Saturday, October 13, 2012
Friday, October 12, 2012
ဂျပန်၊ မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် နောက်ကွယ်က အကြောင်းများ
တံခါးဖွင့်ဟ လာသော မြန်မာနိုင်ငံအတွင်း ဂျပန်တို့ အဓိက ပလေယာအဖြစ် နေ့ချင်းညချင်း ရောက်ရှိ လာခြင်းမှာ ယမန်နှစ် အောက်တိုဘာလ၏ တစ်ခုသောညတွင် အစပြုခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က သမ္မတ သက်တမ်း ခြောက်လသာ ရှိသေးသော သမ္မတ ကြီးဦးသိန်းစိန်သည် မြန်မာနိုင်ငံ အပေါ် စိတ်ဝင်တ စား ဖြစ်ဆဲရှိသော အသက် ၇၈ နှစ် အရွယ်ရှိ ဝါရင့် ဂျပန်နိုင်ငံရေးသမားကြီး Hideo Watarabe
နှင့် နေပြည်တော် တွင် ဆုံတွေ့စဉ် သီလဝါ အထူးစီးပွားရေးဇုန်ကို ဂျပန်တို့ ထူထောင်နိုင်ရန် ကမ်းလှမ်းခဲ့သည်။
သီလဝါသည် လူဦးရေ သိန်းခြောက်ဆယ်ခန့် ရှိသော စီးပွားရေးမြို့တော်
ရန်ကုန်နှင့် နာရီဝက်ခရီးသာ ကွာဝေးပြီး အိန္ဒိယသမုဒ္ဒရာ ကမ်းရိုး တန်းပေါ်ရှိ
ဆိပ်ကမ်း တစ်ခုဖြစ်ကာ မကာအိုကျွန်း နီးပါး ကျယ်ဝန်းသည်။
ဂျပန်ဝန်ကြီးချုပ်ဟောင်း Yasuhiro Nakasone ၏ ထိပ်တန်း လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူး သလို အစိုးရ အဖွဲ့ဝန်ကြီးဟောင်း တစ်ဦးလည်းဖြစ်သော Watanabe က တစ်ခုခု စဉ်းစားပေးမည်ဟု ဆိုခဲ့ သည်။ စကားတည်သော Watanabe က ဂျပန်အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ အကူအညီများ ရင်းနှီးမြှုပ်နှံမှု များနှင့် ကြွေးးမြီစာရင်း ပယ်ဖျက်ခြင်း အပါအဝင် အနည်းဆုံး ဒေါ်လာ ၁၈ ဘီလျံခန့် အထောက်အပံ့ ရရှိရေး လမ်းစကို တစ်နှစ်အတွင်း အမြန်နည်းဖြင့် လမ်းဖောက်ပေး နိုင်ခဲ့သည်။
ထို့အပြင် အရှေ့တောင်အာရှဒေသ၏အကြီးဆုံးစက်မှုဇုန်အဖြစ်
ပေါ်ထွက်လာမည့် မြန်မာနိုင်ငံ တောင်ပိုင်း ထား ဝယ် ရေနက်ဆိပ်ကမ်းနှင့်
အထူးစီးပွားရေးဇုန် အတွက်လည်း ချေးငွေ ဒေါ်လာ ၃.၂ ဘီလျံ ကို ဂျပန်တို့က
ထပ်မံ ခွင့်ပြုဦးမည် ဖြစ်သည်။
ဂျပန်အစိုးရနှင့် လုပ်ငန်းရှင်တို့က မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရေးကို သတိကြီးစွာ ထား၍ ဆောင်ရွက် နေရာမှ ယမန်နှစ်နှောင်းပိုင်းအတွင်း နေ့ချင်းညချင်းပြောင်းလဲခဲ့ ပုံကို ဆန်းစစ်နိုင်ရန်
Reuters သတင်းဌာနက နှစ်နိုင်ငံ ထိပ်တန်း အရာရှိကြီးများ၊ စီးပွားရေး အမှုဆောင်များနှင့် နိုင်ငံရေး သမားများ အပါအဝင် ပုဂ္ဂိုလ် ၅ဝ ခန့်ကို တွေ့ဆုံမေးမြန်း မှုများ ပြုလုပ်ခဲ့သည်။
ယင်းတို့၏ ပြောကြားချက်များအရ အဆက်အသွယ်ကောင်းများ ရရှိထားသည့် ဂျပန်အစုအဖွဲ့ငယ် တစ်ရပ်က တိုကျို၏ ဗျူရိုကရေစီနှင့် ထောက်ပံ့ရေး အေဂျင်စီများကို အရေးပါ သောဆုံးဖြတ်ချက်များ အဆင့်ကျော်၍ ချမှတ်နိုင်ရန် တွန်းအားပေးခဲ့ခြင်း ဖြစ်သည်ဟု သိရှိလာရသည်။ မြန်မာ တို့၏ သက်တမ်း နုနယ်သေးသော ပါလီမန် တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းကို အခြေအတင် ဆွေးနွေးမှုများ မပြီးပြတ်သေးခင်မှာပင် ထိုသို့အရေးပါသော ဆုံးဖြတ်ချက်များ ချမှတ်စေရန် စွမ်းဆောင် ပေးခဲ့ခြင်း ဖြစ်သည်။
တရုတ်တို့၏စီးပွားရေးဩဇာလွှမ်းမိုးမှုကို
လျှော့ချနိုင်ရန် မြန်မာ ခေါင်းဆောင်တို့က မျှော်လင့်ထားသည်နှင့် အညီ
ဂျပန်တို့က လက်ဦး မှုရယူလိုက်ခြင်း ဖြစ်ပြီး လောင်းကြေးမှာမူ အာရှဒေသ၏
နောက်ဆုံး ကြွင်းကျန်သော ဈေးကွက် အပေါ် ဩဇာ လွှမ်းမိုးမှုပင် ဖြစ်သည်။
ပိတ်ဆို့အရေးယူမှုများကို သတိကြီးစွာ ဖြေလျော့ ပေးနေသော အမေရိကန်
ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂ သံတမန်တို့ကမူ ဂျပန်တို့၏ လက်ဦးမှုသည်
အနောက်နိုင်ငံများအတွက် အားနည်းချက် မဖြစ်စေကြောင်း သုံးသပ်
ပြောကြားခဲ့သည်။
ဝါရှင်တန် အစိုးရက တိုကျို အပါအဝင် ယင်း၏ မိတ်ဖက်နိုင်ငံတို့ကို မြန်မာနိုင်ငံ ဈေးကွက်အတွင်း ဝင်ရောက်ခြင်းဖြင့် ပြောင်းလဲရေး လိုလားသော စစ်တပ် ကျောထောက်နောက်ခံပြု အစိုးရနှင့် မြန်မာ့စီးပွားရေးကို အထောက်အကူ ပြုကြရန်ပင် တိုက်တွန်းခဲ့ကြောင်း အစိုးရဌာန အကြီးတန်း အရာရှိတစ်ဦးက Reuters သို့ ပြောကြားခဲ့သည်။
G.E နှင့် Coca-Cola အပါအဝင် အမေရိကန် ကုမ္ပဏီကြီး အနည်းငယ်ခန့်လည်း ပြန်လည် ဝင်ရောက်ခဲ့ကြပြီး ဖြစ်ကာ လျှပ်စစ် လုပ်ငန်းကြီးများဖြစ်သည့် G.E နှင့် Siemen ၊ ဆောက်လုပ်ရေး လုပ်ငန်းကြီးများ ဖြစ်သည့် Bechtel နှင့် Balfour Beatty အစရှိသည့် ကုမ္ပဏီကြီးများသည် ဂျပန်တို့၏ တစ်ဆင့်ခံ လုပ်ငန်းရှင်များ ဖြစ်လာကြမည် ဟု စီးပွားရေး ဆန်းစစ်သူတို့က သုံးသပ်ထားကြသည်။
သို့ရာတွင် ဂျပန်တို့၏ အလောသုံးဆယ် ဆောင်ရွက်ချက်က အန္တရာယ်နှင့် မကင်းလှပေ။ နှစ်ဖက် သဘောတူညီချက်များ အရ ဂျပန်ကုမ္ပဏီ တို့သည် အမေရိကန် ပြည်ထောင်စုက အမည်မည်း စာရင်းသွင်းကာ စီးပွားရေး ဆက်ဆံမှု မပြုရန် တားမြစ်ထားသည့် မြန်မာသူဌေးကြီးတစ်ဦးနှင့် လက်တွဲ ဆောင်ရွက်ရမည် ဖြစ်သည်။
“ပြဿနာတွေကို ချရေးလိုက်ရင် စာကြောင်းရေ ၅ဝ၊ ၆ဝလောက် ရှိမယ်”ဟု စီမံကိန်း ရင်းနှီးမြှုပ်နှံသူ Marubeni Corp ၏ အာရှနှင့် သမုဒ္ဒရာဒေသ မဟာဗျူဟာဌာန မန်နေဂျာ Yasuhiro Morimoto က ဆိုသည်။ သို့တိုင်အောင် ရရှိမည့် အကျိုးအမြတ်က အလေးသာဆဲ ဖြစ်သည်ဟုလည်း သူက ဆက်လက် ပြောကြား ခဲ့သည်။
မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ကိုင်ခွင့် ရရှိခြင်းကို ဆုလာဘ်သဖွယ် ရှုမြင်ခဲ့သည်မှာ ကြာမြင့်ခဲ့ပေပြီ။ မြေ အကျယ်အဝန်း အားဖြင့် ဗြိတိန်နှင့် ပြင်သစ် နှစ်နိုင်ငံပေါင်းခန့် ကျယ်ဝန်းသလို ကမ္ဘာ့လူဦးရေ၏ ၄ဝ% ခန့် ရှိသော အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့(ရှ်)၊ ထိုင်းနိုင်ငံတို့နှင့်လည်း နယ်မြေချင်း
ထိစပ်နေသည်။ အိန္ဒိယ သမုဒ္ဒရာ နှင့် အန်ဒမန် ပင်လယ် အတွင်းမှ
မြန်မာဆိပ်ကမ်းတို့သည် ကမ္ဘာပေါ်တွင် ရေကြောင်း အသွားအလာ အထူထပ်ဆုံး ဖြစ်သည့်
မလက္ကာရေ လက်ကြား၏ မြောက်ဘက် အစွန်းနားတွင် တည်ရှိကြသည်။
၂ဝ၁ဝ-၁၁ ခုနှစ် ဘဏ္ဍာရေး နှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
၏ ၇ဝ% နီးပါးခန့်ရှိသော ဒေါ်လာ ၁၄ ဘီလျံ ခန့်ကို စွမ်းအင်ကဏ္ဍတွင်
ထည့်ဝင်ခြင်းဖြင့် တရုတ်တို့က အဓိက ရင်းနှီးမြှုပ်နှံသူအဖြစ်
တည်ရှိနေဆဲဖြစ်ပြီး ဂျပန်ကုမ္ပဏီများမှာ မူ ၁၉၈၈ ခုမှ ၂ဝ၁၁ ခုနှစ် ကာလအတွင်း
ရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၂၁၂ သန်းသာရှိခဲ့သည်။
