နတ်သမီးဝတ်စုံနဲ့ မြို့ပြရဲ့မျက်နှာမှာ
အနိဌာရုံတချို့ စီးကျ၊ ဆူပွက်
ချွေးစက်တွေ... ချွေးစက်တွေ ဖိုသီဖတ်သတ်နဲ့
အနံအသက်တွေ လှိုင်လှိုင်ထ
ညတွေက ရွံစရာကောင်းပြလာကြတယ်။။
နေဝင်ချိန်ကို ပြုံးမပြနိုင်တဲ့
မနက်ခင်းပျောက်သူတွေများလာတဲ့ခဏ
အဲဒီမြို့ပြက
ဖြစ်ခြင်း၊ ပျက်ခြင်းကို တရားပြတယ်။။
အတ္တစုတ်ချက် ကြမ်းကြမ်းတွေနဲ့
လက်တမ်း ချချရေးတဲ့ပန်းချီကားထဲမှာ
ငါးခုံးမတစ်ကောင်ကြောင့်မဟုတ်ပဲ
တစ်လှေလုံးပုတ်သွားခဲ့ကြ။။
မိတ်ကပ်ပဲလိမ်းနေရတဲ့ ယနေ့မြို့ပြဟာ
စိုးရိမ်စရာ ကိုယ်သင်းနံ့အတွက်
လက်သီး၊လက်မောင်းတန်းရင်း ဆန္ဒပြတယ်
သူ့ရဲ့ညမှာ ကြယ်တွေ၊လတွေ ပျောက်ရှခဲ့တာကြာပြီတဲ့။။
လူတိုင်းမှာ... လူတိုင်းမှာလို့ ရှေ့ကကာရင်း
(ကိုယ်ပိုင်)...လွတ်လပ်ခွင့်ကို
မရိုးသားစွာ ချိုးဖောက်လာကြတဲ့နောက်
မြို့ပြမြင်ကွင်းတွေ အရင်လို မရိုးရှင်းတော့ဘူး။။
မရဲတရဲ ကြည့်ခဲ့ရတော့ မျက်စိအမြင်ကမွဲတယ်
ရှောင်ဖယ်ဖို့ခက်ခဲတဲ့နောက်
(အဲဒီ မြို့ပြမြင်ကွင်းကို)
လွတ်လပ်စွာ မျက်နှာလွှဲလိုက်ရ
သူတို့ပြောတဲ့ လူတိုင်းဆိုတာထဲ ကိုယ်ကျတော့မပါခဲ့ဘူးပဲ။။
အလင်းသစ်
(http://alinthits.blogspot.com/)
0 ကွန်မန့်ရေးရန်:
Post a Comment