Wednesday, August 14, 2013

ရှမ်းပြည်နယ်၊ လားရှိုးမြို့ပေါ်တွင် ဆိုင်ကယ်ခိုးမှုများမကြာခဏဖြစ်

Government Organization · 33,653 likes
ရှမ်းပြည်နယ်၊ လားရှိုးမြို့ပေါ်တွင် ဆိုင်ကယ်ခိုးမှုများမကြာခဏဖြစ်ေ
ပ်ါလျက်ရှိသဖြင့် ဆိုင်ကယ်ခိုးယူသူများအား ဖမ်းဆီးရမိရေးအတွက် လားရှိုးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အမာခံ သတင်းပေးများ၊ ဆယ်အိမ်မှူးများ၊ ရက်ကွက်အထောက်အကူပြုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ခဲ့သဖြင့် ၂၉-၇-၂ဝ၁၃ ရက်နေ့တွင် လားရှိုးမြို့နေ ကျော်စွာဝင်း(၃ဝ)နှစ်၊ တင်မိုးဝင်း (၁၉)နှစ်၊ ကိုငယ်(၂၄)နှစ်တို့အား စစ်ဆေးခဲ့ရာ ၂ဝ-၇-၂ဝ၁၃ ရက်နေ့တွင် လားရှိုး-တန့်ယန်းကားလမ်း ဘေးရှိ နမ့်ပေါင်ရွာအနီးမှTankBo-110 အစိမ်းရောင်ဆိုင်ကယ် ၁ စီး၊ ဟိုပိတ်ရွာအနီးကားလမ်းဘေးမှNewStar-125 CZI အဝါရောင်ဆိုင်ကယ် ၁ စီး၊ ၂၂-၇-၂ဝ၁၃ ရက်နေ့တွင် လားရှိုး-တန့်ယန်း ကားလမ်းဘေးတွင် ရပ်ထားသော Sonic-125 အနီရောင်ဆိုင်ကယ် ၁ စီး၊ တန့်ယန်းမြို့အဝင် ဆီဆိုင်အနီးမှ Nwe Asia-125 CZI စိမ်းပြာရောင်ဆိုင်ကယ် ၁ စီး၊ ၂၇-၇-၂ဝ၁၃ ရက်နေ့တွင် လားရှိုး-တန့်ယန်းကားလမ်းဘေးမှ Hawe-125 ဆိုင်ကယ် ၁ စီး၊ စုစုပေါင်းခိုးယူလာသည့်ဆိုင်ကယ် (၅)စီးအား သိမ်းဆည်းနိုင်ခဲ့သည်။
ဆက်လက်၍ လားရှိုးမြို့နေ အောင်ကျော်(ခ)အယ်မိသီ(ခ)မိသီ(၂၁)နှစ်၊ အားဟွာ(၂ဝ)နှစ်၊ ဟော်ရင်ကွေ့၊ အိုက်မေ(ခ)ပေါက်ဆိုယုတ်၊ အားဟုန်၊ အားစီ(ခ)ရှုလင်(၂၄)နှစ်နှင့် အားရှုလင်(၃၆)နှစ် တို့အားစစ်ဆေးခဲ့ရာ ၁-၈-၂ဝ၁၃ ရက်နေ့တွင် လားရှိုးမြို့၊ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းရှေ့မှ KenBo-125 CZI အဖြူရောင်ဆိုင်ကယ် ၁ စီး၊ လားရှိုး မန်ဆူဘုရားဝင်းအတွင်းမှ Tohon-110 အနက်ရောင် ဆိုင်ကယ် ၁ စီး၊ လားရှိုးတရုတ်ဘုံကျောင်းအနီးမှMDL-125 နက်ပြာရောင် ဆိုင်ကယ် ၁ စီး၊ အမှတ်(၆) အခြေခံပညာအထက်တန်ကျောင်းမှHeroAnbo-125 CZI ခဲနက်ရောင်ဆိုင်ကယ် ၁ စီး၊ အောင်မင်္ဂလာ ဈေးအနီးမှ Yinxing-125 CZI ခဲပြာရောင်ဆိုင်ကယ် ၁ စီး၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းရှေ့မှFelling-110 အနက်ရောင်ဆိုင်ကယ် ၁ စီးနှင့် လားရှိုး(၄၂)လမ်း ဆိုင်ကယ်ပွဲစားတန်းမFaster-125 ခဲနက်ရောင်ဆိုင်ကယ် ၁ စီး၊ စုစုပေါင်းခိုးယူခဲ့သည့် ဆိုင်ကယ်(၇)စီး တို့အားသိမ်းဆည်းရမိခဲ့သည်။
သတင်းအပြည့်အစုံအား http://myanmarpoliceforce.org/index.php?option=com_content&view=article&id=566%3A2013-08-13-15-50-56&catid=104%3A2012-09-01-11-21-

0 ကွန်မန့်ရေးရန်:

Post a Comment