Friday, October 12, 2012

မလေးရာက်မြန်မာများဒီအဖြစ်မျိုးလေးမဖြစ်အောင် ဖြစ်ရပ်မှန်သတိပေးခြင်း


မင်္ဂလာပါလို့ ကိုရဲ ဦးစွာနှုတ်ခွန်းဆက်သပါတယ်
ကိုရဲစာမရေးတာကြာပါပြီ။
အခု ကိုရဲ ရေးမယ့်စာလေးက ကိုရဲတို့လို့
မလေးရှာမှာလာရောက် အလုပ်လုပ်နေကြတဲ့
သူငယ်ချင်း ညီအကိုမောင်နှမများကို အသိပေးအပ်ပါသည်။
ဘာကြောင့်လည်းဆိုတော့ ကိုရဲတို့ မလေးရှားမှာရှိတဲ့
အလုပ်ရှင် သူဌေးများက ကိုယ့်က အလုပ်အတွက်
တာဝန်ယူပြီးထုတ်ယူထားတဲ့
ပစ္စည်းများ ပြန်မအပ်နိုင်ရင် ပျောက်ဆုံးသွားရင်
မိမိရဲ့ လစာထဲမှ ဖြတ်တတ်ပါတယ်
ပစ္စည်းရဲ့တန်းဖိုးအတိုင်းပေါ့ ရော်ပေးရပါတယ်ဗျာ
ဒါကြောင့် ကိုရဲ ရှေ့မှာ ဖြစ်ပျက်သွားတဲ့
အဖြစ်ပျက်လေးကို အားလုံးသိရှိအောင် တင်ပြပေးလိုက်ပါတယ်။
ဖြစ်စဉ်က ကိုရဲတို့ အလုပ်ရုံမှာ ခဏလာရောက်
အလုပ်လုပ်တဲ့ ကိုဟိန်းဇော်
သူရဲ့ပုံပါ
အောက်မှာထိုင်နေသူ ကိုဟိန်းဇော်
သူကမလေးရှာကိုရောက်နေတာကြာပါပြီ
ကိုဟိန်းဇော်က တွင်းခုံသမားတစ်ဦးပါ
သူရဲ့သူဌေးက ခိုင်းလို့ ကိုရဲတို့
ဆီမှာလာရောက်လုပ်နေပါတယ် သူပါတဲ့
လုပ်ငန်းတွင်အသုံးပြုဖို့ ယူလာတဲ့ပစ္စည်းက
မလေးရှာငွေ(၆၀၀)လောက်တန်ပါတယ်
မြန်မာငွေအားဖြင့်(၁၈၀၀၀၀)လောက်တန်ပါတယ်
ပျောက်သွားပြီးမှ ပြန်ရတဲ့ပစ္စည်းလေးပါ
ဖြစ်စဉ်မှာ ကိုဟိန်းဇော် ရှေ့မှာအလုပ်ကို
အာရုံစိုက်အလုပ်လုပ်နေစဉ် နောက်မှာ
သူအသုံးပြုရန်ပစ္စည်းလေးကို ဓါတ်ပုံမှာမြင်တွေ့နေရတဲ့
သံပုံးထဲတွင်ထည့်ထားတဲ့ စက္ကူတွေပေါ်မှာ တင်ထားပါတယ်
အပြင်မှရောက်လာတဲ့ တရုတ်သူဌေးတစ်ဦးက
ကိုရဲတို့အလုပ်ရုံမှ မသုံးတဲ့စက်များကို လာရောက်
ဝယ်ယူပါတယ်
အဲ့ဒီမှာ စက်မှာပေနေတဲ့ စက်ဆီတွေ သန့်ရှင်းရေး
လုပ်ရန်အတွက် သံပုံးထဲက စက္ကူတွေယူရင်း
ကိုရဲ ဓါတ်ပုံရိုက်ပြထားတဲ့ ပစ္စည်းလေးပါ
ယူပြီးသူဝယ်တဲ့ စက်ထဲမှာ ထည့်ထားလိုက်တယ်လေ
ကိုဟိန်းဇော်က သူအသုံးပြုဖို့ ပစ္စည်းလေးကို
ယူရန်ကြည့်တော့ မတွေ့တော့ပါ
အဲ့ဒီမှာ သူလည်းမေးတာပေါ့ အဲဒီတရုတ်သူဌေးက
သူမယူဘူးတဲ့ဗျာ
ကိုရဲနဲ့အတူသူငယ်ချင်းတစ်ယောက်ပါ
ဝိုင်းရှာပေးကြပါတယ်..
မတွေ့ပါဘူး လာတာလည်းသူပဲလာတာတဲ့
စက္ကူတွေယူတာလည်းသူတစ်ယောက်ပဲယူတာလေ
သူမယူဘူးဆိုရင် ပစ္စည်းပျောက်စရာမရှိပါ
အဲနောက်ဆုံးတော့ ကိုဟိန်းဇော်က
သူရဲ့သူဌေးကိုအကြောင်းကြား
ပစ္စည်းပျောက်တဲ့အကြောင်းကို
ကိုရဲတို့လည်း ကိုယ့်အလုပ်ကိုယ့်လုပ်နေရတယ်လေ
ဘယ်သူမှအနားမှာမရှိမှ အဲ့ဒီသူဌေးက
သူဝယ်ယူထားတဲ့ စက်ထဲမှ ပစ္စည်းလေးကို
ထုပ်ပြီး စက္ကူတွေပေါ်ကိုပြန်တင်ထားတယ်လေ
အဲဒီဗူးလေးမှာလည်း စက်ဆီပေနေတယ်
အဲ့ဒါ သူဌေးနော်...ဆင်းရဲသားမှ
ခိုးတတ်တာမဟုတ်သလို...
သဌေးတွေလည်း ခိုးတတ်ပါတယ်လို့
မဆိုလိုပါ အဲဒီတရုတ်ရဲ့ ဓါတ်ပုံကိုတော့
လူမှု့ရေးအရ ကိုရဲ မရိုက်ပါ
ဒီစာလေးဖတ်ပြီး
သူငယ်ချင်းများမိမိပစ္စည်းများကို
ထိမ်းသိမ်းနိုင်ကြပါစေဗျာ။
ရဲဇော်ကို(မလေး)







0 ကွန်မန့်ရေးရန်:

Post a Comment