This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Wednesday, April 25, 2012
ဟန်းဖုန်းတစ်လုံးကြောင့် လူသတ်မှု မှ အာမခံ ရရှိသွားတဲ့ နေပြည်တော်ကဖြစ်ရပ်
 နေပြည်တော် ဥတ္တရသီရိ၊ သရက်တောကျေးရွာအုပ်၊ ပိုးစာတောကျေးရွာ တွင် (၂၃.၃.၂၀၁၂)နေ့က ဖြစ်ပွားခဲ့သော လူသတ်မှုမှ တရားခံများကို အမှုမှ အာမခံပေးခွင့်
မရှိပဲ တက်ရှိန်းစခန်းမှူးရဲအုပ်အောင်ဝင်းထံ တရားခံများ၏ ဆွေမျိုးအသိုင်းအ၀ိုင်းမှ
ထောက်ပံမှုအသီးသီးနှင့် ဟန်းဖုန်းတစ်လုံးပေးလိုက်မှုကြောင့် တရားခံများအား အာမခံပေးလိုက်ကြောင်း သေဆုံးသူ၏ ဆွေမျိုးအသိုင်းအ၀ိုင်းများက ပြောဆိုသည်။
ဖြစ်စဉ်မှာ (၂၃.၃.၂၀၁၂)နေ့ ညပိုင်းက နေပြည်တော်ဥတ္တရသီရိ၊ သရက်တော
ကျေးရွာအုပ်၊ ပိုးစာတောကျေးရွာနေ ဇင်မင်းပိုင်မှာ နေအိမ်တွင်ရှိနေစဉ် ယင်း၏
သူငယ်ချင်းဖြစ်သူ ဖိုးတုတ် (၂၅)နှစ်၊ (ဘ)ဦးထွန်းဝေ နေပြည်တော်ဥတ္တရသီရိ၊
သရက်တောကျေးရွာအုပ်၊ ပိုးစာတောကျေးရွာနေနှင့် နေပြည်တော်ဥတ္တရသီရိ၊
သရက်တောကျေးရွာအုပ်၊ မသိမ်ကျေးရွာနေ တင်နိုင်ဦးတို့ အကြိမ်ကြိမ်လာရောက်
 ခေါ်သဖြင့် ဇင်မင်းပိုင်းလည်း ယင်းတို့နှင့်အတူ ဆိုင်ကယ်တစ်စီးတည်းစီးနင်းပြီး
မသိမ်ရွာဘက်သို့ လိုက်သွားကြောင်း၊ နောက်တစ်နေ့မနက် (၈း၀၀)အချိန်ခန့်တွင်
 ယင်း ဇင်မင်းပိုင်မှာ ရွာနှစ်ရွာကြားရှိ လမ်းဘေးတွင် စူးဝင်ဒါဏ်ရာ (၅)ချက်၊ ခေါင်းကွဲဒါဏ်ရာနှစ်ချက်တို့ရရှိပြီး သေဆုံးနေကြောင်းသိရသဖြင့်
ဇင်မင်းပိုင်၏ မိဘများက တက်ရှိန်းရဲစခန်းသို့ အမှုဖွင့်ခဲ့ကြောင်း သိရသည်။
    တက်ရှိန်းရဲစခန်းမှ စခန်းမှူးရဲအုပ်အောင်ဝင်းနှင့်အဖွဲ့က ဇင်မင်းပိုင်အား ခေါ်ဆောင်
သွားသော ဖိုးတုတ်နှင့် တင်နိုင်ဦးအား ဖမ်းဆီးစစ်ဆေးရာ ကွင်းဆက်တရားခံအဖြစ် ၀ဲကျော်(ခ)နေထက်လင်းအား ဖမ်းဆီးရမိပြီး ၀ဲကျော်(ခ)နေထက်လင်း၏ ထွက်ဆိုချက်
အရ အခင်းဖြစ်ပွားစဉ်က ၀ဲကျော်(ခ)နေထက်လင်းက ဇင်မင်းပိုင်အား တံပိုးကြီးတုတ်ဖြင့်
ရိုက်ပြီး ဖိုးတုတ်ဆိုသူက ယင်းဆိုင်ကယ်ထိုင်ခုံအောက်တွင်ပါသော စကေဘာဖြင့်
ထိုးခဲ့ကြောင်း ထွက်ဆိုသဖြင့် ရဲစခန်းမှူးက သွေးများစွန်းကျန်ရစ်နေသော သက်သေခံ
 တံပိုးကြီးဒုတ်အား သိမ်းဆည်းခဲ့ပြီး ယင်းပြစ်မှုကျူးလွန်သူတို့အား ဖမ်းဆီးသွား
ခဲ့ကြောင်းဆို၏။
    အဆိုပါ အမှုအတွက် စစ်ဆေးဆောင်ရွက်နေချိန်တွင် ဖိုးတုတ်၏ ဦးလေးတော်
စပ်သူ ကောက်ကြီး (ခ)ဇော်မင်းထွန်း (၃၈)နှစ်ခန့်က အမှုစစ်အရာရှိ တက်ရှိန်းစခန်းမှူး သွားလာလှုပ်ရှားသမျှ ကားဖြင့် အကြိုအပို့ ပြုလုပ်ပေးခြင်း၊ အထောက်အပံ့များပေးခြင်း၊
 ငွေကြေးများပေးခြင်း စခန်းမှူးအား နေပြည်တော် ငါးသိန်းတန် CDMA ဖုန်းတစ်လုံး
 ပေးခြင်းတို့ ပြုလုပ်ရာ ၀ဲကျော်(ခ) နေထက်လင်း၏ ထွက်ဆိုချက်မှာ မခိုင်လုံကြောင်း
ယင်းထံမှ သိမ်းဆည်းထားသော သွေးများပေနေသည့် တံပိုးကြီးတုတ်မှ သွေးများသည် လူသွေးများမဟုတ် နွားသွေးများသာဖြစ်ကြောင်း သတင်းလွှင့်ခဲ့သည်။ အမှန်တကယ်တော့ တံပိုးကြီးတုတ်အား သက်ဆိုင်ရာ မှုခင်းဌာနမှ ယင်းအကြောင်း (စစ်ဆေးတွေ့ရှိချက်)ကို တစုံတရာပြန်ကြားမှု မရှိသေးပါ။
    ရဲစခန်းတွင် အဆိုပါ အမှုနှင့် ချုပ်နှောင်ထားသူများ (22.4.2012)နေ့တွင် အမှုမှ အာမခံ ပေးသည်ဟုဆိုကာ ပြန်လည်လွှတ်ပေးထားသည်ကို တွေ့ရသဖြင့် သေဆုံးသူ
ဇင်မင်းပိုင်ဘက်မှ မိဘဆွေမျိုးများက များစွာ မကျေမနပ်ဖြစ်နေသည်ကို သိရသည်။
      ``သေတဲ့သူကသေသွားတာတော့ အမှန်ကို အမှန်တိုင်းဖြစ်စေချင်တာပါ။ ပြီးတော့ တရားခံဘက်က ပြစ်မှုကျူးလွန်စဉ်ကသုံးတဲ့ သက်သေခံပစ္စည်းအပ်ထားသလို ၀န်ခံထွက်ဆိုချက်တွေလည်း ပေးထားပြီးသားပါ။ ဒါကိုတောင် ဒီလိုလူသတ်မှုမျိုးက
တရားခံကိုတောင် အာမခံပေးထားတယ်ဆိုတော့ ကျနော်တို့အနေနဲ့ ဘယ်လိုနားလည်ရမှန်းမသိ ဖြစ်နေတယ်ဗျာ´´ ဟု သေဆုံးသူ၏ ဦးလေးတော်စပ်
သူက ပြောဆိုသည်။
နေပြည်တော်သတင်းထောက် (Myanmar News Now)
(၂၃-၄-၂၀၁၂) ည သန်းကောင်ယံကျော်အချိန် ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်း မုန်တိုင်းအဖြစ် ကူးပြောင်းနိုင်
(၂၃-၄-၂၀၁၂) ည သန်းကောင်ယံကျော်အချိန် ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်း မုန်တိုင်းအဖြစ် ကူးပြောင်းနိုင်
(၂၃-၄-၂၀၁၂) ည သန်းကောင်ယံကျော်အချိန်ကစပြီး ဘင်္ဂလား ပင်လယ်အော် အနောက်တောင် ပိုင်းမှာ ပြန့်ကျဲနေတဲ့တိမ် အစတွေဟာ တဖြည်းဖြည်းစုစည်း လာပြီး လေဖိအားနည်းရပ်ဝန်းတစ်ခု အဖြစ်ရောက်ရှိ လာပါတယ်။ 
 ဒီလေဖိအားနည်းရပ်ဝန်းဟာ အနောက်ဖက်ကို တဖြည်းဖြည်း ဆက်လက်ရွေ့သွားပြီး အိန္ဒိယနိုင်ငံအရှေ့ဖက်ကမ်းခြေကိုဝင်ရောက်ပြီး အားပျော့သွားမလား ဒါမှမဟုတ် အရှေ့မြောက် ဖက်ကို မျောပါသွားရင်း ကမ်းလျှောက် မုန်တိုင်းအဖြစ်နဲ့ပဲ ပိုမိုအားကောင်းလာမလား ဆိုတာ နောက်ထပ်(၂၄)နာရိလောက်စောင့်ကြည့်ရ့ါဦးမယ်။ 
ဘာဘဲပြောပြော မြန်မာပြည်အတွက်တော့  အန္တရာယ်ပေးဖို့ အများကြီး လိုပါသေးတယ်။ အရှေ့မြောက်ဖက်ကို မျောပါလာရင်တော့ (၂၈-၂၉) ရက်နေ့လောက်မှာ မုန်တိုင်းငယ်တစ်ခုဖြစ်လာနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ဘင်္ဂလားဒေ့ရှ် နဲ့ ရခိုင်မြောက်ပိုင်းစွန်းကမ်းခြေတွေ ကို စောင့်ကြည့်ရ ပါလိမ့်မယ်။  မြစ်ဝကျွန်းပေါ်ဒေသနဲ့တော့  မပတ်သက်နိုင်ဘူးလို့ ခန့်မှန်းရပါတယ်။
  ဒီကနေ့ပဲ မိုးလေ၀သနှင့် ဇလဗေဒပညာရှင်ဦးထွန်းလွင် ဟာဟိုင်းကြီးကို ဟောပြောပွဲအတွက် ခရီးထွက်နေပါတယ်။ အခြေအနေပေးသလို လမ်းမှာ သတင်update လုပ်ပါ့မယ်လို့ပြောကြားသွားပါတယ်။
မိုးလေ၀သနှင့် ဇလဗေဒပညာရှင်ဦးထွန်းလွင်
မြန်မာပြည်မှာ အလုပ်လက်မဲ့ဦးရေ လျော့နည်းနေတယ်ဆိုပြီးတော့
ဧပြီလ ၂၅ ရက်နေ့ ယနေ့ အလုပ်လျှောက်လွှာအား ၀ိုင်းကြည့်နေသူများကိုတွေ့ ရစဉ်
ဧပြီလ၂၅ ရက်နေ့ ၂၀၁၂
    (၂၅-၄-၂၀၁၂) နေ့က နေပြည်တော်ပျဉ်းမနား ဗိုလ်တောက်ထိန်လမ်းမပေါ်ရှိ အသစ်ဖွင့်လှစ်လိုက်မည့်ကမ္ဘောဇ ဘဏ် အတွက် လုပ်သား စုစုပေါင်း (၂၀)လောက် လိုအပ်သဖြင့် အလုပ်လျှောက်လွှာများ ဝေငှရာ အလုပ်လျှောက်လိုသူ အင်အားများ အဆမတန် များပြားနေသဖြင့်  ဘဏ်တစ်ဝိုက်ရှိ ဗိုလ်တာရာလမ်းပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှု နာရီဝက်အကြာဖြစ်ပြီးပြီး ဘဏ်အဆောက်အဦးရှိ ရှေ့ ၀င်မှန်တံခါးပင် တိုက်မိ ပြီး ကွဲအက်သွားအောင်ပင် အလုပ်လာလျှောက်လိုသူ များပြားလာခဲ့ကြောင်း သိရသည်။
    ``အလုပ်လျှောက်လွှာတင်ရက်မဟုတ်ပါဘူး။ အလုပ်လျှောက်လွှာ ဝေတဲ့ရက်မှာကို ဘဏ်ရှေ့က ဗိုလ်တောက်ထိန်လမ်းမတစ်ခုလုံး ယာဉ်ကြောတောင်ပိတ်ဆို့သွားတယ်။ အမှန်တကယ် ဘဏ်အနေနဲ့လူလိုတာက (၂၀)ကျော်ကျော်ပါပဲ လျှောက်လွှာလာယူတာတွေက အဆမတန်ပါပဲဗျာ။ နေ့လည် (၁၀)နာရီနောက်ပိုင်းက အဆိုးဆုံး လူများချိန်ပဲ တိုးကြဝှေ့ကြနဲ့ပေါ့´´ ဟု အလုပ်လျှောက်လွှာ  သွားယူသူ လူငယ်တစ်ဦးက ပြောဆိုသည်။
    လျှောက်လွှာသွားယူသူ အမျိုးသမီးတစ်ဦးကလည်း ``ဒီလောက်မထင်ထားပါဘူး လူတွေက ပိတ်ညှပ်သပ်နေတယ်။ လျှောက်လွှာတွေ ဝေပြီလို့လဲ ကြော်ငြာလိုက်ရော ဘဏ်အဆောက်အဦးထဲ တိုးဝှေ့ပြီးဝင်လိုက်ကြတာ လူဝင်ပေါက်က မှန်တခါးတောင် ကွဲထွက်သွားလို့ ဘဏ်က တာဝန်ရှိသူက လျှော် လျှော် နင်တို့အားလုံးကြောင့်ဖြစ်ရတာ စုလျှော်ကြဆိုလို့ အလုပ်တောင်မရကြသေးဘူး အလျှော်က အရင်ဆိုတော့ ကျမတို့တောင် စိတ်ပျက်သွားတယ်´´ဟု ယင်း၏ အတွေ့အကြုံကို ရင်ဖွင့်လာသည်။
    ဆက်လက် ယင်းက ပြောဆိုသွားသည်မှာ ``တလောက အစိုးရရဲ့ ထုတ်ပြန်ချက်အရ မြန်မာပြည်တစ်နိုင်ငံလုံးမှာ အလုက်လက်မဲ့ဦးရေ ရာခိုင်နှုန်း (၂၀)ကျော်ပဲရှိတဲ့အတွက် တစ်ခြားနိုင်ငံတွေနဲ့စာရင် မြန်မာပြည်မှာ အလုပ်လက်မဲ့ဦးရေ အနည်းဆုံးလို့ သိရပါတယ်။ ဒါဆို ကျမ ပြန်မေးပါရစေ အဲသည့် ရာခိုင်နှုန်း (၂၀)ကျော်ထဲက အများစုက နေပြည်တော်ဒေသတွင်းနေထိုင်သူတွေလားလို့---´´
နေပြည်တော်သတင်းထောက် (Myanmar News Now)
အလုပ်လျှောက်လွှာ
အမျိုးသမီးတဦးအား ထိုးကြိတ်ခဲ့သူများ အရေးယူမခံရသေး
ပဲခူးတိုင်း ဝေါမြို့နယ်မှာ မြို့ နယ်အုပ်ချုပ်ရေးမှူးရဲ့ သား အပါအဝင် အမျိုးသား ၃ ဦးက အမျိုးသမီးတဦးကို ထိုးကြိတ်မှု ရဲစခန်းမှာ အမှုဖွင့်တာ တပတ်ကြာပေမယ့် အရေးယူခြင်း မရှိဘူးလို့ ထိုးကြိတ်ခံရတဲ့ အမျိုးသမီးက ပြောပါတယ်။
သင်္ကြင်္န်တွင်း ဧပြီ ၁၆ ရက် မွန်းလွဲပိုင်းက ဝေါမြို့ နယ် သင်္ကြန်မဏ္ဍပ်တခုရှေ့ လူမြင်ကွင်းမှာ သူငယ်ချင်းတွေနဲ့ စကားပြောနေတုန်း ဝင်ရောက် ထိုးကြိတ်ခံခဲ့ရတယ်လို့ ကာယကံရှင်ဖြစ်သူ အသက် ၂၁ နှစ်အရွယ် မနှင်းလြပည့်ဝန်းက ပြောပါတယ်။
“သမီးတို့ သူငယ်ချင်းတွေ ရေကစားမဏ္ဍပ်မှာ စကားရပ်ပြောနေချိန်မှာ မြို့ နယ်အုပ်ချုပ်ရေးမှူးရဲ့ သား ထွန်းစိန်ဝင်း၊ သူ့ယောက်ဖ ကျော်လင်းနဲ့ သူ့ရုံးစာရေး ချမ်းမင်းဇော်တို့က သမီးတို့ကို အကြောင်းမဲ့ ဝင်ရောက် ထိုးကြိတ်တယ်။ မျက်နှာတွေကိုထိုးတာ ပေါက်ပြဲကုန်ပြီး မျက်မှန်လည်းကွဲသွားတယ်။ အင်္ကျီကြယ်သီးတွေလည်း ပွင့်ထွက်သွားတယ်။ ရင်ဘတ်ကိုလည်း ထိုးတယ်။ အင်္ကျီလည်း ပြဲသွားတယ်။ ထိုးကြိတ်ပြီးတော့ သမီးကမေ့သွားပြီး ဆေးရုံရောက်သွားတယ်။”