သို့ရာတွင် ဂျပန်တို့က အနောက်နိုင်ငံတို့နှင့် မတူသည့်အချက်မှာ ကူးသန်း ရောင်းဝယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပိတ်ဆို့ အရေးယူချက်များ ပြဋ္ဌာန်းမထားခဲ့ခြင်းပင် ဖြစ်သည်။ ထိုသို့ဖြင့် အဓိက ဘဏ်လုပ်ငန်းကြီး များဖြစ်သည့် Mitsubishi UFJ, Sumitomo Mitsui Financial, Mizubo Financial Group စသည်တို့မှာ စီးပွားရေး အချက်အချာ ကျသည့် ရန်ကုန်မြို့ တွင် ရုံးခန်းများ တည်ရှိပြီး ဖြစ်နေကြပေသည်။ ဂျပန်-မြန်မာ ဆက်ဆံရေးကို ငွေကြေးထည့်ဝင်ရန် အချိန်ကျရောက် ပြီဟု ထိပ်တန်း ဘဏ်အရာရှိတစ်ဦး က Reuters သို့ ပြောကြားခဲ့သည်။
အဆိုပါ လမ်းကြောင်းကို အစပြု ဖောက်လုပ်ပေးခဲ့သူ Nakasone သည် ဝန်ကြီးချုပ် Nakasone လက်ထက် အစိုးရအဖွဲ့ လက်ထောက် အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်စဉ် ၁၉၈၇ ခုနှစ် အတွင်းတွင် မြန်မာ ဗိုလ်ချုပ်ကြီးများ နှင့် စတင်တွေ့ဆုံခဲ့ရသူ ဖြစ်သည်။ နောက် နှစ်နှစ်အကြာ မြန်မာ့နိုင်ငံရေး မုန်တိုင်းများ ပြင်းထန်နေသည့် ကာလတွင် Nakasone က Watanabe ကို မြန်မာတို့နှင့် တရားဝင် မဟုတ်သော ဆက်သွယ်မှုများ ထားရှိရန် တိုက်တွန်းခဲ့သည်။
နိုင်ငံရေး ဖိနှိပ်ဖြိုခွင်းမှုများက စစ်အစိုးရကို အပယ်ခံဘဝ ရောက်စေခဲ့သော်လည်း Watanabe ၏ မြန်မာ စစ်ဗိုလ်ချုပ်တို့ အပေါ် ထောက်ခံပံ့ပိုးမှုက ယိမ်းယိုင် မသွားခဲ့ပေ။ “တိုင်းပြည်အတွင်း ဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေး တို့အတွက် စစ်အစိုးရကို မိတ်ဆက်ရန် မှတစ်ပါး အခြားမရှိ”ဟု က သူ၏ Japan-Myanmar Association Website တွင် ရေးသားဖော်ပြခဲ့သည်။ ဂျပန်-မြန်မာ အဖွဲ့သည် မြန်မာပြည် ရင်းနှီးမြှုပ်နှံမှုများကို ပံ့ပိုးရန် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။
Watanabe သည် မြန်မာနိုင်ငံသို့ ၁၉၉၆ ခုနှစ်အတွင်း ဆေးပစ္စည်း ကိရိယာများ သယ်ဆောင်ရန် လာရောက် သည့် ရှမ်းပြည်နယ် ခရီးစဉ်တွင် ထိုစဉ်က ဒေသဆိုင်ရာ တပ်မတော် အကြီးအကဲဖြစ်သော လက်ရှိသမ္မတ ဦးသိန်းစိန်နှင့် ဆုံတွေ့ရင်းနှီးခဲ့ဖူးသူလည်း ဖြစ်သည်။
Watanabe ၏ သံတမန်ရေးရာ ကျွမ်းကျင်မှုသည် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနကိုပင် လှုပ်ခါစေခဲ့သည်။
သတင်း ဆောင်းပါး အစပိုင်းတွင် ဖော်ပြခဲ့သည့်အတိုင်း သမ္မတကြီး ဦးသိန်းစိန်နှင့် Watanabe တို့ တွေ့ဆုံ ခဲ့ကြသော ၂ဝ၁၁ ခု၊ အောက်တိုဘာ ၂၁ ရက် ညမှာပင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Koichiro Gemba က မြန်မာနိုင်ငံခြားရေး ဝန်ကြီးကို လက်ခံတွေ့ဆုံကာ ညစာတည်ခင်း ဧည့်ခံခဲ့သည်။ ဤသို့တွေ့ဆုံခြင်းသည် ၁၆ နှစ်တာ ကာလအတွင်း ဂျပန်၊ မြန်မာ ထိပ်တန်း သံတမန်နှစ်ဦး ပထမဆုံး တွေ့ဆုံခြင်းလည်း ဖြစ်သည်။ မြန်မာ နိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ အများအပြား တိုးတက် ဖြစ်ထွန်းလာပါက ဂျပန်နိုင်ငံက ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ပေး မည် ဖြစ်ကြောင်း Gemba က ကတိပေး ပြောကြားခဲ့သည်။
ထိုညမှာပင် သမ္မတကြီး ဦးသိန်းစိန်နှင့် နေပြည်တော်၌ ဆုံတွေ့ခဲ့သော Watanabe ၏ တမူကွဲပြား ခြားနား သော တုံ့ပြန်မှုကို ပေးခဲ့သည်။
မြန်မာသမ္မတသစ်က ထားဝယ်စီမံကိန်းကို ထိုင်းတို့နှင့် ဆောင်ရွက်ရေး အခက်အခဲ ကြုံတွေ့နေရပုံကို ထုတ်ဖော် ပြောကြား ခဲ့သည်။ တရုတ်တို့နှင့် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းမှာလည်း လူထုဆန္ဒပြမှု ကြောင့် ရပ်ဆိုင်းထားခဲ့ရပြီး ဖြစ်သည်။ ထိုအခြေအနေတို့က ဂျပန်အတွက် တံခါးဖွင့်ပေးခဲ့ခြင်းပင် ဖြစ်သည်။
“ဝါတာနာ ဘေးစံကို ကျွန်တော် ပြစရာတစ်ခု ရှိတယ်”ဟု ဦးသိန်းစိန်က ပြောကြားကာ သီလဝါ စီမံကိန်းကို ကမ်းလှမ်းခဲ့ရာမှ ဂျပန်တို့ မြန်မာနိုင်ငံ ဈေးကွက်အတွင်း ဝင်ရောက်လာဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း Watanabe က ပြောကြားခဲ့သည်။
တိုကျိုမြို့ရှိ မြန်မာသံရုံးနှင့် နေပြည်တော်ရှိ သမ္မတရုံးသို့ Reuters သတင်းဌာနက ဆက်သွယ်ကာ သမ္မတနှင့် Watanabe တို့ တွေ့ဆုံခြင်း အကြောင်း မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ တုန့်ပြန်ခြင်း မရှိခဲ့ပေ။
ဂျပန်နိုင်ငံသို့ ပြန်လည် ရောက်ရှိလာသော Watanabe သည် နိုင်ငံခြားရေးဝန်ကြီး Gemba အား ၂ဝ၁၁ ခုနှစ် ကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ တရားဝင် သွားရောက်ကာ သီလဝါ စီမံကိန်းအကြောင်း မေးမြန်းရန် တိုက်တွန်းခဲ့ သည်။ Gemba ကို ဖိအားပေးနိုင်ရန် အတွက် ကုန်သွယ်ရေးဝန်ကြီး Yukio-Edano နှင့် အာဏာရ ဂျပန် ဒီမိုကရက်တစ် ပါတီ၏ ဩဇာရှိ နိုင်ငံရေးသမားကြီး Yoshito Sengoku တို့ကို ချဉ်းကပ်ကာ မြန်မာနိုင်ငံသို့ အလျင်အမြန် သွားရောက်ရန် စည်းရုံးခဲ့သည်။ ဤသို့ဖြင့်ပင် ကုန်သွယ်ရေးဝန်ကြီး ထက် ခြေတစ်လှမ်း ဦးလိုသည့် နိုင်ငံခြားရေးဝန်ကြီး Gemba သည် ဒီဇင်ဘာလ အတွင်းတွင် မြန်မာပြည်သို့ သွားရောက် ဖြစ်ခဲ့သည်ဟု Waanabe က ဆိုသည်။
ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန စီးပွားရေး ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနတို့ကမူ Watanabe ၏ ပြောကြား ချက်များအပေါ် မှတ်ချက် တစ်စုံတစ်ရာ မပြုခဲ့ကြပေ။
Watanabe သည် မတ်လတွင် Japan-Myanmar Association ဖွဲ့စည်းသည်။ ဝန်ကြီးချုပ်ဟောင်းများ ဖြစ်ကြသော Nakasone နှင့် Taro Aso တို့လည်း အဖွဲ့ထူထောင်ရာတွင် ပါဝင်ကြသည်။ ထို့အပြင် အငြိမ်းစား အစိုးရ အရာရှိကြီးများ Marubeni Corp နှင့် Mitsubishi Corp တို့မှ အလုပ် အမှုဆောင်များလည်း ပါဝင်ကြသည်။
ဘဏ္ဍာရေးဝန်ကြီးဌာနရှိ အဆက်အသွယ် များမှတစ်ဆင့် မြန်မာနိုင်ငံ၏ ကြွေးမြီစာရင်းများကို ပယ်ဖျက်ပေးရန် Watanabe က ကြိုးပမ်းခဲ့သည်။ ဦးသိန်းစိန်နှင့် နေပြည်တော်တွင် ဆုံတွေ့ပြီး ခြောက်လအကြာ ဧပြီလ ၂၁ ရက်တွင် ဂျပန် ဘဏ္ဍာရေး ဝန်ကြီးဌာနက မြန်မာတို့ ပေးရန်ရှိသော ကြွေးမြီစာရင်း၏ ၆ဝ% ကျော်ကို ပယ်ဖျက် ပေးကြောင်း ကြေညာခဲ့သည်။
အဆိုပါကိစ္စတွင် ပါဝင်ဆောင်ရွက် ပေးခဲ့ကြသူတို့က တိုကျိုအစိုးရသည် ကန်ဒေါ်လာ ၃.၇ ဘီလျံ အကြွေးကို ပယ်ဖျက် ပေးခဲ့သည့်အပြင် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေး ဘဏ်တို့သို့ မြန်မာနိုင်ငံက ကြွေးကျန်များ ပေးဆပ် နိုင်ရန် ကန်ဒေါ်လာ သန်း ၉ဝဝ ချေးငွေကို ဂျပန်ဘဏ်များဖြစ်သည့် Bank of Tokyo-Mitsubishi UFJ တို့က ဦးဆောင်သည့် အဖွဲ့မှတစ်ဆင့် ပေးအပ်သွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့ကြသည်။
နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF မှ ထိပ်တန်း အရာရှိကြီးများပင် ဂျပန်တို့၏ မြန်ဆန်လှသည့် အကြွေး လျော်ခြင်းကို မကြုံဖူးလောက်အောင် ဖြစ်ရကြောင်း ထုတ်ဖော်ပြောကြား ခဲ့ကြသည်။
