Thursday, November 22, 2012

ဒေါ်မို့မို့ဝင်းပိုင်စက်ရုံလား? အစိုးရပိုင်စက်ရုံလား?


November 21, 2012
 
မန္တလေးတိုင်း ၊ ကျောက်ဆည်မြို့ နယ်ရှိ အမှတ်(၁) စက်မှု ၀န်ကြီးဌာနပိုင် အမှတ် (၃၃) ဘိလပ်မြေစက် ရုံသည် ဒေါ်မို့ မို့ ဝင်းပိုင် စက်ရုံလား?  အစိုးရဌာနပိုင် စက်ရုံလား မသိဖြစ်နေခြင်း ဖြစ်ပါတယ် ။
အကြောင်းအရင်းမှာ ဒေါ်မို့မို့ဝင်းသည် ၄င်းစက်ရုံတွင်(စိတ်မှူး) ရာထူးဖြင့် နေ့ စဉ်ဌာနမှ ထွက်ရှိသော ဘိလပ်မြေတန်- ၅၀၀ ကျော်ခန့် အား ဘိလပ်မြေ ရရှိသူ ကိုယ်စားလှယ်များအား သတ်မှတ် ခွဲတမ်းများအား ဖြန့် ဝေပေးရကြောင်း ၊ ယင်းသို့ ဖြန့် ဝေရာ တွင် ဒေါ်မို့မို့ဝင်းမှ သတ်မှတ်ခွဲ တမ်းများ အား ဖြန့် ဝေပေးရကြောင်း၊ ယင်းသို့ ဖြန့် ဝေရာတွင် ဒေါ်မို့မို့ဝင်း ထံ သတ်မှတ်ခွဲတမ်း ရရှိသူ ကိုယ်စား လှယ်များမှ ၁တန်လျှင် (၅၀၀)ကျပ်နှုန်းအား တရားဝင် သဘောပေးရသည့် အပြင်၎င်း၏ ကိုယ်ပိုင် ယာဉ်များဖြစ်သည့် ၈ဆ/၉၆၀၆(၁၀)ဘီး ၊ ၂၈/၉၈၁၁(၁၂)ဘီးယာဉ်နှင့် ၄ဃ ၊၄၆၂၅(၂၂)ဘီးယာဉ် တို့ ဖြင့် ကိုယ်စားလှယ်များ ဘိလပ်မြေ သယ်ယူသွားလိုသည့် တိုင်းနှင့် ပြည်နယ်နေရာများသို့  ယာဉ်ဌားရမ်း မည်ဆိုလျှင် ဘိလပ်မြေခွဲတမ်း အပြည့် အဝပေးပြီး ၊ ၄င်းတို့  ယာဉ်များဖြင့် မဌားရမ်းလိုဘဲ ကိုယ်စားလှယ်များမှ ၄င်းတို၏ အစီအစဉ်ဖြင့် ယာဉ်ဌားရန်မည်ဟု ပြောဆိုပါက ခွဲတမ်းအား အကြောင်း အမျိုးမျိုးပြ၍ အပြည့် အဝမပေးဘဲ ရက်ရှည် အချိန်ဆွဲ ထားခြင်းဖြင့် ဘိလပ်မြေ ထုတ်ယူလိုသည့်  ကိုယ်စားလှယ်များ အနေဖြင့် ဒေါ်မို့မို့ဝင်း၏ လုပ်ရပ်ကြောင့် ခရီးစရိတ်ထောင်းပြီး အခက်အခဲနှင့် ရင်ဆိုင်နေ ရကြောင်း ဒေါ်မို့မို့ဝင်း၏ ယာဉ်ဌားရမ်းခ ဈေးနှုန်းများမှာလည်း ပြင်ပ ဈေးနှုန်းများထက် ကြီးမြင့် နေကြောင်း သို့ ဖြစ်၍ အစိုးရ တာဝန်ရှိသူများ အနေဖြင့် ၄င်းဘိလပ်မြေ စက်ရုံ သည် ဒေါ်မို့မို့ဝင်းပိုင် စက်ရုံလား? အစိုးရပိုင် စက်ရုံလား? မသိ ဖြစ်နေရခြင်း ဖြစ်ပါသည်။
ပြည်သူတစ်ဦး
Copy from - demowaiyan.org

0 ကွန်မန့်ရေးရန်:

Post a Comment