Wednesday, August 15, 2012

Yishun မီးပွိုင့်တွင် (၁၅)မိနစ်ခြားပြီး Accident နှစ်ခုဖြစ်ခဲ့



PHOTO: SHIN MIN

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ည (၁၁)နာရီ မခွဲခင်က သီးခြား ကားမတော်တဆတိုက်မှု နှစ်ခုဟာ ရှေ့နောက်(၁၅)မိနစ်သာခြားပြီး Yishun Ave 2 နဲ့ Ave 5 လမ်းဆုံတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုယာဉ်တိုက်မှုနှစ်ခုတွင် ယာဉ်ခုနှစ်စီး ပါဝင်ခဲ့ပြီး အသက်(၆၀)နှစ်အရွယ် တက္ကဆီကားမောင်းသူနှင့် အသက်(၃၀)နှစ်အရွယ် မော်တော်ဆိုင်ကယ် မောင်းသူတို့အား Khoo Teck Puat ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
တက္ကစီမောင်းသူက ရင်ဘတ်ထိခိုက်ဒဏ်ရာရခဲ့ကာ မူးဝေနေခဲ့ပြီး ဆိုင်ကယ်သမားကတော့ ကိုယ်လုံး ၊ လည်ပင်းနဲ့ နောက်ကျောတို့တွင် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြကြောင်း သိရသည်။

နောက်(၁၅)မိနစ်အကြာမှာတော့ တက္ကဆီနှစ်စီးနဲ့ BMW ကားနက်တစ်စီး မတော်တဆတိုက်မှုဖြစ်ပွားခဲ့တာပါ။
BMW ကားဟာဆိုရင် ကျွမ်းထိုးမှောက်ခံဖြစ်ပြီး ကျတဲ့အထိ မတော်တဆမှု ပြင်းထန်ခဲ့ကြောင်း သိရသည်။
မတော်တဆမှုအတွင်း ကားအတွင်းရှိလူများအားလုံးဟာ သတိရှိကြပြီး ဒုတိယ ကားမတော်တိုက်မှုတွင် အသက်(၃၀)နှင်(၄၀)အရွယ်ရှိ အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တစ်ယောက်က ခြေထောက်များတွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး နောက်တစ်ယောက်က ဘယ်နားရွက်တွင် ပြတ်ရှဒဏ်ရာ ရရှိခဲ့တာဖြစ်ကြောင်း သိရသည်။
Source : motoring.asiaone
 ပုံရိပ်(burmesehearts)

0 ကွန်မန့်ရေးရန်:

Post a Comment