ကြွေးမြီ ပယ်ဖျက်ပေးခြင်းသည်သာ ပြုပြင်ပြောင်းလဲရေးအတွက် အကောင်းဆုံး အားပေးသည့် နည်းလမ်း ဖြစ်သည်ဟု ဂျပန်တို့ကဆိုကာ အခြားအဖွဲ့အစည်းများကိုလည်း ယင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲ တစ်ရပ်လာမည့် သီတင်းပတ်အတွင်း ကျင်းပနိုင်ရန် ဖိတ်ကြားထားခဲ့သည်။
တိုကျို နိုင်ငံရေးသမားတို့က ဂျပန်နှင့် တွဲဖက်လုပ်ကိုင်မည့် မြန်မာဘဏ် လုပ်ငန်းကို ရှာဖွေရာတွင် အမေရိကန် ပြည်ထောင် စုက အမည်ပျက်စာရင်း သွင်းထားသော မြန်မာ့လုပ်ငန်းရှင် ဦးဝင်းအောင်ကို မတ်လ အတွင်းက ရွေးချယ်ခဲ့ကြသည်။
ဦးဝင်းအောင်သည် Watanabe ၏ Japan-Myanmar Association အသင်း ဖွင့်ပွဲအခမ်းအနားသို့ တက် ရောက်ကာ Edaro, Sengoku နှင့် Nakasone တို့နှင့် ဆွေးနွေးခဲ့သည်။
“စက်မှုလုပ်ငန်း ထူထောင်ရေးဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မရှိမဖြစ်ပါပဲ”ဟု ဦးဝင်းအောင်က သူ၏မိန့်ခွန်း တွင် ထည့်သွင်း ပြောကြားခဲ့သည်။ “အဲဒါကြောင့်လည်း ဝန်ကြီး Edano က သီလဝါကိစ္စအတွက် ကူညီပံ့ပိုးမယ် ဆိုလာတာကို ကျွန်တော် အရမ်းပျော်သွား ခဲ့ရတာပါ”ဟုလည်း သူကဆိုသည်။
ဦးဝင်းအောင်သည် ဒဂုံအင်တာနေရှင်နယ် လီမိတက် အမည်ရ ဆောက်လုပ်ရေး လုပ်ငန်းကို လုပ်ကိုင်နေသူ ဖြစ်ပြီး ကုန်သည် များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အကြီးအကဲလည်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ မြို့တော်သစ် နေပြည်တော် ကို တည်ဆောက်ရာတွင် လုပ်ငန်း ဆောင်ရွက်ခွင့်ရ ကုမ္ပဏီကြီး ရှစ်ခုအနက် သူ၏ ကုမ္ပဏီသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ ဦးဝင်းအောင်သည် စစ်ဘက်ဆိုင်ရာ အဆက်အသွယ် များအားဖြင့် ကန့်သတ် ဒေသများမှ ထွက်ရှိသော သစ်များကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခဲ့သူ ဖြစ်ကြောင်း လည်း အမေရိကန် သံတမန် ကြေးနန်းများကို ဖွင့်ချသော Wikileaks သတင်း website က ထုတ်ဖော်ခဲ့သည်။
ဦးဝင်းအောင်ထံ Reuters က အီးမေးလ်ပေးပို့ မေးမြန်းခဲ့သော်လည်း အကြောင်းပြန်ခြင်း မရှိခဲ့ပေ။ ဦးဝင်းအောင်သည် အမေရိကန် ပြည်ထောင်စုက သူ၏နိုင်ငံသားများကို စီးပွားရေး အဆက်အဆံ မပြုလုပ်ရန် ကန့်သတ် ပိတ်ပင်ထားသည့် အမည်စာရင်းတွင် ယခုတိုင်ပါဝင်နေဆဲဖြစ်သည်။
ဂျပန်တို့နှင့် လက်တွဲ ဆောင်ရွက်မည့် မြန်မာ့ဘဏ်လုပ်ငန်းများကို ထပ်မံ ရွေးချယ်ရန် ဦးဝင်းအောင်ကပင် ဆုံးဖြတ်ပေး မည် ဖြစ်သည်။
ဆွေးနွေးပွဲ တက်ရောက်ခဲ့သူတစ်ဦး၏ ပြောကြားချက်အရ တန်းစီဇယားတွင် ပါဝင်ရန် မျှော်လင့်ထားသူ တစ်ဦးမှာ ဦးဇော်ဇော်ဖြစ်ကြောင်း သိရှိရသည်။ ဦးဇော်ဇော်သည် သစ်လုပ်ငန်း၊ ရော်ဘာစိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေး လုပ်ငန်းများကို လုပ်ကိုင်သည်။ သူသည်လည်း အမေရိကန်အစိုးရ၏ အမည်မည်း စာရင်းတွင် ပါဝင်လေသည်။ ဦးဇော်ဇော်သည် မြန်မာနိုင်ငံသို့ ကားဟောင်းများ တင်သွင်းခြင်းဖြင့် ကြွယ်ဝလာခဲ့သူ ဖြစ်သည်။ သူ၏ Max-Myanmar တံဆိပ်တပ် ထရပ်ကားများ နှင့် ကုမ္ပဏီအလံများကို သီလဝါတွင် တွေ့မြင် နေရပြီဖြစ် သည်။
မြန်မာ့အရေးနှင့် စပ်လျဉ်း၍ Watanabe ကို ကူညီခဲ့သူများတွင် Nippon Foundation မှ Yohe Sasakawa လည်း အပါအဝင် ဖြစ်သည်။ မြန်မာနိုင်ငံအပေါ် ကာလ ကြာမြင့်စွာကပင် စိတ်ဝင်စားခဲ့သော Sasakawa သည် သီလဝါ ကိစ္စနှင့် စပ်လျဉ်း၍ နေပြည်တော်၌ သမ္မတဦးသိန်းစိန်နှင့် ဇူလိုင်အတွင်း ထပ်မံတွေ့ဆုံ ညှိနှိုင်းကြ ရာတွင် Watanabe, Sengoku တို့နှင့်အတူ လိုက်ပါလာခဲ့သည်။ ထိုဆွေးနွေးပွဲတွင် Sasakawa က ပဋိပက္ခများ ဖြစ်ပွားနေသည့် တိုင်းရင်းသားလူနည်းစုဒေသများတွင်အလှူအတန်း
ပြုလုပ်ပေးလိုကြောင်း ကမ်းလှမ်း ခဲ့သည်။ အစိုးရသစ်သည် ငြိမ်းချမ်းရေးအတွက်
ရည်ရွယ်ချက်များ ရှိကြောင်း တိုင်းရင်းသား လူနည်းစုတို့ သိရှိစေရန်
လိုအပ်သည်ဟု သူကဆိုသည်။
နှစ်နိုင်ငံ သဘောတူညီချက်များကို ဩဂုတ်လတွင် လက်မှတ်ရေးထိုး နိုင်ခဲ့ကြသည်။ မြန်မာလုပ်ငန်းဘက် အခြမ်းမှ အသေးစိတ် အစီအစဉ်များကို ဦးဝင်းအောင်က ဦးဆောင် စီစဉ်ပြီး ဂျပန်တို့ကလည်း အခြေခံ အဆောက်အအုံ စီမံကိန်းများကို ရေးဆွဲနေသည်။
သီလဝါ စီမံကိန်းတွင် စစ်အစိုရဟောင်းနှင့် ပလဲနံပ သင့်ခဲ့သည့် ခရိုနီလုပ်ငန်းရှင်များနှင့် 
တွဲဖက်လုပ်ငန်း ဆောင် ရွက်ခြင်းဖြင့် ဂျပန်ကုမ္ပဏီတို့အပေါ်
ကျရောက်လာနိုင်သည့် အန္တရာယ်များနှင့် စပ်လျဉ်း၍ ဂျပန် ကုန်သွယ်ရေး
ဝန်ကြီးဌာနက မှတ်ချက် တစ်စုံတစ်ရာ ပြုလိမ့်မည် မဟုတ်ပေ။
“သီလဝါ ဖွံ့ဖြိုးရေး စီမံကိန်းကို မြန်မာအစိုးရဘက်က စတင်ကမ်းလှမ်းခဲ့တာပါ။ အစိုးရ နှစ်ရပ်စလုံးက ဒီစီမံကိန်းကို စဉ်းစားနေကြဆဲ ဖြစ်ပါတယ်”ဟု ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Asagi Sakai ကဆိုသည်။
“သီလဝါမှာ ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးကို ဘယ်လို ပုံစံနဲ့ ဆောင်ရွက်မယ်ဆိုတာ ခိုင်မာတဲ့ ဆုံးဖြတ်ချက် မချရသေးပါဘူး” ဟုလည်း သူက ဆိုခဲ့သည်။
မြန်မာနိုင်ငံအတွင်း အစောပိုင်း ရင်းနှီးမြှုပ်နှံသူများ ကြုံတွေ့နိုင်သည့် အန္တရာယ်အကြောင်း တိုကျို ရုံးခန်းရှိ Watanabe ကို မေးမြန်းသည့်အခါ သူက ပခုံးတွန့်ပြပြီး “ဒီလိုကိစ္စမျိုးတွေကို တွေးပူတတ်ရင် အဲဒီကုမ္ပဏီတွေဂျပန်မှာပဲ နေနေကြရုံပေါ့။ဒါဟာသူတို့ရဲ့  ရွေးချယ်မှုပါပဲ”ဟု ပြန်လည် ဖြေကြားသွားခဲ့သည်။
Ref: Special Report: How Japan Inc stoke a march in Myanmar by Antoni Slodkourski , Reuters
http://www.myanmarij.com/
ဂျပန်ဝန်ကြီးချုပ်ဟောင်း Yasuhiro Nakasone ၏ ထိပ်တန်း လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူး သလို အစိုးရ အဖွဲ့ဝန်ကြီးဟောင်း တစ်ဦးလည်းဖြစ်သော Watanabe က တစ်ခုခု စဉ်းစားပေးမည်ဟု ဆိုခဲ့ သည်။ စကားတည်သော Watanabe က ဂျပန်အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ အကူအညီများ ရင်းနှီးမြှုပ်နှံမှု များနှင့် ကြွေးးမြီစာရင်း ပယ်ဖျက်ခြင်း အပါအဝင် အနည်းဆုံး ဒေါ်လာ ၁၈ ဘီလျံခန့် အထောက်အပံ့ ရရှိရေး လမ်းစကို တစ်နှစ်အတွင်း အမြန်နည်းဖြင့် လမ်းဖောက်ပေး နိုင်ခဲ့သည်။
ထို့အပြင် အရှေ့တောင်အာရှဒေသ၏အကြီးဆုံ
ဂျပန်အစိုးရနှင့် လုပ်ငန်းရှင်တို့က မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရေးကို သတိကြီးစွာ ထား၍ ဆောင်ရွက် နေရာမှ ယမန်နှစ်နှောင်းပိုင်းအတွင်
Reuters သတင်းဌာနက နှစ်နိုင်ငံ ထိပ်တန်း အရာရှိကြီးများ၊ စီးပွားရေး အမှုဆောင်များနှင့် နိုင်ငံရေး သမားများ အပါအဝင် ပုဂ္ဂိုလ် ၅ဝ ခန့်ကို တွေ့ဆုံမေးမြန်း မှုများ ပြုလုပ်ခဲ့သည်။
