Friday, October 12, 2012

ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွင် ရှမ်းပြည်နယ် လူထုသဘောထား တောင်းခံသွားမည်


http://popularmyanmar.com/mpaper/2012/10/%E1%81%BF%E1%80%84%E1%80%AD%E1%80%99%E1%80%B9%E1%80%B8%E1%80%81%E1%80%BA%E1%80%99%E1%80%B9%E1%80%B8%E1%80%B1%E1%80%9B%E1%80%B8-%E1%80%B1%E1%80%96%E1%80%AC%E1%80%B9%E1%80%B1%E1%80%86%E1%80%AC%E1%80%84/
(ရန်ကုန်၊ အောက်တိုဘာ ၈)
ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွင် ရှမ်းပြည်နယ်မှ လူထုသဘောထားကို တောင်းခံမည်ဟု SNLD မှ ဦးစိုင်းလိတ်က ပြောသည်။
”ပြည်သူရဲ့ သဘောထားက ဘယ်လို ရှိသလဲ။ သူတို့ရဲ့ အမြင်တွေ ကို စုပေါင်းပါဝင်တယ် ဆိုရင် ငြိမ်းချမ်းရေး အတွက် ပိုပြီး အောင်မြင်နိုင်တာပေါ့”ဟု ၄င်း ကပြောသည်။
ပထမအဆင့် အနေဖြင့် နိုဝင်ဘာလ အတွင်း ရှမ်းပြည်နယ်မှ ရှမ်း အနွယ်ဝင် တိုင်းရင်းသားများ လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်သည့်  CRPP နှင့် RCSS အပါ အဝင် ပြည်သူ့စစ် များ၏ သဘော ထားများကို ရန်ကုန်မြို့တွင် ခေါ်ယူ ၍ သဘောထား တောင်းခံမည်ဟု ၄င်းက ဆက်ပြောသည်။
”ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ကလည်း သမ္မတကြီး နဲ့တွေ့ဆုံတဲ့ အချိန်မှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကူညီမယ်လို့ ပြောထားခဲ့ ပါတယ်” ဟု ဦးစိုင်းလိတ်က ပြောသည်။
ဒုတိယ အဆင့် အနေဖြင့် ရှမ်းပြည်နယ်တွင် ရှိသော တိုင်းရင်းသား ပါတီများ၊ လူမှုရေး အဖွဲ့အစည်းများ၊ လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးတို့ကို တောင်ကြီး မြို့သို့ ဖိတ်ကြား၍ သဘောထား အမြင် တောင်းခံမည်ဟု သိရသည်။
”ဒီလိုမျိုး အားလုံးကို ဖိတ်ပြီး လုပ်တာဆိုတော့ အမြင်တွေ အမျိုး မျိုး ကွဲပြားနိုင်တယ်။ အချိန်ကြာ နိုင်တယ်။ အလုပ် မတွင်တာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေး လမ်းစဉ် ပိုမိုခိုင်မာဖို့ အတွက် ဌာနေ ပြည်သူတွေရဲ့အမြင်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့က လိုအပ်ပါတယ်”ဟု ၄င်းက ပြောသည်။
အဆိုပါ ဆွေးနွေးပွဲများသို့ အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အပါအဝင် အဖွဲ့ဝင်များ ကိုလည်း ဖိတ်ကြားမည် ဟုသိရသည်။
ပြည်ထောင်စု အဆင့် အပစ် အခတ်ရပ်စဲရေး လက်မှတ် ထိုးထား သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရ တပ်မတော် ကြားတွင် တိုက်ပွဲများ ဆက်လက် မဖြစ်ပွားရန်နှင့် ငြိမ်း ချမ်းရေး အတွက် ပြည်သူ တို့၏ သဘောထား အမှန်ကို လက်နက် ကိုင် အဖွဲ့အစည်းများ အကြားသိရှိ လေးစား လိုက်နာရန် လိုအပ် သည် ဟု ၄င်း ကပြောသည်။ ဒီဇင်ဘာလ တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများနှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့ကို နိုင်ငံရေး အရ အကြိုဆွေးနွေး ပွဲ များစတင် တော့မည်ဖြစ်၍ ပြည်သူများ၏ သဘောထားများ ပါဝင်နိုင်ရန်မှာ အဓိက ကျသည်ဟု ၄င်းကသုံးသပ် သည်။
စိုင်းနောင်

0 ကွန်မန့်ရေးရန်:

Post a Comment