ထိုးကြိတ်ချိန်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ သူ့ဇနီး မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌတို့ နှစ်ဦးစလုံး မဏ္ဍပ်တွင်းမှာ ရှိနေပါတယ်လို့ သူက ပြောပါတယ်။
“မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်လေးနဲ့ သူ့မိန်းမ သီတာဝင်းကလည်း အမျိုးသမီးရေးရာ ဥက္ကဋ္ဌ။ ဘာမှဆောင်ရွက်ပေးခြင်း မရှိဘူး။ ဖြစ်နေတဲ့အချိန်လည်း မလာဘူး။ ဆေးရုံရောက်တော့လည်း မလာဘူး။ အိမ်လည်းသိလျက်နဲ့ မလာဘူး။ ဖုန်းနဲ့လည်း မလာဘူး။”
ဝင်ရောက် ထိုးကြိတ်သူတွေဟာ မူးနြေပီး အရင်တုန်းကလည်း အသိအကျွမ်း မရှိခဲ့ဖူးဘူးလို့လည်း ဆိုပါတယ်။
မျက်နှာနဲ့ ရင်ဘတ်တွေကို ထိုးကြိတ်တဲ့ဒဏ်ကြောင့် မျက်မှန်ကွဲကြေပီး သတိလစ်မေ့မြောခဲ့တဲ့ သူမကို သူငယ်ချင်းတွေက ဝေါမြို့နယ်ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ ဝေါမြို့ နယ်ဆေးရုံအုပ်က ပဲခူးဆေးရုံကို လွှဲစာပေးလို့ ပဲခူးဆေးရုံကို သွားရောက်ကုသပြီး တညအိပ်ခဲ့ရပါတယ်။
“ဆေးရုံရောက်တော့လည်း ဆေးရုံက ဆရာဝန်ကြီးက မျက်နှာလွှဲခဲပစ်၊ လာလည်း မြကည့်ဘူး။ ဆေးတလုံးထိုးပေးပြီးတော့ ကျမနာမည်ပို့ပြီးတော့ သမီးကို မြကာဘူး။ ပဲခူးဆေးရုံကို လွှဲစာပေးတယ်။ အဲဒီအချိန်မှာ သူငယ်ချင်းတွေက သေလောက်အောင်ဖြစ်တဲ့ ရောဂါမဟုတ်ဘဲနဲ့ ဘာလို့ပဲခူးကို လွှဲစာပေးရတာလဲ မေးတော့ ဆေးရုံအုပ်ကြီးက မင်းတို့နဲ့ ဥက္ကဋ္ဌကြားမှာ ငါဝင်မပါချင်လို့ဆိုပြီး ခေါင်းရှောင်တယ်လေ။”
ကာကယံရှင်အမျိုးသမီးက ဒီကိစ္စကို ဝေါမြို့ နယ်ရဲစခန်းမှာ ဧပြီ ၁၉ ရက်က အမျိုးသမီးကာယအိနြေ္ဒပျက်ပြားမှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေနဲ့ အမှုဖွင့်ခဲ့ပါတယ်။ ရဲက သက်သေတွေကို စစ်ဆေးပေမယ့် ထိုးကြိတ်သူ ၃ဦးကို ဒီနေ့ထက်ထိ အရေးယူခြင်း မရှိသေးတဲ့အတွက် မနှင်းလပြည့်ဝန်းက မကျေမနပ် ဖြစ်နေတာပါ။
“အမှုကိုလက်ခံတယ်။ ခုချိန်ထိ တရားခံတွေကို ဖမ်းဆီးခြင်း မရှိသေးဘူး။ တရားခံတွေက ဒီတိုင်းပဲ သွားလာနေတုန်းပဲ၊ သူတို့အမှုကို အချိန်ဆွဲနေသလိုပဲ။ မိန်းကလေးမှန်း သိလျက်နဲ့ တမင်တကာလည်းထိုးတယ်။ လူပုံအလယ်ထဲမှာ အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရတယ်။ သူတို့ကို တရားဥပဒေအတိုင်း လုပ်ချင်တယ်။ အုပ်ချုပ်ရေးမှူးကလည်း သူတို့သားကိစ္စကို အမှုလုပ်မှာကြောက်လို့ တိုးတိုးတိတ်တိတ် လိုက်ပိတ်ခိုင်းတယ်။”
သူမဟာ ဆေးရုံစရိတ် ကိုယ့်ဘာသာကျခံရပြီး ကျူးလွန်သူတွေဘက်ကတော့ သတင်းလည်းမမေး၊ ဆေးဖိုးလည်း မပေးဘဲ အမှုကျေအေးပေးဖို့သာ လာရောက်ညှိနှိုင်းနေတာ ၃ ကြိမ်ရှိပြီလို့ မနှင်းလပြည့်ဝန်းက ပြောပါတယ်။
အမျိုးသမီးတဦး နစ်နာတဲ့ကိစ္စကို တရားလွှတ်တော်ရှေ့နေ ဒေါ်နှင်းဝင်းအောင်က လိုက်ပါကူညီဖို့ရှိပြီး ရဲစခန်းက အမှုကို တရားရုံး လွှဲပြောင်းတာ စောင့်ဆိုင်းနေပါတယ်။
အခုလို အမှုကြန့်ကြာတာဟာ သာမန်ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘူးလို့ သူထင်မြင်တဲ့အကြောင်းနဲ့ လိုက်ပါ ကူညီဆောင်ရွက်သွားမယ်လို့ ရှေ့နေ ဒေါ်နှင်းဝင်းအောင်က ပြောပါတယ်။
“အမှန်တကယ် ဥပဒေအတိုင်း သွားမယ်ဆိုရင် သူတို့အမှုဖွင့်တာနဲ့ တရားလိုပြ သက်သေ၊ အခင်းဖြစ်ချိန်မှာရှိတဲ့ သက်သေကိုစစ်၊ စစ်ပြီးပြီဆိုရင် သူတို့ ရဲအနေနဲ့ ဘာလုပ်ရမလည်းဆိုတော့ ပုံမှန်ဆိုရင် တရားခံကို ဖမ်းရမယ်။ ဖမ်းပြီးမှ အာမခံနဲ့ ခံဝန်နဲ့ ရဲစခန်းကနေ ခံဝန်နဲ့ အြပင်မှာထားလို့ရတယ်။ အုပ်ချုပ်ရေးမှူးနဲ့ ပတ်သက်တော့ မလုပ်ဖူးလို့ ကျမအနေနဲ့မြင်တာပေါ့။ တြခားဖြစ်ရိုးဖြစ်စဉ်၊ တခြားအမှုတွေဆို သူတို့လုပ်တာပဲလေ။ သာမန်ပြည်သူတွေဆို သူတို့လုပ်တာပဲလေ။”
ဒီအမှုနဲ့ ပတ်သက်လို့ ဝေါမြို့ ရဲစခန်းကို မေးမြန်းဖို့ အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် မရပါဘူး။
မနှင်းလပြည့်ဝန်းတို့ဘက်ကတော့ ဒီကိစ္စကို ရဲကအရေးမယူရင်တော့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဆီ တင်ပြ တိုင်တန်းမယ်လို့ ပြောပါတယ်။
 by အေးနိုင် (DVB)
ပဲပြုတ်ကို ဆီရွှဲရွှဲစားရမှာ ငါ့ကိုယ်ငါ လိပ်ပြာမလုံဘူး.
..
ကြည် ပဲပြုတ် နဲ့ နံပြားရရင် စားချင်တယ်...
ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဒီစာကို အားလုံးလိုလို ကြားဖူးကြမှာပါ ..
အဲဒီစာကို ကြည့်ခြင်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းဟာ ပဲပြုတ်နဲ့ နံပြားကို ကြိုက်တဲ့သူဆိုတာ သိရှိခဲ့ရတယ်...
ဗိုလ်ချုပ်အောင်ဆန်း မကျဆုံးမှီ တစ်လ နှစ်လအလိုဖြစ်ပါတယ်.. ပြည်သူ့ရဲဘော်တပ်ဖွဲ့ကို တင်ပြဖို့ အဲဒီတုန်းက
ဗိုလ်ချုပ်အောင်ဆ်းရဲ့ နိုင်ရေးအတွင်းဝန်အဖြစ်ဆောင်ရွက်နေတဲ့ ဗိုလ်ထွန်းလင်းဟာ နံနက်စောစော တာဝါလိန်း
လမ်းနေအိမ်ကို ရောက်ရှိခဲ့ပြီး ဧည့်ခန်းမှာ ဗိုလ်ချုပ်ကို ထိုင်စောင့်နေခဲ့တယ်..ဆယ်မိနစ်လောက်ကြာတော့
ဗိုလ်ချုပ်အောင်ဆန်း အိမ်ပေါ်ကဆင်းလာပြီး ထမင်းစားခန်းထဲကို ၀င်သွားခဲ့တယ်..
" ပဲပြုတ် နဲ့ နံပြားပါလား .. လာဟေ့ ထွန်းလင်း အတူတူစားရအောင်ကွာ " လို့ ခေါ်တဲ့အတွက် ဗိုလ်ထွန်းလင်း
ကလည်း ထမင်းစားခန်းထဲဝင်သွားပြီး ဗိုလ်ချုပ်ဘေးမှာ ၀င်ထိုင်ခဲ့တယ်..
ဗိုလ်ချုပ်အောင်ဆန်းက ပဲပြုတ်ကို လက်နဲ့ နယ်လိုက်တယ်..
" ဆီတွေ ရွှဲလို့ပါလား" လို့ ဗိုလ်ချုပ်အောင်ဆန်းက ပြောလိုက်တော့ ဘေးနားမှာရပ်နေတဲ့ ဒေါ်ခင်ကြည်က..
" ဟုတ်တယ်..မနေ့က နတ်မောက်က အမျိုးတွေ ရောက်လာကြပြီး ဆီတစ်ပုံးပေးသွားတာနဲ့ ဆီရွှဲရွှဲလေး
စားရအောင် ထည့်လိုက်တာ " လို့ ပြန်ဖြေခဲ့တယ်...
အဲဒီတော့ ဗိုလ်ချုပ်အောင်ဆန်းက.." ဒါဖြင့်ရင် အဲဒီ ဆီပုံး ဘယ်မှာလဲ " လို့ မေးတော့ ဒေါ်ခင်ကြည်က
" နောက် မီးဖိုထဲမှာ " လို့ ပြန်ဖြေခဲ့တယ်.. ဗိုလ်ချုပ်အောင်ဆန်းက ချက်ချင်းထသွားပြီး အဲဒီဆီပုံးကို ယူပြီးတော့
နောက်ဖေးပေါက်ကနေ အိမ်အောက်ကို ခြေထောက်နဲ့ ကန်ချပစ်လိုက်တယ်.. အဲဒီလို ကန်ချပြီး ဗိုလ်ထွန်းလင်း
နားမှာ လာထိုင်ခဲ့တယ်..ပြီးတော့ ဗိုလ်ထွန်းလင်းကို လေသံအေးအေးနဲ့ ဗိုလ်ချုပ်အောင်ဆန်းကပြောခဲ့တယ်...။
"  စစ်ဘေးဒဏ်ကြောင့် ပြည်သူထုတစ်ရပ်လုံး စားဝတ်နေရေး ကျပ်တည်းပြီး ဆင်းရဲဒုက္ခရောက်နေတဲ့ အချိန်မှာ
  ပဲပြုတ်ကို ဆီရွှဲရွှဲစားရမှာ ငါ့ကိုယ်ငါ လိပ်ပြာမလုံဘူး ထွန်းလင်းရာ " တဲ့..။
အဲဒီလို ပြည်သူလူထု ဆင်းရဲဒုက္ခရောက်နေတဲ့ အချိန်မှာ ပြည်သူလူထုဒုက္ခကို ထပ်သူထပ်မျှ ခံစားနားလည်ပြီး
ပြည်သူလူထုနဲ့အတူ ကျင့်ကြံနေထိုင်တဲ့ ခေါင်းဆောင်မျိုးပါ..ဒါ့ကြောင့် ဗိုလ်ချုပ် ဖြစ်လာတာပဲ ...။
(၁၉၉၂-ခုနှစ်၊ အောက်တိုဘာလ ၂၉ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးအတွင်းဝန် ဗိုလ်ထွန်းလင်း၏
ကိုယ်တွေ့ ပြောကြားချက်)
မင်္ဂလာဒုံရဲစခန်းရဲ့မော်တော်ဆိုင်ကယ်များကိုမတရားဖမ်းဆီနေမှု
ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ မင်္ဂလာဒုံရဲစခန်းက ရဲတပ်ဖွဲ့ဝင်များဟာမင်္ဂလာဒုံမြို့နယ်အတွင်းမှာရှိတဲ့ တရားမ၀င် မော်တော်ဆိုင်ကယ်တွေကိုမကြာခဏလှည့်လယ် ဖမ်းဆီးနေပါတယ်။
 အဲဒီလိုဖမ်းအရေးယူတဲ့အခါမှာ လည်း မော်တော်ဆိုင်ကယ်များစီနင်းသွားလာတဲ့
အခါမှာ စနစ်တကျ တားဆီးပြီး စစ်ဆေး ဖမ်းဆီးတာမျိုးမဟုတ်ဘဲ ရှောင်တခင်
ရပ်ကွက်အတွင်းရှိ  လမ်းကျိုလမ်းကြားများ အထိမော်တော်ကားတစ်စီးဖြင့်
ဝင်ရောက်ဖမ်းဆီးမှုများပြုလုပ်နေကြပါတယ်၊ ယာဉ် စည်းကမ်းဥပဒေအရ
ယာဉ်စည်းကမ်းဖေါက်ဖျက် ကျူးလွန်မှုကို ငွေဒဏ်နှင့် ထောင်ဒဏ်သာကြား
ဖူးပါတယ်။
 ယခုအခါမှာတော့ အဲလိုမဟုတ်ဘဲ မော်တော်ဆိုင် ကယ်စီးနင်းသူများကို
မောင်းလာစဉ်  ရှေ့ကနေ မျက်နှာကို ဖြတ်ရိုက်ပြီး ဆိုင်ကယ်လဲပြီဆိုမှ ဆိုင်ကယ်ကို
သိမ်းဆီးဖမ်းကြတာပါ၊ အဆိုပါမြို့နယ်အတွင်း မှာရှိကြတဲ့ ဒေသခံလူငယ်တွေဟာ
အလုပ်အကိုင်ရှားပါးမှုနဲ့ မိသားစုဝင်ငွေ မျှတစေဖို့အတွက် မော်တော်ဆိုင်ကယ်
တစ်စီးကို သုံးသိန်းခွဲမှ ငါးသိန်းခွဲ ခြောက်သိန်းအထိရင်းနှီးကာရပ်ကွက်အတွင်းခရီး
သည်တင်ယာဉ်လိုင်းများမရောက်သည့်နေရာများကို ခရီးတိုအဖြစ် ငွေကျပ်နှစ်ရာ
သုံးရာကျပ် တို့နဲ့နေ့စဉ်  လုပ်ကိုင်ရှာဖွေစားသောက်နေကြသူများဖြစ်ပါတယ်။
တချို့လူငယ်တွေမတည်ရင်းနှီးစရာမရှိတာကြောင့် ရှိတဲ့ မြေဂရံ၊ အိမ်ဂရံ လေးတွေကို
အတိုးနဲ့ ပေါင်နှံ ပြီးမှမော်တော်ဆိုင်ကယ်တစ်စီး ၀ယ်ယူကာ မိသားစုစားဝတ်နေရေးကို
 ဖြေရှင်း  နေကြရတာပါ၊နိုင်ငံတော်အကြီးအကဲများကလည်း  ဆင်းရဲမွဲတေမှုလျော့ကျ
 ရေး ဆိုတဲ့အစီအမံများကိုဆောင်ရွက်လုပ်ကိုင်နေကြသလို၊သန့်ရှင်းတဲ့အစိုးရကောင်း
မွန်တဲ့အုပ်ချုပ်မှု ဆိုတဲ့ မှုဝါဒတွေကိုလည်း ချမှတ်ဆောင်ရွက်နေတာကလည်း အရှင်း
သားဖြစ်ပါတယ်။
ဒါပေမယ့် အပေါ်ကဘယ်လောက်အထိ ကောင်းအောင် လုပ်နေပါစေအောက်ချေ
အကျင့်ပျက်ဝန်ထမ်းများရဲ့ အကျင့်ပျက်ချစားမှုများ ရှိနေသရွေ့နိုင်ငံတော်အကြီးအက
ဲများရဲ့ ရည်မှန်းချက်ဟာ အကောင်အထည် ပေါ်လာနှိုင်စရာမရှိဘူးဆိုတာကိုလည်း
 ရဲရဲကြီးပြောရဲပါတယ်။
 အခုဆိုရင် လည်း နိုင်ငံ့ဝန်ထမ်းများကို အဲဒီလို အဂဓိလိုက်စားမှုမျိုးတွေ မရှိအောင်