ယင်းတို့၏ ပြောကြားချက်များအရ အဆက်အသွယ်ကောင်းများ ရရှိထားသည့် ဂျပန်အစုအဖွဲ့ငယ် တစ်ရပ်က တိုကျို၏ ဗျူရိုကရေစီနှင့် ထောက်ပံ့ရေး အေဂျင်စီများကို အရေးပါ သောဆုံးဖြတ်ချက်များ အဆင့်ကျော်၍ ချမှတ်နိုင်ရန် တွန်းအားပေးခဲ့ခြင်း ဖြစ်သည်ဟု သိရှိလာရသည်။ မြန်မာ တို့၏ သက်တမ်း နုနယ်သေးသော ပါလီမန် တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းကို အခြေအတင် ဆွေးနွေးမှုများ မပြီးပြတ်သေးခင်မှာပင် ထိုသို့အရေးပါသော ဆုံးဖြတ်ချက်များ ချမှတ်စေရန် စွမ်းဆောင် ပေးခဲ့ခြင်း ဖြစ်သည်။
တရုတ်တို့၏စီးပွားရေးဩဇာလွှမ
ဝါရှင်တန် အစိုးရက တိုကျို အပါအဝင် ယင်း၏ မိတ်ဖက်နိုင်ငံတို့ကို မြန်မာနိုင်ငံ ဈေးကွက်အတွင်း ဝင်ရောက်ခြင်းဖြင့် ပြောင်းလဲရေး လိုလားသော စစ်တပ် ကျောထောက်နောက်ခံပြု အစိုးရနှင့် မြန်မာ့စီးပွားရေးကို အထောက်အကူ ပြုကြရန်ပင် တိုက်တွန်းခဲ့ကြောင်း အစိုးရဌာန အကြီးတန်း အရာရှိတစ်ဦးက Reuters သို့ ပြောကြားခဲ့သည်။
G.E နှင့် Coca-Cola အပါအဝင် အမေရိကန် ကုမ္ပဏီကြီး အနည်းငယ်ခန့်လည်း ပြန်လည် ဝင်ရောက်ခဲ့ကြပြီး ဖြစ်ကာ လျှပ်စစ် လုပ်ငန်းကြီးများဖြစ်သည့် G.E နှင့် Siemen ၊ ဆောက်လုပ်ရေး လုပ်ငန်းကြီးများ ဖြစ်သည့် Bechtel နှင့် Balfour Beatty အစရှိသည့် ကုမ္ပဏီကြီးများသည် ဂျပန်တို့၏ တစ်ဆင့်ခံ လုပ်ငန်းရှင်များ ဖြစ်လာကြမည် ဟု စီးပွားရေး ဆန်းစစ်သူတို့က သုံးသပ်ထားကြသည်။
သို့ရာတွင် ဂျပန်တို့၏ အလောသုံးဆယ် ဆောင်ရွက်ချက်က အန္တရာယ်နှင့် မကင်းလှပေ။ နှစ်ဖက် သဘောတူညီချက်များ အရ ဂျပန်ကုမ္ပဏီ တို့သည် အမေရိကန် ပြည်ထောင်စုက အမည်မည်း စာရင်းသွင်းကာ စီးပွားရေး ဆက်ဆံမှု မပြုရန် တားမြစ်ထားသည့် မြန်မာသူဌေးကြီးတစ်ဦးနှင့် လက်တွဲ ဆောင်ရွက်ရမည် ဖြစ်သည်။
“ပြဿနာတွေကို ချရေးလိုက်ရင် စာကြောင်းရေ ၅ဝ၊ ၆ဝလောက် ရှိမယ်”ဟု စီမံကိန်း ရင်းနှီးမြှုပ်နှံသူ Marubeni Corp ၏ အာရှနှင့် သမုဒ္ဒရာဒေသ မဟာဗျူဟာဌာန မန်နေဂျာ Yasuhiro Morimoto က ဆိုသည်။ သို့တိုင်အောင် ရရှိမည့် အကျိုးအမြတ်က အလေးသာဆဲ ဖြစ်သည်ဟုလည်း သူက ဆက်လက် ပြောကြား ခဲ့သည်။
မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ကိုင်ခွင့် ရရှိခြင်းကို ဆုလာဘ်သဖွယ် ရှုမြင်ခဲ့သည်မှာ ကြာမြင့်ခဲ့ပေပြီ။ မြေ အကျယ်အဝန်း အားဖြင့် ဗြိတိန်နှင့် ပြင်သစ် နှစ်နိုင်ငံပေါင်းခန့် ကျယ်ဝန်းသလို ကမ္ဘာ့လူဦးရေ၏ ၄ဝ% ခန့် ရှိသော အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့(ရှ်)၊ ထိုင်းနိုင်ငံတို့နှင့်လည်း
၂ဝ၁ဝ-၁၁ ခုနှစ် ဘဏ္ဍာရေး နှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်န
သို့ရာတွင် ဂျပန်တို့က အနောက်နိုင်ငံတို့နှင့် မတူသည့်အချက်မှာ ကူးသန်း ရောင်းဝယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပိတ်ဆို့ အရေးယူချက်များ ပြဋ္ဌာန်းမထားခဲ့ခြင်းပင် ဖြစ်သည်။ ထိုသို့ဖြင့် အဓိက ဘဏ်လုပ်ငန်းကြီး များဖြစ်သည့် Mitsubishi UFJ, Sumitomo Mitsui Financial, Mizubo Financial Group စသည်တို့မှာ စီးပွားရေး အချက်အချာ ကျသည့် ရန်ကုန်မြို့ တွင် ရုံးခန်းများ တည်ရှိပြီး ဖြစ်နေကြပေသည်။ ဂျပန်-မြန်မာ ဆက်ဆံရေးကို ငွေကြေးထည့်ဝင်ရန် အချိန်ကျရောက် ပြီဟု ထိပ်တန်း ဘဏ်အရာရှိတစ်ဦး က Reuters သို့ ပြောကြားခဲ့သည်။
အဆိုပါ လမ်းကြောင်းကို အစပြု ဖောက်လုပ်ပေးခဲ့သူ Nakasone သည် ဝန်ကြီးချုပ် Nakasone လက်ထက် အစိုးရအဖွဲ့ လက်ထောက် အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်စဉ် ၁၉၈၇ ခုနှစ် အတွင်းတွင် မြန်မာ ဗိုလ်ချုပ်ကြီးများ နှင့် စတင်တွေ့ဆုံခဲ့ရသူ ဖြစ်သည်။ နောက် နှစ်နှစ်အကြာ မြန်မာ့နိုင်ငံရေး မုန်တိုင်းများ ပြင်းထန်နေသည့် ကာလတွင် Nakasone က Watanabe ကို မြန်မာတို့နှင့် တရားဝင် မဟုတ်သော ဆက်သွယ်မှုများ ထားရှိရန် တိုက်တွန်းခဲ့သည်။
နိုင်ငံရေး ဖိနှိပ်ဖြိုခွင်းမှုများက စစ်အစိုးရကို အပယ်ခံဘဝ ရောက်စေခဲ့သော်လည်း Watanabe ၏ မြန်မာ စစ်ဗိုလ်ချုပ်တို့ အပေါ် ထောက်ခံပံ့ပိုးမှုက ယိမ်းယိုင် မသွားခဲ့ပေ။ “တိုင်းပြည်အတွင်း ဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေး တို့အတွက် စစ်အစိုးရကို မိတ်ဆက်ရန် မှတစ်ပါး အခြားမရှိ”ဟု က သူ၏ Japan-Myanmar Association Website တွင် ရေးသားဖော်ပြခဲ့သည်။ ဂျပန်-မြန်မာ အဖွဲ့သည် မြန်မာပြည် ရင်းနှီးမြှုပ်နှံမှုများကို
Watanabe သည် မြန်မာနိုင်ငံသို့ ၁၉၉၆ ခုနှစ်အတွင်း ဆေးပစ္စည်း ကိရိယာများ သယ်ဆောင်ရန် လာရောက် သည့် ရှမ်းပြည်နယ် ခရီးစဉ်တွင် ထိုစဉ်က ဒေသဆိုင်ရာ တပ်မတော် အကြီးအကဲဖြစ်သော လက်ရှိသမ္မတ ဦးသိန်းစိန်နှင့် ဆုံတွေ့ရင်းနှီးခဲ့ဖူးသူလည်
Watanabe ၏ သံတမန်ရေးရာ ကျွမ်းကျင်မှုသည် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနကိုပင် လှုပ်ခါစေခဲ့သည်။
သတင်း ဆောင်းပါး အစပိုင်းတွင် ဖော်ပြခဲ့သည့်အတိုင်း သမ္မတကြီး ဦးသိန်းစိန်နှင့် Watanabe တို့ တွေ့ဆုံ ခဲ့ကြသော ၂ဝ၁၁ ခု၊ အောက်တိုဘာ ၂၁ ရက် ညမှာပင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Koichiro Gemba က မြန်မာနိုင်ငံခြားရေး ဝန်ကြီးကို လက်ခံတွေ့ဆုံကာ ညစာတည်ခင်း ဧည့်ခံခဲ့သည်။ ဤသို့တွေ့ဆုံခြင်းသည် ၁၆ နှစ်တာ ကာလအတွင်း ဂျပန်၊ မြန်မာ ထိပ်တန်း သံတမန်နှစ်ဦး ပထမဆုံး တွေ့ဆုံခြင်းလည်း ဖြစ်သည်။ မြန်မာ နိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ အများအပြား တိုးတက် ဖြစ်ထွန်းလာပါက ဂျပန်နိုင်ငံက ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ပေး မည် ဖြစ်ကြောင်း Gemba က ကတိပေး ပြောကြားခဲ့သည်။
ထိုညမှာပင် သမ္မတကြီး ဦးသိန်းစိန်နှင့် နေပြည်တော်၌ ဆုံတွေ့ခဲ့သော Watanabe ၏ တမူကွဲပြား ခြားနား သော တုံ့ပြန်မှုကို ပေးခဲ့သည်။
မြန်မာသမ္မတသစ်က ထားဝယ်စီမံကိန်းကို ထိုင်းတို့နှင့် ဆောင်ရွက်ရေး အခက်အခဲ ကြုံတွေ့နေရပုံကို ထုတ်ဖော် ပြောကြား ခဲ့သည်။ တရုတ်တို့နှင့် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းမှာလည်း လူထုဆန္ဒပြမှု ကြောင့် ရပ်ဆိုင်းထားခဲ့ရပြီး ဖြစ်သည်။ ထိုအခြေအနေတို့က ဂျပန်အတွက် တံခါးဖွင့်ပေးခဲ့ခြင်းပင် ဖြစ်သည်။
“ဝါတာနာ ဘေးစံကို ကျွန်တော် ပြစရာတစ်ခု ရှိတယ်”ဟု ဦးသိန်းစိန်က ပြောကြားကာ သီလဝါ စီမံကိန်းကို ကမ်းလှမ်းခဲ့ရာမှ ဂျပန်တို့ မြန်မာနိုင်ငံ ဈေးကွက်အတွင်း ဝင်ရောက်လာဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း Watanabe က ပြောကြားခဲ့သည်။
