Wednesday, August 15, 2012

ဖိုလ်ဝင်တောင်ရှိ ရန်ကုန်လှိုဏ်ဂူတွင် နိုင်ငံခြားသားမှ မစင်စွန့်ခြင်း



မနေ့က(၁၁.၈.၂၀၁၂) ရက်နေ့ နေ့လည် (၁၁း၀၀) ခန့်က
ပြင်သစ်ဧည့်လမ်းညွှန်အမျိုးသမီး

တစ်ဦးမှ ဦးဆောင်လာသောပြင်သစ်ဧည့်သည် (၁၀)
ဦးထဲမှ အမျိုးသမီးတစ်ဦးဟာ ဖိုလ်ဝင်းတောင်၊ ဝင်္ကဘာလှိုဏ်ဂူရဲ့
အပေါ်အဆင့်မှာရှိတဲ့ ရန်ကုန်လှိုဏ်ဂူအတွင်းမှာ မစင်စွန့်ခဲ့ပါတယ်။
အနီးအနားရှိ မျောက်စာရောင်းသူများမှ အိမ်သာရှိရာ ညွှန်ပြခဲ့ပါသော်လည်း
မရခဲ့ကြောင်း မှတ်တမ်းတင်ဓာတ်ပုံများနှင့်တကွ မြန်မာနိုင်ငံဧည့်လမ်းညွှန်
များအသင်း၊ မန္တလေးဇုံ သို့ သတင်းပေးပို့လာပါတယ်။

အဆိုပါကိစ္စနှင့်ပတ်သက်၍
ဧည့်သည်ရဲ့လုပ်ဆောင်ချက်မှားသည်မှန်သည်ဆိုခြင်းထက် အရေးပေါ်
အိမ်သာတက်လိုသည့်အခါ ဖိုလ်ဝင်တောင်ပေါ်တွင် သန့်ရှင်းသပ်ရပ်သော
အိမ်သာမရှိခြင်း၊ ရှိသောအိမ်သာမှာ တောင်ခြေဝင်ပေါက်အနီးတွင် ရှိနေသဖြင့်
အရေးပေါ်အခြေအနေမျိုးတွင် ဝေးလံမြင့်မားသောနေရာမှ ပြန်ဆင်းရန်ခက်ခဲခြင်း၊
ခြုံတိုးရန်မှာလည်း မျောက်များအန္တရာယ်နှင့် မြွေပါးကင်းပါးအန္တရာယ်ကလည်း
ရှိနေခြင်း စသည်အခက်အခဲများကြောင့် တောင်ပေါ်တွင်
အိမ်သာကောင်းကောင်းတစ်လုံးထက်မနည်း လိုအပ်နေပြီးဖြစ် ပါကြောင်း၊
သက်ဆိုင်ရာဌာနများမှ စီစဉ်ပေးရန်လိုအပ်နေပြီဖြစ်ပါကြောင်း သုံးသပ်မိသည်။


သောင်းနိုင်ဦး

သတင်းနှင့်ပြန်ကြားရေးကော်မတီ

မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း၊ မန္တလေးဇုံ

0 ကွန်မန့်ရေးရန်:

Post a Comment