လစာဝင် ငွေတွေကအစတိုးမြှင့်ပေးထားတာကလည်းပြည်သူအားလုံးအသိဖြစ်ပါတယ်။
လွန်ခဲ့တဲ့လထဲကဆိုရင် မင်္ဂလာဒုံအမှတ်(၃)လမ်းဆုံကနေ အမျိုးသမီးငယ်တစ်ဦးဟာ
 စမ်းကြီးဝရပ်ကွက်ကိုပြန်ဖို့ မော်တော်ဆိုင်ကယ် တက္ကစီကိုငှားစီ လာရာ  ခရေပင်
ရိပ်မွန်ရှေ့ရှိ(၄၃)အထူးကားကြီးဂိတ်အနီးကနေ ဖမ်းဆီးတဲ့သူတွေက မော်တော်
ဆိုင်ကယ်အရှိန်နဲ့စီးလာစဉ်မှာ ကားကြီးအကွယ်မှ ရုတ်တရက်ထွက်ပြီး ဆိုင်ကယ်
 မောင်းလာသူ လူငယ်ကို မျက်နှာအားဖြတ်ရိုက်လိုက်တာကြောင့် ဆိုင်ကယ်
 ဟာအရှိန်ပြင်းစွာနဲ့ မှောက်သွားပြီး ငှားစီးလာတဲ့ အမျိုးသမီးငယ်မှာ ၀ဲဘက် တင်ပါးနဲ့
မျက်နှာများမှာ ဒဏ်ရာများပြင်းထန်စွာရရှိတဲ့အပြင် ၀ဲဘက်လက် ကျိုးသွား
ကာဆိုင်ကယ်မောင်းနှင်လာသူလူငယ်မှာလည်း ဦးခေါင်းပေါက်ပြဲကာ တတောင် ဆစ်များမှာပွန်းပဲ့ဒဏ်ရာများပြင်းထန်စွာရရှိသွားခဲ့တယ်လို့သိရပါတယ်။
ယခုလိုစည်းကမ်းမဲ့ဥပဒေမဲ့ဖမ်းဆီးတာမျိုးဟာ အင်မတန်မှ အန္တရာယ်ကြီးမားနေပြီးတော့
 မတော်လို့ မော်တော်ယာဉ်များမောင်းနှင်လာစဉ် အလားတူဖြစ်ရပ်မျိုးများ ဖြစ်ပွားခဲ့ပါက
 အသက်ပါဆုံးရှုံးသွားနှိုင်ပါတယ်၊ ဖမ်းဆီးထားတဲ့ မော်တော်ဆိုင်ကယ် များကိုလည်း
မည်သည့်နေရာကိုပို့တယ်ဆိုတာကိုမသိရဘဲ မင်္ဂလာဒုံမြို့နယ် ရဲစခန်း အတွင်းမှာ
နှစ်ပရိတ်ဆေဒကြာမြင့်စွာ ဖမ်းဆီးထားတဲ့ ဆိုင်ကယ်များရှိနေပြီး ဆိုင်ကယ်များရဲ့မီးလုံး
များ၊ဘယ်ထရီအိုးများ၊ဒူးကာများ၊ တချို့သော မော်တော် ဆိုင်ကယ်များမှာ
အင်ဂျင်ပင်မရှိတော့တာတွေလည်းရှိပါတယ်။
ယခုလက်ရှိမင်္ဂလာဒုံရဲစခန်းအတွင်းမှာဖမ်းဆီးထိန်းသိမ်းထားတဲ့မော်တော်ဆိုင်ကယ်
ပေါင်းထောင်ချီရှိနေပြီးရင်းနှီးမြှုပ်နှံရှာဖွေလုပ်ကိုင်သူများရဲ့ပစ္စည်းများကိုနိုင်ငံတော်
ဘဏ္ဍာအဖြစ်ထားရှိမယ်ဆိုရင်တောင်ဖြေသာပေမယ့်နေ့စဉ်ဖမ်းဆီးထားတဲ့မော်တော်
ဆိုင်ကယ်များကိုရဲစခန်းအတွင်းပြစ်စလတ်ခတ်ထားရှိထားတာကိုတွေ့ရခြင်းအားဖြင့်
အလွန်တရာမှစိတ်ပျက်မိပါတယ်။
ဒါဟာနိုင်ငံတော်အကြီးများရဲ့မူဝါဒလားဒါမှမဟုတ်အောက်ချေမမာသူဝန်ထမ်းတွေ
ရဲ့ပြည်သူတွေအပေါ်မတရားနိုင်လိုမင်းထက်ပြုလုပ်ထားတာလားဆိုတာကိုတာဝန်ရှိ
သူများသိရှိနှိုင်ဖို့ တင်ပြလိုက်ရပါတယ်။
ပေါက်ကျိုင်း
Myanmar News Now
Hacking ကာကွယ်နည်း (1)
Hacking ကာကွယ်နည်း (1)
Hacking အကြောင်းကို ပြန်စကျရအောင်...ဆိုတော့ အဓိက ခေတ်စားနေတဲ့ Hacking နည်းလမ်းသုံးမျိုး
ကို ကျွန်တော် သိရသလောက် ပြန်ပြီး ရှင်းပြပေးပါမယ်။ ပြီးတော့ ဒီလိုမျိုးတွေကနေ ဘယ်လို ကာကွယ်ရ
မလဲ ဆိုတာကိုပေါ့။
အောက်ပါ Hacking ကို ကာကွယ်နည်းက ကျွန်တော်အနေနဲ့ Blogger.com တခုထဲကိုသာ 
ရှင်းပြထားတာမို့ Blogger.com တခုထဲအတွက်လို့ ထင်နေမိပါမယ်။ မဟုတ်ပါဘူး ဒီ hacking ကာကွယ်နည်းက Gmail,Hotmail,Yahoo စတဲ့ e-mail account တွေ အားလုံးအတွက်ဖြစ်ပါတယ်။
Phishing
Key-logging 
Social engineering
Primary email address hack
Phishing -ကတော့ website ကို တပုံစံထဲ အတုလုပ်ပြီး php code fake login page ကနေ Password ခိုးခြင်းဖြစ်ပါတယ်။ဒါကို ကျွန်တော် လေ့လာဖို့ လုပ်ထားတဲ့ တခုကိုပြပါမယ်။
အောက်ပါပုံစံလိုမျိုးစာ တခုပေါ့
"We have encounters that your blog had many traffic and visitors for last couple months. So that we want you to offer our blogger team advertisement on your blog.
if you interest to make money with us
click below link and verify
လိုမျိုးပေါ့ ဒါကတော့ ကျွန်တော်ရေးထားတာ ဆိုတော့ သိပ်ပြီး စိတ်ဝင်စားစရာမကောင်းပါဘူး၊
အများဆုံး စိတ်ဝင်စားပြီး အငိုက်ခံလိုက်ရတာက  "Your password is expiring soon "
"Final Warning to Reset your password " စတာတွေ လိုမျိုး email subject နဲ့လာတက်ပါတယ် ဒီလိုမျိုးတွေမှာ ခံရတာများပါတယ်။
ဆိုတော့ ဒီလို Phishing လို့ ခေါ်တဲ့ Hacking ကို ဘယ်လိုကာကွယ်ရမလဲ
၁) ရောက်လာတဲ့ စာကိုသေသေချာချာ အချိန်ပေးပြီး ဂရုစိုက်ဖတ်ပါ။ ပြီးတော့ စာသားကိုကြည့်ရပါမယ် တအားကြီး လွန်လွန်ကဲကဲကြီး မလုပ်မနေရခိုင်းတာမျိုး၊ ချိန်းခြောက်စာမျိုး၊ အလကားပေးနေတာမျိုး စာသားတွေဆိုရင် ဒါဟာ hacking တိုက်စစ်ဆင်နေကြောင်းကို သတိထားရပါတယ်။
အရင်က ကျွန်တော်ရေးခဲ့ဖူးတဲ့ Online fishing ကိုလဲ ဖတ်ကြည့်ပါ။
နောက်တချက်က - Senter mail address ကို gmail က mail တခုကို ဖွင့်လိုက်ရင် ပေါ်လေးမှာ
Details ဆိုတာ ပါပါတယ်၊ 
ဒီမှာ Senter mail address ကိုကြည့်ပါ။ လိပ်စာက Blogger Support (Support@blogger.com)
 ဆိုတော့  mail ခဏခဏကိုင်နေတဲ့ လူကိုတောင် ကြောင်သွားစေတာပေါ့ တကယ်ဘဲ Blogger.com က
စာပို့တင်လို့ဘဲ ထင်မိမှာဖြစ်ပါတယ်။  Support@blogger.com or Support@facebook.com စတာတွေ  လုပ်ထားလို့ရပါတယ်။ဆိုတော့ အထင်မှား စရာရှိပါတယ်။
ဒါပေမဲ့ အထက်က ပုံမှာတွေ့သလိုမျိုးဘဲ ကျွန်တော် Support@gmail.com ဆိုပြီး စမ်းကြည့်တယ်။
ဒီမှာ Google(gmail) က အစွမ်းပြလိုက်တာပါဘဲ၊
"This message may not have been sent by: support@gmail.com  Learn more  Report phishing"
Gmail ကိုတော့ Phishing လုပ်လို့မရပါဘူး။ ဒီတချက်ကိုတော့ hacker တွေလဲ သတိထားကျနော်၊ :P
ဟဲဟဲ ....ဒါပေမဲ့လဲ ကိုယ့်ဖက်ကတော့ ဒီစာသား မပေါ်လဲဘဲ ဒီ စာသားက hacking လုပ်ပြီး ပို့တာလား၊
တကယ် gmail ကပို့တာလားကို ကိုယ့်ကိုတိုင် ဆုံးဖြတ်တက်ရပါမယ်။
နောက်တခု သတိပြုရမှာက အပေါ်မေးမှာ ကျွန်တော်ပြထားတဲ့ www.blogger.com/ads-verify/38432fksjdfah link ပါဘဲ ဒါကျွန်တော် အစမ်းလုပ်ထားတာပါ တကယ် blogger.com က လင့်
ကိုယူပြီးလဲ လုပ်လို့ရပါတယ်။ ဒီနေရာမှာ ကြည့်လိုက်ရင် အော်..တကယ် blogger.com ကပါလား။
မှားစရာရှိပါတယ်။ ဒါပေမဲ့ Html နဲ့ ပြန်ပြီး လင့်တဲ့နေရာမှာ သူတို့ရဲ့ fake login page ကို redirect link
ထားပါတယ်။ ဒါကြောင့် ကိုယ်က link ကို blogger.com မြင်တာနဲ့ တခါတည်း မနှိပ်လိုက်မိစေပါနဲ့။
ဟုတ်ပြီး ကျွန်တော် အထက်ကပြောခဲ့တဲ့ အချက်တွေကို သတိမထားမိဘဲ ကျော်လာခဲ့မိတယ်။ ယုံခဲ့မိတယ်။
ဆိုပါတော့ Login page ကိုရောက်လာပါပြီး 
E.g " ဒီနေရာမှာ အထူးကိုသတိထားရပါမယ် ဒီက ဘာနဲ့တူသလဲဆိုတော့
အိမ်ချင်းတူတိုင်းလဲ မ၀င်နဲ့ လိပ်စာကိုသေချာကြည့်၊ လိပ်စာကိုသေချာမကြည့်ဘဲ အိမ်တူတိုင်း
ငါ့အိမ်ဘဲဆိုပြီး ၀င်ရင် အတွင်းထဲကလူတွေက ကိုယ့်ကို ၀င်ရိုက်ကြပါလိမ့်မယ်။"
ဒါက ဟာသ လိုလိုပေါ့ ကျွန်တော် စိတ်ကူးထဲမှာ ၀င်လာလို့ အခုရေးနေတဲ့ ပိုစ့်နဲ့ အကိုက်ဖြစ်တာနဲ့
ထည့်လိုက်တာ ဟုတ်ပြီး။
ဆိုတော့ ပေါ်က ပြောသလိုဘဲ အိမ်တူတိုင်းမ၀င်နဲ့ဆိုတာက 
အခု အပေါ်မှာ မြင်နေရသလိုမျိုးဘဲ Blogger.com နဲ့တူတယ်ဒါပေမဲ့ ကျွန်တော်တို့ လိပ်စာကို သတိမထား
မိကြပါဘူး။.. အခုပေါ်ကပုံမှာ လိပ်စာကို ကြည့်ပါ။ လိပ်စာက တခြားဟာဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။
ဒီမှာ ကိုယ့်က မသိဘဲ ID and password ကိုထည့်လိုက်မယ်ဆိုရင် ကိုယ့်ရဲ့ account က hack ခံလိုက်
ရပါပြီး အခိုးခံလိုက်ရပါပြီး။ ဆိုတော့ ဘယ်တော့ မဆို Gmail ဖြစ်ဖြစ်၊ blogger ဖြစ်ဖြစ်၊ Hotmail ဖြစ်ဖြစ်
Login page ကိုရောက်ပြီးဆိုတာနဲ့ လိပ်စာကို Check ဖို့ မမေ့နဲ့လို့ ပြောခြင်ပါတယ်။
ဟုတ်ကဲ အထက်ပါအချက်တွေအားလုံးကို မေ့သွားတယ်။ ကိုယ့် Password & ID လဲထည့်လိုက်မိပြီး
ဟုတ်ကဲ ဖြစ်တက်ပါတယ် ဒီလိုဖြစ်သွားတယ်ဆိုပါစို့ ဒီ fake login page က အစစ်မဟုတ်တဲ့အတွက်
ကိုယ့် ID & password မှန်လဲ ၀င်လို့ရမှာ မဟုတ်ပါဘူး။ ဆိုတော့ ကိုယ့်က ဒီမှာ ချက်ချင်းသတိရရပါမယ်။
ပြီးတော့ လိပ်စာ (website URL) ကိုချက်ခြင်း စစ်ရပါမယ်။ (www.gmail.com , www.hotmail.com)
လား ဆိုပြီးတော့ အကယ်၍ မဟုတ်ခဲ့ဘူးဆိုရင် အခုဖွင့်နေတဲ့ စာမျက်နှာကို ချက်ခြင်းပိတ်ပြီး
www.gmail.com ဆိုပြီး ရိုက်ကာ Gmail မှာ ကိုယ့်ရဲ့ Account ကိုဝင်ပါ။ ပြီးတာနဲ့ ချက်ချင်း 
Password ကို ပြန်  change ပါ။ ဒါမှာ သာလျှင် စိတ်ချရမှာ ဖြစ်ပါတယ်။
အခု Gmail ရဲ့ Security function အသစ်ကို ကြည့်ကြပါအုန်း၊ Turn On မလုပ်ရသေးရင်လဲ 
ဒီမှာ ဖတ်ပြီးလုပ်ကြပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီ Function က သူများက ကိုယ့်ရဲ့ password သိရင်တောင်
ဝင်လို့မရနိုင်အောင် ထိန်းချုပ်ပေးထားတဲ့ အလွန်ကောင်းမွန်တဲ့ Function လေးဖြစ်ပါတယ်။
အိုကေ ဒီနေ့တော့ ဒီလောက်ပေါ့ နောက်ကျန်သေးတဲ့
Key-logging 
Social engineering
Primary email address hack 
ကို ဆက်ရေးပေးပါမယ်။
Views: 79
မင်္ဂဆောင်တော.မယ်.သမီးလေးကိုမေမေရဲ.အမှာစကား
မင်္ဂဆောင်တော.မယ်.သမီးလေးကိုမေမေဖြစ်သူကဒီလိုမှာကြားတယ်တဲ.
နင်လျောက်မဲ.လမ်းဟာရှည်ပြီး ပျော်စရာတွေလဲများတယ်တဲ.ငါ.စကားနားထောင်ပါအကျိုးရှိတယ်တဲ.
၁=စိတ်တိုတဲ.ချိန် သူနဲ.စကားမပြောလဲရတယ် သူ.အဝတ်အစားမလျှော်ပဲရတယ် သူနဲ.တော.ရန်မဖြစ်နဲ.တဲ.