တိုကျိုမြို့ရှိ မြန်မာသံရုံးနှင့် နေပြည်တော်ရှိ သမ္မတရုံးသို့ Reuters သတင်းဌာနက ဆက်သွယ်ကာ သမ္မတနှင့် Watanabe တို့ တွေ့ဆုံခြင်း အကြောင်း မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ တုန့်ပြန်ခြင်း မရှိခဲ့ပေ။
ဂျပန်နိုင်ငံသို့ ပြန်လည် ရောက်ရှိလာသော Watanabe သည် နိုင်ငံခြားရေးဝန်ကြီး Gemba အား ၂ဝ၁၁ ခုနှစ် ကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ တရားဝင် သွားရောက်ကာ သီလဝါ စီမံကိန်းအကြောင်း မေးမြန်းရန် တိုက်တွန်းခဲ့ သည်။ Gemba ကို ဖိအားပေးနိုင်ရန် အတွက် ကုန်သွယ်ရေးဝန်ကြီး Yukio-Edano နှင့် အာဏာရ ဂျပန် ဒီမိုကရက်တစ် ပါတီ၏ ဩဇာရှိ နိုင်ငံရေးသမားကြီး Yoshito Sengoku တို့ကို ချဉ်းကပ်ကာ မြန်မာနိုင်ငံသို့ အလျင်အမြန် သွားရောက်ရန် စည်းရုံးခဲ့သည်။ ဤသို့ဖြင့်ပင် ကုန်သွယ်ရေးဝန်ကြီး ထက် ခြေတစ်လှမ်း ဦးလိုသည့် နိုင်ငံခြားရေးဝန်ကြီး Gemba သည် ဒီဇင်ဘာလ အတွင်းတွင် မြန်မာပြည်သို့ သွားရောက် ဖြစ်ခဲ့သည်ဟု Waanabe က ဆိုသည်။
ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန စီးပွားရေး ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနတို့ကမူ Watanabe ၏ ပြောကြား ချက်များအပေါ် မှတ်ချက် တစ်စုံတစ်ရာ မပြုခဲ့ကြပေ။
Watanabe သည် မတ်လတွင် Japan-Myanmar Association ဖွဲ့စည်းသည်။ ဝန်ကြီးချုပ်ဟောင်းများ ဖြစ်ကြသော Nakasone နှင့် Taro Aso တို့လည်း အဖွဲ့ထူထောင်ရာတွင် ပါဝင်ကြသည်။ ထို့အပြင် အငြိမ်းစား အစိုးရ အရာရှိကြီးများ Marubeni Corp နှင့် Mitsubishi Corp တို့မှ အလုပ် အမှုဆောင်များလည်း ပါဝင်ကြသည်။
ဘဏ္ဍာရေးဝန်ကြီးဌာနရှိ အဆက်အသွယ် များမှတစ်ဆင့် မြန်မာနိုင်ငံ၏ ကြွေးမြီစာရင်းများကို ပယ်ဖျက်ပေးရန် Watanabe က ကြိုးပမ်းခဲ့သည်။ ဦးသိန်းစိန်နှင့် နေပြည်တော်တွင် ဆုံတွေ့ပြီး ခြောက်လအကြာ ဧပြီလ ၂၁ ရက်တွင် ဂျပန် ဘဏ္ဍာရေး ဝန်ကြီးဌာနက မြန်မာတို့ ပေးရန်ရှိသော ကြွေးမြီစာရင်း၏ ၆ဝ% ကျော်ကို ပယ်ဖျက် ပေးကြောင်း ကြေညာခဲ့သည်။
အဆိုပါကိစ္စတွင် ပါဝင်ဆောင်ရွက် ပေးခဲ့ကြသူတို့က တိုကျိုအစိုးရသည် ကန်ဒေါ်လာ ၃.၇ ဘီလျံ အကြွေးကို ပယ်ဖျက် ပေးခဲ့သည့်အပြင် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေး ဘဏ်တို့သို့ မြန်မာနိုင်ငံက ကြွေးကျန်များ ပေးဆပ် နိုင်ရန် ကန်ဒေါ်လာ သန်း ၉ဝဝ ချေးငွေကို ဂျပန်ဘဏ်များဖြစ်သည့် Bank of Tokyo-Mitsubishi UFJ တို့က ဦးဆောင်သည့် အဖွဲ့မှတစ်ဆင့် ပေးအပ်သွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့ကြသည်။
နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF မှ ထိပ်တန်း အရာရှိကြီးများပင် ဂျပန်တို့၏ မြန်ဆန်လှသည့် အကြွေး လျော်ခြင်းကို မကြုံဖူးလောက်အောင် ဖြစ်ရကြောင်း ထုတ်ဖော်ပြောကြား ခဲ့ကြသည်။
ကြွေးမြီ ပယ်ဖျက်ပေးခြင်းသည်သာ ပြုပြင်ပြောင်းလဲရေးအတွက် အကောင်းဆုံး အားပေးသည့် နည်းလမ်း ဖြစ်သည်ဟု ဂျပန်တို့ကဆိုကာ အခြားအဖွဲ့အစည်းများကိုလည်း
တိုကျို နိုင်ငံရေးသမားတို့က ဂျပန်နှင့် တွဲဖက်လုပ်ကိုင်မည့် မြန်မာဘဏ် လုပ်ငန်းကို ရှာဖွေရာတွင် အမေရိကန် ပြည်ထောင် စုက အမည်ပျက်စာရင်း သွင်းထားသော မြန်မာ့လုပ်ငန်းရှင် ဦးဝင်းအောင်ကို မတ်လ အတွင်းက ရွေးချယ်ခဲ့ကြသည်။
ဦးဝင်းအောင်သည် Watanabe ၏ Japan-Myanmar Association အသင်း ဖွင့်ပွဲအခမ်းအနားသို့ တက် ရောက်ကာ Edaro, Sengoku နှင့် Nakasone တို့နှင့် ဆွေးနွေးခဲ့သည်။
“စက်မှုလုပ်ငန်း ထူထောင်ရေးဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မရှိမဖြစ်ပါပဲ”ဟု ဦးဝင်းအောင်က သူ၏မိန့်ခွန်း တွင် ထည့်သွင်း ပြောကြားခဲ့သည်။ “အဲဒါကြောင့်လည်း ဝန်ကြီး Edano က သီလဝါကိစ္စအတွက် ကူညီပံ့ပိုးမယ် ဆိုလာတာကို ကျွန်တော် အရမ်းပျော်သွား ခဲ့ရတာပါ”ဟုလည်း သူကဆိုသည်။
ဦးဝင်းအောင်သည် ဒဂုံအင်တာနေရှင်နယ် လီမိတက် အမည်ရ ဆောက်လုပ်ရေး လုပ်ငန်းကို လုပ်ကိုင်နေသူ ဖြစ်ပြီး ကုန်သည် များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အကြီးအကဲလည်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ မြို့တော်သစ် နေပြည်တော် ကို တည်ဆောက်ရာတွင် လုပ်ငန်း ဆောင်ရွက်ခွင့်ရ ကုမ္ပဏီကြီး ရှစ်ခုအနက် သူ၏ ကုမ္ပဏီသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ ဦးဝင်းအောင်သည် စစ်ဘက်ဆိုင်ရာ အဆက်အသွယ် များအားဖြင့် ကန့်သတ် ဒေသများမှ ထွက်ရှိသော သစ်များကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခဲ့သူ ဖြစ်ကြောင်း လည်း အမေရိကန် သံတမန် ကြေးနန်းများကို ဖွင့်ချသော Wikileaks သတင်း website က ထုတ်ဖော်ခဲ့သည်။
ဦးဝင်းအောင်ထံ Reuters က အီးမေးလ်ပေးပို့ မေးမြန်းခဲ့သော်လည်း အကြောင်းပြန်ခြင်း မရှိခဲ့ပေ။ ဦးဝင်းအောင်သည် အမေရိကန် ပြည်ထောင်စုက သူ၏နိုင်ငံသားများကို စီးပွားရေး အဆက်အဆံ မပြုလုပ်ရန် ကန့်သတ် ပိတ်ပင်ထားသည့် အမည်စာရင်းတွင် ယခုတိုင်ပါဝင်နေဆဲဖြစ်သည်။
ဂျပန်တို့နှင့် လက်တွဲ ဆောင်ရွက်မည့် မြန်မာ့ဘဏ်လုပ်ငန်းများကို ထပ်မံ ရွေးချယ်ရန် ဦးဝင်းအောင်ကပင် ဆုံးဖြတ်ပေး မည် ဖြစ်သည်။
ဆွေးနွေးပွဲ တက်ရောက်ခဲ့သူတစ်ဦး၏ ပြောကြားချက်အရ တန်းစီဇယားတွင် ပါဝင်ရန် မျှော်လင့်ထားသူ တစ်ဦးမှာ ဦးဇော်ဇော်ဖြစ်ကြောင်း သိရှိရသည်။ ဦးဇော်ဇော်သည် သစ်လုပ်ငန်း၊ ရော်ဘာစိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေး လုပ်ငန်းများကို လုပ်ကိုင်သည်။ သူသည်လည်း အမေရိကန်အစိုးရ၏ အမည်မည်း စာရင်းတွင် ပါဝင်လေသည်။ ဦးဇော်ဇော်သည် မြန်မာနိုင်ငံသို့ ကားဟောင်းများ တင်သွင်းခြင်းဖြင့် ကြွယ်ဝလာခဲ့သူ ဖြစ်သည်။ သူ၏ Max-Myanmar တံဆိပ်တပ် ထရပ်ကားများ နှင့် ကုမ္ပဏီအလံများကို သီလဝါတွင် တွေ့မြင် နေရပြီဖြစ် သည်။
မြန်မာ့အရေးနှင့် စပ်လျဉ်း၍ Watanabe ကို ကူညီခဲ့သူများတွင် Nippon Foundation မှ Yohe Sasakawa လည်း အပါအဝင် ဖြစ်သည်။ မြန်မာနိုင်ငံအပေါ် ကာလ ကြာမြင့်စွာကပင် စိတ်ဝင်စားခဲ့သော Sasakawa သည် သီလဝါ ကိစ္စနှင့် စပ်လျဉ်း၍ နေပြည်တော်၌ သမ္မတဦးသိန်းစိန်နှင့် ဇူလိုင်အတွင်း ထပ်မံတွေ့ဆုံ ညှိနှိုင်းကြ ရာတွင် Watanabe, Sengoku တို့နှင့်အတူ လိုက်ပါလာခဲ့သည်။ ထိုဆွေးနွေးပွဲတွင် Sasakawa က ပဋိပက္ခများ ဖြစ်ပွားနေသည့် တိုင်းရင်းသားလူနည်းစုဒေသမျ
နှစ်နိုင်ငံ သဘောတူညီချက်များကို ဩဂုတ်လတွင် လက်မှတ်ရေးထိုး နိုင်ခဲ့ကြသည်။ မြန်မာလုပ်ငန်းဘက် အခြမ်းမှ အသေးစိတ် အစီအစဉ်များကို ဦးဝင်းအောင်က ဦးဆောင် စီစဉ်ပြီး ဂျပန်တို့ကလည်း အခြေခံ အဆောက်အအုံ စီမံကိန်းများကို ရေးဆွဲနေသည်။
