကယ် ၁ စီး၊ အမှတ်(၆) အခြေခံပညာအထက်တန်ကျောင်းမှHeroAnbo-125 CZI ခဲနက်ရောင်ဆိုင်ကယ် ၁ စီး၊ အောင်မင်္ဂလာ ဈေးအနီးမှ Yinxing-125 CZI ခဲပြာရောင်ဆိုင်ကယ် ၁ စီး၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းရှေ့မှFelling-110 အနက်ရောင်ဆိုင်ကယ် ၁ စီးနှင့် လားရှိုး(၄၂)လမ်း ဆိုင်ကယ်ပွဲစားတန်းမFaster-125 ခဲနက်ရောင်ဆိုင်ကယ် ၁ စီး၊ စုစုပေါင်းခိုးယူခဲ့သည့် ဆိုင်ကယ်(၇)စီး တို့အားသိမ်းဆည်းရမိခဲ့သည်။
သတင်းအပြည့်အစုံအား http://myanmarpoliceforce.org/index.php?option=com_content&view=article&id=566%3A2013-08-13-15-50-56&catid=104%3A2012-09-01-11-21-