၂=ရန်ဖြစ်တော.လဲ အပြင်မှာသွားမပြောနဲ.တဲ. သူကနင်.ဆီတလှမ်းကမ်းလာရင် နင်လဲသူ.ဆီ နှစ်လှမ်း ကမ်းသွားသင်.တယ်တဲ.
၃=အိမ်ဟာမိန်းကလေးတွေရဲ.မြေပိုင်ပါ ဘာပဲဖြစ်ဖြစ် ထွက်မသွားနဲ.တဲ. ပြန်လာတဲ.လမ်းကကြမ်းတမ်းပြီးလျောက်ရခက်လို.တဲ.
၎=ဘယ်လောက်ချမ်းသာကြွယ်ဝတဲ.ယောင်္ကျားဖြစ်နေကိုယ်.မိန်းမ အမြဲလန်းဆန်းပြီး သန်းရှင်.တဲ.အိမ်ကနေကြိုဆိုတာကိုပဲလိုချင်ကြတယ်တဲ.
၅=ကောင်းမွန်တဲ.ယောင်္ကျားတွေဟာတခြားမိန်းမဆီမသွားတတ်ပေမယ်. အခုခေတ်က မိန်းမတွေက ဒီလိုယောင်္ကျားဆီကိုလာတတတယ်တဲ.
၆=ငါနင်.ကိုမွေးနေတယ်လို.မပြောခံအောင် မိန်းမတွေလည်းကိုယ်.ကိုတန်ဖိုးထားကြပြီးအပြင်ကအလုပ်သွားလုပ်ကြသင်.တယ်တဲ.
၇=အပြင်ကအလုပ်လည်းလုပ်အိမ်ကအလုပ်လည်းလုပ်ရတယ်တဲ.မလုပ်နိုင်တောင်မှ အိမ်ဖော်ငှားပြီးလုပ်ခိုင်းသင်.တယ်တဲ. အိမ်အလုပ်လည်းကောင်းကောင်းလုပ်သင်.သလိုကလေးကိုလည်းကောင်းကောင်းမွေးသင်.တယ်တဲ.
၈=သူ.မိဘလည်းကိုယ်.မိဘပဲ သူတို.တခါတလေကိုယ်.အပေါ်မကောင်းတာတောင်မှသူတို.အပေါ်ကောင်းသင်.တယ်တဲ.ဘာလို.လဲဆိုတာသူ.တို.ဟာသူ.မိဘမို.လို.ပါတဲ.
၉=ဘယ်လိုလူနဲ.ပေါင်းကတည်းကသူဘာဖြစ်နေဖြစ်နောင်တမရသင်.ဘူးတဲ.
၁၀=အဲလောက်ချမ်းသာပြီးဘာထူးလဲ အခုလူကော ဘယ်ပျောက်နေလဲဆိုပြီးရှာမနေနဲ.တဲ.
၁၁=တသက်လုံးမှာငွေဘယ်လောက်သုံးနိုင်လို.လဲ လျောက်မဖြုန်းနဲ. ဘဝပျော်ရွင်ဖို.ပဲတဲ.
၁၂=ကလေးကိုမရိုက်နဲ.တဲ.အထူးသဖြင်.သူများရှေ.မှာတဲ.
၁၃=ဘာမဆို ကံကြမ္မာပဲတဲ.
၁၄=ဘဝကပြောင်းလဲတာမြန်တယ်တဲ. လူတိုင်းကိုတန်ဖိုးထားပြီး ကိုယ်.အိမ်ထောင်ရေးကိုအထူးတန်ဖိုးထားပါတဲ.
(ကဲ မေမေ.စကားနားထောင်ကြပါနော် မီးမီးတို.)
From ...... yunbaobaoqi China
သောက်လေ သောက်လေ ငတ်မပြေ
သောက်လေ သောက်လေ ငတ်မပြေ
posted by အရှင်သုနန္ဒာလင်္ကာရ
အလိုမပြည့်နိုင်တဲ့
ထိုအလေ့ ကာမဂုဏ်
မန္ဓာတုသော်မှ
အာယုတော် ရှည်စွာနဲ့
ဝသီပါ သူ လိုက်စားတယ်
များလှ အာရုံ၊
မနှစ်ခြိုက် နိုင်လို့
အသစ်လိုက် ပြန်ပါတုံ
ခန္ဓာကုန်သော်လည်း တိမ်မတင်း
နတ်ဘုံမှာ ဇာတ်စုံစွာ
ရွေတော်ရံနှင့်
ဖြေဖျော်ခံ အလိုစမ်းသော်လည်း
ငတ် တဏှာ
တက်ကာ သရမ်းတော့တယ်
ကမ်းဘက်သို့ ချဉ်း ။ .။
(မှတ်ချက်) ကမ်းဖက်သို့ ချဉ်း ဟူသည်မှာ တဏှာ သရမ်းနေလျှင် အ၀ီစိ တဖက်ကမ်း သို့ ချဉ်းကပ်နေသည် ဟူလို။ ။
ဘ၀တိုင်း တွေ့ကြုံခံစားနေရတဲ့ ငါးပါးအာရုံ ကာမဂုဏ်တွေ ဆိုတာ ဘယ်လောက်ခံစားနေသော်လည်း အားရ တင်းတိမ် ရောင့်ရဲခြင်း မရှိနိုင်ဘဲ နောက်ဆုံး အသက်တွေ ကြီး အိုမင်း မစွမ်း သေမင်းနိုင်ငံ သာ သွားရတယ် အလိုမပြည့်နိုင်ဘူး ဆိုတဲ့ အကြောင်းလေးပါ၊ လင်္ကာ လေး ဆိုလိုချက်က - ဟို ရှေးရှေးတုန်းက မန္ဓာတု ဆိုတဲ့ စကြာဝတေးမင်းကြီး ရှိသတဲ့ ၊သူဟာ စကြ၀တေးမင်း စည်းစိမ် နဲ့ လူ့ပြည်မှာ ကာမဂုဏ် ငါးပါး ကို ခံစားနေရပေမယ့် အားရတင်းတိမ်နိုင်ခြင်း မရှိတာကြောင့် နောက်ဆုံး သိကြားမင်းကို အကူအညီ တောင်းပြီး လူ့ပြည်ထက် အဆ အရာ အထောင် သာလွန်တဲ့ နတ်စီးစိမ်တွေနဲ့ နတ်သမီးတွေကို ပျော်ပါး ခံစားသော်လည်း မတင်းတိမ်၊ နောက်ဆုံး လူ့သက်တမ်း ရာ ထောင် ပေါင်းများစွာခံစားသွားသော်လည်း အလိုမပြည့်နိုင်ပဲ သေဆုံးသွားရသတဲ့ ။
ဒါကြောင့် အာရုံငါးပါး ဆိုတာ ကို ရှေးရှေး ပညာရှိများက ပင်လယ် ဆားငံရည် နဲ့ ခိုင်းနှိုင်းခဲ့ကြတယ်၊ ရေ ဆာလို့ ရေသောက်တဲ့ သူဟာ ပင်လယ်ရေ ကို သောက်မိရင် ရေဆာ မပြေနိုင်ပဲ ခဏတိုင်းသောက်ပြီး ခဏတိုင်းပြန် ဆာလောင်တတ်လို့ သောက်လေ သောက်လေ ငတ်မပြေ လို့ ဥပမာ ပေးခဲ့ကြတယ်၊ ဒီလိုနဲ့ပဲ နိဗ္ဗာန်နဲ့ ဝေးရာ တဖက်ကမ်းကို မသိ မသာ သွားနေမိတတ်ကြတယ် - -
သတိတရား လက်ကိုင်ထားပြီး နိဗ္ဗာန် နဲ့ နီးရာဆီကို လျောက်လှမ်းနိုင်ပါစေ -
ကြည့်နှုန်း: 5
အမျိုးအစား: ဘာသာရေး
မန်ဘာအားလုံး လိုက်နာရန် ဥပဒေ အသစ်အား ဖြည့်စွက် ထုတ်ပြန်ကြေငြာခြင်း
ထုတ်ပြန်သောပုဒ်မများ (ပုဒ်ထီးမပါ)
ပုဒ်မ (၁)။ Member ၀င်များသည် မိမိအသက်ကို Profile တွင်မဖော်ပြထားလျှင် သို့ မဟုတ်
အသက်လိမ်ထားလျှင် အမှန်တရားကို အံတုသူများအဖြစ် အရေးယူခြင်းခံရမည်။
ပုဒ်မ (၂)။ အသစ်ရောက်လာသော Member များကို အရေးတယူ ကြိုဆိုနှူတ်ဆက်ခြင်းမပြုသော
Member ဟောင်းများအား မျက်စိလည် လမ်းမှား ဒုက္ခရောက်နေသူကို လစ်လျှုရှုမှု
ဖြင့် အရေးယူခြင်းခံရမည်။
ပုဒ်မ(၃)။ ပို့စ်များကို like ပဲ like ပြီး comment ပြန်မပေးသော Member များကို
လုပ်အားခ မပေးဘဲ စေခိုင်းမှု ဖြင့်အရေးယူမည်။
ပုဒ်မ(၄)။ Member ၀င်အချင်းချင်း ရင်းနှီးမှူကို အသုံးချပြီး မရိုးမသားစိတ်ဖြင့်
ချဉ်းကပ်လာလျှင် ယုံကြည်မှူကို အလွဲသုံးစားပြုမှု ဖြင့်အရေးယူမည်။
ပုဒ်မ(၅)။ အိမ်ထောင်ရှိလျက်နှင့် လူပျိုပါ၊ အပျိုပါ၊ ချစ်သူရှိလျက်နှင့် ချစ်သူမရှိသေးပါ
ဟုဆိုလျက် ဦး QQ ဒေါ် QQ များအနေဖြင့် တစ်ဦးကိုတစ်ဦး ချဉ်းကပ်သိမ်းသွင်း
လိမ်ညာပြောဆိုလျှင် တရားမ၀င် စားစရာခိုးမှု ဖြင့်အရေးယူမည်။
ပုဒ်မ(၆)။ ချစ်သူရှိသော ကောင်မလေးများကို ကောင်လေးများက စပြီး ဖွန်ကြောင် နေလျှင်
တားမြစ်နယ်မြေအတွင်း အမဲလိုက်မှု ဖြင့်အရေးယူမည်။
ပုဒ်မ(၇)။ ချစ်သူရှိနေသော ကောင်လေးများကို ကောင်မလေးများက စပြီး ရေလာမြောင်းပေး
လုပ်နေလျှင် မီတာဘောက်(စ်)မထားဘဲ လျှပ်စစ်ဓါတ်အားကို ခိုးယူသုံးစွဲမှု ဖြင့်
ထိရောက်စွာ အရေးယူမည်။
ပုဒ်မ(၈)။ အသက်၂၅ နှစ် ပြည့်ပြီးသူ Member များ၊ ချစ်သူ မရှိသေး၊
အိမ်ထောင်လည်း မပြုရသေးလျှင်
မိဘကိုဒုက္ခပေးမှု၊ ကိုယ့်ကိုယ်ကိုယ် ညှင်းပန်းမှု၊ ကမ္ဘာ့လူဦးရေကို တားမြစ်မှု
တို့ဖြင့် အရေးယူမည်။
ပုဒ်မ(၉)။ ချစ်သူမရှိသော ကောင်မလေးများကို ရည်းစားလက်မဲ့ ဖြစ်နေသော ကောင်လေးများမှ
ချစ်ရေးဆိုပါက ချစ်လျှက်နဲ့ မူနေလျှင် တစ်ဖတ်သားကို စိတ်သောကပေးမှု ဖြင့်
အရေးယူမည်။
ပုဒ်မ(၁၀)။ ဆိုဒ်အတွင်း ၀င်ရောက်နေပါလျှက် အများသုံး ချက်ဘောက်သို့ မလာရောက်ခြင်း၊
မန်ဘာများနှင့် စကားလက်ဆုံ မပြောဆိုခြင်း၊ နှုတ်ဆက်/မိတ်ဆက်မှု မပြုခြင်း စသော
မန်ဘာများအား လူမှုရေး ဖေါက်ပြန်မှု ဖြင့်အရေးယူမည်။
ပုဒ်မ(၁၁)။ မှတ်သားစရာစာပေ ရေးသားသူများအား ""ဘဘ၊ ဘိုးဘိုး၊ ဦးဦး၊ ဖေဖေ"" စသည့်
နာမည်ဖျက် ခေါ်ဝေါ်မှုများ ပြုလုပ်ပါက အသရေဖျက်မှု ဖြင့်အရေးယူမည်။
မှတ်ချက်(၁)။ အထက်ဖော်ပြပါ ပုဒ်မများနှင့် ညိစွန်းနေသော Member ၀င်များအား အရေးယူရာတွင်
ရှေ့နေများမလို၊ ခုံရုံးမလို၊ အလျဉ်းသင့်သလို တွေ့ရာသူနှင့် အိမ်ထောင်ချပစ်မည်။
မှတ်ချက်(၂)။ လူကိုခင်လျှင် မူကိုပြင်မည်၊ လူကိုမုန်းလျှင် မူကိုသုံးမည်၊ လူကိုချစ်လျှင် မူကိုပစ်မည်၊
အပြောအဆို ညက်ညောမှုအပေါ် မူတည်လျှက် လိုအပ်သလို ပြစ်ဒဏ် ပြောင်းလဲမှုများ
ရှိနိုင်ပါသည်။
မှတ်ချက်(၃)။ ပြစ်မှုတိုင်းအတွက် ဒဏ်ငွေ(၅၀၀၀၀ိ/-)နှင့်အတူ ပေးအပ်သောပြစ်ဒဏ်ကို ခံယူရမည်။
ဟီးဟီး..............ဂယ်လုပ်မှာနော်
Views: 414
Tags: ဟာသ
မိုးကုတ်မြို့မှ ကျောက်တွင်း ဗဟုသုတများ
Woking in Mogok
    မိုးကုတ်မြို့မှာအများစုသိကြသလောက်တော့ ကျောက်တွင်းတွေကနေ ကျောက်တွေ ထွက်တယ်ပေါ့။ တကယ်တော့ အဲ့ဒီအလှဆင်ဖို့သက်သက် အသုံးဝင်တဲ့ ကျောက် လေးတွေဟာ မိုးကုတ်သူ မိုးကုတ်သား တွေရဲ့ အသက်၊ သွေး၊ ချွေး အကုန်လုံး ပါတယ်။ ဒီကျောက်ကိုရဖို့ တစ်ချို့လူတွေ အသက်နဲ့ရင်းရတယ်၊ တစ်ချို့ချွေးနဲ့ သွေးနဲ့ ရင်းကြရတယ်။ ကျောက်ရဖို့ ဇွဲ၊ လုံ့လ၊ ၀ီရိယ အားကုတ်ထုတ်စိုက်ရတယ်။ “သေရင် မြေကြီး၊ ရှင်ရင်ရွှေထီး” ဆိုတာ မိုးကုတ်ကကျောက်တူးတဲ့လူတွေကိုများပြော သလား လို့ တစ်ခါတစ်လေလည်း တွေးတော့တွေးမိပါတယ်။ ယင်ကောင်လေးတွေ မှန်ပြတင်းပေါက်ကို ထိုးဖောက်ဖို့ကြိုးစားတာမျိုးကိုပေါ့။ မိရိုးဖလာအသက်မွေးမှု လုပ်ငန်းလည်းဖြစ်၊ ကံကောင်းရင် အမြတ်အစွန်းလည်းများများရတာမို့ လောဘ ဇောလေးကပ်ပြီး လုပ်ကြရတာပါဗျာ။
      မိုးကုတ်မြို့မှာ အထင်ရှားဆုံးဖြစ်တဲ့ ကျောက်မျက်တွေကတော့ ပတ္တမြား၊ နီလာ၊ ဥသာဖယား၊ နီလာဖြူ၊ ထတ္တရာ၊ ဂေါ်မိတ်၊ ကြောင်၊ မှန်မီးပေါက်၊ စလင်း များအပြင် အခြား ကျောက်အမျိုးအစား (၃၀)ကျော်ခန့်ထွက်ရှိပါတယ်။ ဒီကျောက်တွေက အကြမ်းဖျဉ်းအားဖြင့်တော့ မြေကြီးထဲမှာရှိတယ် လို့ပြောလို့ရပါတယ်။ အဲ့ဒီမြေကြီး ထဲက သက်တမ်းရင့် ပျက်ပြုန်းမြေဆီလွှာဖြစ်တဲ့ (ဗြုံး)မြေလွှာထဲမှာရှိပါတယ်။ ဗြုံး ဟာဆိုရင် အလွှာ(၂)လွှာရှိပါတယ်။ မြေပြင်ကနေ ပေ(၁၀၀)အတွင်းရှိတဲ့ ဗြုံးလွှာကို ခါးဗြုံး၊ ပေ(၁၀၀)နဲ့အောက်မှာ ထပ်တွေ့တဲ့ ဗြုံးလွှာကတော့ အောက်ဗြုံးတို့ ဖြစ်ကြ ပါတယ်။ ဒီဗြုံးမြေလွှာတွေအပြင် သက်တမ်းရင့် စကျင်ကျောက်ခဲတွေထဲကလည်း ကျောက်တွေရရှိနိုင်ပါတယ်။
ကျောက်တွင်းလို့ခြုံပြီး ခေါ်ပေမယ့် နည်း(5)နည်းနဲ့ ကျောက်ကို ရှာကြပါတယ် -
(၁) လေးပေတွင်း
(၂) အင်းဗြဲ
(၃) မျောတွင်း
(၄) ခဲတွင်း (ဂဲတွင်း)
(၅) လူးတွင်း (လှိုင်ဂူတွင်း)
တစ်ခုချင်းကျွန်တော်ပြောပြပါ့မယ် -
(၁) လေးပေတွင်း။