သီလဝါ စီမံကိန်းတွင် စစ်အစိုရဟောင်းနှင့် ပလဲနံပ သင့်ခဲ့သည့် ခရိုနီလုပ်ငန်းရှင်များနှင်
“သီလဝါ ဖွံ့ဖြိုးရေး စီမံကိန်းကို မြန်မာအစိုးရဘက်က စတင်ကမ်းလှမ်းခဲ့တာပါ။ အစိုးရ နှစ်ရပ်စလုံးက ဒီစီမံကိန်းကို စဉ်းစားနေကြဆဲ ဖြစ်ပါတယ်”ဟု ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Asagi Sakai ကဆိုသည်။
“သီလဝါမှာ ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးကို ဘယ်လို ပုံစံနဲ့ ဆောင်ရွက်မယ်ဆိုတာ ခိုင်မာတဲ့ ဆုံးဖြတ်ချက် မချရသေးပါဘူး” ဟုလည်း သူက ဆိုခဲ့သည်။
မြန်မာနိုင်ငံအတွင်း အစောပိုင်း ရင်းနှီးမြှုပ်နှံသူများ ကြုံတွေ့နိုင်သည့် အန္တရာယ်အကြောင်း တိုကျို ရုံးခန်းရှိ Watanabe ကို မေးမြန်းသည့်အခါ သူက ပခုံးတွန့်ပြပြီး “ဒီလိုကိစ္စမျိုးတွေကို တွေးပူတတ်ရင် အဲဒီကုမ္ပဏီတွေဂျပန်မှာပဲ နေနေကြရုံပေါ့။ဒါဟာသူတို့ရဲ
Ref: Special Report: How Japan Inc stoke a march in Myanmar by Antoni Slodkourski , Reuters
http://www.myanmarij.com/
ဂျီအက်စ်အမ်ဖုန်းများ အလိုအလျောက် ငွေဖြတ်ခံရသော ပြဿနာဖြေရှင်းပေးနေပြီဟုဆို

မြန်မာ့ဆက်သွယ်ရေး၏ Server Error ကြောင့် ဂျီအက်(စ်)အမ်မိုဘိုင်းဖုန်း သုံးစွဲသူများ ကြုံတွေ့ခဲ့ကြရသော ဖုန်းလက်ကျန်ငွေပမာဏထဲမှ
ငွေကျပ်နှစ်ထောင်ကျော်စီ အနုတ်ခံခဲ့ရသည့် ပြဿနာကို ပြန်လည်ဖြေရှင်းပြီးဖြစ်ကြောင်း
သက်ဆိုင်ရာဌာနများမှ သတင်းရရှိသည်။
မြန်မာ့ဆက်သွယ်ရေး၏ Server Error ကြောင့် ဂျီအက်(စ်)အမ်မိုဘိုင်းဖုန်း သုံးစွဲသူများ ကြုံတွေ့ခဲ့ကြရသော ဖုန်းလက်ကျန်ငွေပမာဏထဲမှ
ငွေကျပ်နှစ်ထောင်ကျော်စီ အနုတ်ခံခဲ့ရသည့် ပြဿနာကို ပြန်လည်ဖြေရှင်းပြီးဖြစ်ကြောင်း
ယင်းဖြစ်စဉ်မှာ ၀၉ ၅၁ xxxxx ဖြင့်စသော ဂျီအက်(စ်)အမ်ဖုန်းများတွင် ယခုလ ၉ ရက်က ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါဖုန်းများသို့ My
Ringtune စနစ်ကို ဝန်ဆောင်မှုပေးသော ကုမ္ပဏီဘက်မှ ပေးပို့သည့် စာတိုတစ်စောင် ဝင်ရောက်လာခဲ့ပြီးနောက်တွင်
ဖုန်းလက်ကျန်ငွေပမာဏထဲမှ ငွေကျပ်နှစ်ထောင်ကျော်စီ အနုတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ယင်းဖြစ်စဉ်ကို ကြုံတွေ့ခဲ့ရသူများကပြောသည်။
“ကျွန်တော်တို့ဖုန်းတွေထဲကို သူတို့ရဲ့မိုင်ရင်းကျွန်းဝန်ဆော င်မှုကို သုံးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆိုပြီး စာတစ်စောင်ဝင်လာတယ်။
ကျွန်တော့်ဖုန်းကို အဲ့ဒီဝန်ဆောင်မှုမထည့်ထားဘဲ အဲ့ဒီစာရောက်လာတာ။ နောက်တော့ မိတ်ဆွေတစ်ယောက်ဆီ ဖုန်းခေါ်ကြည့်တာမှာ ဖုန်းကခေါ်မရတာနဲ့ မသင်္ကာလို့ လက်ကျန်ငွေကို ပြန်စစ်လိုက်တော့ နှစ်ထောင်ကျော် အဖြတ်ခံထားရတယ်။ ဒါက မမှားသင့်ဘူးလို့ ထင်တယ်”ဟု ဖုန်းထဲမှလက်ကျန်ငွေ အနုတ်ခံလိုက်ရသည့် အဆိုပါ ဖုန်းကိုင်ဆောင်သူတစ်ဦးကပြောသည်။
ယင်းဖြစ်စဉ်ကို ကြုံတွေ့ခဲ့ကြရသည့် အဆိုပါ နံပါတ်ကိုင်ဆောင်သူများသည် ယင်း My Ringtune ကုမ္ပဏီဘက်သို့ ဖုန်းခေါ်ဆိုမှုများ
တောက်လျှောက်ပြုလုပ်ခဲ့သော်လည်း ဆက်သွယ်မှု လုံးဝမရခဲ့ဟု ၄င်းတို့က ဆိုသည်။
My Ringtune ကုမ္ပဏီဘက်မူ ယင်းအဖြစ်အပျက်သည် မြန်မာ့ ဆက်သွယ်ရေးဘက်မှ နည်းစနစ်လွဲချော်မှုကြောင့်သာဖြစ်ပြီး ဖုန်းထဲမှ
ငွေနုတ်ယူခံခဲ့ရသူများကိုလည်း ပြန်လည်ဖြည့်သွင်းပေးပြီး ဖြစ်သည် ဟုဆိုသည်။
အဆိုပါကိစ္စသည် မြန်မာ့ဆက်သွယ်ရေးဘက်မှ server error ကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်ပြီး ဖြစ်ပွားပြီးသည်နှင့် မကျေနပ်သည့်ဖုန်းများ တောက်လျှောက်ဝင်ရောက်ခဲ့ကြောင်း ရတနာပုံတယ်လီဖုန်းစင်တာ၏ မြန်မာ့ဆက်သွယ်ရေးဌာနမှ ဖြေကြားသည်။
ထိုအဖြစ်အပျက်ဖြစ်ပွားပြီး ယနေ့နံနက်တွင် ငွေနုတ်ယူခံခဲ့ရသည့် မိုဘိုင်းဖုန်းများထဲသို့ တောင်းပန်သည့် စာတစ်စောင် ပြန်လည်ဝင်ရောက်ခဲ့ပြီး
နုတ်ယူခံခဲ့ရသည့် ငွေပမာဏကို ပြန်လည်ဖြည့်သွင်းပေးမည်ဖြစ်ကြောင်းပါရှိသည်။
My Ringtune စနစ်ဆိုသည်မှာ ဖုန်းခေါ်ဆိုသည့်အခါတွင် ဖုန်းဝင်သည့် အော်တိုမြည်သံနေရာဖြစ်သော “တီ တီ တီ” ဆိုသည့် အသံနေရာတွင် တစ်ဖက်ဖုန်းခေါ်ဆိုသူဘက်မှ နားဆင်နိုင်မည့် သီချင်းများကို ထည့်သွင်းနိုင်သည့် စနစ်တစ်ခုဖြစ်သည်။
Ringtune စနစ်ကို ဝန်ဆောင်မှုပေးသော ကုမ္ပဏီဘက်မှ ပေးပို့သည့် စာတိုတစ်စောင် ဝင်ရောက်လာခဲ့ပြီးနောက်တွင်
ဖုန်းလက်ကျန်ငွေပမာဏထဲမှ ငွေကျပ်နှစ်ထောင်ကျော်စီ အနုတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ယင်းဖြစ်စဉ်ကို ကြုံတွေ့ခဲ့ရသူများကပြောသည်။
“ကျွန်တော်တို့ဖုန်းတွေထဲကို သူတို့ရဲ့မိုင်ရင်းကျွန်းဝန်ဆော
ကျွန်တော့်ဖုန်းကို အဲ့ဒီဝန်ဆောင်မှုမထည့်ထားဘဲ အဲ့ဒီစာရောက်လာတာ။ နောက်တော့ မိတ်ဆွေတစ်ယောက်ဆီ ဖုန်းခေါ်ကြည့်တာမှာ ဖုန်းကခေါ်မရတာနဲ့ မသင်္ကာလို့ လက်ကျန်ငွေကို ပြန်စစ်လိုက်တော့ နှစ်ထောင်ကျော် အဖြတ်ခံထားရတယ်။ ဒါက မမှားသင့်ဘူးလို့ ထင်တယ်”ဟု ဖုန်းထဲမှလက်ကျန်ငွေ အနုတ်ခံလိုက်ရသည့် အဆိုပါ ဖုန်းကိုင်ဆောင်သူတစ်ဦးကပြောသည
ယင်းဖြစ်စဉ်ကို ကြုံတွေ့ခဲ့ကြရသည့် အဆိုပါ နံပါတ်ကိုင်ဆောင်သူများသည် ယင်း My Ringtune ကုမ္ပဏီဘက်သို့ ဖုန်းခေါ်ဆိုမှုများ
တောက်လျှောက်ပြုလုပ်ခဲ့သော်လည်း
My Ringtune ကုမ္ပဏီဘက်မူ ယင်းအဖြစ်အပျက်သည် မြန်မာ့ ဆက်သွယ်ရေးဘက်မှ နည်းစနစ်လွဲချော်မှုကြောင့်သာဖြစ
ငွေနုတ်ယူခံခဲ့ရသူများကိုလည်း ပြန်လည်ဖြည့်သွင်းပေးပြီး ဖြစ်သည် ဟုဆိုသည်။
အဆိုပါကိစ္စသည် မြန်မာ့ဆက်သွယ်ရေးဘက်မှ server error ကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်ပြီး ဖြစ်ပွားပြီးသည်နှင့် မကျေနပ်သည့်ဖုန်းများ တောက်လျှောက်ဝင်ရောက်ခဲ့ကြောင်း
ထိုအဖြစ်အပျက်ဖြစ်ပွားပြီး ယနေ့နံနက်တွင် ငွေနုတ်ယူခံခဲ့ရသည့် မိုဘိုင်းဖုန်းများထဲသို့ တောင်းပန်သည့် စာတစ်စောင် ပြန်လည်ဝင်ရောက်ခဲ့ပြီး
နုတ်ယူခံခဲ့ရသည့် ငွေပမာဏကို ပြန်လည်ဖြည့်သွင်းပေးမည်ဖြစ်ကြေ
My Ringtune စနစ်ဆိုသည်မှာ ဖုန်းခေါ်ဆိုသည့်အခါတွင် ဖုန်းဝင်သည့် အော်တိုမြည်သံနေရာဖြစ်သော “တီ တီ တီ” ဆိုသည့် အသံနေရာတွင် တစ်ဖက်ဖုန်းခေါ်ဆိုသူဘက်မှ နားဆင်နိုင်မည့် သီချင်းများကို ထည့်သွင်းနိုင်သည့် စနစ်တစ်ခုဖြစ်သည်။
နန်းခင်ဇေယျာရဲ့ Miss International 2012 Organizing ကော်မတီ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးနဲ့ အဆက်အသွယ်ရ
နန်းခင်ဇေယျာရဲ့
Miss International 2012 Organizing ကော်မတီ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးနဲ့
အဆက်အသွယ်ရပါတယ် ။ နန်းခင်ဇေယျာက ပေးပို့တဲ့မေးလ်ကို ဘာသာပြန်ပြီး
တင်ပေးလိုက်ပါတယ် ။ “ မင်္ဂလာပါ မြန်မာ !!!
