Thursday, November 22, 2012

အသက်(၁၄)နှစ်အရွယ် မိန်းကလေးနှင့် လိင်မှုပြုခဲ့လို့ ထောင်ကျသော သန့်ရှင်းရေးသမား(၅)ယောက်



စင်္ကာပူနိုင်ငံတွင် အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးအား စင်္ကာပူဒေါ်လာ (၁၀)ဒေါ်လာမှ ဒေါ်လာ(၁၀၀)အတွင်း ပေး၍ လိင်အမှုပြုခဲ့သော အသက်(၂၃)နှစ်မှ (၃၁)နှစ်အတွင်းရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သန့်ရှင်းရေးသမား (၅)ဦးအား ထောင်ဒဏ် (၁၀)လမှ (၁၇)လအထိ အသီးသီးကျခံစေရန် နိုဝင်ဘာ(၂၀)ရက်နေ့တွင် တရားရုံးက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
သန့်ရှင်းရေး အလုပ်လုပ်သူ မိဘနှစ်ပါးမှ မွေးဖွားလာသော ထိုမိန်းကလေးဟာ ထိုသန့်ရှင်းရေးသမား ငါးဦးနှင့် သိကျွမ်းခဲ့ကာ သူမကိုယ်တိုင် ငွေယူ၍ ပြည့်တန်ဆာမှု ပြုခဲ့တာဖြစ်ကြောင်းလည်း သိရသည်။

ပထမဆုံး အသက်(၃၁)နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သန့်ရှင်းရေးသမားက သူမအား ၂၀၁၁ခုနှစ်က စင်္ကာပူဒေါ်လာ (၁၂)ဒေါ်လာပေး၍ လိင်အမှုပြုခဲ့တာဖြစ်ကြောင်းလည်း သိရသည်။
ယခုအခါ အသက်(၁၅)နှစ်အရွယ်သို့ ရောက်လာပြီဖြစ်သော ထိုမိန်းကလေးအား Pertapis Centre ဟု ခေါ်သည့် အမျိုးသမီးနှင့် မိန်းကလေးများဂေဟာက ဂရုစိုက်စောင့်ရှောက်လျက်ရှိကြောင်း သိရသည်။

by- burmeseheart

0 ကွန်မန့်ရေးရန်:

Post a Comment