    လေးပေပါတ်လည် တွင်းတူးပြီး အောက်တည့်တည့်ကို ထိုး ဖောက်သွားရတယ်။ ဒါကတော့ရှင်းပါတယ် အိမ်သာတွင်းတူးသလိုပေါ့ ဟဲဟဲ။ တူးလို့ပေ(၂၀)ကျော်ပြီဆိုတာနဲ့ ပါတ်ပါတ်လည်နံရံ တွေကို တိုင်တွေခံ သစ်တွေနဲ့ အခိုင်အမာလုပ်ကြရပါတယ်။ အဲ့ဒီထက်နက်နေလို့မှောင်သွားရင် ဖယောင်းတိုင် တွေနဲ့ဆက်လုပ်ကြရတယ်။ တစ်ချို့က ဘက်ထ္တရီမီး၊ ဓါတ်မီးတွေနဲ့ပေါ့။ အဲ့ဒီထက် နက်လာပြီဆိုရင် စက်သီးတွေဆင်ရပြီး တူးပြီးသာမြေတွေကို အပေါ်တင်ဖို့ပါ၊ အဲဒါအပြင် ရေတွေထွက်လာလို့ ခပ်ထုတ်ရတယ်။ မိုးရွာပြီဆိုသေရောပဲ။ တွင်းဆို ခဏခဏရေမြုပ်သွားတယ်။ အဲ့ဒီထက်ဆိုးတာက ဘာလဲဆိုတော့ လေပြတ်တာပဲ။ လေပြတ်သွားရင် သိသာပါတယ်။ ထွန်းထားတဲ့ဖယောင်းတိုင်မီးငြိမ်း သွားတော့ တာပါပဲဗျာ။ အောက်စီဂျင်မှမရှိတော့တာကိုး။ ဒါဆိုရင်တော့ အပေါ်ကို အသဲအသန် ပြေးတက်ပေတော့။ အဲ့ဒီလိုလေပြတ်တဲ့ပြသာနာကို အပေါ်ကလူက ဖားဖိုလေးနဲ့ ခြေနင်းလေးလုပ်ထားတယ်၊ ပြီးရင် လေပိုက်ချထားပေးတယ်။ ဒါဆိုအောက်ထဲမှာ လေရသွားပြီလေ။    နည်းနည်းအဆင်ပြေတဲ့လူကြတော့ မော်တာလေးနဲ့ လေစက် ကိုတွဲထားလိုက်တယ်။ မီးအတွက်လည်း မီးစက်မောင်းထားပေးတယ်။ အဲ့ဒီအပြင် ဘာအခက်အခဲရှိသေးလဲဆိုတော့ တူးနေတဲ့ အောက်က ကျောက်ခဲအကြီးကြီး တွေခံနေပြန်ရော။ ရှိတာမှ လေးပေပါတ်လည် ဘယ်လိုလုပ်အပေါ်တင်လို့ ရမလဲ။ ဒါကြောင့် စို့(သံချောင်းလုံး)တွေနဲ့ အဲ့ဒီကျောက်ကိုထွင်းပြီး ယမ်းထည့်ပြီးဝါယာ ကြိုးနဲ့ချိတ်၊ အပေါ်အကုန်တက်ပြီး ယမ်းခွဲကြရတယ်။ တစ်လုံးနဲ့မရရင် သုံးလေးလုံးလောက် တစ်ဆက်တည်းခွဲရတယ်။ ပြီးမှ ယမ်းငွေတွေကို လေနဲ့ မှုတ် ထုတ်ပြီးရင် ဂဲတွေအရမ်းကြီးရင် တူနဲ့ထုခွဲပြီး အပေါ်ကိုစက်သီးနဲ့ တင်ကြရတယ်။
လေးပေကျောက်တွင်း အ၀အားမြင်ရပုံ
လေးပေကျောက်တွင်း
လေးပေတွင်း စက်သီး
  ကဲဗြုံးလွှာရောက်လို့ ဗြုံးတွေ့ ကြပြီဆိုရင် တွင်းရဲ့ပါတ်လည်ကို ချဲ့လိုက်တယ်။ ပြီးရင် အဲ့ဒီအခါမှာ ဒေါင်လိုက်လှိုက်စားတာဖြစ်တဲ့အတွက် အမိုးတွေ၊ ကြမ်းပြင်တွေကို သစ်၊၀ါးတွေနဲ့ ခိုင်ခံ့အောင် ထောက်ခံထားရတယ်။ ပေ(၂၀) (၃၀) လောက်တော့ အများအားဖြင့် လှိုက်တူးကြတယ်။ အဲ့ဒီအပြင်တော့ဆက်ပြီးတူးတာ သိပ်မတွေ့ ရဘူးဘာလို့လဲဆိုတော့ ပြိုကျမှာကြောက်လို့ပေါ့။ ဒီလောက် သစ်တွေ၊ ၀ါးတွေနဲ့ ထောက်ထားတာတောင် ပြိုကျတယ်။ မြေဖိအား တစ်အား များလာလို့ တွင်းတွေ ပိညှပ်သွားတယ်။ အပေါ်တင်တဲ့ ခဲလုံး(ဂဲလုံး)တွေ စက်သီးပေါ်ကပြုတ်ကျတယ်။ နည်းပေါင်းစုံနဲ့ အမျိုးမျိုးသေကြရပါတယ်။
ကျောက်များခွဲသော ယမ်းမိုင်း
ဆက်ပြီး ပြောပါ့မယ် ဗြုံးမြေလွှာတွေရပြီဆိုရင် အပေါ်ကို စက်သီးနဲ့တင် လိုသ လောက်အကုန်ရပြီ ဆိုရင်တော့ ဗြုံးမြေကြီးကိုဆေးကြပါတယ်။ ဆေးတဲ့ နည်းမှာလည်း (၃)နည်းရှိတယ်။ ရေခွက်လို ဇကာပါတ်ပါတ်လည်နဲ့ ခွက်ကြီးထဲ ကိုထည့်ပြီး အားပြင်းတဲ့ နော်ဇယ်ပိုက်ကြီးတွေနဲ့ထိုးပြီးဆေးကြတယ် မြေတွေကုန် သွားရင် ကျန်တာကတော့ ဂဲတွေအပါအ၀င် ကျောက်တွေပေါ့။ အဲ့ဒီထဲမှာမှ ဂဲအကြီးတွေကိုရွှေးထုတ်ပြီး ကျန်တာကို ဇကာအ၀ိုင်းလေးထဲထည့်ပြီး လှည့်ဆေး ရပါတယ်။ ကျောက်က ပုံမှန်ဂဲတွေထွက် အလေးချိန်ပိုစီးတာမို့ ရေထဲမှာ ဇကာကို လှည့်လိုက်တဲ့အခါ အလည်ခေါင်မှာလာစုပါတယ်။ အေးဆေးယူလိုက်ယုံ ဟဲဟဲ ပါရင်ပြောတာပေါ့လေ။
    နောက်တစ်နည်းကတော့ ရေကန်တစ်ခုနဲ့ မြောင်းတစ်ခုလုပ်ထားတယ်။ မြောင်းရဲ့ အစွန်မှာ ဇလုတ်လေး(ရေခွက်အား မြေကြီးတွင်မြုတ်ထားသကဲ့သို့) လုပ်ထား ရပါတယ်။ ဘာနဲ့တူလဲဆိုတော့ ဆေးတံလိုမျိုးပေါ့။ ရေကန်ထဲမှာ ဗြုံးတွေကိုထည့် ပြီးတော့ ရေဆေးချလိုက်တယ် ရေထွက်မြောင်းကနေ ရေတွေဂဲတွေအကုန်လုံး ပါသွားတာပေါ့။ ကျောက်တွေဆိုတာလေးတယ်လေ ဒါကြောင့် ဇလုတ်ထဲ ရောက်တဲ့ အခါမှာ ကျောက်တွေက ပြန်မထွက်နိုင်ပဲ မြေကြီးနဲ့ ပေါ့တဲ့အရာတွေသာ ပြန်ထွက် သွားတယ် ကျောက်တွေကကျန်ခဲ့တာပေါ့။ အဲ့ဒီကျန်ခဲ့တဲ့ကျောက်တွေကို ၀ိုင်းဇကာနဲ့ ဆေးချလိုက်တယ်။ ထုံးစံအတိုင်းပေါ့ လှည့်လိုက်ရင်အလည်မှာ လာစုတယ်။ ကဲ ကျောက်ရပြီဗျာ မိန်းမယူမယ်၊ ပါကျဲရိုးကားဝယ်မယ်၊ တိုက်ဆောက်မယ်၊ ဟမ်းဖုန်းခါးကြားထိုးပြီး ဒိုဝယ်စီးမယ်။
ဗြုံးများဆေးနေပုံ
ဗြုံးများဆေးနေပုံ
(၂) အင်းဗြဲ။
   ဒါကလည်း အထူးအဆန်းကြီးမဟုတ်လှပါဘူး။ ပြောရရင်တော့ သူဌေးလုပ်ငန်းကြီး ပေါ့ဗျာ။ ဘာလို့လဲဆိုတော့ စက်ကိရိယာ အင်အား၊ လူအင်အား၊ ငွေအင်အား၊ အများကြီးသုံးပြီး လုပ်ကိုင်ရပါတယ်။ ဒယ်အိုးကြီး တစ်လုံးကိုမြင်ကြည့်လိုက်ပါ။ အင်းဗြဲဆိုတာအဲ့ဒါပဲ။ တူးချင်တဲ့နေရာက မြေကြီး တွေကို စက်ကြီးတွေနဲ့တူးပြီးဘေးကိုတင်တယ် ကြာလာတော့ ရေအင်းကြီး ဖြစ်သွားရောဗျာ။ ဗြုံးလွှာကိုမရောက်မချင်းတူးတယ်။ တစ်ချို့ဆိုရင် တော်တော် ကြီးကိုနက်ကြတယ်။ ဗြုံးလွှာကိုတွေ့တော့လဲ တစ်ကြောလုံး တူးတင်ပြီး ဗြုံးဆေးတော့တာပေါ့ ရတာလည်းများပါတယ်။ ဒါပေမယ့် ကျွန်တော်သာဆိုရင် ကတော့အဲ့ဒီ အင်းဗြဲမလုပ်ဘူး။ အကုန်အကျအရမ်းများတယ် ငွေတွေကို မြေကြီးထဲတူးပြီးမြုပ်နေသလိုပဲ။ ကံကိုအဲ့ဒီလောက်မယုံဘူး။
မိုးကုတ်မြို့ အ၀င်က အင်းဗြဲကျောက်လုပ်ကွက်ပါ
(၃) မျောတွင်း။
   ဒါကတော့ တောင်ကမ်းပါးရံ တွေကို ရေနဲ့တိုက်ချတယ် အောက်မှာရေသွားမြောင်းအကြီးကြီးတွေ လုပ်ထားကြတယ်။ အဲ့ဒီမြောင်း အကြီးကြီးတွေက ဗြုံးဆေးတဲ့ ရေကန်(ရေမှုံကန်) တွေဆိုကို ဆက်ထားတယ် အဲ့ဒီတော့မရှင်းဘူးလား ဗြုံးလွှာထဲကကျောက်ပါပါ၊ ရိုးရိုးမြေကြီးထဲကပါပါ အကုန်ရတယ်ရှင်းရော။ သူကတော့ ငွေအင်အားသုံးရတာ သိပ်မများပါဘူး။
ဒီလိုရေနဲ့ ထိုးပြီးဆေးချတယ်
မိုးကုတ်မြို့၊ ကျောက်ပြသာဒ်ရွာက ယခင် နီလာကျောက်များ အချောင်းလိုက်ထွက်ရှိပြီး မြင်းများနှင့်ပင်တိုက်ယူရသည်ဆိုသော ထင်ရှားသည့် (သူရိန်တောင်) မျောတွင်းကြီး
(၄) ဂဲတွင်း။
  စိတ်ဝင်စားစရာကောင်းမယ်လို့ ကျွန်တော် ယူဆမိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့သိထားကြတာ မြေကြီးထဲက ကျောက်ထွက် တယ်ပေါ့။ ဒါပေမယ့် စကျင်ကျောက်သားတွေထဲမှာ သက်တမ်းရင့် အရည် အသွေးလှလှနဲ့ ကျောက်တွေအများကြီး တွေ့နိုင်တယ်ဆို ယုံနိုင်မလားဗျာ။ ၁၉၉၆ခုနှစ် လောက်မှာ ဟိုနားတစ်စ ဒီနားတစ်စနဲ့ စကျင်လိုကျောက်ခဲ ထဲကနေပြီးတော့ ကျောက်တွေစတွေ့လာကြပါပြီ အဲ့ဒီနောက်ပိုင်းမှာတော့ စကျင်ဂဲသား(အကြည်) တွေကို ရှာဖွေပြီး ထုခွဲကြတော့ တယ်။ ဒါမှလည်း အထဲကကျောက်ရှိရင်တွေ့မှာကိုး ၁၉၉၉ လောက်မှာ ဂဲကျောက်ဟာ ဘယ်လောက်အထိအောင် ခောတ်စားသလဲဆိုရင် အိမ်တိုင်းအိမ်တိုင်းရဲ့ မြေသားကြမ်းပြင်တွေမှာ ဖြူဖြူဖွေးဖွေးနဲ့ စကျင်ဂဲအမှုန်များ ခင်းထားတဲ့ ကြမ်းပြင်အဖြစ်ရောက်ရှိသွားပါတယ်။ ယခုမိုးကုတ်မြို့ကိုရောက်မယ်ဆိုလဲ အဲ့ဒီအချိန်လောက်က လက်ရာတွေမြင်တွေ့ရဦးမှာပါဗျာ။ အောက်ပုံပါသလိုမျိုးပေါ့ -
နောက်ပိုင်း စကျင်တောင်ကြီးများကို မျက်စပစ်လာကြပါပြီ ကျောက်မျက် ဖက်စပ်လုပ်ငန်းတွေဟာ ကျောက်ဂဲတွင်းတွေကို ၁၉၉၉ ခုနှစ်လောက်မှာပဲ စတင်ဇောက်ချလုပ်ကိုင်ပါတော့တယ်။ ငွေအား၊ လူအားနဲ့ လုပ်ကိုင်ကြတာမို့ တစ်ချို့ကျောက်တောင် ကြီးတွေဆို (၆)လလောက်နဲ့ မြေမှုန့်ဖြူဖြူတွေ ဖြစ်သွားကြတဲ့အထိပါပဲဗျာ။ အောက်ကပုံကတော့ ဖက်စပ်လုပ်ကွက်များမှာ စကျင်ဂဲကျောက်များအတွင်းက အဖိုးတန်ကျောက်များကို ရှာဖွေနေပုံပါ -
ကျောက်များထုနေပုံ
အောက်မှာပါသလို အနေအထားမျိုးနဲ့ ကျောက်နီ(ပတ္တမြား)များကို တွေ့ရှိ နိုင်ပါတယ်။ ဂဲတွင်းမှ ထွက်ရှိသော ကျောက်များမှာ မြေတွင်းမှ ထွက်ရှိသော ကျောက်များထက် အများသောအားဖြင့် အရည်အသွေး ပိုမိုကောင်းမွန် တာကို ကျွန်တော်လက်တွေ့ကျကျ လေ့လာသိရှိခဲ့ရပါတယ် -
ခဲတွင်း(ဂဲတွင်း)ထဲမှာ အထင်ရှားဆုံးကတော့ ကျောက်ပြသာဒ်ဘုရားတောင် ပါပဲ(ကန်တော့ ကန်တော့ ဘုရား) ပြစ်မှားသလိုများဖြစ်နေရင်။ ကျောက်သား အတော်များများထဲမှာကို အဖိုးတန်ကျောက်တွေ ငေါလော ထွက်ပြီး မြင်နေရလို့ ဘုရားဂေါပကအဖွဲ့က အင်္ဂတေနဲ့လိုက်ပြီး ပိတ်ထားရတဲ့အထိပါပဲ။ အောက်ပုံပါ -
(၅) လူးတွင်း (လှိုင်ဂူတွင်း)။
     လှိုင်ဂူတွင်းဆိုတော့ နားလည်ဖို့လွယ်တာ ပေါ့ဗျာသဘာဝကျောက်လှိုင်ဂူကြီး တွေထဲကိုဝင် ပြီးတော့ မီးလေးထွန်းသွား ပြီးလို့အနက်ထဲရောက်ပြီဆိုရင် တွေ့တဲ့မြေကြီးကဗြုံးပဲဗျာ အိတ်နဲ့ထည့်ပြီး ကောက်ထမ်းလာခဲ့ အပြင်ရောက်မှဆေးလိုက် ပြီးပြီ တစ်ချို့လှိုင်ဂူတွေဆိုရင် လှိုင်ခေါင်းတွေအများကြီးရှိတယ်။ လမ်းကို သင်္ဘောဆေးနဲ့မှတ်သွား ရတယ်။ ဒါမှမဟုတ်ရင်တော့ အပြန်လမ်းမမှတ်မိနိုင်ပါဘူး။ ပြန်လမ်းမရှိပေါ့။ အထင်ရှားဆုံးသော လှိုင်ဂူဆိုရင်တော့ အလံတစ်ရာလူး ပါပဲ။ မျက်စိ တစ်ဆုံးနက်ပြီးအခုအချိန်အထိ လှိုင်ဘယ်နှစ်ပေါက်ရှိလဲ။ လမ်းဘယ်အထိပေါက်သလဲဆိုတာကိုဘယ်သူမှပြောနိုင်သူမရှိသေးပါဘူး။
အောင်ချမ်းလင်း
မူရင်း-- http://aclmdy.blogspot.com/2007/03/blog-post.html
--------------------------------------------------------------------------
  မိုးကုတ်ကျောက်တွင်းတွေ အကြောင်းတင်လို ကျွန်တော်က မိုးကုတ်သားမဟုတ်ဘူးဗျ။ရတနာပစ္စည်
လှလှလေးတွေသာ မြင်ပြီး ဘယ်လိုရလာတယ်ဆိုတာ သိရအောင် ဗဟုသုတ မျှဝေခြင်းပါ။
အသက်နဲ့ ရင်းပြီ၊သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးခံကာ ရရှိလာသော မြန်မာ့အဖိုးတန်ကျောက်မျက်
ရတနာ တွေပါ။ ပေါ ပေါ သီသီဈေးနုန်းတွေနဲ့ တိုင်းတစ်ပါးကို ရောက်သွားသော  မြန်မာ့အဖိုးတန်
 ကျောက်မျက်ရတနာ တွေနိုင်ငံခြားမှာ ဈေးကောင်းနေပါတယ်။
        မလေးရှားက သူငယ်ချင်းတစ်ရောက် မြန်မာပြည်ကို အလည်ခဏပြန်သွားတယ်။ သူပြန်တက်
လာတော့ သူတိုစက်ရုံက သူဌေးနဲ တရုတ်၊ မလေး သူငယ်ချင်းတွေကို မြန်မာပြည်လက်ဆောင်ပေးဖို
ဆိုပြီး မိုးကုတ်ဖက်က ဈေးအပေါးဆုံသော ကျောက်နုတ်၊ကျောက်သေးသေး မွှားမွှားလေးတွေကို
နိုဆီဘူး တစ်လုံးလောက် သွားဝယ်လာတယ်။အဲလိုဆိုဘယ်လိုကျောက်လဲး သိလောက်ပါတယ်နော။ ပိုက်ဆံ နည်းနည်းနဲ့ ကျောက်လေးတွေ အများကြီးပါလာတာပေါ့။