ကျွန်မ နန်းခင်ဇေယျာ ပါ အခုလို ၀ိုင်းပြီးအားပေးတဲ့အတွက်ရေ
အခုအောက်မှာပေးထားတဲ့လင့်ဟာ
http://www.flickr.com/
အခု ကျွန်မ ဓါတ်ပုံမှာ ၁၁၆၀၀၀ ကြိမ်ရှိပြီး တခြားတိုင်းပြည်ကသူတွေကတော့
ကျေးဇူးတင်ခြင်းများစွာဖြင်
နန်းခင်ဇေယျာ ”
(ကျွန်မရဲ့ဖေ့ဘုတ်အကောင့်ကိ
--------------------------
သက်တန့်ချို - “ အခုနည်းကပိုတောင်လွယ်သွားသေ
မှတ်ချက် - နန်းခင်ဇေယျာက ပေးပို့တဲ့သတင်းအချက်အလက်တေ
ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွင် ရှမ်းပြည်နယ် လူထုသဘောထား တောင်းခံသွားမည်
(ရန်ကုန်၊ အောက်တိုဘာ ၈)
ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွင် ရှမ်းပြည်နယ်မှ လူထုသဘောထားကို တောင်းခံမည်ဟု SNLD မှ ဦးစိုင်းလိတ်က ပြောသည်။
”ပြည်သူရဲ့ သဘောထားက ဘယ်လို ရှိသလဲ။ သူတို့ရဲ့ အမြင်တွေ ကို စုပေါင်းပါဝင်တယ် ဆိုရင် ငြိမ်းချမ်းရေး အတွက် ပိုပြီး အောင်မြင်နိုင်တာပေါ့”ဟု ၄င်း ကပြောသည်။
ပထမအဆင့် အနေဖြင့် နိုဝင်ဘာလ အတွင်း ရှမ်းပြည်နယ်မှ ရှမ်း အနွယ်ဝင် တိုင်းရင်းသားများ လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်သည့် CRPP နှင့် RCSS အပါ အဝင် ပြည်သူ့စစ် များ၏ သဘော ထားများကို ရန်ကုန်မြို့တွင် ခေါ်ယူ ၍ သဘောထား တောင်းခံမည်ဟု ၄င်းက ဆက်ပြောသည်။
”ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ကလည်း သမ္မတကြီး နဲ့တွေ့ဆုံတဲ့ အချိန်မှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကူညီမယ်လို့ ပြောထားခဲ့ ပါတယ်” ဟု ဦးစိုင်းလိတ်က ပြောသည်။
ဒုတိယ အဆင့် အနေဖြင့် ရှမ်းပြည်နယ်တွင် ရှိသော တိုင်းရင်းသား ပါတီများ၊ လူမှုရေး အဖွဲ့အစည်းများ၊ လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးတို့ကို တောင်ကြီး မြို့သို့ ဖိတ်ကြား၍ သဘောထား အမြင် တောင်းခံမည်ဟု သိရသည်။
”ဒီလိုမျိုး အားလုံးကို ဖိတ်ပြီး လုပ်တာဆိုတော့ အမြင်တွေ အမျိုး မျိုး ကွဲပြားနိုင်တယ်။ အချိန်ကြာ နိုင်တယ်။ အလုပ် မတွင်တာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေး လမ်းစဉ် ပိုမိုခိုင်မာဖို့ အတွက် ဌာနေ ပြည်သူတွေရဲ့အမြင်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့က လိုအပ်ပါတယ်”ဟု ၄င်းက ပြောသည်။
အဆိုပါ ဆွေးနွေးပွဲများသို့ အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အပါအဝင် အဖွဲ့ဝင်များ ကိုလည်း ဖိတ်ကြားမည် ဟုသိရသည်။
ပြည်ထောင်စု အဆင့် အပစ် အခတ်ရပ်စဲရေး လက်မှတ် ထိုးထား သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရ တပ်မတော် ကြားတွင် တိုက်ပွဲများ ဆက်လက် မဖြစ်ပွားရန်နှင့် ငြိမ်း ချမ်းရေး အတွက် ပြည်သူ တို့၏ သဘောထား အမှန်ကို လက်နက် ကိုင် အဖွဲ့အစည်းများ အကြားသိရှိ လေးစား လိုက်နာရန် လိုအပ် သည် ဟု ၄င်း ကပြောသည်။ ဒီဇင်ဘာလ တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများနှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့ကို နိုင်ငံရေး အရ အကြိုဆွေးနွေး ပွဲ များစတင် တော့မည်ဖြစ်၍ ပြည်သူများ၏ သဘောထားများ ပါဝင်နိုင်ရန်မှာ အဓိက ကျသည်ဟု ၄င်းကသုံးသပ် သည်။

စိုင်းနောင်
တိုင်းရင်းသား နယ်မြေ ဖွံ့ဖြိုးရေး စီမံကိန်းကြောင့် ဒေသခံများ ဘဝ မပျက်ရန်လို
(ရန်ကုန်၊ အောက်တိုဘာ ၈)
တိုင်းရင်းသား ဒေသများတွင် ဖော်ဆောင်မည့် ဖွံ့ဖြိုးရေး စီမံကိန်းများ ဌာနေပြည်သူများ အတွက် ဘဝပျက်သည့် စီမံကိန်း မဖြစ်ရန် လိုအပ်ဟု ချင်းအမျိုးသား ပါတီ ဥက္ကဋ္ဌ ဦးဇိုဇာမ်က ပြောသည်။
”မြန်မာနိုင်ငံမှာ ဖော်ဆောင် မယ့် အကြီးစား စီမံကိန်းကြီးတွေဆို ရင် လွှတ်တော်မှာ တင်ပြပြီး အားသာချက် အားနည်းချက်တွေကို သုံးသပ် ဖို့လိုတယ်။ ဌာနေပြည် သူတွေကပဲ ဒုက္ခအများစုကို ခံစားရမယ် ဆိုရင် ဖွံ့ဖြိုးတိုးတက်မှု ဆိုတာ အဓိပ္ပာယ် မရှိပါဘူး” ဟု ၄င်းကပြောသည်။
အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့ အရေးယူမှုများ ရုတ်သိမ်း လိုက်ပြီးနောက် နိုင်ငံတကာမှ အလုံးအရင်းနှင့် ဝင်ရောက် လာမည့် ရင်းနှီးမြှုပ်နှံမှုများ ပွင့်လင်းမြင် သာ မှုနှင့် တာဝန်ခံမှု ရှိမှသာ စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်သော လူမှု စီးပွားရေးဘဝကို ဖော်ဆောင်နိုင် မည်ဟု ၄င်းက ပြောသည်။
နိုင်ငံတကာ ဥပဒေပညာရှင် ဒေါက်တာ ငုံကျုံလျန်းက ”လူ့အခွင့် အရေးဆိုတာ နားမလည်တဲ့နိုင်ငံ တွေကို ကျွန်တော် တို့က လူ့အခွင့်အရေး ဆိုပြီး သွားတောင်းဆို လို့မရ ဘူး။ သူတို့တွေရဲ့ ရင်းနှီးမြှုပ်နှံမှု ကြောင့် ပြည်သူတွေ ဒုက္ခခံရမယ့် ဟာကို ကာကွယ်ဖို့ ဥပဒေ အဖြစ်နဲ့ ပြဋ္ဌာန်းရမယ်” ဟုပြောသည်။
မြန်မာနိုင်ငံ၏ ကံကြမ္မာမြန်မာ နိုင်ငံသားများသာ ဆုံးဖြတ်နိုင်ရန် အမေရိကန်၊ တရုတ်နှင့် အိန္ဒိယအပါ အဝင် လာရောက်ရင်းနှီး မြှုပ်နှံမှု များကြောင့် ရှုပ်ထွေးမှု မဖြစ်စေရန် ပြည်သူကို ကာကွယ်သည့် အချက် များကို ရင်းနှီးမြှုပ်နှံမှု ဥပဒေများ တွင် ထည့်သွင်းပြဋ္ဌာန်းရန် လိုအပ် ကြောင်း ၄င်းကဆက်ပြောသည်။
Spectrum လူမှုအဖွဲ့အစည်းမှ ဦးမော်ထွန်းအောင်က ”တိုင်းရင်း သားဒေသတွေမှာ ကျွန်တော်တို့ ကြည့်လိုက်မယ် ဆိုရင် သစ်ပင်တွေ၊ တောင်တွေ နဲ့ ရေကန်တွေနဲ့ ဘာမှ မထူးခြားသလိုပဲ။ ဒါပေမဲ့ အဲ့ဒါတွေက သူတို့ဘဝတွေ ဖြစ်နေတတ်တယ်။ အဲဒါတွေ ပျက်စီး ဆုံးရှုံးရင် သူတို့ရဲ့ ယဉ်ကျေးမှုတွေ ဘဝတွေ က ပျက်စီးတာပဲ” ဟု ပြောသည်။
လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့ ဒေသအတွင်း လာရောက်ပြုလုပ်မည့် စီမံကိန်းကြီးများ ၏ အချက်အလက်နှင့် ဖော်ဆောင်မည့် ကုမ္ပဏီ နာမည်ပျက် စာရင်းတွင် ပါဝင်မှု ရှိမရှိကို ဂရုတစိုက် လေ့လာ၍ ပြည်သူများ၏ အခွင့်အရေးကို ကာကွယ်ပေးရန် လိုအပ်ကြောင်း ပြောသည်။
ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီမှ ဒေါ်နော်ယုဇနဝါက ”မြေ စာရင်းဌာနမှ ပြုစုထားတဲ့ မြေလွတ် မြေရိုင်းဆိုတာဟာ တကယ့်လက် တွေ့မှာ တောင်သူတွေ နှစ်ပေါင်း ၂ဝ ကျော် လုပ်စားနေတဲ့ လယ်မြေ တွေလည်း ဖြစ်နေတတ်တယ်”ဟု ပြောသည်။
စီမံကိန်း များကြောင့် မြေသိမ်း၊ ယာသိမ်းမှုများ အစိုးရက ဆုံးဖြတ် ရာတွင် စာရင်း အချက်အလက် များသည် လက်တွေ့နှင့် ကွဲလွဲမှုရှိ သဖြင့် တိုင်းရင်းသား ဒေသများ တွင် မတည်မငြိမ်မှုများ ဖန်တီးသကဲ့ သို့မဖြစ်ရေး ဂရုတစိုက်ရှိရန် လိုအပ် ကြောင်း ၄င်းကပြောသည်။
လက်ရှိ အစိုးရသစ် မတိုင်မီက ပြည်ပနှင့် ဖက်စပ် ရင်းနှီးမြှုပ်နှံမှု ပြုကာ ယနေ့အထိ ဆောင်ရွက် လျက် ရှိသည့် ရေအား လျှပ်စစ် စီမံ ကိန်း၊ သတ္တု တူးဖော်ရေး လုပ်ငန်း အများစုသည် ဒေသခံများ သဘာဝ ပတ်ဝန်းကျင်အရေး ဆောင်ရွက်သူများနှင့် လူမှု အဖွဲ့အစည်းများ၏ ကန့်ကွက် ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပေါ် လျက် ရှိသည်။
ရှမ်းနီ(တိုင်းလိုင်) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က ”ကျွန်တော်တို့ ဒေသမှာ ဌာနေပြည်သူတွေက လက် လုပ်လက်စား ရွှေကျင်နေ တာမပြော မဆိုနဲ့ ကုမ္ပဏီတွေ ရောက်လာတယ်။ ပြီးတော့ အဲဒီမြေတွေသူတို့ ပိုင်တယ်ပေါ့။ ကျွန်တော်တို့ ဌာနေ ပြည်သူတွေ ကျတော့ ရွှေကျင်တယ် ဆိုရင် ဥပဒေ ချိုးဖောက်တဲ့သူ ဖြစ် သွားရော”ဟုပြောသည်။
ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အလုံး အရင်းဖြင့် ဝင်ရောက်လာတော့မည့် အချိန်တွင် တိုင်းရင်းသားဒေသများ တွင်ပြုလုပ်မည့် စီမံကိန်းများ အကျိုး နှင့်အပြစ် အခြေ အနေလေ့လာသုံး သပ်ရန် ဖိလစ်ပိုင်နိုင်ငံ၏ တိုင်းရင်း သားဒေသ ရင်းနှီးမြှုပ်နှံမှု ဥပဒေပါ အလေ့အကျင့်ဟောင်း များကို တိုင်း ရင်းသား ပါတီများ၊ လူမှု အဖွဲ့အစည်း များ၊ နိုင်ငံတကာ ကျွမ်းကျင် ပညာရှင် များစုပေါင်း၍ အောက်တိုဘာ ၆ရက် က မရမ်းကုန်း မြို့နယ်ရှိ MDRI (Myanmar Development Resource Institute) ရုံးခန်းတွင် လေ့လာခဲ့ကြသည်။

မလေးရာက်မြန်မာများဒီအဖြစ်မျိုးလေးမဖြစ်အောင် ဖြစ်ရပ်မှန်သတိပေးခြင်း
မင်္ဂလာပါလို့ ကိုရဲ ဦးစွာနှုတ်ခွန်းဆက်သပါတယ်
ကိုရဲစာမရေးတာကြာပါပြီ။
အခု ကိုရဲ ရေးမယ့်စာလေးက ကိုရဲတို့လို့
မလေးရှာမှာလာရောက် အလုပ်လုပ်နေကြတဲ့
သူငယ်ချင်း ညီအကိုမောင်နှမများကို အသိပေးအပ်ပါသည်။
ဘာကြောင့်လည်းဆိုတော့ ကိုရဲတို့ မလေးရှားမှာရှိတဲ့
အလုပ်ရှင် သူဌေးများက ကိုယ့်က အလုပ်အတွက်
တာဝန်ယူပြီးထုတ်ယူထားတဲ့
ပစ္စည်းများ ပြန်မအပ်နိုင်ရင် ပျောက်ဆုံးသွားရင်
မိမိရဲ့ လစာထဲမှ ဖြတ်တတ်ပါတယ်
ပစ္စည်းရဲ့တန်းဖိုးအတိုင်းပေါ့ ရော်ပေးရပါတယ်ဗျာ
ဒါကြောင့် ကိုရဲ ရှေ့မှာ ဖြစ်ပျက်သွားတဲ့
အဖြစ်ပျက်လေးကို အားလုံးသိရှိအောင် တင်ပြပေးလိုက်ပါတယ်။
ဖြစ်စဉ်က ကိုရဲတို့ အလုပ်ရုံမှာ ခဏလာရောက်
အလုပ်လုပ်တဲ့ ကိုဟိန်းဇော်
သူရဲ့ပုံပါ
သူကမလေးရှာကိုရောက်နေတာကြာပါပြီ
ကိုဟိန်းဇော်က တွင်းခုံသမားတစ်ဦးပါ
သူရဲ့သူဌေးက ခိုင်းလို့ ကိုရဲတို့
ဆီမှာလာရောက်လုပ်နေပါတယ် သူပါတဲ့
လုပ်ငန်းတွင်အသုံးပြုဖို့ ယူလာတဲ့ပစ္စည်းက
မလေးရှာငွေ(၆၀၀)လောက်တန်ပါတယ်
မြန်မာငွေအားဖြင့်(၁၈၀၀၀၀)လောက်တန်ပါတယ်
ပျောက်သွားပြီးမှ ပြန်ရတဲ့ပစ္စည်းလေးပါ
ဖြစ်စဉ်မှာ ကိုဟိန်းဇော် ရှေ့မှာအလုပ်ကို
အာရုံစိုက်အလုပ်လုပ်နေစဉ် နောက်မှာ
သူအသုံးပြုရန်ပစ္စည်းလေးကို ဓါတ်ပုံမှာမြင်တွေ့နေရတဲ့
သံပုံးထဲတွင်ထည့်ထားတဲ့ စက္ကူတွေပေါ်မှာ တင်ထားပါတယ်
အပြင်မှရောက်လာတဲ့ တရုတ်သူဌေးတစ်ဦးက
ကိုရဲတို့အလုပ်ရုံမှ မသုံးတဲ့စက်များကို လာရောက်
ဝယ်ယူပါတယ်
အဲ့ဒီမှာ စက်မှာပေနေတဲ့ စက်ဆီတွေ သန့်ရှင်းရေး
လုပ်ရန်အတွက် သံပုံးထဲက စက္ကူတွေယူရင်း
ကိုရဲ ဓါတ်ပုံရိုက်ပြထားတဲ့ ပစ္စည်းလေးပါ
ယူပြီးသူဝယ်တဲ့ စက်ထဲမှာ ထည့်ထားလိုက်တယ်လေ
ကိုဟိန်းဇော်က သူအသုံးပြုဖို့ ပစ္စည်းလေးကို
ယူရန်ကြည့်တော့ မတွေ့တော့ပါ
အဲ့ဒီမှာ သူလည်းမေးတာပေါ့ အဲဒီတရုတ်သူဌေးက
သူမယူဘူးတဲ့ဗျာ
ကိုရဲနဲ့အတူသူငယ်ချင်းတစ်ယောက်ပါ
ဝိုင်းရှာပေးကြပါတယ်..
မတွေ့ပါဘူး လာတာလည်းသူပဲလာတာတဲ့
စက္ကူတွေယူတာလည်းသူတစ်ယောက်ပဲယူတာလေ
သူမယူဘူးဆိုရင် ပစ္စည်းပျောက်စရာမရှိပါ
အဲနောက်ဆုံးတော့ ကိုဟိန်းဇော်က
သူရဲ့သူဌေးကိုအကြောင်းကြား
ပစ္စည်းပျောက်တဲ့အကြောင်းကို
ကိုရဲတို့လည်း ကိုယ့်အလုပ်ကိုယ့်လုပ်နေရတယ်လေ
ဘယ်သူမှအနားမှာမရှိမှ အဲ့ဒီသူဌေးက
သူဝယ်ယူထားတဲ့ စက်ထဲမှ ပစ္စည်းလေးကို
ထုပ်ပြီး စက္ကူတွေပေါ်ကိုပြန်တင်ထားတယ်လေ
အဲဒီဗူးလေးမှာလည်း စက်ဆီပေနေတယ်
အဲ့ဒါ သူဌေးနော်...ဆင်းရဲသားမှ
ခိုးတတ်တာမဟုတ်သလို...
သဌေးတွေလည်း ခိုးတတ်ပါတယ်လို့
မဆိုလိုပါ အဲဒီတရုတ်ရဲ့ ဓါတ်ပုံကိုတော့
လူမှု့ရေးအရ ကိုရဲ မရိုက်ပါ
ဒီစာလေးဖတ်ပြီး
သူငယ်ချင်းများမိမိပစ္စည်းများကို
ထိမ်းသိမ်းနိုင်ကြပါစေဗျာ။
ရဲဇော်ကို(မလေး)
Wifi Zone မှfacebook များကို android phone နှင့်ဟက်နည်း (or) သတိထားစရာ
ကျွန်တော်အခုပြောမယ့်နည်းကပညာရရုံသက်သက်ပါ။စမ်းသပ်ရုံလောက်ဘဲလုပ်ပြီး
သူများတွေကိုဒုက္ခမပေးဖို့တောင်းဆိုချင်ပါတယ်။ လိုအပ်တဲ့ software ကို ဒီမှာ ရယူပါ
Software down ပြီးဖုန်းမှာ run ပြီး
scan ဖတ်လိုက်ရင်ပုံထဲကအတိုငိးကိုယ်နဲ့ wifi network တစ်ခု ထဲမှာသုံးနေတဲ့
အကောင့်တွေပေါ်လာပါလိမ့်မယ်။ပုံထဲကစာအစိမ်းလေးတွေနဲ့ပေါ်နေတဲ့ facebook
တွေဆိုဝင်လို့ရပါတယ်။
အစိမ်းရောင်နဲ့ပေါ်နေတဲ့အကောင့်တစ်ခုကိုနှိပ်ကြည့်လိုက်ရင်တော့အောက်ပါအတိုင်း
menu ပေါ်လာပါလိမ့်မယ်။အဲဒီmenu ပေါ်လာရင်အောက်ဆုံးက open mobile site
ဆိုတာကိုနှိပ်လိုက်ရင်သူများအကောင့်ထဲကိုဝင်သွားပါပြီ။
အောက်ကပုံကတော့ကကျွန်တော် open mobile site ကိုနှိပ်လိုက်လို့သူများ အကောင့်ထဲရောက်သွားတဲ့ပုံပါ။သူများအကောင့်ထဲရောက်သွားပြီဆိုတော့
မှကိုယ်ကြိုက်သလိုထိန်းချုပ်လို့ရပြီပေါ့။
ဒီလိုလေးတွေ လုပ်တတ်ကျတယ်ဆိုတာ သိစေချင်လို့ မျှဝေပေးတာပါ
Ref>>>http://myanmarplay.com/