Wednesday, August 15, 2012

မုဒိန်းနယ်မြေလို့တောင် ပြောရလောက်အောင်။

https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-ash4/s720x720/418690_230913133698242_295030940_n.jpg
မုဒိန်းနယ်မြေလို့တောင် ပြောရလောက်အောင်။ မြန်မာမိန်းမတစ်ဦးကို မုဒိန်းကျင့်ပြီး ငါးထပ်တိုက်ပေါ်က ပစ်ချတဲ့သတင်းဖတ်ပြီး ထိုင်းက တော်တော်ဆိုးရွားနေတဲ့ ဖြစ်စဉ်တွေကို ရေးချင်လာတယ်။

မုဒိန်းမှုက ထိုင်းမှာ မြို့ကြီးမြို့ငယ်၊ တောရွာအနှံ့ တော်တော်များတယ်။ ကားပေါ်၊ တက္ကစီ၊ ဆိုင်ကယ်တက္ကစီ သမား၊ ဖခင်အရင်း၊ သားအရင်း မဖတ်ချင်အဆုံးပါ။

ပုံက ၁၅နှစ်အရွယ် မွေးရာပါ မသန်မစွမ်းကလေးမလေးပါ။ မိဘတွေက လယ်သမားတွေမို့ လယ်လုပ်ချိန်ဆိုတော့ နေ့တိုင်း လယ်ထဲဆင်းရတယ်

။ သမီးလေးကို အိမ်မှာ ချန်ရစ်ဖို့ စိတ်မချလို့ လယ်ခင်းထဲကိုပါ ခေါ်သွားတယ်။

တစ်ရက်မှာ ဖခင်ကထယ်ထိုး၊ မိခင်က အိမ်ပြန် ထမင်းချက်ပြီး ပြန်လာတော့။ ဖရိုဖရဲဖြစ် အော်ငိုနေတဲ့ သမီးကို တွေ့ရတယ်။ သမီးဖြစ်သူက ပေါင်ကြားကိုလက်ညွန်ထိုးပြတယ်။ သွေးတွေပေကျံတာ မိခင်တွေ့သွားတယ်။

စကားမပီတပီသမီး ပြောပြလိုက်တာက နွဲ့ဆိုတဲ့ နာမည်။ နွဲ့ဆိုတာက သူတို့လယ်ခင်းနဲ့ ကပ်နေတဲ့ လယ်သမားရဲ့နာမည်။

မိဘတွေက ရဲကိုအကြောင်းကြားလိုက်တယ်။ နွဲ့ဆိုတဲ့ လယ်သမားက သူမဟုတ်ကြေင်း ငြင်းခံတယ်။ ဒီအဲန်အေ စစ်ပြီး ဖြေရှင်းရတာပေါ့။

0 ကွန်မန့်ရေးရန်:

Post a Comment