       သူကလည်း မြန်မာပြည်လက်ဆောင်ဆိုပြီး လိုက်ပေးတာပေါ့။ကျောက်လေးတွေ လက်ဆောင်ရတဲ့
သူတွေ တော်တော်ပျော်သွားတယ်။မြန်မာပြည်မာအဖိုးမတန်ပေမယ့် သူတိုဆီမှာ အဖိုးတန်တယ်လေ။
လက်စွပ်ကွင်းကာ ဝတ်သူကဝတ်နဲ့ သိပ်သဘောကျ သွားကြတယ်။
        နောက်ရက်တွေမှာ သူဆီကို တန်ပြန်လက်ဆောင်တွေ ရောက်လာပါရော။မုန်ဖိုဆိုပြီး ပိုက်ဆံ
လာပေးသူကပေး၊ အဝတ်အထည်တွေ၊အစားအသောက်တွေလာပေးသူနဲ့ တော်တော်ရလိုက်တယ်။
သူဖြင် ထင်တောင်မထားဘူးတဲ့။
        သဘာဝသရံဇာတ တွေပေါကြွယ်ဝသော မြန်မာပြည်မှာ ဘာကြောင်း ဆင်းရဲးတွင်းနက်နေလဲး
ဆိုတာတော  စဉ်းစားရင်များစွာသော အကြောင်းကြောင်း ကြောင့်.....
သူငယ်ချင်းတိုရေ  ပုံလေးတွေပါတင်တာ ပုံတွေရဲ့ ကုပ်စာလုံးတွေကတအားများနေတော့တင်မရဘူးဗျ။
အောက်ကလိပ်စာလေးမှာ ပုံလေးတွေကြည်ချင်ရင် သွားကြည့်လိုက်ပါ။
                                အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။       မောင်မြင့်
http://satekuupuyar.blogspot.com/2012/04/blog-post_1917.html
Views: 48
အမျိုးအစား/ကဏ္ဍ: ဗဟုသုတ
ကျွဲခတ်ပွဲ
လက်မ လက်ညှိုး
လက်ခလယ် လက်သူကြွယ်
လက်သန်းငယ် လက်တစ်ဖ၀ါးတည်းပေမယ့်
အရွယ်အစား မတူညီဘူးကွယ်...။
ကချင်ကရင် ချင်း မွန်
ဗမာရခိုင် ရှမ်း
လူမျိုးနွယ်မတူပေမယ့်
တစ်တိုင်းတည်း သားတွေကွဲ့ ။
လက်သည်းဆိတ်တော့ လက်ထိပ်နာ
မတူညီတာတွေရှိပေမယ့်
အရေးကြီးရင် သွေးနီးရသကွဲ့ ။
ပြောချင်ဘူးကွယ်.....
သူက လည်း က ကြီး
ငါကလည်း  ဒဒွေး
နင်ကလည်း ယပလက်
သူပြောတော့ င သတ်တဲ့
အရပ်လေးခုမှာနေ
အမြင်လေးမျိုးနဲ့ ပြော
တောပြောတောင်ပြော ဆိုပေမယ့်
ကိုယ်မြင်တာကိုယ်ပြောတာဆိုတော့
အဆိုးမဆိုသာပေမယ့်
ပြောတာတွေ ဖလှယ်ကြည့်
အမှန်တရားတော့ ရှိမယ့်ကွဲ့ ။
ခုတော့ဖြင့် တကယ်
အများညီ တိုင်းပြည်စည်မယ့်အရေး
သူ့ ကလည်း သူ့နွား
ငါကလည်း ငါ့စကား
သူတစ်လူ ငါတစ်မင်း ဖြစ်ချင်တော့
မြင်သမျှ ရင်လေးတယ်။
လူငယ်နဲ့ လူကြီး
စာပေထီး သခင်ကိုယ်တော်မှိုင်းလည်း
နွားနှစ်ကောင် ညီစွာရုန်းပါမှ
သာလေမည့် တိုင်းပြည်အရေး
အရာရာမျှော်တွေးလို့ 
ဘေးမရှိရာပဲ ပြေးနေချင်ပေမယ့်....
သူ့အမျိုး သူချစ်သလို
ကိုယ့်အမျိုး ကိုယ်ချစ်မိလို့ 
ကိုယ့်အမျိုးတွေလည်း ပစ်မပြေးချင်ဘူး။
ကျွဲနှစ်ကောင်ကြားက မြေဇာဆိုပေမယ့်
နင်တို့ ခတ်တဲ့ပွဲ
ဘယ်လိုပဲနွှဲနွှဲ
မြေဇာတွေခမျာ
အခါခါ နာရမှာမို့ 
သွေးမစို့ ခင် အမှန်တရားမြင်လို့ 
ချစ်ကြည်စွာ တူတွဲနေဖို့ 
ငါ မသေမီပြောချင်တယ်.....
အရှင်ဦးဝိစာရမိန့် သလို......
လိမ္မာရစ်ကြပါ ကွယ်....။
Views: 20
အမျိုးအစား/ကဏ္ဍ: ကဗျာ
( ၉ )နှစ်သားအရွယ် ကလေးငယ်တစ်ဦးက ပေးခဲ့တဲ့ သင်ခန်းစာ
( ၉ )နှစ်သားအရွယ် ကလေးငယ်တစ်ဦးက ပေးခဲ့တဲ့ သင်ခန်းစာ
posted by အရှင်သုနန္ဒာလင်္ကာရ
ဒီဆောင်းပါးလေး ဖြစ်ပေါ်လာပုံကတော့ ဂျပန်နိုင်ငံ ဖူကူရှီးမားမြို့မှာ ရဲဝန်ထမ်းအဖြစ် ဝင်ရောက်လုပ် ကိုင်နေတဲ့ ဟာမင်းသန်း ဆိုတဲ့ ဗီယက်နမ်လူမျိုးက ဗီယက်နမ် နိုင်ငံမှာ ရှိနေတဲ့ သူ့သူငယ်ချင်းဆီ ရေးခဲ့တဲ့စာလေးက စခဲ့တာပါ ။ ကဲ ဒီဆောင်း ပါးထဲမှာ ပါတဲ့အတိုင်း ဤသည်မရွေး ရေးလိုက်ပါ့မယ် ။
ယင်းသည် ဂျပန်လူမျိုးတို့၏ စိတ်ဓါတ်အင်အား ကြံ့ခိုင်မှု့ ပြယုဂ် သာဓက တစ်ခုဖြစ်ပြီး ဖူကူရှီးမား နူကလီးယား ဓါတ်အား ပေးစက်ရုံရှိ ဂျပန်နိုင်ငံ၏ ဘေးဒုက္ခ ကြုံရာ ဗဟိုချက် အနီးမှ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်မှန် ဘဝသရုပ်ဖေါ်ပြကွတ် တစ် ခုလည်းဖြစ်သည် ။ ၄င်းကို နယူးအမေရိက မီဒီယာမှ အင်ဒရူးလမ်းက ဘာသာပြန်၍ ရှန်ဟိုင်းနေ့စဉ် သတင်းစာတွင် ဖေါ်ပြခဲ့သည် ။
အစ်ကို -
အစ်ကိုနဲ့မိသားစု နေကောင်းရဲ့လား ။ ဒီမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖရိုဖရဲနဲ့ ကစဥ့်ကလျားဖြစ်ကုန်ပါတယ် ။ ကျွန်တော်မျက်လုံးမှိတ်လိုက်တဲ့ အခါ လူသေအလောင်းတွေ မြင်နေရတယ် ဖွင့်လိုက်ရင်လည်း လူသေတွေပဲမြင်နေရတယ် ။ ကျွန်တော်တို့အားလုံး တစ်နေ့ကို နာရီ ( ၂၀ ) အလုပ်လုပ်ရပါမယ် ။ ဒါပေမယ့် တစ်နေ့ကို ( ၄၈ ) နာရီလောက်ရှိစေ ချင်မိတယ် ။ ဒီတော့မှ လူတွေကို ကူညီကယ်ဆယ်တာဆက်လုပ်နိုင်မယ် ။
ကျွန်တော်တို့မှာ ရေရောလျှပ်စစ်မီးပါ မရှိတော့ ပါဘူး စားနပ်ရိက္ခာခွဲတမ်းလည်း ကုန်သလောက်ဖြစ်နေပါပြီ ။ ကျွန်တော် တို့ဟာ ဒုက္ခသည်တွေကို အခြားတစ်နေရာပို့ပေးဖို့ အမိန့်သစ်မလာခင်မှာ ပြောင်းတယ်ရွှေ့တယ် ဆိုရုံလေး လုပ်ပေးနိုင် ပါတယ် ။ ခုလောလောဆယ် ကျွန်တော် ဖူကူရှီးမား မှာပါ ။ နူကလီးယား စက်ရုံနဲ့ ( ၂၅ ) ကီလိုမီတာ အကွာမှာပေါ့ ။ ကျွန်တော် အစ်ကို့ကို ရင်ထဲရှိသမျှ ရေးချလို့ရရင် ရေးချင် ပြောချင်တာတွေ အများကြီးပါ ။ ဘေးဒုက္ခကြုံတွေ့ချိန်မှာ လူသားတွေရဲ့ တစ်ဦးနဲ့ တစ်ဦး အပေါ် ဆက်ဆံရေးနဲ့ အပြုအမူ တွေအကြောင်းဝတ္ထုရှည်တစ်ပုဒ် အဖြစ် ကောင်းကောင်း ကြီးရေးနိုင်လောက်ပါတယ် ။
ဒီကလူတွေဟာ တည်တည်ငြိမ်ငြိမ်ရှိကြပါတယ် ။ သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ အပြုအမူ အပေါ်ထိန်းသိမ်းနိုင်တဲ့ အသိစိတ်ဟာ အံ့သြ လောက်ပါတယ် ။ ဒါကြောင့် အခြေအနေရပ်ရပ်ဟာ ထင်သလောက်ဆိုးဝါးမသွားတာပါ ဒါပေမယ့် နောက်တစ်ပါတ် ဆိုရင်တော့ သင့်တော်တဲ့ ကာကွယ်စောင့်ရှောက်မှု့နဲ့ စည်းစနစ်တကျရှိမှု့ကိုဆက်လက်ဆောင်ရွက်မပေးနိုင်တော့တဲ့ အခြေအနေထိရောက်မလာဘူးလို့တော့ အာမမခံနိုင်ပါဘူး ။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့လည်းလူသားတွေပဲလေ အစာရေစာငတ်မွတ်မှု့က ဂုဏ်သိက္ခာကို လွှမ်းမိုးသွား ( ဂုဏ်သိက္ခာ ထက် ပိုအားကောင်းသွား ) တဲ့အခါမှာတော့ လုပ်စရာရှိတာ လုပ်ကြပါလိမ့်မယ် ။ အစိုးရက အစားအစာနဲ့ ဆေးဝါးတွေကို သယ်ယူပြီး ထောက်ပံ့မှု့တွေကို လေကြောင်းကနေ ပေးဖို့ ကြိုးစားနေပါတယ် ။ ဒါပေမယ့် ပင်လယ်သမုဒ္ဒရာထဲကို ဆားတစ်ဆုပ်ကြဲသလို သိပ်မထိရောက်ဘူး ဖြစ်နေတယ် ။
ဒါနဲ့ အစ်ကိုရေ ကျွန်တော့ရင်ကို တကယ်လှုပ်ခတ်သွားစေတဲ့ ဖြစ်ရပါတစ်ခုရှိတယ် ဒီဖြစ်ရပ်မှာ ဂျပန်ကလေးတစ် ယောက်က ကျွန်တော့လို အရွယ်ရောက်နေတဲ့ လူကြီးတစ်ယောက်ကို လူသားတစ်ယောက် အနေနဲ့ ဘယ်လိုပြုမူ သင့်တယ် ( ဘာလုပ်သင့်တယ် ) ဆိုတဲ့ သင်ခန်းစာကိုပေးသွားပါတယ် ။ မနေ့ညက ကျွန်တော် မူလတန်းကျောင်း တစ်ခုမှာ တာဝန်ကျတယ် ဒုက္ခသည်တွေကို စားစရာဝေတဲ့ စေတနာရှင် အဖွဲ့တစ်ခုကို ကူညီပေးဖို့ပါ ။ စားစရာဝေ တာကိုယူဖို့ စောင့်နေတဲ့ လူတန်းရှည်ကြီးဟာ မြွေလိမ် မြွေကောတ် လမ်းတစ်ခုလို အရှည်ကြီးပါပဲ အဲဒီမှာ ( ၉ ) နှစ်လောက်ရှိမယ့် ကောင်လေးတစ်ယောက်ကို ကျွန်တော်တွေ့တယ် ။ ချာတိတ်လေးက တီရှပ်နဲ့ ဘောင်းဘီကို ဝတ်ထားတယ် ။
ရာသီဥတုက သိပ်ကို အေးနေပြီး ကောင်လေးကို လူတန်းကြီးရဲ့နောက်ဆုံးဆိုမှ တကယ့်နောက်ဆုံးမှာ . သူ့အလှည့် ရောက်တော့ စားစရာကျန်ပါ့မလားဆိုပြီး ကျွန်တော် စိုးရိမ်သွားမိတယ် ဒါနဲ့ ကျွန်တော် စကားသွားပြောကြည့်တော့ ငလျင်လှုပ်တဲ့ အချိန်မှာ သူကကျောင်းမှာ သူ့အဖေက ကျောင်းအနီးမှာ အလုပ်လုပ်တော့ ကျောင်းကိုကားနဲ့ လာနေတုန်း ဆူနာမီလှိုင်းလုံးကြီးက တိုက်ချသွားတာကို သူက ကျောင်းရဲ့ တတိယထပ် လသာဆောင်ကနေ လှမ်းမြင်လိုက်သတဲ့ ။
ကျွန်တော် သူ့အမေ အကြောင်းမေးကြည့်တော့ သူတို့အိမ်ဟာ ပင်လယ်ကမ်းခြေမှာ ရှိတဲ့ အတွက် သူ့အမေရော ညီမလေးပါ လွတ်နိုင်မှာ မဟုတ်ဘူး ဆူနာမီထဲပါသွားလောက်ပြီလို့ ပြောတယ် ။ သူ့ဆွေမျိုးသားချင်းတွေအကြောင်းမေးတဲ့ အခါမှာ မျက်နှာကို တစ်ဖက်ကိုလှည့်ပြီး မျက်ရည်စတွေ သုတ်နေရှာတယ် ။ ကလေးက ချမ်းတုန်နေတာကြောင့် ကျွန်တော့်ရဲ့ အပေါ် အင်္ကျီ ကိုချွတ်ပြီး သူ့ကိုယ်ပေါ်တင်ပေးတော့ ကျွန်တော်ရထား တဲ့ စားစရာ ခွဲတမ်း ( ရာရှင် ) ထုပ်ကထွက်ကျသွားတယ် ကျွန်တော်ကောတ်ပြီး သူ့ကိုပေးရင်း ညီလေးအလှည့် ရောက်ရင် စားစရာကုန်ချင်ကုန်သွားမှာ ဒါက အစ်ကိုရထားတဲ့ ဝေစု အစ်ကိုတော့ စားပြီးပြီ ညီလေးစားလိုက်ပါ ဆိုတော့ ကောင်လေးက ကျွန်တော်ပေးတဲ့ စားစရာထုပ်ကို ယူပြီး ဦးညွတ် အရိုအသေပေးတယ် ။
သူချက်ချင်း စားလိမ့်မယ် ထင်ပေမယ့် မစားဘူးဗျာ သူက စားစရာထုပ်ကိုယူပြီး လူတန်းကြီးရဲ့ ဟိုးတစ်ဘက်စွန်း ထိယူသွား ပြီး ဝေဖို့ပုံထားတဲ့ စားစရာပုံထဲကိုထည့်လိုက်တယ်။ ကျွန်တော် တုန်လှုပ်သွားတာပေါ့ ဒါနဲ့ ဘာလို့မစားပဲနဲ့ စားစရာပုံထဲ သွားထည့်တာလည်း ဆိုတော့ သူက ကျွန်တော့်ထက် ပိုပြီး ဆာနေတဲ့သူတွေ အများကြီးပါ ကျွန်တော် အဲဒီအထဲမှာထည့်လိုက်ရင် စားစရာကို ညီညီမျှမျှ ဝေပေးမှာပေါ့ တဲ့။
ကျွန်တော်ရင်ထဲဆို့သွားလို့ မျက်နှာကို တစ်ဖက်လွှဲလိုက်ရတယ် မျက်ရည်ကျတာကို လူတွေမမြင်အောင်လို့ပါ ။ မြင့်မြတ် တဲ့ ကောင်းကျိုးအတွက် စွန့်လွှတ် အနစ်နာခံခြင်း သဘောတရားကို နားလည်သဘောပေါက်တဲ့ ( ၉ ) နှစ်အရွယ် ကလေးငယ်တစ်ယောက်ကို မွေးထုတ်ပေးနိုင်တဲ့ လူ့အဖွဲ့အစည်းဟာ မြင့်မြတ်တဲ့ လူ့အဖွဲ့အစည်း ကြီးမြတ်တဲ့ လူသားတွေ ဖြစ်ကို ဖြစ်ရမှာပါ ။
အစ်ကိုနဲ့ အစ်ကို့မိသားစု ကျန်းမာ ချမ်းသာစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ကျွန်တော့်တာဝန်ချိန်လည်း ပြန်စပါပြီ
ဟာမင်းသန်း ( Ha Minh Thanh )
စာလေးကတော့ ဒီလောက်ပါပဲ ဒါပေမယ့် ဆောင်းပါးရှင်က ထပ်ဖြည့်ထားပါသေးတယ်
ဂျပန်နိုင်ငံမှ အတုယူစရာ သင်ခန်းစာ ( ၁၀ ) ချက်
၁။ တည်ငြိမ်မှု့
ရင်ဘတ်စည်တီး ငိုကြီးချက်မ၍ ယူကျုံးမရ အပူလုံးကြွသူ မတွေ့ရ ။ သောကကို တည်ငြိမ်စွာ ဖြေဖျောက်နိုင်ကြသည် ။
၂ ။ ဂုဏ်သိက္ခာ
