Thursday, November 22, 2012

သတင်းသမားများ သတင်းသွားယူရင်း ဖမ်းဆီး တရားစွဲခံရ



 
သတင်းသမားများ သတင်းသွားယူရင်း ဖမ်းဆီး တရားစွဲခံရ
By Burmavj Media Network
ဘားမားဗီဂျေမီဒီယာမှ သတင်းရိုက်ကူးသူ သတင်းသမား ကိုမျိုးကျော် (ခေါ်) ညီထွေးသည် New Day မီဒီယာမှ Freelance သတင်းသမား မကြည်ငြိမ်းသော်နှင့်အတူ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် ကညွတ်အိုင် အင်းကိစ္စ သတင်းသွားယူရာ ၁၉-၁၁-၂၀၁၂ ညနေ ၄း၃၀ နာရီတွင် ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် သဲခုံရွာမှအထွက် ပုသိမ်-ရန်ကုန်ကားလမ်းပေါ်တွင် ကျောင်းကုန်းရဲစခန်းမှ တာဝန်ရှိသူများက ၎င်းတို့နှင့် တပါတည်း လိုက်ပါခဲ့ရန် ပြောဆိုကာ ပန်းတနော်ရဲစခန်းသို့ ခေါ်ယူခြင်း ခံခဲ့ရပြီး ပန်းတနော်ရဲစခန်းတွင် ကျောင်းကုန်းရဲတပ်ဖွဲ့ စခန်းမှူးမှ အင်းပိုင်ဦးမှုံမှ အမှုဖွင့်တိုင်တန်းချက်အရဟု ပြောကာ ပုဒ်မ ၄၄၇၊ ၄၂၇၊ ၃၄ တို့ဖြင့် ၎င်းတို့နှစ်ဦးအား အမှုဖွင့်ခဲ့ပြီး ည ၁၂း၀၀ နာရီခန့်တွင် ကိုယ်ပိုင်ခံဝန်ဖြင့် လွှတ်ပေးကာ ကျောင်းကုန်းတရားရုံးတွင် ဆက်လက် အမှုရင်ဆိုင်ရမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဘားမားဗီဂျေမီဒီယာမှ သတင်းရိုက်ကူးသူ သတင်းသမား ကိုမျိုးကျော် (ခေါ်) ညီထွေးသည် New Day မီဒီယာမှ Freelance သတင်းသမား မကြည်ငြိမ်းသော်နှင့်အတူ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် ကညွတ်အိုင် အင်းကိစ္စ သတင်းသွားယူရာ ၁၉-၁၁-၂၀၁၂ ညနေ ၄း၃၀ နာရီတွင် ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် သဲခုံရွာမှအထွက် ပုသိမ်-ရန်ကုန်ကားလမ်းပေါ်တွင် ကျောင်းကုန်း ရဲစခန်းမှ တာဝန် ရှိသူများက ၎င်းတို့နှင့် တပါတည်း လိုက်ပါခဲ့ရန် ပြောဆိုကာ ပန်းတနော် ရဲစခန်းသို့ ခေါ်ယူခြင်း ခံခဲ့ရပြီး ပန်းတနော် ရဲစခန်းတွင် ကျောင်းကုန်းရဲတပ်ဖွဲ့ စခန်းမှူးမှ အင်းပိုင်ဦးမှုံမှ အမှုဖွင့် တိုင်တန်းချက်အရဟု ပြောကာ ပုဒ်မ ၄၄၇၊ ၄၂၇၊ ၃၄ တို့ဖြင့် ၎င်းတို့ နှစ်ဦးအား အမှုဖွင့်ခဲ့ပြီး ည ၁၂း၀၀ နာရီခန့်တွင် ကိုယ်ပိုင် ခံဝန်ဖြင့် လွှတ်ပေးကာ ကျောင်းကုန်း တရားရုံးတွင် ဆက်လက် အမှုရင်ဆိုင်ရမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။

By Burmavj Media Network

0 ကွန်မန့်ရေးရန်:

Post a Comment