Friday, October 12, 2012

တိုင်းရင်းသား နယ်မြေ ဖွံ့ဖြိုးရေး စီမံကိန်းကြောင့် ဒေသခံများ ဘဝ မပျက်ရန်လို


http://popularmyanmar.com/mpaper/2012/10/%E1%80%90%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8%E1%80%9B%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8-%E1%80%94%E1%80%9A%E1%80%B9%E1%80%B1%E1%80%BB%E1%80%99-%E1%80%96%E1%80%BC%E1%80%B6/
ရှမ်းပြည်နယ်အတွင်း ဖြတ်သန်းသွားသည့် သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း တစ်နေရာ
(ရန်ကုန်၊ အောက်တိုဘာ ၈)
တိုင်းရင်းသား ဒေသများတွင် ဖော်ဆောင်မည့် ဖွံ့ဖြိုးရေး စီမံကိန်းများ ဌာနေပြည်သူများ အတွက် ဘဝပျက်သည့် စီမံကိန်း မဖြစ်ရန် လိုအပ်ဟု ချင်းအမျိုးသား ပါတီ ဥက္ကဋ္ဌ ဦးဇိုဇာမ်က ပြောသည်။
”မြန်မာနိုင်ငံမှာ ဖော်ဆောင် မယ့် အကြီးစား စီမံကိန်းကြီးတွေဆို ရင် လွှတ်တော်မှာ တင်ပြပြီး အားသာချက် အားနည်းချက်တွေကို သုံးသပ် ဖို့လိုတယ်။ ဌာနေပြည် သူတွေကပဲ ဒုက္ခအများစုကို ခံစားရမယ် ဆိုရင် ဖွံ့ဖြိုးတိုးတက်မှု ဆိုတာ အဓိပ္ပာယ် မရှိပါဘူး” ဟု ၄င်းကပြောသည်။
အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့ အရေးယူမှုများ ရုတ်သိမ်း လိုက်ပြီးနောက် နိုင်ငံတကာမှ အလုံးအရင်းနှင့် ဝင်ရောက် လာမည့် ရင်းနှီးမြှုပ်နှံမှုများ ပွင့်လင်းမြင် သာ မှုနှင့် တာဝန်ခံမှု ရှိမှသာ စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်သော လူမှု စီးပွားရေးဘဝကို ဖော်ဆောင်နိုင် မည်ဟု ၄င်းက ပြောသည်။
နိုင်ငံတကာ ဥပဒေပညာရှင် ဒေါက်တာ ငုံကျုံလျန်းက ”လူ့အခွင့် အရေးဆိုတာ နားမလည်တဲ့နိုင်ငံ တွေကို ကျွန်တော် တို့က လူ့အခွင့်အရေး ဆိုပြီး သွားတောင်းဆို လို့မရ ဘူး။ သူတို့တွေရဲ့ ရင်းနှီးမြှုပ်နှံမှု ကြောင့် ပြည်သူတွေ ဒုက္ခခံရမယ့် ဟာကို ကာကွယ်ဖို့ ဥပဒေ အဖြစ်နဲ့ ပြဋ္ဌာန်းရမယ်” ဟုပြောသည်။
မြန်မာနိုင်ငံ၏ ကံကြမ္မာမြန်မာ နိုင်ငံသားများသာ ဆုံးဖြတ်နိုင်ရန် အမေရိကန်၊ တရုတ်နှင့် အိန္ဒိယအပါ အဝင် လာရောက်ရင်းနှီး မြှုပ်နှံမှု များကြောင့် ရှုပ်ထွေးမှု မဖြစ်စေရန် ပြည်သူကို ကာကွယ်သည့် အချက် များကို ရင်းနှီးမြှုပ်နှံမှု ဥပဒေများ တွင် ထည့်သွင်းပြဋ္ဌာန်းရန် လိုအပ် ကြောင်း ၄င်းကဆက်ပြောသည်။
Spectrum လူမှုအဖွဲ့အစည်းမှ ဦးမော်ထွန်းအောင်က ”တိုင်းရင်း သားဒေသတွေမှာ ကျွန်တော်တို့ ကြည့်လိုက်မယ် ဆိုရင် သစ်ပင်တွေ၊ တောင်တွေ နဲ့ ရေကန်တွေနဲ့ ဘာမှ မထူးခြားသလိုပဲ။ ဒါပေမဲ့ အဲ့ဒါတွေက သူတို့ဘဝတွေ ဖြစ်နေတတ်တယ်။ အဲဒါတွေ ပျက်စီး ဆုံးရှုံးရင် သူတို့ရဲ့ ယဉ်ကျေးမှုတွေ ဘဝတွေ က ပျက်စီးတာပဲ” ဟု ပြောသည်။
လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့ ဒေသအတွင်း လာရောက်ပြုလုပ်မည့် စီမံကိန်းကြီးများ ၏ အချက်အလက်နှင့် ဖော်ဆောင်မည့် ကုမ္ပဏီ နာမည်ပျက် စာရင်းတွင် ပါဝင်မှု ရှိမရှိကို ဂရုတစိုက် လေ့လာ၍ ပြည်သူများ၏ အခွင့်အရေးကို ကာကွယ်ပေးရန် လိုအပ်ကြောင်း ပြောသည်။
ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီမှ ဒေါ်နော်ယုဇနဝါက ”မြေ စာရင်းဌာနမှ ပြုစုထားတဲ့ မြေလွတ် မြေရိုင်းဆိုတာဟာ တကယ့်လက် တွေ့မှာ တောင်သူတွေ နှစ်ပေါင်း ၂ဝ ကျော် လုပ်စားနေတဲ့ လယ်မြေ တွေလည်း ဖြစ်နေတတ်တယ်”ဟု ပြောသည်။
စီမံကိန်း များကြောင့် မြေသိမ်း၊ ယာသိမ်းမှုများ အစိုးရက ဆုံးဖြတ် ရာတွင် စာရင်း အချက်အလက် များသည် လက်တွေ့နှင့် ကွဲလွဲမှုရှိ သဖြင့် တိုင်းရင်းသား ဒေသများ တွင် မတည်မငြိမ်မှုများ ဖန်တီးသကဲ့ သို့မဖြစ်ရေး ဂရုတစိုက်ရှိရန် လိုအပ် ကြောင်း ၄င်းကပြောသည်။
လက်ရှိ အစိုးရသစ် မတိုင်မီက ပြည်ပနှင့် ဖက်စပ် ရင်းနှီးမြှုပ်နှံမှု ပြုကာ ယနေ့အထိ ဆောင်ရွက် လျက် ရှိသည့် ရေအား လျှပ်စစ် စီမံ ကိန်း၊ သတ္တု တူးဖော်ရေး လုပ်ငန်း အများစုသည် ဒေသခံများ သဘာဝ ပတ်ဝန်းကျင်အရေး ဆောင်ရွက်သူများနှင့် လူမှု အဖွဲ့အစည်းများ၏ ကန့်ကွက် ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပေါ် လျက် ရှိသည်။
ရှမ်းနီ(တိုင်းလိုင်) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က ”ကျွန်တော်တို့ ဒေသမှာ ဌာနေပြည်သူတွေက လက် လုပ်လက်စား ရွှေကျင်နေ တာမပြော မဆိုနဲ့ ကုမ္ပဏီတွေ ရောက်လာတယ်။ ပြီးတော့ အဲဒီမြေတွေသူတို့ ပိုင်တယ်ပေါ့။ ကျွန်တော်တို့ ဌာနေ ပြည်သူတွေ ကျတော့ ရွှေကျင်တယ် ဆိုရင် ဥပဒေ ချိုးဖောက်တဲ့သူ ဖြစ် သွားရော”ဟုပြောသည်။
ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အလုံး အရင်းဖြင့် ဝင်ရောက်လာတော့မည့် အချိန်တွင် တိုင်းရင်းသားဒေသများ တွင်ပြုလုပ်မည့် စီမံကိန်းများ အကျိုး နှင့်အပြစ် အခြေ အနေလေ့လာသုံး သပ်ရန် ဖိလစ်ပိုင်နိုင်ငံ၏ တိုင်းရင်း သားဒေသ ရင်းနှီးမြှုပ်နှံမှု ဥပဒေပါ အလေ့အကျင့်ဟောင်း များကို တိုင်း ရင်းသား ပါတီများ၊ လူမှု အဖွဲ့အစည်း များ၊ နိုင်ငံတကာ ကျွမ်းကျင် ပညာရှင် များစုပေါင်း၍ အောက်တိုဘာ ၆ရက် က မရမ်းကုန်း မြို့နယ်ရှိ MDRI (Myanmar Development Resource Institute) ရုံးခန်းတွင် လေ့လာခဲ့ကြသည်။
စိုင်းနောင်

0 ကွန်မန့်ရေးရန်:

Post a Comment