ရေနှင့်စားသောက်ကုန်များကို စည်းစနစ်တကျ တန်းစီယူကြသည် ကြမ်းတမ်းသောစကား ရိုင်းစိုင်းသော အမူအရာ လုံးဝ မတွေ့ရ ။
၃။ စွမ်းရည်
သာဓကအားဖြင့် မယုံနိုင်လောက်အောင်တော်သော ဗိသုကာပညာရှင်များရှိသည်။ အဆောက် အအုံများသည် ယိုင်းယိုင်သွားသော်လည်း ပြိုမကျ ။
၎။ ထောက်ထားညှာတာမှု့
လောလောဆယ်လိုအပ်သမျှသာ ဝယ်ကြသည် ။ အခြားသူများလည်း ရပါစေတော့ ဟူသည့် စိတ်ကိုထားသည် ( နောက်လူဝယ်စရာမကျန်အောင် မိမိတစ်ဦးတည်း လောဘတကြီး သိမ်းကျုံးဝယ်ယူခြင်းမျိုးမလုပ် )
၅။ စည်းကမ်းသေဝပ်မှု့
ဆိုင်များတွင်လုယက်ခြင်းမရှိလမ်းပေါ်တွင်ဟွန်းသံတညံညံ လုပ်ခြင်း ကျော်တက်ခြင်းများမရှိ အချင်းချင်းနားလည်ပေးမှု့ရှိသည် ။
၆။ အနာခံမှု့
နူကလီးယားဓါတ်ပေါင်းဖိုများတွင် ပင်လယ်ရေကို စုပ်ထုပ်ရန် အလုပ်သမား ( ဝန်ထမ်း ၅၀ ) သည်နောက်ချန်နေခဲ့သည် . ( ရေဒီယိုဓါတ်ရောင်ခြည်သင့်မှု့ခံရမည်ကိုသိလျက်နှင့် စွန့်လွှတ်အနစ်နာခံခြင်းဖြစ်သည် ) သူတို့၏ ကျေးဇူး နှင့် မြင့်မြတ်သော စိတ်ထားကို မည်သို့ပေးဆပ်နိုင်ပါမည်နည်း ။
၇။ ကြင်နာယုယမှု့
စားသောက်ဆိုင်များက ဈေးနှုန်းလျှော့ချပေးကြသည် အစောင့်အရှောက်မရှိသော အေတီအမ် ( ငွေထုတ်စက် ) စက်တစ်လုံးကို ဒီအတိုင်းထားသည် အားကြီးသူက အားနည်းသူကို ကူညီစောင့်ရှောက်သည်။
၈။ လေ့ကျင့်ထားမှု့
သက်ကြီးရွယ်အိုများနှင့် ကလေးများအပါအဝင် လူတိုင်းသည် ဘာလုပ်ရမည်ကို တိတိကျကျ သိသည် သိသည့်အတိုင်းလိုက်နာကျင့်သုံးကြသည် ။
၉။ မီဒီယာ
သတင်းမီဒီယာများက အထိန်းအကွပ်ရှိသည် သတင်းထုတ်ပြန်ရာ၌ နှိုင်းနှိုင်းချိန်ချိန် ထိန်းထိန်းသိမ်းသိမ်းရှိသည် ။ ပရမ်းပတာ သတင်းထောက်မရှိ ။
၁၀။ အသိစိတ်
စတိုးဆိုင်တစ်ခုတွင် ဓါတ်အားပြတ်တောက်၍ အမှောင်ကျသွားသောအခါ ဈေးဝယ်သူများသည် ဝယ်ရန်ယူထားသော ပစ္စည်းများကို စင်ပေါ်တွင် ပြန်တင်၍ အေးငြိမ်းစွာ ထွက်ခွာသွားကြသည် ။
ဆောင်းပါးရှင် ဦးဥာဏ်ဝင်းထက် ( စာပေဗိမာန် ) သူရဇ္ဇမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၁
ကြည့်နှုန်း: 26
အမျိုးအစား: ဗဟုသုတ
( ဘယ်သူ တရားခံလဲ )
လယ်တီဆုံးမစာ
ငါးအာရုံဘင်အစု၊ ခင်မှုနဲ့နေ့ကုန်၊
နင်ယခုမေ့ပုံလို၊ တွေ့မကြုံစခန်း၊
ပါယ်လေးဝ သောကဘုံမှာ၊
မျောရရုံ ရှိတော့ခမန်း။
အောက်ဝီစိ သောင်းအငူမှာ၊
ခေါင်းမပြူ စတမ်း။
နှစ်အရှည် နစ်မည့်လမ်းကိုလ၊
နင်မျှော်စမ်း နင့်ကိုယ်။
ဒေသနာထင်အလင်းရယ်နှင့်၊
နင့်အဖျင်း ပို ထက်သာပို။
သည်လောဘ စရိုက်အိုကို၊
မလိုက်လို ရှောင်ပစ်လို့၊
နောင်အသစ် တကယ်ပြင်လျှင်၊
ကောင်းဘို့အစဉ်။
ခွင့်သာခိုက်မှ မလိုက်ချင်လျှင်၊
အမိုက် နင့်ပြင် ရှိသေးလေလိမ့်လား..
ခွင့်သာဆဲမှ မခဲချင်လျှင်
အလွဲ နင့်ပြင် ရှိသေးလေလိမ့်လား..
ခွင့်သာတုန်းမှ မရုန်းချင်လျှင်၊
အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား..
You might also like:
ကြည့်နှုန်း: 3
အမျိုးအစား: ဘာသာရေး
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့ ၀င်ရေး၊ မ၀င်ရေးမှာ သူမ၏ သဘောဆန္ဒသာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့ ၀င်ရေး၊ မ၀င်ရေးမှာ သူမ၏ သဘောဆန္ဒသာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဧပြီလ ၂၃ ရက်နေ့ ပြောကြားချက်ကို ကိုးကားပြီး ဂျပန်မီဒီယာများက ရေးသားခဲ့သည်ကို အေအက်ဖ်ပီ သတင်းဌာနက သတင်းပြန်လည် ရေးသားဖော်ပြထားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော်မှ ကြိုဆိုနေပါကြောင်း၊ သို့ရာတွင် လွှတ်တော်သို့ ၀င်ရေး၊ မ၀င်ရေးမှာ သူမ၏သဘောဆန္ဒသာ ဖြစ်ပါကြောင်း ဂျပန်နိုင်ငံ တိုကျိုမြို့ တွင် သတင်းထောက်များအား ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ ကတိသစ္စာပြုချက်တွင် ပါဝင်သော စာသားကို ပြင်ဆင်ရန် ဖြစ်နိုင်ခြေ နှင့် ပတ်သက်၍ မေးမြန်းမှုကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လွှတ်တော်သို့ ၀င်ရေး၊ မ၀င်ရေးမှာ သူမကသာ ဆုံးဖြတ်ရမည် ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့သည်ဟု အေအက်ဖ် ပီသတင်းတွင် ဖော်ပြထားသည်။
“ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော်က ကြိုဆိုနေပါတယ်”ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံသို့ ငါးရက်ကြာ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော နိုင်ငံတော်သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖော်ဆောင်ရေးနှင့် ပတ်သက်၍ နောက်ကြောင်း ပြန်လှည့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။
ပြည်သူများ၏ အကျိုးစီးပွား အတွက် မိမိအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်း ဆောင်ရွက်ချင်ပါကြောင်းလည်း သမ္မတကြီးက ပြောကြားခဲ့ပြီး အစိုးရအဖွဲ့သို့ ၀င်ရန် တံခါးဖွင့်ထားပါကြောင်း၊ သို့ ရာတွင် သူမ၏ဦးစားပေး သတ်မှတ်ချက်များကို သူမကသာ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည် ဟု သတင်းတွင် ဖော်ပြထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ မေးခွန်းကို နိုင်ငံတော်သမ္မတက ပြင်ဆင်ရေးကို ပြည်သူများ၏ သဘောထားဆန္ဒက ဆုံးဖြတ် လိမ့်မည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်ဟု အေအက်ဖ်ပီ က ရေးသားထားသည်။
ထို့အပြင်ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော်မှ ကြိုဆိုနေပါကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဧပြီလ ၂၃ ရက်နေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ပြောကြားခဲ့သည်ကို ကိုးကား၍ ကျိုဒိုသတင်းအေဂျင်စီ၏ သတင်းရေးသားမှုကိုလည်း ကူဝိတ်သတင်းအေဂျင်စီက ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်းတွင်ပင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့ ၀င်ခြင်း၊ မ၀င်ခြင်းမှာ သူမ၏ သဘောဆန္ဒသာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည် ကို ဖော်ပြထားပါသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဂျပန်နိုင်ငံသို့ ငါးရက်ကြာချစ်ကြည် ရေးခရီး ရောက်ရှိနေစဉ်အတွင်း သတင်းထောက်များအား ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
ပြည်သူများ၏ အကျိုးစီးပွား အတွက် မိမိအနေဖြင့် ဒေါ်အောင် ဆန်းစုကြည်နှင့် ပူးပေါင်း ဆောင်ရွက်ချင်ပါကြောင်း သမ္မတကြီးက ပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် ပတ်သက်၍ နောက်ကြောင်းပြန်လှည့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားပါ သည်။
ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်း၌ ယနေ့ ဧပြီ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီမှ မွန်းလွဲ ၃ နာရီ အထိ ပြုလုပ်သော ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင်ရ ကိုယ်စားလှယ်များအား ပို့ချသည့် ဥပဒေသင်တန်း အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်အား မီဒီယာများက လွှတ်တော်သို့သွားရောက်ခြင်းပြု၊မပြုကိစ္စနှင့် ပတ်သတ်၍ ဝိုင်းဝန်းမေးမြန်းနေကြစဉ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က “လွှတ်တော်ကို မတက်ဘူးလို့ မပြောဘူး။ သွားနိုင်မယ့်အချိန်ကို စောင့်နေတာပါ” ဟု ဧပြီလ ၂၂ ရက်နေ့က ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်၌ပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရ ကိုယ်စားလှယ်များအား ပို့ချသည့် ဥပဒေသင်တန်း အပြီးတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့ပါသည်။
၂၀၁၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ၃ နာရီ အထိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် ကြားဖြတ် ရွေးကောက်ပွဲ၌ အနိုင်ရကိုယ်စားလှယ်များကို ပထမပိုင်းတွင် ဦးမျိုးရန်နိုင်သိမ်းက ပဋိပက္ခများကို ဖြေရှင်းခြင်းနည်းလမ်း၊ ဒုတိယပိုင်းတွင် တောင်တွင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သူ ဦးအောင်ကြည်ညွန့်က အလုပ်သမားဥပဒေ၊ လယ်ယာဥပဒေ နှင့် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေသင်တန်းများကို ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးအုန်းကြိုင်မှ “ လွှတ်တော်ထဲမှာ ပြဋ္ဌာန်းတဲ့ဥပဒေတွေ၊  မြေယာဥပဒေတို့၊ အလုပ်သမား သမဂ္ဂတို့၊ မြေလွတ် မြေရိုင်းဥပဒေ တို့နောက်  ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေ တွေကို ကျွန်တော်တို့ ကိုယ်စားလှယ်တွေကို ကျွန်တော်တို့ထဲက ဥပဒေပညာ ရှင်တွေက သင်တန်းပို့ ချတာပါ။ လွှတ်တော်ကို ဒီနေ့ကတော့ သွားဖို့ အစီအစဉ်မရှိဘူး။ သင်တန်းလည်း ပြီးသွားပြီ။ ကိုယ့် အလုပ်တွေကို ကိုယ်လုပ်ပြီး ငွေကြေးကိစ္စတွေကို အပြီးသတ် လုပ်ထားဖို့နဲ့ အဲဒီငွေကြေးကိစ္စ တွေကို သက်ဆိုင်ရာ ခရိုင်ကော်မရှင်တွေမှာ ကျမ်းကျိန်တာတွေ လုပ်ရမယ်” ဟု ပြောပါသည်။
ထို့နောက် ဦးအုန်းကြိုင်မှ လွှတ်တော်မတက်ခြင်းနှင့် ပတ်သက်၍ ပြည်သူများက စိုးရိမ်နေမှုများနှင့် ပတ်သက်၍ မေးမြန်းမှုကို “ အဲဒါကတော့ ကျွန်တော်တို့ ဟိုနေ့က ပြောထားတဲ့ အတိုင်းပါပဲ။ ကျွန်တော် တို့ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစားလိုက်နာပါမယ် ဆိုတဲ့ စကားရပ်ကို ပြင်ဆင်ပေးဖို့ အကြံပြုချက် တင်ထားတယ်။ အဲဒီ အကြံပြုချက်တင်ထားတာကို ဟိုတစ်နေ့ကတော့ ဖွဲ့စည်းပုံဆိုင်ရာ ကော်မရှင်ရုံးက သူတို့ဘောင်ထဲမှာ မရှိဘူးတဲ့။ သူတို့လုပ်ရမှာ မဟုတ်ဘူးလို့ပြောတယ်။ အဲတော့ လုပ်ရမှာက ဘယ်သူလဲ။ အဲဒါကတော့ သူတို့ ဆက်ပြီးတော့ လက်တွဲပြီး တော့လုပ်ပေါ့။ ကျွန်တော်တို့ကတော့ အကြံပြုချက် တင်ထားပြီးပြီ။ လုပ်ခွင့်ရှိနိုင်တဲ့သူ၊ လုပ်နိုင်တဲ့သူ တွေက လုပ်နိုင်တဲ့အတိုင်း လုပ်သွား ပေါ့။ တကယ်တော့ ကျွန်တော် တစ်ယောက်တည်း သဘောပြောရရင် ဒီကိစ္စဟာ ပထမဖြစ်စဉ်ကိုက ကော်မရှင်ဥပဒေမှာ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံ ဥပဒေကို ထိန်းသိမ်း စောင့်ရှောက် ကာကွယ်ပါမယ်ဆိုတဲ့ စကားရပ်က ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ဒီမိုကရေစီမကျလို့ မှတ်ပုံမတင်ခဲ့ဘူး။ ဦးသိန်းစိန်နဲ့ ကျွန်တော်တို့ဖက်က တွေ့ရာမှာ NLD ပါသင့်တယ်။ ကျွန် တော်တို့ကလည်း  လက်ခံပါတယ်။ ဒါပေမယ့် ဒီအချက်ကိုတော့ ပြုပြင်ပေးမှဖြစ်မယ်။ ဒါပြုပြင်ပေးမယ် ပြောလိုက်တယ်။ ပြောလိုက် ပြီးရင် ဒါက ဥပဒေပဲ။ တစ်အိမ်လုံး မီးလင်းပြီး မီးဖိုချောင်လေးကျမှ တစ်နေတာ ကျွန်တော်တို့ မပြောတတ်ဘူး။ လေးစားလိုက်နာပါမယ် ဆိုတဲ့ စကားရပ်ကြောင့် ကျွန်တော်တို့ ရွေးကောက်ပွဲဝင်ခဲ့တယ်။ ပြီးရင် လွှတ်တော်ထဲ သွားမယ်။ လွှတ်တော် ထဲသွားတဲ့အခါ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဟာ ပုဒ်မ ၁၂၅ အရ ဇယား (၄) ပါစာသား ကို ဥက္ကဌရှေ့မှာ ကျမ်းကျိန်ရမယ်။ ဒါလည်းကျွန်တော်တို့ မငြင်းပါဘူး။ ဖိတ်ကြားစာတွေ ရောက်ထားပြီးသား။ ဒါပေမယ့် အဲဒီနေရာမှာ သူတို့ သတိလစ်နေတဲ့ အချက်တစ်ခုက အဲဒီစာသားကတော့ ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ပါမယ် ဖြစ်နေတုန်းရှိသေးတယ်။ ဒါက ကျွန်တော်ခုနက ပြောသလို inline ပေါ်သွားရမယ်။ ဒီအဓိပ္ပါယ်အတိုင်း ဖြစ်သွားသင့်တယ်။ ဒါဟာ အခုထိတော့ မလုပ်ပေးဘူးလို့ ပြောတာမဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ သူတို့လုပ်ရမယ့် အလုပ်မဟုတ်ဘူးတဲ့။ ဒါဖြင့်လွှတ်တော်က လုပ်ရမယ့် အလုပ်လား။ ဒါကတော့ ကျန်တဲ့ ဌာနတွေက ဆက်စဉ်းစားဖို့  လိုပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။
eleven media group
မှ
ပြန်လည်တင်ပြသည်။
(ရဲဇော်ကို)
မိဘကျေးဇူး ဆပ်ကြစို့
မာတာပိတု ဂုဏောအနန္တော မိဘတို့ရဲ့ဂုဏ်ကျေးဇူးဟာ မရေတွက်အောင်များပြားလှတယ်တဲ့။ မိခင်ဖခင်တို့ကို ဗြဟ္မာကြီးတွေဟု သတ်မှတ်ထားပါတယ်။ဘာလို့လဲဆိုတော့ ဗြဟ္မာတွေက မေတ္တာဈာန် ကရုဏာဈာန်၊မုဒိတာဈာန်၊ဥပေက္ခာဈာန်များပွားကြသလို မိဘများကလည်း သားသမီးတွေအပေါ် အချိန် အားလျော်စွာ မေတ္တာပို့ပေးကြတယ်။(ချစ်သားချစ်သမီးများ ကျန်းမာချမ်းသာကြပါစေ စသည်ဖြင့်ပေါ့) မေတ္တာများအစဉ်ပို့ကြတာပါ။ထို့အတူ သနားခြင်း ကရုဏာတရား၊သားသမီးများချမ်းသာကြွယ်ဝ အဆင်ပြေတာကိုမြင်ရပြန်တော့ ဝမ်းမြောက်ခြင်းမုဒိတာတရား၊သနားကြင်နာမှု နဲ့ ဝမ်းမြောက်မှုတို့ရဲ့ အလယ်အလတ် ဥပေက္ခာတရားများကိုလည်း အစဉ်ပို့သပေးတာ မိဘပါ။ဒါကြောင့် ဗြဟ္မာကြီးများ ဗြဟ္မစိုရ်တရားလေးပါးကိုအစဉ်ပွားများကြသလို မိဘများကလည်းသားသမီးများအပေါ် ဗြဟ္မစိုရ်တရားလေး ပါး အစဉ်ပွားပေးနေတာဖြစ်တဲ့အတွက် မြတ်စွာဘုရားရှင်က မိဘတွေဟာဗြဟ္မာတွေနဲ့ တူတယ်လို့ ဟောတော်မူခဲ့တာပါ။
နောက်တစ်ခုက မိဘနှစ်ပါးဟာ သားသမီးများအတွက် လက်ဦးဆရာဖြစ်တယ်လို့ဟောတော်မူပါတယ်။ ဘာလို့လဲဆိုတော့ သားသမီးတွေ ကျောင်းမနေခင် ဆရာများရဲ့ဆိုဆုံးမမှုကိုမရသေးခင်မှာ မိဘနှစ်ပါးက ဒီလိုနေရမယ်။ဒီလိုသွား၊ဒီလိုစားစသည်ဖြင့် ပြောတတ်၊နေတတ် ထိုင်တတ် ဆက်ဆံတတ်အောင်ဆုံးမခဲ့ တာပါ။သင်ပြပေးခဲ့တာပါ။ဘယ်အရာမှမလိုအောင် လူတစ်လုံး သူတစ်လုံးအဖြစ်နဲ့ လောကအလည် လူပုံ အလည်မှာ တင့်တယ်အောင်ပြောပြဆုံးမခဲ့တာပါ။ဒါကြောင့် သားသမီးများရဲ့ လက်ဦးဆရာအစစ်က မိဘ နှစ်ပါးဖြစ်တယ်လို့မြတ်စွာဘုရားကဟောတော်မူခဲ့တာပါ။
နောက်ပြီး မိဘများအနေနဲ့ သားသမီးများကို ငယ်စဉ်ကပင် ပညာသင်ပေးခြင်း ၊ ကျွေးမွေးစောင့်ရှောက်ပေး ခြင်း၊အဝတ်အစားဆင်ယင်ပေးခြင်း ၊နို့ချိုတိုက်ကျွေးပေးခြင်း၊သားသမီးများရဲ့ ကျင်ကြီး ကျင်ငယ်မကျန် ရွံရှာ ခြင်းမရှိ၊ငြူစူခြင်းမရှိ စေတနာ၊မေတ္တာ၊ ကရုဏာ တရားတွေနဲ့အစဉ်စောင့်ရှောက်ပေးခဲ့ပါသေးတယ်။နေပူ မရှောင် မိုးရွာမရှောင် ရှာဖွေကျွေးမွေးပြီး မိမိမဝတ်ရ မစားရရင်နေပါစေ။သားသမီးများ စားရ၊ဝတ်ရ မပူမပင် မကြောင်းမကျရလေအောင်ရှာဖွေကျွေးမွေးခဲ့တာမိဘပါ။သားသမီးများ မမွေးမီတည်းက မေတ္တာတရား၊ ကရုဏာတရား၊စေတနာတွေပေးခဲ့တာလည်းမိဘဖြစ်ပါတယ်။ဒါကိုအစဉ်သဖြင့်စောင့်ရှောက်ပေးတယ်လို့ စာပေမှာလာပါတယ်။ သားသမီးများရဲ့ စားဝတ် နေရေး ပညာရေးပါမကျန်ရလေအောင်ရှာဖွေကျွေးမွေး နို့ချို တိုက်ကျွေးခဲ့တဲ့ကျေးဇူးတရားတွေကြောင့် သားသမီများက ပြန်လည် ကျွေးမွေးခြင်းကိုခံယူထိုက်တဲ့ အာဟု နေယျ ဂုဏ်နဲ့လည်းပြည့်စုံပါတယ်။မိဘများရဲ့ ကျေးဇူးတရားက ရေးပြရင်တောင် ကုန်ဖွယ်ရာမရှိပါ။ နှိုင်းယှဉ် ပြစရာလည်း တန်းတူ တူတဲ့အရာမရှိပါဘူး။ဒါကြောင့် မာတာပိတု ဂုဏောအနန္တောလို့ဆိုတာပါ။
ရှစ်သောင်းလေးထောင် အမြင့်ရှိတဲ့ မြင့်မိုရ်တောင်ကြီးပင် မိဘကျေးဇူး၊မိဘမေတ္တာနဲ့နှိုင်းယှဉ်ကြည့်လိုက် မယ်ဆိုရင် နွားငယ်သေးသေးလေးတစ်ကောင်၏ ဦးချိုလောက်ပင်ရှိပါတယ်။မဟာသမုဒ္ဒရာထဲမှရေတွေ ဘယ်လောက်ပင်များသော်လည်း မိဘကျေးဇူး မိဘမေတ္တာနှင့်နှိုင်းယှဉ်လိုက်မည်ဆိုပါက မိုးရေပေါက် တစ်ပေါက်မျှသာရှိပါတယ်။နှစ်သိန်းလေးသောင်း အထုရှိတဲ့ မဟာပထဝီမြေကြီးသည်လည်း မိဘကျေးဇူး မိဘမေတ္တာနဲ့နှိုင်းယှဉ်လိုက်မည်ဆိုပါက ဝါးရွက်မျှလောက်ပဲရှိပါတယ်။
(ဆောင်)မြင့်မိုရ်တောင်ပမာ ကြီးကျယ်ပါလည်း ၊မာတာပိတ ဂုဏ်နှင့်ဆသော် နွားချိုမျှသာ ရှိတော့သည်။ မဟာသမုဒ္ဒရာ ကြီးကျယ်ပါလည်း မာတာပိတ ဂုဏ်နှင့်ဆသော် ရေပွက်မျှသာရှိတော့သည်။  မြေပထဗျာကြီးကျယ်ပါလည်း မာတာပိတ ဂုဏ်နှင့်ဆသော် ဝါးရွက်မျှသာရှိတော့သည်။
၁။ သားသမီးအပေါ်တွင် ထာဝစဉ် မေတ္တာထားသောကြောင့် ဗြဟ္မာ ဖြစ်ပါသည်။
၂။ငယ်စဉ်ကတည်းကဒီလိုစား၊ဒီလိုသွား၊ဒီလိုနေဟူ၍သင်ကြားပြသပေးသောကြောင့်လက်ဦးဆရာ ဖြစ်သည်။
၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။သားသမီးကလည်း ထိုသို့ ပြန်လည် လုပ်ကျွေး ထိုက်သော အာဟုနေယျ ပုဂ္ဂိုလ် ဖြစ်သည်။
၎။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင် တိုးတက်အောင် စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။
၅။ သားသမီးမမွေးခင် ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒ ဟုမည်သည်။
၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သော မိခင်၏ ဂုဏ်ကို ဇနေတ္ထိ ဟုခေါ်သည်။
၇။ နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို ပေါသက ဟုခေါ်သည်။
၈။ ယုယကြင်နာစွာ မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို ပေါသေန္တ ဟုခေါ်သည်။
၉။ အမြဲတစဉ် စောင့်ရှောက်နေတတ်သောကြောင့် အာပါဒက ဟုမည်သည်။
၁၀။ လူအကြောင်း၊လောကအကြောင်းကိုမိဘများ သိသမျှ သားသမီးများသိရအောင် ပြောပြသောကြောင့် ဒေဿတာရ ဟုခေါ်သည်။
၁၁။ သားသမီးများကို ချော့ပြော၊နားဝင်အောင် ပြောသောကြောင့် တောသယန္တိ ဂုဏ်မည်သည်။
၁၂။ ကိုယ်သုံးဖို့ ရှာထားသောပစ္စည်းကို ကိုယ် ကိုယ်တိုင်မသုံးရက် ၊မစားရက်အောင် သားသမီး အတွက် ချန်ထားသောကြောင့် ရသော ဂုဏ်ကို ဂေါပယန္တိ ဟုခေါ်သည်။
မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး။
၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။
၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။
၎။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။
၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။
၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။
၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။
၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။
၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။
၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။
၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။
၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။
ထိုမျှမက တုနှိုင်းမရတဲ့ မိဘကျေးဇူး၊မိဘမေတ္တာ၊မိဘဂုဏ်များကို သားသမီးများဖြစ်ကြတဲ့ ပုဂ္ဂိုလ်များအနေနဲ့ မိဘကျေးဇူး၊မိဘမေတ္တာကို နားလည်သင့်ပါပြီ။နားလည်သည့်အားလျော်စွာ သားသမီးများအလှည့်ကို ရောက်လာကြပြီဆိုလျှင် မငြို၊မငြင်ဘဲ ပြုစုစောင့်ရှောက်သင့်ပါတယ်။ကျေးဇူးတရားတွေကို ဆပ်နိုင် သလောက်ဆပ်သင့်ပါတယ်။မိဘများသက်ရှိထင်ရှားရှိစဉ်မှာလည်း မိမိတာဝန် ကျေပွန်အောင်ပြုစု လုပ်ကျွေး ပူဇော်ကြမယ်ဆိုရင် မြင့်မြတ်တဲ့ ဗြဟ္မာကြီးများကိုပြုစုလုပ်ကျွေးရသလို ပညာတတ် အသိပညာ ရှင်ဆရားကြီးတွေကို ပူဇော်ရသလို အကျိုးထူး အကျိုးမြတ်များခံစားရမှာပါ။မိဘများအသက်ထင်ရှား မရှိရင်လည်း မိဘကျေးဇူး အထူးသိတတ် ပေးဆပ်ချင်ပါတယ်ဆိုရင် မိဘများကို ပူဇော်ချင်ပါတယ်ဆိုရင် မိဘဂုဏ်ကျေးဇူး အာရုံပြု သံဃာတော်များဆွမ်းကပ် ကောင်းမှုပြု အမျှပေးဝေလိုက်မယ်ဆိုရင်လည်း ကျေးဇူးဆပ်ရာရောက်ပါတယ် ဆိုတဲ့အကြောင်းကို အသိပေးရေးသားလိုက်ရပါသည်။
အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
http://www.wiradhamma.blogspot.com/
ဦးဇင်းဘလော့မှာလည်းလာရောက်လေ့လာနိုင်ပါသည်။